Wednesday, September 26, 2012

အတိုက်အခံများနှင့်လက်နက်ကိုင်တိုင်းရင်းသားများအောင်မြင်မှုရရှိ သွားသော်

 ၂၁ ရာစု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အသွင်
နိုင်ငံပေါင်းစု၏ သမိုင်း
 တစ်ချိန်အခါက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟူရ်ျ အထက်ပါပုံကဲ့သို့ဝင့်ထည်စွာတည်ရှိခဲ့ဖူးလေသည်။
ထိုနိုင်ငံတွင် အစိုးရအား ရဲရဲဝံ့ဝံ့ ဖြင့် ၁ ဦးတည်းရှိစေကာမူ နာမည်အကြီးကြီးပေးကာ အတိုက်အခံဟုခေါ်သော အစိုးရအား လက်နက်ကိုင်ရ်ျသဖွယ် လက်သီးပုန်းပြရ်ျတနည်း လေလှိုင်းမှ အာကျယ်ရ်ျတဖုံ တိုက်ခိုက်ကြသော အတိုက်အခံ များနှင့် လက်နက်ကိုင်(လောက်လေးခွကိုင်ရ်ျ A4စာရွက်တွင်ကြေငြာချက်ဟုရေးသားထုတ်ပြန်တတ်သောအဖွဲ့သည်လည်း လက်နက်ကိုင်ဟု ခံယူလိုက်တတ်သေး၏)အဖွဲ့ အစည်းများက (ပုံပြင်များ-တရုတ်ရှေးသိုင်းကားများထဲကလို)မည်သို့ မည်ပုံတိုက်လိုက်လေသည်မသိ-အစိုးရ ပြုတ်ကျသွားပြီး
အောက်ဖော်ပြပါပုံအတိုင်း ဆိုင်ရာဆိုင်ရာနိုင်ငံများအဖြစ် ရပ်တည်လိုက်လေကြသတည်း။
၂၀၂၅ တွင် ဖြစ်ပေါ်မည့် အရှေ့တောင်အာရှ နိုင်ငံသစ်များ
ဓလေ့စရိုက်များ
ထိုနိုင်ငံရှိ ကမ္ဘာပေါ်တွင် ဒုတိယဆိုဗီယက် ဟူရ်ျ ဂုဏ်ယူဝင့်ကြွားကာ ပြောတတ်ကြသေးသည်။
၎င်းကဲ့သို့ နိုင်ငံများကွဲပြားနေသော်လည်း ဗိုလ်ချူပ်ဟူသော ပုဂ္ဂိုလ်တစ်ဥင်္ီး၏ ပုံကြီးအား ကွဲပြားသွားသော
နိုင်ငံတိုင်းတွင်ချိတ်ဆွဲလက်ညှိုးထိုး ဂုဏ်ယူကြလေသည်။ထိုဗိုလ်ချူပ်ဆိုသူ၏ နောက်ဆုံး မျိုးဆက်(ရေတစ်ဝက် တိတိရောထားသော မျိုးမဆစ်) အမျိုးသမီးဆိုသူကား နိုင်ငံတိုင်းတွင် လှည့်လည်လျှက် ကန်တော့ပွဲများ ၊ မင်္ဂလာဆောင်များ ၊အသုဘ များ ၊ဖွင့်ပွဲများ တွင်လည်း အထူးဖိတ်ကြား
ဝါးတီးဖွင့်လျှက်ရှိသေးသည်။
နိုင်ငံတိုင်းအရေးကြူံလျှင် ထိုအမျိုးသမီးအား ဖိတ်ကြားကာ အကြံဥာဏ်တောင်းပြီး ဟန်ရေးပြကာ
နောက်ဆုံး ထိုအမျိုးသမီး၏ စကားလုံးများအား အမှိုက်တောင်းတွင်း ထည့်ကာ မိမိထင်ရာသာ လုပ်ကြသော
ချစ်ဖွယ်ကောင်းသော ဓလေ့လည်းရှိ၏။သူ့မအားကွယ်ရာတွင် ဒုတိယမြောက် ဂိုဘာချော့ ဟုတသွယ်
ဂျူနီယာ ဂိုဘာချော့ ဟုတနည်း ချီးမြင့်ပြောဆိုလေသည်။အဘယ့်ကြောင့်ဆိုသော် ယခုကဲ့သို့ နိုင်ငံများကွဲရခြင်းမှာ သူမ၏ စနက်လည်းမကင်းသောကြောင့်ဖြစ်သည်။
ကိုးကွယ်ယုံကြည်မှု
ထိုနိုင်ငံစုများ၏ ကိုးကွယ်မှုမှာ ဘုရားမဟုတ် ၊ နတ်မဟုတ် ၊ အစိုးရအာဏာပိုင်များသာ ဖြစ်လေသည်။
အဘယ့်ကြောင့်ဆိုသော် လမ်းဘေးတွင် ခလုတ်တိုက်လဲလျှင်ပင် အစိုးရကြောင့် ၊ ရေကြီးလျှင်လည်း အစိုးရကြောင့် ၊မိုးခေါင်လျှင်လည်း အစိုးရကြောင့် ၊ အိမ်တွင် ဟင်းချက်သောအခါ ဟင်းအိုးမှ ဆီထပေါက်လျှင်ပင် အစိုးရကြောင့် ဟူရ်ျ အစိုးရအာဏာပိုင်များကိုသာ တသသ "တ"တတ်ကြသည်။
ကူးလူးဆက်သွယ်မှု
 ထိုနိင်ငံစု များမှ ပြည်သူများသည် မိမိဆိုင်ရာမှတ်ပုံတင်နှင့်တကွ ဗီဇာ ၉ ခုတိတိ ကိုင်ဆောင်ထားကြသည်။
နိုင်ငံစုများသည် ဗမာ စကားကို ရေရေလည်လည် ပြောတတ်ကြလေသည်။ကမ္ဘာလုံးဆိုင်ရာအဖွဲ့ 
အစည်းကလည်း ထိုနိုင်ငံစု အား စိုးရိမ်မှုမရှိပေ။အဘယ့်ကြောင့်ဆိုသော် တနိုင်ငံနှင့်တနိုင်ငံသည် အမြဲရန်စောင်နေကြသောကြောင့် အင်အားကြီးနိုင်ငံများမှ စိုးရိမ်ပူပန်မှုမပြုပဲ မြောက်ပင့်ထားကြလေသည်။ 
 စစ်ရေး
 နိုင်ငံစုတိုင်းတွင် ထက်မြက်သော စစ်တပ်များအားပိုင်ဆိုင်ကြလေသည်။အင်အားကြီးနိုင်ငံများနှင့်စစ်ရေးအင်အားကောင်းသောနိုင်ငံ
များမှထောက်ပံ့ထားလေသည်။သို့မှသာ ၄င်းတို့လက်နက်ဈေးကွက်ကျယ်ပြန့်မည်မဟုတ်ပါလော။ဥပမာ..ချင်းနိုင်ငံဆိုလျှင် ပါကစ္စတန်နိုင်ငံတွင် အခြေခံကောင်းခဲ့သော တောင်ပေါ်တိုက်ခိုက်ရေး အမေရီကန်တပ်များ အကူအညီ ၊ ကချင်နိုင်ငံဆိုလျှင် တရုတ်တို့၏ လေယာဉ်ပစ်စက်သနက်များ ၊လွပ်လပ်သော ကရင်နိုင်ငံဆိုလျှင် အမေရိကန်တို့ ၏ လက်နက်ငယ်များ စနိုက်ပါများ မိုင်းများ ၊ရှမ်းစော်ဘွားများဆိုလျှင် ထိုင်းနိုင်ငံနှင့် U.S  ၏ စစ်ရေးထောက်ပံမှုလမ်းကြောင်း နှင့် ၁၀၀ မမ ပြောင်းတပ်ဆင်ထားသောတင့်များ
မဟာရက္ခိုတတွင် အိန္ဒိယနှင့်ဘင်္ဂးလားဒေ့ခ်ျ ရေတပ်ကျောက်ထောက်နောက်ခံ ၊တနသာင်္ရီ ဆိုလျှင် US NAVY အကူအညီ သစည်ဖြင့် ရှိကြလေသည်။နိုင်ငံစုများ၏ အခြေခံစိတ်ဓါတ်မှာကား နိုင်ငံစုသား အချင်းချင်းဆိုလည်း လက်သံပြောင်လေသတည်း။

