Friday, August 17, 2012

TAXIအသစ်များ များပြားလာခြင်းကြောင့် အို၊ ဟောင်းတကကစီ ယာဉ်မောင်းများ ၀င်ငွေကျဆင်းလာ


ရန်ကုန်မြို့တွင်း ယခုလပိုင်းများအတွင်း ပြည်ပမှ တင်သွားလာသော တက္ကစီအသစ်များ များပြားလာခြင်းကြောင့် အိုဟောင်းတက္ကစီယာဉ်မောင်းများ ၀င်ငွေကျဆင်းလာကြောင်း ယင်းတက္ကစီလုပ်ငန်း အသိုင်းအ၀ိုင်းမှ ၂-၈-၂၀၁၂ ရက်ကသိရသည်။ ပြည်ပမှ တင်သွားလာသော မော်ဒယ်မြင့် တက္ကစီများ များပြားလာခြင်း၊တက္ကစီငှားရမ်းသူများ ယခင်ထက် လျော့လာခြင်းတို့ကြောင့် ယင်းကဲ့သို့အိုဟောင်း တက္ကစီယာဉ်များ ၀င်ငွေသိသာစွာကျဆင်း လာရခြင်းဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိ ရန်ကုန်မြို့တွင်း ကားတင်သွင်းခွင့်ရချိန်မှစ၍ တင်သွင်းလာသော တက္ကစီသစ်များ၊ ယခုလပိုင်းအတွင်း ထပ်မံတင်သွင်းလာသော အင်္ဂလိပ်အက္ခရာမော်ဒယ်မြင့် တက္ကစီများနှင့် ယခင်က လူတန်းစားတစ်ခုသာ စီးနင်းနိုင်ခဲ့သည့် တန်ဖိုးကြီးကားများကို တက္ကစီအဖြစ် ပြေးဆွဲလာမှု အများအပြားရှိလာပြီး ငှားရမ်းခဈေးနှုန်းမှာလည်း ကွာဟမှုမရှိသောကြောင့် ကားငှားသူများက ကားအသစ်များကိုသာ ပိုမိုစီနင်းလိုကြရာ ယင်းကဲ့သို့ အို၊ဟောင်းတက္ကစီများ ၀င်ငွေကျဆင်းသွားရသည့်အပြင် တစ်ခါတစ်ရံ လောင်စာဆီသုံး တက္ကစီအသစ်များက စီအင်န်ဂျီကိုသုံးကာ တက္ကစီအဟောင်းများထက်ပင် ဈေးနှုန်းလျှော့ယူမှုများ ရှိလာသောကြောင့် တက္ကစီအဟောင်း ယာဉ်မောင်းများ အခက်တွေ့နေရခြင်း ဖြစ်ကြောင်း သိရသည်။ 'လူတွေ ကားတားလို့ ရပ်ပေးရင် ကားကိုကြည့်ပြီး မစီးချင်တော့ ကျပ်၃၀၀၀တန်ခရီးကို ၁၀၀၀လောက်နဲ့ ဈေးဆစ်ပြီး မစီးကြဘူး။ ဒီကြားထဲ ပုံမှန်ကျပ်တစ်သောင်းကျော်၊ ရတဲ့ သန်လျင်ရေလယ် ဘုရားလောက်ခရီးကို ခရီးသည်က ဈေးဆစ်နေတုန်း မြန်မာမီနီက ကျပ်၄၅၀၀နဲ့ ဖြတ်တင်သွားတယ်။
စီအင်န်ဂျီ သမားတောင် မမောင်းနိုင်တဲ့ဈေးကို ဆီသမားက ဘယ်လိုမောင်းလဲမသိဘူးဟု အို၊ဟောင်းတက္ကစီ ယာဉ်မောင်းတစ်ဦးက ပြောသည်။ ယင်းစီအင်န်ဂျီသုံး အို၊ဟောင်း တက္ကစီများ၏ အုံနာကြေးများမှာ တစ်ရက်ပျမ်းမျှ၁၇၀၀၀ ကျပ်ခန့်ရှိပြီး စီအင်န်ဂျီဓာတ် ငွေ့၅၀၀၀ကျပ်တန်ဖိုးခန့် ဖြည့်ပါက တစ်နေကုန် မောင်းနိုင်ကြောင်း သိရသည်။ 'စီအင်န်ဂျီက နည်းနည်းခံသာတယ်။ ဒါပေမဲ့တစ်ခါတလေ အုံနာကြေးတောင် မရဘူး။ လူတွေကလည်း တက္ကစီ သိပ်မစီးတာလည်းပါပေမယ့် ဟိုတစ်လောကဆို ရန်ကုန်-ပဲခူး အသွားအပြန် စီအင်န်ဂျီကားတောင် ကျပ်သုံးသောင်းခွဲ၊ လေးသောင်းလောက်မှ လိုက်နိုင်တဲ့ အခြေအနေကို  ဆီဖြည့်ရတဲ့ တက္ကစီကားအသစ်က ကျပ်တစ်သောင်းခွဲတည်းနဲ့ တင်သွားတယ်'ဟု ယာဉ်အိုယာဉ်ဟောင်း တက္ကစီသမားတစ်ဦးက ပြောကြားပြီ အို၊ဟောင်းတက္ကစီ ဈေးကွက်ပျက်မည်ကို ယင်းတက္ကစီယာဉ်မောင်း အများစု စိုးရိမ်နေကြောင်း သိရသည်။

ဘကြီးသက်
Unknown at 8:23 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.