Tuesday, January 31, 2012

ဇန်န၀ါရီ ၃၀ ရက်နေ့ လွှတ်တော်တွင် တင်သွင်းသည့် အဆိုနှင့် မေးခွန်းများ



ပြည်သူ့လွှတ်တော်

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှ ဒေသဖွံ့ဖြိုးရေး ဆိုင်ရာ မေးခွန်း(၁၂) ခု မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုဆွေးနွေးရာတွင် တောင်ဥက္ကလာမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ စက်မှုဆိုင်ရာသွင်းကုန်လုပ်ငန်းများတွင် ကုန်ချောနှင့်ကုန်ကြမ်း အတွက် ကုန်သွယ်လုပ်ငန်းခွန်တပြေးညီ ဖြစ်နေမှုအား ပြင်ဆင်ရန် အဆိုကို ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးပြီး ၎င်းကိုယ်စားလှယ်မှ ပြန်ရုပ်သိမ်းခဲ့သည်။

ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်တင်သွင်းသည့် ချင်းပြည်နယ်တွင် နွားနောက် မျိုးကောင်းမျိုးသန့်မွေးမြူရေး အဆိုကို ပြည်ထောင်စုဝန်ကြီးမှ လွှတ်တော်မှ မှတ်တမ်းတင်ခဲ့သည်။

ပြည်သူပငွေစာရင်းကော်မတီ၏ တင်သွင်းသော အဆိုနှင့် လွှတ်တော်အခွင့်အရေးကော်မတီ၏ တင်သွင်းသော အဆိုတို့ကိုလည်း လွှတ်တော်မှ သဘောတူလက်ခံခဲ့သည်။

မြေလွတ်မြေရိုင်း ဥပဒေ၏ ပုဒ်မ ၂၅ (ခ)အား ဖြည့်စွက်ကာ ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။ ယင်းဥပဒေကြမ်းကို နောက်ဆုံးပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုရန်သာကျန်တော့မည် ဖြစ်သည်။

အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော်တွင် မေးမြန်းသော မေးခွန်းများ

-ကရင်ပြည်နယ်ရှိ စီမံကိန်းဧရိယာ အချို့အား ခြံအဖြစ် စိုက်ပျိုးခွင့်ပြုမပြု

-ဝေးလံသော ဒေသများရှိ ၀န်ထမ်းများအား လစာပိုပေးရန် အစီအစဉ်ရှိမရှိ

-နယ်စပ်တွင် နိုင်ငံခြားငွေ ကိုင်တွယ်သုံးစွဲခွင့်ပြုရန် အစီအစဉ် ရှိမရှိ

-နောင်လာမည့် ငွေစက္ကူများတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ရိုက်နှိပ်ရန် အစီအစဉ်ရှိမရှိ

-သစ်သီးဝလံများ တင်ပို့ရာတွင် ကုန်သွယ်ခွန်လျော့ချရန်ရှိမရှိ အစရှိသည့် မေးခွန်း ၁၀ ခုကိုမေးမြန်းခဲ့သည်။

-အဆိုအနေဖြင့် မူလတန်းပြဆရာများ တိုးမြှင့်ခန့်ထားပေးရန် အဆိုအတည်ပြုခဲ့သည်။

-ပညာရေးစနစ်ပိုမိုကောင်းမွန်လာရန် ပြုပြင်ရေးအဆိုကိုလည်း အတည်ပြုခဲ့သည်။

-တောင်သူလယ်သမားများ ၀င်ငွေပိုမို ရရှိရေး ဆောင်ရွက်ပေးရန် အဆိုတင်ခဲ့သည်။

-ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့် ဥပဒေပြဋ္ဌာန်းရေး အဆိုတင်ခဲ့သည်။

-နိုင်ငံတကာခုံရုံး အဆုံးအဖြတ်ခံရေး အဆိုတင်ခဲ့သည်။          ။
ဇန်န၀ါရီ ၃၀၊ ၂၀၁၂ (YPI)
Unknown at 10:19 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.