Wednesday, August 8, 2012

ပြည်နယ်နှင့် တိုင်းအချို့တွင် ရေကြီး၊ သေဆုံးမှုများရှိ

အခုရက်ပိုင်းအတွင်း မိုးများပြီး မြစ်ချောင်း ရေလျှံတဲ့အတွက် ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်က မြို့ရွာတချို့မှာ ရေလွှမ်းပြီး လူအသေအပျောက်တွေ ရှိခဲ့ပါတယ်။

ပဲခူးတိုင်း မဒေါက်မြို့ထဲမှာ မြစ်ရေကြီးမှုကြောင့် လှေတွေနဲ့ သွားလာနေရပြီး မနေ့က လက်ခတ်လှေနဲ့ စက်လှေတစီး တိုက်မိတဲ့အတွက် လှည်းဆိပ်ရပ်က  အသက် ၂၀ အရွယ် အမျိုးသမီးငယ်တဦး သေဆုံးခဲ့တယ်လို့ ရေဘေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် ကိုဝင်းမြင့်က ပြောပါတယ်။

မဒေါက်မြို့ထဲ ရေလွှမ်းခံရတဲ့ နေအိမ် ၁ ထောင်ကျော်ရှိပြီး ထောင်ချီတဲ့ ဒုက္ခသည်တွေဟာ တိုင်တစ်ရာ၊ အင်းချောင်၊ တံခွန်တိုင်နဲ့ သာသနာ့ဝံသကျောင်း တိုက်တွေမှာ ခိုလှုံနေရတယ်လို့ ဆိုပါတယ်။

မြို့နားတ၀ိုက် ရွာပေါင်း ၂၀ မှာလည်း  ရေတွေဝင်နေပြီး စပါးခင်းပေါင်း ဧက ၁ သောင်းခွဲလောက် ရေလွှမ်းနေတယ်လို့ ပြောပါတယ်။


မဒေါက်မြို့တွင် ရေကြီးနေပုံ(Photo: Bo Tuck@icj) 
ညောင်လေးပင်မြို့နယ်မှာလည်း ဒီလဆန်းကတည်းက စစ်တောင်းမြစ်ရေလျှံမှုကြောင့်  ရပ်ရွာနဲ့ လယ်ကွင်းတွေ  ရေလွှမ်းနေပြီး ဒီနေ့ထိ ရေမကျသေးတဲ့အတွက် ဒေသခံတွေ အတော်ဒုက္ခရောက်နေတယ်လို့ ကိုဝင်းမြင့်က ပြောပါတယ်။

“မကျသေးဘူး။ ကျန်နေသေးတဲ့ သဘောပဲ။ မနေ့က ကျေးရွာတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆေးကုဆင်းတာ အကုန်လုံးက လူနာတွေကို တစက်မိတ်တွေ အောက်ကို ၀င်ပြီး ခက်ခက်ခဲခဲ ကုရတယ်။”

ရေဘေးဒုက္ခသည်တွေကို ညောင်လေးပင်လူမှုရေးအသင်း၊ ညောင်လေးပင် အန်အယ်လ်ဒီအဖွဲ့ဝင်နဲ့ မြို့ခံတွေက ထမင်းထုတ်နဲ့ ဆေးဝါးတွေ ဝေငှပေးနေတယ်လို့ ဆိုပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ဩဂုတ်လ ၆ ရက်နေ့က စပြီးရွာသွန်းတဲ့မိုးကြောင့် နမ္မတူမြစ်ရေကြီးပြီး သိန္နီမြို့နယ်ထဲမှာ ရေလွှမ်းခဲ့တဲ့အတွက် ပန်စုန်ရွာသားတဦး ရေထဲမျှောပါ သေဆုံးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

သိန္နီမြို့တောင်ဘက်တကြောက ခမ်းတင်း၊ နောင်ကား၊ ဟိုနား၊ ကောင်းလန်း၊ ကုန်းမုန် စတဲ့ကျေးရွာမှာ စပါးစိုက်ခင်းဧကပေါင်း ၂၀၀ ကျော် ရေလွှမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ကရင်ပြည်နယ်မှာ မိုးများပြီး မြစ်ရေလျှံတဲ့အတွက် ဘားအံမြို့၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး၊ ကမမောင်းဘက်မှာလည်း ရေကြီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဘားအံမြို့မှာ ပြီးခဲ့တဲ့ လကုန်ပိုင်းကစလို့ ကမ်းနားတလျှောက်က ရပ်ကွက်နဲ့ ကျေးရွာတွေ ရေလွှမ်းခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ရေဘေးဒုက္ခသည်တွေဟာ ဘားအံ မိုးလုံလေလုံ အားကစားကွင်း၊ အောင်သံလွင် အားကစားကွင်း၊ ကြားတောရကျောင်းတိုက်နဲ့ ဗလီတွေမှာ ခေတ္တခိုလှုံနေရကြောင်း ဒေသခံတဦးက ပြောပါတယ်။

ရေဘေးဒုက္ခသည်တဦးက “ဒုက္ခရောက်တာပေါ့။ ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်တော့၊ ကလေးတွေနဲ့ ဘုန်းကြီးကျောင်းမှာနေရတာ အိမ်သာတက်ရတာကအစ ရေတွေဘာတွေရှားနဲ့။ လက်လုပ်လက်စားသမားတွေ ဒုက္ခရောက်တာပေါ့။ မိုးကလည်း တခါမှ မပြတ်ဘူး။ လေတွေမိုးတွေကျတယ်” လို့ ပြောပါတယ်။

အစိုးရ မိုးဇလဌာနက ဒီနေ့မွန်းလွဲပိုင်း မြစ်ရေကြီးခြင်း သတိပေးချက်အရ င၀န်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် မြင့်တက်နေပြီး နောက် ၃ ရက် ဆက်ကြီးဦးမယ်လို့ ဆိုပါတယ်။ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာကို ရောက်နေပြီး ၁ ရက်အတွင်း ၃ လက်မကျော် ထပ်တက်ဦးမယ်လို့ ဆိုပါတယ်။

အရင်ရက်တွေက ထုတ်ပြန်ခန့်မှန်းချက်တွေအရ ဆိုရင်တော့ ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့မှာ စိုးရိမ်ရေမှတ်အထက် ၁၀ လက်မခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အထိ စိုးရိမ်ရေမှတ်အထက်မှာပဲ ရှိနေမယ်လို့ ဆိုပါတယ်။
စစ်တောင်းမြစ်ရေတက်လို့ မဒေါက်မြို့မှာ စိုးရိမ်ရေမှတ်ထက် ၅ ပေကျော်နေတယ်လို့ ဆိုပါတယ်။  သံလွင်မြစ်ရေကတော့ ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် ၃ ပေကျော်နေပြီး  ရွှေကျင်မြစ်ရေ တက်နေတာကြောင့် ရွှေကျင်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၁ ပေခွဲကျော် မြင့်တက်နေတယ်လို့ ဆိုပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)
ဘကြီးသက်
Unknown at 6:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မွတ်စလိမ် Hacker အဖွဲ့ မှ DDOS နည်းပညာဖြင့် တိုက်ခိုက်မည့် website လိပ်စာများ

#Op MYANMAR ဆိုတဲ့ မွတ်စလိမ် Hacker အဖွဲ့သည် Friday, August 10, 2012
အချိန် 10:35am in UTC+05:30 တွင် မြန်မာ website များကို DDOS နည်းပညာ ဖြင့်တိုက်ခိုက်မည်ဟု ကြွေးကြော်ထားပါသည်။

Target ထားသော် website များမှ http://www.mofa.gov.mm/
www.ncgub.net/
http://www.erepublic.org/egovincountriesmoni/myanmarformerlyburma.html
http://www.myanmar.com/ministries/index.html
www.weeklyeleven.com
www.soccermyanmar.com
http://www.yatanarpon.net.mm/
.gov.mm websites /
http://www.dca.gov.mm/
http://www.myanmarevisa.gov.mm/
http://www.mot.gov.mm/
http://www.iwt.gov.mm/
http://www.nlm.gov.mm/
http://www.4thgmssummit.gov.mm/
http://www.dmh.gov.mm/
http://www.mofa.gov.mm/
http://www.most.gov.mm/
http://www.energy.gov.mm/
http://www.dica.gov.mm/
http://www.mol.gov.mm/
http://www.mora.gov.mm/
http://www.iwt.gov.mm/
http://www.ministryofinformation.gov.mm/
http://www.slrd-moai.gov.mm/
http://www.mosports.gov.mm/
http://www.myanmarcustoms.gov.mm/
http://www.mofr.gov.mm/
http://www.mip.gov.mm/
http://www.csostat.gov.mm/
http://www.commerce.gov.mm/
http://www.irdmyanmar.gov.mm/
http://www.moh.gov.mm/
http://www.moai.gov.mm/
http://www.mcpt.gov.mm/
http://www.construction.gov.mm/
http://www.myancoop.gov.mm/
http://www.cbm.gov.mm/
http://www.myanmarteak.gov.mm/
http://www.dmh.gov.mm/
http://www.mcpt.gov.mm/
http://www.myancoop.gov.mm/
http://www.mpa.gov.mm/
http://www.ais.gov.mm/
http://www.dot.gov.mm/
http://www.waterresources.gov.mm/

.com.mm websites /
http://www.umfcci.com.mm/
http://www.city.com.mm/
http://www.myanmarteldir.com.mm/
http://www.universal-link.com.mm/
http://www.ugi.com.mm/
http://www.myanmar.com/
http://www.wbts.com.mm/
http://www.spa-myanmar.com/
http://www.khitlunge.com.mm/
http://www.ems.com.mm/
http://www.myringtune.com.mm/
http://www.myanmar.com/
http://www.myanmar-image.com/
http://www.myanmarvisa.com/

.net.mm websites /
http://www.mpt.net.mm/
http://www.goldenhawks.net.mm/
http://www.yatanarpon.net.mm/
http://www.mmnic.net.mm/
http://www.indiaembassy.net.mm/
http://www.mrtv4.net.mm/
http://www.mail.mptngw.net.mm/
http://www.mtalk.net.mm/
http://www.enjoy.net.mm/
http://www.myanmariwatani.net.mm/
http://www.myanmars.net/

.edu.mm websites /
http://www.ummg.edu.mm/
http://www.um2ygn.edu.mm/
http://www.um1ygn.edu.mm/
http://www.ucsy.edu.mm/
http://www.elearning.edu.mm/
http://www.mmmc.edu.mm/

.org.mm websites /
http://www.mmcert.org.mm/
http://www.usda.org.mm/
http://www.mm.undp.org/
http://www.mes.org.mm/
http://www.mm-rs.org/
http://www.arn.org/
http://www.myanmarnlp.org.mm/
http://www.mahasi.org.mm/

ပေးထားသော် link မှသွားရောက်ပြီးသူတို့ ကြောငြာချက်ကိုဖတ်နိုင်ပါတယ်
https://www.facebook.com/events/242844015837240/

ဘကြီးသက်
Unknown at 6:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ ပြည် Network Infrasturcture များသို့ အထူးသတင်း


မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် ပြသနာအတွင်း မွတ်စလင် အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအ၀င် မွတ်စလင်ဘာသာဝင်များအား လူမျိုးတုံး သတ်ဖြတ်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် တကမ္ဘာလုံးရှိ မွတ်စလင် hacker များ ပူးပေါင်း ကာ မြန်မာပြည်အား DDos နည်းပညာဖြင့် သြဂုတ်လ (၆) ရက်နေ့တွင် Cyber Attack ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် အဆိုပါ DDos နည်းပညာဖြင့် တိုက်ခိုက်ခံရဖူးပါသည်။ ထိုအချိန်က တစ်နိုင်ငံလုံးတွင် အင်တာနက် အသုံးမပြုနိုင်ဘဲ ဖြစ်သွားပါသည်။ အဆိုပါ Hacker အဖွဲ့တွင် Egyption Hacker Group က ဦးဆောင်ပြီး တမ္ဘာလုံးရှိ မွတ်စလင် Hacker များ ပူးပေါင်းပါဝင်မည်ဟု သိရသည်။ အဆိုပါ အဖွဲ့ အသုံးပြုမည့် Tool မှာ HOIC( High Orbit Ion canon) ဖြစ်ပါသည်။ အဆိုပါ cyber attack Tool သည် သာမန် အင်တာနက် အသုံးပြုသူများပင် လွယ်ကူစွာ အသုံးပြုနိုင်ကြောင်း သိရသည်။ ရခိုင်ပြသနာနှင့် ပတ်

သတ်ပြီး မွတ်စလင် ဘာသာဝင်များကို ဖိနှိပ်နေသည်ဟုသောသတင်းမှားများကို ယုံကြည်နေသော သူများက တိုက်ခိုက်မှု့ကို ၀င်ရောက်စစ်ကူပေးနိုင်ပါသည်။မြန်မာပြည်၏ Network Infrasturcture အား တိုက်ခိုက်လာပါက တစ်နိုင်ငံလုံး အင်တာနက် သုံးမရခြင်းမျိုးထိ ဖြစ်သွားနိုင်ပါသည်။။မြန်မာပြည်ကို ချစ်တဲ့ ပြည်တွင်းက မွတ်စလင်တွေခင်ဗျား သတင်းမှားတွေ မဟုတ်မှန်ကြောင်း တုံပြန် ပေးကြပါ။

( သတိပေးပါတယ်။ တစ်နိုင်ငံလုံး အင်တာနက်တွေ ကျ သွားနိုင်တယ်။ စီးပွားရေး အရ ဆုံးရှုံးမှု့တွေ ဖြစ်လာနိုင်ပါတယ်။မြန်မာပြည်ကို ချစ်တဲ့ ပြည်တွင်းက မွတ်စလင်တွေခင်ဗျား သတင်းမှားတွေ မဟုတ်မှန်ကြောင်း တုံပြန် ပေးကြပါ။ကာကွယ်နိုင်မည့် နည်းပညာများ နှင့် စက်ပစ္စည်းများအကြောင်း ကို သိတဲ့ သူများ ဆွေးနွေးပေးကြပါ။)

မွတ်စလင် ဟက်ကာများမှ မြန်မာနိုင်ငံအားCyber Attack ပြုလုပ်မည့်အစီအစဉ်ကို ၁၀.၈.၂၀၁၂ ရက်နေ့သို့ ပြောင်းရွှေ့လိုက်ခြင်း

မြန်မာနိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂါလီ များကို ထောက်ခံသည့် မွတ်စလင် ဟက်ကာများ စုပေါင်းကာမြန်မာနိုင်ငံအား Cyber Attack ပြုလုပ်ရန် Operation Myanmar Hacker Group ဖွဲ့စည်းခဲ့ကြောင်း၊ ဒီလိုတိုက်ခိုက်ရန်အတွက် Hacker ၄၀၀၀ ကျော်ကို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ရာ မွတ်စလင် Hacker ၁၀၀၀ ကျော်က ပူးပေါင်းပါဝင်မည်ဟု ကတိပြုခဲ့ကြောင်း သိရပါသည်။။ တိုက်ခိုက်မှု့ကို တနင်္လာနေ့ (၆.၈.၂၀၁၂) ရက်နေ့တွင် စတင်တိုက်ခိုက် ရန် ပြင်ဆင်ထားသော်လည်း ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန်အတွက် (၁၀.၈.၂၀၁၂) သောကြာနေ့ သို့ ပြောင်းရွှေ့သတ်မှတ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်းသိရသည်။ တာဝန်ရှိသူတွေ အနေဖြင့် မပေါ့ဆကြရန် နှင့် မိမိတို့၏ ၀ဘ်ဆိုက်များအား စောင့်ကြည့် ကာကွယ်သွားရန် လိုအပ်ကြောင်း သိရသည်။


ဘကြီးသက်
Unknown at 6:09 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်မတန် ထူးဆန်းတဲ့ရောဂါ (PSAS) 18+

1 day 300 times OMG !
မီရှယ်လီသော်မဆမ် ဆိုတဲ့အမျိုးသမီးဟာ တစ်ရက်ကို အကြိမ်ပေါင်း ၃ဝဝ လောက် လိင်ဆက်ဆံ လိုတဲ့စိတ်ဖြစ်ပေါ်တဲ့ (Persistent Sexual Arousal Syndrome) PSAS ဆိုတဲ့ ရောဂါတစ်မျိုးကိုခံစားနေရပါတယ်။ တချိန်တုန်းက ချစ်သူများကိုလည်း ထိုကဲ့သို့ သူ့စိတ်ဆန္ဒကိုဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အခုတော့ သူ့အိမ်နီးချင်းတစ်ယောက်ဖြစ်တဲ့ အင်ဒရူးကာ (၃၂)နှစ်
ဆိုတဲ့လူနဲ့ရင်းနှီးနေတာ ၆ လလောက်ရှိပါပြီ။ ဘာကြောင့်လဲဆိုတော့
ထိုသူဟာ သူ့ကဲ့သို့ စိတ်အားထက်သန် ဝါသနာကြီးတဲ့သူတစ်ယောက်ဖြစ်နေတဲ့အတွက် သူတို့နှစ်ယောက်ဟာ တစ်ရက်ကို ၁ဝ ကြိမ်ခန့် အချစ်ရည်လူး နိုင်တယ်လို့ သိရပါတယ်။ အသက် ၄၃ နှစ်အရွယ်ရှိပြီးဖြစ်တဲ့ မီရှယ် က ပြုံးရွှင်စွာဖြင့် အင်ဒရူးဟာ ကျွန်မဘဝကိုပြောင်းလဲနိုင်ခဲ့ပါပြီ ကျွန်မရဲ့ဒီရောဂါကိုကုဖို့အတွက် အချိန်အကြာကြီးကုန်ခံပြီး ရှာနေစရာမလိုတော့ပါဘူး ကျွန်မအခု
တွေ့သွားပါပြီ လို့ပြောပါတယ်။
အခုတော့ကျွန်မမျက်နှာမှာ အမြဲတမ်းပြုံးနိုင်ပါပြီ။ မီရှယ်ရဲ့ ဟာ ရောဂါကြောင့် အမြဲတမ်း အချိန်တိုင်း
နေရာတိုင်းမှာ လိင်ဆက်ဆံဖို့ အထွဋ်အထိပ်မှာရှိနေပါတယ်။ မီရှယ်ရဲ့ ပထမ ချစ်သူတွေဟာ လအတော်ကြာပြီဆိုရင်တော့ သူမရဲ့တောင်းဆိုမှုကို မပြုလုပ်ပေးနိုင်တော့ဘဲ ဆလမ်ပြပြီး ထွက်ပြေးရ
တော့တာဘဲဖြစ်ပါတယ်။ ထိုအထဲမှ တစ်ယောက်ကတော့ ငါကလူ စက်မဟုတ်ဘူး ဆိုပြီးပြောခဲ့ပါတယ်။ အင်တာနက်မှာရှာပြန်တော့လဲ သူ့အကြောင်းကိုနဲနဲပြောပြလိုက်တာနဲ့ အဆင်မပြေဖြစ်သွားကြပါတယ်။ မီရှယ်က ကျွန်မအင်ဒရူးကို အရင်လူတွေလို ခြေကုန်လက်ပန်းကျ သွားမှာစိုးရိမ်ခဲ့ပါတယ်။
ဒါပေမဲ့ကျွန်မသူ့ကို အဲ့လို အင်ဒရူးကိုပြောတဲ့အခါမှာ တော့ အင်ဒရူးက ရယ်မောလျှက် ကျွန်မကို သာအရင်ခြေကုန်လက်ပန်းကျသွားစေရမယ်လို့ပြန်ပြောပါတယ်။ အကယ်၍ အင်ဒရူးသာ တတ်နိုင်ရင် ကျွန်မကတော့ ၂၄ နာရီ အချိန်ပြည့် တတ်နိုင်ပါတယ်။ အခုတော့ကျွန်မအတွက် လွယ်လင့်တကူဘဲ လမ်းကူးပြီး အင်ဒရူးအိမ်ကို သွားပြီး ဆက်ဆံ ကြပါတယ်။ တစ်ရက်တစ်ရက်ကို အနည်းဆုံး ၁ဝကြိမ်လောက်တော့ရှိမယ် လို့ မီရှယ်က ပြောပြပါတယ်။ ကလေး ၄ ယောက် မိခင် မီရှယ်က ဆက်လက်ပြီး အခုကျွန်မဘဝလေးကို တကယ်ဘဲအရမ်းကိုနှစ်သက်ပါတယ်။ ကျွန်မတို့ တတ်နိုင်ရင် အတူနေဖို့အတွက် လည်း အစီအစဉ်ရှိပါတယ်။ ကျွန်မ အင်ဒရူးလိုလူမျိုးကိုလိုက်ရှာတာ အချိန်တော်တော် ကြာခဲ့ပါပြီ။
အခုတော့ကျွန်မ နတ်ပြည် ရောက်နေသလိုခံစားနေရပါတယ်လို့ မီရှယ်က ပြောခဲ့ပါတယ်။
ဘကြီးသက်
Unknown at 4:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရင်သားနာတာ ဘာလို့ပါလဲ


