Wednesday, October 17, 2012

ဥပဒေသည် လူတစု ကောင်းကျိုးအတွက်မဟုတ် .. လူထုကောင်းကျိုးအတွက်သာ ဖြစ်နေရမည်။

  
“တောင်းမှာ အကွပ်” ဆိုတဲ့အတိုင်း ရက်ထားတဲ့ အစတွေကို ပရမ်းပတာ မဖြစ်စေရအောင် အနားသတ်တွေကို ကွပ်ပေးထားရပါတယ်။ လူမှာလည်း သဘာဝအလျောက် စိတ်ရိုင်းဝင်လာတတ်တာကို မပြုမိစေဖို့ စည်းကမ်း၊ ကျင့်ဝတ်တွေနဲ့ ထိန်းကွပ်ထားရပါတယ်။ မိသားစုထဲမှာ မိသားစု စည်းကမ်း ထားရှိကြသလို ကျောင်းတွေ၊ အလုပ်ရုံတွေ၊ ရုံးတွေ၊ ဆေးရုံတွေမှာလည်း စည်းကမ်း ထားရှိရပါတယ်။
အစည်းအဝေးတွေ၊ အသင်းအဖွဲ့တွေမှာလည်း စည်းကမ်း ထားရှိပါတယ်။

လူမျိုးစုအလိုက်၊ လူမျိုးအလိုက် ဓလေ့ထုံးစံတွေကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ စည်းကမ်းထားရှိပါတယ်။ လူမှုရေးမှာ ဆောင်ရန်-ရှောင်ရန် စည်းကမ်းကျင့်ဝတ်တွေ ရှိသလို ဘာသာရေးမှာလည်း စည်းကမ်း ကျင့်ဝတ်လို့ခေါ်တဲ့ ဝိနည်းတွေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို ပြဋ္ဌာန်း ကျင့်ကြံစေရပါတယ်။ အားကစား ပြိုင်ပွဲတွေမှာလည်း စည်းကမ်းနဲ့ပါပဲ။ 

နိုင်ငံအနေနဲ့ (Nationally) လူအများက မဖြစ်မနေ ပါဝင် ပတ်သက်လာတဲ့အခါမှာတော့ ပိုပြီး စည်းစနစ် ကျကျနနနဲ့ ထိရောက်စေဖို့ ဥပဒေတွေကို ရေးဆွဲ ပြဋ္ဌာန်းပြိး ကျင့်သုံးကြရပါတယ်။ 

ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီရခြင်းမှာ 

ဥပဒေကို စတင်ရေးဆွဲတဲ့အခါမှာ အတိတ်ကာလမှာ ဖြစ်ခဲ့တာတွေအပေါ် သင်ခန်းစာယူပြီး လက်ရှိအခြေအနေ၊ နောင်လာလတ္တံ့သော အခြေအနေတွေနဲ့ ကိုက်ညီစေဖို့အပြင်၊ အကျိုးသက်ရောက်ပုံတွေကိုပါ အကျယ်ပြန့်ဆုံး မျှော်တွေး စဉ်းစား ချင့်ချိန်ပြီး ရေးဆွဲရပါတယ်။ လူတစု အကျိုးစီးပွားအတွက် မဖြစ်စေရဘဲ လူအများစု အကျိုးစီးပွားကို ဖြစ်စေနိုင်မယ့် ဆန္ဒရှိရပါတယ်။ ဒီဥပဒေကို တရားဝင် ဆုံးဖြတ် အတည်ပြုတာကလည်း လူသိထင်ရှား အသိအမှတ်ပြုပြီး ဖြစ်နေရပါတယ်။ ကောင်းသထက်ကောင်းစေဖို့ကိုသာ ရည်ရွယ်ထားတာကြောင့်လည်း လိုအပ်တဲ့အခါတိုင်းမှာ ပြင်ဆင် / ပယ်ဖျက်တာတွေ ရှိနေရပါတယ်။

ဒီလိုမျိုး မလုပ်နိုင်ခဲ့ရင် ဘာဥပဒေကိုပဲ ပြဋ္ဌာန်းသည်ဖြစ်စေ ... “ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီ”  ဆိုတာတွေ နေရာတိုင်း အချိန်တိုင်းမှာ ဖြစ်လာနေမှာပါပဲ။ ဒီအခါမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ မညီရတဲ့ အကြောင်းရင်းကို ပြန်လည်စိစစ် သုံးသပ်သင့်ပါတယ်။ 


ဥပဒေ အသံကြားလျှင် ကြောက်နေကြခြင်း 

မြန်မာတွေရဲ့ အစွဲတခုကတော့ ရုံးဂတ်တွေနဲ့ ကင်းကင်းရှင်းရှင်း မပတ်သက်ဘဲ နေချင်ကြတာ ဖြစ်ပါတယ်။ ဥပဒေလို့ အသံကြားရုံတင်နဲ့ ကြောက်လန့်တတ်သူတွေ ရှိကြပါတယ်။ ဥပဒေ ဆိုတာ ကြောက်စရာ မဟုတ်ပါဘူး။ ဥပဒေကို ဖောက်ဖျက်တာ မိသွားရင် ဖမ်းဆီး အပြစ်ပေးခံရမှာကို ကြောက်လန့်မိတာနဲ့ ဥပဒေ ဆိုတာကို တွေးကြောက်နေတတ်ခြင်းသာ ဖြစ်ပါတယ်။ ဥပဒေ ဘက်တော်သားတွေဖြစ်တဲ့ ရဲနဲ့ တရားသူကြီးတွေရဲ့ မမှန်ကန်တဲ့ ပြုမူပြောဆိုပုံတွေကြောင့်လည်း အရပ်သားပြည်သူတွေမှာ ကြောက်လန့်၊ သိမ်ငယ်စိတ်တွေ ဝင်လာတတ်ကြပါတယ်။   

တကယ်တော့ ဥပဒေကသာ ပြည်သူတဦးချင်းကို ကာကွယ်စောင့်ရှောက်ပေးနေရတာ ဖြစ်ပါတယ်။ ဒါကို ပြည်သူတွေအတွက် လူထု ပညာပေးရေးတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ပြီး အသိကောင်းကောင်း ပေးနိုင်ရပါမယ်။ ဒါမှသာ လူခပ်များများမှာ အရိုးစွဲနေတဲ့ ကြောက်စိတ်ကို ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။ လူထု ယုံကြည် အားကိုးတဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံအကြီးအကဲတွေ၊ ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကလည်း အလျင်းသင့်တိုင်း အားပေးစကား ပြောဆို တိုက်တွန်းပေးနေရင် လူထုဟာ ဥပဒေအပေါ် ကြောက်လန့်နေမှာ မဟုတ်တော့ပါဘူး။

နိုင်ငံရေးစနစ် မကောင်းတဲ့အခါမှာ တာဝန်ရှိတဲ့ အစိုးရတွေက ဒီအချက်ကို မသိချင်ယောင် ဆောင်ထားလေ့ ရှိပါတယ်။ လူထုကို ဥပဒေအကြောင်း အမှန်အတိုင်း လူထုပညာပေးရေးတွေ လုပ်ပေးရမယ့်အစား ဝါဒဖြန့်အနေနဲ့ မီးလောင်ရာလေပင့် လုပ်တတ်ကြပါတယ်။ ပိုဆိုးသွားတာကတော့ အမှု ဖြစ်လိုက်တာနဲ့ လူထုဘက်က ခံဘက်ချည်းဖြစ်နေအောင် အစိုးရက တမင်တကာ ဖန်တီးယူတဲ့ နိုင်ငံရေးစနစ်ဆိုး ဖြစ်ပါတယ်။ 


ဥပဒေကို လိုက်နာကြခြင်း 

အစစအရာရာ တိုးတက်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံတွေမှာ တရားဥပဒေ အမှန်တကယ် စိုးမိုးနေတာကြောင့် ပြည်သူတွေအတွက် စားစားသွားသွား ဘာလုပ်လုပ် အကြောက်တရား မရှိကြပါဘူး။ ဥပဒေက ကာကွယ်ပေးထားတာကြောင့် လုံခြုံစိတ်ချရပါတယ်။ ဒါကို ပိုပြီးသိလာတဲ့အခါမှာ တရားဥပဒေ စိုးမိုးမှု (Rule of Law) ကို ပိုမို တန်ဖိုးထားတတ်ကြပါတယ်။ ပြည်သူတွေဟာ မှန်ကန်ကောင်းမွန်တဲ့ ဥပဒေတွေကို သိပ်ပြီး အလိုရှိကြပါတယ်။ အလိုရှိကြတဲ့အတိုင်း ဥပဒေတွေကို လေးစားလိုက်နာကြပါတယ်။ လိုနေသေးရင်လည်း ရဲရဲကြီး တောင်းဆိုတတ်ကြပါတယ်။

ဒါပေမယ့် နိုင်ငံတခုအတွင်းမှာ ကျင့်သုံးတဲ့ နိုင်ငံရေးစနစ်တွေကြောင့် နိုင်ငံကို ဥပဒေဘောင်အတွင်းက တည်ဆောက်ယူလာတဲ့ အနေအထား၊ လူတဦးချင်းကို ခလေးဘဝကနေ ပြုစုပျိုးထောင်ယူလာတဲ့ အနေအထားအလိုက် ဥပဒေကို လိုက်နာကြတဲ့အဆင့်မှာ နိုင်ငံအသီးသီးဟာ အနိမ့်အမြင့် ဖြစ်နေတတ်ပါတယ်။ 

ဥပဒေကို လိုက်နာသူ ရှိသလို မလိုက်နာသူလည်း ရှိတတ်ပါတယ်။ အများစု ဖြစ်နေတတ်သလို အနည်းစုလည်း ဖြစ်နေတတ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်နေရတာတွေအပေါ်မှာ လူမှုရေး လေ့လာ သုံးသပ်ချက် စာတမ်းတွေက ဥပဒေကို ပိုမိုလိုက်နာစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။

လိုက်နာရတဲ့ ဥပဒေတွေဟာ လူတဦးချင်းကအစ လူ့ပတ်ဝန်းကျင်တခုလုံး လိုက်နာနေနိုင်တာမျိုး ဖြစ်ရပါတယ်။  တနိုင်ငံလုံး.. တကမ္ဘာလုံးက တညီတညွတ် လက်ခံထားတဲ့ ဥပဒေမျိုးတွေ ဖြစ်နေရပါတယ်။ 

ခလေးတယောက်ဟာ လူကြီးတယောက်လိုမျိုး စည်းကမ်းတွေ လိုက်နာနိုင်စွမ်း မရှိသလို လောကုတ္တရာ ကျင့်ဝတ်တွေကို သာမန်လူသားတွေ ရေရှည် စောင့်ထိန်း လိုက်နာဖို့ မလွယ်လှပါဘူး။ ဓလေ့ထုံးစံတခုကို အသားကျနေသူအဖို့ အခြားဓလေ့တခုကို ပြောင်းလဲကျင့်သုံးဖို့ အစပိုင်းမှာ အဆင်မပြေတတ်ပါဘူး။ 

ဒါကြောင့် လူ့အသိုင်းအဝိုင်း (သို့) နိုင်ငံတခုအတွင်းမှာ မှီတင်းနေထိုင်ကြသူ အားလုံးအတွက် ညီညွတ်မျှတစွာ အကျိုးရှိစေနိုင်မယ့် ဥပဒေတရပ်ကို ရေးဆွဲ ပြဋ္ဌာန်းနိုင်ဖို့ မလွယ်လှပါဘူး။ လွယ်လင့်တကူ ပြီးပြီးရော ပေါ့ပေါ့ဆဆ မဆင်မခြင် ရေးဆွဲလို့လည်း မဖြစ်ပါဘူး။  

ဥပဒေကို မလိုက်နာသူများ 

ဥပဒေကို မလိုက်နာသူ ပထမအမျိုးအစားဟာ အာဏာရှင် ဖြစ်ပါတယ်။ ဒါကြောင့် အာဏာရှင်ကို ဥပဒေ အထက်ကလူလို့ ပြောကြရတာ ဖြစ်ပါတယ်။ ဒီလိုပဲ အာဏာရှင်နဲ့ ပေါင်းစားနေတဲ့ အာဏာရှင် အသိုင်းအဝိုင်းတွေကလည်း ဥပဒေရှိရက်နဲ့ မလိုက်နာကြပါဘူး။ တချို့အဖြစ်တွေမှာဆို ဥပဒေကို လူသိထင်ရှား ပြောင်တင်းတင်း ချိုးဖောက်ရဲတဲ့အထိ ကျူးလွန်တတ်ကြတာ တွေ့ရပါတယ်။ တကယ်တော့ အာဏာကို အလွဲသုံးစား လုပ်တာပါပဲ။ 

ဒုတိယ အမျိုးအစားဟာ တားမြစ်ထားတဲ့ ဥပဒေ ရှိမှန်းသိရက်နဲ့ မထီမဲ့မြင်လုပ်ပြီး ဖောက်ဖျက် ကျူးလွန်သူ ဖြစ်ပါတယ်။ စိတ်ခံစားမှုအရဖြစ်စေ၊ မတော်တဆကြောင့်ဖြစ်စေ.. ဘယ်လိုအကြောင်းပြချက်ကိုမှ ခွင့်မလွှတ်ပါဘူး။ တချို့ဆိုရင် ဥပဒေကို ကျူးလွန်ဖောက်ဖျက်ပြီး ဥပဒေကြောင်းအရ ရင်ဆိုင်တဲ့အခါမှာတောင် လာဘ်ပေးလာဘ်ယူ စတဲ့ ဥပဒေ ဖောက်ဖျက်မှုကို ထပ်မံကျူးလွန်တတ်ပြန်ပါတယ်။ ငွေကြေးတတ်နိုင်ရင် ထောင်နောက်ဖက်မှာ တံခါးပေါက်ရှိတယ် ဆိုတာ ဥပဒေကို ပျက်ရယ်ပြုထားတဲ့ စကားတခွန်းပါ။ 

တတိယ အမျိုးအစားကတော့ ဥပဒေကို နားမလည်လို့၊ မသိလို့၊ အရွယ်မရောက်သေးလို့၊ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းလို့ စတဲ့ ချွင်းချက် အကြောင်းရင်းတွေကြောင့် ဥပဒေတွေကို ဖောက်ဖျက် ကျူးလွန်မိတတ်ကြပါတယ်။ သူတို့ကိုတော့ သက်ညှာမှုနဲ့ ပြုပြင်ပေးနိုင်မှု အထိုက်အလျောက် ပေးထားရပါတယ်။ 

စတုတ္ထ အမျိုးအစားကတော့ မတရားတဲ့၊ မသင့်တော်တဲ့ ဥပဒေတွေကို အနည်းနဲ့အများ ဆန့်ကျင် အံတုသူတွေ ဖြစ်ပါတယ်။ သူတို့ကတော့ ပိုမိုတိုးတက် ကောင်းမွန်တဲ့စနစ်ကို အလိုရှိကြတဲ့ တက်ကြွလှုပ်ရှားသူတွေ ပြုပြင်ပြောင်းလဲရေးသမားတွေ ဖြစ်ကြပါတယ်။ 


ဥပဒေ ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက် 

လိုရင်းကတော့ အခြားသူတွေ၊ အခြားအရာတွေကို ထိခိုက် နစ်နာတာမျိုး မရှိစေဖို့ ဖြစ်ပါတယ်။ အမျိုးအစားခွဲပြီး နည်းနည်း အကျယ်ချဲ့ကြည့်ပါမယ်။ 

(၁) လူတိုင်းရဲ့ အသက် ဘေးအန္တရာယ်ကို ကာကွယ်ပေးဖို့၊  (ဥပမာ- သူခိုး ဓါးပြရန်၊ ရိုက်နှက် နှိပ်စက်ညှင်းပမ်း ခြိမ်းခြောက်မှု စသဖြင့်)
(၂) လူ့ပတ်ဝန်းကျင်မှာ အများနဲ့ ယှဉ်တွဲ နေထိုင်သွားလာတဲ့အခါ ဘေးရန်ကင်းကွာပြီး စနစ်တကျနဲ့ အဆင်ပြေစေနိုင်ဖို့ (ဥပမာ- စာချုပ်များ၊ ယာဉ်ဥပဒေ စသဖြင့်)  
(၃) လူအများ နှစ်သက် သဘောကျ လက်ခံတဲ့ လူနေမှု အသိုင်းအဝိုင်းကို ကာကွယ် ထိန်းသိမ်းပေးထားနိုင်ဖို့ (ဥပမာ - လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာများ စသဖြင့်)
(၄) တရားမျှတမှုကို အမှန်တကယ် ကျင့်သုံးစေနိုင်ဖို့
(၅) ဥပဒေ ချိုးဖောက်သူတွေကို အရေးယူ အပြစ်ပေးနိုင်ဖို့ .. ဆိုပြီး ဥပဒေ ပြဋ္ဌာန်းရတဲ့ ရည်ရွယ်ချက်တွေ ရှိပါတယ်။ 


မြန်မာနိုင်ငံရဲ့ ဥပဒေပြု လွှတ်တော်ကြီးလည်း ပြန်စပါတော့မယ်။ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးးပွားအတွက် ဥပဒေသစ်တွေ ပြဋ္ဌာန်းမယ့်ကိစ္စ၊ တည်ဆဲဥပဒေတွေထဲက ခေတ်စနစ်နဲ့ မလျော်ညီတာတွေကို ဖျက်သိမ်းမယ့် ကိစ္စတွေ၊ တည်ဆဲဥပဒေကို ခေတ်စနစ်နဲ့ လျော်ညီအောင် ပြင်ဆင်ဖြည့်စွက်မယ့် ကိစ္စတွေအပေါ်မှာ ပြည်သူ့ကိုယ်စားလှယ် ဆိုတဲ့အတိုင်း  ရိုးသားဖြောင့်မတ် မှန်ကန်စွာ တာဝန်ထမ်းဆောင်နိုင်ကြဖို့ တိုက်တွန်း အားပေးလိုက်ပါတယ်။

တချိန်တည်းမှာ ဥပဒေဘက်တော်သား အားလုံးတို့ကလည်း တရားစီရင်ရေးမဏ္ဍိုင်ကို တရားမျှတစွာ ဖြောင့်မတ် ကြံ့ခိုင်စေပြီး ပြည်သူလူထု ထာဝရ ယုံကြည်အားကိုးနေရအောင် တာဝန်တွေ ထမ်းဆောင်နိုင်ကြဖို့ မျှော်လင့်နေပါမယ်။ 

လွင်အောင်စိုး
၁၇-၁ဝ-၂ဝ၁၂

ဘကြီးသက်
Unknown at 10:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

2012 -2013 တက္ကသိုလ်ဝင်တန်းမေးခွန်းလွှာ

2012 -2013 တက္ကသိုလ်ဝင်တန်းမေးခွန်းလွှာ

၁။အောက်ပါမေးခွန်းများကို ပြည့် စုံစွာဖြေဆိုပါ။
    (က)လက်ရှိအချိန်ထိ အဆဲမခံရသေးသော ၀န်ကြီးဌာနများကို ဖော်ပြပါ။
၂။ (က)အောက်ပါပေးထားသော အမည်များမှ ဆန္ဒပြခြင်းမရှိသေးသော သူ များအားရွေးချယ်ပြပါ။
     (က)(၈၈)ကျောင်းသားဟောင်းများ
       (ခ) အထည်ချုပ်အလုပ်သမားများ
       (ဂ) အထွေထွေ သမဂ္ဂများ
       (ဃ) ခေါင်းရွက်ထိုး ဈေးသည်များ
        (င) နိင်ငံရေးပါတီများ
       (စ)အဝေးရောက် တပ်ပေါင်းစုများ
       (ဆ)မြန်မာနိုင်ငံကို ကယ်တင်မည့် သူများ (ဥပမာ -မိုးသီးဇွန်ကဲ့ သို့ )
 (ခ)အောက်ပါတို့ အား ၀ါကျဖွဲ့ ပါ။
       (က)မြစ်စုံ (ခ)လျှပ်စစ် (ဂ)ဘင်္ဂလီ (ဃ)ကျောက်မီးသွေး (င)အကျဉ်းသား

 ၃။ (က)အောက်ပါမေးခွန်းများအနက်သင်နှစ်သက်ရာ (၅)ပုဒ်ဖြေဆိုပါ။ 
      (က)အသက်(၁၃)နှစ်ရှိမိန်းကလေး ရည်းစားဖြင့် ချိန်းတွေ့ ဆိုသော သတင်းအား မည်သူရေးသနည်း။                               (ခ)ဇူကီးဖလား ခြေစစ်ပွဲတွင် မြန်မာ အသင်းအသုံးပြုသွားသောကစားကွက်အား ELEVEN မှ
၎-၄-၂ ဟုဖော်ပြကာ Myanmar National Leage မှ ၄-၅-၁ ဟုဖော်ပြခဲ့ ပါသည်။မည်သည့်  ကစားကွက်သည် အမှန်ဖြစ်သနည်း။
      (ဂ)မော်ဒလ်ဖြစ်လျှင် ပေါ်အောင်ဝတ်ဆင်ရမည်ဟုမည်သူတားမြစ်ခဲ့ သနည်း။
      (ဃ)အဘယ်ကြောင့်  မင်းသမီးအငြိမ့်  ခန်းများကို ကျော်ရစ်ကြည့် ကျသည်ကို သင်သိသလောက်  ဖြေဆိုပါ။
      (င)ဘာသာပြောင်းမည်ဟုပြောသော ရုပ်ရှင်သရုပ်ဆောင်နာမည်အား ရေးချပြပါ။
      (စ)အဆိုတော် ဆိုတေး ဖိနပ်စီးပြီး VCD ရိုက်သော စီးရီး နာမည်ကိုဖော်ပြပါ။
      (ဆ)အမှိုက်ကောက်သွားသော မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တဦးအကြောင်းပြည့်စုံစွာ ရေးသားသီကုံးပါ။

 ၄။ (က)အောက်ပါမေးခွန်းများမှ ကြိုက်နှစ်သက်ရာ(၁)ပုဒ်အား ရေးသားဖြေဆိုပါ။
      (က) ၅၀၀၀ တန်ဖုန်း မည်သည့် အချိန်တွင်ထွက်ပေါ်လာမည်နည်း။ထွက်ပေါ်လာပါက မည့် သည့်   နေရာတွင်အသုံးပြုမည်ကို         သင်ရည်ရွယ်ထားသည့်              အတိုင်း ပြည့်စုံစွာရေးသားဖြေဆိုပါ။
       (ခ) အဘယ်ကြောင့် ရုပ်ရှင်ရုံများတွင် နိုင်ငံတော်သီးချင်းဖွင့် ချိန်မတ်တပ်မရပ်ကြတော့သနည်း။ (ဂ)လစာ သိန်းချီစားနေသော်လည်း ဇောက်ထိုး ဆင်းနေသော မြန်မာ့ ဘောလုံးအသင်းအကြောင်း   ပြည့်စုံစွာဖြေဆိုပါ။

 ၅။ (က)အောက်ပါတို့ မှကြိုက်နှစ်သက်ရာ စာစီကုံးပါ။ 
(က)မြန်မာ့  ရိုးရာ အတာသင်္ကြန်တွင် ပြောင်းလဲလာသော Sexy အကများ၊ဘီယာများ   ၊ထိုးထိုးထောင်ထောင် ပန့် များ၊မအားလပ်သော တည်းခိုးခန်းများအကြောင်း သင်သိသလောက်ရေးသားဖြေဆိုပါ။
                                                (သို့ )
 (ခ)ယခင်မုံရွာကြေးနီတောင် စီမံကိန်း မှ ခိုးလက်ယက်တွင်းလုပ်ငန်းအကြောင်း သင်သိသလောက်ရေးသားဖြေဆိုပါ။
                                                (သို့ )
 (ဂ)အစိုးရ ၀န်ထမ်းများအား တိုက်ခိုက်ဝေဖန်ခြင်း(သို့ )အောက်ပိုင်း ဟာသ မပါသော ယနေ့ ခေတ် အငြိမ့်  ကားများအကြောင်း သင်သိသလောက်ရေးသားဖြေဆိုပါ။
                                                (သို့ )
 (ဃ)
(က)ပါးရိုက်သောကြောင့်  တရားရုံးရောက်ပြီး လေဆိပ်တွင် ဆဲသော်လည်း တရားရုံးမရောက်သော...............။

(ခ)လေဆိပ်တွင် ကုလားမ စုကြည်ဟုရေးသော်လည်း သတင်းအဖြစ်တက်မလာသော....။
(ဂ)မြောက်ပိုင်းတွင်ဖြစ်ပွားနေသော စစ်ပွဲသတင်းအား အင်တာနက်ပေါ်မှ ကြည့် ကာသတင်း တင်နေသော........
 (ဃ)စာပေစီစစ်ရေး ကင်းလွတ်ခွင့်  ပေးရန်နှင့် လွတ်လွတ်လပ်လပ်ရေးခွင့် ရရန် တဖွဖွပြောသော်လည်း ယင်းသတင်းဌာနတွင် ကွန့် မန့် ပေးပါက လွတ်လပ်စွာဖျက်သော ....
 မြန်မာ့ အိမ်တွင်းပုန်း မီဒီယာများအကြောင်း သင်သိသလောက်ရေးသားဖြေဆိုပါ။

                                                                                          စာတည်းမှူး
                                                                                            (ပုံရိပ်စစ်)
ဘကြီးသက်
Unknown at 10:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယင့်လတ်နှင့်ယှဉ်နိုင်ရန် ဖိုတိုရှော့များဖြင့် အရွှယ်တင်အောင်ပြုပြင်ပြီးအင်တာနက်စာမျက်နှာနှင့်ဂျာနယ်များတွင်တွေ့ရ

အရှေ့တောင်အာရှရဲ့ နိုင်ငံရေးစာမျက်နှာများမှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ ယင့်လတ်ရှင်နာဝပ်တို့ဟာ ထင်ပေါ်နေတဲ့နိုင်ငံရေးခေါင်းဆောင်အမျိုးသမိးများဖြစ်ပါတယ် ။သို့သော် ငယ်ဂုဏ်နဲ့စေတနာအရင်းခံရှိသူ တတ်ကြွသူ အပြောနဲ့အလုပ်ညီသူ ယင့်လတ်ကို ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်ဆုဆိုတဲ့ဂုဏ်တစ်ခုနဲ့ပဲ ကျော်လွှားခဲ့ရပါတယ်။
ထိုဆုတံဆိပ်ပြားမှလွဲ၍ မည်သည့်နေရာမှ ယှဉ်ပြိုင်နိုင်စွမ်းမရှိခဲ့ပါချေ။ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ ပေါ်ပင်ဖြစ်လိုတဲ့ အရိုးစွဲနေတဲ့ စိတ်ဓါတ်ကြောင့် ကမ္ဘာ့အသိုင်းအဝိုင်းမှာ သူမဟာ အသုံးချခံဖြစ်နေတာကို သိသိနဲ့ပဲ အောင့်သိအောက်သက်နေခဲ့ရပါတယ်။
 ထိုင်းနိုင်ငံရေကြီးစဉ်က ယင့်လတ် အနေနဲ့ အမျိုးသမီးတစ်ဥိးဖြစ်သော်လည်း ကြက်ပေါင်ဖိနပ်စီးကာ ၅ ပေကျော်ကျော် ရေတောထဲမှာ လှုပ်ရှားသွားလာပြီး ပြည်သူလူထုနဲ့တသားတည်းဖြစ်ကြောင်း ပေါ်လွင်ခဲ့ပြီးမကြာခင်မှာပင် မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိရေးအတွက်လှုပ်ရှားမှူဖြစ်ခဲ့ပါတယ်။
ဒေါ်စုအနေနဲ့ဖယောင်းတိုင်တစ်ချောင်းမီးထွန်းပြပြီး white-boat ပေါ်တွင် ပြည်သူတွေကို မီးရအောင်လုပ်ပေးမည်ဟုသော စာတစ်ကြောင်းသာရေးပြခဲ့ပြိး လှုပ်ရှားမှူရပ်တန့်ခဲ့ပါတယ်။ထို့နောက် ရခိုင်ပြည်နယ်သို့ ဘင်္ဂလီကုလားများဖျက်ဆီးသောင်းကျန်းမှူအရေးအခင်းဖြစ်ပွါးစဉ်ကလည်း ဆုပေးမည်ဟုကြားသည်နှင့် နိုင်ငံခြားသို့ဖုတ်ဖတ်ခါ ထပြေးခဲ့ဖူးပါတယ်။
မည်သူက တိုင်းပြည်၏ အဝတ်အစားကို စမတ်ကျကျဝတ်ဆင်ပြီး အလုပ်တကယ်လုပ်ပြနေသနည်း
"သမ္မတမ" ဖြစ်နိုင်မည်ဟူသော မျှော်မှန်းချက်ဖြင့် ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့သော ပုဒ်မ ၁၉ ရှိနိုင်ငံခြားအရိပ်အာဝါသခိုလှုံသူ အဆက်အသွယ်ရှိသူ နိုင်ငံခြားအထောက်အပံဖြင့်ရပ်တည်နေသူ သမ္မတမဖြစ်ရဟူသော အဖအောင်ဆန်းလက်နဲ့ရေးခဲ့သော ဥပဒေကို သူမ "သမ္မတမ" ဖြစ်ချင်
သောကြောင့်ပြင်ဆင်နေပြီဖြစ်ပါတယ်။အကယ်၍ပြုပြင်နိုင်ပါက"သမ္မတမ"တစ်ယောက်အနေနဲ့ထမ်းဆောင်ရန် အိုမင်းလှသော သူမ၏ အသက်နှင့်ဇရာကို ကာကွယ်သည့်အနေဖြင့် သူမနုပျိုနေကြောင်း
ဖြတ်လတ်နေကြောင်းကို ပြည်သူများအား လှည့်စားလိုသော ဆန္ဒဖြင့် ဂျာနယ်များ အင်တာနက်စာမျက်နှာများတွင် သူမ၏ ရုပ်ပုံများကို ဖိုတိုရှော့နည်းပညာများသုံးကာ နုပျိုစေရန်
 ပြုပြင်ပြိးဖော်ပြနေသည်ကိုတွေ့ရှိရပါသည်။သို့သော်လည်း တရားဝင်ပြောကြားခြင်းမရှိသည့် သတင်းများအရ ဒေါ်စုတွင်သားအိမ်ခေါင်းကင်ဆာဖြစ်ပွါးနေပြီး စိတ်လှုပ်ရှားလျှင် မကြာခဏ
 မူးဝေ အော့အန် မေ့လဲတတ်သေးကြောင်းများကိုမူတွေ့ရှိနေရပါသည် ။မဲဆွယ်ကာလက မန္တလေးတွင်တကြိမ် ၊ထားဝယ်ခရီးသွားစဉ်ကတကြိမ်၊ဘင်္ဂလီကုလားများရခိုင်ပြည်ကိုမီးတိုက်နေစဉ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်သည် နိုင်ငံခြားတွင် ဆုပြေးယူစဉ်က တစ်ကြီမ်ဖြင့်စုစုပေါင်း ၃ကြိမ် ရှိပြီဖြစ်ပါတယ်။
 ထို့ကြောင့် သူမအနေနှင့် ၁၉၈၈ အရေးအခင်းကာလ မိခင်နေမကောင်းစဉ်ကပြန်လာခဲ့ပြီးနော်က ဗကပလက်ဝဲဝါဒီများ စင်ပေါ်တင်ပေးခဲ့စဉ်အချိန်မှစ၍ ယခုအချိန်ထိ ဒေါ်စုမှနေပြီး သူမ ပြောဆိုခဲ့သော
 စကားများကို ယခုတိုင်မည်သည့်ကိစ္စရပ်မှ အကောင်အထည်မဖော်နိုင်သေးသည်ကို မြင်တွေ့ကြရမည်ဖြစ်သည်။သူ့အနေနဲ့နုပျိုနေသေးသည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင့်လတ်ကဲ့သို့
 ဖြတ်လတ်နေကြောင်း ပြသလိုသော သဘောဖြင့် ဒေါ်စုဝါဒီ အတိုက်အခံလက်စွဲများမှနေပြီး သူမအား
 မငယ်ငယ်အောင် ပြုပြုနေပြီး အဝတ်အစားဒီဇိုင်းများကိုလည်း မထပ်အောင် ဆင်ယင်ပေးနေပါသည် ။လွတ်တော်ခေါ်စဉ်ကာလအတွင်း တစ်ရက်မှအဝတ်အစားတင်မက နားကပ်ကအစ တရက်နဲ့တရက် 
မထပ်ခဲ့ကြောင်းကို သူမ၏ ဒီဇိုင်နာ မာမီဒီဒီး(ခေါ်)ခွန်ဒီးယမ်၏ ဖေ့ဘုတ်စာမျက်နှာတွင် ကြည့်ရှုနိုင်ပါသည်။
အောက်ပါပုံများတွင် သူမအား နုပျိုဟန် ပြုပြုင်ထားသော ဖိုတိုရှော့နည်းပညာဖြင့် ပြောင်းလဲထားသော ပုံများကိုတွေ့မြင်ရမည်ဖြစ်သည်။
မျက်နှာတစ်ဖက်နဲ့တစ်ဖက်မတူညီပဲ ပုံညာဘက်က အသားအရေတွန့်ခြင်းများမရှိပဲ ချောမွှေ့နေခြင်း

ဒေါ်စုမျက်နှာတစ်ခုတည်းကို bright အလင်းတောက်တောက် ဖြည့်ထားသည့်မျက်နှာ
အထူးခြားဆုံး အထင်ရှားဆုံးဖိုတိုရှော့ဖြင့်ဒေါ်စုမျက်နှာနဲ့အသားအရေများဟာ ဆယ်ကျော်သက်မော်ဒယ်လိုချောမွေ့နေ

ဒေါ်စု၏ မူလမျက်နှာအား လွန်စွာ အိုစာနေခြင်းကိုတွေ့ရစဉ်(အပေါ်ပုံများနှင့်ယှဉ်ကြည့်ပါ)
(မောင်ကျောက်ခဲ အဖွဲ့)

ဘကြီးသက်
Unknown at 10:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

OIC ရုံးကိစ္စ ပြန်ရှင်းပါ


 OIC ခေါ် အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်သွယ်ရေးရုံး မြန်မာပြည်ထဲမှာ ဖွင့်ခွင့်မပြုဘူးလို့ မြန်မာအစိုးရက ဆုံးဖြတ်ခဲ့ရာမှာ တရားဝင် အကြောင်းကြားစာ မရသေးတဲ့အပြင် အခုလို ဆုံးဖြတ်ချက်အပေါ် ဖြေရှင်းချက်ပေးဖို့ တောင်းခံစာတစ်စောင်ကိုလည်း မြန်မာအစိုးရထံ ပို့ထားတယ်လို့ OIC အဖွဲ့က ဆိုပါတယ်။

အဖွဲ့ဝင်ပေါင်း ၅၇ နိုင်ငံတဲ့ ဒီ OIC အစ္စလာမ်နိုင်ငံများအဖွဲ့ရဲ့ သတင်းပြန်ကြားရေးဌာနက မစ္စ် မဟာ ရက်ခီးက ရခိုင်ပြည်က ဒုက္ခသည်တွေကို ကူညီရေး အတွက် ရုံးဖွင့်ဖို့ကို ပြီးခဲ့တဲ့လကပဲ မြန်မာ အစိုးရနယ်စပ်ဝန်ကြီးနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးခဲ့တာကြောင့် အခုလို ဖျက်သိမ်း လိုက်တာကိုလည်း ရှင်းပြဖို့ မြန်မာအစိုးရမှာ တာဝန်ရှိတယ်လို့ ဆိုလိုက်တာပါ။
မစ္စ် မဟာကပဲ နယ်စပ်ဝန်ကြီး ဦးသိန်းဌေးနဲ့ OIC အဖွဲ့ရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း လေ့လာရေး ကိုယ်စားလှယ် အဖွဲ့ သံအမတ်ကြီးတို့ကြား စက်တင်ဘာလက နားလည်မှုစာချွန်လွှာ လက်မှတ် ထိုးရာမှာ ရန်ကုန်နဲ့ စစ်တွေ မြို့ကြီးတွေမှာ ဆက်သွယ်ရေးရုံးဖွင့်ဖို့ကိုလည်း ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံထဲက ရန်ကုန်၊ မန္တလေးနဲ့ စစ်တွေ မြို့ကြီးတွေ အပါအဝင် မြို့ကြီးတချို့မှာ OIC ရုံးဖွင့်ရေးကိုဆန့်ကျင်တဲ့ သံဃာတော်နဲ့အမျိုးသမီးဆန္ဒပြပွဲတွေ ဖြစ်လာနေချိန်မှာ မြန်မာအစိုးရက OIC ရုံး မဖွင့်ဖို့ကို မနေ့က ကြေညာပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံထဲ ဂျွန်လမှာ စဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းက ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကြား ပဋိပက္ခတွေအတွင်း သေဆုံးခဲ့ရသူ ၇၀ ကျော် ရှိခဲ့ပြီး ဒုက္ခသည်ပေါင်း ၈၀,၀၀၀ ပတ်ဝန်းကျင်ရှိလာခဲ့ချိန်မှာ OIC အဖွဲ့က ဒီပဋိပက္ခ ထပ်မဖြစ်အောင် စောင့်ကြည့်ရင်းနဲ့ ဒုက္ခသည်တွေ ကူညီရေးအတွက် မြန်မာနိုင်ငံကို သွားလည်ခဲ့ပြီး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။
 Lu Bo
ဘကြီးသက်
Unknown at 10:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာဆိုတာ ...ဒါမျိုး

တွေးကြည့်တိုင်း ပြုံးစရာကောင်းသော အဖြစ်အပျက်လေး ပြောပြချင်သည်။ 
စိတ်ကြည်နူးစရာကောင်းသလို အံ့သြစရာလည်းကောင်းသည်။
ပြီးတော့ ဒီအဖြစ်အပျက်က Update လည်းဖြစ်သည်။
နန်းခင်ဇေယျာနှင့် ပတ်သတ်လေသည်။

ကျွန်တော့်တွင် ကိုယ်ပိုင်အလုပ်ရှိပါသည်။
သို့သော် အလုပ်ပါးရက် နားရက် ညများတွင် မိတ်ဆွေတစ်ယောက်၏ အလုပ်အား အချိန်ပိုင်းအဖြစ်သွားလုပ်ပေးတတ်၏။
အပိုဝင်ငွေရသလို ပညာလည်း ရသောကြောင့်ဖြစ်သည်။
ဘယ်ရွှေ့ဘယ်မျှဟု အချိန်နှင့် လုပ်အားခကို သတ်မှတ်ထားခြင်းမဟုတ်။
သူအလုပ်မနိုင်သည့် အခါများတွင် ကျွန်တော့်ကို လာခေါ်တတ်ပြီး ကျွန်တော်အလုပ်အားသည့်အခါများတွင်လည်း သူခေါ်ခေါ် မခေါ်ခေါ်သွားလုပ်ပေးတတ်သည်။ 
နားလည်မှုနှင့် အလုပ်လုပ်သည်ပဲ ဆိုပါတော့။
ကျွန်တော်က ၄င်းအလုပ်တွင် ဂရပ်ဖစ်ဒီဇိုင်းများဆွဲပေးရသည်။ 
ဆေးရိုက်သည့် လုပ်ငန်းဖြစ်သည်။ 

ယင်းအလုပ်တွင် မြန်မာကောင်လေးတစ်ယောက်ရှိသည်။ 
ရှားရှားပါးပါး သူတစ်ယောက်သာ မြန်မာပါ ပါသည်။ 
အသက်က ၂၄ နှစ်ဝန်းကျင်လောက်ရှိပြီး ကျွန်တော်သူ့ကို ကိုမင်းဟု ခေါ်သည်။ သူ ကျွန်တော့်ကို ကိုလင်းဟုခေါ်သည်။

မြန်မာချင်းမို့ ကျွန်တော်အလုပ်လာလုပ်သည့် ညများတွင် သူ အလွန်ပျော်သည်။ ကျွန်တော်က သူ့ကို ဒီဇိုင်းပညာလေး နည်းနည်းပါးပါးသင်ပေးတတ်တာလည်းပါသည်။ သူ့အလုပ်ပါးချိန်တွင် ကျွန်တော်အလုပ်လုပ်သည့် အနားတွင် လာထိုင်ပြီး စကားပြောရင်း ပညာသင်တတ်သည်။ 

ယမန်နေ့ညက ကျွန်တော် ထိုအလုပ်သို့ရောက်သောအခါ ထုံးစံအတိုင်း ကျွန်တော့်နားမှာ လာထိုင်သည်။ ပြီးတော့ သူ ကျွန်တော့်ကို ပြောသည်။

“ကိုလင်း နန်းခင်ဇေယျာ ဘယ်လောက်ရသွားပြီလဲ ကြည့်ပေးပါ” 
ကျွန်တော် အံ့သြသွားသည်။ 
ဘာဖြစ်လို့လဲဟု ပြန်မေးသောအခါ...စပ်ဖြဲဖြဲဖြင့် ပြန်ပြောသည်။
“စိတ်မချလို့” 
“ဘာ...”
ကျွန်တော် ရယ်ချင်သွားသည်။ 
“မင်းက ဘာကို စိတ်မချတာလဲ ”
“တခြားမယ်တွေ သူ့ကို ကျော်သွားမှာစိုးလို့ဗျ.. ကျွန်တော် ဒီနေ့တစ်နေ့လုံး သူ့ကို ထိုင်ကလစ်နေတာ... မနက်မိုးလင်းကတည်းကပဲ... ဒီနေ့ အလုပ်တောင် လာချင်တာမဟုတ်ဘူး...“

ကျွန်တော် သူပြောချင်သည်ကို သဘောပေါက်ပါသည်။
သူက အလုပ်တွင် ကွန်ပျူတာ သုံးခွင့်ရသူမဟုတ်။ 
အလုပ်လာသည့်အခါ သူ့ကွန်ပျူတာကို အိမ်တွင်သာထားခဲ့ရသည်။
ကျွန်တော် နားမလည်သည်က ဘာဖြစ်လို့ နန်းခင်ဇေယျာကို အသည်းအမဲဖြစ်နေသလဲ ဆိုတာ ဖြစ်သည်။

“မင်းကလည်းကွာ.....စိတ်ထဲမှာ အဲလောက်မထားနဲ့လေ.. မင်း မဗုတ်လဲ သူများတွေ ဗုတ်ပါလိမ့်မယ်။ ပြီးတော့ သူများမယ်တွေ ကျော်သွားတော့ကော ဘာဖြစ်လဲ .. ဒါပြိုင်ပွဲပဲ ဥစ္စာကို ”

သူ ကျွန်တော့်ကို မျက်နှာထားတည်တည်ဖြင့် ပြောသည်။
“ကိုလင်း.. ကျွန်တော်သူ့ကို ကလစ်နေတာ ဒီနေ့မှ မဟုတ်ဘူး.. နှစ်ရက်ရှိပြီ. ကျွန်တော် ကလစ်တာတောင် မရှိဘူးဆို အနည်းဆုံး အချက် တစ်သောင်းလောက်တော့ရှိမယ်.. ကိုယ့်မြန်မာ ထိပ်ဆုံးမှာ ရောက်နေတာမြင်တော့ ကျွန်တော် အရမ်းပျော်တယ်..
အခုအချိန်ရောက်မှ သူများက ကပ်နိုင်သွားရင် ကျွန်တော် နှစ်ရက်လုံးလုံး နှိပ်ခဲ့တာတွေ အလကားဖြစ်သွားမှာပေါ့.. သူဆုရရင်ကောင်းမှာပဲဗျာ.. မစ်စ်အင်တာနေရှင်နယ် မရနိုင်မှန်းသိပေမယ့် မစ်စ်အင်တာနက်လေးတော့ ရစေချင်တယ်.. ကိုလင်းကကော မရစေချင်လို့လား...”
သူ ကျွန်တော့်ကို မေးသည်။