                                     အနာဂတ် ငါတို့နိုင်ငံတော်ကြီး 

အထက်ပါအတိုင်းနောင်တချိန်တွင် ဖြစ်ပေါ်မလာစေရန် သတိပေး  ကာ ရေးသားလိုက်ပါသည်...။
ညီအကိုမောင်နှမများ စည်းလုံးကာ ဒီမိုကရေစီနိုင်ငံတော်သစ်သို့ အစိုးရအား ကူညီဝိုင်းရံပေးကြပါရန်
တောင်းဆိုသမှုပြုလိုက်ရပါသည်။

ရေးသားသူအဖွဲ့  ; မောင်ကျောက်ခဲ

ဘကြီးသက်
Unknown at 10:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ခလေးစွတ်ပြုတ်တဲ့


ရွှေမြန်မာများ Myanmar The Golden Land


တရုတ်နိုင်ငံမှာရှိတဲ့ တရုတ်လူမျိုးအချို့ဟာ လိင်အားတိုးဆေးဆိုပြီး ကလေးငယ်လေးတွေကိုစွပ်ပြုတ် လုပ်သောက်ကြပါတယ်။ ဒီသတင်းဟာ ကမ္ဘာ့အသိုင်းအ၀ိုင်းကို တုန်လှုပ်ချောက်ခြားစေခဲ့တာ အမှန်ပါ။
...
ဒီမှာတွေ့ရတဲ့ ပြင်ဆင်ချက်ပြုတ်နေတဲ့ စက်ဆုပ်ဖွယ်ရာပုံတွေဟာ တရုတ်နိုင်ငံ ကန်တန် (Canton) ခရိုင်တောင်ဘက်မှာရှိတဲ့ မြို့တစ်မြို့မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒီကလေးစွပ်ပြုတ်ဟာ ကျန်းမာခြင်း၊ သက်လုံကောင်းခြင်း၊ အထူးသဖြင့် လိင်အားတိုးခြင်းကို ဖြစ်စေတယ်လို့ ဆိုပါတယ်...။

ဈေးနှုန်းကတော့ ဒေါ်လာ(၄,၀၀၀) ခန့် ရှိပါတယ်တဲ့....။

ဝယ်သူစားသုံးနေကျဖောက်သည်တစ်ဦးဖြစ်တဲ့ စက်ရုံမန်နေဂျာတစ်ယောက်ကတော့ ဒီလူဆေးစွပ်ပြုတ်ဟာ ထိရောက်မှုရှိတယ်လို့ အင်တာဗျူးမှာ အတည်ပြုပြောဆိုပါတယ်....။

အဲဒီစွပ်ပြုတ်ရဖို့အတွက် အဖိုးတန်ဆေးဖက်ဝင် ပစ္စည်းတွေအပါအ၀င် ကြက်သားနဲ့ရောပြီး ကလေးငယ်ကို ၈ နာရီကြာ ရေနွေးနဲ့ပွက်ပွက်ဆူအောင် ပြုတ်ရပါတယ်....။
တရုတ်နိုင်ငံမှာ ရောင်းတဲ့ ကလေးစွပ်ပြုတ်တဲ့ဗျာ ကြည့်ကြပါဦး
အသက် ၆၂ နှစ်အရွယ်ရှိတဲ့ စက်ရုံမန်နေဂျာက သူ့ရဲ့ ၁၉ နှစ်အရွယ် ဒုတိယမယားငယ်ကို လက်ညှိးထိုးပြပြီး သူတို့ဟာ နေ့စဉ် လိင်ဆက်ဆံတဲ့အကြောင်း (မရှက်မကြောက်) သတင်းထောက်ကို ပြောပြပါတယ်။

