Wednesday, September 26, 2012

" ဘာသာတရားရဲ့ပင်မ အနှစ်သာရအမှန်ကို ဖော်ထုတ်ခဲ့သူ (သို့ ) ဂေါတမဗုဒ္ဓ "


" ဗုဒ္ဓဂေါတမကို ကျနော် အမြတ်တနိုး ရှိတယ်။
ဘာလို့ဆို - သူဟာ ဘာသာရေးရဲ့ ပင်မ အနှစ်သာရ ကို သူမတူအောင် ကောင်းကောင်း 
ရှင်းပြပေးနိုင်ခဲ့လို့ ပဲဖြစ်ပါတယ်။ ဗုဒ္ဓဂေါတမ လို့ ဆိုတာနဲ့ ခင်ဗျားတို့တွေက
ဘာသာတစ်ခု စတင် တည်ထောင်သူ လို့ မြင်ကြမယ်။ ဒါပေမယ့် ကျနော့်အတွက်တော့ အဲ့လို မဟုတ်ဘူး။

ဗုဒ္ဓ ဂေါတမဟာ ဘာသာတစ်ခု တည်ထောင်သူ မဟုတ်ဘူး။
ဗုဒ္ဓဘာသာ လို့ အမည်ရတဲ့ ဘာသာ၊ အဖွဲ့အစည်းဟာ
သူတွန်းဖွင့် ထားတဲ့ လမ်း တံခါးရဲ့ နောက်ဆက်တွဲ အကျိုး
ရလာဒ် တစ်ခုသာ ဖြစ်တယ်။ ဘာသာတည်ထောင်သူ
ဆိုတာထက် - ကမ္ဘာ မှာ ယခင့် ယခင် ဘာသာတံဆိပ်
တွေနဲ့ မတူ၊ လုံးဝ ကွဲပြားတဲ့ အသွင်အပြင်၊ အမျိုးအစားကို
စတင်ပေးခဲ့သူ လို့ ဆိုမယ်။

ဒါကိုမှ "တည်ထောင်သူ" လို့ ပြောကို ပြောချင်နေပါတယ်
ဆိုရင် - "ဘာသာအမည် နာမ မဟုတ်တဲ့ ဘာသာ
" တည်ထောင်သူ လို့ပဲ ပြောရနိုင်တယ်။ ဘာသာ
တည်ထောင်တာ မဟုတ်ဘဲ၊ ဘာသာရဲ့ အနှစ်သာရကို
သူ ခင်းပြနိုင်ခဲ့တဲ့ အချိန်။ အဲဒီအချိန်ဟာ - လူတို့ သိမှု
သမိုင်း မှာ အခြေခံ အကျဆုံး၊ အဟုန်အပြင်းဆုံးနဲ့
ပြောင်းလဲနိုင်ခဲ့တဲ့ အချိန်ပဲ။

ဗုဒ္ဓ မတိုင်မီ ကလည်း ဘာသာတွေ ရှိနေပါတယ်။
ဒါပေမယ့် သန့်စင်မနေဘူး။ နောက်ကျိနေဆဲ။
မရှင်းလင်းဘူး။ ရောယှက်နေဆဲ။ သိရခက်၊ ဝေဝါး
နေဆဲပဲ။ ဗုဒ္ဓ ပေါ်ထွန်း လာတဲ့ အခါမှာတော့ အဲဒီ
အနောက်အကျိ၊ အညစ် အကြေးတွေဟာ
အခြေအမြစ် ကနေ စပြီး ကွာကျ သွားကြတယ်။
အရင်က မပွင့်လာနိုင်တဲ့ ပန်းတွေ ဒီအချိန်အခါမှပဲ
ပွင့်အာ လန်းဆန်း နိုင်လာတယ်။ ဗုဒ္ဓသာ မပွင့်
ပေါ်ခဲ့ရင် -
ဒီပန်းတွေ ပွင့်ဖို့ ခဲယဉ်း လိမ့်ဦးမယ်။ ဒီဓမ္မ၊ ဒီလမ်းကို
ရှင်းရှင်း မြင်နိုင်ဖို့ ခက်ခဲနေဦးမယ်။ ဗုဒ္ဓ ဂေါတမဟာ
ဒီတံခါးကို ဖွင့်ပေးသွားတယ်ဆိုတာ နှစ် နှစ်ထောင့်ငါးရာ
ကျော်ခဲ့ပါပြီ။ ဒါပေမယ့် ကနေ့ လူသားတိုင်း ဝင်ရောက်
သွားဖို့ ထားဦး။ အစွန်းအစလေး နားလည်ရဖို့တောင်
ခက်ခဲနေသေးတယ်။ ဟုတ်တယ် မဟုတ်လား။ "

- OSHO
- "ဝဂျာရ်ချေဒိကာ ပရာဂ်ျဂျနာပါရမိတာ
(ဝဇီရစေဒိက ပညာပါရမိတာ) အဖွင့် ~ အိုရှိုး" အတွက်
ရေးလက်စ အစပိုင်းလေး သက်သက်။

ဘကြီးသက်
Unknown at 9:06 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.