Friday, January 20, 2012

ရေအောက်ကေဘယ်လ်ဆက်ကြောင်းသစ် ချိတ်ဆက်ရန် ခွင့်ပြုချက်ရရှိ



မကြာခဏပျက်တောက်လေ့ရှိသည့် ရေအောက်ဆက်သွယ်ရေး ကေဘယ်လ်အစား အခြားသော ရေအောက်ဆက်သွယ်ရေး ကေဘယ်လ်နှင့်ထပ်မံ ချိတ်ဆက်အသုံးပြုရန်အတွက် ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ရရှိပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းအချက်အလက်နည်းပညာဌာနမှ အင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးက ပြောသည်။ မြန်မာ့နိုင်ငံအနေဖြင့် လက်ရှိကာလ၌ ပင်လယ်ရေအောက်ဆက်သွယ်ရေး ကေဘယ်လ်တစ်ခုဖြစ်သည့် SE ME WE 3 ကေဘယ်လ်တစ်ခုကိုသာ အသုံးပြုလျက်ရှိပြီး အဆိုပါ ဆက်သွယ်ရေးကေဘယ်လ် ချို့ယွင်းပျက်တောက်သည့် အချိန်ကာလများတွင် ပြည်တွင်းအင်တာနက်အသုံးပြုမှုကို မကြာခဏ ပျက်တောက်စေသည့်အတွက် အခြားသော ပင်လယ်ရေအောက်ဆက်သွယ်ရေး ကေဘယ်လ်များဖြစ်သည့် SE ME WE 4 နှင့် SE ME WE 5 ကေဘယ်လ်အသစ်များနှင့် ထပ်မံချိတ်ဆက်ရခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်း၌ ပျက်တောက်မှုဖြစ်ပွားခဲ့သည့် SE ME WE 3 ရေအောက်ဆက်သွယ်ရေး ကေဘယ်လ်သည် လက်ရှိအချိန်အထိ အပြီးသတ်ကောင်းမွန်ခြင်း မရှိကြောင်း အိန္ဒိယဘက်မှ ဆက်ကြောင်းလင့်တစ်ခုအနေဖြင့် ပြန်လည်ကောင်းမွန်ခဲ့သော်လည်း စင်ကာပူနှင့် အင်ဒိုနီးရှားနိုင်ငံဘက်မှ ဆက်သွယ်ရေးလင့်များမှ ယခုအချိန်ထိ ပြန်လည် ချိတ်ဆက်အသုံးပြုနိုင်ခြင်းမရှိကြောင်း သိရသည်။ “ကိုယ့်ရေပိုင်နက်ထဲမှာဖြစ်တယ်ဆိုရင် အခုချက်ခြင်းသွားပြင်လို့ရတယ်။ အခုက သူများရေပိုင်နက်မှာဖြစ်နေတော့ အလွယ်တကူ ဝင်ပြင်လို့မရဘူး။ စာနဲ့ပဲ လှမ်းပြီးပြင်ပေးဖို့ ပြောနေရတယ်” ဟု ပျက်တောက်မှုဖြစ်ပွားနေသည့် ရေအောက်ဆက်သွယ်ရေးကေဘယ်လ်နှင့် ပတ်သက်၍ ဦးဇော်မင်းဦးက ဆိုသည်။ အသစ်ထပ်မံချိတ်ဆက်မည့် SE ME WE 4 နှင့် SE ME WE 5 ဆက်ကြောင်းများကို တရုတ်နိုင်ငံမှ နည်းပညာ အဖွဲ့အစည်းဖြစ်သည့် China Unicom ၏ အကူအညီဖြင့် လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သော်လည်း လုပ်ငန်းပြီးစီးနိုင်မည့် အချိန်နှင့် ဆက်ကြောင်းသစ် စတင်အသုံးပြုနိုင်မည့် အချိန်ကိုမူ မသိရှိရသေးပေ။ ဆက်ကြောင်း သစ်ပြီးစီးပါက ပြည်တွင်း၌ ကြုံတွေ့နေရသည့် အင်တာနက် အမြန်နှုန်းနှေးကွေးမှုကို ကျော်လွှားနိုင်မည်ဟု ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:20 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.