Sunday, October 21, 2012

အင်းလျားကန်ပေါင် က မင်းမဲ့စရိုက်ဆန်စွာ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့သူအချို့ကို ဖမ်းဆီးရမိ

 
အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့လာရောက်ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများအား မင်းမဲ့စရိုက်ဆန်စွာ ဝိုင်းဝန်းရိုက်နှက် ထိုးကြိတ်ခဲ့သူအချို့ကို ဖမ်းဆီးရမိပြီ

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ပေါင်သို့ ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ လာရောက်ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းများကို မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်သူ အချို့ ကို ဖမ်းမိပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ အောက်တို ဘာလ ၁ ရက်နေ့ ည ၉ နာရီကျော် အချိန်တွင် ကန်ဘောင်လုံခြုံရေး ၀န်ထမ်းတစ်ဦးက ကန်ပေါင်ပေါ်မှ ဆင်းခိုင်းသဖြင့် မကျေမနပ်ဖြစ်နေသော သူများက ည ၁၁ နာရီ ၀န်းကျင်တွင် ဆိုင်ကယ်များဖြင့် လာရောက်လာပြီး အဆိုပါဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်းအချို့ကို ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြောင်း သိရသည်။

ဝိုင်းဝန်းထိုးကြိတ်ခဲ့သူများက လုံခြုံရေးဝန်ထမ်းများအပြင် ကန်ပေါင်ပေါ်ရှိနေသည့် ဆိုင်ဝန်ထမ်းများကိုလည်း လိုက်လံပြီး ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်၌ ကျူးလွန်ခဲ့သူ များအနက်မှ ကျူးလွန်ခဲ့သူ သုံးဦး ကို အောက်တိုဘာလ ၁၈ ရက်နေ့ တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ထွက်ဆိုချက်များအရ အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ပြစ်မှုကျူးလွန်သူသုံးဦးကိုထပ်မံဖမ်း ဆီးရမိခဲ့ကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အခုမိထားတဲ့သူတွေအပြင် ကျန်နေသေးတဲ့ ကျူးလွန်သူတွေကိုလည်း ဆက်လက်ဖမ်းဆီးသွားမှာပါ။ ဘယ်သူနဲ့ ပတ်သက်လို့ဆိုပြီးတော့ သက်ညှာမှု လုံးဝမပေးပါဘူး။ ပြစ်မှုကျူးလွန်သွားတဲ့သူကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမှာပါ . . .

ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့စခန်း မှ ဒုရဲအုပ်မောင်မောင်စိုးက "ပြစ်မှု ကျူးလွန်ခဲ့တဲ့ ခြောက်ဦးကိုဖမ်းမိထားပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့က ပြစ်မှုကျူးလွန်သူတွေက ကန်ပေါင်ကနေ ရှစ်မိုင်ဘက်ကို ထွက်သွားတယ်လို့ သိရတဲ့အတွက် လမ်းကြောင်း တလျှောက်စုံစမ်းမှုတွေ ပြုလုပ်တဲ့အခါမှာ ဆိုင်ကယ်ကယ်ရီသမားတွေ ဖြစ်နိုင်တယ်လို့ ယူဆရတဲ့အတွက် မင်္ဂလာဒုံမြို့နယ် အနီးတစ်ဝိုက်က ဆိုင်ကယ်ကယ်ရီဂိတ်တွေကို ထပ်မံ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အဲဒီမှာ ကျွန်တော်တို့ရဲ့ အဓိကသတင်းပေးသူရဲ့သတင်းပေး မှုအရ ခရေပင်လမ်းခွဲက ဆိုင်ကယ် ကယ်ရီအဖွဲ့တွေဖြစ်နိုင်တယ်လို့ယူဆ လို့အသွင်ယူပြီးထပ်မံစုံစမ်းခဲ့ပါတယ်။ အဲ့ဒီအခါမှာ အဓိကပြဿနာစဖြစ်တဲ့ သူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ကျူးလွန်တဲ့သူတွေ ကို ဖမ်းဆီးဖို့ ဆက်လက်ဆောင်ရွက် နေပါတယ်။ အခုဖမ်းမိထားတဲ့ ကျူးလွန်ခဲ့တဲ့သူတွေကို ကမာရွတ်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်” ဟုပြောပြခဲ့ပါသည်။

