Sunday, September 23, 2012

မြန်မာ့ဆက်သွယ်ရေး SIM Card ကို Nano SIM Card အဖြစ် ညှပ်နည်း ( Tutorial)



iPhone 5 ကိုမြန်မာနိုင်ငံက MPT SIM Card တွေနဲ့လည်းအသုံးပြုလို့ရတာကိုတွေ့ရပါတယ်။ ဒါပေမယ့် iPhone 5 မှာထည့်သွင်းအသုံးပြုဖို့အတွက် Nano SIM Card အရွယ်အစားကိုညှပ်ပစ်ဖို့တော့လိုပါတယ်။ သာမန် SIM Card ကို Nano SIM Card အဖြစ်ညှပ်ဖို့အတွက် SIM Card Cutter တွေရှိသလို ကတ်ကြေးနဲ့လည်း Scale အတိအကျတိုင်းထွာပြီး သေချာညှပ်လို့လည်းရပါတယ်။ အခု ဆိုင်ကိုသွားပြီး SIM Card ကို Nano SIM ကဒ်အဖြစ်မဖြတ်ချင်ဘဲ ကိုယ် ကိုယ်တိုင် SIM Card ကို nano sim card အဖြစ်ညှပ်နည်းကိုတင်ပြပေးလိုက်ပါတယ်။
(ညွှန်ကြားချက်များအတိုင်း သဝေမတိမ်းလုပ်ဆောင်ရင် Nano SIM Card အဖြစ်အောင်မြင်စွာပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ အန္တရာယ်များပါတယ်)
အရင်ဆုံး အောက်မှာပေးထားတဲ့ပုံနှစ်ပုံကို တစ်ပုံစီစာရွက်တစ်ရွက်စီနဲ့ Print ထုတ်ပါ။ (အခုပေးထားတဲ့ original size အတိုင်းပဲ print ထုတ်ပါ။

ပုံ(၁)


ပုံ(၂)

ပုံနှစ်ပုံစလုံးကို စာရွက်တစ်ရွက်စီနဲ့ print ထုတ်ပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့ SIM Card ကို Nano SIM Card အဖြစ်စတင်ပြောင်းလဲကြပါမယ်။ ကိုယ့်ရဲ့ SIM Card က
ုပုံမှန် SIM Card Size ဆိုရင်တော့ ပုံ(၁)ကနေစလုပ်ရမှာပါ။ ကိုယ့်ရဲ့ SIM Card က Micro SIM အနေနဲ့ညှပ်ပြီးသားဆိုရင်တော့ Nano SIM လုပ်ဖို့အတွက် ပုံ(၂) ကို print ထုတ်ထားတဲ့ ဒုတိယစာရွက်နဲ့လုပ်ရမှာပါ။ SIM Card ကပုံမှန် Size ပဲရှိသေးတယ်ဆိုရင် အောက်မှာပြောထားတဲ့အတိုင်း အဆင့် (၁)ကစလုပ်ပါ။
SIM card က micro SIM အဖြစ်ညှပ်ထားပြီးသားကို Nano SIM အဖြစ်ညှပ်ချင်တာဆိုရင်တော့ အဆင့်(၂) ကနေစလုပ်ပါ။
်အဆင့်(၁)
မိမိ SIM Card ကပုံမှန် SIM Card size ပဲရှိသေးတယ်ဆိုရင်အခုပြောတဲ့အဆင့်ကနေစလုပ်ပါမယ်။ စောစောက print ထုတ်ထားတဲ့ပုံ (၁) ပေါ်က SIM Card အရာလေးပေါ်မှာ SIM Card ကိုတင်လိုက်ပါ။ ပြီးရင် မှင်စုဘောပင်ဒါမှမဟုတ် ဆော့ပင်ကိုသုံးပြီး အခုစာရွက်ပေါ်ကအရာတွေအတိုင်း SIM Card ပေါ်မှာမျဉ်းကြောင်းအရာတွေပေးပါ။



ပြီးရင်တော့ SIM Card ကို အခု SIM Card ပေါ်မှာမှတ်လိုက်တဲ့အရာတွေအတိုင်းညှပ်လို့ရပါပြီ။




ညှပ်ပြီးသွားပြီဆိုရင်တော့ Micro SIM Card အရွယ်အစားကိုရောက်ရှိသွားပါပြီ။ Nano SIM Card အရွယ်အစားရောက်ရှိဖို့အတွက် အောက်မှာပြောထားတဲ့ အဆင့်(၂)ကိုဆက်လက်လုပ်ဆောင်ရပါမယ်။်အဆင့်(၂)
မိမိ SIM Card က Micro SIM Card အဖြစ်ညှပ်ပြီးသား ဒါမှမဟုတ် အဆင့်(၁)အတိုင်းလုပ်ဆောင်ပြီးပြီဆိုရင်တော့ အခုပြောတဲ့အဆင့်ကိုဆက်လုပ်ပါမယ်။ စောစောက print ထုတ်ထားတဲ့ပုံ (၂) ပေါ်က SIM Card အရာလေးပေါ်မှာ SIM Card ကိုတင်လိုက်ပါ။ ပြီးရင် မှင်စုဘောပင်ဒါမှမဟုတ် ဆော့ပင်ကိုသုံးပြီး အခုစာရွက်ပေါ်ကအရာတွေအတိုင်း SIM Card ပေါ်မှာမျဉ်းကြောင်းအရာတွေပေးပါ။



ပြီးရင်တော့ SIM Card ကို အခု SIM Card ပေါ်မှာမှတ်လိုက်တဲ့အရာတွေအတိုင်းညှပ်လို့ရပါပြီ။



ညှပ်ပြီးသွားပြီဆိုရင်တော့ Nano SIM Card အဖြစ်သို့ရောက်ရှိသွားပြီဖြစ်ပါတယ်။ iPhone 5 မှာထည့်သွင်းသုံးစွဲနိုင်ပါပြီ။


 http://www.myanmarmobileapp.com/?p=16185
ဘကြီးသက်
Unknown at 10:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်တထောင်ဒေသကောလိပ်နှင့် ကြည့်မြင်တိုင်ကောလိပ်မှ လူအများ ရှုတ်ချခဲ့သော သင်တန်းများ

ကျမ ဗိုလ်တထောင် ဒေသကောလိပ်နဲ့ ကြည့်မြင်တိုင် ဒေသကောလိပ် အင်္ဂလိပ်စာဌာနတွေမှာ ဆရာမ လုပ်စဉ်က စိတ်ဖြင့် ပြစ်မှုတခု ကျူးလွန်ခဲ့ပါတယ်။ ပါးစပ်ကမပြောသော်လည်း စိတ်ထဲမှာ ခဏလောက်တော့ ဒီအပြစ်ကြီးကို ကျူးလွန်ခဲ့တယ်။

အကြောင်းကတော့ ဒီလိုပါ။ တနေ့မှာ မြန်မာ သတင်းစာတွေထဲမှာ ဒေသကောလိပ်တစ်ခုမှာ ကျောင်းတက်နေတဲ့ ကျောင်းသူလေးများ ဓါတ်ပုံတစ်ပုံကို မျက်နှာဖုံးတွေမှာ ပလူပျံအောင် တင်ထားတယ်။ အဲဒီပုံက ကျောင်းသူလေးတွေ ဒေသကောလိပ်က လက်သမားသင်တန်းမှာ လွှဆွဲနေတဲ့ပုံတခုပါဘဲ။ ရှေ့ဆုံးက ကျောင်းသူလေးက အင်္ကျီလက်ပြတ် ချောင်ချောင်ချိချိ လယ်ဟိုက်အင်္ကျီလေး ဝတ်ထားပါတယ်။ ရှေ့ကိုကုန်းပြီး အင်တိုက်အားတိုက် လွှတိုက်နေတာကို ဓါတ်ပုံဆရာကလည်း ရှေ့တည့်တည့်ကနေ အားရပါးရရိုက်ထားတယ်။ ကျောင်းသူလေးရဲ့ ရင်သားတွေကို အားလုံးနီးပါး မြင်နေရတယ်။ အဲဒီအခါ မြင်ရသူ လူတွေတော်တော်လေး ပွက်ညံပွက်ညံဖြစ်ကုန်ပါရော။ ကျောင်းသူလေးကို အပြစ်တင်ကြတယ်။ သင်တန်းတက်တဲ့ ကျောင်းသူတွေကို အပြစ်တင်ကြတယ်။ သင်တန်းကိုလည်း အပြင်တင်ကြတယ်။ သင်တန်းကို သင်ရိုးညွှန်းတန်းမှာ ထည့်ခြင်းကိုလည်း အပြစ်တင်တယ်။ ကျမလည်း တစ်ယောက်အပါအဝင်ပါဘဲ။ လူတွေ စကားဝိုင်းမှာ ဝင်ပါလေ့ မရှိသော်လည်း စိတ်ထဲက ဒီတခါတော့ သူတို့ပြောတာမှန်တယ်လို့ တိတ်တဆိတ် စိတ်ထဲက ထောက်ခံမိပါတယ်။

မိန်းခလေးတွေနဲ့ လက်သမားအလုပ်နဲ့ ဘာဆိုင်သလည်း။ ယောက်ျားတွေကြားမှာ ဘာသွားရှုတ်နေကြတာလည်း။ အဝတ်အစားကလည်း သင့်တော်တဲ့ အဝတ်အစား မဝတ်ထားဘူး။ ဆူညံနေကြသာဘဲ။ အိမ်တွင်းမှုသင်တန်းတက်ကြတဲ့ ကျောင်းသူတွေကိုလည်း အတူတူပါဘဲ။ လူတိုင်း ထမင်းချက်တတ်တယ်။ လူတိုင်း မုန့်ဟင်းခါးချက်နည်း အုန်းနိ့ခေါက်ဆွဲချက်နည်းတွေ ကို ကိုယ့် အဖွား အမေ အဒေါ် အမတွေဆီက သင်နိုင်သာဘဲ။ တမင်တကာ တက္ကသိုလ်ကောလိပ်တွေမှာ ပညာရပ်အသီးသီးကို ကောင်းကောင်း မသင်ခြင်ဘဲ စာမကျက်ဘဲ အမှတ်အချောင်ရအောင် ဒီသင်တန်းတွေတက်ကြတာဆိုပြီး အစော်ကား ခံရရှာတယ်။ အဆိုးဆုံးကတော့ ယောက်ျားလေးတစ်ယောက်က အိမ်တွင်းမှုသိပ္ပံ သင်တန်းတက်ဖို့လျှောက်တော့၊ ကောလိပ် ဆရာမတွေတောင် ခေါင်းရှုတ်ကုန်ရော။ တက်တဲ့ ကျောင်းသားလေးဟာလည်း လူတိုင်းအတွက် ပျက်လုံးတစ်ခုဖြစ်ခဲ့တယ်။ ကျမကလည်း စိတ်ထဲက ဒီအယူအဆတွေ မှန်တယ်လို့ ထောက်ခံခဲ့တယ်လေ။

အခု နည်းနည်းလေး ရင့်ကျက်လာတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်လိုက်တော့ ကိုယ်ဘယ်လောက် အမြင်မှားခဲ့တယ်။ ဗဟုသုတနည်းခဲ့တယ် ဆိုတာ သဘောပေါက်မိတယ်။

မိန်းခလေးတွေ လက်သမား အတတ်ပညာသင်တာကို အားပေးသင့်ခဲ့တယ်။ လက်သမားပညာဆိုတာ အင်မတန် အဆင့်မြင့်တဲ့ စက်မှုလက်မှုပညာတစ်ရပ်ပါ။ အနောက်နိုင်ငံတွေမှာ ကုလားထိုင်တခုထဲကို လုပ်နည်း ဒီဇိုင်းဆွဲနည်းနဲ့ ဝိဇ္ဇာဘွဲ့ ရခဲ့သူတစ်ဦးနဲ့ ခေတ္တ ခင်မင် ရင်းနှီးခဲ့ဘူးပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်ယောက်လောက်ကပါ။ သူငယ်ချင်းတွေက အတင်း ဒီလူငယ်လေးနဲ့ ရင်းနှီးအောင် ဘေးက ဆိုင်းတီးပေးတယ်။ ကိုယ်က အစက သူ့ကိုလည်း လက်သမားဆိုပြီး တော်တော်လေး အထင်သေးတယ်။ ခပ်ရှောင်ရှောင်နေခဲ့တယ်။ လူငယ်ဖြစ်လို့လည်း ဇယားမရှုတ်ခြင်ခဲ့ဘူး။ ဒါပေမဲ့ အနေကြာလာတော့ လူကောင်းလေးဖြစ်ပြီး အသိတစ်ယောက်အနေနဲ့ဘဲ သူ့ကို ဆက်ဆံတာကိုလည်း သူကလက်ခံခဲ့တော့ ကိုယ်ကလည်း လက်သမားပညာရပ်ကို နည်းနည်းလေး တီးခေါက်မိတယ်။ အဲဒီအခါမှာ သူတက္ကသိုလ်မှာ သင်ခဲ့တဲ့ လက်သမားပညာရပ်ရဲ့ အတိမ်အနက်ကို အင်မတန်အံသြမိတယ်။ ဒီလူငယ်လေးဟာ အနုပညာသည်တစ်ဦးပါ။ ဒီဇိုင်း ပုံတွေ ကောင်းကောင်းဆွဲတတ်တယ်။ ပန်းချီပညာရပ်မှာလည်း သင်ခဲ့ ဆွဲခဲ့ပြီး နည်းပညာရပ်ဆိုင်ရာမှာ ကောင်းကောင်းတတ်ကျွမ်းတယ်။ စာလည်း ဖတ်တယ်။ စာလည်း ကောင်းကောင်း ရေးတတ်ပါတယ်။ အနုပညာသမိုင်း၊ တေးဂီတသမိုင်း အားလုံးပါဘဲ။

ထိုလူငယ်လေးလိုဘဲ မိန်းခလေးတစ်ယောက်ကလည်း ဒီဇိုင်းနဲ့ ဝိဇ္ဇာဘွဲ့ရထားတယ်။ သူမကလည်း အနုပညာဘက်မှာ တော်ပါတယ်။ ပုံဆွဲတာ ပန်းချီဆွဲတာတော့ မရပါ။ ဓါတ်ပုံဆရာဖြစ်ပါတယ်။  သူမစိတ်ဝင်စားတာက အညှီအဟောက် ဓါတ်ပုံတွေ ဗီဒီယိုတွေဖြစ်လို့ ကျမတို့ ဘွဲ့လွန်လုပ်ကြတဲ့ အနောက်နိုင်ငံသား အတော်များများပါတဲ့  ကျောင်းသူကျောင်းသား အများစုတော်တော်လေး ကသိကအောင့်ဖြစ်ခဲ့တယ်။ သူမကတော့ စာသိပ်မဖတ်ပါ။ ဒီဓါတ်ပုံ ဗွီဒီယိုတွေကို အားရပါးရ လူတကာ လိုက်ပြလို့ နောက်ဆုံး တက္ကသိုလ်ကတောင် တားရတဲ့ အဖြစ်ရောက်ခဲ့တယ်။ သူမကတော့ မမှုပါ။ သူမနဲ့ အတူ ပရောဂျက်တွေ မိုဂျူးလ်တွေ တွဲလုပ်ပြီး သင်တန်းအတူ တက်သူက MBA ရပြီးသား အဝတ်အစား လုံလုံခြုံခြုံ အမြဲဝတ်တဲ့ အင်္ဂလိပ်မတစ်ယောက်ဖြစ်တယ်။  သူကလည်း အညှီအဟောက်တွေနဲ့ ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကို အင်တာနက်မှာ အကြီးအကျယ် ဖွင့်ဖို့ ရည်ရွယ်ထားသူတစ်ဦး ဖြစ်ပါတယ်။

ကဲ လက်သမားပညာဘက်ဘဲ ပြန်လှည့်ရအောင်။ ဒီလူငယ်လေးနဲ့ ခေတ္တခင်မင်မိလို့ လက်သမားပညာ အကြောင်းကို တစေ့တစောင်း သိရှိခဲ့ရပါတယ်။ အဲဒီအခါ ဒီလို လက်မှု ပညာရပ်တွေ အပေါ်မှာ တက္ကသိုလ်မှာ သင်ကြားသင့်တဲ့ ပညာရပ်တွေ မဟုတ်ဆိုပြီး ကျမ အမြင်မှားခဲ့တာတွေ တစစနဲ့ ပျောက်ကွယ်ခဲ့ပါတယ်။

