Monday, September 17, 2012

အကျဉ်းသား (၅၁၄) ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပြီ


စက်တင်ဘာလ ၁၇ ရက်။    ။ နိုင်ငံတော်သမ္မတက နောက်ထပ် အကျဉ်းသား ၅၁၄ ဦးကို ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာ ပြစ်ဒဏ် အသီးသီးကနေ လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း  ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်မှာ ဒီကနေ့ ဖေါ်ပြထားတာကို တွေ့ရပါတယ်။''ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော် သမ္မတဟာ နိုင်ငံတော် တည်ငြိမ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်ရဲ့ မေတ္တာနဲ့ စေတနာကို နားလည်ကြပြီး နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတွေမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ဖြစ်စေနိုင်တဲ့ နိုင်ငံသားများ အဖြစ်ကို ပြုပြင် ပြောင်းလဲစေဖို့ အတွက် လည်းကောင်း၊ အိမ်နီးချင်း နိုင်ငံများနဲ့ နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့ အတွက် လည်းကောင်း ရည်ရွယ်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၂၀၄ (က) နဲ့အညီ အကျဉ်းထောင် အသီးသီးမှာရှိတဲ့ အကျဉ်းသားများ ဖြစ်ကြတဲ့ နိုင်ငံခြားသား အကျဉ်းသားများ အပါအဝင် စုစုပေါင်း အကျဉ်းသား (၅၁၄) ဦးတို့ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ်၊ တော်သလင်းလဆန်း (၂) ရက်နေ့ (ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့) ဒီကနေ့ကစပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုခဲ့တယ်လို့ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားတာကို တွေ့ရပါတယ်။

Photo



ရတနာပုံသတင်း

ဘကြီးသက်
Unknown at 8:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း


တစ်ခေတ်ဆန်း လာသော ဘဝကြင်ဖော် ရှာဖွေနည်း

ပြိုးပြိုးပြက်ပြက် ရောင်စုံခြယ် မီးရောင်အောက် တွင် ဆယ်ကျော်သက် လူငယ်များ ပျော်ရွှင် ယစ်မူးစွာ ကခုန်နေကြသည်။ မြူးကြွကြွရက်ပ် သီချင်း အင်္ဂလိပ် စာသားကို ကခုန်ရင်း ပြိုင်တူဟစ် လိုက် သေးသည်။ စကပ်တိုတို၊ အင်္ကျီကျပ်ကျပ် ဆယ်ကျော်သက် မိန်းကလေးများမှာလည်း သီချင်း သံနှင့် အပြိုင် စည်းဝါးညီညီကနေကြသည်။
ယင်းမြင်ကွင်းမှာ အားလပ်ရက် ဆူပါ ဆန်းဒေး မတိုင်မီ စနေနေ့ည စက်တင်ဘာလ ၉ ရက်နေ့ တွင် အင်းလျားလိတ်ဟိုတယ်ရှိ ဝင်ကြေးပေးစရာ မလိုသော နိုက်ကလပ် အခန်းတွင် ဖြစ်သည်။
ထိုနေ့ ထိုနေရာတွင် လာရောက် ကခုန်ကြ သည့် လူငယ်များ အထူး စည်ကားခဲ့ပြီး စီးလာ သည့် ကားများမှာလည်း မြန်မာနိုင်ငံတွင် တရားဝင် တင်သွင်းခွင့် ရလာသော မော်ဒယ်လ်မြင့်ကားများ ကားပါကင်၌ ပြည့်နှက် နေခြင်းက လာရောက်ကြ သော လူငယ်တို့၏ လူနေမှုအသိုင်းအဝိုင်းကို ညွှန်း ဆိုပြ နေသည်။
နှလုံးကို ရိုက်ခတ်စေသည့် ရက်ပ်တီးလုံး သံ လွှမ်းနေသော ခန်းမပြင်ပတွင် ဆေးလိပ်ကိုယ်စီ ခဲ ထားသည့် ဆယ်ကျော်သက် လူငယ်များက မိန်းမ ပျို လေးများနှင့် ရယ်ရယ်မောမော စကားစမြည် ပြောနေသည်ကိုလည်း တွေ့ရသည်။
“ကျွန်တော်တို့က ညတိုင်း လာကကြတယ်။ ကောင်မလေးတွေလည်း ပါတယ်” ဟု အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦးက ဆိုသည်။ ယင်းလူငယ်များသည် အွန်လိုင်းမှ တစ်ဆင့် ချိန်းဆိုပြီး လူစုဖွဲ့ကာ လာရောက်ကြခြင်း ဖြစ်သည်။ ထိုကဲ့သို့ ပွင့်လင်းနေသည့် လူငယ် အသိုင်း အဝိုင်းနှင့် တိုးတက် လာသော အွန်လိုင်းခေတ်တွင် တွက်ခြေ ကိုက်နိုင်သော စီးပွားရေး လုပ်ငန်း လုပ်လို သူများက ဝန်ဆောင်မှုများ အတွက် ပုံစံသစ်များ ဖန်တီး လာကြသည်။
ထိုဝန်ဆောင်မှု လုပ်ငန်းတွင် မြန်မာ့ရိုးရာ ဓလေ့၌ စကားလုံး အဆန်းဖြစ်သော ဘဝကြင်ဖော် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းသည် ဈေးကွက် ဝေစုတစ်ခု ဖြစ်လာစေရန် တာစူ ပြင်ဆင်လုပ်ကိုင် လာသည်ကို တွေ့ရသည်။
ထိုကဲ့သို့ လုပ်ဆောင်ခြင်းမှာ 1 Section (3 hour) ခြောက်ထောင်ကျပ် နှုန်းဖြင့် စုံတွဲများ တည်းခို နိုင်သော တည်းခိုခန်းနှင့် မိုတယ်များကဲ့သို့ မဟုတ်ဘဲ ပွင့်ပွင့်လင်းလင်း ရုံးခန်း ဖွင့်လှစ်၍ လုပ်ကိုင်နေ သည့် စီးပွားရေး လုပ်ငန်းဟု ဆိုရမည် ဖြစ်သည်။
“အွန်လိုင်းမှာ Member ဝင်အချင်းချင်း ကိုယ်လိုချင်တဲ့ အိမ်ထောင်ဖက်၊ ကိုက်ညီနိုင်မယ့် လူကိုရွေးချယ်ပြီး Invite လုပ်နိုင်တယ်။ တစ်ဖက် က လက်မခံရင်တော့ မရဘူးပေါ့။ လက်ခံလို့ အဆင် ပြေသွားရင်တော့ အပြင်မှာ တွေ့ပြီး လေ့လာကြ ပေါ့”ဟု Skylark ဘဝကြင်ဖော်ရှာဖွေရေး ဝန်ဆောင်မှု လုပ်ဆောင် ပေးနေသော ဦးဇော်မင်းသန့်က ပြော ကြားသည်။
http://www.skylark-vivahaa.com ကို တည်ထောင်အပြီး လပိုင်း အတွင်းတွင်ပင် Member နှစ်ထောင် ကျော်လာပြီဖြစ်ပြီး ဝင်ရောက်ကြည့် ရှုသူပေါင်း ၂ သိန်း နီးပါး ရှိပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးနှင့် တစ်ခုတည်းသော ဝန်ဆောင်မှု ဝက်ဘ်ဆိုက်ဖြစ်ကြောင်း ယင်းဝက်ဘ် ဆိုက်တွင် ဖော်ပြထားသည်။ယင်းဝက်ဘ်ဆိုက်မျိုးသည် အိန္ဒိယနိုင်ငံတွင် စတင် လုပ်ဆောင်ခဲ့ပြီး www.vivahaa.com,www.shadi.com တို့တွင် အဖွဲ့ဝင် လူဦးရေမှာ သန်း ၃၀၀ ဝန်းကျင် ရှိနေသည်။ တရုတ်နှင့် ကိုရီးယား နိုင်ငံတို့ တွင်လည်း ဘဝကြင်ဖော် ရှာဖွေရေး အေဂျင်စီများ ကို တရားဝင် ဖွင့်လှစ်ကာ လုပ်ဆောင်လျက် ရှိသည်။မြန်မာနိုင်ငံ တွင်လည်း အွန်လိုင်း သုံးစွဲမှု တွင်ကျယ်လာသည့် ၂၀၀၉ ခုနှစ် ဝန်းကျင်ခန့်က မြားနတ်မောင် ဝက်ဘ်ဆိုက်သည်လည်း အထက်ပါ ကဲ့သို့ပင် ချိတ်ဆက် ပေးခဲ့ပြီး လူငယ်များ အကြား ပေါ်ပင် ဖြစ်ခဲ့ကာ နောက်ပိုင်းတွင် ငုတ်လျှိုးသွားခဲ့ သည်။
“နိုင်ငံတကာ မှာတော့ ဒီလိုအွန်လိုင်း ဆိုက်တွေ ဟာ Single အမျိုးသား၊ အမျိုးသမီးတွေ အတွက် အဖော်မွန် ရှာရာ၊ Casual Romance or Love အတွက် စိတ်လှုပ်ရှားစရာ ပလက်ဖောင်း တစ်ခုပါ ပဲ။ အဓိကကတော့ အွန်လိုင်းကနေ အသက်၊ နေရာ (လိပ်စာ)၊ ကိုယ်ဟန် အနေအထား၊ လူမျိုးနဲ့ တွေ့မယ့် ဆုံရပ်ကို အဓိကထား ပြောဆိုပြီး ရှာကြတယ်။
မြန်မာပြည်မှာတော့ အခုမှ ခေတ်စမ်းစ ဆိုတော့ ယဉ်ကျေးမှု ဆိုတဲ့ တံတိုင်းကို ဘယ်သို့ ဘယ်ပုံ သွေးတိုး စမ်းမလဲမသိနိုင်ဘူး” ဟု အမေရိကန် ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပို့တ်လန်းမြို့တွင် နေထိုင်သော မြန်မာနိုင်ငံသား ဘလော့ဂါ ဒူကဘာက မှတ်ချက် ပေးသည်။
ထိုကဲ့သို့ ဝန်ဆောင်မှု လုပ်ဆောင်ပေးသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် တရားဝင် မှတ်ပုံတင် ခြင်း မရှိသေးကြောင်း ၎င်းင်းတို့ထံမှ သိရသည်။ “တခြားနိုင်ငံမှာ ဒီလို လုပ်ငန်းတွေ ဖြစ်ထွန်း နေပြီ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူငယ် တွေ ပွင့်လင်းလာတဲ့ ကာလမှာ အွန်လိုင်းကနေ လမ်းလွဲတွေ မမှားရအောင်လို့ တီထွင် ကြံဆပြီး လုပ်ဆောင်ထားတာပါ” ဟု ဦးဇော်မင်းသန့်က ယင်းဝက်ဘ်ဆိုက် တည်ထောင်ရခြင်းနှင့် ပတ်သက် ၍ ရှင်းပြသည်။

မြန်မာနိုင်ငံတွင် လုပ်ဆောင်သည့် http://www.skylark-vivahaa.com တွင် ဘဝ ကြင်ယာဖော် အဖြစ် ရွေးချယ် နိုင်သည့် အပြင် မင်္ဂလာ ခန်းမများ၊ ဝတ်စုံများကို ဈေးနှုန်း သက်သာစွာဖြင့် ရွေးချယ်နိုင် ရန် ဆိုင်နာမည်နှင့် လိပ်စာများကိုလည်း ထည့်သွင်း ထားကြောင်း ၎င်းက ဆိုသည်။
ယင်းဝက်ဘ်ဆိုက်မှ တစ်ဆင့် ချိတ်ဆက်တာ အဆင်ပြေ သွားခဲ့သည့် ပထမဦးဆုံး စုံတွဲမှာ မင်္ဂလာ ဆောင်ရန် စီစဉ်နေပြီ ဖြစ်ပြီး မင်္ဂလာဆောင်စီစဉ် ပေးရန်အတွက် သိန်း ၂၃၀ ဖြင့် ညှိနှိုင်း နေကြောင်း၊ ယင်းမင်္ဂလာဆောင်ကို ခန်းမတွင် ကျင်းပရန် မဟုတ်ဘဲ မြက်ခင်းပြင်၌ သတို့သားနှင့် သတို့သမီး တို့က ဟယ်လီကော်ပတာ ရဟတ်ယာဉ်ဖြင့် ဆင်း လာသည့် ပုံစံ စီစဉ်ထားပြီး အခမ်းအနား အပြင် အဆင်များကိုလည်း အမှောင်ချထားကာ ဆလိုက် မီးများနှင့် နတ်ပြည်ပုံစံ စီစဉ်ထားကာ ကားအပု လေးဖြင့် မင်္ဂလာစုံတွဲကို ခေါ်ဆောင်သွားသည့် သဏ္ဌာန် စီစဉ်ထားကြောင်း ၎င်းထံမှ သိရသည်။ “မြန်မာနိုင်ငံမှာ ပထမဦးဆုံးသော ဆန်းသစ် တဲ့ မင်္ဂလာ အခမ်းအနား ဖြစ်အောင်လုပ်ဖို့အတွက် စီစဉ်နေတာပါ။ မင်္ဂလာရက် မရွေးရသေးလို့ မကြေ ညာ သေးတာပါ” ဟု ဦးဇော်မင်းသန့်က ဆိုသည်။
သို့သော် ဘဝကြင်ဖော် ရွေးချယ်ရာတွင် အွန်လိုင်းပေါ်မှ တွေ့ဆုံ ဆွေးနွေးပြီး လူချင်း တွေ့ရ သည့် အလုပ်မှာ အွန်လိုင်း သုံးစွဲသူများ အတွက် အထူးအဆန်း မဟုတ်ပေ။ ယင်းဝက်ဘ်ဆိုက်တွင် တွေ့ဆုံပြီး ဖြစ်ပေါ်လာသည့် ပြဿနာများကို ယင်း ဝက်ဘ်ဆိုက် တည်ထောင်သူတို့က တာဝန်ယူမည် မဟုတ်ပေ။
၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်း ကာလကပင် စီးပွားရေး မြို့တော် ရန်ကုန်မြို့တွင် တရုတ် လူမျိုး များအတွက် ကြင်ယာဖော် ရှာပေးသော အေဂျင်စီ ရှိခဲ့သည်။ ထိုအေဂျင်စီမှာ အွန်လိုင်းမှ မဟုတ်။ အမှန်တကယ် လူချင်း တွေ့ပေးပြီး ညှိနှိုင်းပေးကြ ခြင်းဖြစ်သည်။ထိုကဲ့သို့ လုပ်ဆောင်ပေးခြင်းသည် ဝန်ဆောင် မှု အခကြေးငွေ အတွက် မဟုတ်။ ထိုကဲ့သို့ ညှိနှိုင်း ဆောင်ရွက်ပေးခြင်းဖြင့် မင်္ဂလာဆောင် အတွက် ကန်ထရိုက် ယူခြင်းသာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်း လုပ်ဆောင်နေသူ တို့၏ အဆိုအရ သိရသည်။
“ဒီလုပ်ငန်းဟာ မြန်မာ့ ယဉ်ကျေးမှုနဲ့ မကိုက် ညီဘူးလို့တော့ ပြောလို့မရဘူး။ အဓိကတော့ လူတစ်ယောက်ရဲ့ပင်ကိုယ်ဗီဇနဲ့ပဲ သက်ဆိုင်ပါလိမ့် မယ်” ဟု အသက် ၂၇ နှစ်အရွယ် အွန်လိုင်း သုံးစွဲသူ တစ်ဦးက ဆိုသည်။

