Saturday, January 28, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ ဒုတိယအကြိမ် တွေ့ဆုံပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး ၈၈ မျိုးဆက်ကျောင်းသားကိုကိုကြီးအား တွေ့ရစဉ်။ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့ ဇန်န၀ါရီလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဒုတိယ အကြိမ် တွေ့ဆုံခဲ့ကြပြီး အကြောင်းအရာ သုံးခု ဆွေးနွေးခဲ့ ကြောင်း သိရပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ကိုမြအေး၊ ကိုဌေးကြွယ်နှင့် ကိုကိုကြီးတို့ သုံးဦးက ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့ကိုယ်စားပြု အနေဖြင့် သွားရောက် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး အလုပ်သဘော ဆွေးနွေးမှုများ ပါဝင်ခဲ့ကြောင်း သိရပါသည်။
“ကျွန်တော်ရယ်၊ ကိုဌေးကြွယ်ရယ်၊ ကိုကိုကြီး ရယ် ဒီသုံးဦးက ၈၈မျိုးဆက် ကျောင်းသားအဖွဲ့ ကိုယ်စားအနေနဲ့ တွေ့ဆုံခဲ့ကြတာပါ။ ဒီတစ်ခါ တွေ့ဆုံမှုမှာတော့ အလုပ်သဘောပါလာပါပြီ။ ကျွန်တော်တို့ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကတော့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ဖို့ ကိစ္စ၊ ကြားဖြတ်ရွေးကောက်ပွဲ ကိစ္စနဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ ကိစ္စတွေဖြစ်ပါတယ်။ အဓိက ဆွေးနွေးခဲ့တာကတော့ ဒီအချက်သုံးချက်ပါပဲ။ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တာတွေကိုတော့ ထုတ်ပြန်ဖို့ မရှိသေးပါဘူး” ဟု တွေ့ဆုံဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် ကိုမြအေးက Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့သည် ဇန်န၀ါရီလ ၂၄ရက်နေ့ ညနေပိုင်းက ပထမအကြိမ် တွေ့ဆုံခဲ့ပြီး အလွတ်သဘော တွေ့ဆုံခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့တွေ့ဆုံစဉ်က ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုဂျင်မီ ၊ ကိုအံ့ဘွယ်ကျော်၊ကိုအောင်သူနှင့်  ကိုပဏ္ဍိတ်ထွန်းတို့ ပါဝင်ခဲ့ကြပါသည်။
Unknown at 9:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.