Sunday, September 23, 2012

ငြိမ်းချမ်းရေးကျောက်တိုင် ဖယ်ရှားခြင်းအား အဖွဲ့အသီးသီးမှ ကြေညာချက်ထုတ်ပြန်

စက်တင်ဘာလ ၂၁ရက်နေ့ ညနေ ၄နာရီတွင် ပြည်သူ့သဘောဆန္ဒနှင့်အညီ အင်းယားကန်ဘောင်၌ စိုက်ထူထားသည့် ငြိမ်းချမ်းရေးကျောက်တိုင် အား သက်ဆိုင်ရာမြို့နယ်စည်ပင်နှင့် အာဏာပိုင်အချို့မှ ဖယ်ရှားဖျက်ဆီးခဲ့ခြင်းနှင့် ပတ်သက်၍ အဆိုပါနေ့၌ ပါဝင်လှုပ်ရှားခဲ့ကြသည့် ငြိမ်းချမ်းရေးအဖွဲ့ အစည်းအချို့မှ သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြ ကြောင်း သိရှိရသည်။

"ဒီကျောက်တိုင်က ငြိမ်းချမ်းရေးအထိမ်းအမှတ်ကျောက်တိုင်အဖြစ် ထားတာပါ။ ဒီကျောက်တိုင်ကို စပြီးစိုက်ထူကတည်းက ဖျက်ဆီးတဲ့သူဟာ ငြိမ်းချမ်းရေးကို မလိုလားတဲ့သူလို့ အသိအမှတ်ပြုထားတာပါ။ ပြည်သူတွေရဲ့ဆန္ဒနဲ့ ဒါကို စိုက်ထူတာပါ။ အဲဒါကို ဖျက်ဆီးတယ်ဆိုတော့ မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ"ဟု အဆိုပါငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အဖြူရောင်တွဲလက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့နောက် ယင်းသို့ ငြိမ်းချမ်းရေးကျောက်တိုင် ဖျက်ဆီးလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ Peace Network အဖွဲ့မှလည်း ယင်းလုပ်ရပ်သည် ပြည် သူများ၏ နှလုံးသားအား အတင်းဆွဲထုတ်လိုက်သကဲ့သို့ နာကျင်လှပြီး ၎င်းတို့အဖွဲ့အနေဖြင့် အပြင်းအထန်ရှုတ်ချကြောင်း သဘောထားတစ်ရပ် ထုတ်ပြန် ခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးကျောက်တိုင်အား စက်တင်ဘာလ ၂၁ရက်နေ့၌ ပြည်လမ်း အင်းယားကန်ဘောင်၌ စိုက်ထူခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပြီး ယင်းကျောက်တိုင်မစိုက်ထူမီ မနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့များ၌ ငြိမ်းချမ်းရေးရရှိရန်အတွက် လူမှုအဖွဲ့အစည်းပေါင်း ၂၀ခန့် မှ စည်းကမ်းရှိရှိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Yangon chronicle
ဘကြီးသက်
Unknown at 12:25 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.