ရုတ်တရက် ကျွန်တော် ဘာပြန်ပြောရမှန်း မသိ။
သူ့မျက်နှာကို ကြည့်ရတာ တကယ်မျှော်လင့်ချက်အပြည့်နှင့် ပြောနေတာမှန်း သိသာလွန်းသည်။ ယခင်လို ပြောင်တောင်တောင် နောက်တောက်တောက် အမူအရာမရှိ။ တည်ကြည်သော မျက်ဝန်းများကို တွေ့ရသည်။

စိတ်ထဲမှာ တော်တော် ကျေနပ်သွားသည်။ 
ဘာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် ကိုယ့်လူမျိုးကို ချစ်ခင်အားပေးသောစိတ်ကလေးကို တွေ့ရသောကြောင့်ဖြစ်သည်။
နန်းခင်ဇေယျာ ဆုရခြင်း မရခြင်းသည် တကယ်တော့ ကျွန်တော်တို့လက်တွေ့ဘ၀များတွင် ဘာအကျိုးသက်ရောက်မှုမှ မရှိပါ။
မြန်မာ နိုင်တယ်ကွ..ဆိုသည့် ဂုဏ်ဒြပ်တစ်ခုမျှသာ ဖြစ်ပါသည်။

ယခင်က နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် နိုင်ငံတကာပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်သော နန်းခင်ဇေယျာအတွက် ကျွန်တော်လည်း မြန်မာတစ်ယောက်အဖြစ် ဂုဏ်ယူခဲ့ပါသည်။ ယခုတော့ နန်းခင်ဇေယျာထက် ပိုမို ဂုဏ်ယူစရာကောင်းသည်မှာ သူမကို အားပေးသော ကမ္ဘာတစ်ဝှမ်းရှိ မြန်မာများဖြစ်လာသည်။ 
စည်းလုံးမှု၊ ချစ်ခင်ရင်းနှီးမှုနှင့် အားတက်သရော ထောက်ခံမှုများသည် နိုင်ငံချစ်စိတ်၏ အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။ 
သူတို့သည် နန်းခင်ဇေယျာထက် မြန်မာဆိုသည့် အမည်ကို ပိုချစ်သူများဖြစ်ပါသည်။ 
မြန်မာနိုင်သည်..ဟူသော ဂုဏ်ဒြပ်လေးတစ်ခုအတွက် ယခုလောက်တောင် ချစ်ကြည်စည်းလုံးနိုင်သည်ဆိုလျှင် အမျိုးဘာသာ သာသနာမပျောက်ပျက်ဖို့အတွက်တော့ ပို၍ပင် စည်းလုံးပါလိမ့်မည်။
မည်သည့် အားနည်းချက်များ ရှိသည်ဖြစ်စေ....
မြန်မာလူမျိုးဟူသည် အရေးကြီးလျှင် သွေးစည်း သွေးနှီးတတ်ကြသည်မှာ တကယ်ပင် ဂုဏ်ယူစရာဖြစ်ပါသည်။ ကျေနပ်စရာဖြစ်သည်။

ထို့နောက် ကျွန်တော် နန်းခင်ဇေယျာလင့်ခ်ကို ဖွင့်ပြသည်။
အခြားမယ်များထက် နှာတစ်ဖျား သာလွန်နေဆဲ။ 
သို့သော် နေ့ခင်းကလို စက္ကန့်ပိုင်းမှာ ဗုတ်များ ထောင်ချီတက်သည်တော့ မဟုတ်။ လေးရာ ..ငါးရာလောက်သာ တတ်တော့သည်။ ကိုယ်ရွှေကိုယ်မျိုးများ အိပ်နေပီထင်သည်။

သူ မော်နီတာကို ကျေနပ်စွာကြည့်ပြီး ပြုံးဖြဲဖြဲဖြင့် ပြောသည်။
“ သိလား..ကိုလင်း... ကျွန်တော့်မိန်းမကိုလည်း ငါ့ကိုချစ်ရင် မအိပ်နဲ့....ဒီလင့်ခ်ကို ဖွင့်ပြီး ကလစ်နေလို့ ...မှာခဲ့တယ်”

“ဟင် ...မင်းမိန်းမက ကွန်ပျူတာ မသုံးတတ်ဘူးဆို ”
“ဟုတ်တယ်လေ...ဒါပေမယ့် ဘယ်လို လုပ်ရမယ်ဆိုတာ သင်ပေးခဲ့တယ် ... ခက်တာမှ မဟုတ်တာ... ဒါလေးဖွင့်လိုက် ... ကလစ်လိုက်... ပြန်ပိတ်လိုက်... ပြတ်ဖွင့်လိုက်ဆိုပြီး ပြခဲ့တာ...”

“သြော်... အေးအေး ကောင်းပါတယ်ကွာ ...ဟားဟား...”
ကျွန်တော် သဘောကျစွာဖြင့် အော်ကြီးဟစ်ကျယ် ရယ်သည်။
တစ်ညလုံး ထိုင်ကလစ်နေမည့် သူ့မိန်းမကို မြင်ယောင်မိ၍ဖြစ်သည်။
တကယ်တော့ သူမိန်းမလေးက မြန်မာမဟုတ်။
အင်ဒိုနီးရှားမလေး ဖြစ်လေသည်။

ခပ်တုံးတုံး..ခပ်အအ ရှိသော အင်ဒိုနီးရှားမလေးသည် သူတို့နိုင်ငံက မစ်စ်အင်ဒိုနီးရှားလည်း ပြိုင်ပွဲဝင်ကြောင်း သိတောင် သိမည်မဟုတ်ပါ။
ယောကျာ်းလုပ်သူ ခိုင်းသည့်အတိုင်း မစ်စ်မြန်မာကိုသာ တစ်ညလုံး ထိုင်ကလစ်နေပါလိမ့်မည်။

ဘကြီးသက်
Unknown at 10:14 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမှန်က . . .ဤသို့ဖြစ်ပါသည်

THE MYANMAR TIMES ဂျာနယ် October 8-14,2012 Volume 33, No.647 ကို ဖတ်နေရင်း စာမျက်နှာ ၂ ကိုအရောက် ကျွန်တော့်မျက်လုံးများ ရုတ်တရက်ပြာဝေ သွားပါသည်။ သေချာစွာစူးစိုက်၍  ထပ်မံကြည့်မိပါသည်။ ကာတွန်းဆရာ တစ်ဦးက အစိုးရ၏ငြိမ်း ချမ်းရေးဆောင်ရွက်မှုတွင် တပ်မတော်မှ ဆန့်ကျင်ဘက်အသွင် ဆောင်ရွက်နေ သယောင် သရုပ်ဖော် ရေးဆွဲထားခြင်း ဖြစ်ပါသည်။ ကျွန်တော့်စိတ်ထဲ အတော်ပင် ထိခိုက် ကြေကွဲစွာ ခံစားရပါသည်။ တပ်မတော်မှ နိုင်ငံတည်ငြိမ်အေးချမ်းစေ ချင်လွန်းသဖြင့် အစိုးရနှင့် ပူးပေါင်းပြီး ငြိမ်းချမ်းရေးကို တစိုက်မတ်မတ်ဆောင် ရွက်နေသည့် အချိန်တွင် ယခုကဲ့သို့ တစ်စုံတစ်ယောက်က ဆန့်ကျင် ဘက်သဘော ရေးဆွဲဖော်ပြခဲ့ခြင်း အတွက် အံ့သြတုန် လှုပ်ခြင်းလည်း ဖြစ်ခဲ့ရပါသည်။  ကျွန်တော့်လိုပင်   တပ်မတော်သားအားလုံးလည်း စိတ်မကောင်းခြင်းကြီးစွာဖြစ်ရ မည်ဟု နားလည်ခံစားမိပါသည်။ တစ် ဦးတစ်ယောက်၏ ရည်ရွယ်ချက်မဲ့  (ဟုထင်ပါသည်)   ရေးဆွဲလိုက်သည့် ကာတွန်းတစ်ကွက်သည် ကြည့်ရှုမိသူ အတွက် တပ်မတော်၏ သဘောထား အပေါ် မှားယွင်းစွာ တွေးထင်ကောင်း တွေးထင်နိုင်စေလိမ့်မည်ဖြစ် ပါသည်။ ထို့ကြောင့် တပ်မတော်၏ ငြိမ်းချမ်းရေးအပေါ် သဘောထားရပ်တည်ချက်များ ကို ကျွန်တော်သိ သလောက် ရှင်းပြသင့် သည်ဟု ယူဆလာမိပါသည်။



ကာတွန်းပါ သရုပ်ဖော်ချက်သည် တပ်မတော်၏ မူဝါဒနှင့် လုံးဝဆန့်ကျင် လျက်ရှိနေကြောင်း အများပြည်သူ သိစေ လိုပါသည်။  နိုင်ငံ၏သမိုင်းနှင့်ထပ်တူ ထပ်မျှယှဉ်တွဲ တည်ရှိခဲ့သော  တပ်မတော်အနေဖြင့် နိုင်ငံတော်၏ လက်ရှိ ဆောင်ရွက်နေသော ငြိမ်းချမ်းရေးလုပ် ငန်းစဉ် (Peace Process) များတွင် လည်း နိုင်ငံတော်နှင့် တစ်သွေးတည်း တစ်သားတည်း လိုက်ပါဆောင်ရွက် လျက်ရှိနေပါသည်။ တပ်မတော်သမိုင်း တစ်လျှောက် အသက်သွေးချွေးများ စတေး၍ ဆင်နွှဲခဲ့ရသော စစ်ဆင်ရေး များအားလုံးသည် နိုင်ငံတော် တည်ငြိမ် ရေးနှင့်ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်ခဲ့ရခြင်းသာ ဖြစ်ကြောင်းကို နိုင်ငံ့သမိုင်းက သက်သေခံလျက်ရှိ ပါသည်။ တပ်မတော်မှ ငြိမ်းချမ်းရေး တည်ဆောက်  လာသည်မှာ ယနေ့လို ဒီမိုကရေစီခေတ် မှ  မဟုတ်ဘဲ ပြည်တွင်း သောင်းကျန်းမှု စတင်ခဲ့သည့် လွန်ခဲ့သောနှစ်ပေါင်း ၆၄ နှစ် ကတည်းကပင် ဖြစ်ကြောင်း ညွှန်းဆို လိုပါသည်။