မြန်မာလူမျိုးတို့တွင် အာဝါဟ ဝိဝါဟ ဟူသော ထိမ်းမြား လက်ထပ်ခြင်းသည် မင်္ဂလာ တစ်ပါးဟု ဆိုကြသည့် အတိုင်း အမျိုးမျိုး ပြောင်းလဲ လာသော လူမှု ဝန်းကျင်၌ တစ်သက်တွင် တစ်ခါ ဆောင်ကြ သော ဘဝကြင်ယာ ဖော်အတွက် ကိုယ်ပိုင်ဥာဏ် စွမ်းဖြင့် တွေးဆ ဆင်ခြင်ဆုံးဖြတ်ရမည် သာဖြစ် သည်။
ရောင်စုံ မီးရောင်အောက်တွင် ရက်ပ် သီချင်း၊ ဒစ်စကို တီးလုံးသည် နံနက် ၂ နာရီ ထိုးချိန် အထိ မြူးကြွ နေဆဲဖြစ်ပြီး ဆယ်ကျော်သက် လူငယ် ခြောက်ဦးမှာ ချွေးသံ တရွှဲရွှဲဖြင့် ထွက်လာသည်။ ထိုလူငယ်များထဲမှ အသက် ၂၁ နှစ်အရွယ် လူငယ် တစ်ဦး၏ ရင်ခွင်ထဲတွင် ကိုယ်လုံးကိုယ်ပေါက် အချိုးအစား ပြေပြစ်သော အင်္ကျီအနက်၊ စကပ်တိုတို ဝတ်ဆင်ထားသည့် ဆယ်ကျော်သက် မိန်းကလေး တစ်ဦး ရောက်ရှိနေပြီး မော်ဒယ်လ်မြင့် Probox Toyota ကားနှင့် ထွက်ခွာ သွားကြသည်။
 THE VOICE WEEKLY
ဘကြီးသက်
Unknown at 3:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရုတ်က သတို့သမီးသန်း(၂ဝဝ) လိုအပ်ချက်ရှိနေ၍ မြန်မာအမျိုးသမီးများ လူကုန်ကူး မခံရရန် ဂရုပြုသင့်

တရုတ်အစိုးရအနေဖြင့်လူကုန်ကူးမှုလမ်းကြောင်းအားအနည်းငယ်ဖွင့်ပေးထားကြောင်းသိရသည့်အတွက်မြန်မာနိုင်ငံသူနိုင်ငံ သားများ၏လုံခြုံရေးကိုမိမိတို့ကိုယ်တိုင်ထိန်းသိမ်းရန် အရေးကြီးလာကြောင်း မြန်မာအမျိုးသမီးအခွင့်အရေး လှုပ်ရှားနေသူ ဒေါ်စူစန်နာ လှလှစိုးက ပြောသည်။
တရုတ်ပြည်သို့ လူကုန်ကူးခံရသူ အရေအတွက်များပြားနေခြင်းမှာ တရုတ်ပြည်အစိုးရချမှတ်ထားသော One Child ပေါ်လစီကြောင့် အိမ်ထောင်သည်အများစုကလေးယူရာတွင်ယောက်ျားလေးသာအယူများနေခြင်းကြောင့်တရုတ်ပြည်တွင်သတို့သမီးသန်း၂ဝဝ)ဝန်းကျင် လိုအပ် လျှက်ရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများ လူကုန်ကူးခံနေရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
မြန်မာနိုင်ငံမှနေ၍အခြားနိုင်ငံများသို့လူကုန်ကူးခံရမှုတွင်တရုတ်နိုင်ငံသို့လူကုန်ကူးခံရခြင်းမှာအများဆုံးဖြစ်နေကြောင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုမှစာရင်းများအရ သိရသည်။
ထိုသို့ ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရမှုသူများတွင် အမျိုးသမီးရာခိုင်နှုန်းမှာ (၈၅)ရာခိုင်နှုန်းရှိနေကြောင်းကိုလည်း သိရှိရသည်။
လူကုန်ကူးမှုတွင်ပုံစံခုနစ်မျိုးရှိရာအများဆုံးဖြစ်ပွားနေသည့်ပုံစံမှာအဓမ္မထိမ်းမြားလက်ထပ်ခြင်းဖြစ်ပြီး၊လိင်လုပ်သားအဖြစ် အလုပ်ခံရမှုနှင့် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုများမှာ နောက်ဆက်တွဲပြဿနာများ အဖြစ် ရှိနေကြောင်း သိရသည်။
''ဒီလို အမျိုးသမီးတွေ လူကုန်ကူးခံနေရတာနဲ့ပတ်သက်ပြီး ပညာပေးတွေ အခုထက်ပို ပြီး လုပ်ဆောင်သင့်တယ်၊ ရန်ကုန်တင်မကဘူး နယ်တွေဘက်ကိုလည်းလုပ်ရမယ်၊အစိုးရပိုင်းအနေနဲ့လည်းနယ်စပ်တွေမှာသေချာစိစစ်ပြီးအလုပ်နဲ့သွားတာလား၊ လူကုန်ကူးခံရသူအဖြစ်နဲ့သွားတာလားဆိုတာတွေသေချာစိစစ်သင့်တယ်''ဟုဒီချုပ်ပါတီမှပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။
မြန်မာနိုင်ငံမှနေ၍တရုတ်ပြည်သို့လူကုန်ကူးခံရသူများအားနေရပ်သို့ပြန်လည်နေရာချထားပေးနိုင်သူအရေအတွက်မှာ ၂ဝ၁၂ခုနှစ် မေလအထိ (၇၈ဝ)ဦးရှိခဲ့ပြီး၊ ထိုင်းနိုင်ငံမှ (၄၈၃)ဦးနှင့်အင်ဒိုနီးရှားနိုင်ငံမှ (၁၆)ဦးရှိကြောင်း သိရှိရသည်။
လူကုန်ကူးခံရသူများတွင်၈၅ရာခိုင်နှုန်းမှာအမျိုးသမီးများဖြစ်သကဲ့သို့လူကုန်ကူးမှုတရားခံများတွင်လည်းအမျိုးသမီးများမှာ (၆၅)ရာခိုင်နှုန်းရှိကြောင်း လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဗဟို၏ စစ်တမ်းများအရ သိရသည်။





မြစ်မခ

ဘကြီးသက်
Unknown at 3:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမျိုးသမီးအခွင့်အရေးကာကွယ်သည့်ဥပဒေတွင် ပါးတစ်ချက် ဒဏ်ငွေတစ်သောင်းဖြင့် ကျေနပ်မနေသင့်

မြန်မာနိုင်ငံ၏အမျိုးသမီးအခွင့်အရေးကာကွယ်ပေးမှုဥပဒေတွင်လွဲချော်မှုများရှိနေသေးကြောင်းလူမှုရေးအသိုင်းအဝိုင်းက   ထောက်ပြပြောဆိုကြသည်။
 
အဆိုပါလွဲချော်မှုမှာလူတစ်ဦးအားကိုယ်ထိလက်ရောက်စော်ကားရာတွင်ဒဏ်ငွေတစ်ထောင်မှ တစ်သောင်းသို့ ပြင်ဆင်ပြောင်းလဲ သတ်မှတ်မှုနှင့် သက်ဆိုင်ကြောင်းကိုလည်း သိရှိရသည်။
 
''လူတစ်ယောက်ကိုပါးရိုက်ရင်ဒဏ်ငွေတစ်သောင်းဒဏ်တပ်ခံရရုံနဲ့အဲ့လိုအဖြစ်မျိုးဖြစ်လာဖို့နည်းသွားမယ်လို့မထင်ဘူး၊ ပိုက်ဆံရှိတဲ့သူကတော့'တန်တယ်'ဆိုပြီးတွေးနေဦးမှာပဲ''ဟုကရင်အမျိုးသမီးများဖွံ့ဖြိုးရေးအဖွဲ့မှဥက္ကဌဒေါ်ဆူဇန်နာ လှလှစိုးက ပြောသည်။
 
ယင်းကဲ့သို့ အပြစ်ဒဏ် ( ငွေဒဏ် ) ချမှတ်ခြင်းထက် လူမှုအဖွဲ့အစည်းများတွင် ပါဝင်လုပ်ကိုင်ရန် ''လူမှုရေး ပြစ်ဒဏ်'' ချမှတ်ပေးခြင်းက ပိုမိုအကျိုးသက်ရောက်မှုရှိနိုင်ကြောင်းကိုလည်း ၄င်းက ထောက်ပြ ပြောဆိုသည်။
 
ထိုကဲ့သို့ပြစ်ဒဏ်မျိုးနှင့်ပတ်သက်၍လွှတ်တော်အတွင်း၌ဆွေးနွေးမှုများရှိနေသော်လည်းပြည်သူများကြားတွင် တရားဝင်ကြေညာထားခြင်း မရှိသေးကြောင်း သိရသည်။
 
“ဒီကိစ္စကိုတော့မျှတမှုမရှိသေးဘူးလို့ထင်တယ်၊ဘာလို့လဲဆိုတော့လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကိုငွေကြေးနဲ့ တန်ဖိုးမဖြတ်သင့်ဘူးလို့ ကျွန်မအနေနဲ့ ယူဆတယ်'' ဟု အမျိုးသမီးတစ်ဦးဖြစ်သူ မဖြူဖြူက ပြောသည်။
 
ကိုယ်ထိလက်ရောက်စော်ကားခံရမှုနှင့်ပတ်သက်၍၂ဝ၁ဝပြည့်နှစ်အလယ်ပိုင်းကဖြစ်ပွားခဲ့သောနာမည်ကျော်ရုပ်ရှင် သရုပ်ဆောင်တစ်ဦးကပြည်တွင်းသတင်းထောက်တစ်ဦးကိုလူမြင်ကွင်းတွင်ပါးရိုက်ခဲ့မှုကြောင့်တရားရုံးကကျူးလွန်သူ သရုပ်ဆောင်အား ငွေဒဏ် ၁ဝဝဝ ကျပ် ( သို့ ) ထောင်ဒဏ် (၃)လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ဖူးကြောင်း သိရသည်။
 
အမျိုးသမီးများအားကာကွယ်ပေးသည့်ဥပဒေသစ်ပေါ်ထွက်လာရန်လာမည့်ပဉ္စမလွှတ်တော်အစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းထံက သိရသည်။
 
 

မြစ်မခ

ဘကြီးသက်
Unknown at 3:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကိုယ်ဝန်ဆောင်ကချင်တိုင်းရင်းသူ KIA က စစ်သားအဖြစ် အဓမ္မစုဆောင်း

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးကျေးရွာ ဖော်ဒေါင်ရပ်ကွက်မှာ နေထိုင်တဲ့ အိမ်ထောင်ရှိ ကိုယ်ဝန်ဆောင် ကချင်တိုင်းရင်းသူ မဂျာဒွဲနူးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အခုလ (၁) ရက်နေ့က စစ်သားအဖြစ် အဓမ္မစုဆောင်းသွားခဲ့ချိန်ကစလို့ ဘာသတင်းမှ မရရှိတော့တာကြောင့် မိသားစုဝင်တွေ အထူးစိုးရိမ် ပူပန်နေကြတယ်လို့ သိရပါတယ်။



RFA
KIA ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ဌာနချုပ်ရှိရာ လိုင်ဇာတွင် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက KIA ကချင်တပ်သားများ စစ်ရေး လေ့ကျင့်နေကြစဉ်။ ဓါတ်ပုံ - RFA
ကေအိုင်အေတပ်မဟာ ၂ လက်အောက်ခံ မိုးကောင်းမြို့နယ် ကဆုန်းကျေးရွာအခြေစိုက် တပ်ရင်း (၁၁) က ကိုယ်ဝန် (၃) လ လွယ်ထားရတဲ့ မဂျာဒွဲနူးကို စုဆောင်းရေး ဆွဲသွားတာနဲ့ ပတ်သက်ပြီး သူမရဲ့ခင်ပွန်းဖြစ်သူ ဦးဘရန်ဆိုင်းက RFA ကို အခုလိုပြောပြပါတယ်။
"၉ လပိုင်း ၁ ရက်နေ့  စနေနေ့ ည ၁၀ နာရီ ၄၅ မှာ ကျွန်တော်အပြင်ကို မီးသီးသွားဝယ်တုန်း အချိန်လေးမှာပဲ ကျွန်တော့်မိန်းမကို ကျွန်တော်အသွားအပြန် ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲဒီအချိန်မှာ ၈၁ က တပ်သားအဆင့်ရှိ ချစ်အောင်ဆိုတဲ့ တစ်ယောက်ရယ်၊ အဖော်တစ်ယောက်ရယ် ကျွန်တော့်မိန်းမကို စုဆောင်းရေးဆွဲတယ် ဆိုပြီးတော့ ဆွဲသွားပါတယ်။ ကျွန်တော့်မိန်းမမှာ ကိုယ်ဝန်ကလည်း ၃ လ ပါသွားတယ်။ အဲဒီတော့ ကျွန်တော့်ကို (KIA) ဋ္ဌာနချုပ်က လူကြီးမင်းများအနေနဲ့ အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ကျွန်တော်တို့ မိသားစုများအားလုံးကလည်း မိန်းမ ပြန်လာဖို့အတွက် ဆုတောင်ရင်းနဲ့ ကိုယ်ချင်းစာပြီး အမြန်ဆုံးလွှတ်ပေးဖို့ ကျွန်တော့်အနေနဲ့ အသနားခံပြီးတော့ တောင်းဆိုအပ်ပါတယ်"
ဒီလ ပထမပတ်အတွင်းက မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းမှာရှိတဲ့ နမ့်ချီမှော်ဒေသမှာ KIA တပ်ရင်း ၅ ကအမျိုးသား၊ အမျိုးသမီး (၅၀) ကျော်ကို စစ်သားအဖြစ် အဓမ္မ စုဆောင်းသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အခုရက်ပိုင်းအတွင်းမှာ မိုးညှင်းမြို့ပေါ်က လုပ်ငန်းရှင်အချို့လည်း KIA ရဲ့ ဆက်ကြေးကောက်ခံမှုနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဘကြီးသက်
Unknown at 2:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမျိုးသမီး ရင်သားကို နေ့စဉ် ကြည့်ရှု ခံစားသည့် အမျိုးသားများ၏ ကျန်းမာရေး ကောင်းမွန်နိုင်

 လှပ ကျော့ရှင်းသည့် အမျိုးသမီး တဦး၏ ရင်သားအလှကို နေ့စဉ် (၁၀)မိနစ်စီ ကြည့်ရှု ခံစားခြင်းသည် အမျိုးသားများ အတွက် ကျန်းမာရေး ကောင်းမွန် စေကြောင်း သိရှိရသည်။ ယင်း အလေ့အကျင့်ကြောင့် ရရှိလာသည့် လှုံ့ဆော်မှုသည် နာရီဝက် ကြာအောင် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းနှင့် ညီမျှကြောင်း ဒေါက်တာ ကာရန် ၀ီသာဘီ က ပြောကြားခဲ့ခြင်း ဖြစ်သည်။

 ဒေါက်တာ ၀ီသာဘီ ဦးဆောင်သော ဂျာမနီနိုင်ငံ ဆေးရုံ(၃)ခုမှ ဆရာဝန် များသည် အမျိုးသား အယောက်(၂၀၀) တို့၏ နေ့စဉ် ဓလေ့စရိုက် များကို (၅)နှစ် အချိန်ယူ လေ့လာခဲ့ကြရာ ၎င်းတို့အနက် ထက်ဝက်သည် မနက်လင်းချိန်တွင် အရင်ဆုံး မြင်ချင်သည့် ကိစ္စမှာ စိတ်လှုပ်ရှားဖွယ် ကောင်းလှသည့် အမျိုးသမီးတဦး၏ ခန္ဓာကိုယ်အလှ ဖြစ်ကြောင်း ပြောကြားထားကြပြီး ကျန်တ၀က်မှာမူ ထိုကိစ္စ အတွက် ထောက်ခံခြင်း မပြုဘဲ ကြားနေကြသည်။ ပညာရှင် များသည် ပထမအဖွဲ့မှ ပုဂ္ဂိုလ်များအား ၎င်းတို့ဆန္ဒအတိုင်း ဆောင်ရွက်ရန် ခွင့်ပြုထားပြီး ကျန်အဖွဲ့ကိုမူ နှစ်သက်ရာ အာရုံအလိုက် ခံစားခွင့် ပေးထားသည်။ (၅)နှစ် ကြာပြီးနောက် နေ့စဉ်နေ့တိုင်း အမျိုးသမီးများ၏ လှပသော ရင်သားကို အရသာခံ ကြည့်ရှုခွင့်ရသည့် အမျိုးသားများသည် သွေးဖိအား ပြဿနာ၊ သွေးကြောနှင့် ဆိုင်သော ရောဂါများ၊ သွေးခုန်နှုန်း မမှန်ကန်မှုများ ဖြစ်ပေါ်နိုင်ခြေ သိသိသာသာ ကျဆင်းသွားသည်ကို လေ့လာ တွေ့ရှိခဲ့သည်။

 လိင်နှင့် ဆိုင်သည့် စိတ်လှုပ်ရှားမှုသည် နှလုံးအား ပိုမိုလှုပ်ရှား သက်ဝင်စေကာ သွေးလှည့်ပတ် စီးဆင်းမှုကို လျင်မြန် ကောင်းမွန်စေသည်။ ထို့ကြောင့်လည်း လိင်စိတ်ကို လှုံ့ဆော်ပေးနိုင်သည့် ရင်သားအလှကို နေ့စဉ်ခံစား ထိတွေ့နေသည့် အမျိုးသားများ အတွက် ကျန်းမာရေး ပိုမို ကောင်းမွန်နေသည်မှာ မေးခွန်းထုတ်စရာ မလိုသည့် ရလဒ်ဖြစ်ကြောင်း ဒေါက်တာ ၀ီသာဘီက ရှင်းပြခဲ့သည်။ ထို့အပြင် ထိုအပြုအမူကို ကာလရှည်ကြာ ပြုလုပ်ပါက နှလုံးရောဂါ ဖြစ်နိုင်ခြေ ထက်ဝက်မျှ ကျဆင်း နိုင်သည်ဟုလည်း ဆိုသည်။

D-cup size
ထို့ကြောင့်လည်း ဒေါက်တာဝီသာဘီ က အမျိုးသားများ ( အထူးသဖြင့် အသက် ၄၀ ကျော် ပုဂ္ဂိုလ်များ ) သည် D-Cup အရွယ်၊ သို့မဟုတ် ပိုကြီးသော အမျိုးသမီး ရင်သားများကို နေ့စဉ် နေ့တိုင်း (၁၀)မိနစ်မျှ ခံစား ကြည့်ရှုသင့်ကြောင်း တိုက်တွန်း နှိုးဆော်ထားသည် ကို ဂျာမဏီ နိုင်ငံထုတ် နယူး အင်္ဂလန် ဆေးပညာ ဂျာနယ်တွင် ဖေါ်ပြထားသည်။
ဘကြီးသက်
Unknown at 10:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကေအိုင်အေကို "ဝ" စစ်တပ် ထိုးစစ်ဆင်မည်

သမ္မတ အမိန့်အောက်မှာစစ်တပ်အနေနဲ့ကလည်း သမ္မတ အမိန့်နဲ့သာ ရှေ့မတိုးပဲ ထိုးစစ်အရှိန်ရပ်လိုက်ရတာကို ခံပြင်းနေခဲ့တာကြာပါပြီ..။အောင်ပွဲဆက်တိုက်ရလာပြီးမှာ ရန်သူဌာနချုပ်အားသိမ်းခါနီး အချိန်လေးကို နိုင်ငံတော်အမိန့်နဲ့ ထိုးစစ်ရပ်ပြီး ခံစစ်ပြောင်းလိုက်ရတာ ကမ္ဘာ့စစ်သမိုင်းမှာ မြန်မာ တနိုင်ငံပဲရှိတာကို တွေ့ရပါ့မယ်..။အဲဒီအတွက် ရှေ့မတတ်ရပဲ ကေအိုင်အေ လုပ်သမျှ အသေခံနေရတဲ့ စစ်တပ်အနေနဲ့ ကေအိုင်အေကို တိုက်ချင်ပေမယ့် သမ္မတကြီးကို လေးစားသောအားဖြင့် နိုင်ငံတော်အမိန့်ကိုလိုက်နာခြင်းနဲ့ စစ်တပ်မှာလည်း မုဆိုးမတွေများလာတော့တယ်..။အခုတော့ ကေအိုင်အေကို စစ်တပ်ကတိုက်စရာမလိုပဲ ကိုးကန့်နဲ့ "ဝ" တပ်ဖွဲ့တွေကတိုက်ပါတော့မယ်..။

ကေအိုင်အေ ဗုံးခွဲလိုက်တဲ့ဝေအောင်ကုမ္ပဏီပိုင်ရှင်က“၀”တပ်ဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံ တာဝေ၊ သူ့ရဲ့ရှမ်းနာမည်က စိုင်းလျှံ၊ ရန်ကုန်မှာလဲနေတယ်၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ တရုတ်မှာလဲနေတယ်၊ ကုမ္ပဏီကကိုးကန့်အဖွဲ့နဲ့“၀”တပ်ဖွဲ့ခေါင်းဆောင်ပိုင်းတွေပေါင်းပြီး ထောင်ထားတာ၊ တာချီလိတ်မှာ ရုံးရှိတယ်။ တာဝေက နာမည်ခံထားတယ်။ဝေအောင်ကုမ္ပဏီအတွက် အကြီးမားဆုံးဝန်ထုပ်ဝန်ပိုးက KIA ။ ဒီအဖွဲ့က ဖားကန့်မှာ အကြီးစားဓါးပြဂိုဏ်းပဲ၊ KIA ရှိတဲ့ဒေသမှာ စီးပွားရေးလုပ်မယ်ဆိုရင် ဆက်ကြေး ၄ မျိုးရှိပါတယ်။ KIA လူကြီးတွေအတွက် သီးခြားပို့ရတဲ့ ဆက်ကြေး၊ အနီးဆုံး KIA တပ်မဟာက သက်မှတ်ထားတဲ့ဆက်ကြေး၊ အနီးဆုံး KIAတပ်ရင်းက သတ်မှတ်ထားတဲ့ဆက်ကြေး၊ နောက်ဆုံးတစ်ခုက KIA လက်အောက်အရာရှိနဲ့ ရဲဘော်အဆင့်အထိ ယာဘဆေးပြားဖိုး၊ အရက်ဖိုး၊ ကုန်ကုန်ပြောရရင် မိန်းမလိုက်စားဖို့အတွက် လိုတဲ့ငွေကအစ ပေးရတဲ့ဆက်ကြေး။ ဒါတွေအားလုံးကို ဝေအောင်ကုမ္ပဏီပိုင်ရှင် ကိုးကန့်နဲ့ “၀”ခေါင်းဆောင် ပိုင်းက တစ်ရက်နောက်မကျစေဘဲ ပေးခိုင်းတယ်။ ဒီလိုပေးနေတာတောင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ KIA ရဲ့ လုပ်ရပ်ကတော့ ဝနဲ့ကိုးကန့်လူကြီးတွေကို အတော်ပဲ နာကျည်းစေခဲ့ရတယ်။


အဲဒီနေ့ KIA ၁၀ ယောက်ကျော် ကား ၂ စီးနဲ့ KIA တပ်ရင်း ၆ ရှိတဲ့ ကံဆီး ဘက်ကနေ ကျုပ်တို့ကုမ္ပဏီဝန်းထဲကို ၀င်လာတယ်။ ကုမ္ပဏီဝန်ထမ်းတွေကို တွေ့တဲ့နေရာမှာ မဲမဲမြင်သမျှ ပစ်သတ်တယ်။ အဲ့ဒီနောက် ကုမ္ပဏီပိုင်ယာဉ်တွေ၊ စက်သုံးဆီပေပါတွေ၊ စက်သုံးဆီသိုလှောင်ကန်တွေ နဲ့ ကျောက်ထုတ်လုပ်ရေးမှာသုံးတဲ့ ယမ်းတိုက်တွေမှာ မိုင်းတွေကိုထောင်ထားခဲ့ပြီး ပြန်ထွက်သွားခဲ့ကြတယ်။ သိပ်မကြာခင် KIA က ထောင်ထားခဲ့တဲ့မိုင်းတွေ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့တယ်။ တစ်ဆက်တည်း ဆီလှောင်ကန်တွေ၊ ယမ်းတိုက်တွေပါ ဆက်တိုက်ပေါက်ကွဲခဲ့တဲ့အတွက် ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပေါ် ခဲ့တယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် ကုမ္ပဏီဝန်းအတွင်းမှာရှိတဲ့ ဘက်ဟိုးယာဉ် ၆၅ စီး၊ မြေသယ်ယာဉ် ၈၄ စီး၊ ကျောက်ဖောက်စက်တပ်ထားတဲ့ ယာဉ် ၅ စီး၊ လုပ်ငန်းသုံး စက်ပစ္စည်းတွေနဲ့ ဂါလံ ၆၀၀၀ ဆံ့ စက်သုံးဆီ သိုလှောင်ကန် ၇၀ ပျက်စီးဆုံးရှုံးခဲ့တယ်။ အဲဒီညမှာပဲ နောက်ထပ်ကုမ္ပဏီတစ်ခုဖြစ် တဲ့ ရွှေဂေါင်ဂေါင် ကုမ္ပဏီကိုလဲ အလားတူ ဖောက်ခွဲမှုကြီးတွေနဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတယ်။

 ဝေအောင်ကမ္ဘာဟာ ကိုးကန့်နဲ့ “၀”အဖွဲ့ရဲ့ပိုင်ဆိုင်မှုမှန်း KIA တွေသိတယ်၊ သိရက်နဲ့ လုပ်တဲ့ လုပ်ရပ်ဖြစ်တယ့်အတွက် ဒါနဲ့ပတ်သက်ပြီး အမည်ဖော်ပြဖို့ငြင်းဆန်တဲ့ “၀”ခေါင်းဆောင်တစ်ဦး ကတော့ KIA ရဲ့လုပ်ရပ်အပေါ် ဒီလိုပြောပါတယ် “ကျုပ်တို့ချင်း နားလည်မှုယူထားတာ ဘယ်မှာသွားထားမလဲ၊ ဒီ KIA ဟာ ငွေလဲယူတယ်၊ ကုမ္ပဏီကိုလဲဖျက်ဆီးတယ်၊ အစာစားပြီးတော့ စားတဲ့ပန်းကန်ကို သေးပန်း တဲ့ကောင်နဲ့ တူတယ်။ ဒါဟာ ကျုပ်တို့ကို သက်သက်ရန်စတာ၊ ဝေကုမ္ပဏီကို တိုက်ခိုက်တာဟာ ကိုးကန့်အဖွဲ့နဲ့ “၀”အဖွဲ့ကို တိုက်ခိုက်တာပဲ။ KIA တွေ ကိုယ့်သေတွင်းကိုယ်တူးတာပဲ ”လို့ နာကျည်းစွာ ဆိုပါတယ်။ “၀”နဲ့ ကိုးကန့် ခေါင်းဆောင်ပိုင်းတွေက ဆုံးရှုံးမှုတန်ဘိုး ယွမ် သန်းရာချီရှိတယ်လို့ပြောတယ်။

၁၂.၇မမ Dshk စက်သေနတ်ကြီး တပ်ဆင်ထားသည့် "ဝ"တပ်ဖွဲ့ပိုင် သံချပ်ကာယာဉ်များ 
တကယ်ဆို ကျုပ်တို့ရဲ့ကျေးဇူးတွေ KIA အပေါ်မှာ အများကြီးရှိတယ်။ ဥပမာ လက်နက်၊ ခဲယမ်းတွေ ကျုပ်တို့အဖွဲ့တွေက အများကြီးထောက်ပံ့ထားတယ်။ KIA က လက်ငင်းငွေချေတာလဲရှိတယ်၊ အကြွေးနဲ့ဝယ်တာလဲရှိတယ်။
 ကုမ္ပဏီမှာ ရှယ်ယာပါဝင်ထားတဲ့ ကိုးကန့်ခေါင်းဆောင်ပိုင်းတစ်ဦးကတော့ “ဒီလုပ်ရပ်အတွက် KIA ဟာ အရင်းရော အတိုးပါ ပြန်ပေးဆပ်ရမယ်၊ မသိလို့ လုပ်မိတယ်ဆိုတာက ခွင့်လွှတ်နိုင်ပေမယ့် သိသိနဲ့လုပ်တာကတော့ ခွင့်လွှတ်မှုနဲ့ မထိုက်တန်ဘူး၊ ရာသီအလိုက် အရောင်ပြောင်းတတ် တဲ့ မြွေလိုဆိုရင်တော့ ရန်သူပေါလိမ့်မယ်၊ သူတို့သတ်လို့ သေဆုံးသွားတဲ့ ကုမ္ပဏီက ၀န်ထမ်းနဲ့ မိသားစုတွေအတွက် ဘယ်လိုတာဝန်ယူမလဲ။ KIA မှာ အုပ်ချုပ်မှုစနစ် မရှိဘူးလား၊ ခေါင်းဆောင်တွေ ဘာလုပ်နေလဲ၊ လက်အောက်ငယ်သားတွေမသိလို့ပါလို့ ဆင်ခြေပေးရင် သိအောင် မအုပ်ချုပ်နိုင်တဲ့ KIA ခေါင်းဆောင်တွေ ဦးနှောက်မရှိဘဲ ဘယ်လိုလူကြီးလုပ်နေလဲ” လို့ ပြောပါတယ်။
စစ်ရေးပြတစ်ခုတွင်မြင်ရသော ဝ တိုက်ခိုက်ရေးတပ်သားများ

