Sunday, August 19, 2012

ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းမည့် စီမံကိန်းလာပြီ


From : Flower News Journalရန်ကုန်တိုင်း ဒေသကြီးတွင် ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် စီမံကိန်းဖြင့် စတင်ဆောင်ရွက်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ စီမံကိန်းကို မြို့နယ် ၁၄ ခုတွင် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကဲ့သို့ ဆောင်ရွက်ရာတွင်လည်း ယာဉ်ကြော ပိတ်ဆို့မှုနှင့်အတူ ယာဉ်တိုက်မှု လျော့နည်းစေရန်ကိုလည်း ပူးတွဲ ဆောင်ရွက်သွားမည်ဟု မထသ (ဗဟို) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီက အဓိက လုပ်ဆောင်သွားမည် ဟုသိရသည်။ ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီသည် ယာဉ်တိုက်မှု လျော့နည်း ကျဆင်းရေးနှင့် ယာဉ်ကြောပိတ်ဆို့မှုများကို အဓိက လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“အခုဆို ယာဉ်တိုက်မှုတွေ၊ ယာဉ်ကြော ပိတ်ဆို့မှုတွေက တစ်လနဲ့တစ်လ လျော့မသွားဘဲ တိုးတိုးလာတယ်။ ပြီးတော့ ယာဉ်ကြော ပိတ်ဆို့မှုတွေကြောင့် နေ့စဉ် အလုပ်သွားနေတဲ့ အလုပ်ဝန်ထမ်းတွေ၊ ခရီးသွား ပြည်သူတွေအတွက် အခက်အခဲတွေ အများကြီး တွေ့ရတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသ အတွင်းမှာ မြို့နယ် ၁၄ နေရာကို ရွေးပြီးတော့ အဓိက လုပ်ဆောင်သွားမယ်။ ဘယ်မြို့နယ်တွေလဲ ဆိုတာတော့ အခု လောလောဆယ် တိတိကျကျ မပြောနိုင်သေးပါဘူး။ ဒါပေမဲ့ အခုလုပ်မယ့် စီမံကိန်းကိုတော့ အမြန်ဆုံး အကောင်အထည် ဖော်သွားမှာပါ” ဟု ယင်းက ဆက်လက် ပြောကြားသည်။ ယခုအခါ ယဉ်ကြောပိတ်ဆို့မှုမှာ ယခင်ထက် ပိုမိုဖြစ်ပွားလျှက်ရှိပြီး ယခင်က ယာဉ်ကြောပိတ်ဆို့မှု မရှိခဲ့သော နေရာအချို့တွင် အချိန်ကြာမြင့်စွာ ပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

“အခုဆို အလုပ်ဆင်းရတာ အဆင်မပြေဘူး။ အရင်က အလုပ်သွားမယ်ဆို ဥပမာ အလုပ်ချိန်က ၉ နာရီဆိုရင် ၈ နာရီလောက် ထပြီးသွားရတာ၊ အခုတော့ အဲဒီလို မဟုတ်ဘူး။ မနက် ၅ နာရီလောက်ထ ချက်ပြုတ်ပြီးတော့ ၇ နာရီလောက်သွားမှ အလုပ်ချိန်မှီတယ်” ဟု အင်းစိန်မှ ဆူးလေသို့ နေ့စဉ်သွားနေသူ အလုပ်ဝန်ထမ်း တစ်ဦးက သူ့အမြင်ကို ပြောသည်။ ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်း ယာဉ်တိုက်မှု ကိုးမှု၊ ယာဉ်တိမ်းမှောက်မှု ကိုးမှု၊ သေဆုံးသူ ခြောက်ဦးနှင့် ဒဏ်ရာရသူ ၄၉၈ ဦးဖြစ်ကြောင်း မထသဗဟိုမှ ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့်က ပြောသည်။
Myanmar Express

ဘကြီးသက်
Unknown at 5:11 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.