ဒီပုံမှာတွေ့တဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ သမီးမိန်းကလေး ၂ ယောက်ရှိထားပြီး... တတိယကိုယ်ဝန်ဟာလည်း သမီးမိန်းကလေးဖြစ်နေတဲ့အတွက် ကိုယ်ဝန် ၅ လအရွယ်မှာ ဖျက်ချဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲဒီလိုဖျက်ချတာဟာ ကုန်ကျစရိတ်အနည်းဆုံးဖြစ်တယ်လို့လည်းဆိုပါတယ်။

ဖျက်ချတာမဟုတ်ပဲ မွေးလပြည့်ခါနီးဖြစ်တဲ့ကလေးတွေ သဘာဝအတိုင်းသေမယ်ဆိုရင် တရုတ်ယွမ်းငွေ (၂၀၀၀)လောက် ကုန်ကျပြီး တမင်သက်သက် ဖျက်ချမယ်ဆိုရင်တော့ ရာဂဏန်း အနည်းငယ်လောက်သာ ကုန်ကျမယ်တဲ့။

ဒေသခံသတင်းထောက် တစ်ယောက်ကတော့ ဒီပြသနာတွေဟာ တရုတ်လူမျိုးတွေအနေနဲ့ ကျန်းမာရေးနဲ့ပတ်သတ်ပြီး အရမ်းအာရုံစူးစိုက်လွန်းလို့ ထွက်ပေါ်လာတဲ့ ပြသနာတွေဖြစ်ပြီး မိသားစုတစုမှာ ကလေးတယောက်သာ ယူရမယ်ဆိုတဲ့ တရုတ်အစိုးရပေါ်လစီရဲ့ အကျိုးသက်ရောက်မှု ရလဒ်တွေလည်း ပါတယ်လို့ဆိုပါတယ်။


ငွေကြေးချမ်းသာတဲ့ တရုတ်အများစုကတော့ ကလေးအသားတွေ စားရတာကို သဘောတွေ့ကြပြီး မရှိဆင်းရဲသားမိဘတွေကတော့ ငွေကြေးအတွက် သူတို့ရဲ့ ကလေးငယ်တွေကို ရောင်းလိုရောင်း ဒီလိုနဲ့ တရုတ်နိုင်ငံမှာ စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းတဲ့ ရာဇ၀တ်မှုတွေ ပေါ်ပေါက်လာနေတာ အမှန်ပါ။

နောက်တခုက...စားသောက်ဖွယ်ရာတွေလုပ်ဖို့အတွက် ကလေးအသေတွေကို အမေရိကန်ဒေါ်လာ (၇၀)နဲ့ ထိုင်ဝမ်နိုင်ငံမှာ ၀ယ်လို့ရတယ်လို့ ဆိုပါတယ်။

ဘယ်နည်းမဆိုပါ.....နီဂုံးချုပ်ကြည့်မယ်ဆိုရင်တော့....ဇာတ်တူသားစားတဲ့ ဟင်္သာ(၉)သောင်းနဲ့ ပင့်ကူ ဇာတ်လမ်းသစ်ကြီးကို တရုတ်နိုင်ငံမှာ မကြာခင် ရှုစားရမှာ ဖြစ်ပါတယ်။

NL (TP)

ဘကြီးသက်
Unknown at 10:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂ဝ၁၄-၁၅ ပညာသင်နှစ်တွင် ၁၂ တန်းပညာရေး စတင်မည်




