Monday, August 13, 2012

၈ သောင်းတန် CDMA ဖုန်းများ ချထား ပေးရန် စီစဉ်





လာမည့် ၂၀၁၅ မတိုင်မှီ မိုဘိုင်းဖုန်း သန်း ၃၀ ချထားပေးမည်ဟု သတင်း ထုတ်ပြန်ထားသည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မြန်မာ့ စီးပွားရေးဘဏ်နှင့် ပူးပေါင်း၍ ၈သောင်းတန် CDMA ဖုန်းများ ချထားပေးရန် စီစဉ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက The Voice Weekly ကိုပြောကြားသည်။

CDMA ဖုန်းများကို ရှစ်သောင်းဖြင့် ချထားပေးမည်ဟု ဆိုသည့် သတင်းထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့က ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ် မေးမြန်းရာတွင် ယခုနှစ်အတွင်း ဈေးနှုန်းလျော့ချရန် အစီအစဉ်မရှိသေးကြောင်း၊ တစ်ဆင့်ပြီး တစ်ဆင့် လျော့ချရန်သာ အစီစဉ်ရှိကြောင်း ဦးသိန်းဝင်း က ပြောကြားခဲ့သည်။

၁၅ သိန်းတန် CDMA ဖုန်းများမှ ၅ သိန်းသို့ ၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း ခန့်တွင် လည်းကောင်း၊ ၅သိန်းတန် တယ်လီဖုန်းမှ ၂သိန်းခွဲသို့ ၂၀၁၁ ဧပြီလတွင်လည်း ပြောင်းလဲ သတ်မှတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ၈သောင်းဖြင့် ရောင်းချပေးမည် ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

CDMA ဖုန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး မြို့ ကြီးများတွင် ဖုန်းအလုံးရေ ခုနှစ်သောင်းကျော်အား ထပ်မံ ဌားရမ်း ချထားခွင့် ပြုခဲ့ပြီး အောက်တိုဘာ လဆန်းပိုင်းတွင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ လီမိတက်က ပြန်လည်ကာ CDMA 800 MHz နှင့် 450 MHz ဖုန်းနှစ်မျိုး ပေါင်းကာ အလုံးရေ ၅၀၀၀ ကျော် ရောင်းချပေးခဲ့ပြန်သည်။

မြန်မာနိုင်ငံတွင် ၀၉-၉၉ နှင့် စသော ဆယ်လူလာ ဖုန်းများကို ၁၉၉၆ ဝန်းကျင်တွင်လည်းကောင်း၊ ၀၉-၅၀၀ ဖြင့်စသော GSM မိုဘိုင်လ်းဖုန်းများကို ၂၀၀၂ ခုနှစ်တွင် လည်းကောင်း၊ ၀၉၈၅ ဖြင့် စသော CDMA 450 MHz ဖုန်းများကို ၂၀၀၈ ခုနှစ်တွင်လည်းကောင်း၊ ၀၉-၇၃၀ ဖြင့်စသော CDMA 800 MHz ဖုန်းများကို ၂၀၁၀ ပြည့်နှစ်တွင် လည်းကောင်း အသီးသီး ဌားရမ်း အသုံးပြုခွင့် ပေးခဲ့သည်။

From : The Voice

ဘကြီးသက်
Unknown at 8:30 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.