Wednesday, October 17, 2012

ပြည်ပသို့ Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူရန်မရှိကြောင်း ၀န်ကြီးဌာနအင်ဂျင်နီယာချုပ်ပြောကြား




ပြည်ပသို့  Viber စနစ်ဖြင့် ဖုန်းခေါ်ဆိုမှုများကို လိုင်းဖြတ်တောက်ရန်နှင့် အရေးယူမှုများ ပြုလုပ်ရန်မရှိကြောင်း ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက ပြောကြားခဲ့သည်။
အင်တာနက်နှင့်ပြည် တွင်း မီဒီယာအချို့တွင်ဖော်ပြနေသကဲ့သို့ မိုဘိုင်းဖုန်းများတွင် Viber စနစ်ထည့်သွင်း၍ ပြည်တွင်း၊ ပြည်ပသို့ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ပါက ဖုန်းလိုင်းဖြတ်တောက်ခြင်းနှင့် တရားဆွဲဆိုမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက''မီဒီယာအချို့မှာ ဖော်ပြနေတဲ့ Viber စနစ်ကိုသုံးရင် အရေးယူမယ်။လိုင်းဖြတ်မယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူး။ Viber  စနစ်နဲ့ ဖုန်းခေါ်တာ ပြည်သူတွေအကျိုးရှိနေတာပဲ။ဘာမှ အရေးယူဆောင်ရွက်တာတွေ ပြုလုပ်ဖို့မရှိပါဘူး''ဟု ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် Skype,Pfingo နှင့် Viber စနစ်များဖြင့် နိုင်ငံတကာသို့ တရားမ၀င်ဆက်သွယ်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊မိုဘိုင်းဖုန်း Sim Card ကို အသုံးပြု၍  Viber စနစ်ဖြင့် အသုံးပြုနေခြင်းများအတွက် မသင်္ကာသည့် မိုဘိုင်းဖုန်းများကို ၀င်ရောက်စစ်ဆေးမှုများပြုလုပ်ကာ   တရားမ၀င်သုံးစွဲနေကြောင်း စစ်ဆေးတွေရှိပါက ဖုန်းလိုင်းကို ပိတ်ပင်သွားမည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
Viber စနစ်ဖြင့် နိုင်ငံ ခြား ဖုန်းခေါ်ဆိုမှု အသုံးပြုနေသူတစ်ဦးက'' Viber စနစ်က မိုဘိုင်းဖုန်းကနေ နိုင်ငံခြားကို ဖုန်းခေါ်ဆိုခနည်းနည်းနဲ့ ပြောဆိုဆက်သွယ်လို့ရတဲ့ စနစ်ပါ။ဒီစနစ်ကို သုံးဖို့အတွက် Android ဖုန်းတွေမှာ software ထည့်ပြီး သုံးရတာပါ။ တစ်ချို့ဖုန်းဆိုင်တွေမှာ အဲဒီ Software ကို Free ထည့်ပေးပါတယ်။အဓိကက နိုင်ငံခြားခေါ်ရင် တရားဝင်သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေထက်သက်သာလို့ နိုင်ငံခြားခေါ်ဆိုမှုပဲ အဓိကသုံးဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
အဆိုပါ Viber စနစ်ဖြင့် မိုဘိုင်းဖုန်းခေါ်ဆိုခြင်းကို နောက်ပိုင်းတွင်ပြည်တွင်း၌ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြပြီး သုံးစွဲရသူများလည်းအဆင်ပြေကြောင်း သိရသည်။
 Myanmar Express
ဘကြီးသက်
Unknown at 10:06 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.