၁။ အငှားဝယ်ယူ စနစ်ဖြင့် ရောင်းချမည့်ပစ္စည်းများ။
၁။ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများ၊
၂။ Computer နှင့် ဆက်စပ်ပစ္စည်းများ။
၃။ တယ်လီဖုန်းကဒ်နှင့် ဆက်စပ်ပစ္စည်းများ။
၎။ ဆေးရုံနှင့် ဆေးခန်းသုံးပစ္စည်းများ။
၅။ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကရိယာများ။
၆။ စက်ဘီး၊ ဆိုင်ကယ်များ။
၇။ မော်တော်ယာဉ်နှင့် ယန္တယားများ။
၈။ လုပ်ငန်းသုံး စက်ပစ္စည်းနှင့် Generator များ။
၉။ တိုက်ခန်းနှင့် လုံးချင်းအိမ်ယာများ။
၂။ ကုန်စည် / ပစ္စည်းတန်ဘိုးအလိုက် ခွင့်ပြုသက်တမ်းနှင့် နှုန်းထား။
(၁) ကျပ် ၅၀သန်းအထိ။
- သက်တမ်း ၁နှစ်သက်တမ်း။
- လက်ငင်းပေးချေရန် တန်ဘိုး၏ ၂၀%။
- ငှားရမ်းခနှုန်း တန်ဘိုး၏ ၇%။
- ၀န်ဆောင်ခ တန်ဘိုး၏ ၁%။
-အရစ်ကျ ပေးသွင်းရန်ငွေ တန်ဘိုး၏ ၈၀%ကို (၁၂)ရစ် အညီအမျှခွဲ၍ (၁၂)လ လစဉ်ပေးသွင်းရန်။
(၂) ကျပ်၅၀သန်းအထက်မှ ကျပ်၁၅၀သန်းအထိ။
- သက်တမ်း ၂နှစ်သက်တမ်း။
- လက်ငင်းပေးချေရန် တန်ဘိုး၏၂၀%။
- ငှားရမ်းခနှုန်း တန်ဘိုး၏ ၁၄%။
- ၀န်ဆောင်ခ တန်ဘိုး၏ ၁%။
- အရစ်ကျ ပေးသွင်းရန်ငွေ တန်ဘိုး၏ ၈၀%ကို (၂၄)ရစ် အညီအမျှခွဲ၍ (၂၄)လ လစဉ် ပေးသွင်းရန်။
(၃) ကျပ် ၁၅၀ သန်းအထက်မှ ကျပ်၃၀၀သန်းအထိ။
- သက်တမ်း ၃နှစ်သက်တမ်း။
- လက်ငင်းပေးချေရန် တန်ဘိုး၏၂၀%။
- ငှားရမ်းခနှုန်း တန်ဘိုး၏ ၂၁%။
- ၀န်ဆောင်ခ တန်ဘိုး၏ ၁%။
- အရစ်ကျ ပေးသွင်းရန်ငွေ တန်ဘိုး၏ ၈၀%ကို (၁၂)ရစ် အညီအမျှခွဲ၍ (၃)လ တစ်ကြိမ် ပေးသွင်းရန်။
၃။ သတ်မှတ်သက်တမ်း မစေ့ရောက်မီ အပြေအကြေပေးသွင်းပါက မူလက ပေးသွင်းခဲ့သည့် ငှားရမ်းခငွေမှ အောက်ပါအတိုင်း ပြန်လည်ထုတ်ပေးပါမည်။
(၁) ၁နှစ်ချေးငွေကို (၆)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၅%။
(၂) ၂နှစ်ချေးငွေကို (၆)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၅၀%။
(၃) ၂နှစ်ချေးငွေကို (၁၂)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၅%။
(၄) ၃နှစ်ချေးငွေကို (၁၂)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၄၀%။
(၅) ၃နှစ်ချေးငွေကို (၂၄)လတွင်းပေးသွင်းလျှင် မူလပေးသွင်းထားသည့် ငှားရမ်းခငွေ၏ ၂၀%။
၎။ အရစ်ကျငွေ ပေးသွင်းရန် သတ်မှတ်ရက်။
စတင်ခွင့်ပြုသည့်နေ့သည် (၂၂)ရက်နေ့အတွင်းဖြစ်ပါက ကပ်လျှက်လ၏ လဆန်း(၅)ရက်အတွင်း။
စတင်ခွင့်ပြုသည့်နေ့သည် (၂၃)ရက်နေ့မှ နောက်ပိုင်းဖြစ်ပါက နောက်တစ်လ၏ လဆန်း(၅)ရက်အတွင်း။
၅။ ပျက်ကွက်ကြေး။
လစဉ် လဆန်း(၅)ရက်အတွင်း ပေးသွင်းရန် ပျက်ကွက်ပါက ပျက်ကွက်သည့်ရက်များအတွက် အရစ်ကျပေးသွင်းရမည့် ငွေပမာဏပေါ်တွင် ကျပ်၁၀၀လျှင် တစ်ရက် (၄)ပြားနှုန်းဖြင့် ပျက်ကွက်ကြေးပေးဆောင်ရပါမည်။
၆။ ကုန်စည်/ ပစ္စည်းပြန်လည်သိမ်းဆည်းခြင်း။
လစဉ် အရစ်ကျ ပေးသွင်းရမည့်ငွေကို (၃)ကြိမ် ဆက်တိုက်ပျက်ကွက်ပါက အငှားဝယ်ထားသူသည် အငှားဝယ်ယူထားသည့်ပစ္စည်းကို ပြန်လည်သိမ်းဆည်းခံရမည် ဖြစ်ပြီး၊ ပေးသွင်းထားသည့် ငွေများအားလုံးကို အဆုံးရှုံးခံရမည် ဖြစ်သည်။
၇။ အငှားရောင်းချသူ (Authorized Dealer) ၏ အရောင်းကော်မရှင်မှာ ပစ္စည်းတန်ဘိုး၏ ၁% ဖြစ်ပါသည်။
ချေးငွေဌာန
အေဂျီဒီဘဏ်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge