Sunday, October 7, 2012

မြန်မာ နိုင်ငံ ဘဏ် ငွေကြေး ဂယက် (တိုက်ရိုက် တင်ဆက် မှု )

L-new_26

ကမ္ဘော ဇ ဘဏ် လက်ရှိ ထွက် ပေါ် နေသည့် သတင်း များ နှင့် စိုးရိမ် စရာ မလို ကြောင်း ဗဟိုဘဏ်
ဒုညွှန်ချုပ် ဦးဝင်းသော် က ယနေ့  ပြု လုပ် သည့် သတင်း စာ ဆရာ များ နှင့် တွေ့ ဆုံ မှု တွင် ပြောကြား
လိုက်သည်။
ကမ္ဘော ဇ ဘဏ် အတွက် ဒုညွှန် ချုပ် က တာဝန်ယူ သည် ဟု ဆို သော်လည်း အဆို ပါဘဏ် ဉ် ငွေကြေး
စနစ် ကမောက် ကမ ဖြစ်သည့် အခါ ဗဟို ဘဏ် က ၀င်ရောက် ဆိုက် ထည့်ပေး မည် လား ဆိုသည့်ကို
မူ သူက ပြောကြား သွား ခြင်း မရှိ ချေ။
ယနေ့  စနေ နေ့ တွင် လည်း ကမ္ဘော ဇ ဘဏ် တွင် သာမက အခြား ပုဂ္ဂလိက ဘဏ် အချို့ တွင် လည်း
အပ် နှံ ထား သူများ က ငွေ ထုတ် ယူ မှု များ ရှိ နေသည်။
ဘဏ်တွင် ငွေပြတ်လပ် နေသည် ဟု ကောလ ဟာလ သတင်း ထွက် ပေါ် နေသည့် ကမ္ဘောဇ ဘဏ်သည့်
ဘဏ်ခွဲ ပေါင်း ၈၀ ၊ ၀န်ထမ်း အင်အား ၂၀၀၀ ကျော်ဖြင့် လုပ် ကိုင် နေသည့် ဘဏ်လုပ် ငန်း အတွေ့ အကြုံ
ရှိ ဘဏ် တစ်ခု ဖြစ်သည်။
______________
မန္တလေး တိုင်း ၊ မန္တလေး မြို့  နှင့် နေ ပြည်တော် တွင် ကမ္ဘောဇ ဘဏ် အပြင် အခြား ပုဂ္ဂလိက ဘဏ်များ မှ
လည်း အပ် နှံ ထား သူများ က ငွေ ထုတ် ယူ မှု များ ရှိ နေသည်။
ယမန်နေ့  သောကြာ နေ့  တစ်နေ့ တည်း ငွေထုတ်ယူမှု မှာ ကျပ်သိန်းပေါင်း ကိုးထောင် (ကိုး ဘီလျှံ) အမေရိ
ကန် ဒေါ်လာ ဖြင့် ၁၀.၅ သန်း ခန့် ရှိသည် ဟု သိရသည်။
ရန်ကုန် တိုင်း လှိုင်သာယာ မြို့ နယ် ၊ မကွေတိုင်း မကွေး မြို့ နယ်များ တွင် ကမ္ဘော ဇ ဘဏ် မှ ငွေ ထုတ်ယူခဲ့
သူများ အား လုယက် တိုက်ခိုက်မှု များ ရှိ
“ဒါကတော့ ပြောလို့တော့ မရဘူးပေါ့။ ဒါတွေက လုပ်ကြံမှု၊ မနာလိုတာလည်း ပါမယ်။ ပျက်စီးရာ ပျက်စီးကြောင်း
ကြံတဲ့ဟာလည်း ပါမယ်။ ဘဏ်တခုတည်းကိုတော့ ဦးတည်လိမ့်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲ ဆိုတော့
အန်ကယ်တို့က ဘဏ်အကြီးဆုံး ဖြစ်နေတာကိုး” 
Update
၂၀၁၁ ခုနှစ် မတ်လ က တာဝန်မှ အနားယူ ပြီး ဖြစ်သည့် စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည်
မြန်မာ ပုဂ္ဂလိက ဘဏ် ဥက္ကဌ   ခြောက်ဦး အား  တနင်္လာ နေ့  ဉ် ၎င်း၏ နေပြည်တော် အိမ် ဉ် ခေါ်ယူ တွေ့ ဆုံ မည် ဟု
သတင်း ရရှိသည်။
ထိုတွေ့ ဆုံ မှု ဉ် လတ်တလော မြန်မာ နိုင်ငံ တွင်း ဖြစ် ပွား နေသည့် ဘဏ် နှင့် ငွေကြေး ဂယက် တွင် အခြား မလို
လား အပ်သော နောက် ဆက် တွဲ အကျိုးဆက် များ ပါ ထူးထူးခြားခြား ရှိလာ ၍ ဟု FNG မှ သိရသည်။
လက်ရှိ ပုဂ္ဂလိက ဘဏ်လုပ်ငန်း ရှင်များ သည့် ယခင် စစ်အစိုးရ ခောတ် ကတည်း က အာဏာပိုင်များ နှင့် ၀င်ဆံ့
သူများ  ဖြစ်ခဲ့ ပြီး ယခင် စစ်အာဏာပိုင်များ ၏ ကျောထောက် နောက်ခံ ကြောင့် လက်ရှိ အစိုးရ အဖွဲ့  ၀င်များ မှာ
ဘဏ် လုပ်ငန်း ရှင် များ အပေါ် သြဇာ မငြောင်း ဟု သိရသည်။
 FNG
ဘကြီးသက်
Unknown at 3:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

CCNA အခမဲ့သင်တန်း ဖွင့်မည်ဟုဆို

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှိုင်တက္ကသိုလ် နယ်မြေမှာရှိတဲ့ Myanmar Infotech ဝင်းအတွင်းက အဆောင် (၁) Theatre- 4 မှာ  (CCNA) အခမဲ့သင်တန်းကို နိုဝင်ဘာလ (၄) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့အထိ အပတ်စဉ် စနေနေ့နဲ့ တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ် သင်ကြားသွားမယ်လို့ ပြောပါတယ်။
Photo

အဲဒီသင်တန်းမှာ သင်ကြားပို့ချမယ့် ဘာသာရပ်များကတော့ Routing, Switching, VLAN, STP, EtherChannel, InterVLAN, Routing အစရှိတဲ့ ဘာသာရပ်တွေကို သင်ကြားပို့ချသွားမှာ ဖြစ်ပြီး အဆိုပါသင်တန်းတွင် TCP/IP, IPv4 Addressing, Network Concepts အခြေခံရှိသူများ တက်ရောက် သင်ကြားနိုင်တယ်လို့ ဆိုပါတယ်။ အဆိုပါ သင်တန်းကို နည်းပြအဖြစ် ဦးစည်သူအောင်ခိုင် B.C.Tech (Hons:), DITC (Electronics) YTU, CCVP, CCNP, Cisco Telepresence Solutions Speciallist မှ ဦးစီးသင်ကြားမှာ ဖြစ်ပါတယ်။ အဲဒိသင်တန်းကို စိတ်ပါဝင်စားသူများ တက်ရောက်လိုပါက သင်တန်းတက်ရောက်မည့် စာရင်းကို အောက်တိုဘာလ (၂၆) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမှာဖြစ်ကာ အသေးစိတ် သိလိုသည်များကို ဖုန်းနံပါတ် 0973094584 ဦးစည်သူအောင်ခိုင်နဲ့ ဖုန်းနံပါတ် 0973013144 ကိုအောင်ထွန်းဦး၊ ဖုန်းနံပါတ် 0949219433 ကိုသန့်ဇင်ဦး၊ ဖုန်းနံပါတ် 098534086 ကိုနန္ဒာထွန်းတို့ထံတွင် ဆက်သွယ်မေးမြန်း စုံစမ်းနိုင်တယ်လို့ သိရပါတယ်။



ဘကြီးသက်
Unknown at 10:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗုဒ္ဓဘာသနာတော်ဆိုင်ရာ ချစ်ကြည်ရေး ဓာတ်ပုံပြပွဲ ပြသမည်





ရွှေတိဂုံစေတီတော်ရင်ပြင်၏ ရာဟုထောင့်ချမ်းသာကြီး တန်ဆောင်း၌ နိုဝင်ဘာ ၃ ရက် မှ ၁၈ ရက်အထိ မြန်မာ-ဂျပန် နှစ်နိုင်ငံ၏ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ချစ်ကြည်ရေး ဓာတ်ပုံပြပွဲကို (ဒုတိယအကြိမ်) ပြသမည် ဖြစ်သည်။ အဆိုပါ ဓာတ်ပုံပြပွဲကို ဂျပန်နိုင်ငံမှ ဓာတ်ပုံပညာရှင် ဆာကိရာစံနှင့် မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင် ဦးသန်းဇော်တို့က ပူးပေါင်းပြသခြင်းဖြစ်ပြီး ပထမအကြိမ်ပြပွဲကို ၂၀၀၆ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့ကြောင်း သိရသည်။ ဂျပန်ဓာတ်ပုံပညာရှင်သည် အရှေ့တောင်အာရှ နိုင်ငံများမှ ထင်ရှားသည့် ဘုရားကျောင်းကန်များ၊ အထင်ကရ ရုပ်တုများ၊ ဘုန်းတော်ကြီး ဓာတ်ပုံများနှင့် မြန်မာနိုင်ငံမှ ဓာတ်ပုံပညာရှင်ကလည်း မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ဓာတ်ပုံများဖြင့် စုစုပေါင်း ဓာတ်ပုံ ၁၀၀ ကျော် ပြသမည်ဖြစ်သည်။ ဓာတ်ပုံပညာကို စိတ်ပါဝင်စားသူ မည်သူမဆို လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း  သိရှိရသည်။
ဘကြီးသက်
Unknown at 10:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကွန်တိန်နာတွင်း လက်နက်တွေ့မှု စုံခုံရုံးဖွဲ့စစ်ဆေးနေ



လက်နက်တွေ့ခဲ့သည့် ဂျုံစေ့ကွန်တိန်နာများ ပါလာသော သင်္ဘောကပ်ခဲ့သည့် သီလဝါဆိပ်ကမ်း အနီး ငါးဖမ်းနေသူများ (ဓာတ်ပုံ – Reuters)
ပါကစ္စတန် နိုင်ငံမှ မှာယူထားသော ဂျုံစေ့ ကွန်တိန်နာတခုတွင် တရုတ်နိုင်ငံလုပ် ပစ္စတိုတလက်နှင့် ကျည်ဆံများ တွေ့ရှိခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်း ပေါင်းစုံပါဝင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ (စုံခုံရုံး) ဖွဲ့စည်းကာ စုံစမ်းနေပြီး စစ်ဆေးချက်အပေါ် မူတည်၍ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ နယ်စပ်နှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဧရာဝတီသို့ ပြောသည်။
ယင်း ကွန်တိန်နာသည် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်ကြီး တဦးဖြစ်သော ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်သည့် ဒိုင်းမွန်းစတား ကုမ္ပဏီက မှာယူထားခြင်းဖြစ်ကြောင်း၊ စက်တင်ဘာလ ၂၄ ရက်နေ့က ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ဒိုင်းမွန်းစတား ဂျုံစက်ရုံတွင် သီလ၀ါဆိပ်ကမ်းမှ သယ်ဆောင်လာသည့် ဂျုံ ကွန်တိန်နာများကို ဖွင့်ဖောက်ပြီး စက်ရုံအတွင်းသို့ သယ်ရန် ပြင်ဆင်နေစဉ် အထုပ်တထုပ်ကို အလုပ်သမားများက တွေ့ရှိခဲ့ကြောင်း၊ ယင်းအထုပ်ကို စက်ရုံတာဝန်ရှိသူများက စစ်ဆေးကြည့်ရှုရာ ပစ္စတို အမျိုးအစား သေနတ်တလက်နှင့် ကျည်ဆံများ ဖြစ်နေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရှိရသည်။
“ပစ္စတို သေနတ်က အသစ်စက်စက် Made in China၊ ရွှေရောင်၊ ကျည်ဆံတွေလည်း ပါတယ်။ အလုပ်သမားတွေက တွေ့တွေ့ချင်း သက်ဆိုင်ရာကို အကြောင်းကြား ခဲ့ပါတယ်။ ဘယ်လို ပါလာသလဲဆိုတော့ သေသေချာချာမသိဘူး” ဟု ဒိုင်းမွန်းစတား ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။
ဗိုလ်မှူးကြီး တင်ဝင်းကမူ လက်နက်တွေ့ရှိမှုနှင့် ပတ်သက်၍ အသေးစိပ် စုံစမ်းစစ်ဆေးလျှက် ရှိကြောင်း၊ လက်ရှိ အခြေ အနေတွင် လက်နက် တွေ့ရှိမှုအပေါ် မည်သို့မျှ မပြောနိုင် သေးဘဲ စုံစမ်း စစ်ဆေးချက်များကို စောင့်ဆိုင်းနေကြောင်း ရှင်းပြသည်။
“ဘယ်လမ်းကြောင်းက လာတာလဲ၊ ဘယ်လို ၀င်လာသလဲ စုံစမ်းစစ်ဆေး နေဆဲပဲ။ လောလောဆယ် အထိတော့ ဘာအဖြေမှ တက်မလာသေးဘူး။ ရလဒ်ပေါ်မှာ မူတည်ပြီး အရေးယူတာတွေ ရှိမယ်။ ဆိပ်ကမ်း စစ်ဆေးရေး လုပ်ငန်းတွေ ပေါ့ဆတယ် ဆိုတာမျိုး တွေ့ရင်လည်း တွေ့ရှိချက်မှာပေါ်မှာ မူတည်မှာပေါ့။ ဒီကွန်တိန်နာတွေ ဆိပ်ကမ်းမှာ X-Ray စက်က ဖြတ်၊ မဖြတ်၊ X-Ray စက် ကောင်း၊ မကောင်း အဲဒါတွေ အကုန်လုံး စစ်ခိုင်းထားတယ်။ အဲဒါတွေစုံမှ သိရမယ်” ဟု ၎င်းက ဆိုသည်။
စုံစမ်းစစ်ဆေးရေး အဖွဲ့တွင် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအပါအ၀င် ပြည်ထဲရေးဝန်ကြီး ဌာနလက်အောက်ရှိ အဖွဲ့အစည်းများစွာ ပါဝင်ကြောင်း သိရှိရသည်။
အကောက်ခွန် အေးဂျင့်တဦးကမူ ကွန်တိန်နာတွင် လက်နက် ပါဝင်မှုသတင်းကြောင့် အကောက်ခွန် ရှင်းလင်းရေး ၀န်ဆောင်မှု ပေးသော အေဂျင်စီများ စိုးရိမ်ထိတ်လန့် နေကြသည်ဟု ပြောသည်။
“လက်နက် ပါလာတဲ့သတင်းကြောင့် အကုန်လုံး ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်တယ်။ အကောက်ခွန် အေဂျင်စီဆိုတာ ကုမ္ပဏီတွေက သွင်းလာတဲ့ ကွန်တိန်နာတွေကို ဆိပ်ကမ်းမှာ သွားထုတ်ပေးတဲ့ ၀န်ဆောင်မှုကို အဓိက ပေးကြတာ။ အဲဒီလို ကွန်တိန်နာမျိုး ထုတ်ပေးမိရင် ကုမ္ပဏီလည်း ပြဿနာတက်မယ်၊ အေဂျင်စီတွေလည်း ပြဿနာတက်မှာ။ အရင်တုန်းက လိုင်စင်မဲ့ ကားတွေပါတဲ့ ကွန်တိန်နာတွေ ထုတ်ပေးမိတဲ့ အေဂျင်စီတွေ ပြဿနာတက်၊ တရားရုံးရောက်၊ လိုင်စင်ပိတ်၊ ထောင်ကျတာမျိုးတွေ ရှိခဲ့ဖူးတော့ ပိုပြီး စိုးရိမ်ကြတယ်” ဟု ရန်ကုန်အကောက်ခွန်အေဂျင်စီတဦးက ဆိုသည်။

ဘကြီးသက်
Unknown at 9:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငါတို့ဆေးပြားတွေ ပြန်ပေးမလား ? မပေးဘူးလား ?ဆိုပြီး ပြည်သူစစ်တွေကို ဝိုင်းထားတဲ့ SSA/SSPP



         
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ အသွင်ပြောင်းလာခဲ့တဲ့အဖွဲ့တွေဟာ နိုင်ငံရဲ့ လိုအပ်ချက်အရ တစ်ချို့ဟာ နယ်ခြားစောင့်တပ်၊ တစ်ချို့ကတော့ ပြည်သူ့စစ်အနေနဲ့ နိုင်ငံအနှံ့အပြားမှာ ရှိနေကြပါတယ်။ နယ်ခြားစောင့်တပ်တွေက သူ့တာဝန်သူကျေကြတယ်။ ဥပမာ- ကချင်ပြည်နယ် ပန်ဝါဒေသက နယ်ခြားစောင့်တပ်တွေဆို သူတို့ကိုလာတိုက်တဲ့ KIA သောင်းကျန်းသူတွေကို
တီးထုတ်လိုက်တာဟိုကောင်တွေ ခွေးပြေးဝက်ပြေး ပြန်ပြေးသွားခဲ့ရတယ်မဟုတ်လား။ ပြည်သူ့စစ်တွေ ကလည်း ဒေသလုံခြုံရေးတွေအတွက် အတော့်ကိုအားကိုးလို့ရလာတာ တွေ့ရပါတယ်။ ကျွန်တော်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဆင်ကျော့ပြည်သူ့စစ် တွေဆိုရင် ကျွန်တော်တို့ဒေသအတွက် အင်မတန်အားကိုးစရာဖြစ်လာပြီဆိုတာ သေချာပါတယ်။ ဘာကြောင့် ပြောရသလဲဆိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၆ ရက်နေ့က လားရှိုးမြို့နယ် နောင်မွန်အုပ်စုထဲက ဟန်နားရွာနားမှာ မူးယစ်ဆေးဝါးပို့ဆောင်တဲ့ တရားခံ (၃)ယောက်ကို မူးယစ်ဆေးဝါးတွေ ကားတွေနဲ့အတူ ကျွန်တော်တို့ ဆင်ကျော့ ဒေသရဲ့ ပြည်သူ့စစ်တွေက ဖမ်းလိုက်နိုင်လို့ပဲဖြစ်ပါတယ်။ 
ဖြစ်တာကဒီလိုပါ… ရွာသားတွေသတင်းပေးလို့ဆင်ကျော့ပြည်သူ့စစ်က အဖွဲ့တွေ ဇွဲကောင်းကောင်းနဲ့ မူးယစ်ဆေးဝါး သယ်ဆောင် မဲ့လမ်းကြောင်းမှာ စောင့်နေခဲ့ကြတယ်။ စောင့်ရကျိုးနပ်သွားတယ်။လူနှစ်ယောက်က ကားတစ်စီးနဲ့မူးယစ်ဆေးဝါးတွေသယ်လာပြီးဟန်နားရွာနားရောက်တော့ နောက်ကားတစ်စီးကို  ပြောင်းပေး ဖို့ ပစ္စည်းတွေချတယ်။ ချိန်းထားတဲ့ကား ရောက်လာတဲ့အခါ ပစ္စည်းပြောင်းတင်ဖို့ လုပ်နေတုန်း ကား (၂) စီး စလုံးနဲ့ တရားခံ (၃) ယောက်ကို အပိုင်ဖမ်းဆီးမိခဲ့တာပါ။

ကျွန်တော်ကြားဖူးသလောက် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်တဲ့ တရားခံတွေဟာ တာဝန်ရှိသူတွေ ဖမ်းဖို့စောင့်နေပြီ၊ မလွတ်တော့ဘူးဆိုရင် ပစ္စည်းအဆုံးခံတယ်။ လူတော့အမိမခံဘဲ လက်လွတ်ထွက်ပြေးတာ များပါ တယ်။ အဲဒီလိုမျိုးဆိုရင် ပိုင်ရှင်မဲ့ဖမ်းမိတာမျိုးတွေပဲ ဖြစ်တတ်တယ်။ အခုကတော့ ကျွန်တော်တို့ ဆင်ကျော့ပြည်သူ့ စစ်တွေက ရဲတွေထက်တောင် ဉာဏ်ပြေးသေးတယ်။ အကွက်ကျကျ ဖမ်းဆီးလိုက်တော့ ငနဲသားတွေကွိကနဲဆို မိပါရောလား။ မိတာမှ အထုပ်အထည်နဲ့ကို မိတာ။ ဆူဒိုအက်ဖီဒရင်းဆေးပြား မြွေရေခွံအိတ်နဲ့ ၈ အိတ်။ အလေးချိန် က ၁၇၆ ကီလိုဂရမ် ၊ ယာဉ်က ၂ စီး။ တရားခံက ၃ ယောက်။ 
          တရားခံတွေကို မင်းတို့ဘယ်ကလဲ… ဒီပစ္စည်းတွေက ဘယ်သူ့ပစ္စည်းတွေလဲ... ဘာလဲညာလဲ… စတာတွေ မေးမလို့လုပ်တုန်းမှာပဲ ဒါငါတို့ဟာတွေပါလို့ လာပြောသူတွေရှိတယ်။ SSPP/SSA လို့ခေါ်တဲ့ ၀မ်ဟိုင်းကအဖွဲ့ပါ။စက်တင်ဘာလ ၂၆ ရက်နေ့ ည ၁၂ နာရီလောက် SSPP/SSA က စုအိန္ဒာနဲ့ အင်အား ၁၀၀ လောက်စုပေါင်းပြီး ဟန်နားရွာမှာရှိတဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးနွံမိန်းရဲ့အိမ်ကိုလာဝိုင်းခဲ့တယ်။ ပြည်သူ့စစ် ၁ ဦး၊ ရွာသား ၁ ဦး ကိုဖမ်းသွားခဲ့တယ်။ အခုထိပြန်မလွှတ်သေးဘူး။ ပြီးတော့ အဖမ်းခံထားရတဲ့ သူတို့ အဖွဲ့ဝင် ၃ ဦးရယ် ကားတွေရယ်၊ ဆေးပြားတွေရယ်၊ ပြန်ပေးရင်ပေး၊ မပေးရင် အင်အားအသုံးပြုပြီးတိုက်ခိုက်ပစ်မယ်။ ဟန်နားရွာကို ၀င်ပြီးတော့ မီးရှို့မယ်။ ဆင်ကျော့ရွာကို အမှုန့်ချေမယ်၊ တွေ့သမျှလူ ရန်သူလို့ပဲသတ်မှတ်မယ်လို့ စာနဲ့ရော ရွာသားတွေနဲ့ တစ်ဆင့်ရော ခြိမ်းခြောက်လာခဲ့တယ်။ အဲဒါကတော့ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေရဲ့ တရားခံတွေကို စစ်စရာမလိုဘဲ ကျွန်တော်တို့ SSPP/SSA အဖွဲ့ဟာ တရားခံတွေပါလို့လာပြောတာနဲ့မတူပေဘူးလားဗျာ။
ပြည်သူ့စစ်ဆိုတာ အစိုးရက တရားဝင်ဖွဲ့ထားတဲ့နယ်မြေကာကွယ်ရေးအဖွဲ့တွေပါ။ နယ်မြေအတွင်းမှာ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ ဒေသခံပြည်သူတွေအေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နိုင်ရေး၊ လိုအပ်ရင် ပြည်တွင်း/ ပြည်ပရန်ကိုပါ ကာကွယ်နိုင်ရေး၊ စတာတွေအတွက် ဖွဲ့စည်းထားတာပါ။ ကျွန်တော်တို့ရှမ်းပြည်နယ်လို မူးယစ်ဆေးဝါး စိုက်ပျိုးမှုရှိတဲ့ဒေသ အတွက် ပြည်သူ့ စစ်တွေလိုအပ်တယ်။ မူးယစ်ဆေးဝါးဟာ ကျွန်တော်တို့အားလုံး ကိုလူညွန့်တုံးစေမှာဖြစ်တဲ့ အတွက်ပြည်သူ့စစ်တွေက တားဆီးကာကွယ်ရမဲ့တာဝန်ရှိတယ်။ ဒီလိုမှမဟုတ်ရင်ပြည်သူ့ စစ်လို့ ဘာလို့ ခေါ်တော့မှာလဲ။
ဝမ်ဟိုင်းကအဖွဲ့ရဲ့ ခြိမ်းခြောက်မှုဟာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကိုပါ ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ ဒီထက်မက ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌတာဝန်ယူထားတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေးကော်မတီကို ခြိမ်းခြောက်တာ လို့လဲ ပြောနိုင် ပါလိမ့်မယ်။ နိုင်ငံရဲ့တရားဥပဒေစိုးမိုးမှုဟာ နိုင်ငံအတွင်းက ဒေသတစ်ခုချင်းစီရဲ့ တရားဥပဒေ စိုးမိုးမှုပေါင်းစပ်ခြင်းလို့ ကျွန်တော်တို့ နားလည်တယ်။ ဒါကြောင့် ဆင်ကျော့ ပြည်သူ့စစ်တွေရဲ့ မူးယစ်ဆေးဝါးတားဆီးရေးလုပ်ဆောင်မှုကို ၀မ်ဟိုင်းအဖွဲ့က အခုလိုခြိမ်းခြောက်တာဟာ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကော်မတီကိုစိန်ခေါ်လိုက်တာလို့ ဆိုချင်ပါတယ်။ 
ဒါကို တာဝန်ရှိသူတွေက လက်ပိုက်ကြည့်မနေကြပါနဲ့။ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်ခံရခြင်းဟာ အင်မတန်အရေးကြီးပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး လုပ်ထားတဲ့အဖွဲ့ဖြစ်ပေမဲ့ ဒါကိုတော့ သည်းမခံသင့်ပါဘူး။ ပြည်သူ့စစ်တွေဘက်က ရပ်တည်ပေးခြင်း အားဖြင့် နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ကာကွယ်ပေးပါ။ နိုင်ငံတော် လုံခြုံရေးအတွက်အဓိကတာဝန်ရှိတဲ့ စစ်တပ်ကိုလည်း အကူ အညီတောင်းပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလဲ ဖိတ်ခေါ်ပါတယ်။ ဒီလိုကိစ္စမျိုးမှာ ရခိုင်ကိစ္စတုန်းကလို လက်ရှောင်မနေပါနဲ့။
အမေစု ခင်ဗျား… ကျွန်မတို့က နိုင်ငံရေး အမြတ်ထုတ်တယ်လို့ အထင်မခံချင်လို့ ၀င်မပါတာပါလို့လဲ ဆင်ချေမပေးပါနဲ့တော့။ တကယ်တမ်း အမေစုတို့အဖွဲ့မှာ အများကြီးတာဝန်ရှိပါတယ်။ ၀မ်ဟိုင်းအဖွဲ့ကို တားဆီးဖို့ လိုပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးတစ်ခု မူးယစ်ဆေးဝါးလုပ်နေတဲ့ ကိစ္စကြီးကို ပြည်သူ့လွှတ်တော်ကဖွဲ့ထားတဲ့ ကော်မတီတစ်ခုက မသိကျိုးကျွံပြုရာ၊ လက်ပိုက်ကြည့်ရာ ရောက်နေပါ တော့မယ်။
SSPP/SSA အဖွဲ့ မူးယစ်ဆေးဝါးနဲ့ အသက်ဆက်ဖို့ကြိုးစားနေတာ DEA ကိုသိစေချင်ပါတယ်။ UNODC လိုလဲမြင်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ ယွက်ဆစ်လို ဘိန်းခင်းထဲက လူကိုမှ ရွှေလင်း ယုန်ဆုပေးခဲ့မိတဲ့ ONCB လိုမဖြစ်စေချင်လို့ပါ။ သူခိုးဓားရိုးကမ်း ဆိုသလိုပေါ့ဗျာ။
ဒါကြောင့် ငါတို့ ဆေးပြားတွေပြန်ပေးမလား….မပေးဘူးလား….လို့လာတောင်းနေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက SSA အဖွဲ့ သို့မဟုတ် ၀မ်ဟိုင်းက SSPP/SSA မူးယစ်ဆေးဝါးဂိုဏ်းကြီးကို တာဝန်ရှိ သူများ ရှင်းလင်းပေးပါရန် ဆင်ကျော့ဒေသခံတွေရဲ့ကိုယ်စား တောင်းဆိုလိုက်ပါတယ်။
ဆင်ကျော့ဒေသက စိုင်းစိန်မော့
(shan news)

