![]() |
ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ ဝင်နိုင်ငံများရဲ့ အလံ |
ဥရောပသမဂ္ဂ(အီးယူ)က မြန်မာနိုင်ငံအပေါ်ထားရှိသည့် အရေးယူပိတ်ဆို့မှုများကို ပထမအဆင့်ဖြေလျော့သည့် အနေနှင့် သမ္မတအပါအ၀င် အစိုးရထိပ်ပိုင်းအရာရှိများ ကို ဗီဇာပိတ်ပင်တားမြစ်ခြင်းကိုဖယ်ရှားပေးလိုက်ကြောင်း ယနေ့ ဘရပ်ဆဲလ်မြို့တွင် ကျင်းပသော အီးယူနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် သတင်းထုတ်ပြန်ခဲ့ သည်။
မြန်မာနိုင်ငံတွင် မကြာသေးမီက နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးလိုက်ခြင်းကို ကြိုဆိုတုံ့ပြန်လိုက်သည့်အနေနှင့် ယခုကဲ့သို့ အရေးယူ
ပိတ်ဆို့မှုများကို စတင်ဖြေလျော့လိုက်ခြင်းဖြစ်ကြောင်း အီးယူနိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးပြုပြင်ပြောင်လဲမှုများ ကို ရှေ့ဆက်မြင်တွေ့ရပါက ပိတ်ဆို့အရေးယူမှုများကို ဆက်လက်သုံးသပ် ဖြေလျော့သွားမည်ဟု ထိုအစည်းအဝေးမှာပင်ပြောကြားခဲ့ကြောင်း နိုင်ငံတကာသတင်းဌာနများတွင် ရေးသားဖော်ပြကြသည်။
7Day News Journal
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge