Tuesday, January 10, 2012

တိုင်းပြည် အတွက် လုပ်ဆောင်ကြဖို့ အမျိုးသမီးတွေကို နှိုးဆော်လိုက်တဲ့ စန္ဒီမြင့်လွင် ရဲ့သီချင်း


စန္ဒီမြင့်လွင်က နယူးရီးယားမှာ ရှိုးပွဲသုံးပွဲ လောက်ဆိုပြီး ဖြတ်သန်း ဖြစ်ခဲ့ပါတယ်။ နယူးရီးယားမှာ ရှိုးပွဲအတွက် ပြင်ဆင်နေရတဲ့ အတွက် ပျော်ဖို့ကို မစီစဉ်ဖြစ်ပါဘူး လို့ ပြောပါတယ်။ ဒီဇင်ဘာ ၃ဝ ရက်နေ့ ဂီတဖျော်ဖြေ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပုံပါတဲ့ အင်္ကျီ ဝတ်ပြီး သီချင်း သုံးပုဒ်ကို ဖျော်ဖြေဖြစ်ခဲ့တဲ့ စန္ဒီမြင့်လွင်က “နေ့ခင်း ဖဲကြိုးဖြတ်ဖို့သွားက တည်းက အမေစု ပုံပါတဲ့ အင်္ကျီကို တစ်ခါ တည်းဝယ်တယ်။ ပါးမှာ ကပ်တဲ့ဟာ ပါသေးတယ်။ ဂျင်းနီနဲ့ နှစ်ယောက် ဆင်တူ ဝယ်ပြီး ဝတ်ကြတယ်။ ဒါလည်း ဂုဏ်ပြုတာတစ်မျိုး ပေါ့။ ဒီအင်္ကျီလေး ဝတ်ရတဲ့ အတွက်လည်း စိတ်ထဲမှာ ပျော်တယ်။ အဲ့ဒီ ခံစားချက်ထက် ကို နေ့ခင်းပိုင်း ဖဲကြိုး ဖြတ်တဲ့အချိန်မှာ အမေစုနား ကပ်ရတဲ့ အချိန် ရင်ထဲမှာ တဒုန်း ဒုန်းနဲ့ ဘယ်လိုကြီး ဖြစ်နေမှန်း မသိဘူး။ တစ်ခါ မှလည်း အဲဒီလို မခံစားမိဘူး။ အမေစုပါးကို နမ်းခွင့်တောင်းပြီး ပါးကို နမ်းခဲ့တယ်” လို့  ဒီဇင်ဘာ ၃ဝ ရက်နေ့က သူမရဲ့စိတ်ခံစားမှု တွေကို ပြောပြပါတယ်။

ဂီတ အနုပညာရှင်တွေက ဇာတိသွေး၊ ဇာတိမာန် တက်ကြွ စေမယ့် သီချင်းတွေဆိုဖို့ စီစဉ်နေကြပြီး ဒီအခွေထဲက အဖွဲ့လိုက် သီဆိုတဲ့ တစ်ပုဒ်မှာရက်ပ် စာသား တစ်ပိုဒ်ကို ဝင်ဆိုထားကြောင်း သီချင်းရဲ့ အဓိပ္ပာယ်လေးက အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့ တန်းတူ ရင်ပေါင်တန်းပြီး တိုင်းပြည် အတွက် လုပ်ဆောင် ကြဖို့ဖြစ်ကြောင်း စန္ဒီမြင့်လွင်က ပြောပါတယ်။ အနုပညာရှင် တစ်ယောက် အနေနဲ့ တိုင်းပြည် အတွက် တစ်ထောင့် တစ်နေရာ က ပါဝင်ခွင့်ရတဲ့ အတွက် စန္ဒီမြင့်လွင်က .. ” ဂုဏ်ယူပါတယ်။ ဒီးဒီတို့က သဲတစ်ပွင့်လည်း ဖြစ်ချင်ဖြစ်မှာပဲ။ သဲတစ်ပွင့်ရဲ့တစ်ဝက်လည်း ဖြစ်ချင်ဖြစ်မှာပဲ။ တိုင်းပြည် အတွက် ကိုယ်က တစ်ထောင့် တစ်နေရာက သဲတစ်ပွင့် ပဲဖြစ်ဖြစ်၊ ဘာလေးပဲဖြစ်ဖြစ် ပါဝင်ခွင့် ရတယ်ဆိုရင် ကိုယ်က လူပိုကြီးမဟုတ်ဘူး။ ငါသည် တိုင်းပြည်အတွက် လူပိုကြီးတစ်ယောက် မဟုတ်ဘူးလို့ ကိုယ့် ကိုယ်ကိုယ် ခံယူထားပါတယ်” လို့ သူမရဲ့ခံယူချက်ကို ပြောပြပါတယ်။ ရှော့ခ် ဗီစီဒီကို အလောတကြီး လုပ်ဘဲ တစ်ပုဒ်ချင်းစီကို အေးအေးဆေးဆေး စဉ်းစား ပြီး အေးအေးဆေးဆေးပဲ ရိုက်ချင်တဲ့ အတွက် လောလောဆယ် မရိုက်ဖြစ်သေးဘဲ သင်္ကြန်ပြီး မှပဲ စရိုက်ဖြစ်တော့မယ် လို့ပြောပါတယ်။
ခိုင်ဝေလွင် (ပေါ်ပျူလာ)
Unknown at 9:17 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.