 ပြီးတော့ ဒီလို ဆက်ပြောတယ် " ဒီလုပ်ရပ်အတွက် KIA ဆီက တိကျရှင်းလင်းတဲ့ တောင်းပန်မှု၊ ဖြေရှင်းမှုကိုကိုးကန့်နဲ့"ဝ"ဒေသထိပ်သီးပိုင်းဆိုင်ရာခေါင်းဆောင်လူကြီးတွေ တောင်းဆို ထားတယ်လို့ သိရတယ်။ ဒါပေမယ့် KIA ရဲ့ဘယ်လိုဖြေရှင်းမှုကမှ ကျုပ်တို့အတွက် ကျေနပ်စရာရှိလိမ့်မယ် မဟုတ်ဘူး။ ကျုပ်တို့အဖွဲ့တွေ သေဆုံး၊ ပျက်စီး၊ ဆုံးရှုံးခဲ့ရတာတွေအတွက်တော့ တန်ရာတန်ကြေး ပြန်ရဖို့ လိုမယ်၊ ကျုပ်မျက်စေ့ရှေ့မှာတင် သေဆုံးရတဲ့ လက်အောက်ဝန်ထမ်းတွေအတွက် ကျုပ်တို့လူကြီးတွေ ကို တောင်းဆိုချင်တာက KIA ကို ထိထိရောက်ရောက် လက်စားချေဖို့ပါပဲ။ လက်အောက်ငယ် သားတွေအတွက် ဘာအကာအကွယ်မှမပေးနိုင်ရင် ဘာမှလည်းမခိုင်းနဲ့တော့။ KIA ကို မေးချင်တာက ကချင်ပြည်နယ်မှာ စစ်တပ်နဲ့ ခင်ဗျားတို့ချင်းကိစ္စမှာ ကျုပ်တို့ကိုးကန့်နဲ့ “၀”တပ်ဖွဲ့ကို ဆွဲထည့်တာလား၊ ဒါမှမဟုတ် ဖားကန့်ဒေသရဲ့ စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ဖို့ အကြံလား။ မြေခွေးလိုကောက်ကျစ်တဲ့ ခင်ဗျားတို့ KIA အဖွဲ့ကို စစ်ရေးနည်းနဲ့ တုန့်ပြန်ခြင်းကသာ အထိရောက်ဆုံးဖြစ်မယ်..အခု ကျုပ်တို့ခေါင်းဆောင်တွေ ဆွေးနွေးနေပြီ.။မကြာခင်မှာ ခင်ဗျားတို့ ကေအိုင်အေကို ကျုပ်တို့သိမ်းမယ်..။တစ်ခုရှိတာက ကျုပ်တို့သိမ်းမှာက ကေအိုင်အေနဲ့ကေအိုင်အိုကိုပဲဖြစ်တယ်..။ကချင်
တိုင်းရင်းသားတွေကိုသိမ်းမှာ မဟုတ်ဘူး..ကေအိုင်အေစစ်တပ်နဲ့ကေအိုင်အိုထိပ်သီးတွေကို ကျုပ်တို့လက်
အောက်ကသေဆုံးသွားတဲ့ အဖွဲ့ဝင်တွေအတွက်.ကျုပ်တို့ရဲ့စီးပွါးရေးကို ဒုတ်နဲ့ထိုးတဲ့အတွက်..စီးပွါးဖက်ချင်း
ပုခုံးချင်းတိုက် ရိုက်ချတဲ့အတွက် ကလဲ့စားချေတာပဲဖြစ်တယ်..ကေအိုင်အေ ကိုသိမ်းပြီးရင်တော့ စစ်တပ်နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို လွှဲပေးမှာဖြစ်ပါတယ်..။ကျွန်တော်တို့က ကချင်ပြည်နယ်ကိုသိမ်းမှာမဟုတ်ပါဘူး..ကေအိုင်အိုနဲ့ကေအိုင်အေယူနီဖေါင်းဝတ်ထားတဲ့ မိစ္ဆာကောင်တွေ
ကိုပဲ တိုက်မှာဖြစ်ပါတယ်...။
လို့ "ဝ"ဒေသ စစ်ရေးခေါင်းဆောင်တစ်ဦးက သံချပ်ကာကားတံခါးကို တဗုန်းဗုန်းပုတ်ရင်း ပြောကြားပါတယ်..။

(မောင်ကျောက်ခဲ အဖွဲ့)

ဘကြီးသက်
Unknown at 10:30 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရ ရှိမှန်းတောင် မသိရဘူးဆိုတာ ဘာလဲ


ဂျပန်ပြည်သူတွေဟာ သူတို့အစိုးရကို ရှိတယ်လို့တောင် အလေးအနက် မစဉ်းစားကြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ သူတို့ကိုယ်တိုင်ကသာ ဆန္ဒရှိတဲ့အတိုင်း လွတ်လပ်စွာ လုပ်ကိုင်စီမံနိုင်ကြလို့ ဖြစ်ပါတယ်။
သူတို့ မလုပ်နိုင်တဲ့အခါကျမှ ဘာကြောင့် မလုပ်နိုင်ရတာလဲ ဆိုတဲ့ အကြောင်းရင်းကို ရှာပြီး အစိုးရဘက်က တာဝန် မကျေတာ ဖြစ်နေရင် မီဒီယာကို ချက်ချင်း အကြောင်းကြားပြီး စောဒက တက်ပါတော့တယ်။ တချို့ကလည်း နိုင်ငံရေးပါတီတွေနဲ့ အစိုးရကို တိုက်ရိုက် စောဒက တက်ကြတာ ရှိပါတယ်။
မီဒီယာက အဲဒီလို စောဒက သတင်းကို လွတ်လပ်စွာ ထုတ်ဖော်လိုက်တဲ့အခါ ပြည်သူတွေက သိသွားပြီးတဲ့နောက်မှာတော့ သူတို့ရဲ့ နိုင်ငံသား အခွင့်အရေးတွေကို မထိခိုက်စေဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းပါတော့တယ်။
အစိုးရတွေက သူတို့တာဝန်တွေကို မပျက်ကွက်ရအောင် အမြဲတမ်း ဂရုစိုက်နေရပါတယ်။ ဒါ့အပြင် နောက်ထပ် ဘာတွေလိုနေဦးမလဲလို့ အမြဲ ကြံဆစဉ်းစားပြီး ကြိုတင်ပြင်ဆင် လုပ်ထားပေးလေ့ ရှိပါတယ်။

ဂျပန်လူမျိုးတွေရဲ့ စရိုက်ကောင်းတခုကတော့ သူတို့ဘက်က တာဝန် မပျက်ကွက်အောင် ဂရုစိုက်တတ်ကြတာ ဖြစ်ပါတယ်။ အခြားသူတွေဘက်က တာဝန်ပျက်ကွက်တာကိုလည်း မကြိုက်ပါဘူး။ ကိုယ့်ဘက်က တာဝန်ကျေထားတာကြောင့်လည်း တာဝန်မကြေတဲ့ အခြားသူကို ပြတ်ပြတ်သားသား ပြောနိုင်ကြတာ ဖြစ်ပါတယ်။
ဂျပန်ပြည်သူတွေက ဘယ်လောက်ထိ ပြတ်သားသလဲဆိုရင် အစိုးရကိုတောင် သူတို့ မကြိုက်ရင် သတ္တိရှိရှိ ဝေဖန်ပြီး ထွက်ခိုင်းတတ်ကြပါတယ်။ ဂျပန်အစိုးရအဆက်ဆက်ကတော့ ဒါမျိုး အပြောမခံရအောင် ကြိုးစားကြပါတယ်။ အစိုးရအပေါ် ဝေဖန်တာတွေဟာ မီဒီယာကတဆင့် အသံထွက်လာတာနဲ့ တပြိုင်နက် အစိုးရဝန်ကြီးတွေဖြစ်စေ၊ ဝန်ကြီးချုပ်ဖြစ်စေ၊ အစိုးရ တဖွဲ့လုံးဖြစ်စေ တာဝန်ယူတဲ့အနေနဲ့ နှုတ်ထွက်ပေးကြပါတယ်။ မြို့နယ် ခရိုင် မြို့တော် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေမှာလည်း အလားတူ ဖြစ်ပါတယ်။ မီဒီယာနဲ့ အတိုက်အခံ နိုင်ငံရေးပါတီတွေက ပြည်သူတွေကိုယ်စား ဒါကို တာဝန်အရ လုပ်ပေးကြပါတယ်။
တကယ်တော့  အစိုးရဟာ တာဝန် သိပ်ကျေပွန်လို့ ဘာမှ အပြစ်တင် စောဒကတက်စရာ ရှိမနေတာကြောင့် ပြည်သူတွေမှာ သူတို့ လိုအပ်ချက်တွေ အမြဲတမ်း အဆင်သင့် ဖြစ်နေပြီး အစိုးရ ဆိုတာကို ရှိမှန်းတောင် မသိကြတာ ဖြစ်ပါတယ်။ အတုယူစရာ ကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ဒါကတော့ ကျနော် တွေ့ကြုံမိသမျှ ဒီမိုကရေစီ ဂျပန်နိုင်ငံက အဖြစ်ပါ။ အခြားဒီမိုကရေစီ နိုင်ငံတွေမှာလည်း အလားတူ ဖြစ်နေကြတာကိုတော့ ဖတ်ဖူးကြားဖူးပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံကြီးမှာလည်း ဘယ်အစိုးရ တက်နေမှန်း မသိအောင် ပြည်သူတွေဟာ နေ့စဉ်ဘဝတွေကို လွတ်လပ်စွာ ကိုယ့်တာဝန်ကိုယ်ယူပြီး ပျော်ရွှင်နိုင်ကြပါစေဗျာ။
လွင်အောင်စိုး
၁၆-၉-၂ဝ၁၂
(ဖြည့်စွက်ချက် --- ပြည်သူတွေဟာ အစိုးရကို ရှိမှန်းမသိအောင် နေနိုင်ကြရပါမယ်။ အစိုးရကတော့ ပြည်သူတွေ ဘာလိုနေသလဲ ဆိုတာ အမြဲတမ်း သိနေ၊ လုပ်ပေးနေရပါမယ်။)
ဘကြီးသက်
Unknown at 9:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီလိုအဖြစ်မျိုး ....



Venus Thet Htar's photo.
ကျွန်မ မသက်ထားဆွေ ဒီpost ကိုတင်တဲ့ တွက်တစ်စုံတစ်ယောက်သော သူတို့ ရဲ့ 
အကျိုးစီးပွားကိုထိခိုက်ခဲ့ မိသည်ရှိသော်ဒီနေ ရာကနေတောင်းပန်အပ်ပါတယ်………..
ကျွန်မတိုစိတ်ဒုက္ခရောက်သလိုနောက်လူတွေလဲ ဒီလိုအဖြစ်မျိုးမကြုံတွေပါစေ
လိုသောရည်ရွယ်ချက်ဖြင့် post တင်ရခြင

်းဖြစ်ပါတယ်
ဒီအကြောင်းရာကို သက်သက်မဲ့ လိမ်ဆင်ပြီးလူသိအောင်
ကျွန်မ ရေးခဲ့ သော်ခန္တာကိုယ်မှ သွေးစိမ်းရှင်ရှင်ကျပြီး အသက်သေဆုံးရပါလိုဟု
သစ္စာဆို ကျန်ဝံ့ ပါတယ်……………
ကျွန်မမသက်ထားဆွေ ရဲ့  ချစ်သူမောင်ထိုက်ကိုကို သည် တခါတရံ အလွန်မင်း
ခေါင်းကိုက်တဲ ဝေဒနာကိုခံစားနေရသည်မှာ သုံးလလောက်ရှိပါပြီ
ဒါကြောင့်ရန်ကုန်မှာရှိတဲ့ တော်တော်စိတ်ချရပြီးနာမည်ကြီးတယ်ဆိုတဲ့ 
ဆေးရုံ(အမည်နာမကိုတော့ထည့် မပြောလိုပါ)မှာသွားရောက်ပြီး OPD
ဆေးခန်းပြခဲ့ ပါတယ်။အဲ့ ဆေးရုံကဘယ်လောက်နာမည်ကြီးလဲဆို Foreign
မှာအလုပ်သွားလုပ်မဲ့ သူတွေ ကျောင်းတက်မယ့်သူတွေ အလုပ်ဝင်မဲ့ သူတွေ
ဆေးအောင်တဲ့ ထောက်ခံစာအဲ့ ဆေးရုံကရမှCompany တော်တော်များများက
စိတ်ချယုံကြည်တဲ့ အနေထားရှိပါတယ်
အဲ့ ဒီမှာ Neuro-surgeon professor Dr(…..)ဆီမှာ OPD ဆေးခန်းပြပါတယ်
ဆရာက သေချာအောင် Brain ကို CT ရိုက်ခိုင်းပါတယ်
Result ရလာတော့ brain မှာ Tumor cells တွေတွေ့ ပြီးအများဆုံးသုံးနှစ် လောက်
ထိပဲခံမယ်လို့ ကောက်ချက်ချပြီး Confirmလုပ်ခဲ့ ပါတယ်
အကယ်လို့ ကုသရင်လည်းအများကြီးမခံပဲ Brain ကသေပြီး Heart beat ကသာခုန်ပြီး
ဆေးရုံမှာ ပိုက်တန်းလန်းနဲ့ အသက်ဆက်ရမယ့် နေထားရှိတယ်လို့ ပြောပါတယ်
အဲတော့ဆရာက လူဘ၀မှာကိုယ်လုပ်ချင်တာတွေကို အပြီးတိုင်လုပ်ပြီး နေသွားတာ
အကောင်းဆုံးလို့ အကြံပေးခဲ့ ပါတယ်
ကျွန်မချစ်သူမောင်ထိုက်ကိုကိုရော ကျွန်မရော သေမတတ် နှလုံးတွေကွဲကျမတတ်
ဖြေမဆည်နိုင်အောင် အလွန်အမင်းခံစားခဲ့ ရပါတယ်
သူဆို Cancer Therapy ရောဘာဆိုဘာမှမလုပ်ပဲ အဝေးဆုံးရွာလေးမှာ
ကောင်းတာလေးတွေလုပ်ပြီး လောကကြီးကနေ တိတ်တဆိတ်ထွက်သွားတော့
မယ်လို့တောင်ထိဆုံးဖြတ်ခဲ့ ပါတယ်
ကျွန်မဆို တကယ်ပါ တခါမှကိုမကြူံဘူးတာပါဒီလိုဖြစ်ဆိုးမျိုး မျက်လုံးထဲက
သွေးမျက်ရည်ကျလောက်အောင် ကိုယ့် နားမှာရှိနေတဲ့ သူက ရုတ်တရက်ကြီးပျောက်
ကွယ်သွားတဲ့ ခန္တာကိုယ်ထဲ ကတစ်ခုခုကို ဆတ်ခနဲ ဆွဲထုတ်လိုက်သလို
သေလုနီးပါးခံစားခဲ့ ရတာပါ…….
နောက်တော့ဆုံးဖြတ်လိုက်တယ် ခုချိန်မှာ သူအသက်ရှင်ဖို့ မြက်ပင်တစ်ပင်
လောက် မျော်လင့်ချက်ပဲရှိတယ်ဆိုရင်တောင်ဆွဲကိုင်ပြီး ရှင်သန်မယ်လို့ ဆုံးဖြတ်ပြီး
သေချာအောင် နောက်တစ်ခေါက် အဲ့ ဆေးရုံနားမှာရှိတဲ့  Sakura Hospital
မှာမနက် ၉.၃၀မှာ Dr.U Thant Zin Soe နဲ့ OPD ပြပြီး Brain CT SCAN
ထပ်ရိုက်ခဲ့ တယ်…နောက် Result က Brain Cancer ဆိုတာ သေချာခဲ့ရင်
ပျောက်ကင်းအောင်ထိ မကုသနိုင်ခဲ့ ရင်တောင် သက်တမ်းရှိသလောက်
ဆွဲဆန့် မယ်ဆိုပြီး Bangkok က Bumrungrad International Hospital
မှာ ဆက်လက်ကုသမယ်ဆိုပြီး နေ့လည် ၁၁ နာရီလောက် Summit Parkview
2nd floor က Bumrungrad hospital ရုံးထိုင်တဲ့  မြန်မာ Agent နဲ Counselling လုပ်
ခဲ့တယ်…Sakura hospital က result ရတာနဲ့  ကုသမှုတွေကို ဆက်လက်လုပ်ဆောင်
ဖို့ ဆုံးဖြတ်လိုက်တယ်…….
ဆွေးနွေး Counselling လုပ်ပြီး အပြန် ပထမဆုံး CTရိုက်တဲ့  ဟိုဆေးရုံက
Neuro-professor ကဖုန်းဆက်လာတယ်………………….
“””””သားညနေကျရင်ဆေးရုံကို ၆.၃၀ လောက်လာခဲ့ အုံး”””ဆိုပြီး သူကို
သုံးကြိမ်တိတိဖုန်းဆက်ခဲ့ တယ် မလာမှာဆိုးလို့ ………..
သူက ညနေလောက်တော့ အဲ့ ဆေးရုံကိုသွားခဲ့ တယ်…ရောက်တော့
Director ဖွဲ ၀င်ပေါင်းသုံးယောက်…Neuro –professor နှစ်ယောက်
ပြောစရာရှိတယ်ဆိုပြီး ရုံးခန်းကို လာခိုင်းတယ်
ထူဆန်းလိုက်တာ လို့ တော့ထင်လိုက်တယ်………
ဘာလဲပေါ့ ……..??????????.............................................
နောက်သူတို့ က X-ray Imaging ဓါတ်မှန်ဌာန က Resultကို
မှားပေးလိုက်ကြောင်း……..အဲ့နေ့က CT ရိုက်တဲ့ patient “”မောင်ထက်ကိုကို””
နဲ့ ကျွန်မချစ်သူ””””မောင်ထိုက်ကိုကို”””””” နဲ့ မှားပေးမိကြောင်း……….
ထက်ကိုကို က၁၁.၉.၂၀၁၂ နေ့ မှာပဲ ကွယ်လွန်သွားတယ်………
သူတို့ လည်းနောက်ကျတော့သိပြီး အကြောင်းကြားရတယ်လို့ ပြောပါတယ်
ထက်ကိုကိုက အာရုံကြောအရမ်းအားနည်းလို့ မျက်မှန်တပ်
ရမယ်ဆိုပြီး Treatment ပေးခဲ့ တယ် အမှန်တကယ် Cancer cells
တွေ့ တာက “””ထက်ကိုကို””””result နှစ်ခုကိုမှားပေးလိုက်မိပါတယ်
လို့ဝန်ခံခဲ့ တယ် နစ်နာကြေးနေနဲ့  သူတို့ဆေးရုံမှာမဟုတ်ဘဲ ဟို
Sakura hospitalမှာ ကုန်ကျစရိတ်တွေကုန်လုံးကိုကုန်ကျခံပါမယ်
သူတို့ ဆေးရုံက ၃၀၀၀၀၀ တန် memberကတ်ကိုလုပ်ပေးပြီး
တာဝန်ယူခဲ့ ပါတယ်…တကယ်တော့ဘာမဟုတ်တဲ့ နာမည်လေး
မှားပေးလိုက်တာကြောင့်လူနှစ်ယောက်ရဲ့ဘ၀ပြောင်းပြန်ဖြစ်သွားခဲ့တယ်
“”ထက်ကိုကို””””ဘက်ကကြည့်ရင်သူကိုယ်သူ cancerဖြစ်နေတယ်ဆိုတာ
တောင်မသိဘဲ အာရုံကြောအားနည်းနေတယ်ဆိုပြီး မျက်မှန်လေးတပ်ပြီး
Therapyတောင်မခံယူလိုက်ဘဲ ဘုမသိဘမသိ ဆုံးသွားရရှာတယ်
ကျွန်မချစ်သူမောင်ထိုက်ကိုကိုဘက်ကျပြန်တော့လည်း သူကိုသူCancer
ဖြစ်နေတယ်လို့ ထင်ပြီး cancer ကြောင့်မဟုတ်ရင်တောင် စိတ်ကြောင့်
အစောကြီးဘ၀မှာကံကုန်သွာနိုင်ပါတယ် .ဒီကိစ္စမှာ ဆရာဝန်ဘက်ကကြည့် ပြန်
ရင်လည်းအပြစ်ပြောလို့ မရပြန်ဘူးသူတို့ Imaging x-ray ကပေးတဲ့ result
ကိုကြည့်ပြီး ကုသမှုတွေလုပ်ရတာလေ..ပြောချင်တာက ဓါတ်မှန်ဌာနမှာ
လုပ်တဲ့ အနေနဲ့ ကိုယ့် အလုပ်ကဘယ်လောက်အရေးကြီးတယ် နဲနဲလေးတောင်
မှားလို့မရဘူး သေချာလေးလုပ်ပြီး “””Right Patient Right Result””””
ခိုင်မာတဲ့ patient ရဲ့ result ကို သေချာထုတ်ပေးနိုင်ရင် မှန်ကန်တဲ့
Supported medication ဖြစ်ပြီးလူနာကို အများကြီးအထောက်ကူပေးနိုင်တယ်
ဆိုတာသိရင်အကောင်းဆုံးဖြစ်သွားမယ်ထင်တယ် ကိုယ်ကြောင့်လူသားနှစ်ယောက်
ရဲ့ ဘ၀ကိုဖျက်ဆီးမိသလိုမလုပ်ကြပါနဲ့  ကိုယ်ချင်းစာစိတ်လေးထားပြီး
အကောင်းဆုံးလုပ်ပေးကြပါလို လူနာရှင်တွေဘက်ကမေတ္တာရပ်ခံပါတယ်
ဆေးရုံအနေနဲ့ လည်းတာဝန်ယူစိတ်သိတတ်စိတ်ရှိတာကိုကျေးဇူးတင်ပါတယ်
သူတို့ သာဝန်မခံခဲ့ ရင် တိတ်တဆိတ်လေးနေခဲ့ ရင် ဘာတွေဖြစ်ကုန်မလဲဆိုတာ
ဘယ်သူမှမပြောနိုင်ပါဘူး..တာဝန်ယူစိတ်ရှိတာကိုလူနာတွေဘက်ကကျေးဇူးတင်ပါတယ်
နောက်ဆုံးနေနဲ့  အချစ်စစ် စိတ်ကောင်းစိတ်ရင်းမှန် လေးထားရင်အရာ အားလုံးကို
ဖြတ်ကျော်နိုင်တယ်ဆိုတာ တကယ်ကိုယုံကြည်သွားခဲ့ ပါပြီ
သူငယ်ချင်းတို့ လည်းဘေးနားကချစ်သူ ကိုယ်နားကမိတ်ဆွေသူငယ်ချင်း တွေကို
ဆင်းရဲံချမ်းသာသာတယ်နာတယ် ဆိုတာမတွေးဘဲ အခက်ခဲဒုက္ခနဲ့ ကြူံလာရင်
တတ်နိုင်သလောက်အတူတူဖြေရှင်းပြီးစိတ်ရင်အမှန်နဲ့ ဖေးမလိုက်ပါ လောကကြီးက
ကံ ကံရဲ့ အကျိုးကျေးဇူးကို ထပ်တူထပ်မျှခံစားရမှာပါ…….တူသောအကျိုးပေးမှာပါ
အားလုံးလည်း ဘ၀အခက်ခဲတွေကိုကျော်ဖြတ်နိုင်ပြီး ကံကောင်းခြင်းနေ့ ရက်တွေ
ကိုရောက်ရှိလာမှာပါ…ခုလို စိတ်ရင်းမှန်နဲ့ ဒုက္ခရောက်နေချိန်မှာအတူတူခံစားပေးပြီး
အားပေးခဲ့ တဲ့ သူငယ်ချင်းများ..အကုန်အခြားအားလုံးကို အရမ်းကို တကယ်ကျေးဇူးတင်ပါတယ်
သေးငယ်တဲ့ comment လေးတွေကနေ ကြီးမားတဲ့ အားအင်တွေရရှိခဲ့ ပါတယ်
ကျေးဇူးအများကြီးတင်ပါတယ်…..ဆက်ပြီး
မောင်ထိုက်ကိုကို+မသက်ထားဆွေ= Forever together struggle Life..
ပြန်လည်ပေါင်းစည်းလက်တွဲ ပြီး ပင်ပန်းဆင်းရဲမှုတွေကို အတူတူကျော်ဖြတ်
သွားမှာပါ……♥ ♥ ♥ ♥
ဒီပုံလေးကတော့ ထိုက်ကိုကို ရဲ့ Brain Result အမှန်ကို
Prof..Lin Tun Tun(Head of Radiology,YGH)က Result
ထုတ်ပေးပြီး Associated Professor Dr. U Thant Zin Soe
ကအတည်ပြုထားတာပါ….
မှန်ကန်တိကျတဲ့ result ကို ထုတ်ပေးနိုင်တဲ့ Sakura Hospitalကိုကျေးဇူးတင်ပါတယ်!!!

ဘကြီးသက်
Unknown at 9:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝေအောင်ကမ္ဘာကုမ္ပဏီကို ဗုံးခွဲဖျက်ဆီးခဲ့မှုဟာ KIA အဖွဲ့ ကိုယ့်သေတွင်း ကိုယ်တူးခြင်းဖြစ်