ဘကြီးသက်
Unknown at 8:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတကြီး၏ Political Reform နှင့် ယနေ့ မြန်မာ့ပညာရေးစနစ်အပေါ် ယခင်ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်၏ အမြင်

သမ္မတကြီးဦးသိန်းစိန် ဦး ဆောင်သော ပြည်ထောင်စုအစိုးရ  သစ်တက်လာပြီးသည့်နောက်ပိုင်း  သမ္မတကြီးအနေဖြင့်ပြည်တွင်း ငြိမ်းချမ်းရေး၊တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအားရှေးရှု၍ပြည်တွင်းရှိ  နိုင်ငံရေးပါတီများ၊အခြားသော အင်အားစုများနှင့်လက်တွဲကာ ပွင့်လင်းမြင်သာမှုရှိသောဆောင် ရွက်ချက်များပြုလုပ်ခဲ့ပြီး အဆိုပါ  သမ္မတကြီး၏ ဆောင်ရွက်ချက် များအပေါ် ပြည်သူများအပြင်  ကမ္ဘာ့နိုင်ငံများမှလည်း ထောက်ခံ ကြိုဆိုကြလျက်ရှိသည့်အတွက် သမ္မတကြီး၏ Political Reform အပေါ် ယခင်နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်ကြီးဦးခင်ညွှန့်အား Hot News သတင်းထောက်မှ  တွေ့ဆုံ၍ အမြင်သုံးသပ်ချက် အချို့အားမေးမြန်းဖြစ်ခဲ့ရာ-
ဘဘအနေနဲ့သမ္မတကြီး ဦးသိန်းစိန်ရဲ့ စိတ်နေသဘော ထားနဲ့ သမ္မတကြီးရဲ့  Political  Reform အပေါ်ဘယ်လိုမြင်မိပါ သလဲ။
ဘဘနဲ့သမ္မတကြီးဦးသိန်း စိန်တို့ဆိုတာ နှစ်တွေအကြာကြီး  တပ်မတော်မှာလက်တွဲပြီး တာဝန်  ထမ်းဆောင်ခဲ့ကြတာလေ ဒီတော့  သမ္မတကြီးရဲ့စိတ်နေစိတ်ထား သ ဘောထားတွေအပေါ် ဘဘအနေ  နဲ့သုံးသပ်ရမယ်ဆိုရင် ဘဘမြင် တာတော့ သမ်္မတကြီးဟာ အင် မတန်ကို ရိုးသားပါတယ်။အတော့် ကိုလည်းပွင့်လင်းမှုရှိပါတယ်။ပြီး တော့ သူ့ရဲ့စိတ်ကိုက တိုင်းပြည် ကြီးကို တော်တော့်ကို ဖွံ့ဖြိုးတိုး တက်စေချင်တယ်။ကောင်းစားစေ  ချင်တယ်။ဘဘကတော့ အဲ့သလို  မြင်တယ်။
သမ္မတကြီးရဲ့မိန့်ခွန်းတွေအ ပေါ်မှာရော ဘဘ အနေနဲ့ဘယ် လိုသုံးသပ်မိပါသလဲ။
သူပြောတဲ့မိန့်ခွန်းတွေကို ဘဘကြားတယ်။နားလည်းထောင်   ဖူးတယ်။အဲ့ဒီသူ့ရဲ့မိန့်ခွန်းတွေမှာ ဘာတွေ့သလဲဆိုတော့ သူ့ရင်ထဲ စိတ်ထဲကလာတဲ့ စကားတွေကို  ပြောတယ်လို့ပဲ ဘဘမြင်တယ်။  သူ့မိန့်ခွန်းတွေကို ကြည့်ခြင်းအား ဖြင့်သူ့အနေနဲ့ ရိုးရိုးသားသားပြော တယ်ဆိုတာ၊မှန်မှန်ကန်ကန်ပွင့် ပွင့်လင်းလင်းပြောတယ်ဆိုတာ  အရမ်းကို ထင်ရှားနေပါတယ်။  တိုင်းပြည်အတွက် သူဖြစ်ချင်တာ တွေကို အရိုးသားဆုံးပြောတယ် လို့ပဲ ဘဘက မြင်ပါတယ်။သူ့ကို လည်း ဘဘအနေနဲ့ယုံကြည်ပါ တယ်။
သမ္မတကြီးရဲ့ဆောင်ရွက် ချက်တွေအပေါ် ဘဘအနေနဲ့ဘာ   များပြောချင်တာရှိပါသလဲ။
ခုနက သူ့အနေနဲ့မိန့်ခွန်း တွေမှာပြောသလို သူ့အနေနဲ့ပြော  တဲ့အတိုင်းဆက်ပြီးတော့ အကောင် အထည်ဖော်သွားဖို့တော့လိုမယ်  ပြီးတော့ သမ္မတကြီးနဲ့မိန့်ခွန်းတွေ၊  ပြောကြားချက်တွေနဲ့ပတ်သက်ပြီး  တော့အောင်အဆင့်ဌာနဆိုင်ရာ  အကုန်လုံးက သမ္မတကြီးပြောတဲ့ အတိုင်းအပြည့်အ၀ပူးပေါင်း အ  ကောင်အထည်ဖော်သွားဖို့လိုမယ်  တိတိကျကျ ဆောင်ရွက်သွားဖို့ လည်းလိုမယ် အဲ့သလိုလုပ်လို့ တကယ်အကောင်အထည်ပေါ် လာရင် ဘဘတို့ တိုင်းပြည်အရမ်း ကို ကောင်းသွားမယ် အရမ်းတိုး တက်သွားမယ် အဲ့သလိုအကောင် အထည်ဖော်ဖို့အတွက်လည်း သမ္မတကြီးအနေနဲ့လုပ်ဆောင် သွားနိုင်လိမ့်မယ်လို့ ဘဘအနေနဲ့  အပြည့်အ၀ယုံကြည်ပါတယ်။
