Saturday, November 3, 2012

မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများ မိနစ်ဖြင့် ကောက်ခံ ခြင်း ဖျက်သိမ်း၍ Data စနစ်ဖြင့် ကောက်ခံခြငိးု ယခုလကုန်တွင် ပြုလုပ်တော့မည်

မိုဘိုင်းဖုန်း အင်တာနက် သုံးစွဲခများကို မိနစ်ဖြင့် ကောက်ခံ ခြင်းကို ဖျက်သိမ်း၍ Data စနစ်ြ
ဖင့် ကောက်ခံခြင်းကို ယခုလကုန်တွင် ပြုလုပ်တော့မည် ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရ သည်။
Data သုံးစွဲမှုကောက်ခံသည့် စနစ်တွင် အင်တာနက် သုံးစွဲမည်ဆို ပါက ဒေါင်းလော့ဆွဲခြင်း၊ ဗီဒီယို ကြည့်ခြင်း
စသည့် သုံးစွဲထားသည့် ဖိုင်ဆိုက်အပေါ်မူတည်၍ ငွေကြေး ဖြတ်တောက်မှုများ ပြုလုပ်သွားမည်
ဖြစ်ပြီး ဒေါင်းလော့ဆွဲခြင်းမပြုလုပ် ဘဲ
သာမန်ဝက်ဘ်ဆိုက်များသာ ကြည့်ရှု့ပါက လက်ရှိကောက်ခံ သည့် တစ်မိနစ် နှစ်ကျပ်နှုန်း ကျမည်မဟုတ်ပဲ
ယင်းထက်လျော့ နည်းသည့် နှုန်းသာ ပေးဆောင်မည် ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ စနစ် တွင် ငွေကြေးကောက်ခံမှုနှုန်း ထားများအား ညှိနှိုင်းဆွေးနွေးလျက် ရှိပြီး ယခုလကုန်တွင် တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အင်ဂျင်နီယာချုပ် တစ်ဦး ကတည်ပြုပြောကြားခဲ့သည်။

ဘကြီးသက်
Unknown at 9:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အကယ်ဒမီဆုရှင် မေသဉ္ဇာဦး အာဆီယံကားမောင်းပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည်

 အနုပညာလောကမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခု တည်ထောင်နိုင် ခဲ့သူ မေသဉ္ဇာဦးက ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ကျရာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်သလို အငိုခန်းမှာလည်း မျက်ရည် အစစ်နဲ့ ငိုခဲ့ပြီး၊ ဟာသဘက်မှာလည်း အိုဗာတွေ မလုပ်ကြောင်း ပြောပြလာတဲ့ မေသဉ္ဇာဦးက “ဒရာမာ ဇာတ်ကားဆိုလည်း စိတ်ထဲနှလုံးထဲ သွင်းထားသလို ဟာသလည်း ဒီအတိုင်းပဲ။ အလုပ်ကို ဘယ်သောအခါမှ ပေါ့ပေါ့တန်တန် မလုပ်ပါဘူး။ ဒီအလုပ်က ဝါသနာ ပါပြီး မြတ်နိုးတဲ့ အလုပ် ဖြစ်တဲ့အတွက် ကျရာနေရာမှာ အကောင်း ဆုံးဖြစ်အောင် လုပ်တယ်” လို့ ပြောပြခဲ့ပါတယ်။ “အိုးကြီး ၃ဝ အိုးလေး ၅ဝဝ” ဇာတ်ကားမှာ သူငယ်ချင်းတွေ စုံစုံညီညီ ပြန်တွေ့ ရတော့ တ အားပျော်ဖို့ ကောင်းကြောင်း ရိုက်ကွင်းမှာ ရန်ကျော်နဲ့ မင်းဦး ယောင်တာကို ဟာသဖွဲ့ပြီးရယ်ကြတာလည်း ပျော်ဖို့ကောင်းကြောင်း၊ ဒီလိုမျိုး စုံစုံ ညီညီပြန်တွေ့ ဖို့ မလွယ်ကြောင်း၊ ဇာတ်ကားတွေမှာ လူများတိုင်း မကောင်းနိုင်ကြောင်း၊ အပေးအယူ ညီမျှပြီး တစ်ယောက်နဲ့ တစ်ယောက် လုပ် ကွက်တွေ ညီမျှမှကြည့်လို့ ကောင်း တာဖြစ်ကြောင်း “အိုးကြီး ၃ဝ၊ အိုးေ လး ၅ဝဝ ” ဇာတ်ကား မှ ရိုက်ကွင်း အမှတ်တရ ကို မေသဉ္ဇာဦးက ပြန်ပြောပြပါ တယ်။ 
 အာဆီယံ ကားမောင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံသားအနေ နဲ့ပါဝင်ယှဉ်ပြိုင် ဖို့ဘယ်အတိုင်းအတာအထိပြင်ဆင်ပြီးပြီလဲလို့မေးကြည့်တော့ မေသဉ္ဇာဦးက “ဘာမှကို မလုပ်ရသေးဘူး။ အကြောင်းလည်း မကြားသေးဘူး။ အခုစောင့်နေ တာပေါ့။ နိုဝင်ဘာ၂ဝရက်နေ့ထွက်ရမှာဆိုတော့ မကြာတော့ပါဘူး၊အကြောင်း ကြားစာတော့ ရောက်လာမှာပါ။ ကားမောင်းတာကို အသက် ၁၉၊ ၂ဝလောက်မှာ စမောင်းတယ်။ ကားကို အရှိန် ပြင်းပြင်း နဲ့ မောင်းရတာကို ကြိုက်တယ်။ အခု အဲဒီလို သွားမောင်း ရမှာ ဆိုတော့ ပျော်တာပေါ့။ တအားမောင်းပြီးပြိုင် ရတာ မဟုတ်တဲ့အတွက် အန္တရာယ် လည်း ကင်းမှာပါ။ ချစ်ကြည်ရေး ပုံစံနဲ့သွားမှာပါ” လို့ ပြောပြခဲ့ ပါတယ် ။
ဘကြီးသက်
Unknown at 9:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံခြားဧည့်ပါမောက္ခများ ပြန်လည်သင်ကြားမည်

