Monday, August 13, 2012

အာဆီယံကို မည်သူက ဓားစာခံလုပ် ပြန်ပေးဆွဲသနည်း

ကာဝီ ချွန်ကစ်တာဝန်
ပြီးခဲ့သည့်အပတ်က အာဆီယံအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများပူးတွဲထုတ် ပြန်ကြေညာချက်ထုတ်ဖို့ မဖြစ် နိုင် ဖြစ်ခဲ့ရသည်။ ဤသို့ ဖြစ် သည့်အခါ အတိုင်း မေးခွန်း မေးလေ့ရှိကြသည်။ မည်သည့်နိုင်ငံက အာဆီယံ အဖွဲ့ကို ဓားစာခံအဖြစ်ပြန်ပေး ဆွဲထားပါသနည်း ဟူ၍ ဖြစ်သည်။

အောက်ဖော်ပြပါ အဖြေများမှ တခု သို့မဟုတ် အများကို ရွေးချယ်ပေးပါ..ဟု ဆိုရလိမ့်မည်။ (က) တောင်တရုတ်ပင်လယ်အတွင်းရှိ အ ငြင်းပွားနေ ကြသည့် ကျွန်းများကိစ္စ အာဆီယံ၏ အရေးဆိုသူ နိုင်ငံများ၊ (ခ) အာဆီ ယံ၏ ၎င်းနှင့် မသက်ဆိုင်သူ အရေးဆိုသူ မဟုတ် သည့် နိုင်ငံများ၊ (ဂ) လက်ရှိ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ကမ္ဘောဒီးယားနိုင်ငံ၊ (ဃ) အမေရိကန် ပြည်ထောင်စု (င) တရုတ် နိုင်ငံ၊ (စ) အထက်ဖော်ပြပါ အားလုံး။ 
အဖြေကို (စ) ဟု ရွေးချယ်ပေးရမည့် အကြောင်းအချက် များစွာ ရှိနေ ပါသည်။

အဖြေ (က) အတွက် ထောက်ခံပေးမည့် အကြောင်းအချက်များ ရှိနေသည်။ အာဆီယံ အဖွဲ့အတွင်းမှ ၎င်းကိစ္စကိုအရေးဆိုသူ နိုင်ငံများ သည် ကွဲပြားပြီး၊ မညီညွတ်နိုင် ဖြစ်နေကြသည်။ ယင်းမှာ ၎င်းအုပ်စု၏ အားအနည်းဆုံး အချက်ဖြစ်နေသည်။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မ လေးရှားနှင့် ဘရူနိုင်းတို့က ၎င်းတို့အကြား အစည်းအဝေးထိုင် တိုင်ပင်၍ ဘုံမဟာဗျူဟာ တရပ်ချမှတ်သည်ဆိုသည်မှာလည်းရှား
ရှား ပါးပါးမရှိသလောက် ဖြစ်သည်။ ယခင် ၁၉၉၅ ခုနှစ်လောက်က၊ သူတို့အချင်းချင်း အပြန်အလှန် ကျောထောက်နောက်ခံ ပေးခဲ့ကြသလို၊ အချင်းချင်းစောင့်ကြည့် ပေးခဲ့ကြသည်။နိုင်ငံအတွက်ပို၍အရေးပါလာသည်နှင့်အမျှသူတို့အချင်းချင်းအကြားပူးပေါင်းဆောင်ရွက်မှုလျော့ နည်းကျဆင်းလာသည်။ သို့သော်လည်း သူတို့က သင့်လျော်သည့်အခါ ဆိုလျှင် အာဆီယံအဖွဲ့၏အမည်ကိုပြင်ပဖိအား များကို ကာ ကွယ်ရန် ဒိုင်းလွှားသဖွယ် အသုံးချ တတ်သေးသည်။ ဖနွမ်ပင်တွင် သူတို့၏နယ်ပယ်ကို ကာကွယ်ထားနိုင်ရန်အတွက် ၎င်းအရေး ဆိုသူ နိုင်ငံများက ကိုယ့်နည်း ကိုယ့်လမ်းဖြင့် လျှောက်ခဲ့ကြသည်။

အာဆီယံအဖွဲ့၏ ၄၅ နှစ်တာ သမိုင်းတွင်၊ တောင်တရုတ်ပင်လယ်ကိစ္စနှင့် ပတ်သက်၍ ပူးတွဲထုတ်ပြန်ချက်ကြေညာခဲ့ဖူြး
ခင်းမရှိပါ။အ ကြောင်း မှာ ၎င်းပဋိပက္ခနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက် များစွာ ရှိနေသောကြောင့် ဖြစ်သည်။

၎င်းကိစ္စ ပတ်သက်နေကြသည့် နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများက သူတို့၏ အခြေခံ တောင်းဆိုချက် ရအောင် အားလုံးက တိုက် တွန်းခဲ့ ကြသည်။ ယခင်အချိန်များကဆိုလျှင် ပို၍ ခေါင်းမာစွာ ရပ်တည်ခဲ့ကြသည်။ ဖိလစ်ပိုင်နိုင်ငံက စခါဘိုရော့ သဲသောင်ကျွန်းတန်း များ (Scarb orough Shoal) ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားနေမှုကို နောက်ဆုံး ထုတ်ပြန်ကြေညာ ချက်တွင် ပါဝင်စေချင်သည်။ ဗီ ယက်နမ် ကမူ သူတို့၏ စီးပွားရေးဇုန်အပေါ် တရုတ်က ကျူးကျော်သည်ဟု စွပ်စွဲထားသည့် ကိစ္စ သူတို့ရှုထောင့်မှနေ၍ တပြားသားမှ မရွှေ့ချင်။

အတိတ်ကာလက တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ အာဆီယံအတွင်း ၎င်းကိစ္စ ပါဝင်ပတ်သက်နေသည့်နိုင်ငံများ
အနက် ဝေဖန် ပြော ဆိုမှု အသံအထွက်ဆုံးဟု ဆိုနိုင်သည့် မလေးရှားနိုင်ငံကမူ ယခုတကြိမ်တွင် ဤလှုပ်ရှားမှု၌ ပျောက်ဆုံး နေခဲ့သည်။ မည်သို့ပင်ဖြစ်စေဖိလစ် ပိုင်နိုင်ငံ၏ တောင်းဆိုချက်ဖြစ်သည့် ထုတ်ပြန်ကြေညာချက်တွင် အခြားသောင်ခုံကျွန်းတန်းများ "other shoals" ဟု ထည့်သွင်းပေးရန် တောင်းဆိုချက်ကိုမူ တင်းခံနေခဲ့သည်။ ဘရူနိုင်းကမူ တိတ်ဆိတ်နေပြီး နောက်တကြိမ် အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌတာဝန် ယူရမည့်အရေး စောင့် ဆိုင်း နေသည်။

ဤသို့ အမြင်များ ကွဲပြားစွာ တည်ရှိနေမှုကြောင့် အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယားနိုင်ငံအတွက် တကယ့်အခွင့်အရေး ရစေခဲ့သည်။ က မ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး ဟော် နမ်ဟောင်း (Hor Namhong) က ၎င်းဆွေးနွေးအငြင်းပွားမှုများကို ခပ်တိုတိုဆွေးနွေး ဖြတ် သိမ်းစေခဲ့သည်။ သူက ယင်းကိစ္စ အငြင်းပွား ပတ်သက်နေသည့် နိုင်ငံများကို အဆိုပြုရာ၌ သူတို့တင်ပြသည့် ဖြစ်ရပ် အချက်များ အားလုံး ကို "တောင်တရုတ်ပင်လယ်တွင် လတ်တလောဖြစ်ပေါ်တိုးတက်မှုများ" ဟူ၍ စုပေါင်းကာ တင်ပြရန် အဆိုပြုခဲ့သည်။ ဤအဆိုကို ကြိုက် လျှင်ယူ-မကြိုက်လျှင် ထွက်သွားဖို့ပဲ ရှိသည်။

ဒိုင်း... ဒိုင်း... မည်သူမျှ ထွက်မလာခဲ့ပါ။ စိတ်ဝင်စားဖွယ် အချက်မှာ သူကအားလုံး ဘုံတူညီသည့်အချက်ကို ရှာဖွေပေးလိုခြင်း မဟုတ်ပါ။ ဘုံ တူညီချက်ရှာခြင်း ဆိုသည်မှာ ပြောရလျှင် ယခင် အာဆီယံ ဥက္ကဋ္ဌများ အားလုံးဖော်ပြခဲ့ကြသည့် အပြုအမူကောင်းလည်း ဖြစ်သည်။ နောက် ဆုံးအချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးရော်ဘတ်တိ
ု ဒဲလ် ရိုဆာရီယို (Roberto del Rosario) က ထိခိုက်သက် ရောက်မှုရှိ သော သဲသောင်ခုံကျွန်းတန်းများကိစ္စ ဖော်ပြပေးရန် ကမ်းလှမ်း၍ သူ၏ ရပ်တည်ချက်ကို လျှော့ချခဲ့ရသည်။ ယခုအခါ အာဆီ ယံ ခေါင်းဆောင်များ အတွေးများနေကြရပြီ ဖြစ်သည်။ လာမည့် နိုဝင်ဘာလ ထိပ်သီးခေါင်းဆောင်များညီလာခံတွင် ဒေသတွင်းအာ ဏာသက်တမ်းရှည် ၀န်ကြီး ချုပ်ဟွန်ဆင် တာဝန်ယူ သည့်အခါ မည်သို့ ဖြစ်လာလိမ့်မည်နည်းဟု လေးလေးနက်နက် စဉ်းစားနေရခြင်း ဖြစ်သည်။

အဖြေ (ခ) ကို ရွေးချယ်ကြသူများအတွက်လည်း ရှင်းပါသည်။ ယင်းအရေးဆိုသူများနှင့် မသက်ဆိုင်သည့် နိုင်ငံများတွင်လည်း အာဆီ ယံအဖွဲ့ဥက္ကဋ္ဌ တာဝန်ယူထားသည့် နိုင်ငံအပြင် အခြားနိုင်ငံများတွင်လည်း ပြဿနာ ကိုယ်စီ ရှိနေကြပါသည်။ ယင်းကိစ္စနှင့် မသက်ဆိုင် သည့် အာဆီ ယံအဖွဲ့ဝင် နိုင်ငံများကို နှစ်မျိုးနှစ်စား ခွဲခြားနိုင်ပါသည်။ အရေးဆိုသူ နိုင်ငံများနှင့် လုံးဝ မသက်ဆိုင်သည့် နိုင်ငံများဟူ၍ ဖြစ်ပါသည်။ သက် ဆိုင်သည့်နိုင်ငံများမှာ စင်္ကာပူ၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံများဖြစ်ပြီး ကျန်နိုင်ငံများမှာ သက်ဆိုင်မှု မရှိကြပါ။ ကျန်တြိ ၃ နိုင်ငံမှာ သူတို့လိပ် ခဲတည်းလည်း ဖြစ်နေရသည့် ပြဿနာ အကျပ်အတည်းကို တိုးတက်မှု မြင်လိုကြပြီး သူတို့၏အမြင်၊ ရပ်တည်ချက် များကို အာဆီယံအဖွဲ့တွင် ထင် ဟပ်သက်ရောက်မှု ရှိလိုသည်။ ပြောရလျှင် အာဆီယံ-တရုတ် ဆက်ဆံရေး အကျယ်အပြန့် နယ်ပယ်တွင် ပါ သက်ရောက်မှု ဖြစ်စေ လိုကြ ပါသည်။

စင်္ကာပူနိုင်ငံကမူ အမြဲတစေဆိုသလို ယခုအငြင်းပွားမှုတွင် ပါဝင်ပတ်သက်နေသည့် နိုင်ငံများသည် အာဆီယံအတွင်း၌ဖြစ်စေ၊ နိုင်ငံတ ကာ အနေအထားဖြင့် ဖြစ်စေ ဖြေရှင်းကြရာ၌ ပင်လယ် ရေကြောင်းများအတွင်း လွတ်လပ်လုံခြုံစွာသွားလာခွင့်ကိ
ု မထိခိုက်စေသင့်ဟု ထုတ်ဖော် ပြောဆိုခဲ့သည်။ အလားတူပင် အင်ဒိုနီးရှားနိုင်ငံကလည်း ယခုအငြင်းပွားမှုတွင် အာဆီယံ အသင်းအနေဖြင့် သွေးစည်းညီ ညွတ်မှု ပြရန် လို သည်ဟု ယူဆနေသည်။

ထိုင်းနိုင်ငံ၏ ရပ်တည်ချက်ကမူ အနည်းငယ်တော့ ပြဿနာရှိသည်။ ထိုင်းနိုင်ငံအတွက် မည်သူက 'အမှန်တကယ်နိုင်ငံခြားရေးဝန်ကြီ
း' ဖြစ် သည်ဆိုသည်မှာ မေးခွန်းတခုဖြစ်ပြီး ရပ်တည်ချက်က ဝေေ၀၀ါးဝါး ရှိလှသည်။ ဤသို့ အဓိကဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများက တောင် တရုတ် ပင်လယ်အရေးနှင့် ပတ်သက်၍ ၀န်ကြီးများ အစည်းအဝေးတွင် သီးခြားစီ ကြေညာချက်ထုတ်ရန် ထောက်ခံ ရပ်တည်နေကြ သည်။ သို့သော်လည်း ဤသို့ သီးခြား ကြေညာချက် ထုတ်ရန် အစီအစဉ်ကို နောက်ပိုင်းတွင် ဖျက်သိမ်းခဲ့ရသည်။ အာဆီယံအသင်း ဥက္ကဋ္ဌအဖြစ်ဆောင် ရွက်နေသည့်နိုင်ငံက တရုတ်နှင့် ဖိလစ်ပိုင်တို့သည် တင်းမာမှုရှိနေသည့် စခါဘိုရော့ သဲသောင်ကျွန်းများ (တရုတ်ဖက်ကမူ ဟွန်ယွန်း Huanyan Island ကျွန်းဟု ခေါ်သည်) နှင့် ပတ်သက်၍ နှစ်နိုင်ငံချင်း တွေ့ဆုံ ညှိနှိုင်းသင့်သည်၊ တည်ငြိမ်အေးဆေး သင့်သည် ဟု ပြောဆိုခဲ့ သည်။ သို့ဖြင့် ဤသို့ ထုတ်ပြန်ကြေညာချက်မျိုး မလိုအပ်တော့ပေ။

အာဆီယံအသင်းနှင့် တရုတ်နိုင်ငံဆက်ဆံရေးအတွက် ၂၀၁၂-၁၅ ကာလတွင် ကြားခံညှိနှိုင်းရေး တာဝန်ခံ နိုင်ငံအဖြစ် တာန်ယူထား သည့် ထိုင်းနိုင်ငံက သူတို့၏ ရပ်တည်ချက်အတွက် ထောက်ခံပေးရန် တရုတ်နိုင်ငံကိုရော၊ အမေရိကန်ပြည်ထောင်စုကိုပါ အသည်းအ သန်စည်း ရုံးတိုက်တွန်းခဲ့ကြသည်။ တောင်တရုတ်ပင်လယ်နှင့် ပတ်သက်၍ ဤသို့ကြေညာချက်မျိုး ထွက်လာပါက တရုတ်နိုင်ငံနှင့် ဖိ လစ်ပိုင် နိုင်ငံကိုပါ ထည့်သွင်းဖော်ပြသင့်သည်၊ ဒေသအတွင်း တင်းမာမှုများမြင့် တက်လာနေမှုအပေါ် ရှုတ်ချပြစ်တင် သင့်သည်ဟု တိုက် တွန်း အကြံ ပေးမှု များပင် ရှိခဲ့ကြသည်။

အဖြေ (ဂ) ကို ရွေးချယ်ကြသူများအဖို့ အကြောင်းရှိပါသည်။ ၎င်းမှာ အာဆီယံအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးအတွက် ယခုနှစ်တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည့်သူမှာ ၀ါရင့် နိုင်ငံရေးသမား ဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၏နိုင်ငံခြား
ရေးဝန်ကြီး ဖြစ်သူ ဟော နမ်ဟောင်း (Hor Namhong) ဖြစ်သည်။ သူက မည်သည့်အချိန်တွင် ခလုတ်နှိပ်ရမည်ကို အတိအကျသိသူလည်း ဖြစ်သည်။ ယခုတကြိမ်တွင်မူ သူ ကပူးတွဲ ကြေညာချက် ဖြစ်မြောက်ရေးကို ပိတ်ပင်စေခဲ့သည်။ ဤအချက်မှာလည်း သူ၏ သမိုင်းပင် ဖြစ်ပါလိမ့်မည်။

သူ၏ လုပ်ဆောင်ချက်အပေါ် အစည်းအဝေး တက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီး အများအပြား စိတ်ပျက် ဒေါသဖြစ်ခဲ့ကြရသည်။ သ တင်း ထောက်များကမူ အထူးသဖြင့် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလဲဂါဝါ (Marty Natalegawa) ၏ ရလဒ်နှင့်ပတ် သက်၍ စိတ် ပျက်ရကြောင်း၊ အာဆီယံအဖွဲ့ဝင် အချို့သော နိုင်ငံများက "တာဝန်မဲ့စွာ" ပြုမူခဲ့ကြသည်ဟု ထုတ်ဖော်ပြောဆိုချက်ကို အ ကျယ်အပြန့်ကိုးကား ဖော်ပြခဲ့ကြသည်။ သူက ကမ္ဘောဒီယားနိုင်ငံကို နာမည်ဖော်၍ ထုတ်ဖော်မပြောခဲ့သည်မှာ သေချာပါသည်။ ထိုင်း နှင့် ကမ္ဘောဒီးယား နိုင်ငံတို့ အငြင်းပွားနေကြသည့် ပရိယာဝိဟာ ကျောင်းတော်/ခေါင် ဖရာ့ဝိဟန်ကျောင်း နှင့် ပတ်သက်၍ လေ့လာသူ များ အဖြစ် ပါဝင်မည့် အင်ဒိုနီး ရှား နိုင်ငံ၏ အခန်းကဏ္ဍကိုလည်း ပြန်၍ စောင့်ကြည့်ရဦးတော့မည် ဖြစ်သည်။ ဤကိစ္စတွင်လည်း အင်ဒိုနီး ရှားနိုင်ငံက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ သည့် ပြီးခဲ့သည့် နှစ်မှ စ၍ ကြည့်လျှင် တိုးတက်မှု အနည်းငယ်မျှသာ ရှိသေးသည်။

လာမည့် နောက်နှစ်နှစ်တွင် ဘရူနိုင်းနှင့် မြန်မာက ကမ္ဘောဒီးယားအပြီးတွင် အာဆီယံအဖွဲ့၏ ဥက္ကဋ္ဌများအဖြစ် ၂၀၁၃ ခုနှစ် နှင့် ၂၀၁၄ ခုနှစ် တွင်တာဝန်ယူကြရတော့မည် ဖြစ်သည်။ အမှန်အတိုင်းဆိုရလျှင် ၎င်းနှစ်နိုင်ငံလုံးကတောင်တရုတ် ပင်လယ်အရေးနှင့် ပတ်သက်၍ ကမ္ဘောဒီး ယားနိုင်ငံကို ထောက်ခံခဲ့ကြသည်။ ဘရူနိုင်းနိုင်ငံက အာဆီယံအတွင်း ဤကိစ္စကို အရေးဆိုထားသော နိုင်ငံတခု ဖြစ်သော် လည်း ရေနံဖြင့် ကြွယ်ဝချမ်းသာနေသည့်နိုင်ငံက မည်သည့်အသံမျှ ပြောင်ပြောင်တင်းတင်း ထုတ်ဖော်မပြောဆိုခဲ့သလို ဤအကျပ်အ တည်းတွင်လည်း ၎င်း၏ ရပ်တည်ချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြပြောဆိုခဲ့ခြင်း မရှိပါ။

သို့သော်လည်း ဘရူနိုင်းနှင့် မြန်မာနိုင်ငံတို့၏ ရပ်တည်ချက်မှာမူ ယခု အငြင်းပွားနေကြသည့် ကျွန်းများ ကိစ္စသည် အငြင်းပွားနေကြသည့် ပါ တီ၊ နိုင်ငံများအတွင်း အချင်းချင်း အင်အားမသုံးဘဲ တွေ့ဆုံဆွေးနွေး၍ ဖြေရှင်းသင့်သည်ဟုမြင်ကြသည်။ ဤအမြင်က တရုတ်နိုင်ငံက ရေရှည် ရပ်တည်လာခဲ့သည့် အမြင်နှင့်လည်း ကောင်းစွာဆက်စပ်နေပေသည်။

အခြေ (ဃ) ကို ရွေးချယ်သူများအတွက်မူ ရိုးစင်းလှပါသည်။ အမေရိကန်ပြည်ထောင်စုက လာမည့် အနာဂတ်တွင် သူ၏ ကာကွယ်ရေး ဘတ် ဂျက်ကို လျော့ချနေစဉ်ကာလမှာပင် အာဆီယံ အသင်းအတွက် ပို၍ အထောက်အပံ့များ ပံ့ပိုးနေသည်မှာ အများအသိပင် ဖြစ် သည်။ အာဖဂန် နစ္စတန် နိုင်ငံမှ ၎င်း၏တပ်များ ရုတ်သိမ်းနေစဉ်ကာလတွင် အမေရိကန်က နောက်ထပ် စစ်မျက်နှာအဖြစ် အာရှ-ပစိ ဖိတ်ဒေသကို ပို၍ အာရုံရွှေ့လာခဲ့သည်။ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်က လာမည့် ၁၀ နှစ်တွင် ဒေသအတွင်း စစ်အင်အားအချိုးကို ၅၀% မှ ၆၀% အထိမြှင့်တင် လိမ့် မည်လည်း ဖြစ်သည်။ နောက်ထပ် ပိုလာမည့် ၁၀% သော စစ်အင်အားများက မည်သည့်နေရာတွင် အခြေပြုကြပါမည်နည်း။ သို့မဟုတ် အလှည့်ကျ စနစ်ဖြင့် အခြေပြုကြမည်လော။ အမေရိကန်ပြည်ထောင်စုက အာဆီယံ၏ ကာကွယ်ရေး ကိစ္စများနှင့် ပတ်သက်၍ပို၍ စိတ်အား ထက်သန်လာသည့် အချိန်တွင် အချို့သော နိုင်ငံများက အင်အားကြီးနိုင်ငံများ၏ ကစားပွဲအ တွင်း နယ်ရုပ်ဖြစ်ရ မည်ကို စိတ်မသက် မသာ ဖြစ်နေရချိန်တွင် အချို့နိုင်ငံများကမူကြွတက်နြေ
ကသည်။ မည်သို့ဖြစ်စေ နောက်ဆုံး အရှေ့တောင်အာရှ နိုင်ငံများကတရုတ်နိုင်ငံ၏နောက် ဖေး ပေါက်အဖြစ် ဆက်လက် ကျန်ရှိနေကြရဦးမည်သာ ဖြစ်သည်။

အခြေ (င) ကို ရွေးချယ်သူများမှာမူ တရုတ်မဟုတ်သူများ ဖြစ်ပေလိမ့်မည်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးမျာ
းအစည်းအဝေး တလျှောက် လုံး တွင်တရုတ်နိုင်ငံ၏ သတင်းမီဒီယာများက ဖိလစ်ပိုင်နိုင်ငံသည် အာဆီယံအဖွဲ့ကိုပြန်ပေးဆွဲ အကျပ်ကိုင်နေသည်ဟု စွပ်စွဲခဲ့ကြသည်။ အာဆီယံ အဖွဲ့ကလည်း ဤအပြုအမူကို လက်ခံနေသည်မှာ အံ့သြဖွယ်ဖြစ်သည်ဟု ဆိုခဲ့ကြသည်။ စိတ်ဝင်စားဖွယ် အချက်မှာအချို့သောတရုတ်သတင်း ဝေဖန်သူများက ဗီယက်နမ်နိုင်ငံကို ထည့်သွင်း ဖော်ပြခဲ့ကြခြင်း ဖြစ်သည်။ တောင်တရုတ်ပင်လယ်ကိစ္စ အသံများ ကတရုတ်နိုင်ငံကသံတမန် ရေး ချဉ်းကပ်မှု အသစ်ဖြင့် ဆောင်ရွက်လာစဉ် ငြိမ်းချမ်းစွာ တိုးတက်ရေးနှင့် ဖွံ့ဖြိုးရေး ကြွေးကြော်သံ တင် လာစဉ်ပို၍ ကျယ်လောင်လာ ခဲ့ ခြင်းလည်း ဖြစ်သည်။

ဤကိစ္စကို ယခုနှစ်နှောင်းပိုင်းတွင် ဒေသဆိုင်ရာ သဟဇာတဖြစ်စေရေး အစီအစဉ်အဖြစ် ခေါင်းဆောင်သစ်များဖြင့်နောက်
ထပ်အားဖြည့် ဆောင်ရွက်ကြမည် ဖြစ်သည်။ သို့အတွက်ကြောင့် အာဆီယံအသင်းကြီးက ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့ကို အာဆီယံ-တရုတ် ဆက်ဆံ ရေးကိ စ္စ၌ စိတ်အနှောက်အယှက် ဖြစ်ဖွယ်ကိစ္စကို တင်ခွင့်ပြုသည့်အပေါ် တရုတ်နိုင်ငံက နားမလည်နိုင် ဖြစ်နေရသည်။ ဘေဂျင်းအစိုးရ က အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဆက်ဆံရေးကို အဓိကကျသည့် နိုင်ငံခြားရေးမူဝါဒအဖြစ် နေရာထား သတ်မှတ်ထားပြီး ဖြစ်သည်။ အင် အားကြီးနိုင်ငံများ အထူးသဖြင့် အမေရိကန်၊ ရုရှား၊ ဥရောပနှင့် တရုတ်နိုင်ငံ ဆက်ဆံမှုမှာ တည်ငြိမ်၍ အရှည်ကို ကြိုတင် ခန့်မှန်း၍လည်း ဖြစ်နိုင် သည်။ သို့သော်လည်း တရုတ်နှင့် အာဆီယံ အသင်းကြီး အကြား တင်းမာမှုများ ကြောင့် ယခုအခါ ဘေဂျင်းနှင့် အင်အားကြီး နိုင်ငံ များ၏ ဆက်ဆံရေးကိုပါ ခြိမ်းခြောက်လာတော့မည့်အရေး ဖြစ်နေရသည်။

နောက်ဆုံးအနေဖြင့် အဖြေ (စ) ကို ရွေးချယ်သူများအတွက်မူ သူတို့ဘာသာ ခိုင်လုံသည့်အချက် ရှိပေလိမ့်မည်။ အထက်တွင် ဖော်ပြခဲ့ သည့် ကစားသူများအားလုံးက တနည်းမဟုတ် တနည်း အာဆီယံ အသင်းကြီးကို ဓားစာခံသဖွယ် အကျပ်ကိုင်ထားကြပါသည်။ဆုံးဖြတ် ချက်အများ စုကို ယခုအခါ အကောင်အထည်ဖော်ပြရာတွင် တစ်ဆို့နေကြရသည်။ အကြောင်းမှာ သူတို့၏ ရပ်တည်ချက်များကိုထင်ဟပ် သည့်ပူးတွဲကြေ ညာချက်များ ရှိမနေသောကြောင့် ဖြစ်သည်။ ကစားသူများ အားလုံးက အာဆီယံအသင်းကြီးကို သူတို့၏ အကျိုးစီးပွား အတွက်ကစားစရာဟု သာ သဘောထားကြသည်။ အာဆီယံခေါင်းဆောင်များ အသားကျနေသည့် အပြောများ၊ နည်းပရိယာယ် များဖြင့် သာအသုံးချ နေကြ သည်။ အာဆီယံအသင်းကြီး၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သူက အဖွဲ့၏ အစည်းအဝေး ခေါင်းစဉ်များနှင့် ဆွေးနွေးမည့် အကြောင်းအ ရာများကို မည်သို့မည်ပုံ ရေးဆွဲစီစဉ်ရမည်နှင့် ပတ်သက်၍ ဆုံးဖြတ်နိုင်သည့်သူ၏ အာဏာကို ကောင်းစွာ သဘောပေါက် ထားသူလည်း ဖြစ်သည်။ သူက ဤ အာဏာကို ချိန်ချိန်ဆဆ အသုံးချခဲ့သည်။ အလားတူပင် အာဆီယံအသင်းမှ ယခုအရေး ပါဝင်ပတ် သက်နေကြသူနိုင်ငံများကလည်း သူတို့ မည်သည့်အခါမျှ ၁၉၉၅ ခုနှစ်၊ မတ်လတုန်းကလို နောက်ထပ်တကြိမ် တောင်တရုတ်ပင်လယ် အရေးနှင့် ပတ်သက်၍ ဘုံသဘောထားရရန် တညီ တညွတ်တည်း မဖြစ်နိုင်သည်ကို နှလုံးသားထဲက သိနေကြပြန်သည်။

သို့အတွက်ကြောင့် ဖိလစ်ပိုင်နိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့် ကာကွယ်ရေးကိစ္စ ပူးပေါင်းဆောင်ရွက်မှုများ အပါအ၀င် သူ၏ အနေ အ ထားကို ပို၍ ခိုင်မာစေရန် လိုအပ်သည့် အဆင့်အားလုံးကို လုပ်ဆောင်နေလျက် ရှိပါသည်။ ဤသည်မှာ ကျန် အာဆီယံနိုင်ငံ များအ တွက် ရှက်ဖွယ်ပင် ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့က အာဆီယံမူဘောင် ခွင်အတွင်း၌ ပြိုင်ဆိုင်မှုများ၊ ထိပ်တိုက်တွေ့မှုများ၊ ပူး ပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြပါလိမ့်မည်။ အတိတ်ကာလတွင် အာဆီယံက တသံတည်း ထွက်ခဲ့သောကြောင့် မည်သူ ကမျှ စိုးရိမ် စိတ်မပွားခဲ့ကြပေ။ ယခုအချိန်မှစ၍ အားလုံးကို ကြိုးဖြေလွှတ်လိုက်သကဲ့သို့ ရှိနေပြီ။ အာဆီယံ ကံကောင်းပါစေဟု ဆု တောင်း နေရ တော့ မည် ဖြစ်ပါသည်။ ။

Kavi Chongkittavorn ရေးသားသည့် Who is holding Asean hostage? ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

ကာဝီ ချွန်ကစ်တာဝန် (Kavi Chongkittavorn)သည် အာဆီယံအသင်းနှင့် အရှေ့တောင်အာရှ နိုင်ငံရေးနယ်ပယ်ကို ဝေဖန်ရေးသား နေ သည့် ထင်ရှားသော သုံးသပ်လေ့လာသူတဦး ဖြစ်ပါသည်။
-- အောင်မျိုးကျော် to Richard Aung
--  Posted by lu bo

ဘကြီးသက်
Unknown at 8:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

NLD ပါတီ အတွင်းမှာ စုန်းမ ရှိ နေ ပြီ ဟု မြောင်းမြ NLD တို့  ဆို

ဆန္ဒထုတ်ဖော်မှုတွင် ခေါင်းဆောင်သူ ပါတီဝင် ဦးမြင့်ကျော်မှ ဆန္ဒထုတ်ဖော်မှုသည် ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်ကို မကျေနပ်၍ ဆန္ဒပြခြင်း မဟုတ်ကြောင်း၊ ပါတီကိုလည်း ဆန္ဒပြခြင်း
မဟုတ်ကြောင်း ပါတီဗဟိုကော်မတီရှိ တစ်ချို့ကို မကျေနပ်၍သာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း


သတင်း နှင့် ဓာတ်ပုံများ ကို ကြည့် ရှုရန် ကလစ် နှိပ်ပါ။
http://wp.me/pozkf-7g6

ဘကြီးသက်
Unknown at 8:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုးထလာသော အမျိုးသားရေး

လင်းထက်ဆွေ

ရခိုင် ရိုဟင်ဂျာ ဘင်္ဂလီ ကိစ္စ နဲ့ ပတ်သက်ပြီး မြန်မာပြည် တစ်လွှား မှာ မျိုးချစ်စိတ်တွေ နိုးကြားလာကြတယ်။ အချို့ က လဲ ကန်းကန်း ရိုင်းရိုင်း။ အချို့ ကလဲ ချင့်ချင့် ချိန်ချိန်။ အမျိုးသားရေးဝါဒ ရဲ့ အလံတွေ လဲ လွှင့်ထူလာကြတာ တွေ ရတယ်။ ၈၈၈၈ အုပ်စု က တောင် အမျိုး ဘာသာ သာသနာ ဆို တဲ့ အကွက် ကို နင်း လာရင်းနဲ့ နိုင်ငံရေး အခြေခံ ကို တည်ဆောက်လာတာ ကို တွေ့ ရပါတယ်။ 


ကိုလိုနီ အောက် က ရုန်းထလွတ်မြောက်လာ ရတဲ့ မြန်မာပြည်မှာ နိုင်ငံရေးလှုပ်ရှားမှု တွေ ကို အမျိုး ဘာသာ သာသနာ နဲ့ အစပြု ခဲ့ လို့ အမျိုးသားရေးဝါဒ ဟာ တခြား ကိုလိုနီ နိုင်ငံတွေ လို ပဲ အားကောင်းမောင်သန် ဖြစ်ခဲ့ တဲ့ အတိတ်ရှိတာ တော့ မဆန်ပေဘူး။ ဖြစ်ထိုက်တယ်လို့ ပြော ရမယ်။ နယ်ချဲ့ တွေ ကို မုန်းတဲ့ စိတ် နဲ့ မြန်မာပြည် တစ်လွှား မှာ မျိုးချစ်စိတ်တွေ နိုးကြားခဲ့ ကြလို့ ပဲ။ အသက်သွေးတွေ ပေးခဲ တယ် တိုင်းပြည်ထူထောင်ခဲ့ ကြတယ်။ ဒီရှုထောင့် က ကြည့် ရင် လွတ်လပ်တဲ့ မြန်မာပြည် ဟာ အမျိုးသားရေးဝါဒ က မွေးဖွားပေးခဲ့ တာ လို့ ပြော ရမလို တောင် ဖြစ်တယ်။

အခုလဲ ရခိုင် အရေး ကို အခြေတည် ပြီး အတိတ် ရဲ့ အရိပ်တွေ ကို ပြန်လည် အသက်သွင်းချင်ပုံ ရပါတယ်။ နေရာတိုင်း မှာ စစ်သွေးစစ်သံ တွေ က တစ်ညံညံ ဝေ လို ပဲ။ ကိုယ်စီးမဲ့ မြင်း ကို အထီး အမ ခွဲ ခြား တတ်ကြဖို့ တော့ လို လိမ့် မယ်။

မေးခွန်း က အမျိုးသားရေးဝါဒ လို မလို မဟုတ်ဘူး။ အမျိုးသားရေးဝါဒ က နိုင်ငံ တစ်ခု ရဲ့ နှလုံးသည်းပွတ် ဖြစ်လို့ ပဲ။ တစ်နည်း အား ဖြင့် နိုင်ငံတစ်ခု ရဲ့ အတ္တ နိုင်ငံတစ်ခု ရဲ့ သက္ကာယဒိဋ္ဌိ ပါပဲ။ အမျိုးသားရေးဝါဒ ကို အခြေခံ သော လစ်ဘရယ် ဒီမို ကရေစီ ကို ဖေါ်ဆောင် ရမှာ ဖြစ်ပါတယ်။ ဒီနေရာ မှာ ပြောချင်တာ က တော့ ဒီ နှစ်ခု လုံး က တန်းတူ အရေးကြီးတယ် ဆို တာ ကို သိမှတ်ထားဖို့ တော့ လို တယ်။ တစ်ခု အတွက် တစ်ခု ကို စတေး ပစ်ရမှာ မဟုတ် ပဲ ဒီ ၂ ခု (အမျိုးသားရေးဝါဒ နဲ့ ဒီမိုကရေစီ) ကို ဟန်ချက်ညီ အောင် ကျင့်သုံးကြ ဖို့ ဖြစ်ပါတယ်။

ဒီတော့ အမျိုးသားရေးဝါဒ ကို ဘယ်လို အဓိပ္ပါယ်ဖွင့် ကြမလဲ။ အမျိုး ဘာသာ သာသနာ နဲ့ အမျိုးသားရေးဝါဒ ကို အဓိပ္ပါယ်ဖွင့် ကြမယ် ဆို ရင် တော့ အလွန် အန္တရာယ်ကြီးမားပြီး ကြောက်စရာ ကောင်းတဲ့ လူမျိုးကြီးဝါဒ ဘာသာကြီးဝါဒ ဆီ ကို ဦးတည်သွား မှာ အသေ အချာ။ ဒီလို လှုပ်ရှားမှု တွေ ကို ဦးဆောင် သူ တွေ ဟာ အစွန်းရောက် ရက်စက် လူမဆန်တဲ့ အာဏာရှင်တွေ အဖြစ် နိဂုံးချုပ် ရတာ ချည်းပဲ ဖြစ်တယ်။ ဟစ်တလာအစ ဟူစိန်အလယ် ကဒါဖီ အဆုံး ပုဂ္ဂိုလ်မြတ်ကြီးတွေ ဟာ အမျိုးသားရေးဝါဒ နဲ့ အောင်မြင်ခဲ့ သူတွေ ဆို တာ သတိရကြပါ။

တစ်နေ့ က သခင်ကိုယ်တော်မှိုင်းသေတမ်းစာ ဆို တာ ဖတ်ရတယ်။ အချုပ်ပြောရ ရင် အလွန် အန္တရာယ်ကြီးမားပြီး ကြောက်စရာ ကောင်းတဲ့ လူမျိုးကြီးဝါဒ ဘာသာကြီးဝါဒ ကို သခင်ကိုယ်တော်မှိုင်း ရဲ့ ပါးစပ် မှာ တပ် ပြီး ပြော ခိုင်း ထား တာ ပဲ ဖြစ်တယ်။ ဆရာကြီးလို ငြိမ်းချမ်းရေး မြတ်နိုးသူ က သေခါနီး မှာ ဒါမျိုးပြောခဲ့ တယ် ဆို ရင် တောင် သူငယ်ပြန်တာ ပဲ ဖြစ်လိမ့်မယ် ထင်တယ်။ တစ်စုံတစ်ယောက် က ဒါ ကို ဖန်တီးခဲ့ တယ် ဆို လဲ အဲဒီသူ ဟာ The Enemy of the State ပါပဲ။ 

အမျိုး ဘာသာ သာသနာ နဲ့ အမျိုးသားရေးဝါဒ ကို အဓိပ္ပါယ်ဖွင့် ကြမယ် ဆို ရင် လူများစု ဗမာ တွေ ရဲ့ လူမျိုး ဘာသာစကား နဲ့ ထေရ၀ါဒဗုဒ္ဓဘာသာ ကို အခြေခံ ပြီး ဖွင့် ကြမှာ လား။ ဒီလို ဆို ရင် တော့ မြန်မာပြည် ရဲ့ အနာဂတ် နေ့ ရက် တွေ က မငြိမ်းချမ်းနိုင်တော့ ပါ။ ပြည်တွင်းစစ်မီးလျှံ တွေ ဆီ ကို ပဲ ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒ က တွန်းပို့ လိမ့် ဦးမယ်။ မြန်မာပြည် က အခြားသော လူမျိုး အခြားသော ဘာသာစကား နဲ့ အခြားသော သာသနာတွေ လဲ အားကောင်းကောင်း တည်ရှိ နေလို့ ပါပဲ။ တူ ဖြစ်တုန်း ကိုယ် က ထု ရက် ရင် ပေ ဖြစ်တဲ့ အလှည့် ကျ လဲ ကိုယ် က ခံ ရလိမ့်မယ်။ 

