Monday, January 23, 2012

ခင်ညွန့် ထောက်လှမ်းရေးတွေက နှိပ်စက်ခဲ့တဲ့ ဒါဏ်ရာနဲ့ ကိုသက်နွယ် (ခ) ကိုငြိမ်းလူ ကွယ်လွန်


၂၂ ဇန် ၂၀၁၂ တနင်္ဂနွေ။ ။ လတ်တလော ထောင်ကထွက်ပြီး တပတ်အကြာ နိုင်ငံရေး အကျဉ်းသား ဟောင်း ကိုသက်နွယ် (ခ) ကိုငြိမ်းလူ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ ကို ဗိုလ်ချုပ်ကြီး ခင်ညွန့် ထောက်လှမ်းရေးတွေက နှိပ်စက်ခဲ့တာကြောင့် ဒါဏ်ရာနဲ့  ရောဂါတွေ ရခဲ့ပြီး လက်ရှိ သမတ အစိုးရလက်ထက်မှာလဲ ဆက်လက် ဖမ်းဆီးထားတာမို့ အခုလို ကွယ်လွန်ခဲ့ရတာလို့ အမဖြစ်သူ ဒေါ်မာလာနွယ်က ဒီဗွီဘီကို ပြောပါတယ်။ ။
ဒီဗွီဘီ

ပြီးခဲ့တဲ့ ၁၃ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီး ထောင်တွင်းမှ ရရှိလာတဲ့ အသဲရောဂါနဲ့ ဝေဒနာကို မချိမဆန့်ခံစားရင်း ၂၂ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ကိုသက်နွယ်(ခ)ညိမ်းလူ၏ နာရေးဖိတ်စာ
ကိုသက်နွယ်(ခ)ညိမ်းလူသည် ထောင်ထဲမှာ အသည်းရောဂါခံစား နေရာကနေ ပြန်လွတ်လာသည်ထိ မသက်သာဘဲ (၂၁.၁.၂၀၁၂)နေ့တွင် အသည်းအသန်ဖြစ်၍ ဝေဒနာခံစားနေရသည့်ပုံများ
ဗိုလ်ခင်ညွန့်ကို လွမ်းလောက်လို့လားဗျာ..

ကိုသက်နွယ်(ခ)ညိမ်းလူဟာ ၂၀၀၂ခုနှစ် မှာဗုံးဖောက်ခွဲမှုဆိုတဲ့ မတရားစွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရပါတယ်..။ ထောင်တွင်းမှာ သွားများတချောင်းမှ မကျန်အောင် အပြင်းအထန် နှိပ်စက်ခံခဲရပါတယ်...။ အာဏာရှင် ဗိုလ်သန်းရွှေ အာဏာတည်တံ့ခိုင်မြဲဘို့အတွက် အဓိက ဒေါက်တိုင်ဟာ ဗိုလ်ခင်ညွှန့်ပါ..။ မိမိသားသမီးတွေနဲ့ ခွဲခွါနေရတာကိုကြတော့ ကိုယ်တိုင်ခံစားတတ်တယ်..။ ပြီးခဲ့တဲ့ သတင်းတွေမှာ ထောင်ကထွက်လာမယ့် သားကို မျှော်ပြီး လွတ်မလာတဲ့ အတွက် မျှော်လင့်ချက်မဲ့ပြီး သေဆုံးခဲ့ရတဲ့ မိခင်တွေ၊ သားဖြစ်သူ လွတ်လာတဲ့နေ့မှာ ဝမ်းသာလုံးစို့ပြီး သေဆုံးခဲ့ရတဲ့မိခင်တွေကို ဗိုလ်ခင်ညွှန့် ကိုယ်ချင်းစာကြည့်ပါ။
၁၉၈၈ကနေ ၂၀၁၁ခုနှစ်အထိ ထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ သူတွေ သေရာပါ ဒဏ်ရာနဲ့ ဒုက္ခိတဖြစ်ခဲ့ရတဲ့သူတွေ၊ နိုင်ငံရေးအကျဉ်းသား သား၊သမီးတွေကို တွေ့မြင်ခွင့် မရလိုက်ပဲ အသေမဖြောင့်ခဲ့ရတဲ့ မိခင်၊ ဖခင်တွေအတွက်.. သားသမီးချင်း၊ မိဘချင်း ဗိုလ်ခင်ညွန့် ကိုယ်ချင်းစာကြည့်ပါ..။
ပြန်ထွက်လာတဲ့အချိန်မှာ ခေတ်ကာလအကြိုက်ကို ကြိုသိနေပြီး ထောက်လှမ်းရေး အကွက်အတိုင်း ဒေါ်အောင်ဆန်းကြည်ကို ထောက်ခံပါတယ်ဆိုတဲ့ စကားတခုထဲနဲ့ အမြင်မှန်ရသွားပြီဆိုပြီး ခွင့်လွှတ် လွယ်ကြတဲ့သူတွေ စဉ်းစားကြည့်ကြပါ...။ နာစရာကို လွမ်းစရာနဲ့ ဖြေစရာ တကွက်မှ မရှိသလို.. လွမ်းလောက်လို့လားဗျာ.. ဘုရား၊ တရားပဲလုပ်မယ်ဆိုပြီး တရားသိနေတယ် ဆိုလည်း ကိုယ်လုပ်ခဲ့တဲ့ အမှားတွေ အကုသိုလ်တွေကို နောင်ဘဝအတွက် မပါအောင် ယောင်္ကျားပီပီ ဝန်ခံတောင်းပန်ပေါ့..။
ပေဖြစ်လည်းခံ တူဖြစ်လည်းခံနေရတဲ့ ကျွန်တော်တို့ မြန်မာတွေ တခြားနေရာမှာခွင့်လွှတ်လွယ်တာ မပြောလိုပေမယ့်.. ကျားက သက်သက်လွတ်စားပြီဆိုပြီး ခွင့်လွှတ် လွယ်လွန်းတာကတော့ ခံခဲ့ရတဲ့သူတွေကို မညှာတာရာရောက်ပါတယ်..။ တောင်းပန်ပါတယ်ဆိုတဲ့ နောင်တတရားရတဲ့ စကားတလုံး မထွက်လာသ၍ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိလို့ မြင်ပါတယ်။ ထောင်ထဲမှာ ပေးဆပ်ခဲ့ရတဲ့သူတွေနဲ့ အာဏာစာခွက်လုရင်း မြောင်းထဲရောက်ခဲ့တဲသူ နှိုင်းယှဉ်စရာမရှိပါ..။ မစင်ပုံထဲက လောက်ကို ကျွန်တော်တို့ ဆင်းမဆယ်မိဖို့ ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ်လွယ် သူများအား လွမ်းလောက်လို့လားလို့  မေးပါရစေ၊ ပြောပါရစေဗျာ။
Unknown at 10:04 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.