Sunday, August 19, 2012

(((( လုပ်ဇာတ်မဟုတ်ပါဘူးပရိတ်သတ်ကြီးရယ်.......)))


ကျနော့်မှာအကျင့်တခုရှိတယ်...အဲ့ ဒါ ကဘာလဲဆိုရင်...စာပေးတတ်တယ်...(စာပေးတတ်တယ်ဆို လို့ တလွဲ မထင်ပါနဲ့ ဗျာ.....) ကျနော်စာကောင်းလေးတွေ ဖတ်ရတဲ့ အခါ..မိတ်ဆွေ ကောင်းတွေ ဆီပေးဖတ်တတ်တယ်..

နောက်ကျနော်ရဲ့ ဘလော့ မတင်တဲ့  စာတိုပေစ အပိုင်းအစ စာတွေ ပို့ တာပါ..။
ကျနော်နဲ့ ဆိုဒ်တွေ မှာသူငယ်ချင်းဖြစ်ကြတဲ့ သူတွေ တိုင်း သိမယ်ထင်ပါတယ်..။
တနေ့တော့ ကျနော်..ထုံးစံအတိုင်း စာကောင်းလေးဖတ်ရလို့ ပို့ လိုက်တယ်......ဒီစာလေးကိုဘလော့ မတင်ဘဲ သူငယ်ချင်းတွေ မှတ်မိကြမယ်ထင်ပါတယ်...။
(စာပို့ တယ်ဆိုတာ..တကယ်တော့စာတစ်ပုဒ်ရေးရတာထက်ပင်ပန်းတယ်ဗျာ..ယုံလား.....
စာပို့ ရင်..အယောက်၅၀၀ကျော်လုံးတပြိုင်တည်းပို့ မရဘူးလေ.....အလီလီခွဲ့ ပို့ ရတယ်ဆိုတာ...သိမှာပါနော်)

ပေးစာ
သူငယ်ချင်းရေ..မင်းဘာပဲလုပ်လုပ်မပြောချင်ပါဘူး...ဒါပေမယ့်မင်းရဲ့ အတွေးတိုင်းကို...နှစ်ဘက်မျှတွေးပါ..၊

ကိုယ့်စိတ်ကမှန်ကန်ဖို့ တော့လိုတယ်သူငယ်ချင်း၊
အတွေးဆိုတာကတော့မင်းဘက်တွေးရင်မင်းမှန်တယ်၊
ဒါပေမယ့်သူငယ်ချင်း၊လုပ်ရပ်ကတော့မတူတော့ဘူး၊..

ဒါကြောင့်မင်းဘာပဲလုပ်လုပ်ပါ.ဘာပဲတွေးတွေး.၊ငါက...မင်းမေ့ နေမယ်ထင်တာလေးကို.....သတိထားဖို့ လေးပါ၊

ငါမှားနေရင်လည်းငါ့ကတိုလည်းသတိပေးပါ....ငါတို့ ကသူငယ်ချင်းကောင်းမိတ်ဆွေကောင်းတွေနော်..

ငါဟာစိတ်မဆိုးပဲ..ကျေးဇူးတွေတင်နေမှာပါသူငယ်ချင်း...သူငယ်ချင်းရေဖတ်ကြည့်နော်...

ငါဆရာလုပ်တာမဟုတ်ဘူး.....စာကောင်းလေးဖတ်ရတိုင်းမိတ်ဆွေ ကောင်းကိုသတိတယရှိယုံပါ

 

မှန်ကန်တဲ့ တွေးတောမှု


လူသားတွေဟာ ကိုယ်တွေးတောတဲ့ အတိုင်း ကိုယ်ဘ၀က ဖြစ်ပျက်နေတာပါပဲ။ ကိုယ်ဘာတွေးနေသလဲ ကိုယ်ဘာဖြစ်ချင်တာလဲ ဆိုတာကို ကိုယ်ကိုယ်တိုင်သိပြီး ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို ပဲ တွေးတောသင့်တယ် ဆိုတာပါပဲ။ ကောင်းတာဖြစ်ချင်ရင် ကောင်းတာကို တွေးပါ။ ကောင်းတာတွေးရင် ကောင်းတာဖြစ်ပြီး၊ မကောင်းတာတွေးရင် မကောင်းတာဖြစ်တာ သဘာဝပါပဲ။

များသောအားဖြင့် လူတွေဟာ ကိုယ်မဖြစ်ချင်တာကို တွေးတောကြတာများတယ်လို့ သိရပါတယ်။ ကိုယ်မဖြစ်ချင်တာတွေကို တွေးတောပြီး ကိုယ်မဖြစ်ချင်တာတွေ ဖြစ်နေကြတတ်ပါတယ်။ ဥပမာ အနေနဲ့ ကိုယ်က အလုပ်ကို နောက်မကျချင်ဘူး လမ်းမှာလည်း ကားပေါ်မှာလည်း နောက်ကျတော့မှာပဲ နောက်ကျတော့မှာပဲ လို့တွေးတောနေရင် တကယ်နောက်ကျတတ်တဲ့ အဖြစ်အပျက်မျိုးတွေ ကြုံ ဖူးကြမယ် ထင်ပါတယ်။

ဒါဆိုရင် ကောင်းတာတွေကို တွေးတောကြံစလိုက်တာနဲ့ ကောင်းတာတွေကြီးပဲ ဖြစ်နေတော့မှာလား။ အဲဒါက ကိုယ့်အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ကိုယ်တိုင်က အစဉ်အမြဲကောင်းတာတွေကိုပဲ စဉ်းစားနေရင် ကောင်းတာတွေကြီးပဲ ဖြစ်နေနိုင်ပါတယ်။

ဘ၀မှာ အမှားတွေ အများကြီးရှိတဲ့သူတွေ ရှိနိုင်သလို အမှားမရှိတဲ့သူ နည်းတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အမှားလုပ်တာ လူ့သဘာဝတစ်ခုပါပဲ လို့ ထင်ပါတယ်။ အမှားလုပ်မိလို့ နောင်တတွေရ ပူပန်နေမယ်ဆိုရင် ပူပန်မှု ဆင်းရဲ ပဲ ကိုယ့်စီကို ရောက်နိုင်ပါတယ်။

အဓိကကတော့ ကိုယ်ရဲ့ စိတ်ထားက သန့်ရှင်းဖြူစင်နေမယ်ဆိုရင် ကောင်းမွန်တဲ့ အတွေးတွေပဲ ကိုယ့်စိတ်မှာ ဖြစ်တည်နေမှာပါ။ ဒါဆိုရင် မကောင်းတဲ့ အတွေးတွေ မရှိတော့တဲ့ အတွက် မကောင်းတဲ့ အဖြစ်အပျက်တွေ ကိုယ့်စီကို ရောက်လာမှာ မဟုတ်တော့ပါဘူး။

မိမိရဲ့  မသိစိတ် သိစိတ်တွေကို ကိုယ်ကိုတိုင် ထိန်းသိမ်းနိုင်ပြီး ကိုယ်ဘ၀ကို ကိုယ်ကိုယ်တိုင် တည်ဆောက်နိုင်ဖို့ဆိုတာ မလွယ်ဘူးလို့ ထင်ရပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

ဒါ့ကြောင့် ကောင်းမွန်မှန်ကန်တဲ့ အတွေးတွေကိုယ် တွေးတောပြီး ကောင်းမွန်မှန်ကန်တဲ့ ဘ၀တွေကို ဖြတ်သန်းကြပါစို့။

We are shaped by our thoughts; we become what we think.

When the mind is pure, joy follows like a shadow that never leaves. Buddha

ပြန်စာ

•    ဖတ်ရတာကျေးဇူးတင်ကြောင်း
•    နေကောင်းအောင်နေပါ.
•    ဆထက်တပိုးအောင်မြင်ပါစေ..။
•    ဒီလိုစာမျိုးမဖတ်ရတာ၁၀နှစ်ကြာပြီ......
•    စောပေကျးဇူးတွေ ကဒိတစ်သက်မဟုတ်ပါဘူး..
•    စာပေကျေးဇူးဆပ်မကုန်တော့ပါဘူး....
•    မိဘတွေ နဲ့ ဝေးနေတဲ အခါ..အားဆေးပါ၊ဆုံးမစကားတွေ ပါ

ဒိလိုပြန်စာတွေ ဘဲလာနေကြပါ...

ကျနော်အကျင့်က..တလကိုမရေးဘူးဆိုရင်တောင်တစ်စောင်အနဲ ဆုံးရေးတယ်..ဘလော့ မတင်တဲ့ စာတွေ ဘဲ
အပေးများပါတယ်


ဒိတစ်ခေါက်မှာတော့..ထူးထူးခြားခြားပြန်စာလေးတစ်စောင်က

ဘာမှနားမလည်နိုင်အောင်ပါပဲ...
--------- လဲဘာမှမလုပ်ပါဘူး....လုပ်ဖို့အချိန်ဆိုတာလဲမရှိလို့ပါ...သူငယ်ချင်းပြောတဲ့
အဓိပါယ်ကိုစဉ်းစားလို့မရဖြစ်နေပြီ....
.

အဲ ဒိစာလေးဖတ်ရတော့..ကိုယ်ကကြောင်သွားတယ်.... ဟာ..)))))))ငါဘာများမှားနေလည်း..သူတစ်ယောက်ထဲ ပို့ တာမဟုတ်ဘူး..အယောက်၅၀၀လုံးပို တာပါ...သူ့ မေလ်းနဲ့ အတူကျန်တဲ့ မေလ်းတွေ တွဲပါနေတာမတွေ့ လေ ရော့သလား....။
နောက်မှ ကျနော် စိတ်မကောင်းစွာစဉ်းစားကြည့်တယ်..လူတိုင်းကိုယ့်လို မှမဟုတ်တာ..။
နောက်ကျနော်မပို့ တော့ပါဘူး..သူ့ ကိုတော့ တောင်းပန်လိုက်ရတယ်...


အဲ ဒိနေ့ ...အဲ ဒိနေ့ ကစလို ကျနော်အကျင့်ကို ပြင်လိုက်တယ်...
ရေးချင်ရင်(ကိုယ်ဘာသာ ကိုယ်တစ်ယောက်ထဲ ရေး)စာတိုပေစ(ပြတိုက်)ထဲ ရေး..နောက်စာမပို့ ရအောင်လေ..သူငယ်ချင်းတို့ သတိထားမိလား.....ကျနော်ဘလော့ မတင်တဲ့ စာတွေ မဖတ်ရတော့ဘူးဟုတ်...
ခက်တာကလေ..အကျင့်ကလည်းသိပ်ပြင်မရသေးဘူး....အဖွဲ့ တွေ ထဲ ကတော့....စာပို့ ရန်ကနေပို့ တုံးဘဲလေ..
ကျနော်မပို့ တော့တဲ့ စာတွေ .....ဖတ်ချင်သူတွေ စာတိုပေစ(ပြတိုက်)ထဲ လာဖတ်ပေးပါ...။ အရင်က၀င်ခွင့်တောင်းမှဝင်လို့ ရတဲ့ စာတိုပေစ(ပြတိုက်) ကိုပြန်ဖွင့်ထားပါတယ်....
အခုတော့ကျနော်လက်ဆော့မိတတ်တဲ့ နေရာတစ်ခုရွေ့ လိုက်ပါတယ်
******** နေရာလေးပါ..အဲ့ ဒိနေရာ ကတော့...ကျနော်ဘလော့ အကြမ်းစာမူရးထားတဲ့ နေရာမလို့ ...
ပရိတ်သတ်ရေ..မ၀င်လာချင်နဲ့ နော်.........ရူးသွားနိုင်တယ်....

ဒီလို အဖြစ်ပျက်တကယ်ဖြစ်ပျက်သွားပါတယ်.....တကယ်ပါစာဖတ်ပရိတ်သတ်ရယ်....
ဒါတွေ က လုပ်ဇာတ်မဟုတ်ရပါဘူး..........


ချစ်ခင်လေးစားသော
ရွှေအိမ်စည်
 lu bo

ဘကြီးသက်
Unknown at 5:34 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင် သရုပ်ဆောင်ပြန်ရွေးမည်

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ် အဖြစ် သရုပ်ဆောင်ဖို့ ရွေးချယ်ထားတဲ့ အဓိက သရုပ်ဆောင် ကိုကျောက်ခဲဟာ မိမိဆန္ဒအရ နုတ်ထွက်သွားပြီလို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၀ ရက်က ရန်ကုန် တက္ကသိုလ်ရိပ်သာလမ်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကားအတွက် သရုပ်ဆောင် ၁၁ ဦးကို လူတွေ့ စစ်ဆေးနေစဉ်။
သူ့ရဲ့ နုတ်ထွက်လွှာကို သဘောတူ လက်ခံပြီးပြီလို့  ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဇော်သက်ထွေးက RFA ကို ဒီကနေ့ အတည်ပြု ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ကာယကံရှင် ကိုကျောက်ခဲက-
"ကျွန်တော့်မှာ အိမ်ထောင်ရေး မပြေလည်မှု ရှိခဲ့ပါတယ်။ တခြား ပတ်သက်မှုရှိခဲ့ပါတယ်။ အဲဒါကို သူတို့က ဗိုလ်ချုပ်နေရာမှာ ကိုယ့်ကိုယ်ကို ဖြစ်နိုင်လား၊ မဖြစ်နိုင်လား။ သူတို့ ပြောတဲ့ ဆုံးဖြတ်ချက် ၂ ခုကတော့ ဒီ ၁၀- ၁၅ မိနစ်အတွင်းမှာ ကိုယ့်ဟာကိုယ် နုတ်ထွက်သွားမလား၊ ဒါမှမဟုတ်ရင် အကျင့်စာရိတ္တ မကောင်းလို့ ပယ်လိုက်တယ်လို့ ခုချက်ခြင်း ကြေညာလိုက်ရမလားလို့ ၂ လမ်းပေးပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော် အကျင့်စာရိတ္တ မကောင်းဘူးလို့ အပြောမခံနိုင်ပါဘူး။ ကျွန်တော် အကျင့်ပျက်နေတာမဟုတ်ဘူးဗျ။ ကျွန်တော်လုပ်တဲ့ အလုပ်ကို ကျွန်တော် သိတယ်။ ဒီ အတ္ထုပ္ပတ္တိ ပေါ်မှာ ကျွန်တော့်စေတနာ ဘယ်မှ မရောက်ပါဘူး။ ဒါပေမဲ့ သူတို့ ဖြစ်စေချင်တဲ့အတိုင်း၊ အားလုံး စိတ်ချမ်းသာအောင် ကျွန်တော်လုပ်ပေးလိုက်တယ်လို့ ကျွန်တော်ယူဆပါတယ်။"
အခုလို မူလရွေးချယ်ထားတဲ့ ကိုကျောက်ခဲ နုတ်ထွက်သွားတဲ့ အတွက် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်မယ့် ဇာတ်ဆောင်သစ် နောက်တဦး ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်ပြီး နောက်ဆုံး ဆန်ခါတင်ရွေးချယ်ခံရတဲ့ သရုပ်ဆောင် ခုနှစ်ယောက်ထဲက ပြန်လည်ရွေးချယ်မှာ ဖြစ်ကြောင်း ဦးဇော်သက်ထွေးက ပြောပါတယ်။
ဒီဇာတ်ကားအတွက် စာရေးဆရာ ဦးချစ်ဦးညိုနဲ့ ရုပ်ရှင်ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့ ရေးသားနေတဲ့ ဇာတ်ညွှန်းအကြမ်း ဒီကနေ့ ပြီးစီးသွားပြီဖြစ်တဲ့ အတွက် ရက်ပိုင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြမှာ ဖြစ်ကြောင်း သိရပါတယ်။
 RFA
ဘကြီးသက်
Unknown at 5:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“မစိုးရိမ်လာပြီး ဝီရသူနားရွက်ကို တံတွေးစွတ်သွားသူ

(တရားဥပဒေနှင့် သမ္မတကြီး ဦးသိန်းစိန်၏ အထက်က ဒေါ်နီနီတို့အကြောင်း)
အရှင်ဝီရသူ၊ သြဂုတ် ၁၉ ၊ ၂၀၁၂
            ယခုလ ၁၂-ရက်နေ့က ဖြစ်ပါတယ်။ စာရေးသူ စာဝါပို့ချနေစဉ် အမှတ်(၇)ရဲစခန်းမှ နယ်ထိန်း ဦးသောင်းဟန် ရောက်လာပါတယ်။ မနက်ဖြန် ၁၃-၈-၂၀၁၂-ရက်နေ့မှာ ကလေးလုပ်သား မတင်နီလာအေးအမှု ရုံးတင်စစ်ဆေးမှာ ဖြစ်လို့ ရဲစခန်းကို မနက် (၉)နာရီ အရောက်လာဖို့ လျှောက်ထားသွားပါတယ်။
            တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ စာရေးသူက  “ကလေးလုပ်သား မတင်နီလာအေးအမှု အေးစက်နေဆဲ” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါး တစ်ပုဒ်ရေးပြီး မိုးမခဝက်ဆိုက်ကို ပေးပို့ထားချိန်ဖြစ်ပါတယ်။ ၁၁-၈-၂၀၁၂-ရက်နေ့ထုတ် မြနန္ဒာဂျာနယ်လ်မှာ လည်း “နှိပ်စက်ခံရသူ အိမ်အကူက အိမ်ရှင်ကို အမှုဖွင့်တိုင်ကြားထားတာ (၁)လလောက်ရှိပေမယ့် ထူးခြားမှု မရှိသေးဟုဆို” ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ပါလာပြီး နောက်တစ်နေ့ ၁၂-၈-၂၀၁၂-ရက် တနင်္ဂနွေနေ့မှာ ရုံးတင်စစ်ဆေးခွင့် အမိန့်ကျတာပါ။ တနင်္ဂနွေနေ့မှာ အမိန့်ကျတာ ဆန်းတော့ အဆန်းသားလို့ အောက်မေ့မိခဲ့ပါသေးတယ်။
            စာရေးသူလည်း စာနယ်ဇင်းသမားတွေနှင့် ကလေးမလေးဘက်မှ ရှေ့နေလိုက်ပေးမည့် NLD.ပါတီဝင်တွေကို အကြောင်းကြားရပါတယ်။ ကလေးမလေး အတွက်တော့ စိတ်ချပြီးသားပါ။ ခံထားရသူ ဖြစ်လေတော့ ဘယ်အချိန်ထ,မေးမေး အမြဲတမ်းအဆင်သင့် ရှိနေမည့်သူပါ။ သင်ပေးစရာလည်း မလိုပါဘူး။ ဒါကြောင့် မကြောက်လန့်ဖို့ ရဲရဲတင်းတင်း ပြောဖို့ပဲ မှာထားလိုက်ပါတယ်။
            ၁၃-၈-၂၀၁၂-ရက်နေ့မှာ ချိန်းထားတဲ့အတိုင်း အမှတ်(၇)ရဲစခန်းကို သွားကြပါတယ်။ ဘုန်းကြီးတစ်ပါးရယ်၊ ဦးဇင်းနှစ်ပါးရယ်၊ ကလေးမလေးဘက်မှ သက်သေတွေရယ်၊ စာနယ်ဇင်းသမား သုံးယောက်ရယ် အားလုံး(၁၀)ယောက်ပါ။ ရဲစခန်းရောက်တော့ တရားရုံးကိုလွှတ်ပါတယ်။ တရားရုံးရောက်တော့ တရားရုံးက “ခုချိန်ထိ ရဲစခန်းက အမှုချမပေးသေးဘူး”လို့ ဆိုပြန်ပါတယ်။
            အားလုံး မဟာအောင်မြေတရားရုံးမှာ ထိုင်စောင့်နေချိန်မှာတော့ ကလေးမလေးကို နှိပ်စက်ခဲ့သူ အိမ်ရှင် ဒေါ်နီနီတို့ လင်မယားက ကားနှင့်ပတ်ပြီး ခဏခဏလာကြည့်တာကို တွေ့ရကြောင်း တပည့်များက ဖုန်းဆက်ပြောပါတယ်။
            ဒီလိုနှင့် မွန်းလွဲ(၁)နာရီမှာ အမှုစစ်ပါတယ်။ ဒေါ်နီနီရဲ့ အင်အားကလည်း မနည်းပါဘူး။ ပရိသတ်ထဲမှာထည့်ထားတာရော၊ သူ့ဘေးမှာဝန်းရံနေသူတွေရော၊ သူ့ရှေ့နေသုံးယောက်ရော စုံလို့ကိုနေပါတယ်။ ဒီကြားထဲ ရဲများက ပတ်ပတ်လည်မှာ လုံခြုံရေးအပြည့် ယူပြီး ရုံးထဲကို ခေါ်သွင်းကြလို့ အင်အားပိုတောင့်တင်းသလို ထင်မှတ်သွားရတာပါ။
            ဒေါ်နီနီဟာ- မျက်မှန်လည်းတပ်ထား၊ ဦးထုပ်လည်းဆောင်းထားတဲ့ အပြင် ခေါင်းကိုအောက်ငုံ့ထားပြီး ယပ်တောင်နှင့် ကွယ်ထားတာကြောင့် ဘယ်သူမှ ဓာတ်ပုံရအောင် မရိုက်နိုင်ခဲ့ပါဘူး။
            တရားသူကြီးက မေးခွန်းတစ်ချို့ မေးအပြီးမှာတော့ ကလေးမလေးဟာ ဒေါ်နီနီရဲ့ ရှေ့နေ ဦးညွန့်လှိုင်ရဲ့ ချောင်ပိတ် အကြပ်ကိုင် ခြိမ်းခြောက်တဲ့ မေးခွန်းတွေကို တစ်လျှောက်လုံးဖြေခဲ့ရတာ ညနေ(၄)နာရီ အထိပါပဲ။
            အားလုံးတီးလုံးတိုက်ပြီး ချိန်ကိုက်လုပ်ထားတာကြောင့် ကလေးမလေးဘက်မှ ဘာမျှပြင်ဆင်ခွင့် မရခဲ့ပါဘူး။ NLD.ရှေ့နေတွေက ကလေးမလေးဘက်မှ လိုက်မည်လုပ်ပြန်တော့လည်း ပါဝါမလွှဲရသေးလို့ ဘာမျှမတတ်နိုင် ဖြစ်ခဲ့ရပါတယ်။
            ပိုဆိုးတာက တရားသူကြီးက ကလေးမလေးကိုရှေ့နေကိစ္စ မမေးမြန်းတဲ့အပြင်၊ ဒေါ်နီနီရဲ့ ရှေ့နေ ဦးညွန့်လှိုင်က မဆီမဆိုင်မေးခွန်းတွေနှင့် အကြပ်ကိုင် ဖိနှိပ်မေးတာတွေကိုလည်း ဟန့်တားခြင်းမရှိဘဲ စိတ်တိုင်းကျ မေးခွင့်ပြုထားခြင်းပါပဲ။
            ကြာတော့ ကလေးမလေးက စိတ်တိုလာပြီး သမီးဆိုတဲ့ဝေါဟာရကိုတောင် မသုံးစွဲတော့ဘဲ ကျွန်မ-ကျွန်မ-လို့ပဲ သုံးနှုန်းလိုက်ပါတော့တယ်။ ဒါကိုလည်း ရှေ့နေ ဦးညွန့်လှိုင်က ကလေးအရွယ်ဖြစ်ပါလျက် “သမီး”လို့ မပြောရကောင်းလားဆိုပြီး မြည်တွန်တောက်တီးပါသေးတယ်။
            ကလေးမလေး စိတ်တိုမယ်ဆိုလည်း တိုစရာပါ တိုင်ချက်ဖွင့်ထားတာတွေ မမေးဘဲ၊ အရေးကြီးတာတွေ မမေးဘဲ ကလေးမလေးရဲ့ ဂုဏ်သိက္ခာထိခိုက်စရာတွေပါ ထည့်မေးလာတာဖြစ်ပါတယ်။
            ဥပမာ= စာဖတ်တတ်လို့လား၊ ကကြီး-ခကွေး-ဆိုပြစမ်း၊ A-B-C-D ဆိုပြစမ်း ဆိုတာတွေရော၊ လျော်ကြေးငွေ သိန်းတစ်ရာတောင်း တယ်မလား၊ ဘယ်သူ့အားကိုးနဲ့ အဲဒီလို လုပ်တာလဲ။
            ကလေးမလေးက ခေါင်းဒဏ်ရာ၊ လက်ဒဏ်ရာ၊ ပေါင်ဒဏ်ရာတွေကို လှန်ပြတဲ့ အခါလည်း အဲဒါတွေ မလိုအပ်ဘူး။ မပြောနဲ့၊ မေးတာပဲဖြေ။ စတာတွေပါပဲ။
            ရုံးထဲမှာ တရားခံ ဒေါ်နီနီရယ်၊ သူတို့ရှေ့နေ အမျိုးသမီးနှစ်ယောက်ရယ်၊ အမျိုးသား (ဦးညွန့်လှိုင်) တစ်ယောက်ရယ်၊ တရားသူကြီးနှင့် ဆိုင်ရာတွေပဲ ရှိပါတယ်။ ကလေးမလေးဘက်မှ ဘယ်သူဘယ်ဝါမှ ဝင်ခွင့်မရခဲ့ပါဘူး။
            ဦးညွန့်လှိုင်ကတော့ ဒေါ်နီနီကို အာမခံချက်ပေးထားတဲ့ “ထောင်တစ်ရက်မျှ မကျစေရဘူး-စိတ်ချ”ဆိုတဲ့ ကတိအတိုင်း မြေးအရွယ်ကလေးမလေးအပေါ် မညှာမတာ စော်ကားသွားတာပါ။
            ပိုဆိုးတာက ကလေးမလေးက ဘာမျှပြောခွင့်မရခြင်းပါ။ သံဘရပ်ရှ်နှင့် အတိုက်ခံရတာ၊ မီးပူနှင့်အကပ်ခံရတာ၊ ထိုင်ခုံနှင့် ကိုင်ရိုက်လို့ လက်ကျိုးသွားတာ ခေါင်းမှာ ခုနစ်ချက်ချုပ်ရာတာ၊ ခြင်ဆေးခွေတွေ စားခိုင်းလို့ ပါးစပ်အမြှုပ်တွေ ထွက်ကျလာတာ၊ သမံတလင်းကြမ်းပြင်ပေါ်ကပ်နေတဲ့ မန်ကျည်းရွက်တွေကို လျှာနှင့်လျက်ပြီး ဖယ်ခိုင်းတာ ဘာတစ်ခုမျှ ပြောခွင့်မရခဲ့ပါဘူး။ ဦးညွန့်လှိုင်က မလိုဘူး မဆိုင်ဘူး၊ မပြောနဲ့ ဆိုပြီး ဟန့်တားခဲ့တာပါ။
            သိန်းတစ်ရာတောင်းတယ်-ဆိုတာလည်း မဟုတ်ပါဘူး။ ပိုက်ဆံစကားတစ်ခွန်းမျှကို မပြောဘူးတာပါ။ ဒေါ်နီနီကိုယ်တိုင် စိန်ပန်းရပ်ကွက်က ရှေ့နေဦးထွန်းသိန်းဆီ ငိုယိုတောင်းပန်ပြီး အကူအညီတောင်းလို့ ဦးထွန်းသိန်းက စာရေးသူနှင့် ဆက်သွယ်ပြီး ဒေါ်နီနီရဲ့ အဒေါ်များဖြစ်တဲ့ ဒေါ်အေးအေးသန်းနှင့် ဒေါ်သိန်းသိန်းဝင်းတို့ကို ကလေးမလးနှင့် ညှိနှိုင်းခိုင်းတာပါ။ ကလေးမလေးက ငွေကျပ်သိန်းငါးဆယ်မယူနိုင်ဘူး၊ ထောင်ပဲချမယ်လို့ အကြောက်အကန် ငြင်းဆန်နေလို့ ဒေါ်အေးအေးသန်းက မနည်းချော့ပြီး အမေသိန်းနှင့် လမင်းသစ်လေး မျက်နှာထောက်ဖို့ အညှာကိုင်လိုက်မှ ကလေးမလေးက လက်ခံသွားတာပါ။ အဲဒီလို လက်ခံသွားတာကိုလည်း ဒေါ်အေးအေးသန်းတို့ တစ်ဖွဲ့လုံးက ဝမ်းသာပျော်ရွှင်မဆုံး ဖြစ်သွားကြတာပါ။ စာရေးသူဆီမှာ အထောက်အထားအပြည့်အစုံ ရှိပါတယ်။
            နောက်တစ်ခုက ဒေါ်နီနီရဲ့ အကြံပက်စက်မှုပါ။ ကလေးမလေးကို ဆေးရုံလိုက်ပို့ အပြီးမှာ ဓာတ်မှန် အဟောင်းရော အသစ်ပါ ခွင်ဆင်ပြီး ယူသွားတာပါ။ ကလေးမလေးနှင့် အဖော်လိုက်လာသော ဘုန်းကြီးဦးကုဏ္ဍလက ဈေးချိုဝင်ပြီး စာအုပ်ဝယ်နေချိန်မှာ ဒေါ်နီနီက မလေးမလေးကို သိန်းနှစ်ဆယ်နှင့် ညှိမရလို့ ဆူပူကြိမ်းမောင်းပါတယ်။ ပြီးတော့ ကလေးမလေးလက်ထဲက ဓာတ်မှန်တွေလုယူပြီး "ဒါတွေ မလိုတော့ဘူး"ပြောပြီး ကားနောက်ဆုံးခန်းထဲ ပစ်ထည့်လိုက်ပါတယ်။ အပြန်မှာလည်း ကလေးမလေးကားပေါ်က ဆင်းတာနဲ့ တန်းပြီး ကားမောင်းထွက်သွားပါတယ်။ ဓာတ်မှန် အသစ်ရော အဟောင်းပါ ပြန်တောင်းချိန်မရအောင် တမင်လုပ်သွားတာပါ။
            မနေ့က (၁၃-၈-၂၀၁၂) ရုံးမှအပြန် ရပ်ကွက်ကို တောင်းခိုင်းတော့ အသစ်ပဲ ပြန်ပေးပါတယ်။ လက်ကျိုးခေါင်းကွဲစက ရိုက်ထားတဲ့ အဟောင်းတွေကို ပြန်မပေးတော့ပါဘူး။
            ဒေါ်နီနီရဲ့ လုပ်ပေါက်ကြောင့် ရပ်ကွက်လူကြီး ဦးဌေးကျော်ရယ်၊ ရဲမေတစ်ယောက်ရယ်၊ ရဲသားတစ်ယောက်ရယ် အားလုံးက ကလေးမလေးဘက်မှ မခံမရပ်နိုင်ဖြစ်နေလို့ ဓာတ်မှန်ကိစ္စ သက်သေလိုက်ပေးမယ့်အကြောင်း ပွင့်ပွင့်လင်းလင်း ပြောလာကြပါတယ်။
            ပုဒ်မ(၃၂၅)ကို ရှောင်ကွင်းချင်လို့ ဓာတ်မှန်ဖျောက်ဖျက် ပစ်တာ(ပျောက်သလိုလုပ်ပစ်တာ)ပါ။ ပုဒ်မ(၃၂၅)က ခုနစ်နစ်ထိ ထောင်ဒဏ်ချနိုင်ပါတယ်။
            အခုဆို ဒေါ်နီနီဟာ အာမခံလည်း ရသွားခဲ့ပါပြီ။ (၃၂၅)မှ (၃၂၃)တို့ လျှော့ပေါ့ပေးမှုကိုလည်း ရသွားပါပြီ။ မြို့နယ်အဆင့်မှာ (၃၂၅)သက်မှတ်ထားတာပါ။ တိုင်းအဆင့်ရောက်မှ (၃၂၃)အပြောင်းခံခဲ့ရတာပါ။ ခရိုင်ကလုပ်မပေးရဲလို့ တိုင်းကို တင်လိုက်တော့မှ တိုင်းဥပဒေအရာရှိ ဦးရဲအောင်မြင့်က (၃၂၃)လုပ်ပေးခဲ့တာပါ။
            ကလေးမလေးအမှုနှင့် ILO-ကိုအေးသိန်းအမှု တိုက်ဆိုင်နေလို့ စာနယ်ဇင်းသမားတွေ မစုံလင်ခဲ့ပါဘူ။ NLD-သတင်းထောက် ဘကြီးအောင်ရယ်၊ မန္တလေးအလင်းဂျာနယ်မှ ကိုအောင်ပိုက်ရယ်၊ အင်ဒီပန်းဒန့်ဂျာနယ်မှ ကိုနန္ဒရယ် သုံးယောက်ဘဲ လာနိုင်ကြပါတယ်။ ကလေးမလေးဘက်မှာ ကလေးမလေးအမေတောင် ဝင်ခွင့်မရပေမယ့် ဒီသတင်းထောက်သုံးယောက်ကို ဝင်ခွင့်ပေးလို့ တရားသူကြီးကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။
            ကလေးမလေးကို ချိုးချိုးနှိမ်နှိမ် စော်စော်ကားကား မေးနေတာတွေကို စာနယ်ဇင်းသမားတွေကလည်း မကျေနပ်ကြပါဘူး။
            ကလေးမလေးကို ရှေ့နေငှားခွင့်မပေးတာ၊ ရှေ့နေငှားဖို့မမေးတာ၊ အုပ်ထိန်းသူရှေ့မှောက်မှာ မစစ်ဆေးတာ၊ အမှုလက်ခံရုံ၊ အမှုတည်ဆောက်ရုံတင်မဟုတ်ဘဲ တစ်ခါတည်းအပြီးစစ်ဆေးသွားတာတွေကိုလည်း ဥပဒေနားလည်သူများက ဘောင်မဝင်ဘူးလို့ ပြောနေကြသလို ပရိသတ်အားလုံးကလည်း မကျေမနပ်နှင့် ဝေဖန်နေကြပါတယ်။
            ဒေါ်နီနီကတော့ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ပါဘဲ။ သူ့ကိုဓာတ်ပုံရိုက်တဲ့သူတွေ ဘုန်းကြီးတွေကို တရားစွဲဖို့ သူ့အကြောင်းရေးတဲ့ စာနယ်ဇင်းသမားတွေကိုလည်း တရားစွဲဖို့ အဆင်သင့်ပြင်ဆင်ထားကြောင်းသိရပါတယ်။ တကယ်လို့ အခြေအနေမကောင်းတော့ဘူးဆိုရင်လည်း လင်မယားနှစ်ယောက်လုံး DKBA-မှ ဗိုလ်နှုတ်ခမ်းမွှေးကြီးဆီ ပြေးဖို့ ပြင်ဆင်ထား ကြောင်း သိရပါတယ်။
             တနင်္ဂနွေနေ့မှာ ကပ်အကြောင်းကြားပြီး၊ တနင်္လာနေ့မှာ ကပ်ချပေးတာကြောင့်ရယ်၊ ဒေါ်နီနီရဲ့ ဘက်တော်သားထဲက ပြောထားတဲ့ အတိုင်း “ငါတို့က တိုင်းရဲမင်းကြီးအထိ ဝင်ထားတာ၊ ငါတို့ကို တိုင်းအဆင့် ဥပဒေအရာရှိ ဦးရဲအောင်မြင့် ကိုယ်တိုင် ဦးညွန့်လှိုင်ကို ငှါးပေးထားတာ”စတဲ့ အကြောင်းတွေကြောင့်ရယ်၊ တရားရုံးထဲမှာ အိမ်ဖော်မလေးကို စိတ်တိုင်းကျ စကားလုံးတွေနှင့် ညှင်းဆဲနေတာကို ဟန့်ထားနိုင်ခွင့် မရတာရယ်ကြောင့် ဒေါ်နီနီဟာ ကလေးမလေးကို ကာယဗလနှင့် အနိုင်ကျင့်ပြီး နောက်ပိုင်းမှာ ဓနဗလနှင့် အနိုင်ယူဖို့ စနစ်တကျ အကွက်ချ ပြင်ဆင်ထားမှန်း သိသာနေပါတယ်။
            အတ္တကြီးတဲ့ ဓနရှင်တွေရဲ့ ထုံးစံအတိုင်း ပြဿနာကို ငွေနှင့်ရှင်းချင်းနေတာပါ။ ငွေနှင့်အနိုင်ကျင့်နေကျ ဖြစ်လို့ အကျင့်ပါနေတာလို့လည်း ဆိုနိုင်ပါတယ်။
            တိုင်းဒေသကြီး ရှေ့နေချုပ်၊ တိုင်းရဲမင်းကြီးနှင့်၊ မှုခင်းဆရာဝန်၊ ရဲ၊ တရားသူကြီးတွေကိုလည်း ငွေလမ်းခင်းထားမှာ သေချာနေပါတယ်။
ဝီရသူရဲ့နားရွက်ကို တံတွေးလာစွတ်သွားတာပါ။ ဓမ္မနှင့်အဓမ္မအားပြုင်တဲ့ ပွဲကြီးပါ။ ဒီပွဲမျိုး မနွှဲရတာကြာပါပြီ။ နွှဲခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
            ဓမ္မကိုဓနနှင့်အနိုင်ယူလိုသူ
ဓမ္မကို ဓနနှင့် အန်တုလိုသူတွေကို စောင့်ကြည့်ရမှာပါ။
            အဓမ္မက ထာဝရနိုင်ရိုး
အဓမ္မက ထာဝရလွှမ်းမိုးနိုင်တာမျိုး ရှိခဲ့ဖူးပါသလား။
            ယခုလ (၂၂)ရက်နေ့ ရုံးချိန်းရှိပါတယ်။ ကလေးမလေးဘက်မှ ရှေ့နေအဖြစ် ဆောင်ရွက်ပေးမယ့် ဦးဇော်ဟိန်းအောင်(LLB-အထက်တန်းရှေ့နေ)ဟာ မနသဥက္ကဋ္ဌဟောင်း ဦးဇော်ဝင်းရဲ့သား လူငယ်ရှေ့နေဖြစ်ပါတယ်။ လူငယ်ရှေ့နေ ဦးအောင်မျိုးဝင်းကလည်း ဦးဇော်ဟိန်းအောင်နှင့် အတူ မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးမယ့် (LLB-အထက်တန်းရှေ့နေ)တစ်ယောက်ဖြစ်ပါတယ်။
            ကလေးမလေးအမှုနဲ့ ပတ်သက်ပြီး ရှေ့နေဦးထွန်းသိန်း (စိန်ပန်း)က ရှေ့နေဦးဇော်ဟိန်းအောင်အား ငွေကျပ်တစ်သိန်း၊ စာရေးသူအား ငွေကျပ်တစ်သိန်း၊ ကလေးမလေးအား ငွေကျပ်ငါးသောင်း လှူထားပါတယ်။ စာရေးသူအတွက် လှူတဲ့ငွေကျပ်တစ်သိန်းကို ကလေးမလေးအမှုအတွက်ပဲ သုံးစွဲသွားမှာ ဖြစ်ပါတယ်။
            ခုံအမှတ်- မဟာအောင်မြေ(တွဲ-၂၊ အထူးအာဏာ)
            တရားသူကြီး- ဒေါ်နွယ်နီဦး
            အစိုးရရှေ့နေ- ဒေါ်သင်းသဇင်
            လိုပြ သက်သေ ဒေါ်သီတာ၊ ဒေါ်သိန်းသိန်း ဒေါ်သန်းသန်း၊ ဦးစန်းထွေး
            ဒီအမှုနှင့်ပက်သက်သမျှ နှစ်ဘက်လုံး၏ အခြေအနေမှန်ကို သိလိုပါက။
            ဦးဇော်ဟိန်းအောင်(LLB) ဖုန်း- 09-402607317
            ဦးအောင်မျိုးဝင်း(LLB) ဖုန်း- 09-43170352
            ဒေါ်သိန်းသိန်း(စိန်ပန်း) ဖုန်း- 02-65189
            ဒေါ်နီနီ(တရားစွဲခံရသူ) ဖုန်း- 09-2057333
            (ဓနဂုဏ်မောက်တဲ့ ဒေါ်နီနီတစ်ယောက် ရုန်းထွက်လို့ လွတ်မြောက်နိုင်ပါစေ)
            ဦးပဉ္စင်း
            ဝီရသူ(မစိုးရိမ်)
            ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်၊ မန္တလေး
Email.wirathu2012@gmail.com
15-8-2012
တိုင်စာပူးတွဲ

သို့/
            ဒကာကြီးဦးစိုးသိန်း
            တိုင်းဒေသကြီး တရားလွှတ်တော်ချုပ်
            တိုင်းဒေသကြီး တရားလွတ်တော်ချုပ်ရုံး
            မန္တလေး။                                                                                   ရက်စွဲ။  ။သြဂုတ်လ၊၁၆-ရက်၊ ၂၀၁၂-ခုနှစ်          
           
အကြောင်းအရာ။        ။မဟာအောင်မြေမြို့နယ်၊ တရားရုံးတွင် ၁၃-၈-၂၀၁၂-နေ့၌ကလေးလုပ်သား မတင်နီလာအေး၏ အမှုကို ရှေ့နေငှားခွင့်မရဘဲ ရုံးတင်သောနေ့တွင်ပင် ဇွတ်တရွက် အဓမ္မ တစ်ဖက်သက် စစ်ဆေးခဲ့ခြင်းကို၊ ဥပဒေနဲ့ အညီတရားမျှတမှု၊ မှန်ကန်မှု ရှိစေရန်အတွက် ပြန်လည်စစ်ဆေးပေးရန် မေတ္တာရပ်ခံခြင်း။

၁။        ကလေးလုပ်သား မတင်နီလာအေး(၁၄)နှစ် အရွယ်ရှိသူကို အိမ်ရှင်မှ အလုပ်စဝင်သည့်နေ့မှစ၍ နေ့စဉ်နှင့်အမျှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုများ၊ ကိုယ်ထိလက်ရောက် အကြိမ်ကြိမ်ပြုလုပ်ခဲ့သဖြင့် ကလေးလုပ်သား မတင်နီလာအေး မှာ ဒဏ်ရာတွေ ခန္ဓာကိုယ်တစ်ခုလုံးတွင် အမြောက်အများ ရရှိခံစားနေရသည်မှာ ရပ်ကွက်သူ/ရပ်ကွက်သားအားလုံး၏ ပြောပြလျှောက်ထားချက်များအပြင် ကလေးလုပ်သား မတင်နီလာအေးကို ကြည့်ရှုရာတွင်လည်း ဘုန်းကြီးတို့ကိုယ်တိုင် ဒဏ်ရာဒဏ်ချက် အသစ်အဟောင်းများ မြင်တွေ့ရသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရပါသည်။
၂။        ဤအခင်းဖြစ် ကိစ္စနှင့်ပတ်သက်၍ မတင်နီလာအေးနှင့် ရပ်မိ/ရပ်ဖတို့မှ အမှတ်(၇)ရဲစခန်းတွင် (၅-၇-၂၀၁၂)နေ့၌ အမှုဖွင့်တိုင်ကြားခဲ့သည်။ ၄င်းအမှုအား ရဲမှစစ်ဆေးဆောင်ရွက်ပြီး မြို့နယ်ဥပဒေရုံးသို့ အကြံပေးချက် တောင်းခံရာ၊ မြို့နယ်ဥပဒေရုံးမှ ခရိုင်ဥပဒေရုံးတင်၊ ခရိုင်ဥပဒေရုံးမှ တိုင်းဥပဒေရုံးတင်ပြီး အမှုကို ကြံ့ကြာအောင် ဆောင်ရွက်ထားရာမှ ရုတ်တရက်(၁၃-၈-၂၀၁၂)ရက်နေ့တွင် မြို့နယ်တရားရုံးတွင် အမှုတင်မည်ဟု-ဆိုကာ ကလေးလုပ် သား မတင်နီလာအေးအား အမှုတင်သည့်နေ့တွင်ပင် ရှေ့နေငှားခွင့်မရ၊ ရှေ့နေငှားဦးမလား-ဟူ၍လည်း မမေးဘဲ နေ့ချင်းပြီး အမှုကို တဖက်သတ် စစ်ဆေးခဲ့ပြီး တရားခံ၏ ရှေ့နေကိုသာလျှင် ရုံးမှ တရားသူကြီးမက ဖေဘာပေးပြီး ကြိုက်သလို၊ လိုသလို၊ မေးမြန်းခိုင်းပြီး ရုံးချိန်း ချိန်းလိုက်သည်ဟု-ကြားသိရသည်၊ ၄င်းဖြစ်ရပ်သည် တရားမျှတ မှန်ကန်မှု မရှိဘဲ တဖက်သတ်ဆောင်ရွက်ရာရောက်သည်။
သို့ပါ၍ မဟာအောင်မြေမြို့နယ် တရားရုံးတွင် စစ်ဆေးနေသော ကလေးလုပ်သား မတင်နီလာအေး၏ အမှုကို ဥပဒေနှင့်အညီ တရားမျှတမှန်ကန်မှု ရှိစေရေး ပြန်လည်စစ်ဆေးပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်
မန္တလေး။

ဘကြီးသက်
Unknown at 5:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်အရေးကိစ္စ တက်ကြွလှုပ်ရှားသူအချို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်

ရခိုင်အမျိုးသား ကွန်ရက်အဖွဲ့မှ ရခိုင်အရေး သဘောထား ထုတ်ဖေါ် ဆန္ဒပြ၊ ဇွန်လဆန်းမှ စတင်၍ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများ၊ မငြိမ်မသက်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာ အန်ဂျီအိုများ လူ့အခွင့်အရေး အဖွဲ့အစည်းများက ရခိုင်ပြည်သူများ အပေါ် ခွဲခြားဆက်ဆံခြင်း မပြုစေရန် ရခိုင်အမျိုးသား ကွန်ရက်ဟု ခေါ်ဆိုသည့် အဖွဲ့မှ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခဲ့ကြသည်။











မိုးမခ
ဘကြီးသက်
Unknown at 5:24 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်ကွန်ပြူတာ တက္ကသိုလ်ကျောင်းသား သမဂ္ဂ ဖွဲ့စည်း

ရန်ကုန်ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားတွေရဲ့ ပထမဆုံး သမဂ္ဂအဖွဲ့ကို ကျောင်းသူကျောင်းသား (၅၀) ကျော်နဲ့ မနေ့က စတင်ဖွဲ့စည်းလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။
Wikipedia
ရန်ကုန် ကွန်ပြူတာတက္ကသိုလ် ပင်မ အဆောက်အဦ ဖြစ်ပါသည်။
ရန်ကုန် ကွန်ပြူတာ တက္ကသိုလ် ဖွဲ့စည်းခြင်းနဲ့ သမဂ္ဂခွတ်ဒေါင်းအလံ ပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်က အိမ်တစ်အိမ်မှာ မနေ့ မနက်ပိုင်းက ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အခမ်းအနားကို ကွန်ပျူတာ တက္ကသိုလ် ကျောင်းသားပေါင်း (၅၀) လောက် အပါအ၀င် တခြားတက္ကသိုလ် အသီးသီးက ကျောင်းသားသမဂ္ဂ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့တယ်လို့ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီက ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုစည်သူမောင်က RFA ကို အခုလို ပြောပါတယ်။
"မနေ့က ၁၇ ရက်နေ့မှာ ရန်ကုန် ကွန်ပြူတာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို စတင် ဖွဲ့စည်းဖြစ်တယ်။ ဖွဲ့စည်းပြီး ဖြစ်တဲ့ တခြား တက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်တွေလည်း လာတက်ကြတယ်။ ရန်ကုန်စီးပွားရေး တက္ကသိုလ် သမဂ္ဂ၊ ဒဂုံ တက္ကသိုလ် သမဂ္ဂက အမှုဆောင်တွေလည်း လာတက်ကြတယ်။"
မကြာသေးမီ ရက်ပိုင်း အတွင်းကလည်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဖြစ်မြောက်ရေး ကော်မတီကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်လုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကို ထားဝယ်နည်းပညာ တက္ကသိုလ်၊ ထားဝယ် ၀ိဇ္ဖာသိပ္ပံတက္ကသိုလ်နဲ့ ထားဝယ် ကွန်ပျူတာ တက္ကသိုလ် စတဲ့ တက္ကသိုလ်(၃) ခု ပေါင်းပြီး ကျောင်းသူကျောင်းသား (၈၀) ကျော်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။
 RFA
ဘကြီးသက်
Unknown at 5:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းမည့် စီမံကိန်းလာပြီ


From : Flower News Journalရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် စီမံကိန်းဖြင့် စတင်ဆောင်ရွက်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို မြို့နယ် ၁၄ ခုတွင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ရာတွင်လည်း ယာဉ်ကြော ပိတ်ဆို့မှုနှင့်အတူ ယာဉ်တိုက်မှု လျော့နည်းစေရန်ကိုလည်း ပူးတွဲ ဆောင်ရွက်သွားမည်ဟု မထသ (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီက အဓိက လုပ်ဆောင်သွားမည် ဟုသိရသည်။ ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီသည် ယာဉ်တိုက်မှု လျော့နည်း ကျဆင်းရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများကို အဓိက လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“အခုဆို ယာဉ်တိုက်မှုတွေ၊ ယာဉ်ကြော ပိတ်ဆို့မှုတွေက တစ်လနဲ့တစ်လ လျော့မသွားဘဲ တိုးတိုးလာတယ်။ ပြီးတော့ ယာဉ်ကြော ပိတ်ဆို့မှုတွေကြောင့် နေ့စဉ် အလုပ်သွားနေတဲ့ အလုပ်ဝန်ထမ်းတွေ၊ ခရီးသွား ပြည်သူတွေအတွက် အခက်အခဲတွေ အများကြီး တွေ့ရတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသ အတွင်းမှာ မြို့နယ် ၁၄ နေရာကို ရွေးပြီးတော့ အဓိက လုပ်ဆောင်သွားမယ်။ ဘယ်မြို့နယ်တွေလဲ ဆိုတာတော့ အခု လောလောဆယ် တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ အခုလုပ်မယ့် စီမံကိန်းကိုတော့ အမြန်ဆုံး အကောင်အထည် ဖော်သွားမှာပါ” ဟု ယင်းက ဆက်လက် ပြောကြားသည်။ ယခုအခါ ယဉ်ကြောပိတ်ဆို့မှုမှာ ယခင်ထက် ပိုမိုဖြစ်ပွားလျှက်ရှိပြီး ယခင်က ယာဉ်ကြောပိတ်ဆို့မှု မရှိခဲ့သော နေရာအချို့တွင် အချိန်ကြာမြင့်စွာ ပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

“အခုဆို အလုပ်ဆင်းရတာ အဆင်မပြေဘူး။ အရင်က အလုပ်သွားမယ်ဆို ဥပမာ အလုပ်ချိန်က ၉ နာရီဆိုရင် ၈ နာရီလောက် ထပြီးသွားရတာ၊ အခုတော့ အဲဒီလို မဟုတ်ဘူး။ မနက် ၅ နာရီလောက်ထ ချက်ပြုတ်ပြီးတော့ ၇ နာရီလောက်သွားမှ အလုပ်ချိန်မှီတယ်” ဟု အင်းစိန်မှ ဆူးလေသို့ နေ့စဉ်သွားနေသူ အလုပ်ဝန်ထမ်း တစ်ဦးက သူ့အမြင်ကို ပြောသည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း ယာဉ်တိုက်မှု ကိုးမှု၊ ယာဉ်တိမ်းမှောက်မှု ကိုးမှု၊ သေဆုံးသူ ခြောက်ဦးနှင့် ဒဏ်ရာရသူ ၄၉၈ ဦးဖြစ်ကြောင်း မထသဗဟိုမှ ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောသည်။
Myanmar Express

ဘကြီးသက်
Unknown at 5:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လယ်သမား ၊ အလုပ်လက်မဲ့ ၊ အသေးစားစီးပွားရေး နှင့် ခရိုနီများ


မြေယာပိုင်ဆိုင်မှု ၊ တရားမ ဥပဒေတွေဟာ အလွန် ရှုပ်ထွေးအောင်လုပ်ထားတာရယ် ၊ မြန်မာနိုင်ငံရဲ့ တောင်သူတွေရဲ့ မြေယာပိုင်ဆိုင်တဲ့ ပုံစံတွေဟာ ရှုပ်ထွေးနေလို့ လယ်ယာမြေကိစ္စ ဆောင်းပါးတွေ သေချာ မဖတ်ကြည့်ဖြစ်ပါဘူး ။
မြေယာပိုင်ဆိုင်သူဟာ မိဘဘိုးဘွားလက်ငုတ်လက်ရင်း ဆိုပေမဲ့ ထို မိဘဘိုးဘွားများက သစ်တောကြိုးဝိုင်းမြေကို ၀င်ရောက်လုပ်ကိုင်ရင်း မြေစာရင်း ဦးစီးဌာနက အမည်ပေါက်အောင်လုပ်ပေးထားတာလား ၊ မြေလွတ်မြေရိုင်း သတ်မှတ်ထားတဲ့ နေရာမှာ လုပ်ကိုင်ရင်း အဆင်ပြေလို့ မြေစာရင်းကို ငွေပေး အမည်ဖော်ထားတာလား ဆိုတာတွေက အတော် ရှင်းရခက်တဲ့ အရာတွေပါ ။ သေချာတာတခုကတော့ မြန်မာနိုင်ငံက လယ်လုပ်သူဟာ လယ်ယာပိုင်ဆိုင်ခွင့် မရှိဘူးဆိုတာပါပဲ ။ အစိုးရမြေကို ဌားယူလုပ်ကိုင်တယ် ၊ ဒီအတွက် အစိုးရကို အခွန်အခပေးရတယ် ။ ဒါဟာ အင်္ဂလိပ်ခေတ်က လုပ်ခဲ့တဲ့ လုပ်ကိုင်ခွင့်ပုံစံ ကို အမွေဆက်ခံထားတာပါ ။ ဒီလိုအကြောင်းတရားတွေကြောင့် အစိုးရက လယ်မြေ ၊ ခြံမြေ ၊အိမ်ယာမြေတွေ သိမ်းရင် ဘာမှ မပြောနိုင်ဘဲ ငြိမ်ခံနေခဲ့ကြရပါတယ် ။ တကယ် တရား ရင်ဆိုင်တဲ့ အခါမှာလည်း သူတို့ဘက်က အားသာတဲ့ ဥပဒေတွေနဲ့ အမိန့်ချလေ့ရှိတော့ တောင်သူဘက်က ရှုံးတာပဲ များပါတယ် ။ နစ်နာကြေးတောင်မရဘဲ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ် ။