ခါတော်မီ နိုင်ငံရေး အင်အားစု တွေ က အမျိုး ဘာသာ သာသနာ နဲ့ အမျိုးသားရေးဝါဒ ကို ကိုင်စွဲ လာ ကြ ရတာ ဘာကြောင့် လဲ။ ဆောင်းပါရှင် ပြော သလို (( အမှန်တကယ်တွင်တော့ ပြည်သူလူထုကို လှုံ့ ဆော် မောင်းတင်ပေးနိုင်သော စိတ်ဓါတ်မှာ ဤ အမျိုးသားရေးဝါဒသာဖြစ်၍...)) ဆိုတာကြောင့် ပညာမတတ် ဆင်းရဲတွင်းထဲ နစ်နေတဲ့ လူထုကြီး ကို စေစား ကိုင်တွယ် အသုံးချ ချင် လို့ ပါပဲ။ အမျိုး ဘာသာ သာသနာ နဲ့ အမျိုးသားရေးဝါဒ ဟာ တတိယကမ္ဘာ နိုင်ငံ တွေ မှာ ဈေး ပေါပေါ နဲ့ ရ နိုင်တဲ့ လူထု စည်းရုံးရေး အိုင်ဒီယိုလိုဂျီ လက်နက် ဖြစ်နေလို့ ပါပဲ။ သွေးဆူလွယ်တဲ့ လူအုပ်နိုင်ငံရေး Mobocracy ဖက် ကို တိမ်းညွှတ်သွား နိုင်ပါတယ်။ လူတွေ ကို အလွယ်စည်းရုံး နိုင်တဲ့ အမျိုး ဘာသာ သာသနာ နဲ့ အမျိုးသားရေးဝါဒ ဟာ ဘေးထွက် ဆိုးကျိုး တွေ အများကြီး ရှိ နေတာ သိသင့် ပါတယ်။ ပြည်ထောင်စု ကို အသက်ပေး ကာကွယ် သူ တွေ က ကာကွယ် ပြည်ထောင်စု ရဲ့ အကျိုးအမြတ် ကို ခူးခပ် စားသူ က ခူးခပ်စား နဲ့ င အ တွေ မို့ သာ ဒီ အမိုက်လှိုင်း ကြီးထဲ မှာ သံယောင် လိုက် ကြ ရတာလေ..။ ခုထိ သင်ခန်းစာ မရ တတ် ကြသေးဘူး လား နောင်တ မရတတ် ကြသေးဘူးလား လို့ ဧရာဝတီ နဲ့ ရိုးမ တောင်တန်းကြီးတွေ သိမ့်သိမ့်တုန်ဟီး သွားအောင် တောင် ဟစ်ကြွေး လိုက် ချင်ပါရဲ့။

အမျိုး ဘာသာ သာသနာ နဲ့ အမျိုးသားရေးဝါဒ ကို ရှေ့တန်းတင်လာ ခြင်း ဟာ မြန်မာနိုင်ငံသား တွေ အချင်းချင်း စိတ်ဝမ်းကွဲစေမဲ့ သံသယ မျိုးစေ့တွေ ကို စိုက်ပျိုးပေးမဲ့ မိစ္ဆာဒိဋ္ဌိ အယူဝါဒ ပဲ ဖြစ်တယ်။ 

ဒါဆိုရင် မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ ဖြစ်တဲ့ အမျိုးသားရေးဝါဒ က ဘာလဲ။

မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ ဖြစ်တဲ့ အမျိုးသားရေးဝါဒ ဆိုတာ အမျိုး ဘာသာ သာသနာ ကို အခြေမခံ ပဲ နိုင်ငံသားဖြစ်မှု ကို အခြေခံတဲ့ အမျိုးသားရေးဝါဒ (တနည်း နိုင်ငံချစ် ၀ါဒ ) ပဲ ဖြစ်တယ်။ နိုင်ငံ တစ်ခု မှာ နယ်နမိတ်အကျယ်အ၀န်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ နိုင်ငံသား တွေ ပါဝင် ပါတယ်။ ပထ၀ီနယ်နမိတ်အကျယ်အ၀န်း တစ်ခု အတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အောက်မှာ နေထိုင်ကြတဲ့ နိုင်ငံသား ဖြစ်ထိုက်တဲ့ နိုင်ငံသားတိုင်း ဟာ အမျိုး ဘာသာ သာသနာ မခွဲခြားပဲ မိမိ နိုင်ငံတော် ကို ချစ်တာ ကာကွယ်တာ အကျိုးဆောင်တာဟာ မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ ဖြစ်တဲ့ အမျိုးသားရေးဝါဒ ပါပဲ။ 

နိုင်ငံသားဖြစ်မှု ကို အခြေခံတဲ့ အမျိုးသားရေးဝါဒ ရှိမှ တကယ် ပွင့်လင်းလွတ်လပ် တဲ့ တရားမျှတမှု ဆို တာ ရှိမယ်။
တကယ် ပွင့်လင်းလွတ်လပ် တဲ့ တရားမျှတမှု ဆို တာ ရှိ မှ လဲ သံသယကင်း တဲ့ စည်းလုံးညီညွတ်မှု ဖြစ်မယ်။
သံသယကင်း တဲ့ စည်းလုံးညီညွတ်မှု ဖြစ်မှ လဲ တိုးတက်အောင်မြင်တဲ့ နိုင်ငံ တစ်ခု ဖြစ်နိုင်လိမ့်မယ်။

လစ်ဘရယ်ဒီမိုကရေစီ ရဲ့ အနှစ်သာရ ကလဲ မတူကွဲပြား ခြားနားမှုတွေ လွတ်လပ်စွာ အတူတည်ရှိနိုင်ခြင်းပဲ မဟုတ်ပါလား။
လစ်ဘရယ်ဒီမိုကရေစီ ရဲ့ အနှစ်သာရ က လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ်တန်ဖိုး နဲ့ အခြေခံလွတ်လပ်ခွင့်တွေ ကို ရည်ညွှန်းပါတယ်။ လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ်တန်ဖိုး နဲ့ အခြေခံလွတ်လပ်ခွင့်တွေ ကို ဘယ်လို စကားလုံးကြီးတွေ အတွက် မှ မစတေး သင့်ဘူး ဆို တဲ့ အမြင် ပါပဲ။ 

ဒါကြောင့် အမျိုး ဘာသာ သာသနာ အလံ မြင့်မြင့်လွှင့်ထူပြီး အယာတိုလာ တစ်ယောက် ရဲ့ သံမဏိအကျဉ်းထောင်ထဲ မှာ နေလို ကြရင် တော့ လဲ ဒါက ဗမာ တွေ ရဲ့ ရွေးချယ်မှု လို့ ပဲ ဆို ရမယ်။ လူမျိုးရေး ဘာသာရေး အသာစီး ရမှု က လူတစ်ဦးချင်းစီ ရဲ့ လွတ်လပ်မှု နဲ့ တန်ဖိုးထက် အရေးကြီးတယ် ဆို ရင် လဲ ဒါက ဗမာ တွေ ရဲ့ ရွေးချယ်မှု လို့ ပဲ ဆို ရမယ်။

အမျိုး ဘာသာ သာသနာ အိပ်မက်ဆိုးကြီး မှ အမိပြည်ပြန်မာ အမြန်ဆုံး နိုးထလွတ်မြောက်နိုင်ပါစေ။
  lu bo

ဘကြီးသက်
Unknown at 8:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖုန်းဘက်ထရီကို ရေနဲ့ အားသွင်းလို့ ရပြီ

From : http://mee-pya-tite.blogspot.com/2012/08/blog-post.html


အားသွင်းလို့ရတဲ့ ဘက်ထရီ အတော်များများကို ရေနဲ့ အားသွင်းလို့ ရပြီဆိုရင် သင် လက်ခံနိုင်ပါ့မလား။ ဒါဟာ တကယ့်ကို ဖြစ်နိုင်နေပါပြီ။ ဆွီဒင် အခြေစိုက် ကုမ္ပဏီတစ်ခုမှ ယခင်နှစ်ကုန်ပိုင်းတွင် အာစီလိုနားတွင် ကျင်းပခဲ့သော ကမ္ဘာ့မိုဘိုင်း ညီလာခံတွင် မိတ်ဆက်ပြသခဲ့ပြီး ဖြစ်သည်။ ယင်းအားသွင်းစက်သည် ခွက်အငယ်စားနှစ်ခု ပူးတွဲပါရှိတဲ့ ပုံစံဖြစ်ပြီး လိုရာကို အလွယ်တကူ သယ်ယူသွားနိုင်သည့် အရွယ်အစားဖြစ်ပါသည်။ ရေကို ခွက်တစ်ခုထဲတွင် ထည့်သွင်းပေးလိုက်ရုံဖြင့် Sodium Silicide နှင့် ဓာတ်ပြုကာ ဟိုက်ဒရိုဂျင်ဂက်စ် ထွက်ရှိလာပြီး အားသွင်းနိုင်မည်ဖြစ်သည်။ စားပွဲတင်ဇွန်း တစ်ဇွန်းစာ ရေဖြည့် အသုံးပြုရုံဖြင့် ဖုန်းဘက်ထရီကို ၁၀ နာရီစာ အသုံးပြုနိုင်သည့် အားဖြည့်သွင်းပေးနိုင်တယ်လို့လည်း သိရှိရပါသည်။ USB ကြိုးဖြင့် ချိတ်ဆက်အားသွင်းရသော လျှပ်စစ်ပစ္စည်းတိုင်းကို အလွယ်တကူ အားသွင်းပေးနိုင်ပါသည်။ မေလ ဇွန်လလောက် ကတည်းက ဈေးကွက်အတွင်း ရောက်ရှိနေပြီး ရောင်းဈေးမှာ ဒေါ်လာ ၂၀၀ နှင့် ၂၅၀ ကြား သတ်မှတ်ထားပါသည်။ အောက်ခံခွက်ကိုတော့ ၄ ဒေါ်လာဖြင့် လဲလှယ် အသုံးပြုနိုင်ပါသည်။ ဒီ အံ့သြဖွယ်ရာ ပစ္စည်းကိုတော့ PowerTrekk လို့ နာမည်ပေးထားပါတယ်။




“On the one hand, mobile devices release us from being tethered to one place. For instance, one no longer needs to be connected to a modem to browse the web, thanks to smartphones that are Wi-Fi enabled.

On the other, such mobility is of no use if one does not have mobile facilities for charging the devices. Mobile chargers are common, but what if you were on a trek through the Amazon and the battery in your device ran out of charge?



If you are willing to pay around $300 (£200), you may not have to worry about the lack of charging facilities close at hand. The solution, named Powertrekk, uses fuel cell technology to convert hydrogen gas into electricity. Best of all, all you need is water, from which this clever gadget extracts hydrogen. Simply insert a PowerPukk fuel pack and add water.



The Powertrekk is designed for USB-powered devices, which means both your mobile phone and laptop (if you’re carrying one on a trek) can be charged. And yes, they’re safe for you to carry with you on board flights.Powertrekk Power from Water1 636x557 Charge Your Mobile With Water, the Powertrekk!



The chemical process is safe and eco-friendly. Water vapour is produced as a by-product, which is why the fuel cell must be exposed to open air. This technology also removes the dependence that solar powered chargers have on the weather. During heavy rains, you can’t rely on your solar charger, but the Powertrekk will still work.

Like all other electronic devices, used fuel packs and cell chargers constitute electronic waste and need to be disposed of under a controlled recycling program.”


ဘကြီးသက်
Unknown at 8:39 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၈ သောင်းတန် CDMA ဖုန်းများ ချထား ပေးရန် စီစဉ်





လာမည့် ၂၀၁၅ မတိုင်မှီ မိုဘိုင်းဖုန်း သန်း ၃၀ ချထားပေးမည်ဟု သတင်း ထုတ်ပြန်ထားသည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာ့ စီးပွားရေးဘဏ်နှင့် ပူးပေါင်း၍ ၈သောင်းတန် CDMA ဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly ကိုပြောကြားသည်။

CDMA ဖုန်းများကို ရှစ်သောင်းဖြင့် ချထားပေးမည်ဟု ဆိုသည့် သတင်းထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းရာတွင် ယခုနှစ်အတွင်း ဈေးနှုန်းလျော့ချရန် အစီအစဉ်မရှိသေးကြောင်း၊ တစ်ဆင့်ပြီး တစ်ဆင့် လျော့ချရန်သာ အစီစဉ်ရှိကြောင်း ဦးသိန်းဝင်း က ပြောကြားခဲ့သည်။

၁၅ သိန်းတန် CDMA ဖုန်းများမှ ၅ သိန်းသို့ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း ခန့်တွင် လည်းကောင်း၊ ၅သိန်းတန် တယ်လီဖုန်းမှ ၂သိန်းခွဲသို့ ၂၀၁၁ ဧပြီလတွင်လည်း ပြောင်းလဲ သတ်မှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ၈သောင်းဖြင့် ရောင်းချပေးမည် ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

CDMA ဖုန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့ ကြီးများတွင် ဖုန်းအလုံးရေ ခုနှစ်သောင်းကျော်အား ထပ်မံ ဌားရမ်း ချထားခွင့် ပြုခဲ့ပြီး အောက်တိုဘာ လဆန်းပိုင်းတွင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်က ပြန်လည်ကာ CDMA 800 MHz နှင့် 450 MHz ဖုန်းနှစ်မျိုး ပေါင်းကာ အလုံးရေ ၅၀၀၀ ကျော် ရောင်းချပေးခဲ့ပြန်သည်။

မြန်မာနိုင်ငံတွင် ၀၉-၉၉ နှင့် စသော ဆယ်လူလာ ဖုန်းများကို ၁၉၉၆ ဝန်းကျင်တွင်လည်းကောင်း၊ ၀၉-၅၀၀ ဖြင့်စသော GSM မိုဘိုင်လ်းဖုန်းများကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊ ၀၉၈၅ ဖြင့် စသော CDMA 450 MHz ဖုန်းများကို ၂၀၀၈ ခုနှစ်တွင်လည်းကောင်း၊ ၀၉-၇၃၀ ဖြင့်စသော CDMA 800 MHz ဖုန်းများကို ၂၀၁၀ ပြည့်နှစ်တွင် လည်းကောင်း အသီးသီး ဌားရမ်း အသုံးပြုခွင့် ပေးခဲ့သည်။

From : The Voice

ဘကြီးသက်
Unknown at 8:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရိုဟင်ဂျာကို ဓာတ်ခွဲ စမ်းသပ်ခြင်း

ငယ်ငယ်တုန်းက ၁၀တန်းအောင်ပီးပီးချင်း အချိန်ပြည့်တက်ရတဲ့ ကျောင်းတဖက် တက်ရင်းနဲ့ အချိန်ပိုင်းအလုပ်တခုဝင်လုပ်ခဲ့တယ်..အဲ့ဒီအလုပ်က ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတခုပဲ..ဗမာနိုင်ငံမှာတော့ နာမည်ကြီး ပုဂ္ဂလိက ဓာတ်ခွဲခန်းတခုလို့ ပြောလို့ရတယ်.

အဲ့ဒီမှာ ကိုယ်လုပ်ရတဲ့အလုပ်နဲ့ပတ်သတ်ပီး ဓာတ်ခွဲစမ်းသပ်မှုဆိုင်ရာ နည်းပညာတွေကို တော်တော်မှတ်သားသင်ကြားခဲ့ရတယ်..။ သွေးနမူနာယူပီး ရောဂါရှာဖွေခြင်း(blood tests), ဆီးနမူနာယူဖြင့်ရောဂါရှာဖွေခြင်း(urine tests),သလိပ်မှတဆင့်ရောဂါရှာဖွေခြင်း( sputum test), ရိုးတွင်းချဉ်ဆီကိုထုတ်ပီး ရောဂါရှာဖွေခြင်း (spinal fluid tests) နဲ့ အပြင်မှာရောဂါပိုးမွေးမြူပီး ၄င်းရောဂါပိုးကို တိုက်ထုတ်နိုင်သော ဆေးကိုရှာဖွေစမ်းသပ်ခြင်း ဆိုတဲ့ ( Culture and Sensitivity ) တွေကို အများကြီးသင်ခဲ့ရတယ်..။


အဲ့ဒီမှာ စိတ်အဝင်စားဆုံးက "ခန္ဓာကိုယ်ပြင်ပမှာရောဂါပိုးမွေးမြူပီး ၄င်းရောဂါပိုးကို တိုက်ထုတ်နိုင်သော ဆေးကိုရှာဖွေစမ်းသပ်ခြင်း ဆိုတဲ့ ( Culture and Sensitivity ) " ကို စိတ်ဝင်စားမိတယ်..

တနေ့ကျတော့ ကျမ တယောက်တည်း ရောဂါဗေဒ ဆရာဝန်ကြီး (Pathologist) တယောက်တည်း ရှိနေတဲ့ အချိန် C&S အခန်းထဲကို mask တပ်ပီး ဝင်သွားတယ်...အဲ့ဒီအခန်းက တော်ရုံလူပေးမဝင်ဘူး..ပိုးမွေးတဲ့နေရာမှာ ပြင်ပကသယ်လာတဲ့ တခြားပိုးတွေမှားပေါက်လာမှာစိုးလို့လေ...ကျမကလဲ သိတဲ့အတိုင်း ခလေးလိုလို ခွေးလိုလို ဆိုတော့ သူက ဘာမှ မပြောဘူး..

အဲ့ဒီမှာ ကျမ သူအလုပ်လုပ်နေတာကို ထိုင်ပီး ကြည့်နေမိတယ်..သူအလုပ်လုပ်နေတာ ရှင်းရှင်းလေး..သူ့ဆီမှာ ရှိနေတဲ့သွေးတွေ ၊ သလိပ်တွေ ၊ ဆီး စတာတွေကို တခါသုံးခွက်အပါးပြားလေးထဲကို နည်းနည်းလေးဆီထည့်လိုက်တယ်..အဲ့လိုမထည့်ခင် သူက လူနာတဦးခြင်းဆီရဲ့  ရာဇဝင်ကို အရင်ဖတ်တာပေါ့နော်..

လိုအပ်တဲ့ သွေး၊သလိပ်၊ဆီးတို့ကို ရေစက်တစက်ရဲ့ ၁၀ပုံပုံ တပုံလောက်တောင်မရှိတဲ့ ပမာဏ နည်းနည်းချင်းဆီထည့်ပီးတော့ အဲ့ဒီခွက်လေးထဲမှာ ပြန့်သွားအောင် ဖြန့်လိုက်တယ်..။ ရောပီးထည့်တာမဟုတ်ဘူးနော်..။ သွေးကတဆင့်ရောဂါရှာရမဲ့လူနာအတွက်ဆိုရင် သွေးသက်သက်ပဲ ခွက်ထဲကို နည်းနည်းထည့်တာ..။ ထည့်ပီးတော့ တခါ သူက လိုအပ်တဲ့ ဓာတုဗေဒ ပိုးစာတမျိုးချင်းဆီကိုထုတ်လိုက်တယ်..။ ပီးတော့ အဲ့ဒီခုန ဖြန့်ထားတဲ့ ခွက်ပြားလေးထဲကို သူရွေးချယ်ထားတဲ့ ပိုးစာနည်းနည်းထည့်လိုက်ပီး ခုနသွေးနဲ့ ရောသမပေးလိုက်တယ်..။ အဲ့ဒီအချိန်ထိက ခွက်ထဲမှာ သွေးဆိုရင် ပိုးအစာနဲ့ရောနေတဲ့ သွေးသက်သက်သာ ရှိနေဆဲပဲ..ဘာမှ ထူးခြားမှု မရှိဘူး..။

နောက်တဆင့်အနေနဲ့သူက အဲ့ဒီခွက်လေးကို အနွေးဓာတ်ပေးထားတဲ့ ပိုးမွေးစက်ထဲကို ထည့်လိုက်တယ်..။ ပီးတော့ သူက လွန်ခဲ့တဲ့ နှစ်ရက်လောက်က အထက်က ကျမ ပြောခဲ့တဲ့ အဆင့်လေးတွေအတိုင်း လုပ်ထားခဲ့တဲ့ ပိုးမွေးခွက်လေးတွေကို အဲ့ဒီစက်ထဲက ပြန်ထုတ်လာတယ်..။ ပိုးမွေးခွက်အသစ်ကို ထည့်လိုက်ရင် ပိုးပေါက်ဘို့က နှစ်ရက် ၊ သုံးရက်လောက်ကြာတတ်လို့ ခုန သူထည့်လိုက်တဲ့ ပိုးမွေးခွက်လေးထဲက ပိုးတွေကတော့ ချက်ချင်း ဘယ်ပေါက်ပါအုံးမလဲ..ဒါ့ကြောင့် သူလွန်ခဲ့တဲ့ နှစ်ရက် သုံးရက်လောက်က ထည့်ထားခဲ့တဲ့ ပိုးပေါက်နေပီဖြစ်တဲ့ ပိုးခွက်လေးတွေ ထုတ်လာတော့ ကျမလဲ ဆက်ကြည့်နေလိုက်တယ်..။

အံ့သြစရာကောင်းတယ်....သူအသစ်ကို ထည့်တုန်းက ဘာကိုမှ မျက်စိနဲ့ မမြင်ခဲ့ရတဲ့ ပျံ့နေတဲ့သွေးထဲမှာ နောက်နှစ်ရက် သုံးရက်ကြာတော့ ဟိုတစု ဒီတစုနဲ့ ဖြူဖြူလေးတွေ ၊ ခပ်မဲမဲလေးတွေကို ပိုးမွေးခွက်လေးထဲမှာ မြင်နေရတယ်..။ တကယ့်ကို အံ့သြစရာပဲ..။ အရမ်းကြီးထင်ထင်ရှားရှား မဟုတ်ပေမဲ့ သာမာန်မျက်စိနဲ့ကတော့ အဲ့ဒီပိုးအစုလေးတွေကို မြင်နေရတယ်..။

အဲ့ဒီမှာ သူက အဲ့ဒီပေါက်လာတဲ့ ရောဂါပိုးတွေရဲ့  ဓလေ့ သဘာဝ နဲ့ ပုံသဏ္ဍာန်ကို လေ့လာဘို့အတွက် မှန်ပြားအချပ်လေးပေါ်မှာ ဓာတုဗေဒ ဆေးရည်နည်းနည်းနဲ့ ရောဂါပိုးအနည်းငယ်ကို ထည့်ပီး အနုကြည့်မှန်ပြောင်းနဲ့ စကြည့်တော့တယ်....အဲ့ဒါက Culture (ဝါ) ဓလေ့ဓရိုက် ကို လေ့လာခြင်းလို့ခေါ်တယ်..

သူစိတ်ကြိုက်လေ့လာကြည့်ရှုလို့လဲ ပီးရော အဲ့ဒီ ရောဂါပိုးပေါက်နေတဲ့ ခွက်လေးထဲကို သူ့ရဲ့ကျွမ်းကျင်မှုအရ အဲ့ဒီပိုးကို သတ်နိုင်မဲ့ သက်ဆိုင်တဲ့ ဆေးတမျိုးကို ခွက်လေးထဲ ထည့်ပေးလိုက်တယ်..။ တခါတလေမှာတော့ သူပိုးမွေးတဲ့ခွက်ဟာ သွေးတမျိုးထဲကို နှစ်ခွက်သုံးခွက်လုပ်ထားတာပေါ့နော်..။ အဲ့ဒီတော့ ပိုးပေါက်လာတဲ့အခါ ဆေးကိုလဲ ခွက်အလိုက် အမျိုးမျိုးထည့်ပေးတာပေါ့..။ အဲ့ဒါကတော့ Sensitivity လုပ်ခြင်း (ဝါ) ဒီဓလေ့စရိုက်ရှိတဲ့ ပိုးကို မည်သည့်ပိုးသတ်ဆေးအမျိုးအစားနဲ့ သတ်နိုင်မလဲဆိုတာ ထပ်မံ စမ်းသပ်ခြင်းဖြစ်တယ်..။ တခါတလေမှာတော့ ပိုးကတူပါလျှက် ပိုးက ပိုးသတ်ဆေးကို ခံနိုင်ရည်ရှိပီး မသေတာမျိုးဖြစ်လို့ အဆင့်ဆင့် ပြင်းတဲ့ ပိုးသတ်ဆေးမျိုးကို ရှာဖွေပေးရပြန်တယ်..။

အဲ့ဒီ Culture လုပ်ခြင်းနဲ့ Sensitivity လုပ်ခြင်း အဆင့်ကို ပီးသွားတဲ့အခါကျတော့မှ ရောဂါဗေဒ ဆရာဝန်ကြီးဟာ လူနာကို ကုပေးနေတဲ့ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေကို မည်သည့်ပိုးကို တွေ့ရှိထားကြောင်း ၊ ဒါ့ကြောင့် ၄င်းပိုးကိုသေစေနိုင်တဲ့ မည်သည့်ပိုးသတ်ဆေး အမျိုးအစားကို ညွှန်ပေးရမည်ဖြစ်ကြောင်းကို အဖြေထုတ်ပေးရတယ်..။

ဒါက ရောဂါပိုးမွေးမြူခြင်းနဲ့ ၄င်းတွေ့ရှိတဲ့ ရောဂါပိုးကို သေစေနိုင်တဲ့ ဆေးကို ညွှန်ပြခြင်းပေါ့နော်..။

နောက်တခုဆက်စပ်ပီးပြောပြချင်တာက ကျမတို့ လူခန္ဓာကိုယ်ထဲမှာ ကျမတို့ကို ထိခိုက်စေမဲ့ ရောဂါပိုးတွေချည်းပဲ ရှိတာ မဟုတ်ဘူးဆိုတာလေးကို သတိထားမိအောင်လေး..။ ကျမတို့ လူခန္ဓာကိုယ်ထဲမှာ လူကို ပိုပီး ကြံ့ခိုင်ကျန်းမာစေတဲ့ အကျိုးပြုပိုးတွေလဲရှိတယ်..။ အဲ့ဒီအကျိုးပြုပိုးတွေကြောင့် ကျမတို့ဟာ ရှင်သန်ကျန်းမာနေတာ ဖြစ်တယ်..။ ဒါပေမဲ့ မတူညီတဲ့ ပိုးတွေ ခန္ဓာကိုယ်ထဲ ဝင်လာတဲ့ အခါကျတော့ အချင်းချင်း အပြန်အလှန်တိုက်ခိုက်ပီး လူခန္ဓာကိုယ်အတွက် ဆိုးတဲ့ပိုးက ပိုအားကောင်းရင်တော့ လူက သေပီး အကျိုးပြုပိုးက ပိုအားကောင်းနေရင် ၊ ဒါမှမဟုတ် ပိုအားကောင်းအောင် လုပ်ပေးရင် ၊ ဒါမှမဟုတ် ဆိုးတဲ့ပိုးကို သေစေတဲ့ ဆေးကို ခန္ဓာထဲ ထည့်ပေးလိုက်ရင် လူခန္ဓာက ဆက်လက်ရှင်သန်ခွင့် ရသွားတာပဲ မဟုတ်လား..။

ဒီ C&S ကိုဘာ့ကြောင့် အရှည်ကြီး ရှင်းပြရတာလဲဆိုတာတော့ အကြောင်းရင်းရှိပါတယ်..။

ဒါကတော့ ကျမတို့ ဒီကမ္ဘာလောကကြီးထဲက သက်ရှိတွေထဲမှာ လူဆိုတဲ့သတ္တဝါရှိသလို ၊ တခြားသော နွား၊ ဆိတ် ၊ လင်းနို့ ၊ ဝက် စတဲ့သတ္တဝါတွေလဲ ရှိတယ်..။ လူအတွက် လူခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ပိုးတွေဟာ တခြားသတ္တဝါအတွက် အကျိုးမဲ့တာမျိုးဖြစ်သွားနိုင်သလို အခြားသတ္တဝါကို အကျိုးပြုနေတဲ့ ပိုးတမျိုးဟာလဲ လူရဲ့ အသက်ကို သေဆုံးသွားစေနိုင်တာမျိုးဖြစ်နေတတ်တယ်..။ ဥပမာ လင်းနို့ကလာတဲ့ ရောဂါပိုးတွေ၊ မျောက်ကလာရောဂါပိုးတွေ အများကြီးရှိကြတယ်..။ သူတို့အတွက်တော့ အဲ့ဒီပိုးတွေကို ခံနိုင်ရည်ရှိပေမဲ့ လူခန္ဓာကိုယ်အတွက်တော့ ကောင်းတဲ့ ပိုးတွေ မဟုတ်ကြဘူး..။ အသက်ကိုပါ သေဆုံးစေနိုင်တယ်..။

အဲ့ဒီတော့ ဒါနဲ့ပတ်သတ်ပီး ကျမဆက်ပြောသွားချင်တာက ရိုဟင်ဂျာ ပြသနာ..။ ဒီပြသနာနဲ့ အခု C&S ကို ဆက်စပ်ကြည့်ရအောင် ။ ဥပမာ ဗမာနိုင်ငံဟာ လူသတ္တဝါလို့ ထားပါတော့..ဒါမှမဟုတ် သိပ်မြင့်သွားရင်လဲ နွားသတ္တဝါ တကောင်ပဲ ထားလိုက်ပါတော့နော်..။

