Sunday, October 21, 2012

RFA အပြဲအကွဲ အမြင့်ဆုံးအခြေအနေရောက် ကာ ဝန်ထမ်း (၂) ဦး ထပ်မံလုပ်ထုတ်ခံရ

ဝါရှင်တန်ဒီစီ ရုံးချုပ်က အာရ်အက်ဖ်အေ ၀ါရင့်ဝန်ထမ်း ၂ ဦးကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် အလုပ်က ထုတ်ပစ်လိုက်ကြောင်း သိရပါသည်။



 
ဒေါ်ခင်မေဇော်

လုပ်သက် ၁၄ နှစ်ရှိ ဒေါ်နန်းခမ်းထွေး ခေါ် ဒေါ်ခင်မေဇော်( မာလတီမီဒီယာ အကြီးတန်းအယ်ဒီတာ)နှင့် သတင်းလုပ်သက် ၁၃ နှစ်ရှိ ဦးဥာဏ်ဝင်းအောင်(DVB + RFA)တို့ကို အလုပ်အတွက် မလိုအပ်တော့ဟူသည့် အကြောင်းပြချက်ဖြင့် အလုပ်က ထုတ်ပစ်လိုက်ခြင်း ဖြစ်သည်။


 
ဦးကိုကိုအောင် တို့ ကောင်းစားနေချိန်တုန်းက
 
စိုင်းသိန်းဝင်း ကြာကူုလီရိုက်ခဲ့သော အင်ကြင်းနိုင်

သို့သော် မြန်မာဌာနအကြီးအကဲ နှင့် နီးစပ်သူများကို အချိန်ပိုင်းခန့်ထားပြီး မကြာခင် အမြဲတမ်းဝန်ထမ်းများအဖြစ် ရာထူးတိုးမြှင့်ဖွယ် ရှိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ(၁၈) မနေ့တုန်းကလဲ အာရ်အက်ဖ်အေ အမြဲတန်း ဝန်ထမ်းများဖြစ်သည့် ဦးကိုကိုအောင်၊ ဦးဇော်မိုးကျော်၊ ဒေါ်အင်ကြင်းနိုင် တို့ကို အသံလွှင့်သတင်းထောက် အလုပ်မှ ထုတ်ပစ်ခဲ့သည်။

ဌာနအကြီးအကဲများ၏ အကြောင်းပြချက်နှင့် လုပ်ဆောင်ချက်များ လက်တွေ့ တွင် ကိုက်ညီမှုမရှိဟု ဝေဖန်ပြောဆိုနေကြသည်။

မနေ့က ၀န်ထမ်း ၃ ဦးကို ၀န်ထမ်းဦင်္းရေလျှော့သည့် အနေဖြင့် ထုတ်ပစ်သည်ဟု RFA အသံလွှင့်ဌာန မှအကြောင်းပြချက်ပေးခဲ့ သော်လည်း အဆိုပါသုံးဦးမှာ RFA အသံလွှင့်ဌာန၏ အကြီးတန်းအယ်ဒီတာ ဦးခင်မောင်စိုး၏ ဌာနတွင်း အိမ်ထောင်ရှင်အမျိုးသမီးများ နှင့် အိမ်ထောင်ရေးဖောက်ပြန်မှုများကို တိုင်ကြားခဲ့ သော်ကြောင့်ဖြစ်သည်ဟု ၀ါရှင်တန် အနီးတ၀ိုက်ရှိ မြန်မာလူမျိုးများ ဝေဖန်ပြောဆိုနေကြသည်။