ဒီလို မြေယာတွေ တရားမ၀င် ပိုင်ဆိုင်နိုင်အောင် လုပ်တာလည်း မြေစာရင်းက ၀န်ထမ်းတွေရဲ့ အကျင့်ပျက်မှုတွေက စတင်ခဲ့တာပါ ။ အခု သိမ်းတော့လည်း ဒီအကြောင်းပြချက်တွေနဲ့ပဲ ပြန်သိမ်းမယ် ထင်ပါတယ် ။ မြေတွေကို သိမ်းတာက တကယ်တော့ အစိုးရက သိမ်းတယ်ဆိုတာထက် ၊ ခရိုနီတွေက အစိုးရနဲ့ ပူးပေါင်းပြီး သိမ်းတာများပါတယ် ။ မြို.သစ်ဆောက်တာတို့ ၊ ကျေးရွာ တိုးချဲ.တာတို့ အတွက်  ယခင်က လယ်မြေ ၊ ယာမြေတွေကို သိမ်းတာ ရှိခဲ့ဘူးပါတယ် ။ ဒါပေမဲ့ လယ်ယာ အသိမ်းခံရတဲ့သူတွေက အိမ်ဝိုင်းကွက်တွေ ပြန်ရတဲ့ အပြင် နစ်နာကြေးလည်း များများ စားစား ရလေ့ရှိပါတယ် ။ အခုအသိမ်းခံနေရတဲ့ပုံစံတွေကတော့ နစ်နာကြေးလည်းကောင်းကောင်းမရ အစားထိုးလည်း ပြန်မရကြတော့ တောင်သူတွေ မခံမရပ်နိုင် ဖြစ်နေကြပုံပါ ။ 

သူတို့ဘက်က အကြောင်းပြချက်က စံနစ်တကျ စက်မှုလယ်ယာတည်ထောင်ပြီး ၊ စံနှုံးကောင်း ဆန်စပါးကို နိုင်ငံတကာကို တင်ပို့ဖို့ဆိုတဲ့ အကြောင်းပြချက်လည်းပါလိမ့်မယ် ။ ဒီလို ဖြစ်နေတာကို ရပ်အောင် လုပ်တဲ့နည်းကတော့ မြန်မာနိုင်ငံ စီးပွားရေးကောင်းရင် ခရိုနီတွေ နဲ့ အစိုးရဟာ ဒီလယ်မြေပေါ်မှာ မျက်စိကျတော့မှာ မဟုတ်ပါဘူး ။ ဒါမှမဟုတ်ရင် ဒီခရိုနီကို တိုက်ထုတ်တဲ့နည်းကို သုံးရပါမယ် ။ နိုင်ငံမှာ ခရိုနီနဲ့ စစ်အာဏာရှင် ရောင်းစားလို့ သစ်တောထွက် ပစ္စည်းကလည်း မရှိသလောက်ကုန်ပြီ ၊ မြေအောက် ကျောက်မြက်ကလည်း တူးရောင်းစားတာ ကုန်ပြီဆိုတော့ ခရိုနီတွေဟာ လယ်ယာ ဖက်ကို မျက်စ ပျစ်လာတာပါ ။ ရေနံနဲ့ ဓာတ်ငွေ.ကျပြန်တော့လည်း အရင်းအနှီးကြီးပြီး နည်းပညာက ခက်ခဲတော့ သူတို့ မလုပ်ရဲကြဘူး ။ ခရိုနီတွေရဲ့ အကြံကုန် ဆားချက်တဲ့ ကိစ္စ သက်သက်သာဖြစ်ပါတယ် ။ လယ်မြေအနည်းငယ်သာ ပိုင်ဆိုင်ကြတဲ့သူတွေ ဖြစ်လို့ လယ်တွေ အသိမ်းခံရရင် ခြေလက်ကျိုးတဲ့သူလိုပဲ ၊ ဒါလေးပဲ လုပ်စားတတ် ၊ လုပ်စရာရှိတာ ဆိုတော့ ဒုက္ခရောက်ကုန်တော့တာပဲ ။ 

မြန်မာနိုင်ငံမှာ တောင်သူလယ်သမားတွေရဲ့ ပိုင်ဆိုင်မှုဟာ လယ်သမားတဦးလျှင် ပျမ်းမျှ ၅ဧက မှ ၁၀ အတွင်း ပိုင်ဆိုင်ကြပါတယ်။ မိုးမှန်လျှင် တနှစ် ၊ တဧကကို စပါးတင်း ၆၅ ၀န်းကျင် ထွက်ပါတယ် ။ စုစုပေါင်း စပါးတင်း ၃၀၀ မှ ၆၀၀ အတွင်း စုစောင်းမိပါတယ် ။အလုပ်သမားခက စပါး တင်း ၁၀၀ ခန့် ပေးရပါမယ် ။ သားသမီး ၃ ယောက်ရှိတဲ့ မိသားစုဟာ တက္ကသိုလ်နေ့ကျောင်း မပို့နိုင်ပါဘူး ။ သုံးယောက်ထက်ပိုတဲ့ မိသားစုဆိုရင် ပိုခက်ပါတယ် ။ ဒါဟာ လယ်ပိုင်တဲ့ လယ်သမားတယောက်ရဲ့ ဘ၀ပါ ။ သူရင်းငါး ၊ ပျိုးတုန်းပြစ် လုပ်စားရတဲ့ လယ်မပိုင်တဲ့ တောင်သူတွေလည်း ရှိပါသေးတယ် ။ သူတို့ဆိုရင် သားသမီးတွေဟာ ၁၀ တန်းပညာထိ သင်ယူဖို့ဆိုတာ တော်တော် မလွယ်ကူတဲ့အရာပါ ။ ကျေးရွာတိုင်းမှာ အထက်တန်းကျောင်း မရှိ ၊ ရှိပြန်တော့လည်း ဆရာမလုံလောက်တော့ မြို.ကျောင်းတက်သွားတက်ရ ၊ မြို.ကျောင်းရောက်တော့လည်း ကျူရှင်သင်တဲ့ ဆရာနဲ့တွေ.၊ ကုန်ကျစရိတ်တွေဟာ အဘက်ဘက်က ဖြစ်နေတဲ့အတွက် အထက်တန်းပညာ သင်ယူဖို့တောင် တော်တော် မလွယ်ကူတဲ့ ကိစ္စလိုဖြစ်နေပါတယ်။

ဒီနေ့ ပြောနေတဲ့ လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့ ပြောင်းလဲရာမှာ အားလုံး အသိပညာရှိကြပါတယ် ။ လက်တွန်းထွန်စက် ၊ စပါးစိုက်စက် ၊ စပါးခြွေလှေ.စက်တွေ ၀ယ်ယူဖို့ အပို ငွေမရှိလို့ မ၀ယ်နိုင်ကြဘူး။ ဘာလုပ်ရမယ်ဆိုတာ သိလျှက်နဲ့ ၀ယ်ယူဖို့ ငွေပိုမရှိကြဘူး ။ တကယ်လို့ စက်မှုပစ္စည်းတွေ ၀ယ်နိုင်လျှင်တောင်မှ အလုပ်သမားခ ထက်ဝက်သက်သာရုံပဲ ရှိပါတယ် ။ ထိုစက်ကိရိယာကို ကျွမ်းကျင်စွာ ကိုင်တွယ်တတ်ဖို့ လိုအပ်မယ် ။ ပျက်ဆီးရင် ပြင်ဆင်တတ်ရမယ် ။ စက်ပစ္စည်း အသစ်ဝယ်ရမယ် စတဲ့ ဘေးထွက် ဒုက္ခတွေကလည်းရှိနေပြန်ပါတယ် ။ ထူးပြီး မတိုးတက်ပါဘူး ။ ကျွန်တော်ဆိုလိုချင်တာက လက်မှုလယ်ယာမှသည် စက်မှုလယ်ယာသို့ ပြောင်းလဲရုံနဲ့ တောင်သူလယ်သမားတွေ ဘ၀ဟာ ထူးခြားတိုးတက်ပြောင်းလဲ သွားမှာ မဟုတ်ပါဘူး ။

ခရိုနီတွေက လယ်မြေတွေကို သိမ်းယူပြီး ပိုမိုကောင်းမွန် တိုးတက်သော နည်းပညာများဖြင့် လယ်ယာ စိုက်ပျိုးပါစေ ၊ နိုင်ငံခြားကို ဆန်စပါးကောင်းတွေ ရောင်းချနိုင်ရုံနဲ့ ပြည်သူတွေ ဘာမှ ပြောင်းလဲမှာ မဟုတ်ဘဲ ခရိုနီတွေသာ ဘီလျံနာတွေဖြစ် ကုန်မှာပါ ။ လယ်ယာထွက်ကုန်တွေ နိုင်ငံတကာယှဉ်နိုင်အောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ လယ်ယာတွေ သိမ်းနေတာတွေဟာ လက်တွေ.ကျတဲ့ ဖြေရှင်းနည်းတခုတော့ မဟုတ်ပါဘူး ။