အဲ့ဒီနွားခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ဗမာနိုင်ငံသားဆိုတဲ့ပိုးတွေဟာ အဲ့ဒီနွားရဲ့ အသက်ရှင်နေထိုင်ခြင်းကို နှစ်ရှည်လများ အကျိုးပြုနေခဲ့တယ်..။  မတူညီတဲ့ အကျိုးပြုပိုးအမျိုးအစားပေါင်းများစွာရှိနေလို့ တခါတလေမှာ ငါက သာအောင် အကျိုးပြုနိုင်တယ် ၊ နင်က သာအောင် အကျိုးပြုနိုင်တယ်ဆိုပီး ဟိုးအရင်က ပြိုင်နေကြတာမျိုးတော့ ရှိတာပေါ့..ဥပမာ ကချင်၊ကရင် စစ်တပ်တွေနဲ့ နိုင်ငံ့ကာကွယ်ရေးတပ် ပြိုင်တိုက်ကြတာမျိုးပေါ့..။ ဒါပေမဲ့ ဒါဟာ မျိုးတုန်းတိုက်ခိုက်နည်းမဟုတ်ဘူး..။ တဖက်ကို လုံးဝ ရှုံးနိမ့်သွားအောင် တိုက်ခိုက်ခဲ့ကြတာ မဟုတ်ဘူး..။ မျိုးတူဓာတ်တူ အချင်းချင်း သာလွန်ကောင်းမွန်တဲ့ နေရာမှာ ပြိုင်ဆိုင်ကြတာ ဖြစ်တယ်..။ သူတို့ဟာ မတူညီတဲ့ပိုးအချင်းချင်းဖြစ်ကြပေမဲ့ ဆွေမျိုးမိတ်ဆွေပိုးတွေဖြစ်တယ်..။ ဆွေမျိုးမိတ်ဆွေတွေမို့လို့ အခုဆိုရင် တော်တော်လေး ပြန်သင့်မြတ်လာကြပီမဟုတ်လား..။

ပြောရင်းပြောရင်းနဲ့ ရှည်လာပီ...ဆုံးအောင်ဖတ်နော်..

ဒါပေမဲ့ ရိုဟင်ဂျာဆိုတဲ့ပိုးနဲ့ ပတ်သတ်လာတဲ့အခါကျတော့ အဲ့ဒီနွားခန္ဓာကိုယ်ထဲမှာ ရှိတဲ့ နွားကို အကျိုးပြုနေတဲ့ ပိုးတွေ အကုန်လုံးဟာ ဒီပိုးကို လုံးဝ လက်မခံနိုင်ဘူးဖြစ်လာကြတယ်..။ ဒီတော့ အဲ့ဒီနွားကို အကျိုးပြုတဲ့ ပိုးတွေအချင်းချင်း စုပေါင်းပီး ရိုဟင်ဂျာပိုးကို တိုက်ခိုက်တာတွေဖြစ်လာကြရော..။ ရိုဟင်ဂျာဆိုတဲ့ပိုးကလဲ မခေဘူး..တော်တော်ကြမ်းတယ်..သူကပွားနှုန်းလဲမြင့်တယ်..နည်းနည်းလေးကနေ ခဏအတွင်းမှာ ပွားလာလိုက်တာ..တသီးစား နှစ်သီးစား အဆင့်တောင် မဟုတ်တော့ပဲ တနှစ်လုံးစားလို့ရတဲ့ စနစ်နဲ့ကိုပွားနေတာ..။ ရှိတဲ့ပိုးတွေနဲ့ကလဲ တစက်မှ မတည့်လို့ တိုက်ခိုက်သေကြေကြတာလဲ တဖက်နဲ့ တဖက် အသေအကြေ..။

ကဲ..ဒီတော့ အဲ့ဒီရိုဟင်ဂျာကို C&S လုပ်ကြည့်ရအောင်..။ အခု သူ့ကို Culture test လုပ်တဲ့အခါမှာ သူ့ရဲ့ ဓလေ့စရိုက်ဟာ နွားခန္ဓာကိုယ်အတွက် အသုံးလဲ မဝင်၊ နွားရဲ့ အသက်ကို ထိခိုက်လာနိုင်တဲ့ ပိုးမျိုးလဲဖြစ်နေတာကို တွေ့ရှိရတယ်ဆိုပေမဲ့ ....ထပ်မံတွေ့ရှိချက်အရ ဒီရိုဟင်ဂျာဟာ ဂေါဇီလာတကောင်ရဲ့  ခန္ဓာကိုယ်အတွက် အလွန်အသုံးဝင်ပီး ဂေါ်ဇီလာရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အကျိုးပြုပိုးတွေနဲ့ ပုံစံတူဖြစ်နေတဲ့ ဓလေ့စရိုက်ရှိတာကိုတွေ့ရှိရတယ်..။

Culture ကို လေ့လာပီးတဲ့အခါမှာ Sensitivity ကို လေ့လာကြရအောင်..။

အထက်က ပြောထားခဲ့တဲ့အတိုင်းဆိုရင်တော့ ဒီရိုဟင်ဂျာ ပိုးကို ဘယ်လိုသေစေနိုင်မလဲဆိုပီး စမ်းသပ်ရမှာပေါ့နော်..။ ဘာလို့လဲဆိုတော့ သူက နွားခန္ဓာကိုယ်အတွက် အကျိုးယုတ်စေတာကိုး..။ သေချာတာကတော့ သူ့ကို ဒီအတိုင်းထားလို့လုံးဝမရတာပဲ.။


ဒါပေမဲ့ တကယ့် C&S မှာတော့ ဆိုးတဲ့ပိုးကို သေစေနိုင်တဲ့ ပိုးသတ်ဆေးကိုသာ ရွေးချယ်ရပေမဲ့ လက်တွေ့ ရိုဟင်ဂျာ ကိစ္စမှာတော့ ကျမတို့ဟာ တခြားနည်းလမ်းကောင်းတွေကို ရွေးထုတ်ဘို့ ကြိုးစားကြရမယ်မဟုတ်လား..

အခုအချိန်မှာ ရိုဟင်ဂျာပိုးရဲ့ မူလ Origin က ဘယ်ကလဲ ဆိုတာ အဖြေထွက်လာပီ..ဒီနွားခန္ဓာအတွက် အသုံးမဝင်ပေမဲ့ ဂေါ်ဇီလာခန္ဓာကိုယ်မျိုးနဲ့ ၄င်းဂေါ်ဇီလာနဲ့ ဓာတ်တူနာမ်တူဖြစ်ကြတဲ့ တခြားသော အကောင်တွေကတော့ ဒီပိုးကို လက်ခံနိုင်တဲ့ အနေအထားမျိုးကို တွေ့ကြရပီဆိုတော့ ကျမတို့အနေနဲ့ စဉ်းစားကြည့်ရင် ဒီပိုးကို Culture မတူတဲ့နေရာမှာ ထပ်မံရှင်သန်ပွားများအောင် ဒါမှမဟုတ် သေဆုံးအောင် လုပ်တာထက်စာရင် Culture တူပီး အကျိုးကို ဖြစ်စေတဲ့ OIC အကောင်တွေထဲကို ထည့်ပေးဘို့ ပိုမသင့်ဘူးလား...
နွားခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အကျိုးပြုပိုးတွေနဲ့ ရိုဟင်ဂျာပိုးတွေ တိုက်ခိုက်ကြလို့ အပြန်ပြန်အလှန်လှန် အလေအလွင့်ရှိခဲ့တာကလွဲရင် မျိုးတုန်းအောင်သတ်ပြစ်တဲ့ Sensitivity အဆင့်ကိုတော့ လုံးဝ မရောက်ခဲ့ပါဘူး..။

ဒါဟာ Win-Win Situation ပဲပေါ့နော်..

အဲ့ဒီတော့ အခုလို လက်တွေ့ ရိုဟင်ဂျာကိစ္စအတွက် ကျမ ကိုယ်ပိုင် အယူအဆအရတော့ သူတို့နဲ့ မျိုးတူနီးပါးဖြစ်နေတဲ့ OIC နိုင်ငံတွေအနေနဲ့ ဒီရိုဟင်ဂျာကို ထောက်ပံ့မှုတွေလုပ်နေမဲ့အစား အပီးအပိုင် ဝေခွဲယူကြတာကို ပိုသဘောကျတယ်..။
ကျမ တူရကီခေါင်းဆောင်တဲ့ OIC က ထောက်ပံ့နေတာကို မနာလိုလို့ မဟုတ်ပါဘူး..။ ရိုဟင်ဂျာကို မျိုးတုန်းသွားအောင် လုပ်ပစ်ချင်တဲ့ စိတ်ဓာတ်မျိုးလဲ မရှိပါဘူး..။ ဒါပေမဲ့ နွားခန္ဓာဗမာနိုင်ငံအတွက် အကျိုးမဖြစ်စေတဲ့ ပိုးတမျိုးပါဆိုနေမှ ဒီပိုးကို Culture မတူတဲ့နေရာမှာ ထပ်မံရှင်သန်အောင် အာဟာရ ကျွေးနေတာမျိုးတော့ မဖြစ်စေချင်ဘူး..။

ဓလေ့စရိုက်မတူတဲ့နေရာမှာ သူ့ကို အာဟာရ ဆက်ချပေးနေရင် နောင်အနာဂတ်မှာ တိုက်ခိုက်မှုတွေ၊ ရန်ပြုမှုတွေဆက်ဖြစ်ဘို့ ၊ နွားအသက်သေဆုံးအောင် လုပ်ဘို့ အားမွေးပေးသလို ဖြစ်သွားမယ်မဟုတ်ဘူးလား.။

ဒါ့ကြောင့် နှစ်ဘက်လုံးအတွက်ကောင်းမွန်တဲ့ အခြေအနေမျိုးအတွက် အာဟာရ လာရောက်ကျွေးမွေးတာထက်စာရင် အညီအမျှ ခွဲဝေယူငင်သွားတာကသာ အကောင်းဆုံးအဖြေတခုဖြစ်မယ်လို့ နောက်ဆုံးအနေနဲ့ ကောက်ချက်ချမိပါတယ်..။


လေးစားစွာဖြင့်..

ကြည်ဝါထွန်း


 (မှတ်ချက်။ ရောဂါရှာဖွေရေးဘာသာရပ်ကို ကျွမ်းကျင်စွာ သင်ယူထားသော ဆရာဝန်တဦးမဟုတ်ပါသဖြင့် ချို့ယွင်းချက်ရှိက ခွင့်လွှတ်စေချင်ပါသည်..)
  lu bo

ဘကြီးသက်
Unknown at 8:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.