ယနေ့နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သည် နိုင်ငံတွင် ဒီမိုကရေစီ ဆက်လက် ရှင်သန် ရေးအတွက် အဓိကလိုအပ်ချက် ၂ ရပ်ဖြစ်သည့် တည်ငြိမ်အေးချမ်းရေးနှင့် စီး ပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက် ရှိပါသည်။ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးအတွက် နိုင်ငံရေး လုပ်ငန်း စဉ်များတွင် All Inclusive Political  Process ကိုအကောင်အထည် ဖော်နေပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်လျက်ရှိရာ အစိုးရမှချမှတ်ထားသော လုပ်ငန်းစဉ်များအပေါ် တပ်မတော်မှ လိုက်ပါဆောင်ရွက်လျက် ရှိပါ သည်။



၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက် နေ့တွင် နိုင်ငံတော် သမ္မတရုံးမှ  တပ်မတော်အား ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ တပ်များရွှေ့ပြောင်းခြင်း၊ KIA တပ်စခန်းများအား ချီတက်ထိုး စစ်ဆင်တိုက်ခိုက်ခြင်း များမပြုလုပ်ရန် ညွှန်ကြား ထားရှိမှုအပေါ် တပ်မတော်မှ တိကျစွာ လိုက်နာလျက်ရှိ ပါသည်။ ယခုအချိန် အထိလည်း စိတ်ရှည်သည်းခံစွာဖြင့် လိုက်နာဆောင်ရွက်ဆဲဖြစ်ပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရာ တွင် ဦးဆောင်ဦးရွက်ပြုရန် အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီကို ၃-၅-၂ဝ၁၂ ရက် နေ့တွင် နိုင်ငံတော် သမ္မတရုံး၏ အမိန့် အမှတ် ၁၁/၂ဝ၁၂ ဖြင့် နိုင်ငံတော် သမ္မတ ဥက္ကဋ္ဌအဖြစ် ပါဝင်သည့်အဖွဲ့ဝင် ၁၁ ဦးဖြင့်  ဖွဲ့စည်းခဲ့ပါသည်။

ယင်းနေ့တွင်ပင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီကို နိုင်ငံတော် သမ္မတရုံး၏  အမိန့်အမှတ် ၁၂/၂ဝ၁၂  ဖြင့် အဖွဲ့ဝင်ပေါင်း ၅၂ ဦး ဖြင့် ဖွဲ့စည်းခဲ့ပါ သည်။ ဗဟိုကော်မတီတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ လုပ်ငန်းကော်မတီ တွင် ဒုတိယတပ်မ တော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)သည် ဒုတိယ ဥက္ကဋ္ဌအဖြစ် လည်းကောင်း ပါဝင်လျက် ရှိပါသည်။ ထို့ကြောင့် တည်ဆောက်ပြီး ခဲ့သည့် ငြိမ်းချမ်းရေး ရလဒ်များတွင် တပ် မတော်ခေါင်းဆောင် များသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက် ခဲ့သည်ကို ရှင်းလင်းပြတ်သား စွာ မြင်တွေ့နိုင်ပြီဟု ယူဆပါသည်။



နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၂ဝ) ပုဒ်မခွဲ(စ)တွင် ''တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည်'' ဟု အတိအကျဖော်ပြ တာဝန်ပေးအပ်ထားပြီး ဖြစ်ပါသည်။ ၄င်းဖွဲ့စည်းပုံ အခြေခံ ဥပဒေပါအတိုင်း တပ်မတော်အနေဖြင့် လိုက်နာဆောင်ရွက် သွားမည်ပင်ဖြစ် ပါသည်။ လက်ရှိအခြေ အနေများတွင် ပဋိပက္ခများ ဖြစ်ပွားနေသည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် ရှိနေရာ အချို့အတွင်း လက်နက်ကိုင် အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေ ခံဥပဒေနှင့် ညီညွတ် မှုမရှိခြင်း၊ ငြိမ်းချမ်း ရေးနှင့် ပတ်သက်သော သဘောတူညီ မှုများကို ဖောက်ဖျက်နေခြင်း များကြောင့် တပ်မတော်မှ ဥပဒေနှင့် အညီဆောင်ရွက် နေရခြင်းသာဖြစ် ပါသည်။

တစ်နည်းအားဖြင့် တပ်မတော်၏ လက်ရှိဆောင် ရွက်နေမှုများ သည် အဓိကတာဝန်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်နေခြင်းပင်ဖြစ်ကြောင်း သိစေလိုပါသည်။



တပ်မတော်၏ ငြိမ်းချမ်းရေးအပေါ် သဘောထားနှင့် ပတ်သက်ပြီး သံသယ ဖြစ်နေသူများ အတွက် ၂၈-၃-၂ဝ၁၂ ရက်နေ့ထုတ် သတင်းစာများကို ညွှန်း ဆိုလိုပါသည်။ ၂ဝ၁၂ ခုနှစ် (၆၇)နှစ် မြောက် တပ်မတော်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ပြောကြားခဲ့သော မိန့်ခွန်းအား လေ့လာကြည့်ပါက တပ်မတော်၏  ငြိမ်းချမ်း ရေးအပေါ် သဘောထားအား မီးမောင်းထိုးပြထားသလို ထင်ရှားစွာမြင်တွေ့ နိုင်မည်ဖြစ်ပါသည်။ အချို့ကို ကောက်နုတ်ဖော်ပြရပါသော် ''အသက်ခန္ဓာကို စွန့်လွှတ်ပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ကို ထမ်းဆောင် ကြရသော တပ်မတော်သည် ထာဝရငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီးလိုလားပါသည်။ ဖြစ်နိုင်သမျှ ထာဝရ ငြိမ်းချမ်းရေးရရှိအောင် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် နိုင်ငံတော်နှင့် အတူ လက်တွဲ ဆောင်ရွက် သွားမည်ဖြစ်ပြီး  ထိုမှတစ်ဆင့် နိုင်ငံတော် ဖွံ့ဖြိုးတိုး တက်ရေးကို အလေးထားဆောင်ရွက် သွားမည်'' ဟု အခိုင်အမာ ပြောကြားခဲ့ပါသည်။ ယင်းမိန့်ခွန်းတွင်ပင် ''တိုင်းရင်းသားများ  စုပေါင်းနေထိုင်ကြ သော မိမိတို့နိုင်ငံ၌  နိုင်ငံရေးစွမ်း အားမြင့်မားရေး အခြေခံလိုအပ်ချက်သည် တိုင်းရင်းသား စည်းလုံးညီညွတ် ရေးနှင့် နိုင်ငံအေးချမ်းတည်ငြိမ်မှုရှိ ရေးပင်ဖြစ်သည်'' ဟုလည်း ထည့်သွင်းပြောကြား ခဲ့ပါသည်။ တိုင်းရင်း သားစည်း လုံးညီညွတ်ရေး အရေးပါပုံနှင့် အစိုးရ၏နိုင်ငံရေး ဆောင်ရွက်ချက်များ အောင်မြင်ရန် တည်ငြိမ် အေးချမ်းမှု ရှိရေး အဓိကကျပုံ တို့ကို ထုတ်ဖော်ပြော ကြားခဲ့ခြင်း ဖြစ်ပါသည်။



THE MYANMAR TIMES ဂျာနယ်ပါ ကာတွန်းပုံသည် ငြိမ်းချမ်းရေးကို လိုလားသူ လူသားတိုင်းအတွက် မလိုလားဖွယ် မြင်ကွင်းဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ၊ အစိုးရနှင့် တပ်မတော်တို့ ပူးပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ၊ လုပ်ငန်း ကော်မတီတို့၏ ထာဝရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို သိလျက်နှင့် တမင်ထိခိုက်စေလိုသည့် ရည်ရွယ်ချက်၊ ပျက်စီးစေလိုသည့် ကြံရွယ်ချက် များနှင့် ရေးသားသည်ဟု ယူဆဖွယ်ရှိ နေပါသည်။

ယနေ့ တပ်မတော်သည် ငြိမ်းချမ်းရေး ရရှိပြီးသော ဒေသများရှိ ပြည်သူများ ၏ ပညာရေး၊ ကျန်းမာရေးစသည့် ကိစ္စအရပ်ရပ်တွင် ကိုယ်ရောစိတ်ပါနှစ်၍ လူအင်အား၊ ပစ္စည်းအင်အားများဖြင့် ဆောင်ရွက်ပေးလျက်ရှိနေ ပါသည်။ လူသူအရောက်အပေါက် ဝေးကွာသည့် ဆက်သွယ်မှုခက်ခဲသော နေရာများအထိပါ တာဝန်သိသိ၊ အသိစိတ်ရှိရှိဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို သက်ဆိုင်ရာ အစိုးရများနှင့် ပူးပေါင်းလုပ် ဆောင်ပေးလျက် ရှိပါသည်။ သာဓကအားဖြင့် ကရင်ပြည်နယ်၊ ကယားပြည် နယ်လို ဒေသမျိုးတွင်ဖြစ် ပါသည်။

ပြည်သူများ၏ အသက်အိုးအိမ်စည်း စိမ်လုံခြုံမှုအတွက် တရားဥပဒေ စိုးမိုး ရေးသည် အဓိကအခြေခံအကြောင်း အချက်ကြီး ဖြစ်ပါသည်။ တရားဥပဒေ စိုးမိုးရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိ ရန်လိုအပ်ပါသည်။ နိုင်ငံအဝန်း တည်ငြိမ်အေးချမ်းရေးကို တပ်မတော်မှ အကောင်အထည်ဖော်နေခြင်းသာ ဖြစ်ပါသည်။

THE MYANMAR TIMES ကဲ့သို့ ဂုဏ်သိက္ခာရှိ ဂျာနယ်ကြီးတစ်စောင်မှ နိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များအပေါ် တပ်မတော်မှ လိုက်ပါဆောင်ရွက်မှု မရှိသယောင် ပုံဖော်ရေး ဆွဲထားသည့်ကာတွန်းအား  ဖော်ပြခဲ့ခြင်းသည် ထိလွယ်ရှလွယ် သဘောတရား Sensitivity ဖြစ်ပေါ်လာနိုင် သည်ကို နားလည် သင့်ပါသည်။ ထိုကဲ့သို့ဖော်ပြ ခြင်းက တပ်မတော်အပေါ်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ် ငန်းများအပေါ် အနည်းနှင့် အများဆိုသလို ထိခိုက်စေနိုင်ပါသည်။