အဓိကပြောင်းလဲရမှာက နိုင်ငံတော် ၀င်ငွေ တိုးတက်ကောင်းမွန်လာပြီး ၊ ပြည်တွင်း ငွေကြေးတန်ဘိုးမြင့်တက်ပြီး နိုင်ငံတကာငွေကြေးကို ယှဉ်နိုင်မှ တောင်သူလယ်သမားတွေရဲ့ ဘ၀ဟာ တိုးတက်နိုင်ပါမယ် ။ ပိုမိုကောင်းမွန်တဲ့ စပါးမျိုးတွေကို တောင်သူတွေကို ချပေးပြီး ၊ နိုင်ငံတကာ စံချိန်မှီ စပါးတွေထွက်ပြီး နိုင်ငံခြားတင်ပို့မှုတွေ မြင့်တက်လာလည်း တောင်သူတွေ ၀င်ငွေဟာ သူတို့ပိုင်ဆိုင်တဲ့ လယ်မြေအနည်းငယ်ကနေ ဘ၀တခုပြောင်းလဲသွားဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး  ။ အစိုးရအနေနဲ့ ကျွဲနွား တိရီစ္ဆာန် ကာကွယ်ဆေးတောင် ပုံမှန် မထိုးပေးနိုင်တဲ့ အနေအထားမှာ တောင်သူလယ်သမားတွေဟာ ဘယ်လိုမှ လူတန်းစေ့နိုင်မှာ မဟုတ်ပါဘူး ။ ဒါဟာ ရာသီဥတို ပုံမှန် အနေအထားမှာ တွက်ထားတာပါ။ မိုးများလို့ ၊ မိုးခေါင်လို့ ၊ လယ်အသိမ်းခံရလို့ ဆိုတာတွေ မပါပါဘူး ။ ဒီလို သဘာဝဘေးဒဏ်တွေ ကျရောက်တဲ့နှစ်တွေမှာ တောင်သူတွေ ငွေတိုးနဲ့ ချေးယူစားသောက်ရင်း အကြွေးသံသရာထဲ ၀ဲလည်ရပါသေးတယ် ။ တနေရာထဲကွက်ပြီး တောင်သူလယ်သမားတွေ ဘ၀မြှင့်တင်ရေး ဆိုရုံလောက်နဲ့တော့ လူမွေးလူတောင် ပြောင်လာမဟုတ်ပါဘူး ။

နိုင်ငံတော်အနေနဲ့ ဘဏ်စံနစ်ကို ဖွံ.ဖြိုးတိုးတက်အောင်လုပ်ပြီး ၊ ချေးငွေစံနစ် (loan) နှင့် အပေါင်ထားချေးငွေ (mortgage) စံနစ်တွေကို သေချာ အကောင်အထည်ဖော်မယ်ဆိုရင် အသေးစား စီးပွားရေးလုပ်ငန်းများ ၊ အိမ်တွင်းမှု လုပ်ငန်းတွေဟာ တဟုန်ထိုး တိုးတက်လာမှာ မလွဲပါဘူး ။ လယ်ယာမြေတွေကို လိုက်လံ သိမ်းစည်းနေမဲ့ အစား ထုတ်ကုန်ပိုင်း ဖွံ.ဖြိုးအောင် အသေးစား အလတ်စား ထုတ်ကုန်လုပ်ငန်းတွေကို အားပေးကူညီနိုင်ရပါမယ် ။  နိုင်ငံထုတ်ကုန်တွေ နိုင်ငံတကာဈေးကွက် ၀င်ရောက်နိုင်အောင် နည်းပညာကအစ ကူညီရပါမယ် ။ မရှိဆင်းရဲသား တောင်သူတွေ ပိုင်ဆိုင်သမျှ လိုက်လံသိမ်းဆည်းပြီး နိုင်ငံတော် ဖွံ.ဖြိုးရေး စီမံကိန်းဆိုတာ မဖြစ်နိုင်တဲ့ အရာတခုပါ ။

မြန်မာနိုင်ငံမှာ လူတန်းစား နှစ်မျီုးထဲ ရှိတယ်လို့တောင် ပြောလို့ရမဲ့ အနေအထားဖြစ်နေတယ် ။ လူလတ်တန်းစားဆိုတာ မရှိသလောက် ရှားလာတယ် ။ 
 လူလတ်တန်းစား ဆိုသူတွေဟာ မန္တလေးနဲ့ နယ်မြို. အချို.မျာတော့ တော သူဌေးတွေ အဖြစ် ထင်ထင်ရှားရှား ရှိပေမဲ့ လူဦးရေ ၆ 
သန်းကျော်နေထိုင်တဲ့ ရန်ကုန်မြို.မှာတော့ လက်လုပ်လက်စား ၊ ဈေးသည် နဲ့ ၀န်ထမ်းအများစု ဖြစ်နေတယ် ။လူငယ်တွေ တက္ကသိုလ်က ဘွဲ.ရပြီဆိုရင် သူတို့ဘ၀က တနည်းနည်းနဲ့ ကိုယ်တိုင် ထိမ်းကျောင်းဖို့ လိုလာပြီမဟုတ်လား ။ အများစုကတော့ 
ကုမ္မဏီတွေမှာ အလုပ်လုပ်ဖို့ ကျိုးစားကြပေမဲ့ လုံ လောက်တဲ့ အလုပ်မရှိတော့ အလုပ်လက်မဲ့ဘ၀နဲ့ အချိန်ကုန် ၊ ကိုယ်ပိုင်လုပ်ငန်းငယ်ကလေးတွေ လုပ်ဖို့ ဆိုတာကလည်း မိဘက ရင်းနှီးမတည်မှု မလုပ်ပေးနိုင် ၊ နိုင်ငံခြားထွက်ဖို့ဆိုတာကလည်း ကိုယ့်မှာက ကျွမ်းကျွမ်းကျင်ကျင်  တတ်မြောက်ထားတာ ဘာမှ မရှိ ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးနေကြတယ် ။ 

ဒီလို လူငယ်တွေ ဘ၀တွေ လမ်းပေါ်မှာ ကုန်ဆုံးနေရခြင်း အကြောင်းတရားတွေထဲက တခုကတော့ လူတန်းစား ကွာဟမှုကြောင့်ပါပဲ ။ 
 လူတန်းစားကွာဟတယ်ဆိုတာ လူလတ်တန်းစား ဖြစ်တဲ့ ကိုယ်ပိုင် တပိုင်တနိုင် လုပ်ငန်းရှင်များ မရှိသလောက် ရှားပါးနေရခြင်းကို ဆိုလိုပါတယ် ။ ကုမ္မဏီကြီးတွေဟာ ကျွမ်းကျင် ၀န်ထမ်းတွေကို ပိုမိုအလိုရှိတတ်ကြပေမဲ့ လုပ်ငန်းငယ်လေးတွေကတော့ အလုပ်သင်တွေကို ပိုမိုခန့်ထားနိုင်ပါတယ် ။ အလယ်လတ်တန်းစားလုပ်ငန်းများ အသေးစားလုပ်ငန်းဖြစ်တဲ့ အိမ်တွင်းမှုလုပ်ငန်းများကို ဖန်တီးနိုင်မှသာ လူတန်းစားကွာဟမှုကို ဖြည့်ဆီးနိုင်မှာ ဖြစ်ပါတယ် ။ဒီလို လုပ်ငန်းငယ်လေးတွေ ထွန်းကားလာရင် အရင်းရှင် လက်ဝါးကြီးအုပ်မှုကိုလည်း တွန်းလှန်နိုင်လာပါလိမ့်မယ် ။ မိသားစုတွေရဲ့ ဖွံ.ဖြိုးမှုကွာဟချက်ကလည်း သိပ်မကွာတော့ဘူး ။ လုပ်ငန်းတွေများလာတော့ အလုပ်လက်မဲ့တွေလည်း လျော့ကျလာမယ် ။ တနိုင်ငံလုံး ဘက်စုံ ဖွံ.ဖြိုးမှသာ အားလုံးဟာ လူတန်းစေ့နိုင်မှာပါ။

ဝန်ထမ်းတွေကို လစာတိုးပေးရင် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြောင့် လက်လုပ်လက်စားနဲ့ တောင်သူတွေ ဒုက္ခ ရောက်ရသလို ၊ လယ်ယာကဏ္ဍဖွင့်ဖြိုးလာလို့ ဆန်စပါးဈေးကောင်းပြန်ရင်လည်း မြင့်တက်လာမဲ့ ဆန်စပါးဈေးနှုန်းကြောင့် လက်လက်လက်စားနဲ့ ကုမ္မဏီ ၀န်ထမ်းတွေဟာ ဒုက္ခရောက်ရပြန်တာပါပဲ ။  နိုင်ငံတခုရဲ့ ဖွဲ.စည်းပုံဟာ တခုနဲ့ တခု မှီတည်နေတာဖြစ်လို့ စိတ်ကောင်း စေတနာမှန်တဲ့ အစိုးရတရပ်သာ အရေးအကြီးဆုံးပါ ။ ဒီမိုကရေစီ စံနစ်ရဲ့ စံနှုန်းစံထားတွေ အပေါ်မှာ ရပ်တည်နိုင်ရင် သဘာဝရင်းမြစ် ပေါကြွယ်လှတဲ့ မြန်မာနိုင်ငံဟာ အာရှနိုင်ငံတွေကို မကြာမှီ ရင်ဘောင်တန်းနိုင်မှာ မလွဲပါဘူး ။ ပြည်သူတွေကို စကားလုံးတွေနဲ့ မှိုင်းတိုက်နေကြမဲ့အစား လက်တွေ.ကျတဲ့ လုပ်ရပ်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ကြဖို့ လိုအပ်နေပါပြီ ။ စစ်မှန်တဲ့ စေတနာသာရှိကြရင်ဖြင့် ရေမြင့်တော့ ကြာတင့်ဆိုသလိုပဲ အများလက်ခံနိုင်မဲ့ ဥပဒေ၊မူ၊စံနစ်တွေနဲ့ ပြည်သူတွေဘ၀ ဟာလည်း အလိုလို မြင့်တက်လာမှာ မလွဲပါဘူး ။

ရဲသူရိန်မင်း
GMT 05:53
19.08.2012


  lu bo

ဘကြီးသက်
Unknown at 5:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.