Open Society Foundation ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် နိုင်ငံတကာမှ ဧည့်ပညာရှင်/ပါမောက္ခ ၁၂ ဦးက လာမည့် ၂၀၁၃-၂၀၁၄ တက္ကသိုလ် ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်ရှိ ရှေးဟောင်းသုတေသန ပညာဌာန အပါအဝင် ဘာသာရပ်ဌာန သုံးခုသို့ လာရောက်သင်ကြားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောကြားသည်။

အဆိုပါ ဧည့်ပါမောက္ခများသည် ရှေးဟောင်း သုတေသန ပညာဌာန၊ ဥပဒေပညာဌာနနှင့် နိုင်ငံတကာဆက်ဆံရေး ပညာဌာနတို့တွင် သီတင်းပတ် နှစ်ပတ်စီ လာရောက် သင်ကြားမည်ဖြစ်ပြီး မဟာဘွဲ့ ၊ ပါရဂူဘွဲ့ကျမ်းများနှင့် ဌာနတွင်း သုတေသနများအပေါ် အကြံပြု ဆွေးနွေးခြင်းများ ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အရင်တုန်းကတော့ နိုင်ငံတကာက ဧည့်ပါမောက္ခတွေ လာသင်ကြတာတွေ ရှိတယ်။ အခုတစ်ခါက နောက်ထပ် ပြန်စတာပါ” ဟု ပါမောက္ခချုပ်က
ပြောကြားသည်။ ယခုလက်ရှိတွင် ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာနတွင် ဂျာမနီနိုင်ငံ Cologne University မှ ဒေါက်တာ Frauke Kraas သည် ဧည့်ပါမောက္ခအဖြစ် တစ်နှစ်ခွဲကြာ တာဝန်ထမ်းဆောင်မည်
ဖြစ်ကြောင်း ဒေါက်တာ တင်ထွန်းက ပြောဆိုသည်။

Cambridge University နှင့် University of Sidney တို့မှ ပါမောက္ခ
နှစ်ဦးတို့သည် ရှေးဟောင်းသုတေသန ပညာဌာနတွင် သင်ကြားရန် လာမည့် ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလတို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်
ဖြစ်ကြောင်း၊ အလားတူ ဥပဒေပညာဌာနသို့ UNDP(Asia Pacific Regional Centre) နှင့် Australian National University မှ ပါမောက္ခနှစ်ဦးနှင့်
နိုင်ငံတကာဆက်ဆံရေး ပညာဌာနသို့ University of Vienna နှင့် Nagoya University မှ ဧည့်ပါမောက္ခနှစ်ဦးတို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် လာရောက်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်
ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

ထပ်မံ၍ မနုဿဗေဒ ဌာနအနေဖြင့် Korea International Cooperation Agency (KOICA) ၏ အကူအညီဖြင့် ကိုရီးယားနိုင်ငံ Hanyang University၊ Cultural Anthropology ဌာနနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
ဆောင်ရွက်ရန်ရှိကြောင်း၊ ထို့အပြင် ဥပဒေပညာ ဌာနသည်လည်း ဂျပန်နိုင်ငံ Nagoya University Graduate School of Law နှင့် ပူးပေါင်း၍ သုတေသနများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

Saturday 3rd November 2012

REF: Myanmar Online News
Posted by Admin Team-NOM

ဘကြီးသက်
Unknown at 9:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူကြီးမင်းဖုန်းဆိုင်များတွင်ပြုလုပ်မည့်Samsung Galaxy Miniဟန်းဆက်များ အားမဲနှိုက်ကာ၅၀၀၀ကျပ်နဲ့ရောင်းချမယ့်အစီအစဉ်ကိုလုံခြုံရေးအခြေအနေအရ ရပ်ဆိုင်းလိုက်ရ