ယနေ့ မြန်မာနိုင်ငံရဲ့အရေး ကိစ္စတွေထဲကနေ အားနည်းနေ တယ်လို့ ဘဘမြင်တာလေးများ ရှိရင် ပြောပြပေးပါလား။
ဘဘတို့တိုင်းပြည်မှာ သမ္မတကြီးဦးသိန်းစိန်တို့ဦးဆောင်ပြီး တိုင်းပြည်အတွက်လုပ်နေကြပြီ လေ။တစ်ခုပြောချင်တာက ဘဘ တို့ တိုင်းပြည်ရဲ့ပညာရေးစနစ်ကို  ဘဘ သိပ်အားမရဘူး။တိုင်းပြည်  မှာ ယနေ့ကျင့်သုံးနေတာက ကျောင်းသားဗဟိုပြုသင်ကြားရေး စနစ်မဟုတ်ဘူး။ဆရာဗဟိုပြုသင် ကြားရေးစနစ် ဖြစ်နေတယ်။ဒီ တော့ ကျောင်းသားဗဟိုပြုတဲ့အခါ    ကြတော့ ကလေးတွေရဲ့ပညာရေး  လျော့ရွဲမှုတွေဖြစ်လာတယ်။ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေမဲ့လာ တယ်။တိုင်းပြည်တစ်ပြာ်အတွက်  ပညာရေးစနစ်ကောင်းဖို့အရမ်း အရေးကြီးတယ်။ဒါမှပဲတိုင်းပြည်  ကောင်းစားမှာလေ ဒါကြောင့်  ဘဘတို့တိုင်းပြည်ရဲ့ပညာရေးစနစ် ကို ဆရာဗဟိုပြုသင်ကြားရေး စနစ်နဲ့သွားလို့မရတော့ဘူး။ကျောင်း သားဗဟိုပြုသင်ကြားရေးနဲ့သွားရ မယ် အဲ့သလိုကျောင်းသားဗဟို ပြုသင်ကြားရေးစနစ်နဲ့သွားတဲ့အခါ  မှာလည်းသင်ကြားမယ့်ဆရာ၊ဆ ရာမတွေအနေနဲ့အရည်အချင်း  ပြည့်ဝဖို့အရမ်းကိုလိုမယ် သူတို့  အရည်အချင်းရှိမှ သူတို့သင်ကြား ပေးမယ့် ကလေးတွေကလည်း အရည်အချင်းရှိတဲ့ကလေးတွေဖြစ် လာမှာပေါ့ ဘဘ ကတော့ ဒီလို ပဲမြင်တယ်။
ဘဘအနေနဲ့တိုင်းပြည်မှာ  တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ တဲ့ပုဂ်္ဂိုလ်ကြီးတစ်ဦးဖြစ်တဲ့အတွက်  ဘဘ ရဲ့ဖြတ်သန်းမှု့အတွေ့အကြုံ  တွေနဲ့ပတ်သက်ပြီး နောင်လာ နောင်သားတွေလေ့လာနိုင်ဖို့ စာအုပ်တွေရေးသားဖို့ အစီအစဉ်  ရောရှိလား။
ဘဘမှာ စာရေးဖို့တော့  အချိန်သိပ်မရှိဘူး။ရေးရင်လည်း ရေးစရာတွေက အများကြီးပဲလေ  ခုချိန်မှာတော့ မရေးနိုင်သေးဘူး  ခု ဘဘ ဘာသာရေး၊လူမှု့ရေး လုပ်နေတာတွေနဲ့ပဲ ပီတိဖြစ်ကျေ နပ်နေပါပြီ လတ်တလောအနေ အထားအရတော့ စာအုပ်ရေး သားဖို့တော့မရှိသေးပါဘူး။ဘာလို့  ဆိုတော့ အချိန်မပေးနိုင်သေးလို့ ပါ ဟု ယခင်ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်မှ  ပြန်လည်ဖြေကြားပေးသွားခဲ့သည်။ ယခင် ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့်သည် နေအိမ်   အကျယ်ချုပ်မှပြန်လည်လွတ်မြောက် လာပြီးသည့်နောက်ပိုင်းတစ်လျှောက် လုံး ယခုအချိန်ထိလူမှု့ရေးလုပ် ငန်းများ၊ဘာသာရေးအလုပ်များ၊  အလှူအတန်းကိစ္စများနှင့်သစ်ပင် ပန်းမန်စိုက်ပျိုးရေးလုပ်ငန်းများကို သာ အထူးအလေးပေးဆောင် ရွက်နေလျက်ရှိပြီး ယခင်အတွင်း ရေးမှူး(၁)/နိုင်ငံတော်ဝန်ကြီးချုပ်  တာဝန်များထမ်းဆောင်ခဲ့စဉ်က  တည်းက ကလေးငယ်များ၏ ပညာရေးအား အထူးအလေးပေး  ခဲ့သည့် ခေါင်းဆောင်တစ်ဦးဖြစ် သည်နှင့်ညီစွာ ယခုအခါတွင်  လည်းနွမ်းပါး၍ ပညာသင်ကြား  ရန်မတက်နိုင်သော ကလေးသူငယ် များ၏ ပညာဆက်လက်သင်ကြား နိုင်ရေးအတွက် ရွှေမှော်ဝန်း ပရ ဟိတအသင်း၌ နာယကကြီး အဖြစ် တာဝန်ယူကာ ဆောင် ရွက်ပေးနေလျက်ရှိသည်။

