Sunday, November 11, 2012

ထိုင်း-မြန်မာနယ်စပ်ရှိ အပျိုစင် ဈေးဦးဖောက်ခြင်း ဈေးကွက်မှ မြန်မာ့ သမီးပျိုများ

ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မြို့များတွင် မြန်မာ မိန်းကလေးငယ် အချို့၏ ဘဝများသည် မျှော်လင့်ချက်မဲ့ ပျက်သုဉ်းလျှက်ရှိကြောင်း သိရသည် ။အသက် ၁၀ နှစ်မှ ၁၆ နှစ်ကြား မိန်းကလေးငယ်များဟု သိရပြီး အရွှယ်နဲ့မလိုက် အဆိုးရွားဆုံး ပြည့်တန်ဆာ ကျေးကျွန်များ ဖြစ်နေကြောင်း နယ်စပ် အသိုင်းအဝိုင်းများမှထံမှ သိရသည် ။ ထိုင်းဘာသာစကားအရ ပွတ်သောရီဆွတ် မြန်မာလို အပျိုစင်အား ဈေးဦးဖောက်ခြင်း ဟု ခေါ်တွင်သော နယ်စပ်ဈေးကွက်၌  အမျိုးသမီးငယ်လေးများသည် အများဆုံး ရှိနေကြောင်း သိရသည် ။
ကျွန်တော် ကိုယ်တွေ့တစ်ခု ပြောပြမယ်ဗျာ ..တကယ်တော့ ကလေးမတွေက ပညာသင်နေရမဲ့အရွှယ်ဗျ..
အခုတော့ ထမင်းတစ်လုပ်အတွက် ခါးစည်းခံနေရတယ်ဗျာ ။ထိုင်းနိုင်ငံသားတစ်ဦးက မြန်မာမိန်းကလေးငယ်တစ်ဦးကို ဘတ်ငွေ သောင်းဂဏာန်းကနေ သိန်းဂဏာန်းထိ ပေးဝယ်တယ်ဗျာ ။ဒီကောင်တွေ ပျော်ရင်ပျော်သလို သုံးမယ်ပေါ့ဗျာ ။
ရုပ်ရည် ၊ခန္ဒာကိုယ် ၊ ကျမ္မာရေး ပေါ်မူတည်ပြီး ဈေးကို အလျှော့အတင်းလုပ်သွားတာဗျ ။ဟိုတလောက ကြားလိုက်တယ် ။ဘတ် ၃၀၀၀ ပေးပြီး၁၂ နှစ် ကလေးမတစ်ယောက်ကို ဟိုတယ်မှာ သုံးတယ် ။နောက်ရက်ကျတော့ အဲ့ကလေးမ သေဆုံးနေပြီဆိုတဲ့ သတင်းလေ ။
တခါတလေ ဆိုရင် အဲဒီကလေးလေးတွေက သူတို့ကို အဲလိုလုပ်စားခိုင်းမယ်ဆိုတာ ဘုမသိ ဘမသိနဲ့ လိုက်လာခဲ့ရကြတာဗျ။တစ်ချို့လူတွေဆို သိပ်မိုက်ရိုင်းတယ်ဗျ ။ဒါ သူတို့ အပိုင်ဝယ်ထားတာဆိုပြီး သူငယ်ချင်းတွေများစွာကိုပါ ပျော်ပါးခိုင်းတော့တာပဲ ။
လို့ နယ်စပ်မှာ အလုပ်လုပ်နေတဲ့ သူက ရင်နာစွာ ပြောပါတယ် ။
ဂျပန်ရောက် လူပွဲစားတစ်ဦး
မိဘ အချို့သည် မိမိသားသမီးများ သွေးရင်းသားရင်းများကို မိဘစိတ်ကင်းမဲ့စွာနဲ့ ရောင်းစားကြခြင်း ၊
အဆိုပါ မိန်းကလေးများ HIV ကူးခံရပြီဟုဆိုလျှင်  လူရာမသွင်းတော့ခြင်း ၊ အလုပ်အကိုင်နှင့် စီးပွါးရေးဖွံဖြိုးမှူနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့် စာသင်ခန်းထဲ မရောက်ပဲ စာသင်ခန်းထဲ မရောက်ကြပဲ ဟိုတယ်ခန်းထဲ ရောက်နေကြခြင်းသာဖြစ်ကြောင်း သုံးသပ်ကြပါတယ် ။
(TheDoeLwin --ရေးသားသည်)
(မောင်ကျောက်ခဲ အဖွဲ့)
ဘကြီးသက်
Unknown at 5:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငလျှင် နောက်ဆက်တွဲ သတင်းများ စုစည်းမှု(၂)

ငလျင်နောက်ဆက်တွဲသတင်း(၈)
********************** 

ယနေ့နံနက်တွင်လှုပ်ခတ်ခဲ့သော အင်အားကြီးငလျင်ကြောင့် ရွှေဘိုမြို့နယ်ရှိ ကျောက်မြောင်းမြို့နှင့် စဥ့်ကူးမြို့ကို ဆက်သွယ်သည့် တည်ဆောက်ဆဲ ဧရာဝတီမြစ်ကူးတံတားဖြစ်သော ရတနာ သိင်္ဃတံတား၏ ချဉ်းကပ်တံတားပြိုကျခဲ့သည့်အတွက် လူ၃ဦးသေဆုံးပြီး ၃၀ကျော် ဒဏ်ရာရရှိသွားကြောင်း ထိုနေရာတွင်ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ပေးနေသော အောင်ဇေယျလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 မြေငလျင်နောက်ဆက်တွဲသတင်း(၉)
************************ 

မြေငလျင်လှုပ်ခတ်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးဝါးကုသခံယူနေသူများမှာ ကျောက်မြောင်းမြို့နယ် ဆေးခန်းတွင် ၁၄ဦး၊ ရွှေဘိုမြို့နယ်ဆေးရုံတွင် ၁၁ဦး၊ စုစုပေါင်း၂၅ဦးရှိနေကြောင်း ကျောက်မြောင်းရောက် 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ကနဦးရရှိသော သတင်းများအရ ရတနာသိင်္ဃတံတားပြိုကျရာမှ တစ်ဦးသေဆုံးပြီး ကျန်ရှိသူများမှာ ရွှေဘိုမြို့နယ်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေပြီး၊ ကျောက်မြောင်းမှ ဒေသခံအမျိုးသမီးတစ်ဦးမှာလည်း အုတ်တံတိုင်းပိ၍ သေဆုံးခဲ့သည့်အတွက် လောလောဆယ် သေဆုံးသူ ၂ဦးရှိပြီဖြစ်ကြောင်း သတင်းပေးပို့သည်။

မြေငလျင်နောက်ဆက်တွဲသတင်း(၁၀)

*************************** 

ရွှေဘိုဆေးရုံသို့ ဒဏ်ရာရရှိပြီး ရောက်ရှိလာသူ ၁၃ဦးရှိလာပြီဖြစ်ပြီး၊ ရတနာသိင်္ဃတံတားပြိုကျ၍ ဒဏ်ရာရရှိသူများထဲမှ သုံးဦးမှာ ဒဏ်ရာပြင်းထန်၍ မန္တလေးဆေးရုံသို့ ပို့ဆောင်ကုသစေလျက်ရှိကြောင်း ရွှေဘိုဆေးရုံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ တည်ဆောက်ဆဲအထက်ပါတံတားပြိုကျမှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး၊ ငါးဦးမှာရေထဲပြုတ်ကျကာ ပျောက်ဆုံးလျက်ရှိကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။

မြေငလျင် နောက်ဆက်တွဲသတင်း(၁၁)

*************************** 

ယနေ့ငလျင်ကြောင့် စဥ့်ကူးမြို့တွင် ရွှေစည်းခုံဘုရားပြိုကျခဲ့သည်ဟု ဒေသခံ ဆန်စက်လုပ်ငန်းလုပ်ကိုင်သူ ကိုတင့်လွင်ကပြောသည်။ ထို့အပြင် ရွှေကူကြီး
အ.မ.က စာသင်ကျောင်း တစ်ထပ်ဆောင် ပင်မဆောင်တစ်ခုပြိုကျခဲ့သည်။ ကျောင်းပိတ်ရက်ဖြစ်၍ ထိခိုက်မူမရှိပေ။ "ကျန်တာကတော့အုတ်တံတိုင်းတွေပြိုတယ်။ ထိခိုက်တာတော့ နည်းပါတယ်" ဟု ၄င်းကပြောသည်။