၁၂ တန်း အခြေခံပညာရေးစနစ်အဖြစ် ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် စတင်အကောင်အထည်ဖော် ကျင့်သုံးသွားရန်ရှိသည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကြူထံမှ သိရသည်။ ပညာရေးဝန်ကြီးဌာနနှင့်ပညာ ရေးနှင့်ဆက်စပ်သော ဝန်ကြီး ဌာနတို့မှ ပညာရှင်များ အရပ်ဘက် ဆိုင်ရာပညာရှင် ၁၅ဝ တို့၏ သဘောတူညီမှုနှင့် ထောက်ပြမှု တို့အရ ယခု အခြေခံပညာ ပညာ ရေးစနစ်ကို ပြုပြင်ပြောင်းလဲသွားရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနမှ သိရှိရ သည်။ ''နိုင်ငံမှာ ၁၂ တန်းပညာ ရေးအဖြစ် ပြင်မှာလား၊အဖွဲ့က သဘောတူရင် ကျွန်တော်ပြင်မယ်။ အဖွဲ့ကလည်း သဘောတူတဲ့အ တွက် ပြင်ဖို့ စုပေါင်းလုပ်ကြမယ်''ဟု ဒုတိယဝန်ကြီး ဦးအေးကြူက အတည်ပြုပြောသည်။ လက်ရှိ ၉ တန်းနှင့် တက္ကသိုလ်ဝင်တန်း သင်ယူသူတို့ မှာ ယခုစနစ်အတိုင်း သွားမည်ဖြစ် သော်လည်း ၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ်၌ ၉ တန်းစတင် တက်ရောက် ကြမည့် ကျောင်းသား/သူတို့မှာ စနစ်သစ်နှင့် စတင်တက်ေ ရာက် ပညာသင်ယူရမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောသည်။ ''လာမယ့် စနစ်သစ်က အခြေခံမူလတန်းအဆင့်မှာ အတန်း ငါးတန်း၊ အလယ်တန်း အဆင့်မှာ အတန်းလေးတန်း၊ အထက်တန်း အဆင့်မှာ အတန်းသုံးတန်း ဒီလိုရှိ သွားမယ်''ဟု ဦးအေးကြူက ပြော သည်။ ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ ဒေါက် တာချမ်းငြိမ်းကလည်း လက်ရှိ အခြေခံပညာရေးစနစ်မှာ ၁၁ တန်းပညာရေးသာဖြစ်နေ၍ အိမ်နီး ချင်းနိုင်ငံတို့နှင့်ပင် ယှဉ်ပြိုင်နိုင်မှု မရှိဖြစ်နေသည်ကိုသာ တွေ့ရှိခဲ့ရ ကြောင်း၊ ၁၂ တန်းပညာရေး သာ ဖြစ်သင့်ကြောင်း ပေါ်ပြူလာနယူးစ် သို့ ပြောသည်။ အလွတ်တန်းဆရာ ဒေါက် တာ စိုးဝင်းဦးက ''အကြိမ်ကြိမ်ပြော ခဲ့ဖူးပါတယ်။ ဆယ်တန်းအောင် ထားတဲ့ ကျောင်းသားတစ်ယောက် က နိုင်ငံခြားမှာ တက္ကသိုလ် ပထမ နှစ် စမတက်နိုင်ကတည်းကိုက ဒီမှာ တစ်ဆင့်နိမ့်နေပါပြီ ပြင်သင့်ပါတယ်''ဟုမှတ်ချက်ပြုသည်။ ပညာရေးဝန်ကြီးဌာနမှ အခြေခံပညာသင်ရိုးတို့ကို ပြန် လည်ပြုပြင်ရေးဆွဲခြင်း၊ ဖြည့်စွက် ခြင်း၊ အဆင့်မြှင့်ခြင်း အစရှိသည် တို့ကို ဆောင်ရွက်နေပြီး အသစ် ထပ်မံတိုးချဲ့မည့် စာသင်နှစ်တစ်ခု အတွက်ကိုပါ လုပ်ဆောင်နေသည် ဟု သတင်းရရှိသည်။ 

 Myanmar Express
ဘကြီးသက်
Unknown at 10:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါက်တာနိုင်အောင်၏ ထောက်လှမ်းရေးဟု ဖြေကြားမှုအပေါ် ကာယကံရှင်များမှ မဟုတ်ကြောင်း ပြန်လည်ဖြေရှင်း

