Friday, January 20, 2012

နိုင်ငံခြားဘဏ်လုပ်ငန်းစနစ် လာမည့်ဧပြီလနှင့် မေလတွင် စတင်နိုင်ဖွယ်ရှိ

နိုင်ငံခြားဘဏ်လုပ်ငန်းစနစ် လာမည့်ဧပြီလနှင့် မေလတွင် စတင်နိုင်ဖွယ်ရှိပြီး အာဆီယံ၊ သြစတြေးလျ၊ နယူးဇီလန်၊ အီးယူနိုင်ငံအချို့နှင့် စတင်ချိတ်ဆက်ဆောင်ရွက်မည်ဟု သိရနိုင်ငံငွေလုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားသော AGD ဘဏ်၏ လုပ်ငန်းခွင်တစ်ခုကိုတွေ့ရစဉ်
ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များအား နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့် Foreign Banking အား ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် စတင်ခွင့်ပြုပေးခဲ့ပြီး ယင်းနိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်မှုမှာ လာမည့်ဧပြီ လနှင့်မေလ လောက် တွင် စတင်လည်ပတ်နိုင်ဖွယ်ရှိကြောင်း၊ အာဆီယံ၊ သြစတြေးလျ၊ နယူးဇီလန်နှင့်အီးယူနိုင်ငံအချို့နှင့် စတင်ကာ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရသည်။
ပြည်တွင်းရှိပုဂ္ဂလိကဘဏ်များအနက် ဘဏ်ကြီးများအပါအ၀င် စုစုပေါင်း ဘဏ် ၁၁ ခုအား မြန်မာနိုင်ငံရှိ အစိုးရဘဏ်များဖြစ်သော မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ် စသည့်ဘဏ်များကဲ့သို့ နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်အား ၂၀၁၁ ခုနှစ်နှောင်းပိုင်းကာလတွင် စတင်ခွင့်ပြုပေးခဲ့သော်လည်း လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
''အခု (Foreign Banking) အတွက် အွန်လိုင်းစနစ် တပ်ဆင်ဖို့ လျောက်လွှာတင်ထားပြီးပါပြီ။ ဧပြီလ ဒါမှမဟုတ် မေလလောက်မှာ စတင်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါပြီးမှ နိုင်ငံခြားဘဏ်နှင့် ချိတ်လို့ ရမှာပါ။ နောက် တစ်ခုက (Full Foreign banking) စနိုင်မှ နိုင်ငံခြားဘဏ်လုပ်ငန်း အပြည့်အ၀ လည်ပတ်လို့ ရမှာပါ။ အခုက စီးပွားရေးပိတ်ဆို့မှုလည်း ရှိနေသေးတယ်ဆို တော့ လုပ်လို့မရသေးတဲ့အပိုင်းလည်း ရှိပါတယ်။ အခု သြစတြေးလျ၊ နယူးဇီလန်နှင့်ချိတ်လို့ရပြီး အာဆီယံနိုင်ငံတွေနဲ့ ချိတ်မယ်ဆိုရင်လည်း ရပါတယ်။ အခုနော်ဝေကလည်း ရင်းနှီးမြှုပ်နှံမှုအတွက် ပြန်လာခွင့် ပြုပေးတာတွေ လုပ်လာပြီဆိုတော့ အီးယူနိုင်ငံတွေအနေနဲ့ကတော့ ပြဿနာမရှိတော့ပါဘူး။ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုပဲ ကျန်ပါတော့တယ်။ ဒါကလည်း Sanction ကို မဖြုတ်သေးသည့်တိုင် အရင်လိုတော့ မပြင်းထန်တော့ပါဘူး။ အရင်တုန်းကတော့ ဒေါ်လာနဲ့ LC (ငွေလွဲ စာတမ်း)ဖွင့်မယ်ဆိုရင်တောင် ကိုယ်ဖြစ်ကိုယ်ခံသဘောမျိုးဆိုတော့ မဖွင့်ရဲကြဘူး''ဟု ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က ပြောကြားခဲ့သည်။
''အခုက (Foreign exchange Licence) ပေးထားပေမယ့် တခြားတစ်ဖက်ကလည်း ပြည်တွင်းမှာရှိတဲ့ ၀န်ထမ်းတွေရဲ့ အရည်အသွေးကို ဒါထက်မြှင့်တင်နိုင်ဖို့ လိုပါတယ်။ အခုလည်း တခြားပြည်ပနိုင်ငံတွေကလာပြီး သင်တန်းပေးတာတွေရှိပါတယ်။ နိုင်ငံခြားဘဏ်တွေနဲ့ချိတ်ပြီး လက်တွေ့လုပ်ရမယ့်အပိုင်းတွေလည်း ရှိပါတယ်''ဟု ၎င်းကဆက် လက်သုံးသပ်ပြောကြားသည်။
အလားတူ အာဆီယံနိုင်ငံများအပြင်(အာဆီယံ+၃) နိုင်ငံများ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့်လည်း စတင်နိုင်ဖွယ်ရှိကြောင်း၊ ယင်းကဲ့သို့ နိုင်ငံခြားဘဏ်လုပ်ငန်း တရားဝင်လုပ်ကိုင်ခွင့်ရရှိပြီး စတင်ချိတ်ဆက်လည် ပတ်နိုင်ပါက LC ဖွင့်၍ လည်ပတ်ရသည့် လုပ်ငန်းများအတွက် များစွာအထောက်အကူဖြစ်နိုင်ကြောင်း၊ ထို့အတူ လတ်တလောတွင် သက်ဆိုင်ရာပုဂ္ဂလိကဘဏ်များက ATM များ စတင်အသုံးပြုနေပြီဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
Unknown at 10:22 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.