Sunday, November 11, 2012

ကားဟောင်းတစ်စီး ပေးလျှင် ကားသစ်တစ်စီးရမည့် အစီအစဉ် မကြာမီ စတင်မည်




အပ်နှံရမည့် ကားဟောင်း တစ်စီးပေးပြီး ကားသစ်တစ်စီး လဲလှယ်ရယူနိုင်မည့် အစီအစဉ်အား နိုဝင်ဘာ ၁၇ ရက်မှ စတင်ကာ ဆောင်ရွက်ပေးသွားမည်ဟု Farmar Auto Showroom မှ ဒါရိုက်တာ ဒေါက်တာစိုးထွန်း၏ ပြောကြားချက်အရ သိရသည်။ ''ကမ္ဘာပေါ်မှာတောင် မရှိသေးတဲ့ အခွင့်အရေးပါ။ ကားသစ်ဖိုး၊ သင်္ဘောတင်ခ၊ လိုင်စင်လျှောက်ခ၊ အကောက်ခွန်၊ ကုန်သွယ်ခွန်၊ ကညနခွန်နှင့် အခြားခွန်၊ ယာဉ်ဟောင်း အပ်နှံစရိတ်နှင့် ကုမ္ပဏီဝန်ဆောင်ခတွေ အားလုံး Free of charge (အခမဲ့)ပါ။ အရေအတွက်တော့ ကန့်သတ်ထားပါတယ်'' ဟု ၄င်းက ထပ်မံပြောကြားသည်။ အပ်နှံရမည့်ကားနှင့် လဲလှယ်ခွင့်ရမည့် ကားမော်ဒယ်များမှာ ၂ဝဝ၂ မှ ၂ဝဝ၆ အတွင်းရှိ မော်ဒယ်မြင့် ဂျပန်ကားများဖြစ်ပြီး လဲလှယ်ရယူနိုင်မည့် ကားအမျိုးအစားများမှာ Suzuki Light Truck ကားများ၊ Daihatsu အမျိုးအစားကားများ၊ Mazada Bongo Truck ကားများ၊ Nissan March အမျိုးအစား ကားများဖြင့် နိုဝင်ဘာ ၁၇ ရက်မှ စတင်၍ လဲလှယ်ရယူနိုင်မည်ဟု သိရသည်။ ''ကားတင်သွင်းခွင့် ပြုလိုက်ကတည်းက ရောင်းအားနဲ့ ဝယ်အားမှာ ရောင်းအားက over supply ဖြစ်နေပြီး ဝယ်လိုအား demand နဲ့မမျှဘူး ဖြစ်နေတယ်။ ဒီတော့ ဈေးလျော့ကုန်တာပေါ့။ တစ်နိုင်တစ်ပိုင် ကားသွင်းသူတွေနဲ့ လုပ်ငန်းရှင်ငယ်တွေ အရှုံးပိုတာပေါ့''ဟု ၄င်းကဆက်လက် ပြောပြသည်။ လက်ရှိအပ်ကား 'ဗ' အက္ခရာ နံပါတ် ပေါက်ဈေးသည် သိန်း ၉ဝ အထက်တွင်ရှိပြီး အပ်ကား 'န' နှင့် 'ပ' အက္ခရာများမှာ သိန်း ၇ဝ မှ ၇၃ သိန်းခန့် အထိ ရှိသည်ဟု သိရသည်။ အပ်ကားများ ဈေးမြင့်တက်လာသောကြောင့် ကားသစ်များ ဈေးအနည်းငယ် မြင့်တက်လာကြောင်း ယင်းနှင့်ဆက်စပ်သော ဈေးကွက်အသိုင်းအဝိုင်းမှ သိရှိရသည်။
ဘကြီးသက်
Unknown at 9:47 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.