နိုဝင်ဘာ ၃ ရက်နေ့တွင် လူကြီးမင်းဖုန်းဆိုင်များတွင်ပြုလုပ်မည့် Samsung Galaxy Mini ဟန်းဆက်များအား မဲနှိုက်ကာ ၅၀၀၀ကျပ်ဖြင့် ရောင်းချပေးမည့်အစီအစဉ်ကို လုံခြုံရေးအခြေအနေအရ ရပ်ဆိုင်းလိုက်ရကြောင်းသိရသည်။
လူကြီးမင်းဖုန်းဆိုင်မှ အထွေထွေမန်နေဂျာ ဦးကိုကိုအောင်က ''ကျွန်တော်တို့ ဒီနေ့ မနက် အစီအစဉ်ကို လုံခြုံရေးအခြေအနေကြောင့် ဖျက်လိုက်တယ်။ လူမနိုင်လို့ ဖျက် လိုက်ရတာပါ။ နောက်ပိုင်းကျရင် ဒီအစီအစဉ်ကို ပြန်လုပ်ဖို့ ရှိပါတယ်လို့ ပြောကြားခဲ့သည်။
''စီစဉ်ထားတဲ့အတိုင်း ရောင်းပေးဖို့အဆင်မပြေတော့ပါဘူး။ ဆိုင်တွေကိုလည်း လုံခြုံ ရေးအခြေအနေအရ ပိတ်ထားရတယ်။ Customer တွေကိုလည်း အနူးအညွတ် တောင်းပန်ပါတယ်။'' ဟု လူကြီးမင်းဖုန်းဆိုင်မှ တာဝန်ရှိသူက ပြောကြားခဲ့သည်။
''ပဲခူးကနေ နံနက် ၄ နာရီတည်းက လာရတာပါ။ ဒီကိုရောက်တော့ နံနက် ၇နာရီ လောက်ရှိပြီ။ သူငယ်ချင်း တစ်ယောက်နဲ့အတူ လာတာပါ။ အလုပ်ပျက် အကိုင် ပျက်ဖြစ်တာပဲအဖတ်တင်တယ်။ ကျွန်တော့်လိုပဲ အဝေးကြီးကနေလာတဲ့သူတွေ အများကြီးတွေ့ရတယ်''ဟု လူကြီးမင်း(လသာ)ဖုန်းဆိုင်သို့ ပဲခူးမြို့မှလာရောက်သူ တစ်ဦးကပြောပြခဲ့သည်။
''နံနက်၆နာရီလောက်တည်းက ဒီကိုရောက်နေတာပါ။ တောင်ဥကလာပက နေလာ တာပါ။ အဲဒီအချိန်လောက် က ဒီလောက်လူမများသေးဘူး။ တဖြည်းဖြည်း နဲ့လူများ လာပြီး ထိန်းမနိုင်သိမ်းမရတွေဖြစ်လာတယ်။တန်းစီခိုင်းလည်းမရတော့ဘူး။ ရှေ့မှာ ရောက်နေတဲ့သူတွေက နောက်မဆုတ် ပေးချင်ကြဘူးလေ''ဟု တောင်ဥက္ကလာပမှ လာရောက်သူတစ်ဦးကပြောပြခဲ့သည်။

နံနက်၈ နာရီခွဲနှင့် ၉ နာရီကြားတွင် ကူပွန်များဝေရန် တန်းစီခိုင်းသော်လည်း အဆင် မပြေဖြစ်ခဲ့ကြောင်း၊ ကူပွန်များကို ပစ်ကြဲပြီးဝေခဲ့သေးကြောင်း၊ ထို့နောက် များပြား သောလူအုပ်ကြောင့် ထိန်းသိမ်းရခက်ကာ အစီအစဉ်ကိုဖျက်သိမ်းကြောင်း ကြေညာ ခဲ့ကြောင်း၊လူအုပ်အတွင်းမှ လူအချို့မှာ ဆိုင်ကိုခဲများဖြင့်ပစ် ပေါက်ခြင်း၊ ဆိုင်တံ ခါးကို ထုရိုက်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ လုံခြုံရေးတာဝန်ရှိသူများ လာရောက် ထိန်းသိမ်းရကြောင်း၊ လာရောက်သူအချို့မှာ မိမိတို့၏ ဟန်းဖုန်းများ ပျောက်ဆုံးခြင်း၊ ပိုက်ဆံများ ပျောက်ဆုံးခြင်း ရှိခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် လူကြီးမင်း (လသာ) ဖုန်းဆိုင်အနီးရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်အချို့မှာလည်း ဆိုင်ပိတ်ထား ရကြောင်း တွေ့ရှိရသည်
လူကြီးမင်းဖုန်းဆိုင်များတွင်ပြုလုပ်မည့်Samsung Galaxy Miniဟန်းဆက်များ အားမဲနှိုက်ကာ၅၀၀၀ကျပ်နဲ့ရောင်းချမယ့်အစီအစဉ်ကိုလုံခြုံရေးအခြေအနေအရ ရပ်ဆိုင်းလိုက်ရဟုဆို
နိုဝင်ဘာလ ၃ရက်။

Unknown at 9:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.