Tuesday, January 31, 2012

ပရီးမီးယားလိဂ်၏ ထိပ်သီး အသင်းကြီးများ မြန်မာနိုင်ငံ တွင်ချစ်ကြည်ရေးလာရောက် ကစားမည်


ပရီးမီးယာလိဂ်၏ ထိပ်သီးအသင်းကြီးများဖြစ်သော မန်ယူ၊ လီဗာပူးနှင့် ချဲလ်ဆီးအသင်းး သုံးသင်းထဲမှ အနည်းဆုံးတစ်သင်း သည် မြန်မာနိုင်ငံတွင် လာရောက်၍ ချစ်ကြည်ရေး ခြေစမ်းပွဲကစားရန် မြန်မာဘောလုံးအဖွဲ့ချုပ် အသိုင်းအ၀ိုင်းက စီစဉ်နေပြီ ဖြစ်ကြောင်းသိရသည်။
ယင်းအသင်းသုံးသင်းအနက် မည်သည့်အသင်းဖြစ်မည်ကို အတိအကျမသိရသေးသော်လည်း အနည်းဆုံးတစ်သင်းဖြစ်နိုင်မည်ဟု အတည်ပြုပြော ဆိုမှုများရှိနေပြီး ယခုနှစ်အတွင်းမှာပင် မြန်မာ့မြေပေါ်၌ မျက်ဝါးထင်ထင် မြင်တွေ့ရမည်ဟု သိရသည်။
“အသင်းကြီးသုံသင်းထဲက မန်ယူကတော့ သိပ်ပြီးမသေချာဘူး။ ဒါပေမဲ့ ချိတ်ဆက်နေပါတယ်။ ဒီနှစ်ထဲမှာ ဖြစ်မှာပါ။ သူတို့တစ်တွေကို ဖိတ်ရတာက သိပ်မခက်လှပါဘူး။ ငွေရေးကြေးရေးအရလည်း တတ်နိုင်တာပဲ။  ခက်နေတာ သူတို့တွေကို ပေးကစားမယ့် ဘောလုံးကွင်းကိစ္စပဲ။ ရှိပြီးသားကွင်းတွေက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ နေပြည်တော်ကွင်းပြီးသွားရင်တော့ အဆင်ပြေမယ်။ မြန်မာပရိသတ်တွေကို ဒီနှစ်ထဲမှာ စိတ်ဝင်စားစရာကောင်းအောင် လုပ်ြပမယ်” ဟု နေပြည်တော်ဘေလုံးအသင်းပိုင်ရှင် ဦးဖြိုးကိုကိုတင့်ဆန်းက ပြောကြားသည်။
“MNL က ပ၊ ဒု၊ တ ရတဲ့ သုံးသင်းကိုပဲ ခြေစမ်းပွဲကစားခွင့်ပေးမှာပါ။ မလေးရှားကတော့ မနှစ်က လီဗာပူးနဲ့ ချဲဆီးလ်ကို ဖိတ်ခဲ့တယ်။မြန်မာကလည်း
ဒီနှစ်သင်းပဲ ဖြစ်ဖို့များတယ်´´ဟု ၄င်းက ဆက်လက်ပြောကြားသည်။
“ဘောလုံးမှာက ခွဲခြားဆက်ဆံမှုတွေမရှိပါဘူး။ တစ်သားတည်းဘဲ၊ ကိုယ့်ဘက်ကအရေးတယူဖိတ်ရင်လာပါ
တယ်။ ဘလ္လတ္တာတောင်လာခဲ့သေးတာဘဲ၊
သူတို့ရဲ့လုံခြုံရေးနှင့် နေထိုင်ရေး၊ သွားလာရေးတွေ အဆင့်သင့်ဖြစ်နေရင် သူတို့ရဲ့ ပရီးမီးယားလိဂ်ရာသီအကုန်မှာ သူတို့ကို စပွန်ဆာပေးတဲ့နိုင်ငံကို
အပန်းဖြေ လေ့ကျင့်ရေးထွက်တာပါဘဲလေ။ လာမှာသေချာတယ်။ ဒီအတွက် ဦးဇော်ဇော်နဲ့ ကျွှန်တော် ကြိုးစားခဲ့ကြတာ မနှစ်ကတည်းကဘဲ´´ဟု ၄င်းက ဆက်လက်ပြောကြားသည်။ယင်းကဲ့သို့ ပရီးမီးယားလိဂ်ကလပ်သင်းကြီးနှစ်သင်း မြန်မာသို့လာရောက်ခဲ့ပါက မြန်မာလူထု၏အားပေးမှုသည် အမြင့်ဆုံးအနေအထားတွင် ရှိလာနိုင်ပြီး ၄င်းတို့၏ခရီးစဉ်မှာလည်း ပထမဆုံး သမိုင်းဝင်ခရီးစဉ်ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်
Unknown at 10:26 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.