Wednesday, January 18, 2012

တက္ကသိုလ်ဝင် စာမေးပွဲကာလအတွင်း မိတ္တူဆိုင်များကို ကြီးကြပ်မည်

၂၀၁၂ တက္ကသိုလ်ဝင်တန်း မဖြေဆိုမီနှင့် ဖြေဆိုစဉ်ကာလအတွင်း ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း၍ မိတ္တူချုံ့၊ ချဲ့ဆိုင်များအား ကြီးကြပ်ကာ ဆောင်ရွက်သွားမည်ဟု နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးက ပြောသည်။ “ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုရာမှာ ရိုးသားစွာ ဖြေဆိုကြဖို့အတွက်နဲ့ မရိုးမသား၊ မမှန်မကန်တွေ မရှိစေဖို့အတွက် လုပ်ဆောင်ကြတဲ့ သဘောပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ ၂၀၁၂ မတ်လ ၁၂ ရက်နေ့တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအတွက်သာ မိတ္တူဆိုင်များကို ကြီးကြပ်သွားမည်ဖြစ်ပြီး ကျန်အခြေခံပညာအဆင့် စာမေးပွဲများ၌မူ ရှိရင်းအတိုင်းသာ ထားရှိသွားမည်ဟု သိရသည်။ စာမေးပွဲခန်းများအတွင်း မသမာသောနည်းလမ်းများ အသုံးပြု၍ ဖြေဆိုမှုများစွာ လျော့နည်းသွားပြီဟု ဆိုနိုင်သော်လည်း နယ်မြို့များ၌ ရှိနေသေးသည်ကို တွေ့ရကြောင်း၊ သို့အတွက်ကြောင့် ယခုကဲ့သို့ ပညာရေးဝန်ကြီးဌာနမှ ဒေသအာဏာပိုင်များနှင့် ကြီးကြပ်မှုကို လုပ်ဆောင်နေရဆဲဖြစ်ကြောင်း အဆင့်မြင့်အရာရှိကြီးထံမှ ထပ်မံသိရသည်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖိဖိစီးစီး ကြီးကြပ်မှုများကြောင့် မသမာသော ဖြေဆိုမှုများ လျော့ကျသွားခဲ့သလိုပင် အခြေခံအဆင့်များ၌ပါ ပြန်လည်၍ ကြီးကြပ်သင့်သည်ဟု မြန်မာ့ပညာရေး လောကသားအချို့က အကြံပြုသည်။ “ဖေဖော်ဝါရီမှာ စစ်တဲ့ အခြေခံပညာအဆင့်မှာတောင် ကလေးတွေ မိတ္တူဆိုင်က ထွက်လာတာကို ပုံမှန်တွေ့နေရတယ်။ တစ်နိုင်ငံလုံး ကျောင်းသားအချိုးနဲ့ တွက်ကြည့်ရင် အရမ်းနည်းတယ် ဆိုနိုင်ပေမယ့် ဒါကအစပဲ။ ဒါကို ကျောင်းသားငယ်တွေ အခုမလုပ်မိအောင်လို့ ကြပ်မတ်သင့်နေပြီ” ဟု တက္ကသိုလ်ဝင်တန်း သာမက အခြေခံပညာအဆင့်၌ပါ ကြီးကြပ်သွားသင့်သည်ဟု အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:39 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.