Tuesday, January 10, 2012

ကွန်ပျူတာနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖြေဆိုရမည်



နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ဖွင့်လှစ် သင်ကြား လျက်ရှိသည့် အခြေခံ ယာဉ်မောင်းနှင် ထိန်းသိမ်းနည်း အခြေခံ ယာဉ်မောင်းသင်တန်း ကျောင်းတွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်၌ ဖွင့်လှစ်ခဲ့ သည့် အခြေခံယာဉ်မောင်း သင်တန်းအမှတ် စဉ် ၃ / ၂၀၁၁ မှစ၍ သင်တန်းသားများအနေဖြင့် IT နည်းပညာစနစ် ကိုသုံးပြီး touchscreen monitor (လက်နှင့်တို့ထိ၍) ယာဉ်စည်းကမ်း လမ်းစည်း ကမ်းဖြေ ဆိုကြရမည်ဟု သိရသည်။ မေးခွန်း အားလုံး ဖြေဆို နိုင်မှသာ သင်တန်းဆင်း အောင် လက်မှတ်ပေး အပ်သွား မည်ဖြစ်ကြောင်း ရထား ပို့ဆောင်ရေးဝန် ကြီး ဌာန ကုန်းလမ်းပို့ဆောင်ရေးအင်ဂျင်နီယာဌာနမှ ကျောင်းအုပ်ကြီး ဒုတိယ အင်ဂျီနီယာချုပ်ဦးစိုးလှိုင်က မြန်မာပို့စ်ဂျာနယ်သို့ ရှင်းပြသည်။
ပုဗ္ဗသီရိ အခြေခံ ယာဉ်မောင်းသင်တန်းကျောင်း တွင် မော်တော်ယာဉ် ဖွဲ့စည်း တည်ဆောက်ပုံ၊ မော် တော်ယာဉ်ကြိုတင် ကာကွယ်မောင်းနှင်ခြင်း၊ မော်တော် ယာဉ် မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းစ သည့် ဘာသာရပ်များ အား ကုန်းလမ်းပို့ဆောင်ရေး အင် ဂျီနီယာ ဌာနရှိ ၀ါရင့် နည်းပြ ဆရာများက အပါတ်စဉ် စနေ / တနင်္ဂနွေ ရုံးပိတ်ရက်များ တွင် နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ လေးပါတ်ကြာ စာတွေ့ လက်တွေ့ သင်ကြားပေးလျက်ရှိပြီး သင်တန်းကြေးမှာ ငွေကျပ် ၅၀၀၀၀ ၊ ယာဉ်စည်းကမ်း လမ်းစည်း ကမ်းစာ အုပ်စာတမ်းဖိုး ကျပ် ၂၀၀၀၊ ယာဉ်မောင်း လိုင်စင် အတွက် ငွေကျပ် ၂၀၀၀၊ စုစုပေါင်း ငွေကျပ် ၅၄၀၀၀ ပေးသွင်း ရမည်ဖြစ်ကြောင်းသိရသည်။

မြန်မာပို့ စ်
Unknown at 9:19 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.