Tuesday, January 31, 2012

မန္တလး - မြစ်ကြီးနား မီးရထား လမ်းပေါ်တွင် မိုင်းတစ်လုံး ပေါက်ကွဲ

မန္တလေး-မြစ်ကြီးနားရထား ဓါတ်ပုံ(ဖေ့စ်ဘုတ်)
မြန်မာနိုင်ငံ၏ အထက်ပိုင်းသို့ ပို့ဆောင် ဆက်သွယ်ရေး လမ်းတစ်ခု ဖြစ်သော မန္တလေး - မြစ်ကြီးနား မီးရထားပေါ်တွင် ဇန်နဝါရီလ ၂၉ ရက်နေ့ ည ရနာရီ ၄၅ မိနစ်အချိန်က မိုင်းတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ဌာနဆိုင်ရာများနှင့် ဒေသခံများက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။ယင်းပေါက်ကွဲမှုမှာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အတွင်းရှိ မော်ဟန်ဘူတာနှင့် နန့်စီအောင် ဘူတာကြား မိုင်တိုင် အမှတ် ၆၁၄/၃ အနီးတွင် ဖြစ်ပွားခဲ့ပြီး သံလမ်းနှင့် ဇလီဖားတုံးများ ပျက်စီးခဲ့ကြောင်း ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ယင်းပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် မော်ဟန်ဘူတာမှ ထွက်ခွာလာသော မြစ်ကြီးနား - ရွှေဘို အမှတ် ၄ဝ လော်ကယ် ရထားသည် သံလမ်းနိမ့်ကျ သွားသည့်အတွက် တွဲချော် တိမ်းစောင်းမှု ဖြစ်ပွားခဲ့ပြီး ည ၈ နာရီတွင် မီးရထားလမ်းကို ခေတ္တပိတ်ထားခဲ့ရကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။" ခရီးသည် အသေအပျောက် ဒဏ်ရာရတဲ့သူ တစ်ယောက်မှ မရှိဘူး " ဟု လည်း ၄င်းက အတည်ပြု ပြောကြားသည်။သို့သော် ပေါက်ကွဲမှု ဖြစ်စဉ်နေရာအနီး သံလမ်း အရှေ့ဘက်တွင် မိုင်းစ ထိမှန်ကာ ခန္တာကိုယ် အပိုင်းလိုက် ပြတ်တောက် နေသော အမျိုးသားတစ်ဦး၏ အလောင်း တွေ့ရှိသည် ဟုလည်း ၄င်းက ထပ်လောင်း ပြောကြားသည်။အဆိုပါ မီးရထားလမ်းကို ခေတ္တရပ်ဆိုင်းထားသည့် အတွက် နေ့စဉ်ပုံမှန် ပြေးဆွဲနေသော လူစီး အမြန်ရထားများ အချိန် ပြောင်းလဲ ခဲ့သော်လည်း ထွက်ခွာချိန်များမှာ တိကျစွာ မသိရှိရ သေးသောကြောင့် ခရီးစဉ် ရွေ့ဆိုင်းမှုများ ရှိခဲ့ကြောင်း မိုးညှင်းမြို့နယ် နမှီးစုရပ်တွင် နေထိုင်သော အမျိုးသား တစ်ဦးက ပြောသည်။အဆိုပါ ကိစ္စနှင့် ပတ်သက်ကာ မိုးညှင်းဘူတာရုံသို့ ဆက်သွယ် မေးမြန်ရာတွင် " မီးရထားလမ်းက ၁၂ နာရီ ၁၅ (မိနစ်)မှာ ဖွင့်သွားပါပြီ " ဟုသာ ပြောဆိုပြီး အသေးစိတ် အချက်အလက်များကို ပြောဆိုခြင်း မရှိပေ။အဆိုပါ မီးရထားလမ်းပိုင်းမှာ ကချင်ပြည်နယ် အတွင်းရှိ တစ်ခုတည်းသော မီးရထား လမ်းပိုင်းဖြစ်ပြီး တပ်မတော် အစိုးရနှင့် ကချင် လွတ်မြောက်ရေး တပ်မတော်တို့ အကြား အပြန်အလှန် ပစ်ခတ်မှုများနှင့် မိုင်းကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
The Voice
Unknown at 10:17 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.