Saturday, November 3, 2012

ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံခြားဧည့်ပါမောက္ခများ ပြန်လည်သင်ကြားမည်

Open Society Foundation ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် နိုင်ငံတကာမှ ဧည့်ပညာရှင်/ပါမောက္ခ ၁၂ ဦးက လာမည့် ၂၀၁၃-၂၀၁၄ တက္ကသိုလ် ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်ရှိ ရှေးဟောင်းသုတေသန ပညာဌာန အပါအဝင် ဘာသာရပ်ဌာန သုံးခုသို့ လာရောက်သင်ကြားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောကြားသည်။

အဆိုပါ ဧည့်ပါမောက္ခများသည် ရှေးဟောင်း သုတေသန ပညာဌာန၊ ဥပဒေပညာဌာနနှင့် နိုင်ငံတကာဆက်ဆံရေး ပညာဌာနတို့တွင် သီတင်းပတ် နှစ်ပတ်စီ လာရောက် သင်ကြားမည်ဖြစ်ပြီး မဟာဘွဲ့ ၊ ပါရဂူဘွဲ့ကျမ်းများနှင့် ဌာနတွင်း သုတေသနများအပေါ် အကြံပြု ဆွေးနွေးခြင်းများ ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အရင်တုန်းကတော့ နိုင်ငံတကာက ဧည့်ပါမောက္ခတွေ လာသင်ကြတာတွေ ရှိတယ်။ အခုတစ်ခါက နောက်ထပ် ပြန်စတာပါ” ဟု ပါမောက္ခချုပ်က
ပြောကြားသည်။ ယခုလက်ရှိတွင် ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာနတွင် ဂျာမနီနိုင်ငံ Cologne University မှ ဒေါက်တာ Frauke Kraas သည် ဧည့်ပါမောက္ခအဖြစ် တစ်နှစ်ခွဲကြာ တာဝန်ထမ်းဆောင်မည်
ဖြစ်ကြောင်း ဒေါက်တာ တင်ထွန်းက ပြောဆိုသည်။

Cambridge University နှင့် University of Sidney တို့မှ ပါမောက္ခ
နှစ်ဦးတို့သည် ရှေးဟောင်းသုတေသန ပညာဌာနတွင် သင်ကြားရန် လာမည့် ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလတို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်
ဖြစ်ကြောင်း၊ အလားတူ ဥပဒေပညာဌာနသို့ UNDP(Asia Pacific Regional Centre) နှင့် Australian National University မှ ပါမောက္ခနှစ်ဦးနှင့်
နိုင်ငံတကာဆက်ဆံရေး ပညာဌာနသို့ University of Vienna နှင့် Nagoya University မှ ဧည့်ပါမောက္ခနှစ်ဦးတို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် လာရောက်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်
ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

ထပ်မံ၍ မနုဿဗေဒ ဌာနအနေဖြင့် Korea International Cooperation Agency (KOICA) ၏ အကူအညီဖြင့် ကိုရီးယားနိုင်ငံ Hanyang University၊ Cultural Anthropology ဌာနနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ
ဆောင်ရွက်ရန်ရှိကြောင်း၊ ထို့အပြင် ဥပဒေပညာ ဌာနသည်လည်း ဂျပန်နိုင်ငံ Nagoya University Graduate School of Law နှင့် ပူးပေါင်း၍ သုတေသနများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

Saturday 3rd November 2012

REF: Myanmar Online News
Posted by Admin Team-NOM

ဘကြီးသက်
Unknown at 9:06 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.