စက်တင်ဘာလ ၁၄ ရက်ထုတ် မြန်မာပို့စ် ဂလိုဘယ်လ်ဂျာနယ်ပါ ဒေါက်တာနိုင်အောင်၏ အင်တာဗျူးတွင် ယခင် မြန်မာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားဟောင်းများဖြစ်သော ကိုနေ၀င်းအောင်နှင့်ကိုစိုးလင်းအား ထောက်လှမ်းရေးများဟု ပြောဆိုဖြေကြားထားခြင်းနှင့် ပတ်သက်၍ကာယကံရှင်ကိုစိုးလင်းနှင့်ကိုနေ၀င်းအောင်၏မိသားစုဝင်ဖြစ်သူတစ်ဦးမှ ၄င်းတို့သည် ထောက်လှမ်းရေးများမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခြင်းကို ယနေ့ စက်တင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းတွင် မဟာဗန္ဓုလပန်းခြံလမ်းရှိ မစ္စတာဘရောင်းကဖေးတွင်ပြုလုပ်ခဲ့သည်။



Photo: ဒေါက်တာနိုင်အောင်၏ ထောက်လှမ်းရေးဟု ဖြေကြားမှုအပေါ် ကာယကံရှင်များမှ မဟုတ်ကြောင်း ပြန်လည်ဖြေရှင်း

စက်တင်ဘာလ ၁၄ ရက်ထုတ် မြန်မာပို့စ် ဂလိုဘယ်လ်ဂျာနယ်ပါ ဒေါက်တာနိုင်အောင်၏ အင်တာဗျူးတွင်  ယခင် မြန်မာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF  ကျောင်းသားဟောင်းများဖြစ်သော ကိုနေ၀င်းအောင်နှင့် ကိုစိုးလင်းအား ထောက်လှမ်းရေးများဟု ပြောဆိုဖြေကြားထားခြင်းနှင့်ပတ်သက်၍ကာယကံရှင်ကိုစိုးလင်းနှင့်ကိုနေ၀င်းအောင်၏မိသားစုဝင်ဖြစ်သူတစ်ဦးမှ ၄င်းတို့သည် ထောက်လှမ်းရေးများမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းခြင်းကို ယနေ့ စက်တင်ဘာလ ၂၅ ရက် မွန်းလွဲပိုင်းတွင် မဟာဗန္ဓုလပန်းခြံလမ်းရှိ မစ္စတာဘရောင်းကဖေးတွင်ပြုလုပ်ခဲ့သည်။

MZ+SN

ဘကြီးသက်
Unknown at 10:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 ဖားကန့်မြို့နယ်သို့ သွားလာသည့် အဓိကလမ်းဖြစ်သော မိုးကောင်း-ဖားကန့်လမ်းတွင် ကားအသွားအလာ ပိတ်ပင်


ကချင်ပြည်နယ် ဖားကန့်မြို့ နယ်သို့ ဆက်သွယ်သွားလာရာ အဓိ ကလမ်းပိုင်းဖြစ်သော မိုးကောင်း-ဖားကန့်လမ်းတွင် ကားအသွားအ လာကိုပိတ်ပင်လိုက်ကြောင်း သတင်းရရှိပါသည်။
"မိုးကောင်းကနေ ရှစ်မိုင် လောက်ဝေးတဲ့ ရှစ်မိုင်လမ်းဆုံမှာ တပ်မတော်က အတက်ကားတွေကို ပိတ်လိုက်တယ်၊ ဖားကန့်ကနေ ၁၀ မိုင်ဝေးတဲ့ နန့်တိန်မှာ ကေအိုင်အေ က အဆင်းကားတွေကို ပိတ်လိုက် တယ်လို့ သိရပါတယ်" ဟု ကချင် ပြည်နယ် ဖားကန့်မြို့နယ်မှ ဒေသခံ တစ်ဦးက ၂၀၁၂ ခုနှစ် စက်တင် ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။
ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေအကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စတင် ခဲ့ကာ လက်ရှိအချိန်အထိ တိုက်ပွဲ ဖြစ်ပွားမှုများရှိနေဆဲဖြစ်သည်။
အဆိုပါတိုက်ပွဲများ ဖြစ်ပွားမှု ကြောင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ မိုးမောက် စသည့်မြို့နယ် များတွင် ဒေသခံများသည် နေရပ် မှ တိမ်းရှောင်ရမှုများရှိနေသည်။
ကျောက်စိမ်းတူးဖော်ရေးလုပ် ငန်းများ အဓိက လုပ်ကိုင်ရာ စီး ပွားရေးမြို့ဖြစ်သည့် ဖားကန့်မြို့ နယ်တွင် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ က တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။
၂၀၁၂ ခုနှစ် ဩဂုတ်လကုန် ပိုင်းတွင် တပ်မတော်နှင့် ကေအိုင် အေတို့အကြား တိုက်ပွဲများပြန်လည် ဖြစ်ပွားလာကာ စက်တင်ဘာလကုန် ပိုင်းရောက်ရှိသည်အထိ နယ်မြေအ ခြေအနေ အေးချမ်းမှုမရှိသေး ကြောင်း ဒေသခံများထံမှ သိရှိရပါ သည်။
ဖားကန့်ဒေသတွင် ယခင်က လူဦးရေ သုံးသိန်း ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ နှစ်သောင်းအောက်သာ ကျန်ရှိနေကြောင်း၊ ကယ်ဆယ်ရေး စခန်းများတွင် လူဦးရေ ၁၀ဝ၀ဝ ဝန်းကျင်ခိုလှုံလျက်ရှိကာ လူမှုရေး အကူအညီများ လိုအပ်နေကြောင်း သိရသည်။
 EMG
ဘကြီးသက်
Unknown at 10:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