မြေငလျင်သတင်းနောက်ဆက်တွဲ (၁၂)

*************************** 

ယနေ့ငလျင်ကြောင့် မိုးကုတ်မြို့၊ ကသည်းအုပ်စု၊ ရန်ကြီးအောင်ရပ်ကွက်၊ ဘုံသီတာကျောင်းတိုက်ရှိ ရှေးဟောင်းဘုရားတစ်ဆူ ပြိုကျရာမှ ဘုရား(၃)ဆူ
ပေါ်ထွက်လာခဲ့သည်ဟု မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဒေါ်နန်းကြည်တောင် အ၀င်ဝမှ စေတီတစ်ဆူ ထီးတော်အောက်စိုက်သွားခြင်း၊ ကင်းကျေးရွာ၊ ကင်း အ.ထ.က ခွဲကျောင်းမှ ပုလဲဆောင် ကျောင်းနံရံပြိုကျခြင်း

တို့ဖြစ်ပေါ်ခဲ့ပြီး လူထိခိုက်မိခြင်း မရှိဟုရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ကျရဲအရာထမ်းတစ်ဦးက ဖြေကြားသည်။

မြေငလျင်သတင်းနောက်ဆက်တွဲ (၁၃)

*************************** 

မြေငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အိမ်ခြေ ၂၀ ခန့်ပြိုကျပျက်စီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိမှုများကို ဆက်လက်စာရင်းကောက်ယူနေဆဲ
ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

ငလျင်အန္တရာယ်သင့်ရာနေရာများသို့ ကနဦးကယ်ဆယ်ရေးများလုပ်ကိုင်ရန် စစ်ကိုင်းတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ

ကူညီကယ်ဆယ်ရေးအဖွဲ့များက အိမ်ခြေ ၂၀၀ စာထောက်ပံ့ရေး ပစ္စည်းများဖြင့် ကျောက်မြောင်းမြို့သို့သွားနေပြီဖြစ်ကြောင်းလည်း
အထက်ပါပုဂ္ဂိုလ်ကပြောသည်။

မြေငလျင်သတင်းနောက်ဆက်တွဲ (၁၄)

************************** 

မြေငလျင်ကြောင့် စဥ့်ကူးမြို့နယ်တွင် ၅ ဦးသေဆုံးပြီး၊ ၉ ဦးဒဏ်ရာရရှိကြောင်း မန္တလေးတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြေငလျင်ဒဏ်ခံရသောမြို့များတွင် သပိတ်ကျင်းမြို့နယ်မှာ အခြေအနေအဆိုးဆုံးဟု သိရပြီး၊ သေဆုံးဒဏ်ရာရသူစာရင်းကို မသိရှိရသေးကြောင်း အထက်ပါ ပုဂ္ဂိုလ်ကပြောသည်။ ယခုအခါ တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဆောင်သော အဖွဲ့ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ်များသို့ ကယ်ဆယ်ရေးပစ္စည်းများဖြင့် သွားရောက်နေကြောင်းသိရသည်။

ဘကြီးသက်
Unknown at 5:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်မှာ ပဋိပက္ခများ ထပ်မဖြစ်ပွားစေဖို့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ICG တောင်းဆို

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခများ ထပ်ပြီး မပြန့်ပွားဖို့နဲ့ ရပ်တန့်သွားစေဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ
ဖြေရှင်းရေးအဖွဲ့ ICG က ထုတ်ဖေါ်ကြေညာလိုက်ပါတယ်။

ဘယ်လ်ဂျီရမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ICG အဖွဲ့ကြီးက ရခိုင်ပြည်နယ်
က ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမူတွေဟာ နောက်ပြန်ဆွဲခံနေရသလို ဖြစ်နေကြောင်း၊ နိုင်ငံ့ခေါင်းဆောင် ဖြစ်သူတွေအနေနဲ့ လူထု သဘောထားဆန္ဒများနဲ့ ပတ်သက်ပြီး ဦးဆောင်မှုပေးဖို့ စိန်ခေါ်မူတွေ ကြုံတွေ့နေရပြီး အကိုင်အတွယ်မှားရင် တိုင်းပြည်နစ်နာစရာတွေ ဖြစ်လာ
နိုင်ကြောင်း သတိပေးဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်အရေးကို
ခေါင်းရှောင်နေမယ်ဆိုရင် ပြည်သူတွေ မှတ်ကျောက်တင်ထားတဲ့ ဒီမိုကရေစီခေါင်းဆောင်ဆိုတဲ့ သတ်မှတ်ချက်အပြင် NLD ပါတီ ကိုပါ ထိခိုက်နိုင်တယ်လို့လဲ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းကရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်း
စုကြည်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တချို့ကအစိုးရကို မြန်မာနိုင်ငံသား ဥပဒေအပါအဝင် ရခိုင်ပြည်နယ်အရေးကိစ္စကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်
ဆိုတာ လူထုကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ သဘောထား
ထုတ်ပြန်ထားပါတယ်။

RFA Burmese
ရခိုင်မှာ ပဋိပက္ခများ ထပ်မဖြစ်ပွားစေဖို့ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
ICG တောင်းဆို
Sunday, November 11, 2012 

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခများ ထပ်ပြီး မပြန့်ပွားဖို့နဲ့ ရပ်တန့်သွားစေဖို့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာ ပဋိပက္ခများ
ဖြေရှင်းရေးအဖွဲ့ ICG က ထုတ်ဖေါ်ကြေညာလိုက်ပါတယ်။

ဘယ်လ်ဂျီရမ်နိုင်ငံ ဘရပ်ဆဲလ်မြို့အခြေစိုက် ICG အဖွဲ့ကြီးက ရခိုင်ပြည်နယ်
က ဖြစ်စဉ်တွေကြောင့် မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမူတွေဟာ နောက်ပြန်ဆွဲခံနေရသလို ဖြစ်နေကြောင်း၊ နိုင်ငံ့ခေါင်းဆောင် ဖြစ်သူတွေအနေနဲ့ လူထု သဘောထားဆန္ဒများနဲ့ ပတ်သက်ပြီး ဦးဆောင်မှုပေးဖို့ စိန်ခေါ်မူတွေ ကြုံတွေ့နေရပြီး အကိုင်အတွယ်မှားရင် တိုင်းပြည်နစ်နာစရာတွေ ဖြစ်လာ
နိုင်ကြောင်း သတိပေးဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်အရေးကို
 ခေါင်းရှောင်နေမယ်ဆိုရင် ပြည်သူတွေ မှတ်ကျောက်တင်ထားတဲ့ ဒီမိုကရေစီခေါင်းဆောင်ဆိုတဲ့ သတ်မှတ်ချက်အပြင် NLD ပါတီ ကိုပါ ထိခိုက်နိုင်တယ်လို့လဲ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်အတွင်းကရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်း
စုကြည်နဲ့ တိုင်းရင်းသားကိုယ်စားလှယ်တချို့ကအစိုးရကို မြန်မာနိုင်ငံသား ဥပဒေအပါအဝင် ရခိုင်ပြည်နယ်အရေးကိစ္စကိုဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်
ဆိုတာ လူထုကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ သဘောထား
ထုတ်ပြန်ထားပါတယ်။

RFA Burmese

ဘကြီးသက်
Unknown at 10:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငလျှင်သတင်းများစုစည်းမှု

7Day News Journal
ယနေ့ နံနက် ၇နာရီ မိနစ် ၄၅မိနစ်ဝန်းကျင်တွင် ရွှေဘိုမြို့ အရှေ့မြာက်ဘက် ၁၅ မိုင်အကွာကို ဗဟိုပြု၍ အင်အား ရစ်ချတ်တာ စကေး ၆ဒသမ ၆ ရှိ အင်အားပြင်း ငလျင်ကြီး တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ငလျင်လှုပ်ခတ်မှုကို ရွှေဘို၊ မန္တလေး၊ မုံရွာ ၊အမရပူရ ၊မိုးကုတ် ၊ စစ်ကိုင်း စသော မြို့များတွင် ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်သည် ။

