Wednesday, February 8, 2012

မောင်းသူမဲ့လေယာဉ် မြန်မာနိုင်ငံတွင် စမ်းသပ်ပျံသန်းနေ


မြန်မာနိုင်ငံတွင် မောင်းသူမဲ့လေယာဉ်များ တည်ဆောက်ပြီး စမ်းသပ်ပျံသန်းနေပြီဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် တင်ပြပြောကြားလိုက်သည်။ “လေကြောင်းဆိုင်ရာ သုတေသန လုပ်ငန်းများအနေဖြင့် မောင်းသူမဲ့လေယာဉ်တွေကို သုတေသနပြု တည်ဆောက်ခဲ့ပြီး စမ်းသပ်ပျံသန်းမှုများ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုတိယဝန်ကြီးက ပြည်ထောင်စုလွှတ်တော် နာယကနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ပြောကြားခဲ့သည်။ လက်ရှိတွင် အဆိုပါ တည်ဆောက်ပြီး လေယာဉ်များအား အလိုအလျောက် ပျံသန်းမှုစနစ်ဖြင့် ထိန်းကြောင်း၊ ပျံသန်းနိုင်ရန် လိုအပ်သော ထိန်းချုပ်မှုစနစ်များ သုတေသန ပြုလျက်ရှိကြောင်း ၄င်းကပြောသည်။ ၄င်းအပြင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေဖြင့် စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းကုန်ချောနှင့် စက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ သဘာဝသယံဇာတများအား ရှာဖွေတူးဖော် ထုတ်လုပ်ခြင်း၊ လူများ၏ ကျန်းမာရေးကို ထိခိုက်စေသည့် သဘာဝပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိ ပစ္စည်းများ၏ သက်ရောက်မှုများကို တိုင်းတာစမ်းသပ်ခြင်းများအပြင် နိုင်ငံ၏ အကျိုးပြုသုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခေတ်မီဓါတ်ခွဲစမ်းသပ်မည့် အမျိုးသားဓါတ်ခွဲခန်းအား ဖွဲ့စည်းဆောင်ရွက်နိုင်ရန် လိုအပ်သည့် စက်ကိရိယာများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

http://mdsng.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း
Unknown at 3:12 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.