ခန့်ခန့်(မောရ၀တီ)

ဘကြီးသက်
Unknown at 8:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂လအတွင်း မြို့နယ်ရဲတပ်ဖွဲ့စခန်း (၃၃)ခုမှ ဖမ်းဆီးရရှိသည့် ခိုးကူးခွေ ခုနှစ်သောင်းကျော် ဖျက်ဆီး

၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅)ရက် မှ အောက်တိုဘာ (၃)ရက် အတွင်း ရန်ကုန်တိုင်းဒေသကြီး
မြို့နယ် ရဲတပ်ဖွဲ့ စခန်း (၃၃)ခုမှ ဖမ်းဆီးသိမ်း ဆည်း ရရှိသော ဆင်ဆာမဲ့နိုင်ငံခြားခွေ (ညစ်ညမ်း ၊သီချင်း ၊ဇာတ်လမ်း တွဲ) VCD , DVD အချပ် များ နှင့် မြန်မာ ခိုးကူးခွေ (ကာရာအိုကေ ၊ ဇာတ်လမ်း ၊ လက်ဝှေ့ ၊ တရား) စသည့် VCD ,DVD စုစုပေါင်း (၇၇၉၃၅)ချပ်ကို ပြန်ကြားရေး ၀န်ကြီးဌာန ၊မြန်မာ့ရုပ်ရှင် လုပ်ငန်း ဗီဒီယို ဆင်ဆာအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ ကြီးကြပ်မှု ဖြင့်အောက်တိုဘာ (၆)ရက်နေ့ မနက် (၈)နာရီက မြန်မာ့ ရုပ်ရှင်လုပ်ငန်း ၀န်းထဲမှာ စုပေါင်းဖျက်ဆီးခြင်း များပြုလုပ်ခဲ့ သည်။

ယခုစုပေါင်း ဖျက်ဆီးမှုသည် ၂၀၁၂ ခုနှစ် ပြက္ခဒိန်နှစ် အတွင်း မှာ (၉)ကြိမ်မြောက် ဖျက်ဆီးခြင်းဖြစ်ပြီး စုစုပေါင်း ၉ ကြိမ်အတွင်း ဖျက်ဆီးပြီး ခိုးကူးချပ် အရေအတွက်မှာ (၆၃၃၆၇၆)ချပ် (ယခုဖျက်ဆီးမှု အပါအ၀င်)ရှိနေခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ 

BY POPULAR NEWS



ဘကြီးသက်
Unknown at 8:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.