သမီးနှစ်ယောက်ဖခင် အကြီးတန်းအယ်ဒီတာ ဦးခင်မောင်စိုးနှင့် တဌာနထဲ လုပ်ကိုင်နေသည့် အိမ်ထောင်ရှင် ၀န်ထမ်းအမျိုးသမီးများ ဖြစ်သည့် သားနှစ်ယောက်မိခင် ဒေါ်သင်းသီရိ နှင့်သမီးနှစ်ယောက်မိခင် ဒေါ်ခင်ခင်အိတို့ အကြား အိမ်ထောင်ရေးဖောက်ပြန်နေမှုများ ကို ဖော်ပြသည့် စကားပြော အသံသွင်းခွေ Myanmar Express မှတဆင့် ပြည်တွင်းပြည်ပ မြန်မာများအကြားတွင် ပျံနှံခဲ့ ပြီးနောက် ဌာနတွင်းရှိဝန်ထမ်းအများစုက အရေးယူပေးရန် တိုင်ကြားခြင်းဖြစ်သည်။
 MEX
ဘကြီးသက်
Unknown at 1:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စလစ်ဈေး နှင့် ကားဈေးကျပြီး ၀ယ်လက်နည်းကာ ရောင်းကားများနေ

စီအိုင်အက်ဖ် CIF နှုန်းထားများလည်း ပြုပြင်မည့် သတင်းထွက်ပေါ်ကာ သက်တမ်းရင့် အပ်နှံကား စလစ်ဈေးနှုန်းအနည်းငယ် ကျဆင်းလျှက်ရှိသဖြင့် ဂျပန်တပတ်ရစ် ကားဈေး ကျပ် ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင် ကျဆင်းကာ ၀ယ်လက်နည်းပါး၍ ရောင်းမည့်ကားက များနေသည်ဟု ဟံသာဝတီ ကားဝိုင်းမှ ၀ယ်ရောင်းများက ပြောသည်။

ယခုတလော အပ်ကားစလစ် အထွက်နည်းလာပြီးနောက် အမည်ပေါက် (ဗအက္ခရာ) စလစ်များမှာ ကျပ် ၃ သိန်းခန့် ဈေးကျသွားကာ ယခုသီတင်းပတ်ကုန်တွင် ၉၂ သိန်း ရှိ၍  (န၊ပ အက္ခရာ) စလစ်မှာ ၄ သိန်းဝန်းကျင် ကျဆင်းကာ ၈၄-၈၅ သိန်း ၀န်းကျင်ရှိသည်ဟု ၎င်းကားဝယ်ရောင်းများ ထံမှ မေးမြန်းသိရှိရသည်။

မာဇဒါ အမျိုးအစားကားအုပ်စုထဲမှ အက္ခရာမခွဲခြားပဲ အပ်နှံနိုင်သည့် ကြေညာချက် ထွက်ပေါ်ပြီးရက်ပိုင်းနောက် မာဇဒါ ကားပိုင်ရှင်တဦးက ၎င်းပိုင် မာဇဒါ ၃၂၃ မိုဒယ် လေလံကားအား ၈၅ သိန်းဖြင့် အပ်နှံမည့်သူအား ရောင်းချခဲ့ကြောင်း ၎င်းရောင်းချပြီး ရက်ပိုင်းအကြာတွင် ဈေးအနည်းငယ်ထပ်ကျခဲ့ကြောင်း လည်းပြောသည်။



ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ရောင်းချမည့် ဂျပန်တပတ်ရစ်ကားများအား တွေ့ရစဉ်။

စလစ်ကပ်ပြီးသား ကားဈေးနှုန်းများတွင်လည်း နစ်ဆန်း အေဒီဗင်ဈေးနှုန်းမှာ ယခင် ကျပ်သိန်း ၁၄ဝ ဝန်းကျင်မှ ယခု ကျပ်သိန်း ၁၂ဝ-၁၃ဝ ဝန်းကျင်သို့၎င်း ဟွန်ဒါပါတနာသည် ယခင် ကျပ်သိန်း ၁၆ဝ ဝန်းကျင်မှ ယခု ကျပ်သိန်း ၁၄၅ ဝန်းကျင်သို့အသီးသီး ကျဆင်းလာသည့်အပြင် ဖရီးပါမစ် (နိုင်ငံခြားငွေ ဘဏ်စာရင်းရှိသူတိုင်းလျှောက်ထားနိုင်သည့် ပါမစ်) ကားများနှင့် အခြားသောကားများ၏ဈေးနှုန်းမှာလည်း အနည်းငယ်လိုက်ကျလာသည်ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းရှိ   ကိုထွဋ်တို့ဝိုင်းက ပြောသည်။

