Tuesday, February 21, 2012

အရှိန်အဟုန်နဲ့ ဆက်လက် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ချီဖွေ ရေအားလျှပ်စစ် စီမံကိန်း..


ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကတော့ ပြည်သူ့ဆန္ဒကို လိုက်လျောတယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက နိုင်ငံတော် သမ္မတအမိန့်နဲ့ တရားဝင် ရပ်ဆိုင်းခဲ့ပါပြီ။ 

ကဲဒါဆိုရင် မေခ မြစ်လက်တက်ပေါ်က ချီဖွေနဲ့ ချီဖွေငယ် ရေအားလျှပ်စစ် စီမံကိန်းတွေကရော ဘယ်လို အနေအထားမှာ ရှိပါလဲ...။ သေချာတာကတော့ ဆက်လက်လုပ်ကိုင်နေပါတယ်..။ ချီဖွေရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၁ခုနှစ် သြဂုတ်လ ၂၆ရက်နေ့က မြစ်ဆုံဆည် အမိန့် မထုတ်ပြန်ခင် သမ္မတဦးသိန်းစိန် ကိုယ်တိုင် သွားရောက် လေ့လာခဲ့ပါသေးတယ်..။ (သွားရောက်လေ့လာခဲ့တဲ့ ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်)။ မြစ်ဆုံဆည် စီမံကိန်းဓာတ်အား ပို့လွှတ်ရေးအတွက် တည်ဆောက်ခဲ့တဲ့ ချီဖွေငယ်ကတော့ ပြီးစီးနေပါပြီ။ မြစ်ဆုံစီမံကိန်းဟာ မြစ်ဆုံတခုတည်း ရပ်တာလား တခြားမေခ၊ မလိခမြစ်ပေါ်က စီမံကိန်းတွေ ရပ်မရပ်ဆိုတာကတော့.... မြင်ရတဲ့ အတိုင်းပါ.။ တခြားစီမံကိန်းတွေ ဆက်လုပ်နေမယ်ဆိုရင် လက်ခံနိုင်မလား ဆိုတာပါပဲ.။

ဓာတ်ပုံပါ မြင်ရတဲ့ မြင်ကွင်းတွေနဲ့ မနှစ်က ၁၁လပိုင်းအထိ မြင်ကွင်းတွေကို အများသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ်..။

ဒီမိုဝေယံ
သမ္မတဦးသိန်းစိန် လာရောက်လေ့လာ ကြည့်ရှုစဉ် မြင်ကွင်းတခု
ဓာတ်ပုံများ ဆက်လက်ဖော်ပြပါမည်.
ချီဖွေ စီမံကိန်းမှ တရုတ်လူမျိုးများရဲ့ ယာယီနေထိုင်ခွင့် လက်မှတ်...
Unknown at 11:00 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.