မိန်းခလေးတွေ လက်သမားပညာသင်တာကရော။ သင်သင့်ပါသလား။ အင်မတန် သင်သင့်ပါတယ်။ အနောက်နိုင်ငံတွေမှာ အမျိုးသမီးတွေ ကုလားထိုင် ကြိမ်ကွက် ပြဲသွားရင် ကိုယ်တိုင်ပြန်ပြီး ကြိမ်ယက်ပြင်ဆင်တယ်။ ကုထားထိုင်ခြေထောက်ကျိုးရင် ပြန်ပြင်တယ်။ DIY မိမိဘာသာ ပရိဘောဂ ပြင်ဆင်ခြင်း အိမ်ခန်းအတွင်းအပြင် ပြင်ဆင်ခြင်း အိမ်ပြင်ခြင်း အိမ်ဆောက်ခြင်းတွေ အင်မတန် စိတ်ဝင်စားသူတွေ များတယ်။

သာမန်လက်သမားပညာသာမက ရှေးဟောင်း ပစ္စည်း (ပရိဘောဂများ၊ အဆောက်အဦးအတွင်း ပစ္စည်းများ) ပြင်ဆင် မွမ်းမံတဲ့ နည်းပညာတွေကို တက္ကသိုလ်ကောလိပ်တွေမှာဘဲ ဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ်ဖြစ်ဖြစ် သင်ယူတတ်ကျွမ်းခဲ့သူများဟာ လခကောင်းကောင်း ရကြတယ်။ ဥရောပနိုင်ငံအသီးသီးက နန်းတော်တွေ ရှေးဟောင်းအဆောက်အဦးတွေမှာ အလုပ်ကောင်းကောင်းရကြတယ်။ အင်မတန် စာတတ်သူတွေလည်း ပါတယ်။ စာသိပ်မတတ်ဘဲ လက်မှုအရာမှာ ကျွမ်းကျင်သူတွေလည်း ပါတယ်။

လက်သမား မိန်းခလေးတွေ ချွေးတပြိုင်းပြိုင်းနဲ့ အလုပ်လုပ်နေတဲ့အခါ ဝတ်ရမဲ့ အဝတ်အစားတွေကရော။ ဒါက လုံးဝ အရေးမကြီးပါ။ တခုတော့ ရှိပါတယ်။ မြန်မာနိုင်ငံ ရာသီဥတုက အလွန်ပူအိုက်တဲ့အတွက် ကိုယ်ခန္ဒာကို သက်သာ ခြောင်ချိစေတဲ့ အဝတ်အစားတွေ ဝတ်ဆင်ခွင့် ပေးသင့်ပါတယ်။ လူကို ပိတ်ထုတ်ထားတဲ့ ငါးပေါင်းထုတ်တွေလို အီဂျစ် ရှေးဟောင်းလူသေအလောင်း မံမီတွေလို ထုတ်ထားသလို ကီမိုနိုတွေလို အဝတ်အစားများကို ဝတ်ရမည်လို့ မသတ်မှတ်သင့်ပါ။ ဓါတ်ပုံဆရာတွေကသာ နှာဘူးကြွပြီး ဟိုကလှည့်ရိုက် ဒီက လှည့်ရိုက်ပြီး သတင်းစာ ဂျာနယ်ထဲ ထည့်သာမျိုး လုံးဝ မလုပ်သင့်ပါ။

လက်သမား မိန်းခလေးတွေ အဝတ်အစား ဝတ်ဆင်ပုံနဲ့ ပတ်သက်လို့ အင်္ဂလိပ်လူမျိုး အမျိုးသမီး ဥယဉ်မှူး Charlie Dimmock ကို သတိရမိတယ်။ ၁၉၉၀ - ၂၀၀၀ ခုနှစ်အတွင်းတွေမှာ လူကြိုက်များလှတဲ့ Ground Force ဆိုတဲ့ ဗြိတိန်ရှိ မြို့ရွာတွေက လူနေအိမ်များရဲ့ ပန်းခြံတွေကို ဘယ်လို ပြုပြင်ပေးတာကို ဘီဘီစီက ရိုက်ထုတ်လွှင့်ပေးတဲ့ တယ်လီဗစ်ရှင်းဆီးရီးမှာ သူမက ဘီဘီစီက ငှားထားတဲ့ အမျိုးသမီး ဥယဉ်မှူးတစ်ဦးပါ။  သူမက တီရှပ်ကိုအမြဲလိုလို ဝတ်ပါတယ်။  သူမမှာ သဘာဝကပေးထားတဲ့ ရင်သားနှစ်စုံက အင်တန်ကြီးထွားတော့ အလုပ်လုပ်တဲ့အခါမှာ တုံတုံ တုံတုံနဲ့ လှုပ်နေတာ အမြဲ  မြင်နေရပါတယ်။ အလုပ်လုပ်နေုတုန်း မိုးရွာတဲ့အခါ အမျိုးသားတွေအတွက်က ပိုကြည့်ကောင်းသာပေါ့လေ။ ပိုကြည့်ကောင်းသာကို ကျေးဇူးမတင်ကြ။ ကိုယ်ကဘဲ မကြိုက်သလို ပြစ်စာတင်တဲ့လူတွေရှိသလို ဟားတဲ့သူတွေ တီဗွီပေါ်မှာ တက်ပြီး သူမအကြောင်းကို အကြီးအကျယ်ဆွေးနွေးကြတယ်။ မိန်းမတချို့လည်း ပါတယ်။  နောက်ဆုံးသူမကို ဥယဉ်မှူးပညာကောင်းကောင်း တတ်သူမဟုတ်လို့တောင် စွတ်စွဲသူတွေရှိလာတယ်။

အမှန်က သူမက တယ်လီဗစ်ရှင်းရိုက်နေစဉ်မှာ သူမလိုဘဲ ပင်တိုင်တီဗွီတင်ဆက်သူမဟုတ်လို့ စကားပြောခွင့် သိပ်မရတဲ့ လက်သမားတစ်ယောက်ရယ် တခြား အလုပ်ကြမ်းသမား အမျိုးသားတွေနဲ့ တန်းတူ မြေတူး အုတ်သယ် မြေသယ် သစ်သားတိုင်တွေ သစ်ပင်ကြီးတွေ အိုးကြီးတွေ ကိုယ်တိုင် မရတဲ့ ဥယဉ်အလုပ်ကို လုပ်ရသူပါ။ ချွေးတွေ ပြိုင်းပြိုင်းကျအောင် ဆံပင် ဖရိုဖရဲနဲ့ အားကြိုးမန်တိုက်လုပ်ရှာပါတယ်။ လူတွေက ဒါကို မမြင်ဘူး။ တုံတုံ တုံတုံ ပေါ်လာတာကိုဘဲ မျက်စိမှန်ဘီလူးနဲ့ကြည့်ပြီး မနားတန်း ပါးစပ်အရသာခံပြီး ဝေဖန်ကြတယ်။ သူမက ပင်တိုင် တီဗွီ တင်ဆက်သူနီးပါး နံမည်ကျော်လာပါလေရေ။ တော်တော်လေး အချိန်ကြမှ သူမဘက်ကရပ်တည် ကာကွယ်ပေးသူတွေ ပေါ်လာပါတယ်။ အမျိုးသမီးတချို့က သူမဘက်က ရပ်တည်ပြီး ကာကွယ် ပြောဆိုလာကြတယ်။ သူမရဲ့ သဘာဝက ပေးထားတဲ့ ရင်သားတွေက အင်မတန်ကြီးနေတော့ ဒီလို အလုပ်ကြမ်းတွေကို ယေက်ျားတွေနဲ့ တန်းတူလုပ်ရတဲ့အခါ ဘရာစီယာနဲ့ ထုတ်ထားရင် အင်မတန် ပူအိုက်ပြီး ကသိကအောက်ဖြစ်ကာ နာကြင်စေပါတယ်။ နောက်ပြီး ချည်နဲ့ လုပ်ထားတဲ့ တီရှပ်က ရိုးရိုးရှပ်မျိုးထက် ပိုပြီး လူကို သက်သာစေပါတယ်။  ဒါကို အလုပ်ကြမ်းလုပ်ဘူးတဲ့ ရင်သားကြီးထွားသူ အမျိုးသမီး အချင်းချင်းဘဲ နားလည်မှုရှိတယ်လေ။  တခါတလေ အင်္ကျီ ခပ်ကြပ်ကြပ် ဝတ်ရတာကတော့ တီဗွီအခန်းဆက် ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက ဝင်ငွေများများရဖို့အတွက်  ယောက်ျားတွေ များများကြည့်အောင် သူမကို ဒီလို ဝတ်ဆင်ခိုင်းထားသာပါ။

သူမပြောတာဆိုတာ မြင်တဲ့အခါမှာ သူမဟာ မနှဲလေးမဟုတ်တာ သိသာပါတယ်။ ဟော်မုန်းတွေထနေတဲ့ ကြောင်မတွေလို ဖလန်းဖလန်းထနေသူလည်း မဟုတ်ပါ။ ရှက်တတ်သူတစ်ယောက်ဖြစ်ပါတယ်။ မိမိဝါသနာပါတဲ့ မိမိကောင်းစွာလေ့လာထားတဲ့ ဥယဉ်မှူး ပညာရပ်နဲ့ မိမိဝမ်းစာကို တီဗွီပေါ်မှာ လူမြင်သူမြင် ရှာဖွေစားသောက်နေရသူတစ်ယောက်ပါ။ ဒီတော့ အမျိုးသမီးလက်သမားတွေ၊ အမျိုးသမီး ခြံစိုက်သမားတွေ၊ လယ်သူမတွေ အမျိုးသမီးစက်ရုံအမှုထမ်းတွေ သက်တောင့်သက်သာရှိတဲ့ အဝတ်တွေ ဝတ်ပါစေ။ ကိုယ်ကသွားပြီး မဟုတ်မဟတ်တဲ့ ရှုထောင့်ကနေပြီး ဓါတ်ပုံမှတ်တမ်းတင်ခြင်းကို တတ်နိုင်သ၍ရှောင်ကြဖို့ပါဘဲ။

အိမ်တွင်းမှုသိပ္ပံပညာ (အစားအစာထုတ်လုပ်မှုဆိုင်ရာ သိပ္ပံပညာ အပါအဝင်) ကို တက္ကလိုလ်တွေမှာ သင်သင့်ပါသလား။ သင်တင့်တာပေါ့။ Food Sciene, Nutrition,  Food Technology, Handling and Maintainance of Machiney used in food production, Methods of Processing Food, Food Safety Standard, Quality Control နဲ့  Catering Business အစရှိတဲ့ ပြောမကုန်နိုင်တဲ့ ပညာရပ်အမျိုးမျိုးကို သင်သင့်ပါတယ်။ ကိုယ့်အိမ်မှာ ထမင်းချက်တတ်၊ အုန်းနို့ခေါက်ဆွဲချက်တတ်၊ မုန့်စိမ်းပေါင်းဖုတ်တတ် ရုံနဲ့ မလုံလောက်ပါ။ တက္ကလိုလ်တွေမှာရော ကောလိပ်တွေမှာရော မိမိဘာသာ အင်တာနက်က အလကားသင်ရတဲ့ သင်တန်းတွေမှာ သင်သင့်ပါတယ်။


ယေက်ျားလေးတွေရော ဒီအိမ်တွင်းမှုပညာဆိုတဲ့ (အစားအစာထုတ်လုပ်မှုဆိုင်ရာ သိပ္ပံပညာ အပါအဝင်) ပညာရပ်တွေကို သင်သင့်ပါသလား။ ကမ္ဘာနိုင်ငံအသီးသီးက အစားအစာထုတ်တဲ့လုပ်ငန်းတွေ ဟိုတယ်တို့ စားသောက်ဆိုင်းအကြီးကြီးတွေရဲ့ စားတော်ကဲထိပ်သီးတွေကို ကြည့်ပါ။ ယောက်ျား အများစုဖြစ်ပါတယ်။ အများစုဟာလည်း ကောလိပ်တက္ကသိုလ်အသီးသီးက စာရွက်သောင်းခြောက်ထောင်တွေ ကိုယ့်အိမ်နံရံမှာ ချိတ်ထားသူတွေ ဖြစ်ကြပါတယ်။ အစားအသောက်ထုတ်လုပ်မှု ပညာရပ်ကို ယောက်ျားတွေ မသင်သင့်ဆိုတဲ့သူတွေ ဒီခေတ်မှာ မရှိသင့်တော့ပါ။

အခု ကျမစိတ်ဖြင့် ပစ်မှားခဲ့တဲ့ ဒီသင်တန်းတွေကို ဒေသကောလိပ် သင်ရိုးတွေမှာ ထည့်ပေးတဲ့ ပညာရှင်တွေကို ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်။ ကျမမှားခဲ့ပါတယ်။

မှတ်ချက်။ စာကျကျန်ခြင်း၊ စာလုံးပေါင်းမှားခြင်း၊ အထားအသိုမှားခြင်းများကို တဖြေးဖြေးခြင်း ပြင်ပါ့မယ်။ သည်းညီးခံပါ။ ကျေးဇူးတင်ပါတယ်။


နောက်ဆက်တွဲ။ Charlie Dimmock အကြောင်းရေးမိလို့ သူ့ဓါတ်ပုံတွေကို အင်တာနက်မှာ ရှာလိုက်တဲ့အခါ အသက်ကြီးလာပြီးဖြစ်တဲ့ သူမဓါတ်ပုံတွေကို တွေ့လိုက်ရတယ်။ မြင်ရသာ စိတ်မကောင်းလိုက်သာ။ အသက်ကြီးမှအားလုံးနီးပါး ဖော်ရိုက်တဲ့ သက်ကြီးရွယ်အို မိုဒယ်ဖြစ်သွားရှာပြီ။ နားလည်လိုက်မိသာက သူမ အသက်ကြီးတော့ အုတ်တွေ မမနိုင် မသယ်နိုင်တော့ဘူး။ သစ်ပင်ကြီးတွေ ပန်းအိုးကြီးတွေကို တယောက်ထဲ့ မမနိုင်တော့ဘူး။ ပန်းခြံထဲမှာ အလုပ်ကြမ်း မလုပ်နိုင်တော့ဘူး။ တီဗွီမှာ ကိုယ်တိုင် တင်ဆက်သူ အဖြစ်  ကြိုးစားလုပ်ခဲ့တာ တွေ့ဘူးတယ်။ မအောင်မြင်ဘူး။ တီဗွီတွေမှာ လူကြိုက်များတဲ့ ဘုရင်မအင်္ဂလိပ်စာကားသံမျိုးနဲ့ သူမက မပြောနိုင်ရှာဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်သိပ်ရှိပုံမရ။ မီဒီယာသမားအနေနဲ့ သိပ်မထက်မြက်ဘူး။ သိပ်ပြီး စကားဝဲတော့ လူကြိုက်မများဘူး။ တီဗွီမှာ သတင်းဖတ် တင်ဆက်နိုင်တဲ့ ဥပဓိရုပ်မျိုးလည်း မရှိရှာဘူး။ ဒီတော့ အသက်ကြီးလာတဲ့အခါ အလုပ်ကြမ်း မလုပ်နိုင်တော့ သူမှရဲ့ သဘာဝက ပေးတဲ့ ပစ္စည်းတွေကို ဘဲ ရှက်ရှက်နဲ့ လူအများ သာယာဖျော်ဖြေဖို့အတွက် ပြသနေရရှာပြီ။ ငယ်ငယ်က ဒီလိုမဟုတ်ဘူး။ တီရှပ်နဲ့ ဂျင်းဘောင်းဘီစုတ်နဲက ချွေးတပြိုင်းပြိုင်းကျပြီး အလုပ်ကြမ်းတွေ လုပ်တယ်။ သူဝါသနာလည်း ပါတယ်။ ကျွမ်းကြင်တဲ့ လေ့လာထားခဲ့တဲ့ နည်းပညာဘဲလေ။ အခုတော့ ရင်နာစရာပါ။ ဒါပေမဲ့ သူမ အသက်ရှင်ရေးအတွက် ရှက်ရှက်နဲ့ လုပ်သာမို့ နားလည်ပါတယ်။ သူများပစ္စည်း မတရားခိုးစားသူမှ မဟုတ်ဘဲ။ ဗြိတိန်မှာ အလွန်ဝင်ငွေကောင်းတဲ့ ထိတ်တန်း Gardener တို့ Horticulturist  တို့ Landscape Architect    အစရှိတဲ့ အလုပ်တွေကို တော်တော်နဲ့ ဝင်တိုးဘို့ မလွယ်ပါ။

ဘကြီးသက်
Unknown at 9:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိန်းမနဲ့ ကလေးတွေ ရှိသေးတယ်....