" ဘာသာတရားရဲ့ပင်မ အနှစ်သာရအမှန်ကို ဖော်ထုတ်ခဲ့သူ (သို့ ) ဂေါတမဗုဒ္ဓ "


" ဗုဒ္ဓဂေါတမကို ကျနော် အမြတ်တနိုး ရှိတယ်။
ဘာလို့ဆို - သူဟာ ဘာသာရေးရဲ့ ပင်မ အနှစ်သာရ ကို သူမတူအောင် ကောင်းကောင်း 
ရှင်းပြပေးနိုင်ခဲ့လို့ ပဲဖြစ်ပါတယ်။ ဗုဒ္ဓဂေါတမ လို့ ဆိုတာနဲ့ ခင်ဗျားတို့တွေက
ဘာသာတစ်ခု စတင် တည်ထောင်သူ လို့ မြင်ကြမယ်။ ဒါပေမယ့် ကျနော့်အတွက်တော့ အဲ့လို မဟုတ်ဘူး။

ဗုဒ္ဓ ဂေါတမဟာ ဘာသာတစ်ခု တည်ထောင်သူ မဟုတ်ဘူး။
ဗုဒ္ဓဘာသာ လို့ အမည်ရတဲ့ ဘာသာ၊ အဖွဲ့အစည်းဟာ
သူတွန်းဖွင့် ထားတဲ့ လမ်း တံခါးရဲ့ နောက်ဆက်တွဲ အကျိုး
ရလာဒ် တစ်ခုသာ ဖြစ်တယ်။ ဘာသာတည်ထောင်သူ
ဆိုတာထက် - ကမ္ဘာ မှာ ယခင့် ယခင် ဘာသာတံဆိပ်
တွေနဲ့ မတူ၊ လုံးဝ ကွဲပြားတဲ့ အသွင်အပြင်၊ အမျိုးအစားကို
စတင်ပေးခဲ့သူ လို့ ဆိုမယ်။

ဒါကိုမှ "တည်ထောင်သူ" လို့ ပြောကို ပြောချင်နေပါတယ်
ဆိုရင် - "ဘာသာအမည် နာမ မဟုတ်တဲ့ ဘာသာ
" တည်ထောင်သူ လို့ပဲ ပြောရနိုင်တယ်။ ဘာသာ
တည်ထောင်တာ မဟုတ်ဘဲ၊ ဘာသာရဲ့ အနှစ်သာရကို
သူ ခင်းပြနိုင်ခဲ့တဲ့ အချိန်။ အဲဒီအချိန်ဟာ - လူတို့ သိမှု
သမိုင်း မှာ အခြေခံ အကျဆုံး၊ အဟုန်အပြင်းဆုံးနဲ့
ပြောင်းလဲနိုင်ခဲ့တဲ့ အချိန်ပဲ။