စစ်ကိုင်းမြို့နှင့် ရွှေဘိုမြို့များတွင် နေအိမ်အချို့ပြိုလဲမှုများရှိကြောင်း မုံရွာသတင်းထောက်က သတင်းပေးပို့သည်။ ငလျင်ကြောင့် အမရပူရရှိ စေတီအချို့ထီးတော်ယိုင်ခြင်း၊စိန်ဖူးတော်ပြုတ်ကျခြင်းများရှိကြောင်း မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။
မန္တလေးမြို့ရှိ ဟိုတယ်အချို့တွင်လည်းနံရံ၊မျက်နှာ ကျက်များ မှ ကြွေပြားများ ကွာကျခဲ့ကြောင်း သိရသည်။ အင်အားကြီး ငလျင်များလှုပ်ခတ်ပြီးလျှင် နောက်ဆက်တွဲ မြေငလျင်ငယ်များ လှုပ်တတ်၍ သတိထားရန် လိုကြောင်း မြေငလျင် ပညာရှင်များက ပြောကြားထားသည်။
ငလျင်နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည် ။
____________________________________________________

-The Voice Weekly

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့မြောက်ဘက် ၄၅ မိုင်အကွာကို ဗဟိုပြုကာ အင်အား ၆ ဒသ ၈ အဆင့်ရှိ ငလျင်တစ်ခု ယနေ့နံနက်ပိုင်းတွင် လှုပ်ခတ်ခဲ့ရာ ရွှေဘိုမြို့ငလျင်သတင်းအခြေအနေကို The Voice Weekly က သွားရောက်သတင်းရယူနေပြီး ဓာတ်ပုံနှင့်တကွ ဆက်လက်ဖော်ပြသွားပါမည်။
______________________________________________________
-Infinity Power

၁၁-၁၁-၂၀၁၂ ရက်နေ့ နံနက် ၇ နာရီ ၄၀ အချိန်ခန့်တွင် ရွှေဘိုမြောက်ဘက် ၄၅ မိုင်ခန့်အကွာတွင် ဗဟိုပြုပြီး အင်အား ရစ်ချက်တာစကေး ၆.၈ခန့်ရှိသည့် ငလျှင် လှုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး နယ်မြေ အတွင်း ရှိ စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရားမုခ်ဦးတစ်ခြမ်းပြိုကျ၊ ရွှေဂူကြီး အခြေခံမူလတန်းကျောင်း ရှိ ကျောင်းဆောင်တစ်ဆောင်ပြိုကျပြီး အုတ်တံတိုင်းပေ ၃၀၀ ခန့် ပြိုကျ၊ ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးပြိုကျ၊ တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်းပြိုကျ၊ ပရိယတ္တိသတ္တမ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့်ပြိုကျ၊ အမှတ်(၂) ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ ဦးဒဏ်ရာရခဲ့ကြောင်းနှင့် အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ်(၃၈) ရှိ လေးမျက်နှာ/စေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် (၃၁) ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခခဲ့ကြောင်းနှင့် ငလျှင်လှုပ်မှုနှင့် ပတ်သက်ပြီး ဆက်လက်ဖော်ပြေပေးသွားမည်ဖြစ်ပါသည်။

-အခုတက်လာတဲ့ သတင်းတွေအရ မန္တလေး ၊ နေပြည်တော် ၊ ပြင်ဦးလွင် ၊ မုံရွာမြို့နဲ့ ရွှေလီမြို့တွေမှာ ငလျှင် လှုပ်နေတယ်လို့ သိရပါတယ် ။ ရှမ်းပြည်နယ် ၊ ညောင်ရွှေမြို့ နယ်တွင်လည်းငလျှင်လှုပ်ခတ်မှုကြောင့်အင်းလေးကန်ရေပြင်တစ်ခုလုံးနောက်ကျိသွားခဲ့ပါတယ် ။ ( နောက်ဆက်တွဲ ဆက်လက် တင်ဆက်ပါမယ် - ( ယ္ခုမြင်ရသည့် ပုံမှာ ၂၀၁၂ အစောပိုင်း မြန်မာနိုင်ငံ ငလျှင်အခြေပြပုံ ဖြစ်ပါသည် )
 
------------------------------------------------------------------------------------------------
သပိတ်ကျင်းတွင် နောက်ဆက်တွဲငလျင်များ ဆက်လက်ဖြစ်ပေါ်နေ
........................................................................
ယနေ့နံနက် ၇ နာရီ ၃၅ ပတ်ဝန်းကျင်တွင်လှူပ်ခတ်ခဲ့သော ငလျှင်၏ ပြင်းအားသည် အ၀ါရောင်အဆင့်ရှိပြီး(အင်အားပြင်း) သပိတ်ကျင်းမြို့နယ်ပတ်ဝန်းကျင်တွင် နောက်ဆက်တွဲငလျင်များ လှုပ်ခတ်လျှက်ရှိနေသေးကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။ မန္တလေးတိုင်းဒေသကြိး သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာအချို့

တွင် ယနေ့နံနက်ပိုင်းကလှုပ်ခတ်ခဲ့သည် ငလျှင်ဒဏ်ကြောင့် နေအိပ်အတော်များများ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းဒေသခံများ၏ သတင်းပေးချက်အရသိရသည်။ မန္တလေးတိုင်းဒေသကြီးသပိတ်ကျင်းမြို့နယ် တွင်နောက်ဆက်တွဲငလျင်(အင်အားမပြင်း) များ ယခုအချိန်ထိလှုပ်ခတ်နေသေးကြောင်း သိရသည်။

----------------------------------------------------------------------------------
မန္တလေးမြို..မန်းမြန်မာပလာဆာ.ဈေးကြီး.ပိတ်လိုက်ပါပြီး......။
မန်းမြန်မာ.ပလာဆာ..အပေါ်ထပ်တွင်.ဆောက်လုပ်ထားသော.၂၅ထပ်အမြင့်ရှိသော.အဆောက်အအုံး.မြေအောက်တွင်.ကျွံပြီ.နီမ့်သွားတာကြောင့်.ဈေးကြီးကိုပိတ်လိုက်ပြီးဟုသိရပါတယ်.
—  
------------------------------------------------------------------------------------------
မြန်မာနိုင်ငံတွင် ရစ်ချတ်တာစကေး ၆.၆ ပြင်းအားရှိ အင်အားကြီး ငလျင်လှုပ်ခတ်ကြောင်းကို စီအန်အန်သတင်းဌာနတွင် သတင်းအဖြစ်ဖော်ပြခဲ့ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ ၉ရက်အလိုတွင် လှုပ်ခတ်ကြောင်း သတင်းဖော်ပြသည်။
မြန်မာနိုင်ငံတွင် ရစ်ချတ်တာစကေး ၆.၆ ပြင်းအားရှိ အင်အားကြီး ငလျင်လှုပ်ခတ်ကြောင်းကို စီအန်အန်သတင်းဌာနတွင် သတင်းအဖြစ်ဖော်ပြခဲ့ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ ၉ရက်အလိုတွင် လှုပ်ခတ်ကြောင်း သတင်းဖော်ပြသည်။
 

ဘကြီးသက်
Unknown at 9:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စည်းကမ်း အမဲ့ဆုံးနှင့် ယာဉ်တိုက်မှု အဖြစ်ဆုံး ယာဉ်လိုင်း


