Wednesday, January 11, 2012

ဖားကန့်ဒေသမှ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ရပ်နား

ကချင်ပြည်နယ် ဖားကန့်ဒေသ မှ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ ရပ်နားထားကြောင်း ဒေသခံ အချို့ထံမှ သတင်းရရှိပါသည်။
“လုပ်ကွက်တွေ ရပ်ထားကြတယ်။ တစ်ပတ်လောက်တော့ ရှိပါပြီ။ ကုမ္ပဏီတွေက လုပ်ငန်းရှင်တွေ ဖားကန့်မြို့နယ်ထဲကနေ ပြန်ထွက် ခွာနေကြတယ်။ ရေမဆေးသမား တွေလည်း ပြန်ဆင်းတဲ့သူကဆင်း ကြတယ်။ တချို့ကတော့ပြန်မဆင်း ကြဘူး။ ကုမ္ပဏီတွေက အလုပ်ရပ်ပြီး မြေစာမပစ်တော့ ရေမဆေး ကျောက်ရှာတဲ့သူတွေနဲ့ အခြေခံလူတန်းစားတွေ အလုပ်အကိုင် ခက်ခဲလာတယ်။ ကုန်ဈေးနှုန်းကလည်း တအားတက်လာတယ်။ ဖားကန့် မြို့နယ်က ခရီးသည်နဲ့ ကုန်စည်ပို့ ဆောင်တာတွေ ပြတ်တောက်နေပါ တယ်”ဟု ကချင်ပြည်နယ် မိုးညှင်းမြို့နယ်မှ ဒေသခံတစ်ဦးကပြောပြသည်။
၂၀၁၁ ခုနှစ် ဇွန်လအတွင်းမှ စတင်ကာ ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စတင် ဖြစ်ပွားစဉ်က မိုးမောက် မြို့နယ်၊ ဗန်းမော်မြို့နယ်၊ မန်စီမြို့ နယ်များသာ သက်ရောက်မှုရှိခဲ့ပြီး နောက်ပိုင်းတွင် မြစ်ကြီးနားမြို့နယ်၊ ၀ိုင်းမော်မြို့နယ်များအထိပါ သက်ရောက်မှုရှိလာခဲ့သည်။
“ဗန်းမော်၊ မိုးမောက်၊ ၀ိုင်းမော် အဲဒီဘက်တွေမှာ ဖြစ်နေတုန်းက ဖားကန့်က အေးအေးဆေးဆေးပဲ။ အလုပ်လည်း ဆက်လုပ်နေကြတာပေါ့။ အခုမှ ဖားကန့်မြို့နယ်ပါ ပါလာတာပါ”ဟု ဖားကန့်သို့ သွားရောက်လေ့ရှိသူ ဒေသခံက ဆိုသည်။
ကချင်ပြည်နယ်တွင် အဓိက ထွက်ရှိသော သယံဇာတများမှာ ရွှေ နှင့် ကျောက်စိမ်းတို့ဖြစ်ကာ ကျောက်စိမ်းတူးဖော်ခြင်းကို လုံးခင်း-ဖား ကန့်ဒေသ၊ ရွှေတူးဖော်ခြင်းကို ပူတာအိုမြို့နယ်၊ တနိုင်းမြို့နယ်၊ ဗန်းမော် မြို့နယ်နှင့် မန်စီ၊ ရွှေကူမြို့နယ် များ၊ မြစ်ကြီးနားမြို့အနီးရှိ မြစ်ဆုံ ဒေသ စသည်တို့၌ လုပ်ကိုင်လျက်ရှိ ကြသည်ဟု သိရသည်။
နိုင်ငံတစ်ဝန်း ကျောက်မျက်ရတနာ လုပ်ကွက်များ စုစုပေါင်း ၂၂၂၄၄ ကွက်ချမှတ်ထားသည့် အနက် ကချင်ပြည်နယ်၌ လုပ်ကွက် အများဆုံးတည်ရှိနေကာ လုံးခင်း-ဖားကန့်နယ်မြေတွင် ကျောက်စိမ်း လုပ်ကွက်ပေါင်း ၇၅၃၅ ကွက် တည်ရှိနေသည်။
ကချင်ပြည်နယ်တွင်း ကျောက် စိမ်း၊ ရွှေသတ္တုတူးဖော်ရေးလုပ်ကွက် သစ်များ ချထားပေးခြင်းကို ၂၀၁၁ ခုနှစ်မှ စတင်ရပ်ဆိုင်းခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်ရပ်ဆိုင်းထား ကာ ယခင်ချထားပေးခဲ့သော လုပ်ကွက်များကို လုပ်ကိုင်နေကြခြင်း ဖြစ်သည်။
Unknown at 5:22 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.