ဤနေရာတွင် အပိုင်း(၂)ပိုင်း ယူဆနိုင်ပါသည်။ ပထမပိုင်းမှာ ကာတွန်း ရေးဆွဲသူ အနေဖြင့် တပ်မတော်အား ထိခိုက်စေလိုသော သဘောဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်သည်ဟု ယူဆနိုင် သကဲ့သို့ ဒုတိယ တစ်ပိုင်းမှာ မည်သည့် ရည်ရွယ် ချက်မှမရှိဘဲ တိုက်ဆိုင်မှု တစ်ခုသာဖြစ်သည်ဟုလည်း ယူဆနိုင်ပါသည်။ တပ်မတော်အနေဖြင့် ရေးဆွဲသူသည် မည်သည့် ရည်ရွယ်ချက်မှ မရှိဘဲ ပျော်စေပျက်စေ သဘောဖြင့်သာ ရေးဆွဲခဲ့သည် ဟု သဘောထားကြီးစွာ ယူဆပါသည်။ ရေးဆွဲသူနှင့် တည်းဖြတ်သူများ၊ အယ်ဒီတာချုပ်၊ ဂျာနယ်တိုက် ပိုင်ရှင်များ နောင်ဤကဲ့သို့ ထပ်မံမမှားယွင်းစေရေး သတိပြုဆောင်ရွက်သွားရန် လိုအပ်ကြောင်း  ရှင်းလင်းရေးသား ရခြင်းဖြစ်ပါသည်။ အများပြည်သူ အထင်အမြင်လွဲမှားစေမည့် ရေးဆွဲမှုမျိုးကို နောင်တွင်ဆင်ခြင် သွားရန် လိုအပ် သကဲ့သို့ ဂျာနယ်မှ တာဝန်ရှိသူများ အနေဖြင့်လည်း သိရှိ ထိန်းသိမ်းသွားရန် လိုအပ်မည်ဖြစ်ပါသည်။ တပ်မတော်၏ သဘော ထား ခံယူ ချက်များ၊ လုပ်ဆောင်နေသည့် ငြိမ်းချမ်း ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အပါအဝင် ပကတိအမှန်တရားများကို သိရှိလိုပါက ကာကွယ်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးနှင့် Myawady Web Portal  တို့တွင် စုံစမ်း မေးမြန်းကြည့်ရှု နိုင်ပါသည်။

သမိုင်းအစဉ်အလာကောင်းသော တပ်မတော်သည် ပြည်သူကြားမှ ပေါက်ဖွားလာသော တပ်မတော်ဖြစ် သည်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အသက်အိုးအိမ် စည်းစိမ်များကို အစဉ်ကာကွယ် စောင့်ရှောက်ရန် အမြဲဦးထိပ်ပန်ဆင် ဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံအား ဒုက္ခရောက်စေမည့်၊ တိုင်းရင်းသား ချစ်ကြည် စည်းလုံးမှုပြိုကွဲ ပျက်စီးစေမည့်၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးမည့် ပြည်တွင်း ပြည်ပအန္တရာယ် မှန်သမျှနှင့် အဖျက် လုပ်ရပ်မှန်သမျှကို အစဉ်အလာအားဖြင့်  ကာကွယ်စောင့်ရှောက် ခဲ့ သလို  အနာဂတ်တွင်လည်း သမိုင်းအစဉ်လာ ကောင်းများကို ဆက်လက်ထိန်းသိမ်းကာ ကာကွယ်စောင့်ရှောက် သွားမည် ဖြစ်ပါသည်။



တပ်မတော်၏ သမိုင်းကြောင်းသည် နိုင်ငံ၏ သမိုင်းကြောင်းနှင့် ခွဲခြား၍မရ ဆိုသည်ကို အားလုံးက လက်ခံ ထားပြီးဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ပထဝီအနေအထား သမိုင်းကြောင်း များ အရ နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး၏ အမျိုးသား အကျိုးစီးပွားကို ထိန်းသိမ်း စောင့်ရှောက် အကောင်အထည် ဖော်ရန် အတွက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဆိုသည့်  ဒို့တာဝန်အရေး (၃)ပါးကို အမျိုးသားရေး မူဝါဒအဖြစ်  ချမှတ်ထားပါသည်။ တပ်မတော် သည် ဒို့တာဝန်အရေး (၃)ပါးကို ဦးထိပ်ထားပြီး နိုင်ငံတော်၏ အကျိုးစီးပွား၊  ပြည်သူလူထု၏ အကျိုးစီးပွား များနှင့် အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့် ရှောက်နေခြင်း ဖြစ်သ ကဲ့သို့ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး၊ ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး များကို ပြည်သူလူထု နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် လူမျိုးစွဲ၊ ဒေသစွဲ များမပါရှိဘဲ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် အမျိုးသားနိုင်ငံရေး သက်သက်ကိုသာ ဆောင်ရွက် နေခြင်းဖြစ် ပါသည်။ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် စစ်မှန်သော မျိုးချစ်စိတ် ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် တပ်မတော်ကပါဝင် ထမ်းဆောင်နေခြင်းသာ ဖြစ်ပါသည်။

တပ်မတော်သားကောင်းတို့၏ အရည်အချင်းမှာ စစ်စည်းကမ်းကောင်း မွန်ခြင်းနှင့် အမိန့်နာခံခြင်းပင် ဖြစ်ပါသည်။ တပ်မတော်သားတိုင်းသည် စစ်စည်းကမ်း၊ စစ်မြေပြင် စည်းကမ်းများအပြင် နိုင်ငံတော်က   ထုတ်ပြန်ထားသည့် ဥပဒေစည်းကမ်းများကို နိုင်ငံသားများနည်းတူ လေးစားလိုက်နာ ကြရပါသည်။ တပ်မတော်၏  အား(၁ဝ)ပါးတွင် တစ်ပါးအပါ အဝင်ဖြစ်သည့် အမိန့်နာခံ တတ်မှုသည် တပ်မတော်၏ ဂုဏ်ဒြပ် တစ်ခုဖြစ်ပါသည်။ အမိန့်နာခံမှုကောင်းသော တပ်မတော်အဖြစ် သမိုင်းစဉ် တစ်လျှောက်    ဂုဏ်သတင်း မွှေးပျံ့ခဲ့သည်မှာ ထူး၍မပြောလိုတော့ပါပြီ။ မျက်မှောက်ခေတ်တွင်လည်း နိုင်ငံတော်အပေါ် သစ္စာစောင့်သိရင်း အမိန့်နာခံမှု ကောင်းသည့် တပ်မတော်ပီသစွာ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များအပေါ် မမှိတ်မသုန် စိတ်ရောကိုယ်ပါ လိုက်ပါဆောင်ရွက်လျက် ရှိနေပါသည်။ တပ်မတော်၏ အစဉ်အလာ (၁၂)ရပ်တွင် ပါဝင်သော မျိုးချစ် တပ်မတော်ဖြစ်သည် ဆိုသည်နှင့် အညီ မိမိတိုင်းရင်းသား လူမျိုးများအပေါ် ချစ်မြတ်နိုးစွာ တစ်အူထုံ့ဆင်း ညီရင်းအစ်ကို စိတ်ဓာတ်ဖြင့် ယမ်းခိုးယမ်းငွေ့များ ကင်းစင်သည့် ထာဝရ ငြိမ်းချမ်းရေး ပန်းတိုင်သို့ နိုင်ငံတော်အစိုးရ၊ ပြည်သူများနှင့် ပူးပေါင်း၍ ဆက်လက် အရောက်လှမ်းသွားမည် ဖြစ်ကြောင်း ရှင်းလင်းရေးသားရပါသည်။   


Myanmar Express 

ဘကြီးသက်
Unknown at 10:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူရန်မရှိကြောင်း ၀န်ကြီးဌာနအင်ဂျင်နီယာချုပ်ပြောကြား




ပြည်ပသို့  Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူမှုများ ပြုလုပ်ရန်မရှိကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။
အင်တာနက်နှင့်ပြည် တွင်း မီဒီယာအချို့တွင်ဖော်ပြနေသကဲ့သို့ မိုဘိုင်းဖုန်းများတွင် Viber စနစ်ထည့်သွင်း၍ ပြည်တွင်း၊ ပြည်ပသို့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပါက ဖုန်းလိုင်းဖြတ်တောက်ခြင်းနှင့် တရားဆွဲဆိုမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက''မီဒီယာအချို့မှာ ဖော်ပြနေတဲ့ Viber စနစ်ကိုသုံးရင် အရေးယူမယ်။လိုင်းဖြတ်မယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ Viber  စနစ်နဲ့ ဖုန်းခေါ်တာ ပြည်သူတွေအကျိုးရှိနေတာပဲ။ဘာမှ အရေးယူဆောင်ရွက်တာတွေ ပြုလုပ်ဖို့မရှိပါဘူး''ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် Skype,Pfingo နှင့် Viber စနစ်များဖြင့် နိုင်ငံတကာသို့ တရားမ၀င်ဆက်သွယ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊မိုဘိုင်းဖုန်း Sim Card ကို အသုံးပြု၍  Viber စနစ်ဖြင့် အသုံးပြုနေခြင်းများအတွက် မသင်္ကာသည့် မိုဘိုင်းဖုန်းများကို ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ကာ   တရားမ၀င်သုံးစွဲနေကြောင်း စစ်ဆေးတွေရှိပါက ဖုန်းလိုင်းကို ပိတ်ပင်သွားမည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
Viber စနစ်ဖြင့် နိုင်ငံ ခြား ဖုန်းခေါ်ဆိုမှု အသုံးပြုနေသူတစ်ဦးက'' Viber စနစ်က မိုဘိုင်းဖုန်းကနေ နိုင်ငံခြားကို ဖုန်းခေါ်ဆိုခနည်းနည်းနဲ့ ပြောဆိုဆက်သွယ်လို့ရတဲ့ စနစ်ပါ။ဒီစနစ်ကို သုံးဖို့အတွက် Android ဖုန်းတွေမှာ software ထည့်ပြီး သုံးရတာပါ။ တစ်ချို့ဖုန်းဆိုင်တွေမှာ အဲဒီ Software ကို Free ထည့်ပေးပါတယ်။အဓိကက နိုင်ငံခြားခေါ်ရင် တရားဝင်သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေထက်သက်သာလို့ နိုင်ငံခြားခေါ်ဆိုမှုပဲ အဓိကသုံးဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
အဆိုပါ Viber စနစ်ဖြင့် မိုဘိုင်းဖုန်းခေါ်ဆိုခြင်းကို နောက်ပိုင်းတွင်ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီး သုံးစွဲရသူများလည်းအဆင်ပြေကြောင်း သိရသည်။
 Myanmar Express
ဘကြီးသက်
Unknown at 10:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယနေ့ အောက်တိုဘာ ၁၇ နေ့တွင် AZG ဆိုတာဘာလဲ ဟူသည့်


AZG ဆိုတာဘာလဲ ဟူသည့်

မေးခွန်းများထွက်ပေါ်လာကြောင်း နှင့် ဖုန်း message များတွင် ပျံ့နှံ့သောသ တင်းများအရ စစ်တွေမြို့ပေါ်တွင် ဆေးခန်းဖွင့်လှစ်ရန်စီစဉ် လျက်ရှိကြောင်းသိရသည်။

ထိုဆေးခန်းကို မိဇံရပ်ကွက်တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်းနှင့် ဟော်လန် နိုင်ငံခြေအစိုက် နယ်စည်း မထား ဆရာဝန်များအဖွဲ့ခေါင်းစဉ်ဖြင့် ၀င်ရောက်လာသော Asia Zonder Greezen အဖွဲ့ဖြစ်သည်။