ကြည့်မြင်တိုင် မြို့နယ် အတွင်းတွင် ဖြတ်သန်းမောင်းနှင် နေသော ဘတ်စ်ကား လိုင်းများ အနက် အဓိပတိ လိုင်းကားများသည် စည်းကမ်း အမဲ့ဆုံးနှင့် ယာဉ်တိုက်မှု အဖြစ်ဆုံး ယာဉ်လိုင်းဖြစ်သည်။ မည်သူမျှ ထိရောက်စွာ အရေးမယူသောကြောင့် ထင်သည် လွန်ခဲ့သော သုံးလ ခန့်က ကြည့်မြင်တိုင် နတ်စင်လမ်းထိပ်တွင် ကလေး နှစ်ဦးသေဆုံး သည် အထိ ၀င်တိုက်သွားသော အဓိပတိ ယာဉ်လိုင်းသည် မနေ့ည ၇ နာရီခန့် ကလည်း ကြည့်မြင်တိုင် နိဗာန် လမ်းထိပ်တွင် ၁၀ နှစ်ခန့် အရွယ် ကလေး တဦး အား တဖက် ယာဉ်ကြောထိ စည်းကမ်းမဲ့ အတင်းကျော်တက်စဉ် တိုက်မိခဲ့ပြန်ရာ အပြစ်မဲ့ ထို ကလေးငယ်မှာ ဆေးရုံတွင် သတိလစ် နေဆဲဖြစ်ကြောင်း ။ အပြစ်မဲ့ သော သတိလစ်နေသည့် ထို ကလေး နှင့် မိခင်မှာ ဆေးရုံတွင် အခက်ကြုံနေရကြောင်း ။ စည်းကမ်းမဲ့ မောင်းနှင် ပြီး ကလေးကို တိုက်သတ်ကာ မောင်းထွက်ပြေးသည့် အဓိပတိ ယာဉ်ကို ကြည့်မြင်တိုင်သားတို့က ကားများဖြင့် လိုက်လံ ဖမ်းဆီးရာ ညဈေး အနီးတွင် ကားကို တွေ့ရှိရပြီး ယာဉ်မောင်းမှာမူ ထွက်ပြေးသွားကြောင်း။

အပြစ်မဲ့သော ကလေးငယ်မှာ သတိလစ်နေဆဲဖြစ်ကြောင်း အဓိပတိ ယာဉ်လိုင်းမှ တာဝန်ရှိသူများကို သိစေလိုပါကြောင်း

_________________

___________________
Reference and Credit to -ကိုနေမျိုးဇင်
(ယခု သတင်းကို 11.11.12 နံနက် ၉နာရီ၄၇မိနစ်တွင် NOMမှမျှဝေသည်။)


ဘကြီးသက်
Unknown at 9:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရိုဟင်ဂျာလွဏ်းဆွေ ဘာလဲ ကုလားလွဏ်းဆွေ ဘယ်လဲ






ရိုဟင်ဂျာတွေဘက်က အနာကြီးနာနေပြီး ရိုဟင်ဂျာတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်တဲ့ ဘက်တော်သားတွေကို တိုက်ခိုက်နေတဲ့ ရိုဟင်ဂျာလွဏ်းဆွေရဲ့ ရည်ရွယ်ချက်က ဘာလဲ။

မြောက်ဥက္ကလာ ဆေးရုံကြီးမှာ ဟောက်စ်ဆင်းပြီး ဘာဖြစ်လို့ ပြုတ်သွားရတာလဲ။ အသေးစိတ် သိတယ်။ လွဏ်းဆွေလို အောက်တန်းကျတဲ့သူ မဖြစ်ချင်လို့ ထုတ်မပြောတာ။ (လွဏ်းဆွေ - မင်း ဆက်ပြီး ရိုဟင်ဂျာ ကာကွယ်ရေး လုပ်နေဦးမယ် ဆိုရင် ဖွင့်ချပစ်မယ်)

မြှားနတ်မောင်မဂ္ဂဇင်း ထုတ်တော့ လွဏ်းဆွေ တာဝန်ခံအယ်ဒီတာ လုပ်တယ်။ အမှန်တော့ လွဏ်းဆွေရဲ့ အနုပညာ သက်တမ်း၊ စာရေး သက်၊ သမ္ဘာ၊ ၀ါ ဘာမှ မရှိဘဲ အယ်ဒီတာ တက်လုပ်-ပြီးတော့ ၀ မရှိဘဲ ၀ိ လုပ်- တစ်ကယ့် ဆရာကြီးတွေကို ဆရာ လုပ်။ လွဏ်းဆွေကို စာပေလောကမှာ ဘယ်လို သဘောထားသလဲ။

ပြည်ပကို ဘာဖြစ်လို့ ထွက်ပြေးသလဲ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲအတွက် အထောက်အကူဖြစ်စေတဲ့ စာပေတွေ ရေးသားနေတယ် တဲ့။ မတန်မရာ ထည့်ပြီး ကြေညာလိုက်သေးတယ်။

မြန်မာ့ဒီမိုကရေစီအတွက် လွဏ်းဆွေ ဘာလုပ်ခဲ့သလဲ။
ဘာမှ မလုပ်ခဲ့ဘူး။ ဘာတေံ အထောက်အကူ ပြုခဲ့သလဲ။ ဘာမှ မပြုခဲ့ဘူး။
ဘလော့ခ်ကလေး တစ်ခု ထောင်ပြီး သူများ သတင်းတွေ တင်နေရုံနဲ့ ဒီမိုကရေစီတိုက်ပွဲ ၀င်နေတယ်လို့ ဆိုသလား။

ရယ်စရာ သိပ်ကောင်းတယ်။ ရှက်တတ်ရင် ရှက်ဖို့ ကောင်းတယ်။
ရိုဟင်ဂျာဇော်ဝင်းနဲ့ ပေါင်းပြီး ရိုဟင်ဂျာ ကာကွယ်ရေးအတွက် ၀ါဒဖြန့်ချိရေးကို ဇောက်ချ လုပ်နေတာ ဘာအတွက်လဲ။
ရခိုင်တွေအတွက် တစ်ခွန်းမှ ကာကွယ် မပြောကြားဘဲ ရိုဟင်ဂျာ အတွက် ကာကွယ်ပြောကြားနေတာ ဘာအတွက်လဲ။

ရိုဟင်ဂျာ လွဏ်းဆွေက အန်တီစုကို အပေါ်က ခြုံထားပြီး အန်တီစုနာမည် ဖျက်နေတဲ့ ဒီမိုကရေစီ အယောင်ဆောင် ရိုဟင်ဂျာ လွဏ်းဆွေသာ ဖြစ်တယ်။
Myanmar Express
ဘကြီးသက်
Unknown at 9:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကားဟောင်းတစ်စီး ပေးလျှင် ကားသစ်တစ်စီးရမည့် အစီအစဉ် မကြာမီ စတင်မည်




အပ်နှံရမည့် ကားဟောင်း တစ်စီးပေးပြီး ကားသစ်တစ်စီး လဲလှယ်ရယူနိုင်မည့် အစီအစဉ်အား နိုဝင်ဘာ ၁၇ ရက်မှ စတင်ကာ ဆောင်ရွက်ပေးသွားမည်ဟု Farmar Auto Showroom မှ ဒါရိုက်တာ ဒေါက်တာစိုးထွန်း၏ ပြောကြားချက်အရ သိရသည်။ ''ကမ္ဘာပေါ်မှာတောင် မရှိသေးတဲ့ အခွင့်အရေးပါ။ ကားသစ်ဖိုး၊ သင်္ဘောတင်ခ၊ လိုင်စင်လျှောက်ခ၊ အကောက်ခွန်၊ ကုန်သွယ်ခွန်၊ ကညနခွန်နှင့် အခြားခွန်၊ ယာဉ်ဟောင်း အပ်နှံစရိတ်နှင့် ကုမ္ပဏီဝန်ဆောင်ခတွေ အားလုံး Free of charge (အခမဲ့)ပါ။ အရေအတွက်တော့ ကန့်သတ်ထားပါတယ်'' ဟု ၄င်းက ထပ်မံပြောကြားသည်။ အပ်နှံရမည့်ကားနှင့် လဲလှယ်ခွင့်ရမည့် ကားမော်ဒယ်များမှာ ၂ဝဝ၂ မှ ၂ဝဝ၆ အတွင်းရှိ မော်ဒယ်မြင့် ဂျပန်ကားများဖြစ်ပြီး လဲလှယ်ရယူနိုင်မည့် ကားအမျိုးအစားများမှာ Suzuki Light Truck ကားများ၊ Daihatsu အမျိုးအစားကားများ၊ Mazada Bongo Truck ကားများ၊ Nissan March အမျိုးအစား ကားများဖြင့် နိုဝင်ဘာ ၁၇ ရက်မှ စတင်၍ လဲလှယ်ရယူနိုင်မည်ဟု သိရသည်။ ''ကားတင်သွင်းခွင့် ပြုလိုက်ကတည်းက ရောင်းအားနဲ့ ဝယ်အားမှာ ရောင်းအားက over supply ဖြစ်နေပြီး ဝယ်လိုအား demand နဲ့မမျှဘူး ဖြစ်နေတယ်။ ဒီတော့ ဈေးလျော့ကုန်တာပေါ့။ တစ်နိုင်တစ်ပိုင် ကားသွင်းသူတွေနဲ့ လုပ်ငန်းရှင်ငယ်တွေ အရှုံးပိုတာပေါ့''ဟု ၄င်းကဆက်လက် ပြောပြသည်။ လက်ရှိအပ်ကား 'ဗ' အက္ခရာ နံပါတ် ပေါက်ဈေးသည် သိန်း ၉ဝ အထက်တွင်ရှိပြီး အပ်ကား 'န' နှင့် 'ပ' အက္ခရာများမှာ သိန်း ၇ဝ မှ ၇၃ သိန်းခန့် အထိ ရှိသည်ဟု သိရသည်။ အပ်ကားများ ဈေးမြင့်တက်လာသောကြောင့် ကားသစ်များ ဈေးအနည်းငယ် မြင့်တက်လာကြောင်း ယင်းနှင့်ဆက်စပ်သော ဈေးကွက်အသိုင်းအဝိုင်းမှ သိရှိရသည်။
ဘကြီးသက်
Unknown at 9:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