ဦးမောင်အေးရယ်၊ ထိုင်းစစ်ဦးစီချုပ်ရယ် မြ၀တီမှာတွေ့ ကြတယ်။ သူတို့နှစ်ယောက်မူးလာ တော့ သူတို့ စစ် သားတွေဘယ်လောက် အမိန့်နာခံကြောင်း အကြွား ပြိုင်ကြသတဲ့ …

ထိုင်း စစ်ဦးစီင်္းချုပ်က သူ့ စစ်သားတယောက်ကို ခေါ် လိုက်ပြီး …


ထိုင်းစစ်ဦးစီချုပ် …

“မင်းခြေတောက်ကို မင်း သေနပ်နဲ့  ပစ်ချိုးပြလိုက်စမ်းလို့” အမိန့်ပေးသတဲ့

ထိုင်းစစ်သားက …

“ကျနော်မှာ မိန်းမနဲ့ ကလေးတွေ ရှိသေးတယ်”

ဆိုပြီး မလုပ်ဘူးတဲ့။ ဒီတော့ ထိုင်းစစ်ဦးစီးချုပ် မျက်နှာပျက်သွားတယ်။

ဒီအခါမှာ မောင်အေး က မြန်မာစစ်သားတယောက်ကိုခေါ်လိုက်ပြီး “မင်းခြေထောက်ကိုမင်း သေနပ်နဲ့  ပြစ်ချိုး လိုက်စမ်း”

လို့ အမိန့်ပေးလိုက်တဲ့အခါမှာ မြန်မာစစ်သားက စဉ်းစားမနေဘူး …

“ဒိုင်း”

ကနဲ ဆိုပြီး သေနပ်နဲ့ သူခြေထောက်ကို သူဖါသာသာသူ ပစ်ချိုးလိုက်သတဲ့။

မောင်အေး က …

“ငှဲ ငှဲ ငှဲ ငှဲ”

နဲ့ ထိုင်းစစ်ဦးစီးချုပ်ကို ပြုံးပြလိုက်သတဲ့။

ထိုင်းစစ်ဦးစီးချုပ်လည်း အရှက်ကွဲသွားတယ်။ ပြီးတော့ မြန်မာစစ်သားကို မဲဆောက် ဆေးရုံကို တင်ပေးဖို့ခေါ်လာရင်း လမ်းမှာ ထိုင်းစစ်ဦးစီးချုပ်က …
“မင်းနဲ့  ကွာ ဘာကြောင့်မစဉ်းမစား သူအမိန့်ပေးတိုင်း ခြေထောက်ကို ပစ်ချိုးလိုက်ရ တာလဲ” လို့ မေးသတဲ့

မြန်မာစစ်သားက မျက်နှာကိုရှုံ့မဲ့ရင်း …

“ကျနော့်မှာ မိန်းမနဲ့ ကလေးတွေ ရှိသေးတယ် ခင်ဗျ”

လို့ ပြန်ဖြေသတဲ့။..တိန်....

ရီမောစေလိုသောဆန်ဒပါ...ဟာသအနေနဲ့နော်...ဟီးဟီး...လက်မပါကြေး...
 


ဘကြီးသက်
Unknown at 9:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီပဲယင်းမှာ အရိုက်ခံရပြီး ပျောက်နေတဲ့ ကိုတိုးလွင်

ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်တွင် တွေ့ဆုံပွဲကို လက်သီးဆုတ်ပြီး ဝင်လာသူက ကိုတိုးလွင် ဖြစ်ပါတယ်။ သူဟာ ဒီပဲယင်း အရေးအခင်းမှာ အမေ့ကို ရိုက်တဲ့ ဝါးရင်းတုတ်ကို ခေါင်းထိုးခံလိုက်လို့ တစ်ခေါင်းလုံး အကွဲခံပြီး အန်တီ အသက်ကို ကယ်လိုက်သူပါ။

ဒီပဲယင်းမှာ အရိုက်ခံရပြီး ပျောက်နေလို့ မိသားစုက ဆွမ်းတောင်သွတ်လိုက်ပါတယ်။ နောက်မှ ထောင်ထဲကနေ ပြန်လွတ်လာတယ်။ အခု ဆန်ဖရန်စစ်စကို ရောက်နေပါတယ်။

အမေက ဝါရှင်တန် မိသားစုနဲ့ တွေ့ဆုံပွဲအပြီး သူ့ကို မိုက်ကလိုဖုန်းနဲ့ ကိုတိုးလွင်ရှေ့ကိုလာပါ ဆိုပြီး ကျေးဇူးတင်စကား ဆိုတယ်။ ဘလက်လစ် ဖျက်တဲ့အထဲ ပါမပါ မေးရှာပါတယ်။ ကိုတိုးလွင်ဟာ တကယ့် သူရဲကောင်းတစ်ဦး ဖြစ်ပါတယ်။

Reference and Credit to -ဒီမိုဖက်တီး(ကိုဇော်ဝင်းမှ တဆင့်)
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

ဘကြီးသက်
Unknown at 9:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တောင်ငူမြို့ မှာ အမြန်ရထားနှင့် မှန်လုံအမြန်ယာဉ် တိုက်မိ


စက်တင်ဘာ ၂၂ ရက်နေ့ ၁၀ နာရီ အချိန်က တောင်ငူမြို့ (ဖိုးတာတီးကားဂိတ်) နှင့် ပေါ်တော်မူ မီးရထား သံလမ်းဂိတ်ဆုံရာတွင် ရန်ကုန်- မန္တလေး အမှတ် ၅ အဆန် အမြန်ရထားနှင့် လွိုင်ကော်ရန်ကုန် ရွှေရာဇာ မှန်လုံအမြန်ယာဉ် တို့ တိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ရွှေရာဇာ မော်တော်ကားအား ယနေ့ ညနေ ၄ နာရီခန့်က တွေ့မြင်ရစဉ်။

အဆိုပါ ကားမှာ ရထားနှင့် တရွတ်တိုက်ပါသွားခဲ့သော်လည်း ခရိးသည် ၄၇ ဦး အနက် ၆ ဦးခန့်သာ အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

The Voice Weekly
ဘကြီးသက်
Unknown at 9:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပူပူနွေးနွေး စာနယ်ဇင်းကောင်စီ(ယာယီ) မှ ဦးကိုကိုကြီး နှုတ်ထွက်


 
ပူပူနွေးနွေး စာနယ်ဇင်းကောင်စီ(ယာယီ) မှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး မှ နှုတ်ထွက်သွားကြောင်း သတင်းရရှိပါတယ်။ ဦးကိုကိုကြီးကို စာနယ်ဇင်းကောင်စီ တွင်းသို့ အဖွဲ့ဝင်ရန်အတွက် ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ကိုယ်တိုင် ထောက်ခံခဲ့တာ ဖြစ်ပေမယ့် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (MJA) မှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတဲ့ သတင်းစာဆရာ မောင်ဝံသ ခေါ် ဦးစိုးသိမ်းတို့ကို နှင့်  အတွင်းရေးမှူး ဖြစ်သူ The Voice Weekly အယ်ဒီတာ ဦးကျော်မင်းဆွေ တို့ ရဲ့  အကျင့်စရိုက်တွေကို မကြိုက်လို့ နှုတ်ထွက်သွားတာ ဖြစ်နိုင်ကြောင်း လေ့လာသူများက သုံးသပ်ကြပါတယ်။

လက်တလောအားဖြင့်  The Voice ဂျာနယ်၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေတို့အား အသရေဖျက်မှု(ပုဒ်မ ၅၀၀) ဖြင့် စွဲချက်တင်ခံထားရပါတယ်။
 
စာနယ်ဇင်း ဥပဒေကြမ်းရေးဆွဲဖို့ ရည်ရွယ်ချက်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ) ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ရန်ကုန်မြို့၊ ချက်ထရီယံ ဟိုတယ်တွင်  အစည်းအဝေး ပြုလုပ်ပြီး ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ 

 ၈၈ မျိုးဆက်များမှ NGO က ပေးသည့် ဒေါ်လာငွေများ အလွဲသုံးစား လုပ်ဆောင်မှု အကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဦးကိုကိုကြီးမှ မီဒီယာသမားများကို သနားသဖြင့် အရေးမယူလိုကြောင်း ပြောခဲ့ဖူးပြီး ယခု စာနယ်ဇင်း ကောင်စီ မှ ဘာကြောင့် နှုတ်ထွက်တယ်ဆိုတာကိုတော့ တစုံတရာ ရှင်းလင်းပြောကြားခြင်း မရှိခဲ့ပါဘူး။

 Myanmar Express

ဘကြီးသက်
Unknown at 8:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးဟုဆို၊ နှစ်သိန်းတန်ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင် ရောင်းချပြီးနောက် ကျပ်ငွေ ဘီလျံ ၁၆၀ ရရှိပြီးဖြစ်ရာ ဈေးနှုန်းမလျှော့ခြင်းသည် ဆက်သွယ်ရေးနှင့် ခရိုနီများအတွက်သာဖြစ်ပြီး ပြည်သူများ ထိခိုက်စေသောလုပ်ရပ်အဖြစ် ဝေဖန်မှုများထွက်ပေါ်


GSM ဖုန်းများ ကိုနှစ်သိန်းကျပ်သို့ ပြောင်းလဲရောင်းချစဉ် စောင့်ဆိုင်းဝယ်ယူနေကြသူများကို ဧပြီလအတွင်းက တွေ့ရစဉ်
နှစ်သိန်းဖုန်းများကို ၂၀၁၃ ခုနှစ် မတ်လကုန်အထိ ဈေးနှုန်းလျော့ချ ရောင်းချရန် အစီအစဉ်မရှိသေးကြောင်း ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။
လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းများကို အနိမ့်ဆုံးဈေးနှုန်း တစ်လုံးလျှင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး အဆိုပါအနိမ့်ဆုံးဈေးနှုန်းကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဈေးနှုန်းများထပ်မံ လျော့ချရန် မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိုဘိုင်းဖုန်းအလုံးရေ သန်း ၃၀ စီမံကိန်းကို ထုတ်ပြန်ခဲ့ပြီးနောက် ပထမနှစ်စီမံကိန်းအတွက် မိုဘိုင်း ဖုန်းအလုံးရေ လေးသန်းကို၂၀၁၂ခုနှစ်၊ မတ်လမှစတင်ပြီး GSM ဖုန်း Sim  Card တစ်ကဒ်ကို ငွေကျပ်နှစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ WCDMA  ဖုန်းတစ်လုံးလျှင် ငွေကျပ်နှစ်သိန်းငါးသောင်းနှုန်းဖြင့်လည်းကောင်း အသီးသီး ရောင်းချပေးခဲ့ပါသည်။
ထိုသို့ ရောင်းချပေးခဲ့ပြီးနောက်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလအထိ ငွေကျပ်နှစ်သိန်းတန် GSM ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်၊ ငွေကျပ်နှစ်သိန်းငါးသောင်းတန် WCDMA ဖုန်းအလုံးရေ နှစ်သိန်းဝန်းကျင်ခန့်ကို အများပြည်သူထံသို့ ရောင်း ချပေးခဲ့ပြီး ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(ရွှေဂုံတိုင်)မှ သိရှိရပါသည်။
ထို့ကြောင့် ငွေကျပ်နှစ်သိန်းတန် ဖုန်းအလုံးရေ ရှစ်သိန်းဝန်းကျင်ရောင်းချရမှုအတွက် ကျပ်ငွေဘီလျံ ၁၆၀၊ နှစ်သိန်းငါးသောင်းတန် WCDMA  ဖုန်းအလုံးရေ နှစ်သိန်းဝန်းကျင် ရောင်းချရမှုအတွက် ကျပ်ငွေဘီလျံ ၅၀၊ စုစုပေါင်း ကျပ်ငွေဘီလျံပေါင်း ၂၁၀ ဘီလျံကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးအတူပူးပေါင်း လုပ်ဆောင်သည့် ကုမ္ပဏီများမှ ရရှိကြမည်ဖြစ်သည်။
မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်း၏ ပထမနှစ် စီမံကိန်း မိုဘိုင်းဖုန်းအလုံး ရေလေးသန်းအတွက် အခြေခံအဆောက် အအုံများဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးတာဝါတိုင်များ ဆောက်လုပ်ခြင်း၊ လိုင်းတပ်ဆင်ခြင်းများနှင့် ပြည်ပမှ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ ၀ယ်ယူတင်သွင်းခြင်း စသည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်းလုပ်ငန်းများအတွက် ကနဦးရင်းနှီးမြှုပ်နှံမှုအဖြစ် ငွေကျပ်ဘီလီယံ ၅၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မိုဘိုင်းဖုန်းလုံးရေ လေးသန်းအတွက် ကနဦးရင်းနှီးမြုပ်နှံမှုငွေကျပ် ဘီလျံ ၅၀၀ ရှိချိန်တွင် မိုဘိုင်းဖုန်း  အလုံးရေတစ်သန်းအတွက် ရင်းနှီးမြှုပ်နှံစရိတ်မှာ ငွေကျပ် ၁၂၅ ဘီလျံ ခန့် ပျမ်းမျှကုန်ကျမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင် မိုဘိုင်းဖုန်း တစ်သန်းရောင်းချပြီးချိန်တွင် ရရှိငွေမှာ ကျပ်ငွေဘီလျံ ၂၁၀ ရှိသည့်အတွက် အမြတ်ငွေ ကျပ် ၈၅ ဘီလျံကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ ရရှိထားပြီး ဖြစ်ပါသည်။ အဆိုပါ အသားတင် အမြတ်ငွေ ၈၅ ဘီလျံ သည် ၂၀၁၂ ခုနှစ် မတ်လမှ စက်တင်ဘာလအတွင်း ရရှိခဲ့သော ငွေပမာဏမျှသာ ဖြစ်ပါသည်။
အခြားတစ်ဖက်တွင်လည်း ဖုန်းခေါ်ဆိုခနှုန်းထားများနှင့် မိုဘိုင်းဖုန်း အလုံးရေ ခုနစ်သိန်းခုနစ်သောင်းအတွက် အင်တာနက် တပ်ဆင်ပေးခဲ့ခြင်းအတွက် စုစုပေါင်း ငွေကျပ် ၇ ဒသမ ၇ ဘီလီယံကိုလည်း ယခုနှစ်ကာလအတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ရရှိထားခဲ့ပါသည်။

