Tuesday, January 31, 2012

ဟွာဟင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရောက် မြန်မာဇာတ်ကား

ဟွာဟင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရောက် မြန်မာဇာတ်ကား




ဟွာဟင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရောက် မြန်မာဇာတ်ကား ပန်းကြာဝတ်မှုန်၊ မင်းကျန်စစ်နဲ့ Ever Top Moon Lotus(ပန်းကြာဝတ်မှုန်)ဇာတ် ကားက ကိုယ့်ပြည်တွင်းမှာ စတင်မိတ်ဆက် အထူးပွဲပြအပြီး တစ်ရက်ပင်မပြည့်ခင် နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ပွဲ ဝင်နွှဲနိုင် လိုက်တာက ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူစရာ အဖြစ် ခံစားလိုက်ရတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ကီလိုမီတာ ၂ဝဝအကွာရှိ တောင်ပိုင်း ကမ်းခြေမြို့လေး 'ဟွာဟင်းမြို့'မှာ ဂုဏ်ယူစွာကျင်းပတဲ့ Hua Hin Inter-national Film Festival 2012 ရဲ့ဖွင့်ပွဲနေ့ဖြစ်တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ်၂ဝမှာ မြန်မာ ရုပ်ရှင်ဇာတ်ကားသစ် Moon Lotus(ပန်းကြာဝတ်မှုန်)ကို ပြသခဲ့တာ ဖြစ်ကြောင်း ဒါရိုက်တာဖြစ်သူ စင်ရော်မောင် မောင်က ပွဲတော်ရောက်ပေါ်ပြူလာဂျာနယ် အဖွဲ့ကို ဝမ်းသာအားရဆိုပါတယ်။ အာရှနဲ့နိုင်ငံပေါင်း ၅ဝမှ ရုပ်ရှင်ဇာတ် ကားပေါင်း ၅၄ ကားပါဝင်ဆင်နွှဲတဲ့ဒီရုပ်ရှင် ပွဲတော်က ဇန်နဝါရီ ၂၆ရက်နေ့မှ ၂၉ ရက် နေ့အထိ လေးရက်တာကျင်းပတဲ့ နိုင်ငံတကာ အဆင့် ရုပ်ရှင်ပွဲတော်ကြီးဖြစ်ပြီး ဖွင့်ပွဲနေ့နဲ့ ပိတ်ပွဲနေ့တို့မှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေ ပြသတာကလည်း ဂုဏ်ယူစရာပါပဲ။ ပိတ်ပွဲနေ့ ဖြစ်တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေ ၃ နာရီ မိနစ်၂ဝမှာ မြန်မာဇာတ်ကား King Kyansit (မင်းကျန်စစ်)ကိုပြသမှာဖြစ်လို့ မင်းကျန်စစ် ဒါရိုက်တာမင်းသားလူမင်းနဲ့အဖွဲ့က Ever Top ရုပ်ရှင်ဗီဒီယိုထုတ်လုပ်ရေးနဲ့အတူ ဇန်န ဝါရီ ၂၆ရက်နေ့မှာ ဟွာဟင်းသို့ ရောက်ရှိခဲ့ ကြပြီး ရုပ်ရှင်ပွဲတော်ကို တက်ရောက်ဆင်နွှဲ ကြတာဖြစ်ပါတယ်။ သရုပ်ဆောင်မင်းသား သစ်လေး စည်ဖြိုးနဲ့ မိခင်ဖြစ်တဲ့ ဒေါ်သီသီဝင်း (အန်တီသီ) တို့ရဲ့ စီစဉ်ဆောင်ရွက်ပေးမှုက အကယ်ဒမီလူမင်း၊ အကယ်ဒမီမို့မို့မြင့်အောင်၊ အကယ်ဒမီ စိုးပြည့်သဇင်၊ သရုပ် ဆောင်အေးမြတ်သူတို့နဲ့အတူ ပေါ်ပြူလာဂျာ နယ်အဖွဲ့ကို ဟွာဟင်းရုပ်ရှင်ပွဲတော်မှ တက် ရောက်ဖို့ ဖိတ်ကြားခံရတာဖြစ်လို့ ထိုင်းနိုင်ငံ KANTANA ရုပ်ရှင်ထုတ်လုပ်ရေးလီမိတက် ဦးဆောင်ညွှန်ကြားရေးမှူး မစ္စတာနီရတ်တီ ဆိုင်းကာဂျာရုခ်၊ ဟွာဟင်းရုပ်ရှင်ပွဲတော်ဖြစ် မြောက်ရေး ဒါရိုက်တာမစ္စတာဂျာရုခ်ကာလ် ဂျာရုခ်တို့ ညီအစ်ကိုနဲ့အတူ အန်တီသီတို့ မိသားစုကိုလည်း ကျေးဇူးတင်မိပါတယ်။ မစ္စတာဂျာရုခ်တို့ရဲ့KANTANA ရုပ်ရှင်ဟာ အနုပညာအပေါ်အထူးခုံမင်စွာ ဆောင်ရွက်နေတာဖြစ်သလို ဦးဆောင်သူ မစ္စတာနီရတ်တီဆိုင်းကာဂျာရုခ်ကိုယ်တိုင်လည်း ထိုင်းနိုင်ငံရဲ့ ရုပ်ရှင်အကယ်ဒမီဆုတွေ ကို ၃ဝ ကျော်ပိုင်ဆိုင်ထားသူဖြစ်ပါသတဲ့။ ဖွင့်ပွဲနေ့ ညချမ်းလေးမှာတော့ နိုင်ငံအသီးသီး က ရောက်ရှိလာကြတဲ့ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေကို ကြိုဆိုပွဲအဖြစ် ကော့တေးပါတီပွဲကျင်းပတာကြောင့် နိုင်ငံစုံ အနုပညာရှင်တွေ နွေးနွေးထွေးထွေးဆုံစည်း နိုင်ခဲ့ပါတယ်။ 
ပေါ်ပျူလာဂျာနယ်
Unknown at 10:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.