YCDC ဆိုတာ စစ်တိုက်ဖို့လား ..မြို့တော်ကိုတည်ဆောက်ဖို့လား


ဒီဖက်ခေတ်ကြီးမှာ ..
ပညာရှင် တွေ လုပ်ရမဲ့ အလုပ် တွေကို .. ပညာရှင်တွေ မလုပ်သေးဘဲ
ပညာရှင် မဟုတ်သူ တွေ အလုပ်လုပ်နေဆဲ ...YCDC
-------------------------------------------------------------------------------------
ယာယီရေကျော်ဈေးအား ရေထုတ်မြောင်းပေါ်တွင်ဆောက်လုပ်ရန်စီစဉ်ခြင်းမှာ သင့်လျှော်ခြင်းမရှိကြောင်း တင်ပြခြင်း

November 10, 2012
ပုဇွန်တောင်မြို့နယ်အမှတ်(၈)ရပ်ကွက် နှင့်အမှတ်(၉)ရပ်ကွက်အတွင်းဖြတ်သန်းစီးဆင်းနေသောရေဆိုးထုတ်မြောင်းပေါ်တွင် ရေကျော်ဈေးအား နေရာချထားမည်ဟုဆိုကာ ဆောက် လုပ် မည့် ဈေးပုံစံနှင့်တကွ မြောင်းကြီးလမ်း နှင့် ဝတ်ကျောင်းလမ်းထောင့် ၊ မြောင်းကြီးလမ်း နှင့်  ဇီဇ၀ါလမ်းထောင့်တို့တွင် ကြေညာဆိုင်းဘုတ်များစိုက်ထူထားပါသည်။ ယာယီဈေးတည် ဆောက်ခြင်း နှင့် ဈေးဆိုင်ခန်းများ ရွေ့ပြောင်းရေး ကိစ္စရပ်များ နှင့် ပတ်သက်၍ လက်ရှိ ရောင်းချနေသော ဈေးသူဈေးသားများ ဆိုင်ခန်းပိုင်ရှင်အများစုအား စည်ပင်သာ ယာရေးကော်မတီ အနေဖြင့် တရားဝင်ခေါ်ယူညှိနှိုင်းဆွေးနွေးသဘောထားရယူခြင်းမရှိခဲ့ကြောင်းသိရှိထားပါသည်။ဤရေဆိုးထုတ်မြောင်းမှာ သိမ်ဖြူလမ်းကိုကျော်၍ ရထားလမ်းနှင့် ယခင်အိုးအိမ်ဦးစီးဌာန မှ လည်းကောင်း ၊ ဗိုလ်ချုပ်လမ်း နှင့် သိမ်ဖြူလမ်းမှ လာသော ရေဆိုးများကို ဗိုလ်မြတ်ထွန်းလမ်းဒေါင့်မှ ဖြတ်၍ မြောင်းကြီးလမ်းရေဆိုးထုတ်မြောင်းတွင်ပေါင်းစည်း ကာ ယင်းရေဆိုးထုတ်မြောင်းမှ တဆင့်ပုဇွန်တောင်မြို့နယ် ပုဇွန်တောင်ချောင်းအတွင်းသို့ မင်္ဂလာ တောင်ညွန့်မြို့နယ်ကွက်သစ်လမ်းမှ လာသောရေဆိုးများ နှင့်အတူ ပုံမှန်စီးဆင်းနေသောရေထုတ်မြောင်းကြီးဖြစ်ပါသည်။ဤအမှတ်(၈)ရပ်ကွက် နှင့် အမှတ်(၉)ရပ်ကွက်ကြား ရေဆိုးထုတ်မြောင်းပေါ်တွင် ယာယီရေကျော်ဈေးအားတည်ဆောက်ပါက အောက်ပါဆိုးကျိုးများတွေ့ကြုံရမည်ဖြစ်ပါသည်။