ယမန်နှစ်မှ စတင်လိုက်သည့် လိုင်စင်သက်တမ်းကြာကားများအား အစားထိုး လဲလှယ်သည့်အစီအစဉ်တွင် တပတ်ရစ်ကားများ၏ ဆိပ်ကမ်းအရောက် ဈေးနှုန်းသတ်မှတ်ချက် (စီအိုင်အက်ဖ်) နှုန်းထားများမှာ ဈေးကွက်ပေါက်ဈေးနှင့် အံမ၀င်တော့သဖြင့် မော်တော်ယာဉ် တင်သွင်းရောင်းဝယ်သူများ အသင်းမှ စီအိုင်အက်ဖ် ဈေးနှုန်းသစ်များ ပြုစုကာ ၀-၀န်ကြီးဋ္ဌာနသို့ နိုဝင်ဘာလဆန်းတွင် အဆိုပြုတင်ပြရန်ရှိသည် ဟု သတင်းဖေါ်ပြချက်များအရ သိရသည်။

စီအိုင်အက်ဖ် နှုန်းထားများ ပြင်ဆင်သတ်မှတ်ပါက ယင်းအပေါ်အခြေခံကောက်ခံနေသည့် အကောက်ခွန် ပမာဏပြောင်းလဲသွားမည့် အလားအလာကြောင့် လတ်တလော ကားဈေးကွက်တွင် အ၀ယ်နည်းပါးသွားခြင်းလည်း ဖြစ်သည်။

ကားဟောင်းအပ်စလစ်များမှ (စ၊ဆ) မှ(န၊ပ) အက္ခရာထိ အခွန်နှုန်းကို ၄ဝ ရာခိုင်နှုန်းလျှော့၍ ၆ဝ ရာခိုင်နှုန်းသာ ပေးဆောင်ရကြောင်း၊ (ဗ၊ဘ) အက္ခရာ၏ အခွန်ကို ၆ဝ ရာခိုင်နှုန်းလျော့ပြီး ၄ဝ ရာခိုင်နှုန်းသာ ပေးသွင်း ရမည်ဖြစ်ကြောင်း နှင့် (ဗ၊ဘ) စလစ်ကပ် ကားများသည် ယခင်(န၊ပ) ဈေးထက် ၆   သိန်းခန့်သက်သာ သည်ဟု ဆိုသည်။

ယခုအခါ စလစ်ကပ် (အပ်ကား) ကညန ခွန်ပေးဆောင်ရာတွင် ဖရီးပါမစ်ထက် အက်ဖ်အီးစီ ၁၀၀၀ ၀န်းကျင်သက်သာ သည်ဟု သိရှိရသည်။ ဖရီးပါမစ်ကားအတွက် ကညနခွန်မှာ အက်ဖ်အီးစီ ၂၁၀၀ ၀န်းကျင်ရှိ၍ စလစ်ကပ်ကားမှာမူ အက်ဖ်အီးစီ ၁၁၀၀ ၀န်းကျင်ဖြစ်သည်ဟု သိရှိရသည်။

Myanmar Express 

ဘကြီးသက်
Unknown at 1:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Miss International ပြိုင်ပွဲဝင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာ People's Choice Award အားလက်ခံရရှိ

Miss International ပြိုင်ပွဲဝင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာသည် Internet မှတဆင့် မဲပေးရွေးချယ်ရသည့်
People's Choice Award ကို ဆန္ဒမဲပေးသူ ၂၁၀၀၀ ကျော်ဖြင့် ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဆုအတွက် အောက်တိုဘာ ၂၀ ရက်နေ့ ညနေပိုင်းတွင် မြန်မာကိုယ်စားပြုအလှမယ် နန်းခင်ဇေယျာအား People's Choice
Award အားပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