ဖားကန့်မှာရှိတဲ့ ဝေအောင်ကမ္ဘာကုမ္ပဏီမှာ ကျုပ်က မန်နေဂျာတစ်ဦးပါ။ ကုမ္ပဏီပိုင်ရှင်က“၀”တပ်ဖွဲ့ရဲ့ စီးပွားရေးတာဝန်ခံ တာဝေ၊ သူ့ရဲ့ရှမ်းနာမည်က စိုင်းလျှံ၊ ရန်ကုန်မှာလဲနေတယ်၊ ကျိုင်းတုံ၊ တာချီလိတ်နဲ့ တရုတ်မှာလဲနေတယ်၊ ကျုပ်တို့ကုမ္ပဏီက
ကိုးကန့်အဖွဲ့နဲ့ “၀”တပ်ဖွဲ့ခေါင်းဆောင်ပိုင်းတွေပေါင်းပြီး ထောင်ထားတာ၊ တာချီလိတ်မှာ ရုံးရှိတယ်။ တာဝေက နာမည်ခံထားတယ်။ ဖားကန့်မှာ ကျုပ်တို့ထက်ကြီးတဲ့ ကုမ္ပဏီဆိုလို့ ၃ ခု ၄ ခု လောက်ပဲရှိတယ်။
ကုမ္ပဏီလူကြီးတွေက မူးယစ်ဆေးဝါးနဲ့ ကြွယ်ဝလာခဲ့ပေမယ့် ကျုပ်တို့ဒေသအတွက်တော့ ပြန်ကြည့် ပေးကြတယ်။ ငွေမဲတွေကို ငွေဖြူလုပ်နိုင်ဖို့ တရားဝင်ကုမ္ပဏီထောင်တာတော့ မဆန်းပါဘူး၊ အစိုးရခေါင်းဆောင်ပိုင်း လူကြီးတွေနဲ့လည်း နီးစပ်အောင်နေတယ်၊ အစိုးရရဲ့ လုပ်ငန်းတွေမှာ ရက်ရက်ရောရော လှူဒါန်းကြတယ်။ တာဝေတို့
ဇနီးမောင်နှံက လူမှုရေးခေါင်းစဉ်နဲ့ ငွေတွေ လှူနေတာ ခင်ဗျားတို့သိမှာပါ။
ကုမ္ပဏီအတွက် အကြီးမားဆုံးဝန်ထုပ်ဝန်ပိုးက KIA ။ ဒီအဖွဲ့က ဖားကန့်မှာ အကြီးစားဓါးပြဂိုဏ်းပဲ၊ KIA ရှိတဲ့ဒေသမှာ စီးပွားရေးလုပ်မယ်ဆိုရင် ဆက်ကြေး ၄ မျိုးရှိတာ ခင်ဗျားနားလည်ထားရမယ်။ KIA လူကြီးတွေအတွက် သီးခြားပို့ရတဲ့ ဆက်ကြေး၊ အနီးဆုံး KIA တပ်မဟာက သက်မှတ်ထားတဲ့ဆက်ကြေး၊ အနီးဆုံး KIAတပ်ရင်းက သတ်မှတ်ထားတဲ့ဆက်ကြေး၊ နောက်ဆုံးတစ်ခုက KIA လက်အောက်အရာရှိနဲ့ ရဲဘော်အဆင့်အထိ ယာဘဆေးပြားဖိုး၊ အရက်ဖိုး၊ ကုန်ကုန်ပြောရရင် မိန်းမလိုက်စားဖို့အတွက်
လိုတဲ့ငွေကအစ ပေးရတဲ့ဆက်ကြေး။ ဒါတွေအားလုံးကို ကျုပ်တို့ကုမ္ပဏီပိုင်ရှင် ကိုးကန့်နဲ့ “၀”ခေါင်းဆောင်ပိုင်းက တစ်ရက်နောက်မကျစေဘဲ ပေးခိုင်းတယ်။ ဒီလိုပေးနေတာတောင် ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ KIA ရဲ့ လုပ်ရပ်ကတော့ ကျုပ်တို့ လူကြီးတွေကို အတော်ပဲ ဒေါသပေါက်ကွဲစေခဲ့ရတယ်။
ညနေ ၅ နာရီခွဲလောက်ဖြစ်မယ်။ KIA ၁၀ ယောက်ကျော် ကား ၂ စီးနဲ့ KIA တပ်ရင်း ၆ ရှိတဲ့ ကံဆီး ဘက်ကနေ ကျုပ်တို့ကုမ္ပဏီဝန်းထဲကို ၀င်လာတယ်။ ကုမ္ပဏီဝန်ထမ်းတွေကို တွေ့တဲ့နေရာမှာ မဲမဲမြင်သမျှ ပစ်သတ်တယ်။ အဲ့ဒီနောက် ကုမ္ပဏီပိုင်ယာဉ်တွေ၊ စက်သုံးဆီပေပါတွေ၊ စက်သုံးဆီသိုလှောင်ကန်တွေနဲ့ ကျောက်ထုတ်လုပ်ရေးမှာသုံးတဲ့ ယမ်းတိုက်တွေမှာ မိုင်းတွေကိုထောင်ထားခဲ့ပြီး ပြန်ထွက်သွားခဲ့ကြတယ်။
သိပ်မကြာခင် KIA က ထောင်ထားခဲ့တဲ့မိုင်းတွေ ပြင်းပြင်းထန်ထန် ပေါက်ကွဲခဲ့တယ်။ တစ်ဆက်တည်း ဆီလှောင်ကန်တွေ၊ ယမ်းတိုက်တွေပါ ဆက်တိုက်ပေါက်ကွဲခဲ့တဲ့အတွက် ကြီးမားတဲ့ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ခဲ့တယ်။ အဲ့ဒီပေါက်ကွဲမှုကြောင့် ကုမ္ပဏီဝန်းအတွင်းမှာရှိတဲ့ ဘက်ဟိုးယာဉ် ၆၅ စီး၊ မြေသယ်ယာဉ် ၈၄ စီး၊ ကျောက်ဖောက်စက်တပ်ထားတဲ့ ယာဉ် ၅ စီး၊ လုပ်ငန်းသုံး စက်ပစ္စည်းတွေနဲ့ ဂါလံ ၆၀၀၀ ဆံ့ စက်သုံးဆီ သိုလှောင်ကန် ၇၀ ပျက်စီးဆုံးရှုံးခဲ့တယ်။ အဲဒီညမှာပဲ နောက်ထပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရွှေဂေါင်ဂေါင်ကုမ္ပဏီကိုလဲ အလားတူ ဖောက်ခွဲမှုကြီးတွေနဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတယ်။
ဝေအောင်ကမ္ဘာဟာ ကျုပ်တို့ ကိုးကန့်နဲ့ “၀”အဖွဲ့ရဲ့ပိုင်ဆိုင်မှုမှန်း KIA တွေသိတယ်၊ သိရက်နဲ့ လုပ်တဲ့ လုပ်ရပ်ဟာ ခွင့်လွှတ်နိုင်စရာမရှိဘူး။ ဒါနဲ့ပတ်သက်ပြီး အမည်ဖော်ပြဖို့မသင့်တဲ့ “၀”ခေါင်းဆောင်တစ်ဦးကတော့ KIA ရဲ့လုပ်ရပ်အပေါ် ဒီလိုပြောပါတယ် “ကျုပ်တို့ချင်း နားလည်မှုယူထားတာ ဘယ်မှာသွားထားမလဲ၊ ဒီ KIA ဟာ ငွေလဲယူတယ်၊ ကုမ္ပဏီကိုလဲဖျက်ဆီးတယ်၊ အစာစားပြီးတော့ စားတဲ့ပန်းကန်ကို သေးပန်းတဲ့ကောင်နဲ့တူတယ်။ ဒါဟာ ကျုပ်တို့ကို သက်သက်ရန်စတာ၊ ဝေကုမ္ပဏီကို တိုက်ခိုက်တာဟာ ကိုးကန့်အဖွဲ့နဲ့ “၀”အဖွဲ့ကို တိုက်ခိုက်တာပဲ ဖြစ်တယ်။ KIA တွေ ကိုယ့်သေတွင်းကိုယ်တူးတာပဲ ”လို့ နာကျည်းစွာ ဆိုပါတယ်။
“၀”နဲ့ ကိုးကန့် ခေါင်းဆောင်ပိုင်းတွေက ဆုံးရှုံးမှုတန်ဘိုး ယွမ် သန်းရာချီရှိတယ်လို့ပြောတယ်။ တကယ်ဆို ကျုပ်တို့ရဲ့ကျေးဇူးတွေ KIA အပေါ်မှာ အများကြီးရှိတယ်။ ဥပမာ လက်နက်၊ ခဲယမ်းတွေ ကျုပ်တို့အဖွဲ့တွေက အများကြီးထောက်ပံ့ထားတယ်။ KIA က လက်ငင်းငွေချေတာလဲရှိတယ်၊ အကြွေးနဲ့ဝယ်တာလဲရှိတယ်။ ကုမ္ပဏီမှာ ရှယ်ယာပါဝင်ထားတဲ့ ကိုးကန့်ခေါင်းဆောင်ပိုင်းတစ်ဦးကတော့ “ဒီလုပ်ရပ်အတွက် KIA ဟာ အရင်းရော အတိုးပါ ပြန်ပေးဆပ်ရမယ်၊ မသိလို့ လုပ်မိတယ်ဆိုတာက ခွင့်လွှတ်နိုင်ပေမယ့် သိသိနဲ့လုပ်တာကတော့ ခွင့်လွှတ်မှုနဲ့ မထိုက်တန်ဘူး၊ ရာသီအလိုက် အရောင်ပြောင်းတတ်တဲ့ မြွေလိုဆိုရင်တော့ ရန်သူပေါလိမ့်မယ်၊ သူတို့သတ်လို့ သေဆုံးသွားတဲ့ ကုမ္ပဏီက ၀န်ထမ်းနဲ့မိသားစုတွေအတွက် ဘယ်လိုတာဝန်ယူမလဲ။ KIA မှာ အုပ်ချုပ်မှုစနစ် မရှိဘူးလား၊ ခေါင်းဆောင်တွေ ဘာလုပ်နေလဲ၊ လက်အောက်ငယ်သားတွေမသိလို့ပါလို့ ဆင်ခြေပေးရင် သိအောင် မအုပ်ချုပ်နိုင်တဲ့ KIA ခေါင်းဆောင်တွေ ဦးနှောက်မရှိဘဲ ဘယ်လိုလူကြီးလုပ်နေလဲ” လို့ ပြောပါတယ်။
ဒီလုပ်ရပ်အတွက် KIA ဆီက တိကျရှင်းလင်းတဲ့ တောင်းပန်မှု၊ ဖြေရှင်းမှုကို ကျုပ်တို့လူကြီးတွေ တောင်းဆို ထားတယ်လို့ သိရတယ်။ ဒါပေမယ့် KIA ရဲ့ဘယ်လိုဖြေရှင်းမှုကမှ ကျုပ်တို့အတွက် ကျေနပ်စရာရှိလိမ့်မယ် မဟုတ်ဘူး။ ကျုပ်တို့အဖွဲ့တွေ သေဆုံး၊ ပျက်စီး၊ ဆုံးရှုံးခဲ့ရတာတွေအတွက်တော့ တန်ရာတန်ကြေး ပြန်ရဖို့လိုမယ်၊ ကျုပ်မျက်စေ့ရှေ့မှာတင် သေဆုံးရတဲ့ လက်အောက်ဝန်ထမ်းတွေအတွက် ကျုပ်တို့လူကြီးတွေကို တောင်းဆိုချင်တာက KIA ကို ထိထိရောက်ရောက် လက်စားချေဖို့ပါပဲ။ လက်အောက်ငယ်သားတွေအတွက် ဘာအကာအကွယ်မှမပေးနိုင်ရင် ဘာမှလည်းမခိုင်းနဲ့တော့။ KIA ကို မေးချင်တာက ကချင်ပြည်နယ်မှာ စစ်တပ်နဲ့ ခင်ဗျားတို့ချင်းကိစ္စမှာ ကျုပ်တို့ကိုးကန့်နဲ့ “၀”တပ်ဖွဲ့ကို ဆွဲထည့်တာလား၊ ဒါမှမဟုတ် ဖားကန့်ဒေသရဲ့ စီးပွားရေးတွေကို လက်ဝါးကြီးအုပ်ဖို့ အကြံလား။ မြေခွေးလိုကောက်ကျစ်တဲ့ ခင်ဗျားတို့ KIA အဖွဲ့ကို စစ်ရေးနည်းနဲ့ တုန့်ပြန်ခြင်းကသာ အထိရောက်ဆုံးဖြစ်မယ်လို့ ကျုပ်တို့ခေါင်းဆောင်တွေ ဆွေးနွေးနေပြီဆိုတာကို သတင်းကောင်းပါးရင်းနဲ့ ...။

Myanmar Express

ဘကြီးသက်
Unknown at 9:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျပန်နိုင်ငံမှ ကားဝယ်ခြင်း ဟူသည်


ဂျပန်မှာ ကားဝယ်တာမပြောခင် မြန်မာပြည်မှာ ကားဝယ်ခဲ့ရတဲ့ အနေအထားကို အရင်လေ့လာရပါမယ်။ စာဖတ်သူတို့လည်း သိပြီးသား ဖြစ် မှာပါ။ ကားတစ်စီးဝယ်ဖို့ ကြားမှာ ပွဲစားလိုအပ်ပြီး သူကြိုက်၊ ကိုယ်ကြိုက် အံကိုက်ဖြစ်ရင် ရော့ ကားဆိုပြီး ပေးလိုက်ရင် အရောင်းအဝယ်ဖြစ်သွားပါပြီ။

သို့ပေမယ့် အစိုးရရဲ့ ပြောင်းလဲသွားတဲ့ ပေါ်လစီကြောင့် ကားကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း တစ်စီး တင်သွင်း ပိုင်ဆိုင်ခွင့်ရတဲ့အနေ အထားကို ရောက်ရှိသွားပါပြီ။ ဒီတော့ ယခင်နဲ့ ဘာတွေကွာသွားသလဲဆိုတာ အရမ်းသိသာပါတယ်။ သိန်း ထောင်ချီပေးရတဲ့ ကားတွေ သိန်း ရာဂဏန်းပဲ ကျန်ရှိပါတော့တယ်။ ပေးရတဲ့ အခွန်ပမာဏတွေ အရင်ကလို အကြီးကြီး မဟုတ်တော့ပါဘူး။ အကန့်အသတ်နဲ့ ရှိနေပေမယ့် ကားဝယ်တယ်ဆိုတာ အရင်ကလို ခက်ခဲတဲ့ အလုပ်တစ်ခုမဟုတ်တော့ပါဘူး။ ဒီတော့ သာမန် လူတစ်ယောက်က ကားဝယ်မယ်ဆိုရင် ယနေ့ချိန်မှာ သွားစရာ နေရာ သုံးခု ရှိသွားပါတယ်။ ကားပွဲစားတန်း၊ ကားအရောင်းစင်တာ၊ ကားလေလံ ဝန်ဆောင်မှု စတာတွေ ဖြစ်ပါတယ်။ လက်ထဲမှာ ဘာမှ မရှိလို့ ကားသွားဝယ် တဲ့ သူနဲ့ နှစ် ၂၀ ပြည့်လို့ အရည်ကြိုစက်ရုံပို့ရမယ့် ကားရှိနေလို့ ပြန်လဲချင်လို့ ဝယ်မယ့် သူနဲ့ နှစ်မျိုးကွဲသွားပြန်ပါတယ်။ ဒီတော့ အစိုးရထုတ်ပြန်ပေး တဲ့ ပေါ်လစီက လည်း နှစ်မျိုးကွဲသွားပါတယ်။ အကြမ်းဖျင်းအားဖြင့် လက်ထဲမှာ ဘာမှမရှိပဲ အသစ်ဝယ်ခွင့် (Free Permit) နဲ့ ကားဟောင်းပြန် အပ်ရငွေ (ကားဟောင်းစ လစ်) နဲ့ ကားဝယ်ခွင့် ဖြစ်ပါတယ်။ မြို့ တော်အင်္ဂါ ရပ်နဲ့ ညီအောင် သက်တန်း ၂၀ ပြည့်ပြီးကားတွေကို ရှင်းထုတ်နေပါပြီ။ အဟောင်းပိုင်သူ များအတွက် အသစ်ရဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ဆက်စပ်မှု တစ်ခုရှိနေပါတယ်။ ဂျပန်နိုင်ငံဟာ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာစေ ရန် ချေးငွေပေါင်း မြောက်များစွာ ချေးထားပါတယ်။ မြန်မာပြည်ရဲ့ ပြောင်းလဲ သွားတဲ့ နိုင်ငံရေး ပေါ်လစီကြောင့် ပိတ်ဆို့နေတဲ့ စီးပွားရေးလမ်းတွေ ပွင့်လာခြင်းနဲ့အတူ ဂျပန်နိုင်ငံမှလည်း မြန်မာနိုင်ငံအပေါ် ချေးငွေနဲ့ ပက်သက်လို့ လျော့ပေါ့ပေးတာ တွေအများကြီး လုပ်လာပါတယ်။ အဲဒီထဲက မော်တော်ယာဉ် ကိစ္စလည်းပါဝင်ပါ တယ်။ ချေးငွေများ ကို လျော့ပေါ့ပေးပြီး တစ်ဖက်ကလည်း ဂျပန် တစ်ပတ်ရစ် ကားဈေးကွက် ကို မြန်မာတို့ ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်း ဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ပြီးတော့လည်း မြန်မာနဲ့ ဂျပန် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက် မှုတွေ တိုးမြင့်လာစေပါတယ်။ ဒီတော့ ချေးငွေတွေလည်း ကြေ၊ ကားအပျက် အဟောင်းတွေ ပြင်မောင်းနေ တာထက် စာရင် တစ်ပတ်ရစ်ကားလေး သုံးရတာ ဆိုတော့ Used Car ဈေးကွက်တွေ အင်မတန် ကြီးလာပါတယ်။

