Tuesday, January 24, 2012
အလုပ်သမားဝန်ကြီးဌာနဝက်ဘ်ဆိုက်တွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီများ လိုင်စင်ရှိ မရှိ ကြည့်ရှုနိုင်
ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီ
ပြည်ပသို့ အလုပ်အကိုင်ရရှိရန် ဆောင်ရွက်ပေးသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်ကုမ္ပဏီများ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရှိမရှိကို အလုပ်သမားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mol.gov.mm တွင်ကြည့်ရှုနိုင်သည်ဟု သိရသည်။ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်လိုသူများအနေဖြင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင် ကုမ္ပဏီများဖြင့် ဆက်သွယ်ဆောင်ရွက်သည့်အခါတွင် မိမိတို့ဆက်သွယ်သည့် အကျိုးဆောင်ကုမ္ပဏီအနေဖြင့် တရားဝင်ဖြစ်မဖြစ်၊ ယုံကြည်သင့်မယုံကြည်သင့်ကို သိရှိနိုင်ရန်အတွက် ဖော်ပြပေးထားခြင်းဖြစ်သည်ဟု သိရှိရသည်။ အင်တာနက် အသုံးပြု၍ မရရှိသေးသော နေရာများတွင် အလုပ်သမားဝန်ကြီးဌာနဖုန်း ၀၀၆၇-၄၃၀၀၉၁၊ ၀၆၇-၄၃၀၀၉၂ တို့ကို ဆက်သွယ်၍ မိမိတို့ ချိတ်ဆက်လုပ်ကိုင်နေသော အကျိုးဆောင်ကုမ္ပဏီအနေဖြင့် တရားဝင်ဖြစ်မဖြစ်ကို မေးမြန်းနိုင်သည်ဟုလည်း သိရသည်။ ထို့ပြင် ပြည်ပတွင် သွားရောက်အလုပ် လုပ်ကိုင်သူများ အနေဖြင့် အခက်အခဲရှိပါက အကူအညီတောင်းရမည့် ဖုန်းနံပါတ်များကိုလည်း မေးမြန်းနိုင်သည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge
‹
›
Home
View web version
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge