Friday, August 17, 2012

ဗိုလ်ချုပ်မှုး ကြီး ဟောင်း သန်းရွှေ Facebook သုံးစွဲ နေ

Than Shwe
မြန်မာ စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ဟာ လူသိများ တဲ့ လူမှု ကွန်ယက်
တစ်ခု ဖြစ်တဲ့ Facebook ကို သုံးစွဲ နေ ပြီး  မိတ်ဆွေ ဆယ်ဦး လောက်သာ ရှိတယ် လို့  ဆို
တဲ့ သူ့  ရဲ့  Facebook နာမည် နဲ့  မြန်မာ သတင်း တွေ ၊ ဆွေးနွေး မှု မှတ် ချက် တွေ ကို လိုက်
လံ ကြည့် ရှု တယ် လို့  ဆို ပါတယ်။
ရံဖန် ရံ ခါ မှာ မြန်မာ Facebook page တွေ က တင် ဆက် မှု အချို့  ကို သူ LIKE လဲ လုပ်
တတ် တယ် ၊ သူ ကြိုက်တာ တွေ့ ရင် ပေါ့ လေ များ သော အား ဖြင့် တော့ တိတ်တိတ် ဆိတ်
ဆိတ် ပဲ ကြည့် တတ် ပါတယ် လို့  သူ ၏ မိသားစု နှင့် နီးစပ် သော အစိုးရ အရာ ရှိ ဟောင်း
တစ်ဦး က ပြောသည်။
ဗိုလ်ချုပ် မှုးကြီး သန်း ရွှေ နှင့် ပြီး ခဲ့ သည့် လ အတွင်း က ဆုံ ဖြစ်ခဲ့ သည့် အစိုးရ အရာ ရှိ ဟောင်း
တစ်ဦး က ” ကျွန်တော် ကို Facebook သုံးလား မေးတယ်။ သူက Facebook က နေ မြန်မာ သတင်း
တွေ ၊ ဝေဖန် ထားတာ တွေ ၊ မှတ် ချက် တွေ ကြည့် ဖို့  ပြောတယ်။ သူ အရင် က တာဝန် နဲ့  မအား
လပ် လို့  မကြည့် ဖြစ် ပေမယ့် အခု ပုံ မှန်ကြည့် ဖြစ်တယ် ” လို့  ထို အစိုးရ အရာရှိ ဟောင်း တစ်ဦး
က FNG ကို ပြောသည်။
ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည် မေလ နှောင်း ပိုင်း က လျှပ် စစ်မီး ရရှိ ရေး ဖယောင်း တိုင်းမီး ထွန်းညှို
ဆန္ဒပြ မှု များ ပေါ်ပေါက် ချိန် မှ စပြီး Facebook ကို ပုံ မှန် သုံး စွဲ လာခဲ့ ရာ ၊ ရခိုင် ပြည် နယ် မငြိမ်
သက် မှု အတွင်း ဉ် တစ်နေ့ လျှင် ခြောက် နာ ရီ နှင့် ရှစ်နာ ရီ အကြား Facebook သုံး စွဲ သည်ဟု
သိရသည်။
အိမ်နီးချင်း ထိုင်း ၀န်ကြီး ချုပ် ယင်လပ် အပါ အ၀င် ၊ ကမ္ဘာ့  ခေါင်းဆောင် များ သည့် Facebook စာ
မျက် နှာ များ ဖန် တီး ပြီး ပြည်သူ နှင့် ဆက် သွယ်မှု ပြု လုပ် ကြ သော် လည်း မြန်မာ နိုင်ငံ ဉ် ထိုကဲ့
သို့  လုပ် လေ့ လုပ် ထ မရှိ ချေ။
ကော့မှုး မြို့ နယ် လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည် သည် နေ အိမ် အကျယ် ချုပ် ကျ ခံနေ
ရစဉ် ကာလ အတွင်း က ပြန်လည် လွတ်မြောက် လာလျှင် Twiiter အမည် ရှိ လူမှု ကွန်ယက် သုံး
စွဲ မည် ဟု ဆို ခဲ့ သည်။
မြန်မာ နိုင်ငံ ၏ ဥပဒေ ပြု ရေး အာဏာ  ကို ဆောင်ရွက် သည့် လွှတ်တော် က မူ Facebook တွင်
ပြည်သူ့ လွှတ်တော် ဆိုသည့် အမည် ဖြင့် Facebook စာမျက် နှာ ဖွင့်လှစ် ကာ လွှတ်တော် မှ သတင်း
များ ကို တင်ဆက် မှု များ ပြု လုပ် သည်။
ဗိုလ်ချုပ်မှုး ကြီး  အငြိမ်းစား သန်းရွှေ တွင် လှို့ ဝှက် Facebook အကောင့် တစ် ခု ထက် မနည်း ရှိ မည်
ဟု ယူဆရ ပြီး ထို အကောင့် မှ တစ် ဆင့်   ထင်ရှား သော Facebook စာမျက် နှာ များ ကို ကြည့် ရှု
မည် ဟု ယူဆရသည်။
ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း နှင့်  အမေရိကန် နိုင်ငံ ထုတ် သတင်းစာ တစ်စောင် ဖြစ်သည့် Wall
Street Journal တို့  တွေ့ ဆုံ မေးမြန်းစဉ် က ဦးကျော်ဆန်းက ဗိုလ်ချုပ်မှုးကြီး သန်းရွှေ စာဖတ် နေ
သည် ဟု သာ ပြောကြား ခဲ့ သည်။
 Freedom New Group
ဘကြီးသက်
Unknown at 9:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တဒင်္ဂ သူ့ရုပ်လွှာ

ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းနဲ့ ကျနော် တွေ့ဆုံခဲ့ဖူးချိန်ဟာ တကယ့်ကို တဒင်္ဂလေးမှ တခဏတာ အခိုက်အတန့် ကာလလေးတခုပါ။

၂၀၀၅ ခုနှစ် မေ (၂၂) ရက်နေ့မှာ အမှတ်(၃)ဗျူဟာစစ်ရေယာဉ်စု (ရဗစ-၃) ကို အရာရှိ/စစ်သသည်အင်အား ၄၄၀ (အရာရှိ-၄၀၊ အခြားအဆင့်-၄၀၀)နဲ့ ကျောက်ဖြူမြို့အနီးမှာ စတင်ဖွဲ့စည်းလိုက်ပါတယ်။ ရဗစ(၃) ဖွဲ့စည်းပြီး မကြာမီရက်ပိုင်းအတွင်းမှာ စစ်ဦးစီးအရာရှိချုပ်(ရေ)ရဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်(ဓရခ) ခရီးစဉ် ပေါ်ပေါက်လာပါတယ်။
ခရီးစဉ်အတွင်း ရဗစ(၃)မှ အရာရှိ/စစ်သည်တွေ အရာရှိချုပ်(ရေ)ရဲ့ သြဝါဒခံယူပွဲတက်ရပါတယ်။ သြဝါဒခံယူပွဲ ပြုလုပ်တဲ့နေရာက ဓရခ ရှေ့ ရေလယ်ဘွိုင်တခုမှာရှိတဲ့ စစ်ရေယာဉ်-ရန်တိုင်းအောင် ပေါ်မှာ။ အဲဒီဘွိုင်မှာ စစ်ရေယာဉ်-ရန်တိုင်းအောင် ကို အလယ်ထားပြီး စစ်ရေယာဉ်-ဓူဝ(၄၇၃)နဲ့ စစ်ရေယာဉ်-ဇေဌ(၄၇၄)တို့ တဖက် တချက်စီ ခြံရံကာ ချည်နှောင်ထားပါတယ်။
စစ်ရေယာဉ်-ရန်တိုင်းအောင် ရဲ့စစ်ရေယာဉ်မှူးက ရေ/၁၃၄၆ ယာယီဒုဗိုလ်မှူးကြီး မင်းဇော်၊ စစ်ရေယာဉ်-ဓူဝ မှာ ရေ/၁၃၇၈ ယာယီဒုဗိုလ်မှူးကြီး ကိုကိုကျော်၊ စစ်ရေယာဉ်-ဇေဌ မှာ ရေ/၃၄၄၇ ယာယီဒုဗိုလ်မှူးကြီး ထိန်ဝင်း အသီးသီး စစ်ရေယာဉ်မှူးတွေ ဖြစ်ကြပါတယ်။
သြဝါဒခံယူပွဲကို ရဗစ(၃) ဗျူဟာမှူး ရေ/၁၂၇၆ ယာယီဗိုလ်မှူးကြီး ဇော်ဦး အပါအဝင် အရာရှိ/စစ်သည် တစ်ရာ ကျော် တက်ရောက်ပါတယ်။
စစ်ရေယာဉ်ပေါ် ရောက်လာချိန်မှာ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း (အဲဒီအချိန်က ဗိုလ်ချုပ်) ဝတ်ဆင်ထားတာက စစ်စိမ်းရောင်တောဆောင်းဦးထုပ် ဆောင်းထားပြီး ဦးထုပ်တံဆိပ်၊ ကော်လာတံဆိပ်နဲ့ အဆင့်တံဆိပ်တွေကို စစ်ဆင်ရေးနယ်မြေမှာ အတိုင်း ဝတ်ဆင်ထားတာ တွေ့ရပါတယ်။
စစ်ရေယာဉ်ပေါ်မှာ ပြုလုပ်တာဆိုတော့ နေရာထိုင်ခင်း အခက်အခဲကလည်းရှိ ပရိဘောဂတွေလည်း မပြည့်မစုံမို့ ဖြစ်သလို အကျဉ်းရုံးလုပ်ရတာပါ။
အရာရှိချုပ်(ရေ) စကားပြောရာမှာ ပရိသတ်ကို အာရုံစိုက်တယ်လည်းမဟုတ်၊ ပရိသတ်ထဲက လူတဦး တယောက်ကို စေ့စေ့ကြည့်တယ်လည်း မဆိုသာ၊ တစုံတခုကို အလေးအနက်စဉ်းစားဟန်နဲ့ ဦးခေါင်းကို အနည်းငယ် စောင်းငဲ့ထားပြီး တန်းစီရပ်နေတဲ့လူတန်းရှေ့ ရေယာဉ်ကုန်းပတ်ကွက်လပ်မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း စကားကိုဖြည်းဖြည်းမှန်မှန်နဲ့ တလုံးချင်း ပီပီသသ ပြောဆိုပါတယ်။ တချက်တချက်မှာ ပရိသတ်အားလုံးကို လွှမ်းခြုံကာ မျက်လုံးဝေ့ကြည့်တတ်ပါတယ်။