ယင်းအဖွဲ့မှ၏ ရုံးအုပ်ကြီးဦးကျော်လှအောင် သည်ပင် အဖမ်းခံခဲ့ရပြီး နိုင်ငံတော်အမှအခြေအနေအရ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းသို့လွှတ်လိုက်သည့်အတွက် ရခိုင်သားများနှင့် အတူမနေနိုင်ကြောင်းလည်း ဦးကျော်လှအောင်က မီဒီယာများသို့ပြောကြားခဲ့ပြီးဖြစ်သည်။
လက်ရှိ တွင် ရခိုင်ပြည်နယ်အတွင်း ဆေးခန်းဖွင့်လှစ်နိုင်ရေး အတွက် သွေးတိုးစမ်းခြင်းနှင့်နည်းမျိုးစုံဖြင့် ကြိုးစားနေသောအဖွဲ့တစ်ခုဖြစ်ကြောင်းလည်းသိရသည်။
သို့သော်လည်း ထိုအဖွဲ့၏ လုပ်ရပ်များသည် ဘင်္ဂလီများကိုသာ ဦးစားပေးဆက်ဆံခဲ့သည်ကို သဇင် ဆေးခန်းသို့သွားရောက်လေ့လာ ဖူးသူတိုင်းသိကြမည်ဖြစ်ပါသည်။

အလားတူ ရခိုင်တိုင်းရင်းများ၏အရေးထက် ဘင်္ဂလီများ၏အရေးကိုသာ ထည့်တွက်စဉ်းစားသည့် အဖွဲ့ တစ်ခုဆိုလျင်ပိုပြီးမှန်လိမ့်မည်ဟုသိရသည်။ ဆေးပုံးများတွင် မသမာသောပစ္စည်းများကိုထည့် သွင်းကာ မောင်တောသို့ ပို့ဆောင်ပေးခဲ့သော ထိုအဖွဲ့အား ပြည်သူများကလက်ခံမည်မဟုတ်ကြောင်း လည်း ကြားသိရပါသည်။

ထိုဆေးခန်းမဖွင့်လျှင် ရခိုင်တိုင်းရင်းသားများသေသွားမည်လား ဆိုသည့်မေးခွန်းသည်လွန်စွာအရေး ပါလှပြီး အစိုးရကလည်း ပါဆယ်လာပေးလျင် ဖွင့်ခွင့်ပေးလိုက်သည်များရှိနေကြောင်းသိရသည်။ ယင်း အတွက် ဒေသခံအဖွဲ့အစည်းများကို လုပ်ကိုင်ခွင့်အပြည့်အ၀ပေးလိုကြောင်း၊ ဒေသခံများစိတ်ကြိုက် စီမံဆောင်ရွက်လိုကြောင်းများကိုလည်း တောင်းဆို သွားကြမည့်အနေအထားတွင်ရှိနေကြောင်းသိရ သည်။

ယင်အတွက်ကန့်ကွက်မှုများ ပြုလုပ်ရန် စီစဉ်နေကြခြင်းဖြစ်ကြောင်း လည်းသိရှိရပါသည်။

REF: Rakhine Straight Views


ဘကြီးသက်
Unknown at 9:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွတ်လပ်ခွင့်၊ မီဒီယာ၊ သတင်းနှင့် ပြည်သူ့ဖျော်ဖြေမှုကဏ္ဍ

ယခုတစ်လော သတင်းစာ၊ဂျာနယ်၊ရုပ်သံလိုင်းများနှင့် အခြားပြည်သူ့ဖျော်ဖြေရေးကဏ္ဍများတွင် လွတ်လပ်ခွင့်ကို ကိုယ်ပိုင်အဓိပါယ်ဖွင့်ဆိုချက်များဖြင့် သဘောတရားအမှားများပြုလုပ်နေကြောင်း ပြည်သူများက ထောက်ပြလိုက်သည်။ အချို့သောဂျာနယ်များတွင်လွတ်လပ်ခွင့်နှင့်အတူ ပြည်သူ့ဘက်ကရပ်တည်သောသတင်းများကို ရေးသားဖော်ပြမှုများပြုလုပ်နိုင်ခဲ့ ကြသော်လည်း ဂျာနယ်တော်တော်များများတွင်မူ လွတ်လပ်ခွင့်ကို အကြောင်းပြုပြီး မိမိတို့၏ ကိုယ်ရေးကိုယ်တာအကျိုးအမြတ် ရရှိမှုကိုသာ ဦးတည်ရေးသားဖော်ပြနေခြင်းများလည်းရှိကြောင်း ပြည်သူအချို့ကထောက်ပြဝေဖန်လိုက်သည်။ 
အငြိမ်းစားကျောင်းအုပ်ဆရာကြီးတစ်ဦးဖြစ်သူ ဦးကံညွန့်က “လွတ်လပ်ခွင့်ကို တစ်ချို့ကဘယ်လို ဖွင့်ဆိုသလဲတော့မသိဘူး။ ကျွန်တော်တို့ တွေ့နေရတဲ့ အနုပညာဂျာနယ်အချို့မှာတော့ ၀တ်စား ဆင်ယင်မှုကို လွတ်လပ်ခွင့်အနေနဲ့ အသုံးချနေတာတွေ့ရတယ်။ 
သူတို့ဂျာနယ်စောင်ရေလွတ်လပ်တာလားလွတ်ထွက်နေတာလားဆိုတာစာဖတ်သူတွေကိုယ်တိုင်သိကြပါတယ်။ ပြီးတော့အားကစားသတင်းဂျာနယ်တွေမှာ နောက်ပိုင်းပါလာတဲ့ ပွဲကြိုသုံးသပ်ချက်တွေမှာ လောင်းကစားဆိုင်ရာ အသုံးအနှုန်းတွေထည့်သုံးလာတာတွေ့ရတယ်။ ဒီတော့ ဒီဂျာနယ်တွေက အားကစားအားပေးမှာလား? လောင်းကစားအားပေးမှာလား? စဉ်းစားစရာပဲ” ဟု သူ့ရဲ့အမြင်ကို ပြောပြသွားပါတယ်။
နေ့စဉ်ရုပ်မြင်သံကြားအစီအစဉ်များအားကြည့်ရှုသူအဘွားအိုတစ်ဦးက“တစ်ချို့အစီအစဉ်တွေကတော့ကောင်းပါတယ်၊ ဆွေးနွေးခန်းတို့ ဘာတို့ပေါ့။ ပြီးတော့ ဆရာတော်ကြီးတွေရဲ့ တရားခွေလေးတွေလွှင့်ပေးတာကောင်းပါတယ်။ ညပိုင်းအစီအစဉ်တွေမှာတော့ လူငယ်ကြိုက်တွေများတယ်။ လူငယ်တွေကပြောတော့ တိုးတက်တယ်တိုးတက်တယ်နဲ့ အဘွားမြင်တာတော့ မိန်းကလေးတွေဝတ်တာ တိုတက်လာတာပဲတွေ့တယ်၊ ယဉ်ကျေးမှုအတွက် စိုးရိမ်စရာပဲ” ဟု ဝေဖန်သွားပါတယ်။ ကိုမျိုးညီညီကဝေဖန်ပြောဆိုရာမှာ” ယခင်ဝန်ကြီးဦး ကျော်ဆန်းနဲ့ အခု ဦးအောင်ကြည်အပြောင်းအလဲမှာ ဘာသွားတွေ့လဲဆိုတော့၊ ရေကူးဝတ်စုံနဲ့ ကြေငြာကို သွားတွေ့မိတယ်။ ပြီးတော့ တီဗီအစီအစဉ်တွေကြေငြာတဲ့ Presenter အမျိုးသမီးတွေရဲ့ ဘောင်းဘီတိုတိုကပ်ကပ်တွေ တွေ့လာရတယ်။ ကျွန်တော် အဲဒီတီဗီအစီအစဉ်တွေရဲ့ တာဝန်ရှိသူတွေကိုမေးချင်တယ် “ဒါမီဒီယာပြောင်းလဲမှုလား”လို့၊ ကျွန်တော်တို့ မျှော်လင့်နေတာက မီဒီယာလွတ်လပ်ခွင့်နဲ့ အတူ လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အပြုသဘော ထောက်ပြဝေ ဖန်နိုင်တဲ့ အစီအစဉ်မျိုးတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ လူငယ်ပိုင်း အမေးအဖြေကဏ္ဍတွေ စတဲ့ အရင်ကမရှိခဲ့တဲ့ အစီအစဉ်မျိုးတွေကို ထုတ်လွှင့်စေချင်တာ။ 
အခုတော့ အဲဒီလိုမဟုတ်ဘူး။ လူငယ်တွေကို ယဉ်ကျေးမှုချောက်ကမ်းပါးကို တွန်းပို့နိုင်တဲ့ အစီအစဉ် မျိုးတွေ အများဆုံးပြသလာတယ်။ စင်ပေါ်မှာ ၀တ်ချင်တိုင်းဝတ် ကဲချင်တိုင်းကဲနေတာကို အောက်က ဒိုင်လူကြီး အနုပညာရှင်တွေက ညီလေးကကောင်းပါတယ်၊ ညီမလေးတို့က မဆိုးပါဘူး လုပ်နေတဲ့ အစီအစဉ်တွေများလာတယ်။ ရုပ်ရှင်၊ဗီဒီယိုပိုင်းမှာလဲ လန်းချင်တိုင်းလန်းနေကြတယ်။ မြန်မာ့ရုပ်ရှင် ဗီဒီယိုကြေငြာက ရေကူးဝတ်စုံနဲ့ မဟုတ်ရင်ခေတ်မမီတော့သလိုဖြစ်လာတယ်။ 
သရုပ်ဆောင်ပညာက အနုပညာလား? ရေကူးဝတ်စုံကအနုပညာလားလို့ မေးရမလိုဖြစ်နေပြီ။ အပြောင်းအလဲ တစ်ခုမှာ ဒီရလဒ်တွေကို အစကတည်းက ခန့်မှန်းပြီးသားပါ။ ဒါပေမယ့် ရလဒ်တွေက အပေါင်းရလဒ်ထက် ဆုတ်ယုတ်မှုကပိုများနေတာတော့ တာဝန်ရှိသူတွေသိဖို့လိုမယ်။ ကာယကံရှင်တွေကိုယ်တိုင်လည်း အသိရှိဖို့လိုတယ်။ ကိုယ့်အစီအစဉ်၊ ကိုယ့်အနုပညာကို ကြည့်နေတဲ့ ပရိတ်သတ် အတွက် အားဆေးမဖြစ်ရင်တောင် အဆိပ်ခွက်တော့ မဖြစ်ကြစေချင်ဘူး။ အချိန်မီမပြင် ဆင်နိုင်ရင် မျိုးဆက်သစ်ညီငယ်ညီမငယ်တွေအတွက် အရမ်းအန္တရာယ်ကြီးတယ်။ အခုတောင် တစ်ချို့မှုခင်းသတင်းတွေမှာ လူငယ်ပိုင်းပြဿနာကြောင့် အရွယ်မတိုင်ခင် ဘ၀နွမ်းကြရသူတွေ အကြောင်း တော်တော်များများတွေ့လာရပြီ။”ဟု ၄င်းအမြင်ကို ပြောဆိုသွားပါတယ်
By: People Development for Knowledge
 http://8888goldfingers.blogspot.com
ဘကြီးသက်
Unknown at 12:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.