ဤရေဆိုးထုတ်မြောင်းမှာ ပုဇွန်တောင်ချောင်း၏ ရေတက်ရေကျ နှင့် အညီ နေ့စဉ်ရေတက်ရေကျရှိသော မြောင်းဖြစ်သည့် အားလျော်စွာ မိုးတွင်းကာလများတွင် ယခုယာယီတည် ဆောင်မည့် နေရာတ၀ိုက်၌ မြောင်းရေလျှံ မှုများဖြစ်ပေါ်ကာ မြေညီထပ် နေအိမ်ခန်းများ အတွင်းသို့ မြောင်းရေ၀င်ရောက်ခြင်းများဖြစ်ပေါ်လေ့ရှိပါသည်။သို့ပါ၍ မြေညီထပ်နေအိမ်ခန်းများ အ၀င်ဝများတွင် ရေတားကွန်ကရစ်ဘောင်များ တည်ဆောက်ကာကွယ်ထားရပါသည်။ ယခုအခါ ယာယီဈေးတည်ဆောင်မည်ဆိုပါက ယင်းအန္တရာယ်ဆိုင်း နှင့် ထိပ်တိုက်ကြုံတွေ့ရမည်ဖြစ်ပါသည်။
မြောင်းနံရံမှာ ပြုပြင်ထားသည့် ကာလနှစ်ပေါင်း(၅၀)ကျော်ပြီဖြစ်၍ ကြံ့ခိုင်မှုမရှိတော့သဖြင့် အချိန်မရွေးပြိုကျပျက်စီးနိုင်ပါသည်။(ယခုအခါတွင်လည်း အချို့နေရာများမှာပြိုပျက်ပျက်စီးနေပြီး ပြည်လည်ပြုပြင်မှုလုံးဝမရှိသည်ကို တွေ့ရှိနိုင်ပါသည်။)မြောင်းဘောင် နှင့် ဆက်စပ်နေရာများ ကြံ့ခိုင်မှုရှိမရှိကို ကြိုတင်စစ်ဆေးသင့်ပါသည်။
မြောင်းပေါ်တွင် ဈေးနေရာချထားခြင်းဖြင့် သားငါးစသည်များရောင်းချမည့်ဈေး ဖြစ်သည့်အားလျှော်စွာ စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များကြောင့် ယင်ကောင်များ ၊ ကြွက်များ မှ တဆင့်ဖြစ်ပေါ်လာမည့် ကူးစက်ရောဂါများကြောင့် ရပ်ကွက်အတွင်းနေထိုင်သည့် ပြည်သူလူထုအတွက် ကျန်းမာရေး ထိခိုက်မှုများဖြစ်ပေါ်လာနိုင်ပါသည်။
ရေဆိုးထုတ်မြောင်း၏ ရေစီးရေလာကောင်းမွန်မှုကို အဟန့်အတားဖြစ်စေနိုင်ပြီး အချိန်မရွေးကားလမ်းမပေါ် ရေလျံမှုများဖြစ်လာနိုင်ပါသည်။
အဆောက်အဦးတည်ဆောက်မည်ဆိုပါက ရပ်ကွက်ပြည်သူများ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စိုက်ပျိုးထားသော အရိပ်ရသစ်ပင်ကြီးများ ကို ခုတ်ထွင်ဖယ်ရှားရမည်ဖြစ်ပါ၍ ပတ်ဝန်ကျင်စိမ်းလန်းစိုပြေမှုကို ထိခိုက်ခြင်း ရပ်ကွက်နေပြည်သူများ၏ အိမ်ရှေ့မျက်နှာစာများအား အကျည်းတန်မှုများဖြစ်ပေါ်စေနိုင်ပါသည်။
လူနေရပ်ကွက်အတွင်းတည်ဆောက်ခြင်းဖြစ်သဖြင့် မီးဘေးအန္တရာယ်စိုးရိမ်ရခြင်း ၊ လူ ၊ယာဉ်သွားလာရေး ပိတ်ဆို့မှုအနှောင့်အယှက်များ နှင့် ရပ်ကွက်တွင်းနေပြည်သူများပိုင် မော်တော်ယာဉ်များ ရပ်နားရာနေရာများခက်ခဲခြင်း ၊ ညအချိန်လုံခြုံရေး စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာနိုင်ပါသည်။
ဈေးတည်ဆောက်ပြီးချိန်တွင် ဈေးပတ်ဝန်းကျင်တွင် ပျံကျဈေးသည်များရောက်ရှိလာနိုင်ပြီး စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းများ ၊ စည်းကမ်းမဲ့ လမ်းပိတ်ဆို့ဈေးရောင်းချခြင်းများ အညစ်အကြေးစွန့်ခြင်းများ ကြောင့်ရပ်ကွက်နေပြည်သူများနှင့် မလိုလားအပ်သော ပြဿနာပေါ်ပေါ်လာနိုင်ပါသည်။
ရေကျော်ဈေးအားသက်ဆိုင်ရာမှ အဆင့်မြင့်ဈေးဖြစ်ရန်တည်ဆောက်ခြင်းဖြစ်သော်လည်း ဈေးရောင်းသူများအခက်အခဲမရှိစေရန် ယခုကဲ့သို့ အမှတ်(၈) နှင့် အမှတ်(၉)ရပ်ကွက်ကြား ရေဆိုးထုတ်မြောင်းပေါ်တွင်ဈေးနေရာချထားပေးခြင်းအစား အောက်ဖော်ပြပါနေရာများတွင် ညှိနှိုင်းဆောင်ရွက်ပေးလျှင် ပို၍အဆင်ပြေကောင်းမွန်ပြီး အထက်ဖော်ပြပါ ဆိုးကျိုးများကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။
အမှတ်(၈)ရပ်ကွက် ယခင် ၀ါဝါ၀င်းကွက်သစ်ဟု ခေါ်ဆိုသည့် မီးလောင်ပြင်နေရာကွက်လပ်တွင် မည်သည့်အဆောက်အဦးမှမရှိပါ(ဤနေရာမှာ ယခင်ခရစ်ယာန်သချိုင်းမြေနေရဖြစ်ပြီး ကျန်းမာရေးဦးစီးဌာန၏ အနောက်ဖက်တွင်တည်ရှိပါသည်။
ပုဇွန်တောင်ဈေးကြီးအတွင်းလစ်လပ်ဆိုင်ခန်းများ။
မင်္ဂလာတောင်ညွန့်မြို့နယ် ဇေယျာမြိုင်ပန်းခြံနေရာ (ယင်းနေရာတွင် ပန်းခြံဟုသာ အမည်ခေါ်တွင် သော်လည်း ပန်းမန်လာများ စိုက်ပျိုးထားမှုမရှိဘဲ စားသောက်ဆိုင် နှင့် မော် တော်ယာဉ်များရပ်နားနေရာသာဖြစ်ပါသည်။)
မိမိတို့ရပ်ကွက်နေပြည်သူများအနေဖြင့် ခေတ်မှီသန့်ရှင်းလှပသော ရေကျော်ဈေးသစ်ကြီးတည်ဆောက်မှုအား လှိုက်လှဲစွာကြိုဆိုလက်ခံရမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဖော်ပြပါပိုမို သင့်တင့်ကောင်းမွန်သော အခြားနေရာတွင် ယာယီဈေးနေရာတည်ဆောက်ခြင်း ၊ ဆိုင်ခန်းများနေရာချထားခြင်းသည် ဈေးသူဈေးသားများ နှင့် ရပ်ကွက်နေပြည်သူလူထုအတွက် အကောင်ဆုံးသော နည်းလမ်းဖြစ်ပြီး ယခုလျာထားသည့် ၀တ်ကျောင်းလမ်း နှင့် ဇီဇ၀ါလမ်းကြား မြောင်းကြီးပေါ်တွင် ယာယီဈေး တည်ဆောက်ခြင်းမှာ မသင့်တော်ပါကြောင်း ရပ်ကွက်နေပြည်သူများမှတင်ပြအပ်ပါသည်။
(ရပ်ကွက်နေပြည်သူများ)
(Hot news)

ဘကြီးသက်
Unknown at 9:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည်အလယ်ပိုင်း မန္တလေး မုံရွာ၊အနီးတစ်ဝိုက်ကို ဗဟိုပြု၍ အင်အား ၆.၆ ရှိသော ငလျှင်တစ်ခု

 
ယနေ့နံနက် ၇နာရီ ၄၂ မိနစ်အချိန်က ရွှေဘိုမြို့၏မြောက်ဘက် ၄၅ မိုင်ခန့်အကွာတွင် ဗဟိုပြု၍ အင်အား ရစ်ခ်ျတာ စကေး ၆.၈ ရှိ အင်အားပြင်းငလျှင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားချက်အရ သိရှိရပါသည်။
စစ်ကိုင်းမြို့တွင်လည်း ငလျှင်လှုပ်ခတ်ခဲ့ပြီး နေအိမ်အချို့၏ အုတ်နံရံများ အက်ကွဲသွားခဲ့ကြောင်း
မြန်မာပြည်အလယ်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ တရုတ်ပြည်နယ်စပ်၊ ကချင်ပြည်နယ် အထိ အင်အားသက်ရောက် လှုပ်ခတ်ခဲ့ပါသည်။ အားလုံးဘဲ အထိအခိုက် ကင်းဝေးပြီး ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါသည်။
သိရှိရသည်။ 
အသေးစိတ်အခြေအနေများသိရှိရပါက ဆက်လက် ဖော်ပြသွားပါမည်။

Unknown at 8:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွေ့လျားကျောင်းများ ဖွင့်လှစ်ပေးထားဟု ဒု-ဝန်ကြီး ဆို


 မြန်မာ့ပညာရေး ကဏ္ဍတွင် ဟန်ချက်ညီစွာ တပြေးညီ ပညာသင်ကြား လေ့လာသင်ယူခွင့် ရှိရေးအတွက် ကျေးရွာ အတည်တကျမရှိသော ဒေသများ၌ ရွေ့လျား ကျောင်းများအဖြစ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။

“မြို့ပေါ်ရပ်ကွက်များတွင် အလယ်တန်း၊ အထက်တန်းအဆင့် တတ်ရောက်မည့် ကျောင်းသား ဦးရေနှင့် ခရီးအကွာအဝေးတို့အပေါ် မူတည်ပြီး (မူ၊ လယ်၊ ထက်) ကျောင်းတွေ စီစဉ်ဖွင့်လှစ်ပေးထားပြီးပါပြီ။ ကျေးရွာအတည်တကျမရှိတဲ့ ဒေသတွေမှာ ရွေ့လျားကျောင်းတွေ အဖြစ်ဖွင့်လှစ်ပေးလျက်ရှိပါတယ်” ပညာရေး ဒုတိယ ဝန်ကြီး ဦးအေးကြူ က ပြောသည်။

နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်း မကွေးတိုင်း မဲဆန္ဒနယ်အမှတ် (၂) မှ ဦးအောင်ငြိမ်း တင်သွင်းသည့် ပြည်ထောင်စု သမ္မတနိုင်ငံတော် နိုင်ငံတဝန်းလုံး၌ ပညာရေးကဏ္ဍတွင် ဟန်ချက်ညီစွာ တပြေးညီ ပညာသင်ကြား လေ့လာသင်ယူခွင့် အခွင့်အလမ်းများရရှိရေး အဆိုနှင့် စပ်လျဉ်း၍ ဒုဝန်ကြီးက ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် အခြေခံပညာ ကျောင်းများတွင် အခမဲ့ မသင်မနေရ မူလတန်း ပညာရေး အစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ၂၀၁၁-၂၀၁၂ မှ စ၍ ကျောင်းသုံးဖတ်စာအုပ်များကို မူလတန်း ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေပေးခြင်း၊ ၂၀၁၂-၂၀၁၃ တွင် လေ့ကျင့်ခန်း စာအုပ်များကို အခမဲ့ ဖြန့်ဝေပေးခြင်း၊ ပညာသင်ဆုနှင့် ပညာသင် ထောက်ပံ့ကြေးများ ပေးခြင်းနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူများအား ငွေကြေးကောက်ခံခြင်း မပြုရန် ဆောင်ရွက်ခဲ့သည်။

“မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူတွေကို ငွေကြေး မကောက်ပါဘူး။ ဒါပေမယ့် ကျောင်းဆင်းချိန်မှာ အချိန်ပိုသင်တော့ ကလေး မျက်နှာငယ်မှာစိုးလို့ ထားပေးရပါတယ်။ ဒါက အကြောင်းအမျိုးမျိုးနဲ့ မိဘတွေက ပေးဆပ်နေရတာပါ” ဟု လှိုင်မြို့နယ်၊ ဘူတာရုံ လမ်းပေါ်ရှိ ကျောင်းတကျောင်းတွင် တတ်ရောက်နေသူ ကျောင်းသားတဦး၏ မိခင် ဒေါ်ခင်ခင် က ဆိုသည်။

ကျောင်းနေရွယ် ကလေးတိုင်း ကျောင်းနေရေးနှင့် ကျောင်းနေမြဲပြီး မူလတန်းပညာ သင်ယူ ပြီးမြောက်ရေးအတွက်အထူးကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

“အတန်းထဲမှာ ဆရာခေါ်ပေးတဲ့ စာကို လိုက်ရေးတာ မမီတော့ အိမ်ပြန်ရင် စာအုပ်ထဲမှာ တဝက်တပျက်တွေပဲ ပါလာတယ်။ အတန်းပိုင်ကို အိမ်မှာခေါ်သင်နိုင်တဲ့ ကလေးက စာတွေ အစုံရှိနေတယ်။ အိမ် ခေါ်မသင်နိုင်တဲ့ ကလေးက ပြဿနာ ဖြစ်လာတယ်။ စာခေါ်ပေးတာ နေ့တိုင်း မလိုက်နိုင်တော့ ကလေးက သိမ်ငယ်စိတ် ဝင်လာတယ်။ ကျောင်းပြောင်းမယ် ပြောလာတယ်။ ခေါ်ပေးတဲ့ စာကိုမီအောင် လိုက်မရေးနိုင်တာ ကလေးရဲ့ အားနည်းချက်လား။ သင်တဲ့ စနစ်လွဲနေတာလား။ တခုခုတော့ အဖြေရှာသင့်ပါတယ်” ဟု ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း (TTC – Grade 3) မှ ကျောင်းသားမိခင် ဒေါ်အေးအေး က ရင်ဖွင့်ပြောကြားသည်။

အချို့နေရာများတွင် ကျောင်းမနေနိုင်သည့် ကလေးများ ကျန်ရှိနေသဖြင့် ယင်းကလေးများပါ ကျောင်းအပ်နှံရေးအတွက် ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ကျောင်းဝင်မည့် ကလေးများကို ကြိုတင် စာရင်းကောက်ယူပြီး ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“ဖြစ်နိုင်ရင် စာသင်ခန်းထဲအထိ ဆရာတွေရဲ့ ပညာသင်ကြားရေး ပုံစံတွေကို ထိပ်ဆုံးက တာဝန်ရှိသူတွေ ရှောင်တခင် စစ်ဆေး လေ့လာစေချင်ပါတယ်” ဟု အဆိုပါ အမျိုးသမီးက ထပ်လောင်းပြောကြားသည်။

နိုင်ငံတော်အနေဖြင့် နှစ်စဉ် မေလ၏ နောက်ဆုံး ရက်သတ္တပတ်အား ကျောင်းနေအရွယ် ကလေးများ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ကာ နိုင်ငံတဝန်းလုံး အမျိုးသား လှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ခဲ့ရာ သူငယ်တန်း ကျောင်းဝင်နှုန်းမှာ ၉၈.၄၇% အထိ တိုးတတ်လာခဲ့ကြောင်း သိရသည်။     ရန်ကုန် မဇ္ဈိမ။   ။
ဘကြီးသက်
Unknown at 8:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 ကားတင်သွင်းသူများ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ မော်ဒယ်ပြောင်းလဲတင်သွင်းရန် တရားဝင်ထုတ်ပြန် ကားအမျိုးအစားအလိုက်၊ မော်ဒယ်အလိုက် CIF ဈေးများကိုလည်း ညှိနှိုင်းကာ အချိန်မီ ထုတ်ပြန်ပေးမည်