Sim Card တန်ဖိုးတွေကို သုညရာခိုင်နှုန်းနဲ့ ရောင်းချသင့်ပေမယ့် အခုမဖြစ်သေးတာကို လက်ခံတယ်။ ဒါပေမယ် Sim Card တန်ဖိုးတွေက ဘတ် ၁၀၀၊ ၂၀၀ (မြန်မာငွေကျပ် ၃၀၀၀မှ ၆၀၀၀ကြား) ထက်ဈေး ပိုမကြီးသင့်ဘူး။ မြန်မာဆက်သွယ်ရေးလုပ်ငန်းကနေ ပစ္စည်းတွေဝယ်ရင် တင်ဒါခေါ်ပြီး ၀ယ်တယ်။ နောက်ဆုံးခေါ်ယူတဲ့ တင်ဒါမှာ Sim Card တစ်ကဒ်ကို ၂၅၀ နှုန်းနဲ့ ၀ယ်ယူခဲ့တယ်လို့ သိရတယ်။ တစ်ဖက်မှာလည်း ဖုန်းအလုံးရေ တစ်သန်းရောင်းပြီးတဲ့ အနေအထားမှာ အမြတ်အစွန်းရသင့်သလောက် ရခဲ့ပြီးတဲ့ အခြေအနေမှာ ရှိတယ်။ အခုလို နှစ်သိန်းဖုန်းတွေကို ဈေးထပ်မလျော့ဘဲ ရောင်းချနေတာက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး တိုးတက်မှုကို နှေးကွေးရာ ရောက်စေပါတယ်။
မိုဘိုင်းဖုန်းသန်း ၃၀ စီမံကိန်း အတွက် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူပူး ပေါင်းဆောင်ရွက်ခဲ့သည့် ကုမ္ပဏီများမှာ ရတနာပုံတယ်လီပို့နှင့် Elite နှင့် Asia Mega Link(Asia World ကုမ္ပဏီ၏လုပ်ငန်းခွဲ) အစရှိသော ကုမ္ပဏီများမှ အဓိကလုပ်ဆောင် နေပြီး Global တယ်လီဖုန်းကုမ္ပဏီ၊ Zaw & Zaw ကုမ္ပဏီ၊ မြန်မာပိတောက်အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးကုမ္ပဏီ၊ IGE  ကုမ္ပဏီ၊ အောင်ချမ်းသာ ရောင်းဝယ်ရေးကုမ္ပဏီ၊ တာမိုးညဲချမ်းသာထွန်းဝေသာကုမ္ပဏီလီမိတက်၊ Fortune ကုမ္ပဏီ၊ Active Business Consol-idation Service ကုမ္ပဏီလီမိတက်နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းတို့ဖြစ်ကြောင်း သြဂုတ်လအတွင်းက ရရှိခဲ့သော စာရင်းများအရ သိရှိရသည်။
အဆိုပါ ကုမ္ပဏီများတွင် ရတနာပုံတယ်လီပို့သည် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ ဖြစ်ပါသည်။ Elite Tech ကုမ္ပဏီမှာ ထူးကုမ္ပဏီပိုင်လုပ်ငန်းခွဲတစ်ခု ဖြစ်သည်။
''Sim Card တန်ဖိုးတွေကို သုညရာခိုင်နှုန်းနဲ့ ရောင်းချသင့်ပေမယ့် အခုမဖြစ်သေးတာကို လက်ခံတယ်။ ဒါပေမယ့် Sim Card တန်ဖိုးတွေက ဘတ် ၁၀၀၊ ၂၀၀ (မြန်မာငွေကျပ်  ၃၀၀၀ မှ ၆၀၀၀ကြား) ထက်ဈေး ပိုမကြီးသင့်ဘူး။ မြန်မာဆက်သွယ် ရေးလုပ်ငန်းကနေ ပစ္စည်းတွေဝယ်ရင် တင်ဒါခေါ်ပြီး ၀ယ်တယ်။ နောက်ဆုံးခေါ်ယူတဲ့ တင်ဒါမှာ Sim Card တစ်ကဒ်ကို ၂၅၀ နှုန်းနဲ့ ၀ယ်ယူခဲ့တယ်လို့ သိရတယ်။ တစ်ဖက်မှာလည်း ဖုန်းအလုံးရေ တစ်သန်းရောင်းပြီးတဲ့ အနေအထားမှာ အမြတ် အစွန်းရသင့်သလောက် ရခဲ့ပြီးတဲ့ အခြေအနေမှာ ရှိတယ်။ အခုလို နှစ်သိန်းဖုန်းတွေကို ဈေးထပ်မလျော့ဘဲ ရောင်းချနေတာက တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေးတိုးတက်မှုကို နှေးကွေးရာ ရောက်စေပါတယ်။ ပြည်သူ့မျက်နှာကို မထောက်ဘဲ ဆက်သွယ်ရေးလုပ်ငန်း၊ သူတို့နဲ့ နီးစပ်ရာ crony ကုမ္ပဏီအချို့ပဲ ကြီးပွားအောင်လုပ်ပေးနေတဲ့သဘော ဖြစ်နေပါတယ်''ဟု ပြည်တွင်းရှိ အိုင်တီလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လက်ရှိသွားနေသည့် ပုံစံမှာမူ ယခင်အစိုးရလက်ထက် ပုံစံများအတိုင်း ဆက်သွယ်ရေးလုပ်ငန်းကို လည်ပတ်နေသည့် အခြေအနေတွင်သာရှိနေပြီး သိသာသောပြောင်းလဲမှု ပုံစံသစ်များ မတွေ့ရသေးကြောင်း ဝေဖန်မှုများ ရှိနေပါသည်။ အထူးသဖြင့် မိုဘိုင်းဖုန်း တစ်သန်းရောင်းချပြီးချိန်တွင် အမြတ်ငွေများ ရရှိနေသည့်တိုင် ဖုန်းဈေးနှုန်း လျော့ချမပေးနိုင်သေးသည့် အခြေအနေက သာဓက တစ်ခုဖြစ်နေကြောင်း သိရသည်။
''ဖုန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော် လွှတ်တော်မှာ တင်ပြခဲ့တာ ရှိပါတယ်။ အဲဒါက ဆက်သွယ်ရေးမှာ ချုပ်ကိုင်မှုတွေများနေတဲ့ကိစ္စ၊ ဆက်သွယ်ရေးဥပဒေကို ပြင်ဖို့ကိစ္စ၊ ဆက်သွယ်ရေးကဏ္ဍမှာ Puplic ကုမ္ပဏီတွေထူထောင်ပြီး ဆောင်ရွက်ဖို့ကိစ္စ တွေကို မေးခွန်းအဖြစ် တင်သွင်းမေးမြန်းခဲ့တာပါ။ အခု ကျွန်တော်တို့ဆီမှာ ဖြစ်နေတာက Sim Card ပေါ်မှာ အရင်းကြေပြီး အမြတ်ရတဲ့အထိ စဉ်းစားပြီးဆောင်ရွက်နေလို့ အခုလို ဖြစ်နေတာပါ။ ဆက်သွယ်ရေးကဏ္ဍအတွက် တာဝါတိုင်တွေ Network တွေဆောက်ရတယ်။ ဒီအတွက် ရင်းနှီးမြှပ်နှံရတယ်။ နိုင်ငံခြားမှာလည်း ဒီလိုပဲ အစမှာတော့ ရင်းနှီးမြှုပ်နှံကြရတာပဲ။ နောက်ပိုင်း တဖြည်းဖြည်း အရင်းကျော်ပြီး အမြတ်ရလာကြတာပဲ။ ဒီမှာက အစကတည်းက အရင်းကြေပြီး အမြတ်လို ချင်နေကြတယ်''ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောသည်။
နိုင်ငံတော်သမ္မတကိုယ်တိုင်က အပြောင်းအလဲများ တိုးမြှင့်ဆောင်ရွက်ရန် ပြောထားသည့်အချိန်တွင်  ဖုန်းဈေးနှုန်းများကို လျော့ကိုလျော့ချပေးရမည်ဖြစ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ထပ်မံပြောကြားသည်။
''နိုင်ငံတော်သမ္မတကြီးကလည်း အပြောင်းအလဲတွေ တိုးမြှင့်ဆောင်ရွက်ဖို့ ပြောနေတဲ့အချိန်မှာ ဖုန်းဈေးနှုန်းတွေက လျော့ကိုလျော့ချပေးရမယ့် အချိန်ပါ။ ဆက်သွယ်ရေး ဒုဝန်ကြီးဦးသောင်းတင် ပြောထားတဲ့စကား ရှိပါတယ်။ ဘတ်စ်ကားစီးတာ ဘတ်စကားစီးခပဲ ပေးဖို့လိုတယ်။ ဘတ်စ်ကားဝယ်စီးဖို့ မလိုဘူး။ အဲလိုပါပဲ ဖုန်းပြောတဲ့နေရာမှာ ဖုန်းကတ်ကိုဝယ်သုံးရတယ်ဆိုတာ ကျွန်တော်တို့ မြန်မာတစ်နိုင်ငံပဲ ရှိပါတယ်။ ဆက်သွယ်ရေး network ဆိုတာ တစ်ခါလုပ်ထားပြီးရင် အကြာကြီး သုံးလိုရပါတယ်။ အခုခေတ်ပြောင်း စနစ်ပြောင်း ဖြစ်နေပါပြီ။ အခုရောင်းနေတဲ့ နှစ်သိန်းဆိုတာ ၁၅သိန်းနဲ့စာရင် နည်းလာပေမယ့် ဈေးနှုန်းတွေ ထပ်လျော့ဖို့ လိုအပ်တယ်ဆိုတာ ပြောကြားလိုပါတယ်''ဟု ဒေါက်တာမြတ်ဉာဏစိုးက ပြောကြားခဲ့ပါသည်။
''မိုဘိုင်းဖုန်း Sim Card များတွေကို နိုင်ငံတကာမှာ အလကားပေးနေတဲ့အချိန်မှာ ဒီမှာဈေးကြီးပေးပြီး မနည်းကိုမျော်ပြီး ၀ယ်နေရတဲ့ အပြင်ကို အခုပဲ တစ်သိန်းတန် ထွက်တော့မလိုလို ၅ ထောင်တန်ပဲ ထွက်တော့မလိုလိုနဲ့ ၀ယ်မဲ့သူတွေက ဟိုဟာစောင့်ရနိုးနိုး ဒီဟာပဲဝယ်ရ နိုးနိုးနဲ့ နောက်ဆုံးမစောင့်နိုင်တဲ့သူက နောက်ဆုံးတော့ အရစ်ကျနဲ့ရောင်းတာကို ၀ယ်တဲ့သူက၀ယ်နဲ့။ တစ်ဖက်ကလည်း အရစ်ကျနဲ့ ၀ယ်နေတုန်းရှိသေး ဒီထက်ဈေးနည်းတာက ထွက်လာ။ အခု နှစ်သိန်းတန်၊ ငါးသိန်းတန်ဖုန်းတွေ ၀ယ်ကိုင်ရတာလဲ အလုပ်လုပ်နေရတဲ့အတွက် မတတ်သာလို့ ၀ယ်သုံးရတာ။ မဟုတ်ရင် ဒီဖုန်းတွေက အားပေးချင်စရာတောင် မရှိဘူး''ဟု  နည်းပညာနယ်ပယ်မှ လူငယ်တစ်ဦးဖြစ်သူ ကိုထက်လင်းစိုးက ပြောသည်။
''ကျွန်တော့အမြင်အရ ပြောရမယ်ဆိုရင်တော့ (မြန်မာ့ဆက်သွယ်ရေး) တစ်ခုတည်းဖြစ်နေသေးသရွေ့ အထူးသဖြင့် သူကလွဲလို့ ရွေးချယ်စရာ မရှိသေးသရွေ့ကတော့ သူလုပ်ချင်တိုင်း လုပ်တဲ့ဒဏ်တော့ ကျွန်တော်တို့ ခံနေရဦးမှာပဲ။ ဖြစ်သင့်တဲ့ အနေအထားတစ်ခုက Competitive Market   ဖြစ်လာဖို့က လိုကို လိုအပ်တယ်။ အဲဒါမရှိပဲကျတော့လည်း အဆင်ပြေမှာ မဟုတ်ဘူး။ သူတို့က Competitive  Force ဖြစ်မလာခင်အချိန်လေးမှာ တတ်နိုင်သမျှ ကြိုသယ်ထားမှဆိုတဲ့ပုံစံမျိုးနဲ့ဆို အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်''ဟု Myanmar Link ကုမ္ပဏီ မှ CEO ကိုသီဟက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေး ကော်ပိုရှင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အစရှိသည်တို့မှာ ငွေကျပ်တစ်သိန်းသုံးသောင်းနှင့် ငွေကျပ်ရှစ်သောင်းတန် မိုဘိုင်းဖုန်းများ ရောင်းချပေးမည်ဆိုသော သတင်းများ လူထုအကြားတွင် ပျံ့နှံ့နေ သော်လည်း အဆိုပါကုမ္ပဏီများသည် ဆက်သွယ်ရေး ၀န်ဆောင်မပေးသည့် Operator အဖြစ် ဆောင်ရွက်ရန် ၀န်ဆောင်မှုလိုင်စင် ရရှိရေးအတွက် သက်ဆိုင်ရာဦးစီးဌာနနှင့် ၀န်ကြီးဌာနတို့တွင် လာရောက်လျှောက်ထားခြင်း မရှိသေးကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ပြောကြားထားပါသည်။
ဆက်သွယ်ရေးဏ္ဍတွင် ခေတ်စနစ်ဟောင်း၏ ပုံစံအတိုင်း ဆက်သွားပါက အိမ်နီးချင်းနိုင်ငံများကို အမီလိုက်နိုင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း ၂၀၁၂ ခုနှစ်စက် တင်ဘာလ ၇ရက်နေ့၊ နေပြည်တော်ရှိ  မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ခဲ့သည့် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးမှ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်ပါက မြန်မာနိုင်ငံ၏ တယ်လီဖုန်းနှင့် အင်တာနက် အသုံးပြုမှုသည်များစွာ နောက်ကျကျန်ရစ်ခဲ့ရာ လက်ရှိပုံစံအတိုင်း မပြောင်းလဲဘဲ ဆက်သွားပါက ပို၍သာ နောက်ကျဖွယ်ရာ ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လူတစ်ရာလျှင် တယ်လီဖုန်း ၆လုံး ၇လုံး သုံးစွဲနိုင်သည့် အနေအထားသို့ ရောက်ရှိလာခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံများ၌ ယခုထက် ပိုမိုသုံးစွဲနေကြောင်း၊ ခေတ်စနစ်ဟောင်း၏ ပုံစံအတိုင်း ဆက်သွားပါက အိမ်နီးချင်းနိုင်ငံများကို အမှီ လိုက်နိုင်ရန်အတွက် နှစ်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။
''ဆင်းကတ်တန်ဖိုးဆိုရင်လည်း ကျပ် ၅၀၀၀ တောင် မဟုတ်ဘူး။ ဆင်းကတ် အလကားဖြစ်ရမယ့်အပြင် ၀ယ်ယူသူတွေကို မိနစ် ၂၀၀ အလကား ဆက်ခွင့်ပြုတာမျိုး၊ ဟန်းဆက်တစ်လုံး လက်ဆောင်ပေးတာမျိုးထိ ဖြစ်သင့်တာပါ။ အဲဒီအတွက် လည်း Business Model ကို ပြောင်းပစ်ဖို့ လိုပါမယ်။ ဘတ်စ်ကားစီးတဲ့ သူတစ်ယောက်ဟာ ကားစီးခကိုပဲ ပေးရတာပါ။ ဘတ်စ်ကားဖိုးပေးစရာ မလိုပါဘူး။ ဒီလိုပဲ ကွန်ပျူတာပစ္စည်းရောင်းတာနဲ့ ကွန်ပျူတာသင်တန်းကျောင်းတို့ရဲ့ ပုံစံချင်း မတူပါဘူး။ ကွန်ပျူတာပစ္စည်း ရောင်းရင်းဝယ်ရင်းထားရတဲ့ ပစ္စည်းတစ်ခု အတွက်ချက်ချင်း အမြတ်လိုချင်ပေမယ့် ကွန်ပျူတာသင်တန်းကျောင်းမှာတော့ ရင်းထားရတဲ့ ပစ္စည်းဖိုးကို ချက်ချင်း ကျေချင်လို့ မရပါဘူး။ ဒီသဘောပါပဲ။ မိုဘိုင်းဖုန်း ကုမ္ပဏီ အနေနဲ့လည်း ကာလတစ်ခုထိ ရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး ရေရှည်ဝန်ဆောင်မှု ပေးသွားရမယ့် ကိစ္စမျိုးပါ''ဟု ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ဒုတိယ၀န်ကြီး မဖြစ်မီ သြဂုတ်လ နောက်ဆုံးပတ်အတွင်းက ပြောကြားထားခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး ကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ စတင်သည့်အနေဖြင့် ဆက်သွယ်ရေးကဏ္ဍကို Operator လေးခုဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးနှင့် ရတနာပုံ တယ်လီပို့တို့မှ Operator နှစ်ခု ရယူမည်ဖြစ်ကာ ကျန်နှစ်ခုကို Tender စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားပါသည်။ မိုဘိုင်းဖုန်းဈေးလျော့မှုတွင် အသစ်ပေါ်ထွက်လာမည့် Operator နှစ်ခု လုပ်ငန်းလည်ပတ်ချိန်တွင် ဖြစ်လာနိုင်သည်ဟူသော သုံးသပ်မှုများရှိ နေသော်လည်း အသစ်ပေါ်ထွက်လာမည့် Operator နှစ်ခုသည် ခရိုနီ (Croney) များကြီးစိုးသော ကုမ္ပဏီများသာ ရရှိခဲ့မည်ဆိုပါက မည်သို့ ဖြစ်လာနိုင်မည်နည်းဆိုသော မေးခွန်းများ ထွက်ပေါ်နေပါသည်။