သူ့ပြောဆိုလှုပ်ရှားဟန်ကို ကြည့်ရတာ နိုင်ငံကျော်ရုပ်ရှင်မင်းသားကြီး ဦးမြတ်လေးရဲ့ သရုပ်ဆောင်ကွက်တွေ ရှုစားနေရသလိုလို။ မေးရိုးကားကား၊ လည်ပင်းတုတ်ခိုင်ခိုင် ရုပ်သွင်မျက်နှာထားရှိပေမဲ့ မင်းသားကြီး ဦးမြတ်လေးနဲ့ မျက်နှာကျပုံခြင်း တူတယ်လို့ မပြောနိုင်၊ မျက်လုံးမျက်ဖန်နဲ့ နှုတ်ခမ်းအကျအနတွေကတော့ ဟာသသရုပ်ဆောင် ကိုမေတ္တာနဲ့ ခပ်ဆင်ဆင်။
ခုတလော ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းဟာ အနုပညာဗီဇ ရှိသူတဦးဖြစ်ပြီး အကယ်ဒမီ (ဦး)ဝင်းဦး သီဆိုတဲ့ “တိမ်လွှာမို့မို့လွင်” သီချင်းကို ပိုင်နိုင်စွာ သီဆိုနိုင်ကြောင်း ရေးဖွဲ့ကြတာတွေ့ရလို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ဖူးတဲ့ သူ့ရုပ်သွင်ဟန်ပန်ကို ပြေးမြင်ယောင်မိတာပါ။
သူပြောသွားတဲ့ စကားတွေထဲမှာ ရဗစ(၃) တိုးချဲ့ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ဟာ မြန်မာ့ရေပိုင်နက် အနောက်ဖက်ခြမ်းကို ခိုင်ခိုင်မာမာ အကာအကွယ်ပြုနိုင်ဖို့ ဖြစ်တဲ့အကြောင်း၊ နောက်ပြီး မကြာမီကာလမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ဖို့ စီမံချက်လည်းရှိထားပြီး ဖြစ်ကြောင်း၊ ရဲဘော်တို့အနေနဲ့ ဒီဒေသမှာ လာရောက်တာဝန်ထမ်းထမ်းဆောင်ရတာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတယ်ဆိုပြီး စိတ်ညစ်နေဖို့ မလိုကြောင်း ကျောက်ဖြူ-ရန်ကုန် အဝေးပြေးကားလမ်းမကြီး တည်ဆောက်လျက်ရှိပြီး မကြာမီပြီးစီးတော့မှာ ဖြစ်ကြောင်း ပြောခဲ့တာတွေကို မှတ်မိနေပါသေးတယ်။
အဲဒီအချိန်ထိ ရဗစ(၃)ရုံး တည်ဆောက်ဖို့ မြေနေရာသတ်မှတ်ချက် အတည်မဖြစ်သေးပါ။ ရေယာဉ်အင်အားဝင် အရာရှိ/စစ်သည်တွေက ရေယာဉ်မှာနေထိုင်ပြီး ရုံးပေါ်အင်အားဝင်တွေက ရငစ ရုံးမှာ ကပ်ရပ်နေထိုင်ရဆဲမို့ နေရေးထိုင်ရေး အခြေမကျသေးတဲ့အချိန်ဖြစ်ပါတယ်။
သူနဲ့ကျနော် အနီးကပ်ဆုံတွေ့ဖူးတာ ဒီလောက်ပါပဲ။
ရေတပ်ကာကွယ်ရေးဦးစီးချုပ်တွေထဲမှာ နည်းနည်းထူးခြားမှု ရှိသူတွေထဲ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း လည်း ပါဝင်ပါတယ်။
ကျနော်တို့ရေတပ်မှာ “ကာနယ်ကြီး”လို့လူသိများတဲ့ စစ်ဦးစီးဗိုလ်မှူးကြီး ရာထူးဟာ အလှုပ်အရမ်းများ တတ်တဲ့အတွက် အဲဒီတာဝန်ကို ထမ်းဆောင်ရသူတွေအဖို့ ရင်ဖိုလှိုက်မောစရာဖြစ်နေတတ်ပါတယ်။ DSA အပတ်စဉ်(၁) သင်တန်းဆင်း ဗိုလ်မှူးကြီး ဘိုရှိန်းဟာ စစ်ဦးစီးဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်နေစဉ်မှာ ရုတ်တရက် ကွယ်လွန်ခဲ့တာပါ။ နောက် ၁၉၈၆ နှစ်ဆန်းမှာ ဗိုလ်မှူးကြီး လတ်ရွှေ ဟာလည်း ရုတ်တရက် ကွယ်လွန်ခဲ့ရပြန်ပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်ချုပ်ကြီး တင်ဦး တို့အဖွဲ့ လေယာဉ်ပျက်ကျစဉ် ပါသွားခဲ့တဲ့ ဗိုလ်မှူးကြီး ကျော်တင်လှ ဟာ စစ်ဦးစီးဗိုလ်မှူးကြီး(ရေ) ဖြစ်ပါတယ်။
ကျနော်တို့ သိမီသလောက် အရင်က ရေတပ်မှာ စစ်ဦးစီးဗိုလ်မှူးကြီး တာဝန်ထမ်းဆောင်သူတွေ ရာထူးတိုး တဲ့အခါ ဌာနချုပ်မှူးတာဝန်ကို ဆက်လက်ထမ်းဆောင်ကြရပါတယ်။ ဌာနချုပ်မှူးတွေထဲက သင့်တော်သူတဦး ကို စစ်ဦးစီးအရာရှိချုပ်(ရေ) ရွေးချယ်ခန့်အပ်လေ့ရှိပါတယ်။ အဲဒီကမှ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်တာပါ။
ဒါပေမဲ့ ဒုဗိုလ်ချုပ်ကြီး ကြည်မင်းလက်ထက်ကစပြီး အဲဒီအစဉ်အလာအတိုင်း အတိတကျ မဖြစ်တော့ပါဘူး။ ဗိုလ်ချုပ် ကြည်မင်း ဟာ ရေတပ်ပင်မဆက်သွယ်ရေးတပ်မှူး ကနေ ကက(ရေ) လက်/ဆက်G1၊ နောက် စစ်ဦးစီးဗိုလ်မှူးကြီး(ရေ)၊ စစ်ဦးစီးအရာရှိချုပ်(ရေ)၊ ကာကွယ်ရေးဦးချုပ်(ရေ) စသဖြင့် စစ်ရုံးမှာ တာဝန်ထမ်း ဆောင်ရင်း တောက်လျှောက် ရာထူးတိုးမြင့်လာခဲ့တာ။
ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း လည်း ထို့အတူနီးပါးပါပဲ။ အမှတ်(၁)ရေတပ်ထောက်လှမ်းရေး တပ်မှူးတာဝန် နောက်ပိုင်း ကျွန်းစခန်းမှူး(ပုလဲကျွန်း လို့ထင်ပါတယ်။ အဲဒီကျွန်းစခန်းမှူး ၂ ခါပြန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်)၊ ကက(ရေ) G1။ အဲဒီကမှ တနင်္သာရီရေတပ်စခန်းဌာနချုပ်(တရခ) ဒုဌာနချုပ်မှူး တာဝန် ခေတ္တထမ်းဆောင်ခဲ့ပြီး စစ်ဦးစီး ဗိုလ်မှူးကြီး(ရေ)၊ စစ်ဦးစီးအရာရှိချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာသူ။
ကျောင်းဆရာ မိသားစုမှာ မွေးဖွားခဲ့ပြီး စည်းကမ်းထိန်းသိမ်းမှုကောင်းတဲ့ အစ်မတွေရဲ့ သွင်သင်မှုအောက်မှာ ကြီးပြင်း လူဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း ငယ်စဉ်က ပညာရေးထက်မြက်သလို အားကစားလည်း ထူးချွန်တယ်လို့ သိရပါတယ်။
သူမွေးဖွားရာဇာတိ ဇီးကုန်းမြို့လေးဟာ ခေတ်အဆက်ဆက် တိုင်းပြည်ချစ်စိတ် ကြီးမားသူ၊ နိုင်ငံရေးအသိ နိုးကြားထက်သန်သူတွေ မွေးဖွားရာမြေဖြစ်တာမို့ သမိုင်းအစဉ်အလာမခေတဲ့ မြို့လေးတမြို့ပါ။ ဖက်ဆစ် တော်လှန်ရေး သူရဲကောင်း ဗိုလ်စက်ရောင် နေထိုင်ရာ မြို့လည်းဖြစ်ပါတယ်။
ခုဆိုရင် ဦးဥာဏ်ထွန်းဟာ အင်အားသောင်းဂဏန်းသာရှိတဲ့ ရေတပ်အကြီးအမှူး အဖြစ်ကနေ သန်းငါးဆယ် သောပြည်သူတွေကို ကိုယ်စားပြုတာဝန်ခံရမယ့် နိုင်ငံ့ခေါင်းဆောင် တဦးဖြစ်လာပါပြီ။
“ဦးဥာဏ်ထွန်း ဘယ်လိုလူလဲ” ဆိုတဲ့ ပဟေဠိတပုဒ်ကိုတော့ သူဆက်လက်လုပ်ဆောင်မယ့် လုပ်ရပ်တွေက သက်သေခံ အဖြေထုတ်သွားပါလိမ့်မယ်။
လေးစားစွာဖြင့်-
နေမင်းသူ
၁၇-၈-၂၀၁၂
  lu bo

ဘကြီးသက်
Unknown at 9:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

BBC, VOA, RFA, DVB အသံလွှင့်ဌာနများတွင် အခကြေးငွေ ယူပြီး တာဝန်ထမ်းဆောင်နေကြသော တိုင်းရင်းသား မြန်မာနိုင်ငံသားများသို့ ပန်ကြားချက်




From : ဘသိန်း (အငြိမ်းစားပြည်သူ့ဝန်ထမ်း)
၁။ ကျွန်တော်သည် လူကြီးမင်းတို့၏ မနက်တိုင်း၊ ညနေတိုင်း ထုတ်လွှင့်သည့် ပြည်ပ မြန်မာ့အသံများကို အမြဲ နားထောင်နေသူ တစ်ဦးဖြစ်ပါသည်။

၂။ ကျွန်တော်သည် ညနေတိုင်း၊ မနက်တိုင်း ဆရာတို့၏ အသံလွှင့်ချက်များအား နားမထောင်ရလျှင် တစ်ခုခု လိုနေသကဲ့သို့ ခံစားရပါသည်။ သို့ရာတွင် ဆရာတို့ အသံလွှင့်ချက်များတွင် ယခုတလော ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် ပတ်သက်၍ ကျွန်တော်တို့ ယခင်ကမကြားဖူးခဲ့သော လူမျိုး တစ်မျိုးအမည်ကို အကြိမ် ပေါင်းများစွာ မြိန်ရေရှက်ရေ ထုတ်လွှင့်နေကြသည်ကို ကြားနေရပါသည်။ ယင်းအမည်ကို လူကြီးမင်းတို့ သုံးစွဲနေသည်မှာ အင်မတန်ကောင်းသော နာမည်ဟုထင်၍ပဲလား၊ နားထောင်၍ ကောင်း၍ပဲလား၊ ခံတွင်းအရသာရှိ၍ပဲလား၊ ယင်းနာမည် သုံးပါက ပျော်ရွှင်မှုရ၍ပဲလား၊ မြန်မာတိုင်းရင်းသားများ၏ စိတ်ကို ကသိကအောင့် ဖြစ်စေလို၍ပဲလား၊ လူအများက ယင်းအမည်ကို ပြောစေချင်၍ပဲလား၊ နားထဲစိမ့်ဝင်ပြီး မပျောက်စေချင်၍လား၊ ယင်းအမည်ကို သုံးကာ အစ္စလာမ်နိုင်ငံများ ထံမှ ထောက်ခံမှု ရလို၍ပဲလား၊ အစ္စလာမ်နိုင်ငံများကို ဖားသည့် သဘောလား၊ သို့မဟုတ် ကြောက်၍ပဲလား၊ သို့မဟုတ် ယင်းအမည် မသုံးပါက တစ်ခုခုလုပ်မည်ဟု ခြိမ်းခြောက်ခံရ၍လား၊ ရန်ပုံငွေအဖြတ်အတောက်ခံရနိုင်၍လား၊ သို့မဟုတ် ဘင်္ဂါလီတို့အား မြှောက်ပေးနေတာလား၊ အဓိကရုဏ်းတစ်ခု ထပ်မံဖြစ်ပွားသည်ကို မြင်လို၍ပဲလား၊ အသစ်ထွင်နာမည်တွင် ကိုယ်တိုင်ပါဝင်လို၍ပဲလား၊ ကျွန်တော်အမျိုးမျိုး စဉ်းစားနေပါသည်။ လူကြီးမင်းများမှာ အင်မတန် တော်၊ အင်မတန် အရည်အချင်းရှိသူများဖြစ်ကြောင်း ကျွန်တော်လုံးဝ သဘောပေါက်ပါသည်။ အားလဲကိုးပါသည်။ ဆရာတို့လောက် မတော်၍ ကျွန်တော်တို့အား နှိမ်ချင်တာဟုလည်း ခံစားမိပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း လူမျိုးသစ် အမည်တစ်ခုထပ်တိုးလာသည်ကို ကျွန်တော်အပါအဝင် မြန်မာနိုင်ငံသားမှန်သမျှလိုလားမည် မထင်ပါ။

၃။ မည်သည့် သမိုင်းမှတ်တမ်းမှ မရှိဘဲ လူမျိုးတစ်မျိုးကို အသစ်ထွင်၍ ရပါသလား၊ ဆရာတို့လည်း သမိုင်းကြောင်းကို လေ့လာထားပြီးသား ဖြစ်ပါလိမ့်မည်။ တမင်သိလျက်နှင့် လုပ်ခြင်းဟု ခံစားရပါသည်။ လုပ်ဇာတ်ခင်းပြီး ပေးထားသော အမည်ကို အားရဝမ်းသာခေါ်စရာမရှိဟု ထင်ပါသည်။ ခေါ်မည့်သူမရှိက ယင်းအမည်ပျောက်သွားဖို့ ရှိပါသည်။ ဆရာတို့က သူခိုးအားပေးအားမြှောက်လုပ်နေတော့ - ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းရင်းသားများကို စော်ကားနေသလို ခံစားမိပါသည်။ အမျိုးသားရေးကိစ္စနှင့် လူ့အခွင့်အရေးကို သီးခြား စဉ်းစားကြရအောင်ပါ။ မည်သူ့ကိုမှ ထိခိုက်နစ်နာစေလို၍လည်း မဟုတ်ပါ။

၎။ နိုင်ငံတော်အကြီးအကဲများကိုယ်တိုင်က အဲဒီအမည် ကျွန်တော်တို့နိုင်ငံမှာ မရှိပါဟု အကြိမ်ကြိမ်ပြောထားပြီး ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ၏ ပြည်သူများအပေါ် စိတ်စေတနာသန့်သန့်ဖြင့် ဦးဆောင်နေသူများ၏ စကားကို အလေးထားစေချင်ပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား လူမျိုး(၈)မျိုးနှင့် ယင်းနှင့်ဆက်နွယ်သော လူမျိုးစုများသာရှိသည်ကို ဆရာတို့အားလုံး အသိဖြစ်ပါသည်။

၅။ မည်သို့ပင်ဆိုစေ၊ ဆရာတို့လည်း မိမိတို့ စားဝတ်နေရေးအတွက် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ် ကိုင်ကြရသူများ မြန်မာပြည်ဖွား၊ သို့မဟုတ် မြန်မာတိုင်းရင်းသားများ သို့မဟုတ် မြန်မာတိုင်းရင်းသားမှ မွေးဖွားလာသော လူတော်မြန်မာများ၊ မြန်မာနိုင်ငံအားသံယောဇဉ်ရှိသူများဟု ယူဆပါသည်။ မိမိဘိုးဘွားပိုင်မြေကို ဖဲ့မပေးပါရစေနှင့် ခင်ဗျား။ ဘင်္ဂါလီမွတ်ဆလင်ကို ဘင်္ဂါလီမွတ်ဆလင်ဟု ခေါ်လျှင် လုံလောက်ပါပြီ။ ကျွန်တော်တို့နိုင်ငံ ကလည်း တရားဝင် အဲဒီအမည်ကိုပဲ သုံးပါသည်။ မြန်မာသတင်းစာကိုလည်း ဆရာတို့ ဖတ်ဖြစ်ကြမည် ထင်ပါသည်။ ဆရာတို့ ဖြည့်စွက်လိုက်တော့မှ မြန်မာပြည်တွင် လူမျိုးအသစ်တစ်မျိုး ပေါ်လာမည့်သဘော ဖြစ်နေပါသည်။ ကျွန်တော့ စာတွင် ယင်းအမည်ကို မဖော်ပြပါရစေနဲ့ ခင်ဗျား။ အပ်နှင့်ထွင်းရမည့်ကိစ္စ အပ်နှင့်ထွင်းလိုက်ပါ၊ ပေါက်ဆိန်နဲ့ မပေါက်ပါရစေနဲ့။ နှုတ်ကျိုးသွားနိုင်သည်ကို ကြောက်၍ ဤစာကို ရေးရခြင်းဖြစ်ပါသည်ခင်ဗျား။

၆။ ကျွန်တော်၏ဆိုလိုချက်ကို ဆရာတို့ နားလည်သဘောပေါက်ပြီး ဖြစ်ပါသည်။ ဆရာတို့ကို ကျွန်တော်တို့ မြန်မာပြည်သားတွေက အားကိုးကြပါသည်။ ဒီမိုကရေစီတိုက်ပွဲ တလျှောက်လုံး ဆရာတို့၏ အားပေးသံ၊ အသံလွှင့်ချက်များက ကျွန်တော်တို့ကို များစွာအားတက်စေခဲ့ပြီး ဖြစ်ပါသည်။ ကျေးဇူးလည်း အထူးတင်ပါသည်။ ယခုဆိုလျှင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် ကျွန်တော်တို့ မစုနှင့်၊ လွှတ်တော်ဥက္ကဌများ၊ ပြည်သူ့လွှတ်တော်ကိုယ်းစားလှယ်များ ဝိုင်းရံပြီး ပြည်သူအားလုံးမှ ညီညာဖြဖြ ဒီမိုကရေစီကို တက်လှမ်းခါစမှာ ဆရာတို့ရဲ့ “အား” အများကြီးလိုပါသည်။ ဆက်ပြီး ကူညီပေးကြပါ။

၇။ အမှားသည် ကြာလာတော့ အမှန်ဖြစ်လာနိုင်သဖြင့် ဆင်ခြင်နိုင်ရန် ပညာရှိသတိဖြစ်ခဲဟု သဘောထား၍ လက်ခံပေးကြပါရန် အနူးအညွတ် ပန်ကြားမေတ္တာရပ်ခံအပ်ပါသည် ခင်ဗျား။ ကျွန်တော့်၏စာတွင် ဒေါသသံ နည်းနည်း လွှမ်းကောင်းလွှမ်းနေမည်ဖြစ်သော်လည်း၊ မြန်မာနိုင်ငံအရေး၊ အမျိုးဘာသာသာသနာရေးကိစ္စမို့ သည်းခံပေးကြပါရန် ထပ်လောင်းမေတ္တာရပ်ခံ အပ်ပါသည်ခင်ဗျား -


အမိမြန်မာပြည်ကြီး အဓွန့်ရှည်ရမည်…
ဆရာတို့အားလုံး ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ…
လေးစားစွာဖြင့်

Myanmar Express

ဘကြီးသက်
Unknown at 9:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကလေး အဖေ ဘယ်သူလဲ

၂၀၀၉ ခုနှစ်၊ ဧပြီလက ဂျာမနီနိုင်ငံမှာ နာမည်ကြီးသွားတဲ့ မှုခင်းတစ်ခုဖြစ်ပါတယ်။ ဝမ်းနည်းဝမ်းသာ ဖြစ်ရ တယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။

တရားရုံးတစ်ရုံးက အမိန့်တစ်ခုချစရာရှိနေပါတယ်။ အမှုကဒီလိုပါ။ ဂျာမနီမှ အလှမယ် တစ်ယောက်ကို လက်ထပ်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် Soupolos ဟာ သားသမီးလိုချင်ပေမယ့် မိမိကိုယ်တိုင်က အမြုံဖြစ်နေလို့ ကလေးမရနိုင်ဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ်တိုင်ကလည်း ကလေ

းလိုချင်၊ ဇနီးဖြစ်သူက လည်း ဝမ်းနည်းနေရတဲ့အတွက် မိန်းမရဲ့ လိုအင်ဆန္ဒကိုဖြည့် ဆည်းပေးဖို့ အိမ်ဘေးက သူငယ်ချင်း အသက် ၃၄ နှစ်အရွယ် ကလေးအဖေ Frank Maus ကို အလုပ် အပ်ပါတယ်။

ယင်းအလုပ်ကတော့ သူ့မိန်းမ အလှမယ်လေးကို တစ်ပတ်သုံးကြိမ် အတူနေခွင့်ပေးတဲ့အပြင် ဒေါ်လာ ၂၅၀၀ ပေးရပါတယ်။ 
 


သားသမီးနှစ်ယောက်ရှိတဲ့ ကလေးအဖေ Frank Maus ရဲ့ မိန်းမကလည်း ဒီလိုလုပ်တာကို မကြိုက်ပေမယ့် “ငါဒီအလုပ်တွေ မလုပ်ချင်ပါဘူးမိန်းမရာ ပိုက်ဆံကြောင့်ပါ” လို့ဇနီးကို ချော့မော့ ထားသတဲ့။ ဒါနဲ့...စာချုပ်သက်တမ်း ၆ လ အတွင်း တပတ်သုံးကြိမ်နဲ့ မှန်မှန်ကြိုးစား လာလိုက်တာ ၇၂ ကြိမ်နဲ့ ၆ လသာ ပြည့်သွားတယ်။ ကံဆိုးစွာပဲ အလှမယ်လေး ကိုယ်ဝန်မရခဲ့ပါ။

ဒါနဲ့ ကလေးဖအေ Frank Maus ကို စစ်ဆေးကြည့်လိုက်တော့ သူလည်း အမြုံဖြစ်နေပါတယ်။ အလှမယ် ယောက်ျားက စိတ်ဆိုးပြီး တရားစွဲခဲ့ပါတယ်။ Frank Maus ကလည်း သူ "စွမ်းသလောက် ကြိုးစားမယ်လို့ပဲပြောခဲ့တာ... ကလေးရစေ့ရမယ်လို့ အာမ မခံခဲ့ဘူး" ဆိုပြီး အေးအေးဆေးဆေး တရား ရင်ဆိုင်ခဲ့ပါတယ်။

ဒီနေရာမှာ အားလုံးက အံ့အားသင့်ခဲ့ပေမယ့် တစ်ယောက်ကတော့ မအံ့သြဘဲ ရှိခဲ့ပါတယ်။ အဲဒါကတော့ Frank Maus ရဲ့ ဇနီးသည်ပဲ ဖြစ်ပါတယ်။

သားသမီး နှစ်ယောက်ထွန်းကားနေတဲ့ Frank Maus က အမြုံဆိုတော့ ကလေးအဖေက ဘယ်သူပါလဲ။
 
ဘကြီးသက်
Unknown at 8:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

TAXIအသစ်များ များပြားလာခြင်းကြောင့် အို၊ ဟောင်းတကကစီ ယာဉ်မောင်းများ ၀င်ငွေကျဆင်းလာ


ရန်ကုန်မြို့တွင်း ယခုလပိုင်းများအတွင်း ပြည်ပမှ တင်သွားလာသော တက္ကစီအသစ်များ များပြားလာခြင်းကြောင့် အိုဟောင်းတက္ကစီယာဉ်မောင်းများ ၀င်ငွေကျဆင်းလာကြောင်း ယင်းတက္ကစီလုပ်ငန်း အသိုင်းအ၀ိုင်းမှ ၂-၈-၂၀၁၂ ရက်ကသိရသည်။ ပြည်ပမှ တင်သွားလာသော မော်ဒယ်မြင့် တက္ကစီများ များပြားလာခြင်း၊တက္ကစီငှားရမ်းသူများ ယခင်ထက် လျော့လာခြင်းတို့ကြောင့် ယင်းကဲ့သို့အိုဟောင်း တက္ကစီယာဉ်များ ၀င်ငွေသိသာစွာကျဆင်း လာရခြင်းဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိ ရန်ကုန်မြို့တွင်း ကားတင်သွင်းခွင့်ရချိန်မှစ၍ တင်သွင်းလာသော တက္ကစီသစ်များ၊ ယခုလပိုင်းအတွင်း ထပ်မံတင်သွင်းလာသော အင်္ဂလိပ်အက္ခရာမော်ဒယ်မြင့် တက္ကစီများနှင့် ယခင်က လူတန်းစားတစ်ခုသာ စီးနင်းနိုင်ခဲ့သည့် တန်ဖိုးကြီးကားများကို တက္ကစီအဖြစ် ပြေးဆွဲလာမှု အများအပြားရှိလာပြီး ငှားရမ်းခဈေးနှုန်းမှာလည်း ကွာဟမှုမရှိသောကြောင့် ကားငှားသူများက ကားအသစ်များကိုသာ ပိုမိုစီနင်းလိုကြရာ ယင်းကဲ့သို့ အို၊ဟောင်းတက္ကစီများ ၀င်ငွေကျဆင်းသွားရသည့်အပြင် တစ်ခါတစ်ရံ လောင်စာဆီသုံး တက္ကစီအသစ်များက စီအင်န်ဂျီကိုသုံးကာ တက္ကစီအဟောင်းများထက်ပင် ဈေးနှုန်းလျှော့ယူမှုများ ရှိလာသောကြောင့် တက္ကစီအဟောင်း ယာဉ်မောင်းများ အခက်တွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။ 'လူတွေ ကားတားလို့ ရပ်ပေးရင် ကားကိုကြည့်ပြီး မစီးချင်တော့ ကျပ်၃၀၀၀တန်ခရီးကို ၁၀၀၀လောက်နဲ့ ဈေးဆစ်ပြီး မစီးကြဘူး။ ဒီကြားထဲ ပုံမှန်ကျပ်တစ်သောင်းကျော်၊ ရတဲ့ သန်လျင်ရေလယ် ဘုရားလောက်ခရီးကို ခရီးသည်က ဈေးဆစ်နေတုန်း မြန်မာမီနီက ကျပ်၄၅၀၀နဲ့ ဖြတ်တင်သွားတယ်။
စီအင်န်ဂျီ သမားတောင် မမောင်းနိုင်တဲ့ဈေးကို ဆီသမားက ဘယ်လိုမောင်းလဲမသိဘူးဟု အို၊ဟောင်းတက္ကစီ ယာဉ်မောင်းတစ်ဦးက ပြောသည်။ ယင်းစီအင်န်ဂျီသုံး အို၊ဟောင်း တက္ကစီများ၏ အုံနာကြေးများမှာ တစ်ရက်ပျမ်းမျှ၁၇၀၀၀ ကျပ်ခန့်ရှိပြီး စီအင်န်ဂျီဓာတ် ငွေ့၅၀၀၀ကျပ်တန်ဖိုးခန့် ဖြည့်ပါက တစ်နေကုန် မောင်းနိုင်ကြောင်း သိရသည်။ 'စီအင်န်ဂျီက နည်းနည်းခံသာတယ်။ ဒါပေမဲ့တစ်ခါတလေ အုံနာကြေးတောင် မရဘူး။ လူတွေကလည်း တက္ကစီ သိပ်မစီးတာလည်းပါပေမယ့် ဟိုတစ်လောကဆို ရန်ကုန်-ပဲခူး အသွားအပြန် စီအင်န်ဂျီကားတောင် ကျပ်သုံးသောင်းခွဲ၊ လေးသောင်းလောက်မှ လိုက်နိုင်တဲ့ အခြေအနေကို  ဆီဖြည့်ရတဲ့ တက္ကစီကားအသစ်က ကျပ်တစ်သောင်းခွဲတည်းနဲ့ တင်သွားတယ်'ဟု ယာဉ်အိုယာဉ်ဟောင်း တက္ကစီသမားတစ်ဦးက ပြောကြားပြီ အို၊ဟောင်းတက္ကစီ ဈေးကွက်ပျက်မည်ကို ယင်းတက္ကစီယာဉ်မောင်း အများစု စိုးရိမ်နေကြောင်း သိရသည်။

ဘကြီးသက်
Unknown at 8:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျပ်ငါးထောင်တန်ဖုန်းကို ၂၀၁၃ ဆီးဂိမ်းအမီ ပြည်သူများအား ချထားပေးနိုင်မည်ဟု မျှော်မှန်းထား

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကျပ်ငါးထောင် တန်ဖုန်းကို အများပြည်သူများ ကိုင်ဆောင်နိုင် ရေးအတွက် ရွှေ ပြည်တံခွန် ကုမ္ပဏီအား ၉-၇-၂၀၁၂ ရက်က အတိုင်ပင် အဖွဲ့ဝင်အဖြစ် ခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

“သုံးလအတွင်း ကျပ်ငါးထောင်တန် ဖုန်းထွက်မယ်----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘကြီးသက်
Unknown at 8:22 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်သူ့ဝန်ထမ်းများ ပြစ်မှုကျူးလွန်ပါက ခွင့်ပြုမိန့်မလိုဘဲ တရားစွဲဆိုခွင့်ပြု

ပြည်သူ့ဝန်ထမ်း (ပြန်တမ်းဝင်အရာရှိ) များ တာဝန်ထမ်းဆောင်ချိန်တွင် ပြစ်မှု ကျူးလွန်ပါက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၉၇(၁)အရ ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ တရားစွဲဆိုခွင့်ပြုမိန့် တင်ပြတောင်းခံရန်နှင့် တာဝန်ချိန်ပြင်ပ တွင် ပြစ်မှုကျူးလွန်ပါက ပြစ်မှုဆိုင်ရာ  ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘကြီးသက်
Unknown at 8:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.