ကားတင်သွင်းမည့်သူများ အနေဖြင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ မော်ဒယ်ပြောင်း လဲတင်သွင်းရန်အတွက် ကြေညာချက်အား ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ အနေဖြင့် ၂၀၁၂ ခုနှစ် ပြက္ခဒိန်နှစ် ကုန်ဆုံးပြီးနောက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ကားတင်သွင်းခွင့်နှင့် လျောက်ထားမှုများအား မော်ဒယ် ခုနှစ်အလိုက် ပုံမှန်ပြောင်းလဲ ဆောင်ရွက်ပေးမည်ဟု အသိပေး ကြေညာချက် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ထုတ်ပြန်ချက်တွင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ယာဉ်အို ယာဉ်ဟောင်းများ အပ်နှံကာ အစားထိုးတင်သွင်းမည့်သူများ အနေဖြင့် ၁၉၉၇ ခုနှစ် မှ ၂၀၀၇ ခုနှစ်အတွင်း ထုတ်လုပ်သည့် မော်တော်ယာဉ်များအား လျောက်ထားတင်သွင်းရမည်ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ်နှင့် အထက် ၁၃၅၀ စီစီနှင့် အောက်ကားများကို လျောက်ထားတင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံခြားသင်္ဘောသား၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ စစ်သံဝန်ထမ်းများ၊ ပြည်တွင်းကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများအနေဖြင့် မော်တော်ယာဉ်တင်သွင်းခွင့် လျောက်ထားရာတွင် ၂၀၀၈ ခုနှစ်နှင့်အထက် လူစီးမော်တော်ယာဉ်များကို တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တစ်ဦးချင်း နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ကာ တင်သွင်းမည့်သူများ အနေဖြင့် ၂၀၀၈ ခုနှစ်နှင့်အထက် လူစီးမော်တော်ယာဉ်များကို လည်းကောင်း၊ ၂၀၀၃ ခုနှစ်နှင့်အထက် Light Truck/ Truck  တစ်တန်နှင့် အထက် မော်တော်ယာဉ်များကို လည်းကောင်း၊ ၂၀၀၃ ခုနှစ်နှင့်အထက် ဘယ်မောင်း City Bus မော်တော်ယာဉ်များနှင့် ၂၀၀၈ ခုနှစ်အထက် ဘယ်မောင်း Bus မော်တော်ယာဉ်များကို လည်းကောင်း လျောက်ထားတင်သွင်းရမည်ဟု ပါရှိသည်။
တက္ကစီယာဉ်များ တင်သွင်းခွင့်လျောက်ထားရာတွင် တိုင်းဒေသကြီး/ပြည်နယ် အစိုးအရဖွဲ့ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုသော တက္ကစီယာဉ်များအတွက် ၂၀၀၈ ခုနှစ်နှင့်အထက် တက္ကစီယာဉ်များကို လည်းကောင်း လျောက်ထားတင်သွင်းခွင့် ပြုသွားမည်ဟု ထုတ်ပြန်ထားသည်။
ကားအမျိုးအစားအလိုက်၊ မော်ဒယ်အလိုက်၊ Brand အလိုက်၊ အင်ဂျင်ပါဝါအလိုက် ဆိပ်ကမ်းအရောက် အနိမ့်ဆုံးဈေးနှုန်း CIF တန်ဖိုးများကို သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့ လုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိနှိုင်းကာ အချိန်မီထုတ်ပြန် ပေးသွားမည်ဟုလည်း အသိပေး ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားပါသည်။
ယခုအသိပေးကြေညာချက် ထုတ်ပြန်မှုနှင့် ပတ်သက်၍ နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ရုံးအဖွဲ့မှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်မှ ''နှစ်တစ်နှစ် ကူးတော့မှာဖြစ်လို့ မော်ဒယ်တွေကို တစ်နှစ်သက်တမ်းလိုက် ပြောင်းပေးတာပါ။ ပုံမှန်အတိုင်း ပြောင်းလဲပေးတာပါ။ ဥပမာ-အခု ၂၀၁၂ ခုနှစ်မှာ ကားဟောင်းအပ်ပြီး သွင်းတဲ့သူတွေအနေနဲ့ ၁၉၉၆ ကနေ ၂၀၀၆ အထိ လျောက်ထားတင်သွင်းခွင့် ပြုထားတယ်။ ၂၀၁၃ ခုနှစ်ရောက်ရင် တစ်နှစ်တိုးသွားတဲ့အတွက် ၁၉၉၇ ကနေ ၂၀၀၇ မော်ဒယ်ကို ပြောင်းတဲ့နှစ်အတိုင်း တစ်နှစ်တိုးပေးလိုက်တာပါ။ ဒီလိုပဲ တစ်ဦးချင်း သွင်းတဲ့သူတွေလည်း လက်ရှိ ၂၀၀၇ မော်ဒယ်အထက်သွင်းဖို့ သတ်မှတ်ထားတာကနေ ၂၀၁၃ ရောက်ရင် တစ်နှစ်တိုးသွားလို့ ၂၀၀၈ မော်ဒယ်အထက် သွင်းဖို့ သတ်မှတ်လိုက်တာပါ။ ဒီလို မော်ဒယ်ပြောင်းလိုက်တဲ့အတွက် အခုတင်သွင်းတဲ့အခါ အနိမ့်ဆုံးဈေး သတ်မှတ်ပေးထားတဲ့ကား CIF ဈေးတွေကိုလည်း ဆွေးနွေးရမှာပေါ့။ ဒီအတွက် ကား CIF ဈေးတွေကို အချိန်မီထုတ်ပြန်ပေးမယ်လို့ ကြေညာထားတာပါ။ ကား CIF ဈေး ထုတ်ပြန်ပေးမယ့် အစီအစဉ်က ဒီလိုပါ။ အခု ၁၉၉၆ ကနေ ၂၀၀၆ အတွင်း ကားအမျိုးအစားအလိုက် ကား CIF ဈေးတွေကို ထုတ်ပြန်ထားတယ်။ လက်ရှိထုတ်ပြန်ထားတဲ့ ဈေးနှုန်းဇယားမှာပါတဲ့ တန်ဖိုးတွေကို ပြောင်းပစ်မှာ မဟုတ်ဘူး။ အခြေခံဈေးတွေကို ဒီအတိုင်းထားမှာ။ အခု ၁၉၉၆ မော်ဒယ်နေရာမှာ ၁၉၉၇ လို့ တစ်နှစ်တိုးပြီး အဲဒီအတိုင်း ခုနှစ်တွေကိုပဲ ပြင်လိုက်တဲ့ သဘောပါ။ ဥပမာ-အခု ၁၉၉၆ မော်ဒယ် Honda Saloon ကို CIF ဈေး သတ်မှတ်ထားတာက ဒေါ်လာ ၃၈၀၀ သတ်မှတ်ထားတယ်။ အဲဒီဈေးကို မပြောင်းဘူး ၁၉၉၆ ဆိုတဲ့ ခေါင်းစဉ်ကို ၁၉၉၇ လို့ ပြင်လိုက်မှာ'' ဟု နိုဝင်ဘာလ ၉ ရက်နေ့က ပြောကြားခဲ့သည်။

ဘကြီးသက်
Unknown at 8:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နည်းပညာ ဟောပြောပွဲ ကျင်းပမည်

သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင် အသင်းမှ ကြီးမှူး၍ နိုဝင်ဘာလ ၁၇ ရက် (စနေနေ့) ၊ မွန်းလွဲ (၁) နာရီ မှ (၅) နာရီ အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICTD၊ Conference Hall တွင် မလေးရှားနိုင်ငံရှိ iTrain Training Center မှ အမှုဆောင်အရာရှိချုပ် တစ်ဦးဖြစ်သူ Mr.Bikesh Lakhmichand မှ Mobile Software Developing (iOS, Android, Windows Phone) နည်းပညာများအား Mobile Developer Day Myanmar ခေါင်းစဉ်ဖြင့် ဟောပြောသွားမည် ဖြစ်ပါသည်။

Mr.Bikesh Lakhmichand သည် မြန်မာနိုင်ငံမှ ကွန်ပျူတာပညာရှင်များအနေဖြင့် Mobile Application နယ်ပယ်၌ ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်စေရန် ရည်ရွယ်၍ Mobile Application များ၏ လက်ရှိဈေးကွက်အခြေအနေ၊ Mobile နည်းပညာများ၏ လက်ရှိဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေနှင့် လက်ရှိအသုံးပြုလျက်ရှိသော Mobile Developing (iOS,(iOS6), Android (Jelly Bean), Windows Phone, HTML5) နည်းပညာများအကြောင်းအား အကျယ်တဝင့် ဟောပြောဆွေးနွေးသွားမည် ဖြစ်ပါသည်။

အဆိုပါဟောပြောပွဲကို လက်ရှိ Software Developer, Web Developer အဖြစ် အလုပ်လုပ်နေသူများ၊ ကွန်ပျူတာ နည်းပညာကို လေ့လာနေသော ကျောင်းသားကျောင်းသူများ နှင့် နောက်ဆုံးပေါ် IT နည်းပညာကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ MICTDC ၊ ဖုန်း- ၀၁ ၆၅၂၂၇၆၊ ၀၉ ၇၃၀၈၈၃၀၀ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Mobile Developer Day Myanmar

နည်းပညာ ဟောပြောပွဲ ကျင်းပမည်

      သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင် အသင်းမှ ကြီးမှူး၍ နိုဝင်ဘာလ ၁၇ ရက် (စနေနေ့) ၊ မွန်းလွဲ (၁) နာရီ မှ (၅) နာရီ အထိ ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICTD၊ Conference Hall တွင် မလေးရှားနိုင်ငံရှိ iTrain Training Center မှ အမှုဆောင်အရာရှိချုပ် တစ်ဦးဖြစ်သူ Mr.Bikesh Lakhmichand မှ Mobile Software Developing (iOS, Android, Windows Phone) နည်းပညာများအား Mobile Developer Day Myanmar ခေါင်းစဉ်ဖြင့် ဟောပြောသွားမည် ဖြစ်ပါသည်။     

     Mr.Bikesh Lakhmichand သည် မြန်မာနိုင်ငံမှ ကွန်ပျူတာပညာရှင်များအနေဖြင့် Mobile Application နယ်ပယ်၌ ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်စေရန် ရည်ရွယ်၍ Mobile Application များ၏ လက်ရှိဈေးကွက်အခြေအနေ၊ Mobile နည်းပညာများ၏ လက်ရှိဖွံ့ဖြိုးတိုးတက်လာမှု အခြေအနေနှင့် လက်ရှိအသုံးပြုလျက်ရှိသော Mobile Developing (iOS,(iOS6), Android (Jelly Bean), Windows Phone, HTML5) နည်းပညာများအကြောင်းအား အကျယ်တဝင့် ဟောပြောဆွေးနွေးသွားမည် ဖြစ်ပါသည်။

     အဆိုပါဟောပြောပွဲကို လက်ရှိ Software Developer, Web Developer အဖြစ် အလုပ်လုပ်နေသူများ၊ ကွန်ပျူတာ နည်းပညာကို လေ့လာနေသော ကျောင်းသားကျောင်းသူများ နှင့် နောက်ဆုံးပေါ် IT နည်းပညာကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေးနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ MICTDC ၊ ဖုန်း- ၀၁ ၆၅၂၂၇၆၊ ၀၉ ၇၃၀၈၈၃၀၀ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

ဘကြီးသက်
Unknown at 8:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.