အရှေ့တောင်အာရှ နိုင်ငံအချို့၏ ပြည်တွင်းဖုန်းခေါ်ဆိုခ
နှုန်းထားများ
နိုင်ငံ ကုမ္ပဏီ တစ်မိနစ်နှုန်းထား(US) အသုံးပြုသူ
စင်္ကာပူ Singtel ၀ .၀၇ ၃ .၁၆ သန်း
ဗီယက်နမ် Vinaphone ၀ .၀၆ ၄ .၉၆ သန်း
မလေးရှား Telestial ၀ .၁၁ ၃ .၅၆ သန်း
အင်ဒိုနီးရှား T-Mobile ၀ .၀၄ ၇ .၆၈ သန်း
ထိုင်း D-Tac ၀ .၀၆ ၂၃ .၂ သန်း
(မှတ်ချက် - ပျမ်းမျအမြင့်ဆုံး ခေါ်ဆိုခနှုန်းထားများဖြစ်ပြီး Service Plan ပေါ်မူတည်ကာ သက်သာသည့် နှုန်းထားများဖြင့်လည်း
ခေါ်ဆိုနိုင်မည်ဖြစ်သည်။)
 
ဘကြီးသက်
Unknown at 8:41 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့





မန္တလေး-စက်တင်ဘာ၂၂

မန္တလေးပုသိမ်ကြီးမြို့နယ် မကွေးကျောင်းတိုက်တွင် ကျူးကျော်သူများအား ယနေ့နေ့လည်က သွားရောက် တွေ့ဆုံဆွေးနွေးခဲ့သည့် မန်းမြို့တော်ဝန်ကို ကျူးကျော် တစ်ထောင်ခန့်က
ဝန်းရံဆန္ဒပြကြသဖြင့် အဆိုပါကျောင်းတိုက်တွင် ၁ နာရီခွဲကြာ ပိတ်မိနေခဲ့သည်။

၈၈မျိုးဆက် ကျောင်းသားများ ၀င်ရောက် ဖြေရှင်းပေးခဲ့မှုကြောင့်
ညနေ၃နာရီအချိန်မှ အဆိုပါကျောင်းတိုက်မှ မြို့တော်ဝန်ပြန်လည် ထွက်ခွာနိုင်ခဲ့ ကြောင်းသိရသည်။

ှကျူးကျော် သူများပြောင်းရွေ့ ပေးရန်တွေ့ဆုံမှူတွင် ကျူးကျော်နေထိုင်သူများမှ
ဖယ်မပေးနိုင်ကြောင်း ၊မိမိတို့သည်ဝယ်ယူ နေထိုင်သူများဖြစ်ပြဲီး ကျူးကျော်နေထိုင်သူများမဟုတ်ကြောင်း၊နေစရာလည်း မရှိကြောင်းဖယ်ရှာ ပေးစေလိုပါက
နေစရာအရင်ပေး ရန်မြို့တော်ဝန်အားပြောကြားခဲ့သည်။

မြို့တော်ဝန်မှအဆိုပါကိစ္စသည်စဉ်းစားရဦးမည်ဖြစ်ပြီးနေစရာအစားပြန်မပေးသေးနိုင်သေးကြောင်း၊
ကျူးကျော်သူများကိုတွေ့ဆုံရခြင်းသည်ဝယ်ယူထားသောစာချုပ်များကိုကြည့်ပြီးရောင်းချသူများကိုတရားစွဲရန်နှင့်
တရားစွဲလျှင်လည်းလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
သတ်မှတ်ချိန်ပြည့်သွားသည့်အတွက်ဖယ်ရှားရန်ပြောကြားခဲ့သည့်အတွက်ကျူးကျော်ရပ်ကွက်တွင်ဝယ်ယူ
နေထိုင်သောပြည်သူများကမကျေနပ်၍်မန်းမြို့တော်ဝန်ဦးအောင်မောင်းအား
ဝိုင်းဝန်းပိတ်ဆို့ထားခြင်းဖြစ်သည်။

စိုင်းလမင်း-Popular Myanmar News Journal
ဘကြီးသက်
Unknown at 8:40 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဓိကရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူမျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။

ပုဒ်မ ၁၄၄ ကို ဒေသဆိုင်ရာ အာဏာပိုင်များက ယမန်နေ့ နံနက် ၁၁ နာရီမှ ထုတ်ပြန် လိုက်ခြင်း ဖြစ်ပြီး  အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းရန် အတွက် ဖြစ်သည်ဟု အာဏာ ပိုင်များက ပြောသည်။

ဘင်္ဂလာဒေခ်ျ့ထုတ် သတင်းစာများအရ သိရသည်မှာ သက်အမျိုးသား ကျောင်းသား  (၂) ဦးနှင့် ဘင်္ဂလီကျောင်းသားများ ရမ်ဂါမတီ အစိုးရ ကောလိပ်တွင် ခိုက်ရန် ဖြစ်ပွားသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ပြင်ပတွင်နေထိုင်သူ တချို့က အုတ်ခဲများ၊ တုတ်များ၊ ဓါးများဖြင့် ကောလိပ်ကျောင်း ရှိ ဒေသခံလူမျိုး စု ကျောင်းသားများကို ၀င်ရောက် တိုက်ခိုက်ရာမှ အဓိဂရုဏ်း စတင် ဖြစ်ပွားသည်ဟု သတင်းစာ က ရေးသည်။

တိုက်ခိုက်မူအတွင်း လူပေါင်း ၂၀ ဒဏ်ရာ ရရှိခဲ့ပြီး တချို့ကို ဆေးရုံတင်ပို့ခဲ့ရသည်ဟု ဆိုသည်။
ဘင်္ဂလာဒေခ်ျ့ စစ်တပ်မှ အခြေအနေကို ၀င်ရောက် ထိန်းသိန်းခဲ့ရပြီး ဈေုးဆိုင်များ၊ ကားများ ဖျက်ဆီးခံခဲ့ရသည်။

အခုအခါ အခြေအနေမှာ တည်ငြိမ်နေပြီး စစ်တပ်၊ ရဲနှင့် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင် အများအပြားကို တပ်ဖြန့်ချထားလိုက်ကြောင်း သိရသည်။

ရမ်ဂါမတီကို  ရခိုင်အမျိုးသားများက (သက်ထောင်) အဖြစ် သိရှိကြပြီး အဆိုပါ ဒေသတွင် ဌာနေတိုင်းရင်းသား သက်လူမျိုးများနှင့် မြေပြန့်မှ အခြေချနေထိုင်ရန်လာသူ ဘင်္ဂလီလူမျိုးများ အကြား ယခုကဲ့သို့ အဓိဂရုဏ်းများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင်  ရမ်ဂါမတီ (သက်ထောင်)၊ ခါကာဆိုရီ ( ဖလံထောင်)နှင့် ဘင်ဒရိုင်ဘင် ( ဗိုလ်မင်းထောင်) ဟု ခရိုင် (၃) ခုရှိပြီး အများစု လူမျိုးများမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။

( ယနေ့ တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် အစ္စလာမ်မစ် အဖွဲ့ ၁၂ ခုက တနိုင်ငံလုံး သပိတ် ခေါ်ထားမူကြောင့် ကား၊ ရထား၊ သဘောင်္များ အသွားအလာများ လုံးဝ ရပ်ဆိုင်းကာ ကျောင်းများ၊ အစိုးရရုံးများ၊ ဈေးဆိုင်များကိုလည်း ပိတ်ထားရသည်။ ယခုကဲ့သို့ တရက်တာ သပိတ် ခေါ်ယူရခြင်းမှာ ယမန်နေ့က  မွတ်ဆလင် ဆန့်ကျင်ရေး “ Innocence of Muslim”  ဗွီဒီယိုကို ဆန့်ကျင် ဆန္ဒပြသူများကို ဒက္ကားမြို့တော်တွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲမူကြောင့် ဖြစ်သည်ဟု သိရသည်။)


နိရဉ္စရာသတင်းဌာန
ဘကြီးသက်
Unknown at 8:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မညီညွတ်သူတွေ ချန်ခဲ့မည်ဟု NLD ပြော

 
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ညီလာခံခေါ်ယူရေး ပြင်ဆင်လျက်ရှိရာ အောက်ခြေအဆင့်ဆင့်တွင် အငြင်းပွားမှုများ ဖြစ်ပွားနေပြီး ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း မရှိဘဲ တင်းမာနေသူများကို ချန်ခဲ့တော့မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်နှင့်တိုင်း အများစုတွင် NLD ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့်ဆင့် လူရွေးချယ်မှု ပြုလုပ်ရာ၌ လူသစ်များအချင်းချင်း၊ လူဟောင်းများအချင်းချင်း၊ လူသစ်နှင့် လူဟောင်းအကြား၊ လူကြီးနှင့် လူငယ်များအကြား အငြင်းပွားမှုများ ဖြစ်ပွားနေသည်။

ယင်းသို့ ဖြစ်ပွားနေခြင်းကို အချင်းချင်း ညီညွတ်ရေးရရှိရေး ညှိနှိုင်းရန် ဗဟိုက အကြောင်းကြားထားကြောင်း၊ သို့ရာတွင် ညှိနှိုင်းနိုင်မှုမရှိသော နေရာများကို ညီလာခံသို့ ခေါ်မည်မဟုတ်ဘဲ ချန်ခဲ့မည်ဟု NLD တနိုင်ငံလုံး ပါတီဝင် စုဆောင်းရေး တာဝန်ရှိသူ ဦးစိုးဝင်းက ပြောသည်။

“ကျနော်တို့က သူတို့ကို မညီညွတ်လို့ရှိရင် ညီညွတ်အောင်လုပ်ဖို့ တာဝန်ပေးထားတယ်၊ မညီညွှတ်သူတွေကို ဖွဲ့မပေးတော့ဘူး၊ ညီညွတ်တဲ့ထိအောင် စောင့်၊ သူများတွေဆီမှာ ညီညွှတ်လို့ ညီလာခံတွေ ပေါ်လာတယ်၊ အဲဒီလိုသူတို့ဆီမှာ ညီညွတ်အောင် မလုပ်နိုင်ဘူးဆိုရင် သူတို့ကို ထားပစ်ခဲ့မှာပဲ” ဟု ဦးစိုးဝင်းက ဧရာဝတီနှင့် တွေ့ဆုံရာတွင် ပြောဆိုသည်။

ညီလာခံ အစီအစဉ်အရ ရပ်/ကျေး ညီလာခံမှစ၍ မြို့နယ်အဆင့်၊ ထိုမှတဆင့် ခရိုင်အထိ အဆင့်ဆင့် ရွေးချယ်ဖွဲ့စည်း သွားမည်ဖြစ်ပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“အဓိကကတော့ ဒီမိုကရေစီနည်းကျကျ အောက်ခြေကနေ ဗဟိုကိုတက်လာတယ်ဆိုတဲ့ နည်းကို ကျနော်တို့က ဖော်ဆောင်တာပဲ၊ ဒီမိုကရေစီနည်းကျကျ ဒီမိုကရေစီရဲ့ မူဝါဒအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဦးစိုးဝင်းက ပြောသည်။

ညီလာခံခေါ်ယူရေးကိစ္စနှင့် ပတ်သက်၍ အောက်ခြေအဆင့်ဆင့်၌် သဘောထားကွဲလွဲမှုများ ဖြစ်ပွားရာတွင် NLD ကို ပြန်လည် ဆန္ဒပြသူများ၊ တိုင်စာပို့သူများ၊ လူကိုယ်တိုင် လာရောက်တိုင်းကြားသူများ ရှိကြောင်း NLD နာယက ဦးတင်ဦးက ပြောသည်။

“ရုံးကိုစာတွေပို့လာတာလည်း ရှိတယ်၊ ဖုန်းဆက်ပြီး ဆန္ဒပြမယ်ပြောတာလည်းရှိတယ်၊ တချို့က ဒီရုံးချုပ်ကိုလာပြီး ကျနော့ စားပွဲကို လက်သီးနဲ့ ထုပြီးပြောတာတောင် ရှိတယ်ဗျ” ဟု ဦးတင်ဦးက ဧရာဝတီနှင့် တွေ့ဆုံရာတွင် ပြောဆိုသည်။

ယင်းသို့ဖြစ်ပွားနေမှုများကို ပါတီတွင်း ညီလာခံပြုလုပ်ရာ ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်၊ တိုင်းရှိ သက်ဆိုင်ရာနေရာ အသီးသီးတွင် ညီညီညွတ်ညွတ်ဖြင့် အချင်းချင်း ညှိနှိုင်းအဖြေရှာကြရန်နှင့် လူထုယုံကြည်လေးစားသည့် ပါတီတရပ်အဖြစ် သက်သေပြရန် လိုအပ်ကြောင်း သူက ဆက်ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အပါအဝင် အခြားသောပါတီများကလည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ NLD အနေဖြင့် အဆင့်ဆင့် ညီညွှတ်နေရန် လိုအပ်ကြောင်း ပါတီ ဗဟိုအဖွဲ့ ခေါင်းဆောင်များက ပြောသည်။

ယခုအခါ NLD သည် ပါတီအနာဂတ်အတွက် လူငယ်များကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။ ထို့အတူ ပါတီ ဗဟိုအဖွဲ့ချုပ်တွင်လည်း ယခုလမှ စတင်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင် လူငယ်များကိုလည်း နိုင်ငံရေး စွမ်းရည်မြှင့်တင်ရေး သင်တန်းများ လစဉ်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီ၏ အဓိက ပြိုင်ဘက်ဖြစ်မည်ဟု ပြောဆိုနေကြသော ကြံ့ခိုင်ရေးပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ အပြီး ဧပြီလ ၁၆ ရက်နေ့မှ စ၍ အောက်ခြေမှစ၍ တိုင်းအဆင့်ထိ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ကြံ့ခိုင်ရေးပါတီသည် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ခဲ့သော ၄၅ နေရာ၌ နေရာအားလုံး အနိုင်ရမည်ဟု မျှော်လင့် ထားသော်လည်း ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက နေရာအများစုတွင် အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး NLD ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော တနေရာသာ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့သည်။
REF: Irrawaddy

ဘကြီးသက်
Unknown at 9:42 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကွန်ပျူတာမြန်ဆန်စေဖို့ အခြေခံကျတဲ့နည်းလမ်းတွေ ကိုတင်ပြပေးလိုက်ပါတယ်။



----------------------------------------------------------------------------------------------


ကွန်ပျူတာမြန်ဆန်စေဖို့ အခြေခံကျတဲ့နည်းလမ်းတွေ ကိုတင်ပြပေးလိုက်ပါတယ်။
 
၁။ ပထမဆုံး

run box ကိုဖွင့်လိုက်ပါ။

-start ကနေသွားလည်းရတယ်။ Windows key နဲ့ R တွဲနှိပ်လည်းရပါတယ်။

-run box မှာ gpedit.msc လို့ရိုက်လိုက်ပါ။

-ဘယ်ဘက်မှာ computer configuration ကိုရွေးလိုက်ပါ။

-Administrative Templates ကိုရွေးပါ။

-Windows Components ကိုရွေးပါ။

-Terminal services ကိုရွေးပါ။

-Temporary folders ကိုဆက်ရွေးပါ။

-Do not delete temp folder upon exit မှာ right click ခေါက်ပြီး properties ကိုရွေးပါ။

-ပြီးရင် disable ကိုရွေးချယ်လိုက်ပါ။

-ပြီးရင် apply ၊ ok လိုက်ပါ
 

ဒါဆိုရင်တော့ temp files တွေဖျက်လို့ရပါပြီ။

ခုနလိုပဲ run box ပြန်ခေါ်လိုက်ပါ။ ပေါ်လာတဲ့ ဘောင့်စ်မှာ %temp% လိုက်ရိုက်ထည့်လိုက်ပါ။

ပြီးရင် enter ခေါက်လိုက်ပါ။ ဒါဆို temp files တွေပေါ်လာပါပြီ။ delete နဲ့ဖျက်လိုက်ပါ။

