Sunday, October 7, 2012

၂လအတွင်း မြို့နယ်ရဲတပ်ဖွဲ့စခန်း (၃၃)ခုမှ ဖမ်းဆီးရရှိသည့် ခိုးကူးခွေ ခုနှစ်သောင်းကျော် ဖျက်ဆီး

၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅)ရက် မှ အောက်တိုဘာ (၃)ရက် အတွင်း ရန်ကုန်တိုင်းဒေသကြီး
မြို့နယ် ရဲတပ်ဖွဲ့ စခန်း (၃၃)ခုမှ ဖမ်းဆီးသိမ်း ဆည်း ရရှိသော ဆင်ဆာမဲ့နိုင်ငံခြားခွေ (ညစ်ညမ်း ၊သီချင်း ၊ဇာတ်လမ်း တွဲ) VCD , DVD အချပ် များ နှင့် မြန်မာ ခိုးကူးခွေ (ကာရာအိုကေ ၊ ဇာတ်လမ်း ၊ လက်ဝှေ့ ၊ တရား) စသည့် VCD ,DVD စုစုပေါင်း (၇၇၉၃၅)ချပ်ကို ပြန်ကြားရေး ၀န်ကြီးဌာန ၊မြန်မာ့ရုပ်ရှင် လုပ်ငန်း ဗီဒီယို ဆင်ဆာအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၏ ကြီးကြပ်မှု ဖြင့်အောက်တိုဘာ (၆)ရက်နေ့ မနက် (၈)နာရီက မြန်မာ့ ရုပ်ရှင်လုပ်ငန်း ၀န်းထဲမှာ စုပေါင်းဖျက်ဆီးခြင်း များပြုလုပ်ခဲ့ သည်။

ယခုစုပေါင်း ဖျက်ဆီးမှုသည် ၂၀၁၂ ခုနှစ် ပြက္ခဒိန်နှစ် အတွင်း မှာ (၉)ကြိမ်မြောက် ဖျက်ဆီးခြင်းဖြစ်ပြီး စုစုပေါင်း ၉ ကြိမ်အတွင်း ဖျက်ဆီးပြီး ခိုးကူးချပ် အရေအတွက်မှာ (၆၃၃၆၇၆)ချပ် (ယခုဖျက်ဆီးမှု အပါအ၀င်)ရှိနေခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ 

BY POPULAR NEWS



ဘကြီးသက်
Unknown at 8:31 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.