"မြန်မာကိုယ်စားပြုအလှမယ်ရတဲ့ People's Choice Award ကို ဒီညနေမှာ Miss International ပြိုင်ပွဲဝင်တွေပဲပါတဲ့ ညစာစားပွဲမှာ ပေးအပ်ခဲ့တယ်လို့ Internet ကတဆင့် သိရပါတယ်၊ နန်းခင်ဇေယျာကိုယ်တိုင်ကတော့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကို
တရားဝင် ဆက်သွယ်အသိပေးပြောကြားလာတာမျိုးမရှိသေးပါဘူး။
ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကိုယ်စားပြုဆုရတဲ့အတွက် ၀မ်းသာမိပါတယ်" ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဖြိုးဝေရာဇာက အောက်တိုဘာလ ၂၀ရက်နေ့ ည၈နာရီ ခန့်က ပြောကြားခဲ့ပါသည်။

Photo from - http://missosology.org/

ဘကြီးသက်
Unknown at 12:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်းလျားကန်ပေါင် က မင်းမဲ့စရိုက်ဆန်စွာ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့သူအချို့ကို ဖမ်းဆီးရမိ

 
အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့လာရောက်ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများအား မင်းမဲ့စရိုက်ဆန်စွာ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့သူအချို့ကို ဖမ်းဆီးရမိပြီ

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လာရောက်ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများကို မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်သူ အချို့ ကို ဖမ်းမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တို ဘာလ ၁ ရက်နေ့ ည ၉ နာရီကျော် အချိန်တွင် ကန်ဘောင်လုံခြုံရေး ၀န်ထမ်းတစ်ဦးက ကန်ပေါင်ပေါ်မှ ဆင်းခိုင်းသဖြင့် မကျေမနပ်ဖြစ်နေသော သူများက ည ၁၁ နာရီ ၀န်းကျင်တွင် ဆိုင်ကယ်များဖြင့် လာရောက်လာပြီး အဆိုပါဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းအချို့ကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ဝိုင်းဝန်းထိုးကြိတ်ခဲ့သူများက လုံခြုံရေးဝန်ထမ်းများအပြင် ကန်ပေါင်ပေါ်ရှိနေသည့် ဆိုင်ဝန်ထမ်းများကိုလည်း လိုက်လံပြီး ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်၌ ကျူးလွန်ခဲ့သူ များအနက်မှ ကျူးလွန်ခဲ့သူ သုံးဦး ကို အောက်တိုဘာလ ၁၈ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ထွက်ဆိုချက်များအရ အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ပြစ်မှုကျူးလွန်သူသုံးဦးကိုထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အခုမိထားတဲ့သူတွေအပြင် ကျန်နေသေးတဲ့ ကျူးလွန်သူတွေကိုလည်း ဆက်လက်ဖမ်းဆီးသွားမှာပါ။ ဘယ်သူနဲ့ ပတ်သက်လို့ဆိုပြီးတော့ သက်ညှာမှု လုံးဝမပေးပါဘူး။ ပြစ်မှုကျူးလွန်သွားတဲ့သူကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ . . .

ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း မှ ဒုရဲအုပ်မောင်မောင်စိုးက "ပြစ်မှု ကျူးလွန်ခဲ့တဲ့ ခြောက်ဦးကိုဖမ်းမိထားပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့က ပြစ်မှုကျူးလွန်သူတွေက ကန်ပေါင်ကနေ ရှစ်မိုင်ဘက်ကို ထွက်သွားတယ်လို့ သိရတဲ့အတွက် လမ်းကြောင်း တလျှောက်စုံစမ်းမှုတွေ ပြုလုပ်တဲ့အခါမှာ ဆိုင်ကယ်ကယ်ရီသမားတွေ ဖြစ်နိုင်တယ်လို့ ယူဆရတဲ့အတွက် မင်္ဂလာဒုံမြို့နယ် အနီးတစ်ဝိုက်က ဆိုင်ကယ်ကယ်ရီဂိတ်တွေကို ထပ်မံ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ အဓိကသတင်းပေးသူရဲ့သတင်းပေး မှုအရ ခရေပင်လမ်းခွဲက ဆိုင်ကယ် ကယ်ရီအဖွဲ့တွေဖြစ်နိုင်တယ်လို့ယူဆ လို့အသွင်ယူပြီးထပ်မံစုံစမ်းခဲ့ပါတယ်။ အဲ့ဒီအခါမှာ အဓိကပြဿနာစဖြစ်တဲ့ သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ကျူးလွန်တဲ့သူတွေ ကို ဖမ်းဆီးဖို့ ဆက်လက်ဆောင်ရွက် နေပါတယ်။ အခုဖမ်းမိထားတဲ့ ကျူးလွန်ခဲ့တဲ့သူတွေကို ကမာရွတ်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်” ဟုပြောပြခဲ့ပါသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည့် ကျူးလွန်သူသုံးဦးကို မင်္ဂလာဒုံမြို့ နယ် ချစ်တီးကုန်းရပ်ကွက် အတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိထားသည့်ကျူးလွန် သူများမှာ မင်္ဂလာဒုံမြို့နယ်မှ Óဏ် ဟိန်းထက်(ခ)ကိုဦး (၂၁ နှစ်)၊ သက်အောင်ထွေး(ခ)အီမို (၂၀ နှစ်)၊ အောင်ကျော်မိုး (၂၈ နှစ်)၊ မျိုးမင်းဦး (ခ)သံမဏိ (၁၉ နှစ်)၊ ဇော်မင်းလတ် (ခ) ဆိတ်သား (၂၀ နှစ်)၊ ရွှေအိုး (ခ)လှမြင့် (၁၉ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အုပ်စုဖွဲ့ပြီး ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူများမှာ ဆိုင်ကယ် ကိုးစီးဖြင့် လူဦးရေနှစ်ဆယ်မှနှစ် ဆယ့်ငါးဦး ၀န်းကျင်ခန့်ရှိကြောင်း ကိုယ်တိုင်ရိုက်ခံခဲ့ရသူ အင်ယားကန်ပေါင်တွင် ဖွင့်လှစ်ထားသည့် ရွှေမိသားစု စားသောက်ဆိုင်မှ တာဝန်ခံဖြစ်သူ ကိုကျော်မင်းဆွေက ပြောကြားခဲ့သည်။

ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ကျူးလွန်သူများထဲတွင် မင်္ဂလာဒုံ ဆေးတပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူ၏ သားဖြစ်သူလည်း ပါဝင်ပြီး ကျန်ကျူးလွန် သူအများစုမှာ ဆိုင်ကယ်ကယ်ရီ သမားများနှင့်ကျဘမ်းလုပ်ကိုင်နေသူ များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းဖြစ်စဉ်တွင် လေးဦးဒဏ် ရာရရှိခဲ့ပြီး ကမာရွတ်ရဲစခန်း၌ (ပ) ၄၀၅/ ၂၀၁၂၊ ပုဒ်မ၂၉၄/၃၂၆/ ၁၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်း များကို ၀ိုင်းဝန်းရိုက်နှက်ခဲ့သူများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က “အခုလို ကျူးလွန်သွားတဲ့သူတွေ ကိုဖမ်းဆီးရမိဖို့အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်က တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ အခု မိထားတဲ့သူတွေအပြင် ကျန်နေသေး တဲ့ကျူးလွန်သူတွေကိုလည်း ဆက် လက် ဖမ်းဆီးသွားမှာပါ။ ဘယ်သူနဲ့ ပတ်သက်လို့ဆိုပြီးတော့ သက်ညှာမှု လုံးဝမပေးပါဘူး။ ပြစ်မှုကျူးလွန် သွားတဲ့သူကိုဥပဒေအတိုင်းအရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ပြောကြား ခဲ့ပါသည်။