တချို့ဖိုင်တွေ အလုပ်လုပ်နေသေးလို့ ဖျက်လို့မဘူးလို့ ပြောပါလိမ့်မယ်။


၂။ နောက်တစ်မျိုး


run box ခေါ်လိုက်ပါ။ prefetch လို့ရိုက်လိုက်ပါ။ ctrl+A နဲ့အားလုံး select ပေးပြီး ဖျက်ပြစ်လိုက်ပါ။
 
၃။ Hard disk ကိုရှင်းရအောင်

 

Windows XP မှာ hard disk ကိုရှင်းတဲ့ tool လေးတစ်ခုပါဝင်ပါတယ်။ တကယ်ကိုကောင်းမွန်ပါတယ်။

Start

All Program

Accessories

System tools

Disk cleanup ထိသွားလိုက်ပါ။

ရောက်သွားရင် ကိုယ်ရှင်းချင်တဲ့ drive ကိုရွေးချယ်ပြီးတော့ ရှင်းလို့ရပါပြီ။ ပုန်းကွယ်နေတဲ့ အမှိုက်သရိုက်တွေအားလုံး

ကို ရှင်းလင်းပေးပါလိမ့်မယ်။ မရှင်းတာကြာရင်ကြာသလောက် အချိန်စောင့်ရပါတယ်။ အပြင်ခနသွားတာတို့ ကော်ဖီ

သောက်တာတို့ စသည်အချိန်တွေမှာ ရှင်းထားနိုင်ပါတယ်။ ကျွန်တော်လည်း ဒီလိုပဲ ကော်ဖီသောက်ချိန်ဆိုရင် ရှင်းထား

လိုက်တာပဲ။ အစအနမကျန်အကုန်ရှင်ပေးပါတယ်။

၎။ မသုံးတဲ့ program တွေဖယ်ထုတ်ရအောင်


Start

Run

run box ခေါ်ပြီးရင် msconfig လို့ရိုက်လိုက်ပါ။ System Configuration Utility ဘောင့်စ်ပေါ်လာပါလိမ့်မယ်။

Startup ဆိုတဲ့ tab ကိုရွေးချယ်လိုက်ပါ။ ကိုယ့်အတွက်အသုံးမလိုတော့တဲ့ program တွေရှေ့မှာ အမှန်ခြစ်ထားခဲ့ရင်

uncheck (အမှန်ခြစ်ကိုဖြုတ်)လုပ်ပါ။ ပြီးရင် restart ပြန်ချလိုက်ပါ။


၅။ ပရိုဂရမ်ရဲ့အမြန်နှုန်းကို မြှင့်တင်ရအောင်

screen အောက်ခြေက taskbar ကို right click ခေါက်ပါ။ ပေါ်လာတဲ့ထဲက Task Manager ကိုရွေးပါ။

process ဆိုတဲ့ tab ကိုထပ်ရွေးပါ။ ကိုယ့်စက်ထဲမှာရှိတဲ့ program တွေ ပေါ်လာပါလိမ့်မယ်။ကိုယ်မကြာခနသုံးလေ့ရှိတဲ့ program ပေါ်မှာ right click ခေါက် set priority မှာ high ကိုရွေးပေးလိုက်ပါ။

---------------------------------------------------------------------------------------------------------


အင်တာနက် 20 % လောက် ပိုမြန်စေချင်ရင် 

  • ရေးသားသူ လွမ်းအင်္လကာ သည် စက်တင်ဘာလ 19, 2012 တွင် 4:00pm အချိန်၌ရေးသားခဲ့သည်။
  • ဘလော့ ပို့(စ်)ကြည့်မယ်
  • မြန်မာနိုင်ငံရဲ့ နှေးကွေးလှတဲ့ အင်တာနက် ကွန်နက်ရှင်ကို ပိုမိုမြန်ဆန်စွာ သုံးချင်ကြတာ လူတိုင်းအားလုံးပါပဲ။ ဒီတော့ ဆက်သွယ်ရေးက မြန်အောင်မလုပ်ပေးတော့ မိမိတို့ဘာသာ မြန်အောင် နည်းလမ်းတွေ ရှာဖွေရပါတယ်။ ယခု နည်းလမ်းကတော့ ၂၀ ရာခိုင်နှုန်းလောက်တော့ မြန်လာနိုင်ဖွယ် ရှိပါတယ်။ ပြုလုပ်ကြည့်ပါ။ 

  • 1. Start Menu--->> Click Run ကိုရွေးပါ။
  • 2. Type gpedit.ms c ရိုက်ပါ။
  • 3. Enter ခေါက်ပါ။
  • 4. ဘယ်ဘက်ခြမ်းက Computer Configura tion ကို Expand လုပ်ပါ။
  • ၅. Administr ative Templates ကို Expand လုပ်ပါ။
  • ၆. Network ကို Expand လုပ်ပါ။
  • ၇. Qos Packet Scheduler ကိုရွေးပါ။
  • ၈. ပြီးလျှင် ညာဘက်ခြမ်းက Limit Reservabl e Bandwidth ဆိုတဲ့စာကြောင်းပေါ်မှာ double Click နှိပ်ပါ။
  • ၉. Limit Reservabl e Bandwidth Propertie s box မှာ Enableoption ကိုရွေးပါ။
  • ၁၀. Bandwidth Limit [%] box မှာ 0% ပြောင်းပြီး okနှိပ်ထွက်ပါ။
  • ၁၁. Restart ချလိုက်ပါ။
  •  
  • ----------------------------------------------------------------------------------- 
  •  
  •  
  • သူငယ်ချင်းတို့ရဲ့ Facebook   ရဲ့ Timeline Cover ကိုပုံစံအမျိုးမျိုးအလှဆင်ကြည့်နော်
    ထက်ထက်ကတော့ အသဲပုံလေးနဲ့အလှဆင်ထားတယ် သဘောကျတယ်ဆိုရင်
    အောက်မှာယူသွားလိုက်နော်

    ဒီနေရာကို သွားကြည့်လိုက်ရအောင်

    ဒီလင့်လေးကိုဖွင့်ကြည့်လိုက်ပါ ဘယ်ဘက်ခြမ်းမှာ ကြိုက်တာရွေးဖို့အတွက်ပုံလေးအများကြီးကိုတွေ့ရပါလိမ့်
    မယ်

    http://api.ning.com/files/ilVMsccbLXW6cewlk3K*KQvMAaDupM-mMAxhNz6RyFn*CG1vLzkEL1WVnYDxYMo4E3-Ib6rATc5-juo-vWI9c63iUQky8Lxg/1.png
    ကိုယ်ကြိုက်တဲ့ပုံလေးကိုရွေးတဲ့အချိန်မှာ Right Click နှိပ်လို့မရပါဘူးနော် ဒီအတိုင်း Left Click နဲ့ပဲနှိပ်လိုက်ပါ ပြီးရင်ကိုယ်ကြိုက်တဲ့ပုံကိုရွေးပြီးရင် ကိုယ်ရွေးလိုက်တဲ့ပုံရဲ့အောက်မှာ Download
    လေးကိုနှိပ်လိုက်ပါ

    http://api.ning.com/files/49URHKYTBjepq3bGzuYaR0Ple-OIp4dzI**yLGbSAmPE-F6*mANA2hWfr5udzLYZDbLOo7h4n6TxcQoJ2BXcM4igmdW6*5Xq/3.png
    ဒါဆိုရင် ကြိုက်တဲ့နေရာမှာသိမ်းလို့ရပါပြီ
    ပြီးရင် ကိုယ်ရဲ့ Facebook ကိုဖွင့်လိုက်ပါ Facebook Timeline ကိုမောက်စ်လေးတင်လိုက်တာနဲ့
    Change Cover လေးပေါ်လာပါလိမ့်မယ် Change Cover ထဲကမှ Upload photo ကိုနှိပ်ပြီး
    စောစောကသိမ်းထားတဲ့ပုံလေးကို ရွေးလိုက်ပါ

     

    http://api.ning.com/files/ZKF4sIS79UnWN6Fn3Mf*I4LFWVfqRa8FNtChGExj9ce8-mmJHa5ZriYHEAxy28y1NLR4b6ZA0VG055tyLi5jMczDmyV33Y8H/4.png
    အားလုံးပြီးရင် Save Change ကိုနှိပ်လိုက်ပါ ဒါဆိုရင် အရမ်းလှတဲ့ Facebook Timeline Cover လေး
    နဲ

    အားလုံးပြီးရင် Save Change ကိုနှိပ်လိုက်ပါ ဒါဆိုရင် အရမ်းလှတဲ့ Facebook Timeline Cover လေး
    နဲ့လှသွားပြီပေါ့

    သူငယ်ချင်းတို့အားလုံသဘောကျမယ်လို့ထင်ပါတယ် မိမိရဲ့ Facebook Timeline Cover အတွက်
    တကူးတက ရှာနေစရာမလိုတော့ဘူးပေါ့
  •  
    ------------------------------------------------------------
    Kingsoft Antivirus
     computer security, King Soft, Softwares  No comments
    သူငယ်သူငယ်ချင်းအားလိုလုံးကို မိတ်ဆက်ပေးခြင်တယ် Kingsoft Antivirus ကလေးနဲ့ Free
ပေးထားပါတယ်အရမ်းကောင်းတယ် သုံးရတာလဲလွယ်ကူတယ် အရမ်းကိုရှင်းလင်းတယ်
တစ်ခြာ Software တွေဆိုအရမ်းကို ရှူပ်ထွေးတယ် ဆိုတော့လုပ်ရတာမလွယ်ကူးဘူး
Computer ကိုင်ခါစ သူငယ်ချင်းတွေအတွက်တော့ ဒီလိုမျိုး Antivirus လေးတွေနဲ့ဘဲလိုက်
ဖက်တယ် ပြီးတော့ကိုဘယ်လိုမျီုး Computer OS သုံးနေဘလဲဆိုတာလဲဖော်ပြထားတယ်။
ကျွန်တော်က Windows 8 ဆိုတော့ Windows 8 လိုပြထားတယ်အရမ်းကောင်း
Scan တဲအချိန်မှာ။



အများကြီပြောမနေတော့ဘူးဒေါင်းတာဒေါင်းလိုက်တော့။

Kingsoft Antivirus Download Here


ဘကြီးသက်
Unknown at 12:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငြိမ်းချမ်းရေးကျောက်တိုင် ဖယ်ရှားခြင်းအား အဖွဲ့အသီးသီးမှ ကြေညာချက်ထုတ်ပြန်

စက်တင်ဘာလ ၂၁ရက်နေ့ ညနေ ၄နာရီတွင် ပြည်သူ့သဘောဆန္ဒနှင့်အညီ အင်းယားကန်ဘောင်၌ စိုက်ထူထားသည့် ငြိမ်းချမ်းရေးကျောက်တိုင် အား သက်ဆိုင်ရာမြို့နယ်စည်ပင်နှင့် အာဏာပိုင်အချို့မှ ဖယ်ရှားဖျက်ဆီးခဲ့ခြင်းနှင့် ပတ်သက်၍ အဆိုပါနေ့၌ ပါဝင်လှုပ်ရှားခဲ့ကြသည့် ငြိမ်းချမ်းရေးအဖွဲ့ အစည်းအချို့မှ သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြ ကြောင်း သိရှိရသည်။

"ဒီကျောက်တိုင်က ငြိမ်းချမ်းရေးအထိမ်းအမှတ်ကျောက်တိုင်အဖြစ် ထားတာပါ။ ဒီကျောက်တိုင်ကို စပြီးစိုက်ထူကတည်းက ဖျက်ဆီးတဲ့သူဟာ ငြိမ်းချမ်းရေးကို မလိုလားတဲ့သူလို့ အသိအမှတ်ပြုထားတာပါ။ ပြည်သူတွေရဲ့ဆန္ဒနဲ့ ဒါကို စိုက်ထူတာပါ။ အဲဒါကို ဖျက်ဆီးတယ်ဆိုတော့ မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ"ဟု အဆိုပါငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အဖြူရောင်တွဲလက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့နောက် ယင်းသို့ ငြိမ်းချမ်းရေးကျောက်တိုင် ဖျက်ဆီးလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ Peace Network အဖွဲ့မှလည်း ယင်းလုပ်ရပ်သည် ပြည် သူများ၏ နှလုံးသားအား အတင်းဆွဲထုတ်လိုက်သကဲ့သို့ နာကျင်လှပြီး ၎င်းတို့အဖွဲ့အနေဖြင့် အပြင်းအထန်ရှုတ်ချကြောင်း သဘောထားတစ်ရပ် ထုတ်ပြန် ခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးကျောက်တိုင်အား စက်တင်ဘာလ ၂၁ရက်နေ့၌ ပြည်လမ်း အင်းယားကန်ဘောင်၌ စိုက်ထူခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပြီး ယင်းကျောက်တိုင်မစိုက်ထူမီ မနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့များ၌ ငြိမ်းချမ်းရေးရရှိရန်အတွက် လူမှုအဖွဲ့အစည်းပေါင်း ၂၀ခန့် မှ စည်းကမ်းရှိရှိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Yangon chronicle
ဘကြီးသက်
Unknown at 12:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

 အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့သည့် လူမှုအဖွဲ့အစည်း ၂၀ မှ အဖွဲ့ခေါင်းဆောင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်



လူမှုအဖွဲ့အစည်းပေါင်း ၂၀မှ အဖွဲ့ခေါင်းဆောင်များက ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရသည့် အကြောင်းအရင်းနှင့် ဆန္ဒဖော်ထုတ်ခွင့် လျောက်ထားခဲ့စဉ်က ကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်သည်တို့ကို ရှင်းလင်းနေစဉ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည့် လူမှုအဖွဲ့အစည်းပေါင်း ၂၀မှ အဖွဲ့ခေါင်းဆောင်များက ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရသည့် အကြောင်းအရင်းနှင့် ဆန္ဒဖော်ထုတ်ခွင့် လျှောက်ထားခဲ့စဉ်က ကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂၂ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုဦး ဆောင်ပြုလုပ်ခဲ့သူ မဇွန်စီက''အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကျွန်မတို့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် တောင်းဆိုကြဖို့ လိုအပ်နေပြီဆိုတဲ့စိတ်နဲ့ ကျွန်မတို့အနေနဲ့ ဒီအခမ်းအနားကို ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွဲခဲ့ကြတာပါ။ ဒီလိုအခမ်းအနားတွေကို နိုင်ငံတကာမှာလည်း ပြုလုပ်နေကြသလို ကျွန်မတို့နိုင်ငံ က တာဝန်ရှိသူများလည်း ဒီလိုအခမ်းအနားတွေ တက်ရောက်ဖို့ နိုင်ငံခြားကို သွားနေကြပါတယ်။ ဘယ်နိုင်ငံသားမဆို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ပါဝင်ခွင့်ရှိပါတယ်။ မနေ့က ကျွန်မတို့ ငြိမ်းချမ်းရေးတောင်းဆိုဖို့ လမ်းလျှောက်တဲ့အခါမှာ အချို့ကနိုင်ငံရေးကို ဖက်ရှင်လိုမျိုး မလုပ်ပါနဲ့လို့ ပြောကြပါတယ်။ ဒီလိုပြောတာကို ကျွန်မတို့အနေနဲ့ လက်ခံပါတယ်။ သတင်းစာတွေ ဂျာနယ်တွေကိုကြည့်လိုက်ရင် နိုင်ငံရေးကိုဖက်ရှင်အဖြစ် လုပ်နေတာ ဘယ်သူတွေလဲဆိုတာ အကုန်လုံးပဲ သိကြမှာ ပါ။ ကျွန်မတို့က နိုင်ငံရေးလုပ်တာ မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုတာပါ''ဟု ပြောပြခဲ့ပါသည်။