အောက်တိုဘာလ ၁၉ ရက်နေ့ ညပိုင်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည့် ကျူးလွန်သူသုံးဦးကို မင်္ဂလာဒုံမြို့ နယ် ချစ်တီးကုန်းရပ်ကွက် အတွင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ဖမ်းဆီးရမိထားသည့်ကျူးလွန် သူများမှာ မင်္ဂလာဒုံမြို့နယ်မှ Óဏ် ဟိန်းထက်(ခ)ကိုဦး (၂၁ နှစ်)၊ သက်အောင်ထွေး(ခ)အီမို (၂၀ နှစ်)၊ အောင်ကျော်မိုး (၂၈ နှစ်)၊ မျိုးမင်းဦး (ခ)သံမဏိ (၁၉ နှစ်)၊ ဇော်မင်းလတ် (ခ) ဆိတ်သား (၂၀ နှစ်)၊ ရွှေအိုး (ခ)လှမြင့် (၁၉ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အုပ်စုဖွဲ့ပြီး ၀ိုင်းဝန်းထိုးကြိတ်ခဲ့သူများမှာ ဆိုင်ကယ် ကိုးစီးဖြင့် လူဦးရေနှစ်ဆယ်မှနှစ် ဆယ့်ငါးဦး ၀န်းကျင်ခန့်ရှိကြောင်း ကိုယ်တိုင်ရိုက်ခံခဲ့ရသူ အင်ယားကန်ပေါင်တွင် ဖွင့်လှစ်ထားသည့် ရွှေမိသားစု စားသောက်ဆိုင်မှ တာဝန်ခံဖြစ်သူ ကိုကျော်မင်းဆွေက ပြောကြားခဲ့သည်။

ဖမ်းဆီးစစ်ဆေးလျက်ရှိသည့် ကျူးလွန်သူများထဲတွင် မင်္ဂလာဒုံ ဆေးတပ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်းဆောင်နေသူ၏ သားဖြစ်သူလည်း ပါဝင်ပြီး ကျန်ကျူးလွန် သူအများစုမှာ ဆိုင်ကယ်ကယ်ရီ သမားများနှင့်ကျဘမ်းလုပ်ကိုင်နေသူ များဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းဖြစ်စဉ်တွင် လေးဦးဒဏ် ရာရရှိခဲ့ပြီး ကမာရွတ်ရဲစခန်း၌ (ပ) ၄၀၅/ ၂၀၁၂၊ ပုဒ်မ၂၉၄/၃၂၆/ ၁၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ပြီး လုံခြုံရေးဝန်ထမ်းနှင့် ဆိုင်ဝန်ထမ်း များကို ၀ိုင်းဝန်းရိုက်နှက်ခဲ့သူများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး က “အခုလို ကျူးလွန်သွားတဲ့သူတွေ ကိုဖမ်းဆီးရမိဖို့အတွက် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်က တာဝန်ရှိသူတွေ ပူးပေါင်းပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ဖွဲ့စည်းထားပါတယ်။ အခု မိထားတဲ့သူတွေအပြင် ကျန်နေသေး တဲ့ကျူးလွန်သူတွေကိုလည်း ဆက် လက် ဖမ်းဆီးသွားမှာပါ။ ဘယ်သူနဲ့ ပတ်သက်လို့ဆိုပြီးတော့ သက်ညှာမှု လုံးဝမပေးပါဘူး။ ပြစ်မှုကျူးလွန် သွားတဲ့သူကိုဥပဒေအတိုင်းအရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ပြောကြား ခဲ့ပါသည်။

(ကျူးလွန်သူများမှာ ခရေပင်လမ်းခွဲက ဆိုင်ကယ် ကယ်ရီအဖွဲ့ဆိုတော့ ခရေပင်လမ်းခွဲကနေ ဆိုင်ကယ်ကိုးစီးနဲ့ တစ်အုပ်ကြီးလာတာ (၈)မိုင်မီးပွိုင့်လမ်းဆုံကိုဖြတ်ရပါတယ် အဲဒီလမ်းဆုံမှာ လုံခြုံရေးယူထားတဲ့ လုံထိန်းကား ၂ စီးလောက်အမြဲရှိပါတယ် အဲဒီဆိုင်ကယ် ၉ စီး ဆိုင်ကယ်မ၀င်ရနယ်မြေထဲအုပ်လိုက်ဝင်လာတာ အဲဒီလုံခြုံရေးတွေ မမြင်တာတော့အံ့သြစရာ)
သတင်းကို Eleven Media Group မှကူးယူဖော်ပြပါသည်။

ဘကြီးသက်
Unknown at 12:51 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.