Wednesday, January 11, 2012

လွှတ်တော်အမတ်က အရပ်သားလုံခြုံရေးကို တုတ်နဲ့ရိုက်

သံတွဲမြို့ တွင်ပြုလုပ်သော လွတ်လပ်ရေးနေ့စတိတ်ရှိုးဖျော်ဖြေပွဲတစ်ခုတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် အဖော်များက လုံခြုံရေး တာဝန်ယူထားသူ အရပ်သားတစ်ဦးကို ရိုက်နှက်ခဲ့ကြသည်။

ယခုလ ၃ ရက်ညက သံတွဲမြို့ရဲစခန်းရှေ့ ဘောလုံးကွင်းဟောင်းတွင်ပြုလုပ်သော အဆိုပါပွဲသို့သံတွဲမြို့ နယ် ၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦး ရောက်ရှိလာပြီး အတူပါလာသူ(၁၅)ဦးခန့်အား VIP များဟုပြောဆိုကာ စတိတ်ရှိုးရုံတွင်းသို့ အခမဲ့သွင်းခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သူများကပြောသည်။


“ဒီလိုပွဲတွေမှာ VIP အတွက် သီးသန့်လက်မှတ်တွေပေးပြီးသားပါ။ ဒါပေမဲ့သူတို့က ဘာလက်မှတ်မှ
 မပြပဲနဲ့ ၀င်မယ်လို့ပြောတယ်” ဟု မျက်မြင်တွေ့ခဲ့သည့် ပွဲကြည့်ပရိတ်သတ်တစ်ဦးကပြောသည်။

ရုံစောင့်များက ၎င်းကိုမသိ၍ ၀င်ခွင့်မပေးခဲ့သော်လည်း လုံခြုံရေးတာဝန်ယူထားပြီး ပွဲကန်ထရိုက်၏ ကိုယ်စားလှယ်ဖြစ်သူတစ်ဦးက  ၀င်ခွင့်ပေးခဲ့ကြောင်းလည်း၎င်းကပြောသည်။

ရှိုးပွဲစတင်ပြီးမကြာမီမှာပင် ဦးအောင်နိုင်ဦး အပါအ၀င် VIP တန်းမှ လူတော်တော်များများမှာ စတိတ်စင်ရှေ့ ကွက်လပ်သို့ထွက်၍ ကခဲ့ကြကြောင်း ၊ ထို့နောက် ခုံမဲ့ပရိတ်သတ်များနှင့် ခုံတန်းများကိုကာရံထားသည့် သံဆူးကြိုးတန်း အနီးတွင်ရှိနေသည့် အရပ်သားလုံခြုံရေးထံမှ တုတ်ကို ဦးအောင်နိုင်ဦး ကသွားရောက်ဆွဲယူခဲ့ကြောင်း မျက်မြင်တွေ့ခဲ့သူများကပြောသည်။

တုတ်ကိုအပြန်အလှန်လုရင်း တုတ်ဖြင့် ဦးအောင်နိုင်ဦး၏ခေါင်းကိုထိသွားခဲ့ရာ ၎င်း၏အဖော်(၁၅)ဦးခန့်က ၎င်းလုံခြုံရေးကို ၀ိုင်းရိုက်ခဲ့ကြသည်ဟု အခင်းဖြစ်ပွားရာတွင်ရှိနေခဲ့သောသူများကပြောသည်။

“အဲ့အချိန်မှာ အနားမှာရဲတွေရှိနေတယ်။ ဒါပေမယ့် ၀င်မဆွဲကြဘူး” ဟုအနီးတွင်ရှိခဲ့သော ပွဲကြည့် ပရိတ်သတ်တစ်ဦးကပြောသည်။
အရိုက်ခံရသူတွင် ဖူးရောင်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ယခုအချိန်ထိ မည်သူ့ဘက်ကမှ အမှုဖွင့်ထားခြင်း မရှိသေးပေ။

“အမှုဖွင့်ပြီဆိုရင် ငွေကုန်တော့မှာ။ ပေးစရာလဲမရှိဘူး။ အဲဒီလိုဝိတ်ရှိတဲ့လူတွေနဲ့လည်း အမှုမဖြစ်ချင်ဘူး” ဟု အရိုက်ခံခဲ့ရသူကပြောသည်။
ဦးအောင်နိုင်ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
ဇန်န၀ါရီ ၁၀၊ ၂၀၁၁ (YPI)
Unknown at 9:39 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.