လူမှုအဖွဲ့အစည်းပေါင်း ၂၀မှ အဖွဲ့ခေါင်းဆောင်များက ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရသည့် အကြောင်းအရင်းနှင့် ဆန္ဒဖော်ထုတ်ခွင့် လျောက်ထားခဲ့စဉ်က ကြုံတွေ့ခဲ့ရသည်များနှင့် ပတ်သက်သည်တို့ကို ရှင်းလင်းနေစဉ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုဦးဆောင်ပြုလုပ်ခဲ့သူ ကိုမိုးသွေးကလည်း''အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ငြိမ်းချမ်းရေးရဲ့ အဓိပ္ပါယ်ကို လူတွေပိုပြီး သဘောပေါက်လာအောင် ငြိမ်းချမ်းရေးကို မြတ်နိုး တန်ဖိုးထားတက်လာအောင် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလိုအခမ်းအနား ကျင်းပခဲ့တာပါ။ ဒီလိုလုပ်ဆောင်တဲ့အခါမှာ သက်ဆိုင်ရာအာဏာပိုင်တွေကို လက်ရှိတည်ဆဲဥပဒေတွေနဲ့အညီ ဥပဒေတွေကို လေး စားစွာနဲ့ ပြီးခဲ့တဲ့ ၁၃ရက်နေ့ကတည်းက ခွင့်ပြုမိန့်ရဖို့ လျှောက်ထားခဲ့ပါတယ်။ ဒီလိုလျှောက်ထားတဲ့အခါမှာ အကြောင်းအမျိုးမျိုးပြပြီး နည်းအမျိုးမျိုးနဲ့ ကျွန်တော်တို့ကို အချိန်ဆွဲခဲ့တယ်။ မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းကို သွားလျှောက်တဲ့အခါမှာ ဆိုရင်လည်း စနေ၊ တနင်္ဂနွေဆိုရင် လက်မခံဘူးလို့ ပြောတယ်။ ကျောက်တံတားမြို့နယ်မှူးကတော့ ရဲစခန်းဆိုတာ ၂၄ နာရီဖွင့်တာဖြစ်တယ် စနေ၊ တနင်္ဂနွေမရှိဘူးဆိုပြီး ပြောခဲ့တယ်။ ဆိုလိုတာက ကျွန်တော်တို့က တရားဥပဒေကို လေးစားတဲ့အနေနဲ့ ဥပဒေအတိုင်း လျှောက်ထားဖို့ ကြိုးစားခဲ့ပေမယ့် ကျွန်တော်တို့ကို နှောင့်နှေးအောင် လုပ်ဆောင်ခဲ့ပါတယ်။ နောက်ဆုံး ကျောက်တံတားမြို့နယ်က လက်ခံခဲ့ပေမယ့် ၁၈ရက်နေ့မှာ အကြောင်းပြန်တာက ခွင့်မပြုနိုင်ဘူးဆိုတဲ့ အကြောင်းကြားစာ ရပါတယ်''ဟု ပြောပြခဲ့ပါသည်။
''အယူခံဝင်လိုက ၀င်နိုင်တယ်လို့ ပြောပေမယ့် ကျွန်တော်တို့ ပြုလုပ်ချင်တဲ့နေ့မှာ ခွင့်ပြုချက်ရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့လည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ရွှေ့ပစ်လို့ မရပါဘူး။ ဆိုလိုချင်တာက ဒီဥပဒေ ကို ဖွဲ့စည်းထားတဲ့ ပုံသဏ္ဍန်က လူတွေလွတ်လွတ်လပ်လပ် စီတန်းလှည်လည်ခွင့် ပုံစံပေါက်မနေပဲ စီတန်းစွာ ငြိမ်းချမ်းလှည့်လှည်တာကို ကန့်သတ်ဖို့ ပိတ်ပင်ဖို့ ဖိနှိပ်ချုပ်ချယ်ဖို့ လုပ်နေတဲ့ပုံစံကို တွေ့ရပါတယ်။ ဒါကြောင့် တစ်ကမ္ဘာလုံးမှာ ပြည်သူတွေက ငြိမ်းချမ်းရေးကို မြတ်နိုးကြောင်း ဖော်ကျူးတဲ့ စီတန်းလှည့်လည်တဲ့ အခမ်းအနားလေးဖြစ်တဲ့အတွက် ဒါသည်ကျွန်တော်တို့ ဥပဒေချိုးဖောက်ရာ မရောက်နိုင်ဘူးလို့ ကျွန်တော်တို့ ယုံကြည်တဲ့အတွက် ဆက်လက်လုပ်ဆောင်ခဲ့ တာပါ''ဟု ကိုမိုးသွေးက ထပ်မံပြောပြခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် မြန်မာတစ်နိုင်ငံလုံး ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ရန်ကုန်မြို့တွင် ဦးဆောင်လှုပ်ရှားမှု ပြုလုပ်သူများနှင့် ပါဝင်သူများအား ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးဦးစီး(၂)မှ ရဲမှူးမြင့်ထွေးက စက်တင်ဘာ ၂၁ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၂ရက်နေ့ နေ့လည်ပိုင်းမှစ၍ အဆိုပါ လှုပ်ရှားမှုတွင်ပါဝင်သည့် ခေါင်းဆောင်များအား သက်ဆိုင်ရာရဲ စခန်းများမှ ရဲစခန်းသို့ ဆင့်ခေါ်မှုများပြုလုပ်၍ အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့မှ ကိုဂျော်ဂွန်း၏ ပြောကြားချက်အရ သိရသည်။
ကိုဂျော်ဂွန်းက''ဒီနေ့ နှစ်နာရီလောက်မှာ စမ်းချောင်းရဲစခန်းက ကျွန်တော့်ဆီကို ဖုန်းဆက်ပါတယ်။ စခန်းမှာ ဆွေးနွေးစရာရှိတယ် ချက်ချင်းလာပါလို့ ဖုန်းဆက်ပါတယ်။ စမ်းချောင်းစရဲစခန်းကိုရောက်တော့ မြို့နယ်မှူးက အထက်ကနေ တရား စွဲဆိုဖို့အတွက် ညွန်ကြားတဲ့အတွက် ပုဒ်မ ၁၈ အရ အရေးယူမှု ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောပါတယ်။ ပြီးတော့ အာမခံပေးမယ့်သူနှစ်ဦးရှိရင် စခန်းကနေ ပြန်လွှတ်ပေးမယ်လို့လည်း သိရတယ်။ အခုကျွန်တော်ကတော့ အာမခံ ရရှိနေပါပြီ။ ကျန်တဲ့အဖွဲ့ဝင်တွေ အာမခံရရှိရေးအတွက်လည်း ကူညီဆောင်ရွက်သွားဖို့ လုပ်ဆောင်နေပါတယ်''ဟု ပြောပြခဲ့ပါသည်။
ပြည်ထဲရေးဝန်ကြီးက သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးများမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးဆောင်ရွက်သူများအဖွဲ့သို့'' မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေးအတွက် ဒုတိယသမ္မတ(၁) ဦးဆောင်သည့်အဖွဲ့မှ အားသွန်ခွန်စိုက် ဆောင်ရွက်နေကြောင်း ခွင့်ပြုချက်မရှိဘဲ ယခုကဲ့သို့ လှည့်လည်စီတန်း ဆန္ဒဖော်ထုတ်ခဲ့သည့်အတွက် ဥပဒေအရ အရေးယူမှု ပြုလုပ်သွားမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ကိုဂျော်ဂွန်း၏ ပြောကြားချက်အရ သိရသည်။
 EMG
ဘကြီးသက်
Unknown at 12:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့တပ်မတော်ကို ဘယ်လို ကူညီရမလဲ



