Wednesday, February 29, 2012
မန္တလေးမြို့ တော်ဝန်ပြောင်းပြီ
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေး ၀န်ကြီးငှာန မြိုတော့်ဝန် ဦးဖုန်းဇော်ဟန် နေရာ တွင် မန်းတိုင်းဒေသကြီး ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီး ဦးအောင်မောင်းအား ပြောင်းလဲခန့် ထားလိုက်ကြောင်း သမ္မတ၏ သ၀ဏ်လွှာကို ဖေဖေါ်ဝါရီ ၂၈ရက်က ကျင်းပသည့် ဒဿမနေ့ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး စတင်ချိန်၌ မန်းလွှတ်တော် ဥက္ကဌက ဖတ်ကြား သည်။ မန်းမြို့  တော်ဝန် ဦးဖုန်းဇော်ဟန်အား ဘဏ္ဍရေးနှင့် အခွန်ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့် ထားလိုက်ကြောင်းသိရသည်။ “သတင်းစာထဲမှာ မြို့ တော်ဝန်ပုံကို မထည့်ခိုင်းတာကြာပြီ။ မြို့ တော်ဝန်ပြောင်းသွားတာ ဟုတ်လားလို့ ခဏခဏ သတင်းထွက် နေတာကြာလှပါပြီ အခုတော့ သေချာသွားပြီ” ဟု မန်းမြို့ ရှိ သတင်းထောက် တစ်ဦးကပြောပြသည်။ ယခုမြို့ တော်ဝန်အသစ် ဦးအောင်မောင်းသည် တိုင်းဒေသကြီး အဖွဲ့ တွင် ဘဏ္ဍရေးနှင့် အခွန် ၀န်ကြီးအဖြစ် ဆောင်ရွှက်နေသူ ဖြစ်ပြီး ယခင်က မန်းတက္ကသိုလ်မှ ပါမာက္ခဟောင်း ဖြစ်ကြောင်းသိရသည်။ ဦးဖုန်းဇော်ဟန်ကို မြို့ တော်ဝန်အဖြစ် ၂၀၁၁ မတ် ၃၀ရက်က စတင် ခန့် အပ်ခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရလက်ထက်တွင်လည်း မန်းမြို့ တော်ဝန်ဖြစ်ခဲ့သည်။ ဒီနေ့ လွှတ်တော် ကျင်းပတော့ စည်ပင်နဲ့ ဆိုင်တဲ့အမေးတွေကို ဦးအောင်မောင်း(မြို့ တော်ဝန် အသစ်) ကဖြေကြားပြီး ၊ ဘဏ္ဍရေးနဲ့  ဆိုင်တဲ့ မေးခွန်းတွေကို ဦးဖုန်းဇော်ဟန်က ဖြေကြား ခဲ့ကြောင်းလွှတ်တော်ရောက် သတင်းယူသော သတင်းထောက်တစ်ဦး ကပြောသည်။ပေါ်ပြူလာဂျာနယ်
Unknown at 9:18 AM
Share
1 comment:
  1. မြန်မာနိုင်ငံသားတစ်ဦးMarch 4, 2012 at 10:46 PM
    ReplyDelete
    Replies
      Reply
Add comment
Load more...
Thank you Visit my bloge
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.