ဗုဒ္ဓ မတိုင်မီ ကလည်း ဘာသာတွေ ရှိနေပါတယ်။
ဒါပေမယ့် သန့်စင်မနေဘူး။ နောက်ကျိနေဆဲ။
မရှင်းလင်းဘူး။ ရောယှက်နေဆဲ။ သိရခက်၊ ဝေဝါး
နေဆဲပဲ။ ဗုဒ္ဓ ပေါ်ထွန်း လာတဲ့ အခါမှာတော့ အဲဒီ
အနောက်အကျိ၊ အညစ် အကြေးတွေဟာ
အခြေအမြစ် ကနေ စပြီး ကွာကျ သွားကြတယ်။
အရင်က မပွင့်လာနိုင်တဲ့ ပန်းတွေ ဒီအချိန်အခါမှပဲ
ပွင့်အာ လန်းဆန်း နိုင်လာတယ်။ ဗုဒ္ဓသာ မပွင့်
ပေါ်ခဲ့ရင် -
ဒီပန်းတွေ ပွင့်ဖို့ ခဲယဉ်း လိမ့်ဦးမယ်။ ဒီဓမ္မ၊ ဒီလမ်းကို
ရှင်းရှင်း မြင်နိုင်ဖို့ ခက်ခဲနေဦးမယ်။ ဗုဒ္ဓ ဂေါတမဟာ
ဒီတံခါးကို ဖွင့်ပေးသွားတယ်ဆိုတာ နှစ် နှစ်ထောင့်ငါးရာ
ကျော်ခဲ့ပါပြီ။ ဒါပေမယ့် ကနေ့ လူသားတိုင်း ဝင်ရောက်
သွားဖို့ ထားဦး။ အစွန်းအစလေး နားလည်ရဖို့တောင်
ခက်ခဲနေသေးတယ်။ ဟုတ်တယ် မဟုတ်လား။ "

- OSHO
- "ဝဂျာရ်ချေဒိကာ ပရာဂ်ျဂျနာပါရမိတာ
(ဝဇီရစေဒိက ပညာပါရမိတာ) အဖွင့် ~ အိုရှိုး" အတွက်
ရေးလက်စ အစပိုင်းလေး သက်သက်။

ဘကြီးသက်
Unknown at 9:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယောကျာ်းလေးတွေ အလွန်ကြောက်သော ဒီလိုမိန်းမများ





 (၁) ညစ်ပတ်သောမိန်းမ

 ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထားသလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများလည် ပေကျံနေတတ်သည်။




 (၂) အတင်းပြောသောမိန်းမ
 
 BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြောတတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

 (၃) စကားများသောမိန်းမ 

ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ်သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာသည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

 (၄)  ခိုင်းနိုင်းတတ်သောမိန်းမ 

ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေတတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်းဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအတွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြသည်။ ယောကျာ်းလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်းပင်ဖြစ်သည်။




 (၅) အနေအထိုင်မတတ်သောမိန်းမ 

 အနေအထိုင်မတတ်သော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစားသည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

 (၆) သ၀န်တိုလွယ်သောမိန်းမ 

 ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်းကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်းနှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်းကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။

 (၇) တုံးအသောမိန်းမ 

အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်းကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ် သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ်ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေးမျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေးများသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာလာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။ 



 (၈) ငွေသုံးကြမ်းသောမိန်းမ 

Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီး ဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်းကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ်ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။

 (၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ

 ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။



 (၁၀) ချွဲနွဲ့လွန်သောမိန်းမ 

 မိန်းကလေးတိုင်းချွဲနွဲ့တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင်နှင့်(ခေတ်စ ကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ်သည်) လူကွယ်ရာတွင်မှု ဆန့်ကျင်ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။ 

Myanmar Express
ဘကြီးသက်
Unknown at 8:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင်.သည်.အချက်မျာ;




မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။
Tags: ကျန်းမာရေး

ဘကြီးသက်
Unknown at 8:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.