ပေါ်တာဆွဲတာ၊ အရပ်သားတွေကို နှိပ်စက်တာလို ဖိနှိပ်မှုတွေနဲ့ မြန်မာစစ်တပ် နာမည်ပျက်လာခဲ့တာ ဆယ်စုနှစ်နဲ့ ချီ ကြာခဲ့ပါပြီ
ပြီးခဲ့တဲ့အပတ်က အမေရိကန် နိုင်ငံခြားရေးမူဝါဒ ချမှတ်မှုအပေါ် ဩဇာရှိတဲ့ ဝါရှင်တန် အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန (Center for Strategic and International Studies – CSIS) က  အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာ့တပ်မတော်နဲ့ စစ်ရေးအချိတ်အဆက်တွေ ပိုအားကောင်းအောင် လုပ်သင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပြီး များမကြာခင် မြန်မာ့တပ်မတော်နဲ့ စစ်ရေးပူးတွဲ လုပ်ဆောင်ဖို့ တပ်မတော် အရာရှိများကို သင်တန်းပေးဖို့ အလားအလာတွေကို အမေရိကန်နဲ့ မြန်မာ စစ်ဘက် အရာရှိတွေ ဆွေးနွေး ညှိနှိုင်းနေကြပြီ ဆိုတာကြောင့် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ အများအပြား မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ကလေးစစ်သား သုံးတာ၊ ပေါ်တာဆွဲတာ၊ အရပ်သားတွေကို နှိပ်စက်တာလို ဖိနှိပ်မှုတွေနဲ့ နာမည်ပျက်လာခဲ့တာ ဆယ်စုနှစ်နဲ့ ချီ ကြာခဲ့တဲ့ မြန်မာစစ်တပ်ကို ဘယ်လို လူရာပြန်သွင်းကြမှာလဲ။
“မြန်မာနိုင်ငံတွင် အရပ်ဖက်အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှုအား စစ်တပ်က ဆက်လက်ပံ့ပိုး၍ တိုင်းရင်း သားဒေသများတွင် အပစ်အခတ်ရပ်စဲရန် သဘောတူပါက အမေရိကန်ပြည်ထောင်စုအနေနှင့် မြန်မာ့ တပ်မ တော်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများပြုလုပ်ရန် စတင်စဉ်းစားသင့်ပါသည်။ ထို့ပြင် မြန်မာစစ်တပ် အရာရှိများ အား ရွေးချယ်၍ အမေရိကန် ပြည်ထောင်စု၏ လုံခြုံရေးအထောက်အကူ အစီအစဉ်ဖြစ်သော နိုင်ငံတကာ စစ်ရေးပညာနှင့် သင်တန်း (International Military Education and Training) အစီအစဉ်တွင်ပါဝင်စေပြီး နိုင်ငံတွင်းရှိ ကာကွယ်ရေးစစ်တက္ကသိုလ်များတွင် တက်ရောက်ခွင့် ပေးသင့်ပါသည်” လို့ CSIS က စက်တင်ဘာလ ၁၂ ရက်နေ့ထုတ် အစီရင်ခံစာ ထဲမှာ ရေးထားပါတယ်။
ဒါ့ပြင် အမေရိကန်ပြည်ထောင်စုအနေနဲ့ စင်ကာပူမှာ နှစ်စဉ်ကျင်းပတဲ့ ရှန်ဂရီလာ စကားဝိုင်း (Shangri-la Dialogue) နဲ့ တနှစ် ၂ ကြိမ် ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေး ၀န်ကြီးများနဲ့ အခြား ဒေသတွင်း အစည်းအဝေး (Asean Defense Ministers Meeting-Plus – ADMM-Plus) လိုမျိုး ဒေသဆိုင်ရာ ဖိုရမ်တွေကိုလည်း တက်ရောက်သင့်တယ်လို့ CSIS က တိုက်တွန်းထားပါသေးတယ်။
မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေး အချိတ်အဆက်ကို အတတ်နိုင်ဆုံး လျှော့ချဖို့ ဇွန်လတုန်းကကျင်းပတဲ့ ရှန်ဂရီလာစကားဝိုင်းကို အသုံးချခဲ့တဲ့ အပြင် ဒေသတွင်းတည်ငြိမ်မှုအတွက်လည်း အဲ့ဒီစကားဝိုင်းမှာ တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ လက်ရှိပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ အကြီးမားဆုံး အခက် အခဲအဖြစ် ဆက်ရှိနေသေးတာလည်း ဒီစစ်တပ်ပါပဲ။ လွှတ်တော်ရဲ့ လေးပုံတပုံနေရာကို ယူထားတာ၊ ဖွဲ့စည်း ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမှာ အမိန့်အာဏာရှိနေတာ၊ တိုင်းပြည်ရဲ့ အဓိက စီးပွားရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ရှိနေသေးတာ၊ ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှု တသီတတန်း အတွက် တာဝန်ရှိနေတာ ဒီစစ်တပ်ပါပဲ။
အဲ့ဒီစစ်တပ်က တိုင်းပြည်ဘတ်ဂျက်ရဲ့ လေးပုံတပုံနီးပါး ရနေပေမယ့် တပ်အင်အား သုံးသိန်းခွဲကို သင့်တင့် အောင် မထောက်ပံ့ပေးနိုင်ဘူး။
“မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စီးပွားပြဿနာက တိုင်းပြည်ရဲ့ လက်နက်ကိုင်တပ်တွေအတွက် ရဲ့ အသုံးစရိတ်ကနေ စတာပဲ” လို့ သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ စီးပွားရေးပညာရှင် ရှောင်တာနယ် (Sean Turnell) က ပြောပါတယ်။ သူက “အဲဒါကြောင့် အစိုးရရဲ့ ဘတ်ဂျက်ဆိုင်ရာ မူဝါဒ၊ ငွေကြေးမူဝါဒ၊ ငွေကြေးလဲလှယ်နှုန်းမူဝါဒ၊ ကုန်သွယ်ရေးမူဝါဒ အပြင် အရာကိစ္စတိုင်းမှာ တလွဲတွေ ဖြစ်ကုန်စေတယ်” လို့ ဆိုပါတယ်။
အဲ့ဒီအလွဲလွဲအချော်ချော်ဖြစ်တဲ့ဒဏ်ကို ခံရတာက ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး စတဲ့ တကယ့် အရေးတကြီးကဏ္ဍတွေတင် မဟုတ်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ ရာစုနှစ်ထက်ဝက်ကျော် လှုပ်ရှားနေတဲ့ “ရှေ့တန်း” ဒေသက ပြည်သူတွေဟာ စစ်တပ်ရဲ့ဒုက္ခပေးမှုကို တိုက်ရိုက် အခံရဆုံး ပါ။ ဒီလိုဖြစ်ရတဲ့ အကြောင်းတချက်ကတော့ စစ်တပ်ထဲမှာရှိတဲ့ “ကိုယ့်ရိက္ခာ ကိုယ်ဖူလုံရေး” ဆိုတဲ့မူကြောင့် အရပ်သားတွေဟာ စစ်တပ်က အခွန်ကောက်ချင်သလို ကောက်တာကို ခံနေရလို့ပါပဲ။
၁၉၉၇ ခုနှစ်က မြန်မာ့တပ်မတော်မှာ အမိန့်တခု ထုတ်ပြန်ခဲ့ပါတယ်။ တပ်ရင်းတိုင်း ကိုယ့်ရိက္ခာ ကိုယ်တာဝန် ယူရမယ်ဆိုတဲ့ အမိန့်ပါ။ ဒေသအသီးသီးမှရှိတဲ့ တိုင်းမှူးတွေဟာ အဲ့ဒီအမိန့်အောက်မှာ ဘဏ္ဍာငွေရှာဖွေတာ နဲ့ပတ်သက်ပြီး တကယ့်ကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရခဲ့ကြပါတယ်။ ရှေ့တန်းမှာရှိတဲ့ တပ်ဖွဲ့တွေ လည်း ကိုယ့်ဟာကိုယ်ရှာစား ဆိုတာမျိုး ဖြစ်လာပါတယ်။ အောက်ခြေရဲဘော်တွေက တလကို အမေရိကန် ၁၀ ဒေါ်လာလောက်ပဲ လစာ ရတာပါ။
ဒေါက်တာ ခရစ်စ္စတီနားဖင့်ခ် (Dr Christina Fink) ရေးသားပြီး ၂၀၀၁ မှာ ထုတ်ဝေတဲ့ “ရှင်သန်နေတဲ့ တိတ်ဆိတ်မှု — စစ်အုပ်ချုပ်ရေးအောက်မှ မြန်မာနိုင်ငံ (Living Silence – Burma under Military Rule)” စာအုပ်ထဲမှာ ဖြစ်တဲ့နည်းနဲ့ ရပ်တည်ကြဖို့ ညွှန်ကြားခံရတဲ့ အောက်ခြေရဲဘော်တွေနဲ့ တွေ့ဆုံမေးမြန်း ထားတာတွေ ပါဝင်ပါတယ်။
ရှမ်းနှင့် ကရင်ပြည်နယ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲဘော်တယောက်ဆိုရင် “ရွာသားတွေနဲ့ အဆင် ပြေအောင်နေဖို့ အရာရှိတွေက ကျနော်တို့ကို ပြောတယ်။ ဒါပေမယ့် ကျနော်တို့မှာ စားစရာမှမရှိတာ။ ဒီတော့ သူတို့စိုက်တဲ့ ဟင်းသီးဟင်းရွက်တွေ ကျနော်တို့ ခူးစားတယ်။ ၀ယ်စရာ ပိုက်ဆံ မရှိတော့ ဒီလိုပဲ ခူးစားတာ ပေါ့။ သူတို့က အသာတကြည်မပေးရင် ညဖက်မှာ ကျနော်တို့ခိုးစားတယ်” လို့ တွေ့ဆုံမေးမြန်းခန်း တခုမှာ ပြောထားပါတယ်။
ရပ်တည်ရေးအတွက် တိုင်းရင်းသားအင်းအားစုတွေ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ နည်းလမ်းတခု ဖြစ်တဲ့ မူးယစ်ဆေးဝါး ကုန်သွယ်ရေးမှာ ပါဝင်တာဟာလည်း နယ်စပ်ဒေသတွေမှာ အခြေပြုတဲ့ တပ်ရင်း တွေရပ်တည်ဖို့ လိုအပ်တဲ့နည်းလမ်းတခုဖြစ်လာခဲ့ပါတယ်။
အဲ့ဒီထက်ပိုဆိုးတာကတော့ ဘိန်းစိုက်ပျိုးမှုတွေမှာ စစ်တပ်က ပါဝင်ပတ်သက်နေတယ် ဆိုတာတွေပါ။ ရှမ်းပြည်နယ်ထဲက စစ်တပ် ထိန်းချုပ်တဲ့ဒေသတွေမှာ ဘိန်းစိုက်ပျိုးမှုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ဒေသတွေထက် ပိုများတယ်လို့ ရှမ်းသံတော်ဆင့်သတင်းဌာနက ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဝေတဲ့ ရှမ်းပြည်နယ်မူးယစ်ဆေးဝါး စောင့်ကြည့်ရေး  ၄ ကြိမ်မြောက် အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။
တပ်ဖွဲ့တခုစီက ဘယ်လောက်ရတယ်နဲ့ ရဲဘော်တွေက ဘယ်လောက်ရကြတယ်ဆိုတာ အတိအကျသိနိုင်ဖို့ အတွက် တာဝန်ယူဖို့ တာဝန်ခံမှုတွေ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch) ရဲ့ အာရှဌာနခွဲ လက်ထောက် ဒါရိုက်တာ အီလိန်း ပီရာဆင် (Elaine Pearson) က ပြောပါတယ်။
“လူ့အခွင့် အရေးချိုးဖောက်မှုတွေ ပိုများလာတာက ဒီတချက်တည်းကြောင့်တော့ မဟုတ်ပေမဲ့ ကိုယ့်ရိက္ခာ ကိုယ်ဖူလုံရေး မူဝါဒကြောင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာ၊ ရွာတွေမှာ ၀င်ရောက် လုယက်တာ အစရှိတဲ့ စစ်တပ်ရဲ့ ချိုးဖောက်မှုတွေ ပိုဆိုးလာတာကတော့ အမှန်ပါပဲ” လို့ သူက ဆိုပါတယ်။ “စစ်တပ်အနေနဲ့ ဒီကိစ္စတွေကို တကယ်ကိုင်တွယ် ဖြေရှင်းသင့်ပါပြီ။ ပြဿနာရဲ့ တစိတ်တပိုင်းကတော့ စစ်အသုံးစရိတ်နဲ့ပတ်သက်ပြီး လုံးဝအမှောင်ချထားခြင်းပါပဲ” လို့လည်း သူက ဆိုပါသေးတယ်။
ဒါကြောင့် အမေရိကန်စစ်တပ်နဲ့ ပိုမိုအားကောင်းတဲ့ အချိတ်အဆက်တွေရှိတာဟာ မြန်မာ့တပ်မတော် ပြုပြင် ပြောင်းလဲရေးအတွက် အထောက်အကူဖြစ်နိုင်သလားဆိုတာ မေးခွန်းမေးစရာ ဖြစ်လာပါတယ်။
အမေရိကန်အထူးတပ်ဖွဲ့က အငြိမ်းစားဗိုလ်မှူးကြီး တင်မိုသီ ဟိုင်းနီးမင်း (Timothy Heinemann) ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အကျိုးရှိတယ်လို့ မမြင်ပါဘူး။ သူဟာ မြန်မာနိုင်ငံထဲက ပဋိပက္ခဖြစ်ပွားရာ တိုင်းရင်း သားဒေသတွေမှာ ဒေသခံတွေအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ Worldwide Impact Now အဖွဲ့ကို တည်ထောင်သူပါ။
“အမေရိကန် ပြည်ထောင်စုနဲ့ စစ်ရေးအရ ညှိနှိုင်းဆောင်ရွက်ဖို့ ဆိုတဲ့ကိစ္စက ပြည်ထောင်စု အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ အားလုံး အတတ်ပညာတွေနဲ့ စွမ်းရည်တွေ မြင့်မားလာဖို့ ဖြစ်ရမှာပါ။ ဒီကိစ္စကို နိုင်ငံတော်အဆင့်မှာရော ပြည်နယ်အဆင့်တွေမှာပါ ဆွေးနွေးဖို့လိုပါတယ်၊ အဲ့ဒီလိုမှမဟုတ်ရင် နိုင်ငံက တကယ့်ကို ဖရိုဖရဲဖြစ်သွားပါလိမ့်မယ်” လို့ အငြိမ်းစားဗိုလ်မှူးကြီးက မကြာသေးခင်ကပဲ အာရှ တိုင်းမ်စ် သတင်းဌာနကို ပြောခဲ့ပါတယ်။
“စစ်တပ်ကို ဖွံ့ဖြိုးအောင်လုပ်တယ်ဆိုတာက တိုင်းပြည်တပြည်ကို တကယ်ဖွံ့ဖြိုးအောင်လုပ်တာရဲ့ အစိတ် အပိုင်းသေးသေးလေး တခုပါ။ ဒီကိစ္စကို ကိုင်တွယ်တဲ့အခါမှာလည်း တိုင်းပြည်ကို လမ်းကြောင်းမှန်တင်ပေး နိုင်ဖို့ အုပ်ချုပ်ရေးစနစ်တွေ၊ ရဲတပ်ဖွဲ့လို လုံခြုံရေးစနစ်တွေ၊ ပြီးတော့ စီးပွားရေးစနစ်တွေနဲ့ တွဲပြီး အစီအစဉ် ကောင်းကောင်းနဲ့ လုပ်ရမှာဖြစ်ပါတယ်” လို့လည်း သူက ဆိုပါသေးတယ်။
ဒါကြောင့် အမေရိကန်ပြည်ထောင်စုက မြန်မာ့တပ်မတော်ကို ပိုကောင်းတဲ့ စစ်ရေးစွမ်းရည်တွေ မသင်ပေးခင် နိုင်ငံထဲမှာ တိုးတက်မှုအများကြီးဖြစ်ဖို့ လိုအပ်ပါတယ်။ အဲ့ဒါကတော့ လက်ရှိ ပြုပြင်ပြောင်းလဲမှု ပိတ်ဆို့ ဟန့်တားနေတာတွေပါပဲ။ အရာအားလုံးမှာ စစ်တပ်က အရှိန်အ၀ါကြီးနေတယ်ဆိုတာကို သံသယရှိသူတွေအနေနဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေကို ကြည့်ပြီး အကဲဖြတ်နိုင်ပါ တယ်။ အဲ့ဒီစစ်ပွဲတွေဟာ သမ္မတဦးသိန်းစိန်က ရပ်တန့်ဖို့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ အမိန့်ပေးခဲ့တဲ့ စစ်ပွဲ တွေပါ။
စစ်တပ်က သမ္မတအမိန့်ကို အဲ့ဒီလို မထီမဲ့မြင် ပြုခဲ့ပေမယ့် တပ်မတော်နဲ့ပတ်သက်ပြီး “အထက်အောက်” ပြောင်းလဲမှုတွေကတော့ စတင်နေပါပြီ။ ကာကွယ်ရေးအသုံးစရိတ်ကို မကြေညာပေမယ့် အစိုးရ အနေနဲ့ ၂၀၁၂ – ၂၀၁၃ ဘဏ္ဍာနှစ်အတွက် စစ်သုံးစရိတ်ကို ၂၃.၅ ရာခိုင်နှုန်းကနေ ၁၄.၅ ရာခိုင်နှုန်း အထိ လျှော့ချဖို့ ရည်ရွယ်ထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီ စစ်အသုံးစရိတ် လျှော့ချတဲ့ကိစ္စကို ကလေးစစ်သား အသုံးပြုမှု တိုက်ဖျက်ဖို့၊ မဖြစ်စလောက် လစာငွေ ကိစ္စ ဖြေရှင်းဖို့နဲ့ မတရား အခွန်အတုတ် ကောက်ယူတာတွေကို တားမြစ်ဖို့ဆိုတဲ့ နည်းလမ်းသစ်တွေနဲ့အတူ အစိုးရက ဆောင်ရွက်ခဲ့တာပါ။
ရန်ကုန်မှာအခြေစိုက်တဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် (ILO) ဆက်ဆံရေးအရာရှိ စတိဗ် မာရှယ် (Steve Marshall) က စစ်တပ်ရဲ့ ကိုယ့်ရိက္ခာ ကိုယ်ဖူလုံရေး မူဟာ အဓမ္မ လုပ်အားပေး စေခိုင်းတဲ့ကိစ္စတွေ အတွက် အဓိက အကြောင်းရင်းတခု ဖြစ်နိုင်ပေမယ့် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနေတယ်လို့ ပြောပါတယ်။
“ဒီကိစ္စ (မတရားအခွန်အတုတ်ကောက်တာ) ကို မြန်မာအစိုးရက အသိအမှတ်ပြုလက်ခံလိုက်ပါပြီ။ မကြာ သေးခင်ကပဲ အတင်း အဓမ္မ လုပ်အားပေးခိုင်းစေမှု ပုံစံအားလုံး ပပျောက်ရေး လုပ်ငန်းအစီအစဉ် (Plan 4L) အစိုးရက သဘောတူလိုက်ပါပြီ။ အဲဒီ သဘောတူညီချက်အောက်မှာ မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာနနဲ့ ILO တို့ပူပေါင်းပြီး လုပ်ထုံးလုပ်နည်းတွေကို ရေးဆွဲချမှတ်မှာဖြစ်ပါတယ်။ အဲ့ဒါ တွေကို မြန်မာနို်င်ငံ ဥပဒေနဲ့ အဓမ္မလုပ်အားပေးမှုဆိုင်ရာ စာချုပ် အမှတ် ၂၉ မှာတဲ့ နိုင်ငံတကာ တာဝန်ဝတ္တ ရားတွေနဲ့အညီ ရေးဆွဲသွားမှာပါ။ လိုအပ်တဲ့ လုပ်ငန်း အကောင်အထည်ဖော်မှု ဆိုင်ရာ အထောက်အပံ့ တွေ လည်း ပါဝင်ပါလိမ့်မယ်။ ပစ်မှတ်ထားတာကတော့ လက်ရှိလုပ်ငန်းကို ၂၀၁၃ မတ်လ ၁ ရက်နေ့မှာ အပြီး သတ်သွားဖို့ပါပဲ” လို့ သူက ဆိုပါတယ်။
လစာတွေ တိုးမြင့်ပေးတာဟာ အစိုးရဌာနတွေမှာရှိနေတဲ့ ခြစားမှုအလေ့အထကို တဖြည်းဖြည်းနဲ့ ပပျောက် သွားစေနိုင်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဌ သူရရွှေမန်းက ဖေဖေါ်ဝါရီလမှာ ပြောဆိုခဲ့ပါတယ်။ မြန်မာ နိုင်ငံက အစိုးရ၀န်ထမ်းတွေရဲ့ လစာဟာ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် နည်းလွန်းတာမို့ ဝန်ထမ်း အတော်များ များက “လက်ဖက်ရည်ဘိုး” တောင်းပြီး ရပ်တည်နေကြရတာပါ။
ကာကွယ်ရေး နည်းပညာ တက္ကသိုလ်မှာ ၂ နှစ်တက်ပြီးတဲ့ စစ်သားတယောက်ကို ဒုတပ်ကြပ်၊ တပ်ကြပ် ဒါမှမဟုတ် တပ်ကြပ်ကြီးအဖြစ် တိုက်ရိုက်ရာထူးတိုးပေးပြီး တနှစ်ကို အနည်းဆုံး အခြေခံလစာ ကျပ်ငွေ တသိန်းခွဲပေးတယ်၊ ဗိုလ်ကြီးတွေက လစာ တသိန်းခွဲနဲ့ ဗိုလ်မှူးတွေက ၂ သိန်းရတယ်လို့ စစ်ရေးဆိုင်ရာ  အချက်အလက်တွေကို ကိုးကားပြီး မောက္ခပညာရေးမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
အစိုးရတာဝန်ယူပြီး တနှစ်ပြည့်တဲ့ မတ်လ ၁ ရက်နေ့က မြန်မာနိုင်ငံအတွင်း “ထာဝရ ငြိမ်း ချမ်းရေး” တည်ဆောက်ဖို့ အစိုးရအနေနဲ့ အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်သွားမယ်လို့ သမ္မတဦးသိန်းစိန်က ပြောခဲ့ပါတယ်။ ပထမအဆင့်က လက်နက်ကိုင် တိုင်းရင်းသားအင်အားစုတွေနဲ့ ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲတာ၊ ဒုတိယအဆင့်က နိုင်ငံရေးပါတီတွေဖွဲ့စည်းတာနဲ့ “လက်နက်ကိုင်တပ်မတော် တခု” ထဲရှိဖို့ ဦးတည် ဆောင်ရွက်တာနဲ့ နောက်ဆုံးအဆင့်ကတော့ လွှတ်တော်အတွင်း နိုင်ငံရေးလုပ်ငန်းစဉ်မှာ အပြည့်အ၀ ပါဝင် ဆောင်ရွက်တာတွေပဲဖြစ်တယ်လို့ သူက ဆိုပါတယ်။
အစိုးရအနေနဲ့ စစ်တပ်အသုံးစရိတ်ကို လျော့ချဖို့ ကြိုးပမ်းနေတဲ့ တချိန်ထဲမှာပဲ လစာတွေ တိုးပေးတာ၊ မတရားအခွန်အတုတ်ကောက်ခံတာတွေကို  ဥပဒေအရ တားမြစ်တာနဲ့ အရင်တုန်းက လက်နက်ကိုင် ဆန့်ကျင်ခဲ့သူတွေကို တပ်မတော်နဲ့ ပူးပေါင်းဖို့ ဆောင်ရွက်နေတာတွေကို ကြည့်မယ်ဆိုရင် အလားအလာကောင်းတွေ ဖြစ်နိုင်ပေမယ့် လူထုလုံခြုံရေးအတွက်တော့ ကြိုတင်သတိထားရမယ့်ပုံ ပေါ်ပါတယ်။
အမေရိကန်စစ်တပ်နဲ့ ဆက်စပ်ဆောင်ရွက်ခွင့်ရတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းက သမိုင်း စာအုပ်တွေထဲ ထားခဲ့ချင်တဲ့ မြန်မာ့တပ်မတော်ဟာ တရားဝင်ပြီ၊ လူရာဝင်ပြီဆိုပြီး ဘဝင်ကိုင်သွားမှာ စိုးရိမ်နေရပါသေးတယ်။
ကချင်ပြည်နယ်မှာ စစ်ပွဲတွေ ဆက်ဖြစ်နေဆဲပါ။ ထောင်သောင်းချီတဲ့ ဒုက္ခသည်တွေ နယ်စပ်ဒေသတွေမှာ ပုန်းနေရဆဲပါ။ နေပြည်တော်က လွှတ်တော်ထဲမှာလည်း အစိမ်းရောင်ယူနီဖောင်းတွေ စစ်တန်းလျားမပြန်နိုင်သေးပါ။ ဒီအခြေအနေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ လုပ်ကောင်းလုပ်သင့်တာကတော့ စစ်ပွဲက သေနတ်သံတွေ အမြန် တိတ်သွားအောင် ပြောဆိုဖို့ပါ။
Charlie Campbell ၏ Folly of Tickling the Tamadaw’s Belly ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြသည်။

ဘကြီးသက်
Unknown at 12:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.