(ကျူးလွန်သူများမှာ ခရေပင်လမ်းခွဲက ဆိုင်ကယ် ကယ်ရီအဖွဲ့ဆိုတော့ ခရေပင်လမ်းခွဲကနေ ဆိုင်ကယ်ကိုးစီးနဲ့ တစ်အုပ်ကြီးလာတာ (၈)မိုင်မီးပွိုင့်လမ်းဆုံကိုဖြတ်ရပါတယ် အဲဒီလမ်းဆုံမှာ လုံခြုံရေးယူထားတဲ့ လုံထိန်းကား ၂ စီးလောက်အမြဲရှိပါတယ် အဲဒီဆိုင်ကယ် ၉ စီး ဆိုင်ကယ်မ၀င်ရနယ်မြေထဲအုပ်လိုက်ဝင်လာတာ အဲဒီလုံခြုံရေးတွေ မမြင်တာတော့အံ့သြစရာ)
သတင်းကို Eleven Media Group မှကူးယူဖော်ပြပါသည်။

ဘကြီးသက်
Unknown at 12:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

(၀န္ဒာမိပါ အမေ)

(၀န္ဒာမိပါ အမေ)
ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့်
ထွန်းပြောင်ထိန်လင်း ရှင်နေမင်းလည်း
မယွင်းနေ့သာ တင့်တယ်ပါ၏ ။
ဆီးနှင်းမြူတိမ် သူရိန်မီးခိုး
ညစ်မျိုးငါးအင် ကင်းစင်ထွန်းဖြာ
လစန္ဒာလည်း နေရောင်ကင်းပ
ညဥ့်ခါမှသာ တင့်တယ်ပါ၏ ။
သီတာပမာ စမ်းရေဖြာသို့
မေတ္တာသွန်းလောင်း ဘေးပေါင်းကင်းစေ
နွေးထွေးစေလျက် ရေ.မြေ.လေထု
နှိုင်းတုမရ အနန္တဂုဏ်အင်
ဒို့မိခင်ကား..
စဉ်ထာဝရ တင့်ထွန်းပသည်
လ.နေထက်ပင် သာပါ၏ ။
ဦးနှိမ်ချကာ ၀န္ဒာမိ ။
သီတင်းကျွတ်လဆန်း(၆)ရက်နေ့တွင် အမေအတွက် စိတ်မှမှန်းမျှော်
ရှိခိုးပါသည် ဘေးဘယာတွေကင်းစေသား...
(၀န္ဒာမိပါ အမေ)
    ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့်
ထွန်းပြောင်ထိန်လင်း ရှင်နေမင်းလည်း
မယွင်းနေ့သာ တင့်တယ်ပါ၏ ။
    ဆီးနှင်းမြူတိမ် သူရိန်မီးခိုး
ညစ်မျိုးငါးအင် ကင်းစင်ထွန်းဖြာ
လစန္ဒာလည်း နေရောင်ကင်းပ
ညဥ့်ခါမှသာ တင့်တယ်ပါ၏ ။
    သီတာပမာ စမ်းရေဖြာသို့
မေတ္တာသွန်းလောင်း ဘေးပေါင်းကင်းစေ
နွေးထွေးစေလျက် ရေ.မြေ.လေထု
နှိုင်းတုမရ အနန္တဂုဏ်အင်
ဒို့မိခင်ကား..
စဉ်ထာဝရ တင့်ထွန်းပသည်
လ.နေထက်ပင် သာပါ၏ ။
ဦးနှိမ်ချကာ ၀န္ဒာမိ ။
    သီတင်းကျွတ်လဆန်း(၆)ရက်နေ့တွင် အမေအတွက် စိတ်မှမှန်းမျှော်
ရှိခိုးပါသည် ဘေးဘယာတွေကင်းစေသား...

ဘကြီးသက်
Unknown at 12:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.