တစ်ပတ်ရစ်ကားဈေးကွက်က ဝယ်လို့ မျက်နှာငယ်စရာတော့ မရှိပါဘူး။ ဂျပန်နိုင်ငံက တစ်ပတ်ရစ်ကားတွေကို ရုရှားလို ဥရောပ နိုင်ငံကြီးတောင် မှာယူ သုံးစွဲပါတယ်။ တစ်ဦးချင်းသော်လည်းကောင်း၊ ကုမ္မဏီ လိုက် သော်လည်းကောင်း ဝယ်ယူမှာယူမှုများကြောင့် ဂျပန်ကားဟောင်းကို ခပ်ရိုးရိုးတန်း ရောင်းရာကနေ ဈေးများများ ပိုပေးသူကိုရောင်း တဲ့ လေလံဈေးကွက်ကြီး ဖြစ်ပေါ်လာပါတော့တယ်။.ဒီတော့ ဂျပန်ကနေ ကားလေလံဆွဲ တယ်ဆိုတာကို စဖတ်သူတို့ သေသေချာချာနားလည်ထားမှ ဘယ်လိုကားဝယ်ရမယ်ဆိုတာ သိရှိနားလည် လာမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက တစ်ပတ်ရစ်ကားအကြောင်းလည်း သိရန်လိုအပ်ပါတယ်။ ကားအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံစာရင်းထဲမှာ ဂျပန်ပါဝင်ပါတယ်။ တိုယိုတာ၊ နစ်ဆန်း၊ မစ်ဆူဘီရှီ၊ ဟွန်ဒါ၊ မာဇာဒါ၊ ဆူဇူကီး အစရှိတဲ့ ဂျပန်ဖွား ကားထုတ်လုပ်ရေး ကုမ္မဏီကြီးများအပြင် အခြား ကားထုတ်လုပ်ရေး ကုမ္မဏီငယ်များလည်း ရှိနေပါတယ်။ ဒါတင်မကသေးပဲ ဥရောပ၊ အမေရိကန်၊ တရုတ်၊ ကိုရီးယားတို့က လာတဲ့ ကားစက်ရုံခွဲ ငယ်လေး တွေလည်း ရှိနေပြန်ပါသေး တယ်။ ပြည်ပ တင်ပို့ခြင်း အပြင် ပြည်တွင်းသုံးဖို့အတွက်လည်း ပိုလျှံနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒီတော့ နိုင်ငံအရွယ်စားကလည်းငယ်၊ လူဦးရေကလည်း ထူထပ်၊ ကားအစီးရေကလည်း များဆိုရင်တော့ နိုင်ငံအတွက် တွက်ချေမကိုက်ပါဘူး။ ဆိုးကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။ ဒီတော့ ကားသစ်ဝယ်စီးချင်ရင် ကားဟောင်း မဖြစ်မနေရောင်းကြရပါတယ်။ ဝယ်ထားတဲ့ ကားအပေါ်ကို လည်း အခွန်ခ ဈေးတွေ တော်တော်များ များ သတ်မှတ်ထားပါတယ်။ ဥပမာ- တစ်နှစ်မောင်းပြီးတဲ့ ကားဆိုရင် အခွန်တော်တော်ကြီးသွား ပါပြီ။ ဒီတော့ ကားနောက်တစ်စီ ပြောင်းမဝယ်သေးရင်တော့ လက်ထဲမှာရှိနေတဲ့ ကားကို ပြန်ရောင်းတတ်ကြ ပါတယ်။ အကြာကြီးလည်း မစီးကြပါတယ်။

အချို့  ဆို လပိုင်းသာစီးပြီး မကြိုက်လို့ လေလံဈေးထဲ ပို့ပစ်ပါတယ်။ အချို့ ကျ တော့ တစ်နှစ်နဲ့ မောင်းနှင်ပြီး ကားအဟောင်းဈေးထဲ ပို့လိုက်ပါတယ်။ အခြား အကြောင်း ကိစ္စများ ကြောင့်လည်း ကားလေလံဈေးထဲကို ပို့ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ ကမ္ဘာ့ဈေးအကြီးဆုံး စာရင်းဝင်တဲ့ ဥရောပ ပြိုင် ကားတွေတောင် တွေ့ရတတ် ပါတယ်။ ဒီတော့ သူတို့ဆီမှာ တစ်ပတ်ရစ် ကားဆိုတာ မြန်မာပြည်က နှစ် ၂၀ကားတွေနဲ့စာရင် အများကြီး ကောင်း ပါတယ်။

ဒီတော့ ဂျပန်နိုင်ငံရဲ့ ကားအဟောင်းဈေးကွက်ကလည်း နိုင်ငံဝင်ငွေ ရှာပေးတဲ့ လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ဂျပန်ကားလေ လံဈေးကွက်ကို ဥရောပ တင်မကပဲ အခြား ဖွံ့ဖြိုးဆဲ နိုင်ငံများ ကိုပါ ရောက်ရှိလာအောင် ဂျပန်တို့ အမျိုးမျိုး စွဲဆောင်ပါတယ်။ ဥပမာ- မြန်မာကို ချေးငွေတွေ လျော့ပေါ့ပေးပြီး ကားအဟောင်းဈေးကွက် (လေလံဈေးကွက်) ထဲ ရောက်လာအောင် ခေါ်ဆောင်တာမျိုး တို့ ဖြစ်ပါတယ်။ ဒီတော့ တစ်ပတ်ရစ်သုံးရတဲ့ မြန်မာတွေဟာ ဒီလောက်နဲ့ ကျေနပ်ကြရပါတယ်။ ကားအသစ်ဝယ်ရင်တော့ တစ်ခုခုဖြစ်ရင် အာမခံရှိတာကြောင့် အခမဲ့ပြန်ပြင်ပေးတာမျိုး၊ ဝန်ဆောင်မှု နှစ်လ ရှည်ကြာစွာ ပေးတာမျိုးတို့ လုပ်ပေးပါတယ်။ ကားအဟောင်းကျတော့ ဒီလိုအခွင့်အရေးတွေ မရပါဘူး။

ဂျပန်ကားလေလံဈေးကွက်မှာက ကားရဲ့ အခြေအနေအားလုံးကို စစ်ဆေးပြီး အခြေအနေအားလုံးကို ဖော်ပြထားတယ်။ ကြိုက်ရင်ဝယ်၊ မကြိုက်ရင်မဝယ်။ အားလုံးနည်းစနစ်နဲ့လုပ်ပါတယ်။ ဝယ်ပြီး တစ်ခုခုဖြစ်မှ ပြန်လာတာမျိုး လုံးဝ လက်မခံ- ဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဆိုလိုတာက ဝယ်ယူပြီး ကုန်ပစ္စည်း အတွက် အာမခံချက်မရှိပါဘူး။ ဒါကြောင့်လည်း မဝယ်ခင်ကတည်းက လည်း သေချာသိအောင် ကားအဟောင်းဈေးကွက် မှ မော်တော်ယာဉ် ကျွမ်းကျင်ပညာရှင်များက သေချာစစ်ဆေးပြီး သူ့ရဲ့ အရှိတိုင်း ကို ဖော်ပြပြီး သား ဖြစ်ပါတယ်။ တစ်နပ်စား လုပ်တာမဟုတ်တဲ့အတွက် မကောင်းတဲ့ ကားကို ကောင်းတယ်လို့ ဖော်ပြရိုးထုံးစံလည်း သူတို့မှာ မရှိပါဘူး ။ နိုင်ငံကြီးပီပီ နည်းစနစ် ကျကျလုပ်ပါတယ်။. ဒီတော့ စိတ်ကြိုက်ကား တွေ့ဖို့ကျတော့ ဝယ်သူရဲ့ တာဝန်သာ ဖြစ်ပါတော့တယ်။ အာမခံမရှိဘူးဆိုပြီး သူတို့လက်ထဲမှာ ရှိနေတုန်း ကောင်းကောင်း စစ်ဆေးပြီး Condition ထုတ်ပေးထားပါတယ်။

ဂျပန်နိုင်ငံမှာ ပြည်နယ်အသီးသီးကွဲသလို ယင်းပြည်နယ်အသီးသီးမှာလည်း ကားလေလံဈေးအသီးသီး ရှိပါတယ်။ ယင်းကားတွေကို နိုင်ငံခြားတိုင်းပြည် ဂျပန်အထိ လာဝယ်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ တော်တော်များများက အင်တာနက်ကနေ ဝယ်ယူတာ ဖြစ်ပါတယ်။ ဂျပန်ကားလေလံဈေး ကွက် တွေက လေလံဝဘ်ဆိုဒ်တွေ လွင့်ထားပါတယ်။ ယင်းလေလံ ဝဘ်ဆိုဒ်တွေထဲမှာ သူ့တို့ဆီက ကားတွေကို တင်ပေးထားပါတယ်။ အကြမ်းဖျင်းအားဖြင့် ကတော့ ဂျပန်နိုင်ငံတစ်ဝန်းက လေလံဈေးကွက်တွေ အားလုံးကကားတွေကို ကားလေလံဝဘ်ဆိုဒ်တစ်ခုတည်းမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒီလို ဝန်ဆောင်မှုပေးတဲ့ ဝဘ်ဆိုဒ်က တစ်ခုတည်း ရှိတာမဟုတ်ပါဘူး။ ကားအဟောင်းဈေးကွက်ပိုင်ရှင်များကို ကားလေလံ ဝဘ်ဆိုဒ် ဝန်ဆောင်မှုက လက်တွဲ လုပ်ပါတယ်။


ကားအဟောင်း ကိုင်ထားတဲ့ လူရဲ့ လက်ထဲမှာ ဘာဖောက်သည်မှ မရှိပါဘူး။ သူတို့က ဆိုင်ဖွင့်တဲ့ အနေအထားပဲ ရှိပါတယ်။ တကယ် ရောင်းဖြစ်အောင် ကျတော့ ယင်းဝန်ဆောင်မှု ဝဘ်ဆိုဒ်တွေက လုပ်ပေးပါတယ်။ ဒီတော့ ဒီမှာလည်း ဒီကားစာရင်းတွေတင်၊ ဟိုမှာလည်း ဒီကားစာရင်း တွေတင် ဆိုတော့ တစ်နေရာမှာ လေလံဆွဲတာ နဲ့ နောက်တစ်နေရာနဲ့ ထပ်နေမလားလို့ ထင်မြင်စရာ ရှိပါတယ်။ အမှန်တော့အဲလို မဟုတ်ပါဘူး။ Main Server တစ်ခုက ကားလေလံစာရင်း အဝင်အထွက်အားလုံးကို ကိုင်ထားပြီး ကျန်တဲ့ အခွဲလေးတွေက ယင်း Main Server ကိုချိတ်ထားတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီတော့ လေလံဆိုဒ်တစ်ခု က လေလံဆွဲလိုက်ပြီ ဆိုရင်လည်း အခြား ဆိုဒ်က မြင်နိုင်၊ သိနိုင်ပါတယ်။

ဒီတော့ ကားလေလံဘယ်လိုဆွဲတယ်ဆိုတာကို သိရန်လိုအပ်လာပါတယ်။ အင်တာနက်မှာ ကားလေလံဆွဲ တာကို ဂျပန်တို့ ဥာဏ်ကောင်းကောင်းနဲ့ လုပ်ထားပါတယ်။ မောက်စ့်နဲ့ ကလစ်တစ်ချက်ခေါက်ရင် ငွေရောက် သွားတာမျိုးက မသေချာပါဘူး။ ဥပမာ- လက်ဆော့တတ်တဲ့ ကလေးတစ်ယောက် က မောက့်စ်ကိုင်တတ်ရင်ကို လေလံဆိုတာ ဆွဲလို့ရတော့ မလိုးလားအပ်တဲ့ ပြဿနာတွေ ရှိလာနိုင်ပါတယ်။ ဒီတော့ ကားလေလံဆွဲဖို့ Joy Stick ကိုအသုံးပြုရပါတယ်။ Joy Stick ဆိုတာ ကားထဲမှာဆိုရင် ဂီယာထိုးတဲ့ အတံလိုမျိုး ဖြစ်ပါတယ်။ အတံမှာ ခလုပ်ပါသေးတယ်။ ယင်းခလုပ်ကို နှိပ်ပြီး အနောက်ကို ဆွဲရပါတယ်။ ဒီတော့ ယင်းကဲ့သို့ ခလုပ်နှိပ်တံကို ဘယ်သူတွေ ကိုင်ရမလဲဆိုတာ သိဖို့လိုအပ်လာပါတယ်။ ယင်းအတံတွေကို ကားလေလံဈေးကွက်မှာ ဝယ်ခွင့် တရားဝင်မှတ်ပုံတင်ထားရပါမယ်။ ပြီးတော့ ခလုပ်နှိပ်လိုက်ရင် မိမိဘဏ်က ငွေစာရင်းတွေ အလိုအလျောက် ဆီးကူးတဲ့အတွက် မိမိမှာ ဘဏ်ငွေ စာရင်းရှိရပါအုံးမယ်။ ပြီးတော့ ယင်းဝဘ်ဆိုဒ်ကိုအသုံးပြုဖို့အတွက် အသုံးပြုခွင့် Member ဝင်ရပါအုံးမယ်။ အကြမ်းဖျင်းကတော့ ဒါပဲ ဖြစ်ပါ တယ်။ သူက အဓိကထိန်းဖြစ်ပါတယ်။ နောက်မှ ဝယ်ယူလို သူတွေက Joy Stick ကိုင်ထားသူဆီကို နောက်တစ် ဆင့် ပြန်သွား ရပါတယ်။

ဒီတော့ Joy Stick ကိုင်ထားသူကလည်း မောက့်စ် ကလစ်တစ် ချက်ခေါက်လိုက်ရင် ငွေဝင်မယ့် စနစ်ကို အသုံးပြုရပြန်ပါတယ်။ ဥပမာ - ကားဝယ်ယူလိုသူက မောက့်စ် ကလစ်တစ်ချက် ခေါက်လိုက်ရင် သူ့ဘဏ်အကောင့်မှ ငွေက Joy stick ကိုင်ထားတဲ့သူရဲ့  ဘဏ်ငွေ အကောင့်ဆီ စီး ဆင်းသွားမှာ ဖြစ်ပါတယ်။ ဒီမှာ လက်လွန်ပြီး ခလုပ်နှိပ်မှားတယ်လို့ ပြောလို့မရပါဘူး။ မှားတယ် မဝယ်ဘူး ဆိုရင်တောင် လျောကြေးငွေကို လေလံဆွဲ အတံ ကိုင်ထားသူက ရရှိသွားမှာ ဖြစ်ပါတယ်။ ကားလေလံဈေးကွက်ကိုသာ မော့က်စ်ကလစ် တစ်ချက်ခေါက်လို့ ကားဝယ်ရတဲ့ စနစ်သာထားရင် အားလုံး ကမောက်ကမ ဖြစ်နိုင်တဲ့အတွက် ကြားမှာ Joy Stick ကိုင်သူ တစ်ဆင့်ခံထားပါတယ်။ ဒီတော့ အားသာချက် က လေလံမဆွဲဖြစ်ဘူး ဆိုရင်တော့ အချိန်မှီ ပြန်အကြောင်းပြန်နိုင်လို့ ဖြစ်ပါတယ်။

