Wednesday, January 11, 2012

လေးနှစ်အရွယ် ကလေးငယ်တစ်ဦးအား ရောင်းစားရန် စီစဉ်နေသူကို ဖမ်းဆီးမိ

ဇန်န၀ါရီလ ၃ ရက်နေ့က တရုတ်နိုင်ငံဘက်ခြမ်း ကျယ်ဂေါင် မြို့ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်သို့ အသက် ၄ နှစ်အရွယ် ယောက်ျားက လေးတစ်ဦးအား အမျိုးသမီးတစ်ဦး က ယွမ်ငါးထောင်ဖြင့် ရောင်းစားရန် ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် မူဆယ် လူကုန်ကူးအထူးအဖွဲ့မှ တရုတ်နိုင်ငံ ရွှေလီလူကုန်ကူးအဖွဲ့ နှင့်ဆက်သွယ်၍ ကလေးငယ်အား ကယ်တင်ကာ ရောင်းစားရန်ပြုလုပ်နေသူ အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီး အရေးယူခဲ့ကြောင်း သတင်းရရှိသည်။

ခင်ပွန်းဖြစ်သူနှင့် စကားများ၍ နေအိမ်မှထွက်လာခဲ့ရာ မူဆယ်မြို့ ဆင်ဖြူ ဂိတ်တိုက်တန်းအနီး၌ ဆော့ကစားနေသည့် ကလေးငယ်တစ်ဦးနှင့်အတူ ၀င်ရောက်ဆော့ကစား၍ စည်းရုံးခေါ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၊ ကျယ်ဂေါင် မြို့တွင် ယွမ်ငါးထောင်ဖြင့် ရောင်းစားရန် စီစဉ်ခဲ့ကြောင်း  .  .  .
ဖြစ်ပွားပုံမှာ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့တွင် နေထိုင်သူဒေါ်--က ၎င်း၏လက်ဖက်ရည်ဆိုင်သို့ အမျိုးသမီးတစ်ဦးက ကလေးငယ်တစ်ဦး ကို ယွမ်ငါးထောင်ဖြင့်ရောင်းစားရန် ရောက်ရှိနေကြောင်းကို မူဆယ် လူကုန်ကူးအထူးအဖွဲ့သို့ ဖုန်းဆက် အကြောင်းကြားခဲ့သည်။
သတင်းရရှိလျှင် ရရှိခြင်းပင် မူဆယ် လူကုန်ကူးအထူးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မစန်းနု၊ ၂၉နှစ်  ----- ၊ မူဆယ်မြို့တွင် နေသူသည် ခင်ပွန်းဖြစ်သူနှင့် စကားများ၍ နေအိမ်မှထွက်လာခဲ့ရာ မူဆယ် မြို့ ဆင်ဖြူဂိတ်တိုက်တန်းအနီး၌ ဆော့ကစားနေသည့် ကလေးငယ်တစ်ဦးနှင့်အတူ ၀င်ရောက်ဆော့ကစား၍ စည်းရုံးခေါ်ဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့တွင် ယွမ်ငါးထောင်ဖြင့် ရောင်းစားရန် စီစဉ်ခဲ့ကြောင်းကို ဖော်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။ လေးနှစ်အရွယ် ကလေးငယ်ကို ဆင်ဖြူတိုက်တန်းအပေါ် ထပ်နေအိမ်ရှိ မိခင်ထံပြန်လည်အပ် နှံခဲ့ပြီး ကလေးငယ်အား ခိုးယူရောင်း စားရန်ကြံစည်ဆောင်ရွက်သူ မစန်း နုအား (ပ)၁၄/၂၀၁၂၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် မူဆယ်ရဲစခန်းမှ အရေးယူထားကြောင်း သိရှိရသည်။
EMG
Unknown at 5:22 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.