Saturday, January 28, 2012

လာမည့် ၄ နှစ်အတွင်း ကမ္ဘာ့လူဦးရေ ထက်ဝက်ခန့် အင်တာနက်သုံးကြမည်ဟုဆို


 Google က ဦးဆောင်ပြုလုပ်ခဲ့သည့် လေ့လာမှု စစ်တမ်းတစ်ခုအရ လာမည့် ၄ နှစ်အတွင်း ကမ္ဘာ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၃ ဘီလီယံမှာ အင်တာနက် အသုံးပြုလာကြမည်ဟု သိရှိရသည်။ လက်ရှိအချိန်တွင် အင်တာနက် အသုံးပြုသူဦးရေသည် နှစ်စဉ် သန်း ၂၀၀ ခန့် တိုးတက်လာနေကြောင်း သိရှိရသည်။
ထို့အပြင် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း အင်တာနက်အသုံးပြုသူများ၏ ၈၀ ရာခိုင်နှုန်းမှာ အင်တာနက်ကို ၄င်းတို့၏ မိုဘိုင်းဖုန်းပေါ်မှ အသုံးပြုနေကြလိမ့်မည်ဟု ခန့်မှန်းထားသည်။ ထို့အတူ ၂၀၁၆ ခုနှစ်တွင် G20 နိုင်ငံများ၌ ဝက်ဘ်ဆိုက်အခြေပြု စီးပွားရေးတန်ဖိုးမှာ နှစ်ဆနီးပါး မြင့်တက်လာမည်ဖြစ်ကြောင်း Boston Consulting အုပ်စု၏ စစ်တမ်းအရ သိရှိရသည်။
လက်ရှိတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံမှ လာမည့် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ထရီလီယံအထိ မြင့်တက်လာနိုင်သည်ဟုဆိုသည်။ ထိုသို့ မြင့်တက်လာခြင်းမှာ မိုဘိုင်းအင်တာနက် အသုံးပြုမှု လျင်မြန်စွာ တိုးတက်လာခြင်းကြောင့်ဖြစ်သည်ဟု သုံးသပ်ကြသည်။ ဗြိတိန်နိုင်ငံသည် e-commerce ကဏ္ဍတွင် အအောင်မြင်ဆုံး ဖြစ်လာမည်ဟု ထိုလေ့လာမှုကဆိုသည်။
Unknown at 9:24 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.