ဒီတော့ မြန်မာပြည်မှာလည်း ကားလေလံဝန်ဆောင်မှု လုပ်ငန်းတွေ ရှိလာပါတယ်။ အချို့ ကားလေလံဝန်ဆောင် မှု စင်တာတွေမှာဆိုရင် ယင်း လေလံဆွဲအတံ (Joy stick) ကိုခင်းကျင်းပြသ ထားပါတယ်။ ဒါဟာ ဟန်ရေးပြ သဘောပဲ ရှိပါတယ်။ တကယ် အသုံးမဝင်ပါဘူး။ Joy Stick ကိုင်ထားဖို့ ဆိုတာ ဂျပန်နိုင်ငံက တော်ရုံ အေဂျင်စီ တစ်ခုတောင် မလုပ်နိုင်ပါဘူး။ ဒီတော့ ကားဝယ်သူ စာဖတ်သူများအနေနဲ့ ဒါကို သိထားစေချင်ပါတယ်။

ကားလေလံဆွဲဖို့အတွက် မြန်မာပြည်က ကားအရောင်းစင်တာများ၊ ဝန်ဆောင်မှုလုပ်ငန်းများက ကားလေလံ ဝဘ်ဆိုဒ်တွေဝင်ကြည့်ရပါတယ်။ ယင်းဝဘ်ဆိုဒ်တွေက ဒီတိုင်းဝင်ကြည့်လို့မရပါဘူး။ ရတယ်ဆိုရင် တော့ အပြည့်အဝမဟုတ်ပါဘူး။ ပိုက်ဆံပေး အကောင့်ဖွင့်ထားမှာ ဝင်ကြည့်လို့ ရတဲ့ အနေအထားမှာ ရှိပါတယ်။ ဒီတော့ အကောင့်ကို ဂျပန်ဝဘ်ဆိုဒ်ကနေ ဝယ်ပြီး ဒီမှာ တစ်ဆင့် ပြန်သုံးကြပါ တယ်။ ပြီးတော့ လေ လံဆွဲပါတယ်။ ဒီတော့ မြန်မာပြည်ကနေလည်း လေလံဆွဲလို့ ရတာပါလားလို့ ထင်စရာ မရှိပါတယ်။ အမှန်တော့ မရပါဘူး။ ဘာလို့လည်းဆို လေလံဆွဲခွင့်က လက်ထဲမှာ မရှိလို့ ဖြစ်ပါတယ်။ ဒီတော့ လေလံဆွဲဖို့အတွက် ဂျပန်လေလံ ဝဘ်ဆိုဒ်တစ်ခုမှာ မန်ဘာဝင်ထားရမယ့်အပြင် ဂျပန်နိုင်ငံမှာလည်း တစ်ဆင့်လေလံဆွဲပေးမယ့် လူခံလည်း ရှိလို့ လိုအပ်လာပြန်ပါတယ်။ ဒီတာ့ မြန်မာပြည်ကနေ လေလံဆွဲတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

သို့ပေမယ့် ရှားရှားပါးပါး ပိုက်ဆံပေးကြည့်စရာမလိုပဲ အခမဲ့ ဝင်ကြည့်လို့ရ မယ့် ကားလေလံဝဘ်ဆိုဒ်တစ်ခုတော့ ယခုနှစ် အတွင်း ပေါ်ပေါက် လာပါတယ်။ ဒီတော့ ကားအရောင်းစင်တာတွေလို ပိုက်ဆံပေးနိုင်သူမှသာ ကြည့်လို့ ရတဲ့အနေအထားမဟုတ်တော့ပဲ လူတိုင်း ဝင်ကြည့်လို့ရတဲ့ ကားလေလံ ဝဘ်ဆိုဒ်တစ်ခု ဖြစ်လာပါတယ်။ ဝဘ်ဆိုဒ်လိပ်စာကတော့

http://www.colayonline.com.mm/automobile/

ဖြစ် ပါတယ်။ တကယ် ရှားရှားပါးပါးပါပဲ။ ဂျပန်နိုင်ငံက သာမန် ကားလေလံဝဘ်ဆိုဒ်တစ်ခုလို အသုံးပြုလို့ရပါတယ်။ ဒီတော့ ဝဘ်ဆိုဒ်တည်ထောင်သူ လုပ်ငန်းရှင်ကို စာရေးသူ ဆက်သွယ်မေးမြန်းချက် အရ အောက်ပါအတိုင်း သိရပါ တယ်။

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားဖြစ်ပြီး ဂျပန်လေလံဈေးကွက်တိုင်းကို ချိတ်ထားတဲ့ ကားလေလံဝဘ်ဆိုဒ် တစ်ခု ထောင်ဖို့ အရင်ကတည်းက စိတ်ကူးထားတာ ဖြစ်ပါတယ်။ အခုတော့ တကယ်အကောင်အ ထည်ဖော်နိုင်ခဲ့ပြီး လူတိုင်း အခမဲ့ ဝင်ကြည့်လို့တယ်လို့ ဆိုပါတယ်။ လေလံ ဆွဲခွင့်ကတော့ ဝဘ်ဆိုဒ်မှ ကိုင်ထားပြီး လေလံဆွဲချင်ရင် လေလံဆွဲမယ့် ကား ကုဒ်နံပါတ်ကို မြန်မာပြည်ရုံးခွဲထံ ဖုန်းဆက်ပြောရုံပဲ ဖြစ်ပါ တယ်။ ပြည့်ဖူဝေဆာ ကုမ္မဏီမှ လုပ်တာ ဖြစ်ပါတယ်။ သူ့ ရဲ့  Facebook လိပ်စာကတော့ -

https://www.facebook.com/ColayOnline.Automobile

ဖြစ်ပါတယ်။

ဒီတော့ မြန်မာပြည်က လူတိုင်း ပိုက်ဆံပေးစရာ မလိုပဲ မိမိနှစ်သက်ရာကား ကို အင်တာနက်သုံးလို့ရတဲ့ နေရာတိုင်းကနေ ဝင်ကြည့်လို့ ရပါတယ်။ ကားလေလံဝန်ဆောင်မှုကုမ္မဏီများဆီ သွားဖို့မလိုအပ်တော့ပါဘူး။ ဒီလို ဝန်ဆောင်မှုပေးတဲ့ ကုမ္မဏီ ခပ်များများ ပေါ်ပေါက်လာရန် လိုအပ်ပါတယ်။ လက်ရှိမှာတော့ တစ်ခုတည်း ဖြစ်နေပြီး အခြား ဝန်ဆောင်မှုလုပ်ငန်းများက ဂျပန်လေလံဝဘ်ဆိုဒ်တွေမှာ အကောင့်ဝယ်ပြီး ဝင်ကြည့်ရတာ ဖြစ်ပါတယ်။ ဒါမျိုးများများ ပေါ်ပေါက်လာရင် ရရှိလာမယ့်အကျိုးကျေဇူးက သာမန် အခြား ဥရောပနိုင်ငံသားများ၊ အခြား လေလံဆွဲသူများနဲု့ တန်းတူ အခွင့်အရေး ရရှိခြင်း ဖြစ်ပါတယ်။

ကားလေလံဆွဲပြီဆိုပါစို့။ ဂျပန်နိုင်ငံ လေလံဈေးကွက်မှာ နာရီတိုင်း ကားအစီးရေ ထောင်ချီမကဝင်နေပါတယ်။ လေလံဆွဲသူတွေကလည်း ကမ္ဘာတစ်လွှားကနေ စောင့်ကြည်နေပါတယ်။ ဒီတော့ Joy Stick ကတော်တော် အလုပ်လုပ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ နာရီနဲ့ သတ်မှတ်ထားပါ တယ်။ လက်ရှိအကြမ်းဖျင်း ကတော့ ဂျပန်လေလံဈေး ကွက်မှာ ညနေပိုင်း အချိန်တစ်ခုမှာ လေလံပွဲချိန်၊ စာရင်းပိတ်ချိန် သတ်မှတ်ထားပါ တယ်။ နောက်အကျဆုံးကတော့ ည ၁၁ နာရီ ဖြစ်ပါတယ်။ ဒါက လေလံဝန်ဆောင်မှု ကုမ္မဏီတွေအပေါ် မူတည်ပါ တယ်။ ကိုယ်ကြိုက်ရာကားရွေးပြီး ဈေးနှုန်း ကိုယ်နိုင်သလောက်ပေး ထားရပါတယ် ။ လေလံဖွင့်ချိန်မှာ တော့ ကွန်ပျူတာ Server ကငွေအများဆုံးပေး သူကိုကြည့်ပြီး အလိုအလျောက် ရွေးချယ်သွားပါတယ်။ ဒီမှာ လာဘ်ထိုး တယ်။ လာဘ်စားတယ်လည်း မရှိပါဘူး။ ကွန်ပျူတာစနစ်နဲ့ အလုပ်လုပ်သွား တာ ဖြစ်ပါတယ်။ ယန်းငွေကို အသုံးပြုပါတယ်။ ၁ယန်းလောက် ပိုပေးရင်လည်း ပေးသူက ရပါတယ်။ ဒါကြောင့် လေလံဈေးကွက် က အနိမ့်ဆုံး သတ်မှတ်ထားတဲ့ တန်ဖိုးတဲ့ ပိုပေးပြီး လေလံဆွဲကြရပါတယ်။

လေလံဆွဲလို့ မြန်မာပြည်က ဝယ်သူဟာ ကားတစ်စီးရသွားပြီဆိုပါစို့။ ဂျပန်ကနေ မြန်မာပြည်ရောက်အောင် ပို့ဖို့ ခေါင်းစားရပြန်ပါတယ်။ ဒီတော့ ကားလေလံဈေးက ကိုယ့်ကားကို မြန်မာပြည် ရောက်အောင် ဂျပန်ဆိပ်ကမ်း အရင်ပို့ပါတယ်။ ပြီးတော့ မြန်မာဆိပ်ကမ်းကို ရောက်အောင် သင်္ဘောနဲ့ တင်ပါတယ်။ ဂျပန်နိုင်ငံ၊ ပြည်နယ် အသီးသီးမှာ ဆိပ်ကမ်းအသီးသီး ရှိပါတယ်။ နီးစပ်ရာ ဆိပ်ကမ်းက အမြန်ဆုံးထွက်တဲ့ သင်္ဘောနဲ့ တင်ရပါ တယ်။ အနည်းဆုံး တစ်လနဲ့ ၁၅ ရက်တော့ ကြာပါတယ်။ ဒီတော့ ယင်းကြာချိန်နဲ့ လေလံဆွဲတဲ့ ခေါင်းစားစရာကို တာဝန်ယူပေးမယ့် ကားအရောင်းစင်တာတွေ ပေါ်ပေါက်လာပါတယ်။ ကားအရောင်း စင်တာမှာက လေလံဆွဲပြီးသားတွေ ခင်းကျင်းပြသ ထားပါတယ်။ ကိုယ်ကြိုက်ရာ ရွေးဝယ်ရုံပဲ ဖြစ်ပါတယ်။ သို့ပေမယ့် သူ့ခေါင်းအစား ခံထားရတဲ့ အဖိုးအခကို ကားထဲမှာထည့်တွက် လိုက်ပါတယ်။

ကားလေလံဝန်ဆောင်မှုလုပ်ငန်းကျတော့ ဝယ်သူနဲ့ မျှတူ ခေါင်းအစား ခံပေးတဲ့အတွက် အရောင်းစင်တာမှာ ဝယ်တာနဲ့စာရင်တော့ ဈေးအများကြီး သက်သာပါတယ်။ တစ်လကျော်စောင့်ရ တာဖြစ်တဲ့အတွက် လည်း ငွေပို မယူပါဘူး။ စင်တာမှာဝယ်တာထက်စာရင် အနည်းဆုံးတော့ ၁၀ ဂဏန်း သက်သာပါတယ်။ ဒီတော့ ဝယ်သူအနေနဲ့ ဝန်ဆောင်မှုတွေမှာ ကိုယ်တိုင် လေလံဆွဲဝယ်မလား၊ အရောင်းစင်တာမှာပဲ ဝယ်မလား၊ ကားပွဲစားတန်းမှာပဲ ဝယ်မလား သုံးမျိုးကွဲသွားပါတယ်။ ကားပွဲစားတန်း လည်း ယနေ့တိုင် ရှိနေပါသေးတယ်။ ယခင်ကလောက် မစည်ကားတော့ပေမယ့် သူ့နေရာနဲ့ သူတော့ အရောင်းထွက်နေ ဆဲ ဖြစ်ပါ တယ်။

ဂျပန်က ဝယ်ကားကို သင်္ဘောနဲ့ပို့တာတောင် ရွေးချယ်စရာ နှစ်မျိုး ရှိလာပြန်ပါတယ်။ ကားသင်္ဘောနဲ့ ကွန်တိမ် နာ ဖြစ်ပါတယ်။ ကားသင်္ဘော ပဲအသုံးများပါတယ်။ မြန်လို့ ဖြစ်ပါတယ်။ ပြီးတော့ ဈေးလည်း သက်သာလို့ ဖြစ်ပါ တယ်။ ကွန်တိန်နာကတော့ ဈေးအနည်းငယ်မြင့်မား တာတစ်ခုတော့ တွေးစရာ ရှိပါတယ်။ ကားအကောင်း၊ ဈေးကြီးကြီး ဝယ်တာဆိုရင်တော့ ကွန်တိန်နာနဲ့တင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါမှ ခရီးတစ်လျှောက် လုံခြုံစိတ်ချရပါတယ်။ ရာသီဥတုကြောင့် ပျက်ဆီးမှုနည်း ပါတယ်။

ဒါက ဂျပန်ကားလေလံဈေးကွက်ကို သာမန်လူတစ်ယောက်က သိရှိနားလည်ရန် ဖြစ်ပါတယ်။ ကားလေလံဝဘ်ဆိုဒ်ကို ဝင်ကြည့်မယ် ကိုယ်ကြိုက် ရာ ကားရွေးမယ်။ ယင်းကားကို ဝယ်ဖို့ ကြားခံဝန်ဆောင် မှုလုပ်ငန်း၊ ကားလေလံဝဘ် ဆိုဒ် ကုမ္မဏီကိုအကြောင်းကြား မယ်၊ ငွေ ထုတ်ပေးမယ်။ ဒါဆိုရင် အားလုံး ပြီးသွားပါပြီ။ အားလုံး ပြီးပြီရယ်လို့တော့ မဟုတ်ပါဘူး။ မြန်မာပြည်ရောက်လာရင် စာရွက်စာတန်းကိစ္စတွေ လုပ်ရပါသေးတယ်။ ဒီအဆင့်တွေကိုတော့ နောက်မှပဲ ဖော်ပြပြီး ဂျပန်က ကားလေလံဆွဲပုံကို ဒီလောက်နဲ့ နိဂုံးချုပ်လိုက်ရပါတယ်။
---
Ref:အောင်ခမ်း (TSJ team) 

ဘကြီးသက်
Unknown at 9:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.