အပျိုစင် မိန်းခလေးတယောက် ရင်သားတွေ နာပြီး ယောင်လာတာ ဘာ့ကြောင့်ပါလဲ။ အကျိတ်မရှိပဲ ဖြစ်တာပါ။

မိန်းကလေး-အမျိုးသမီးအားလုံး ၇ဝ% တခါမဟုတ်တခါ၊ တဖက်မဟုတ် တဖက်မှာ ရင်သားနာတာ ခံစားကြရနိုင်တယ်။ ၁၅% လောက်သာ ဆေးကုဘို့ လိုပါမယ်။ ရင်သားနာတာနဲ့ (ကင်ဆာ) ဆိုင်မှာ နည်းလှပါတယ်။

ဘာလို့ ရင်သားနာရသလဲ။ အခြေခံအကြောင်း ၂ မျိုးရှိတယ်။
1. Cyclical ရာသီနဲ့ ဆိုင်တာ၊
2. Non-cyclical ရာသီနဲ့ မဆိုင်တာ။

Cyclical breast မိန်းကလေးတို့ သဘာဝဆိုတာ ဟော်မုန်းတွေနဲ့ နေ့တိုင်း၊ အချိန်တိုင်း ဆိုင်နေတယ်။ လစဉ်ရာသီ ဖြစ်စဉ်ကလဲ ဒါဘဲ။ Estrogen (အီစထိုဂျင်) နဲ့ Progesterone (ပရိုဂျက်စတီရုန်း) ဟော်မုန်း ၂ မျိုး ဖြစ်တယ်။ ဒီဟော်မုန်း တန်ခိုးကြောင့် ရင်သားထဲက နို့အိတ်၊ နို့ပြွန်တွေကို သက်ရောက်စေတယ်။ တခါတလေ နို့မဖြစ်သေးတဲ့ အရည် အောင်းနေစေမယ်။ ကြီးရင် ကြီးသလို ဖေါင်းမယ်။ အလုံး-အကျိတ်လို စမ်းလို့ရမယ်။ အာရုံကြောသွားဖိရင် နာမယ်။ လတိုင်း အနည်းနဲ့ အများ ဖြစ်နေတယ်။ လကုန်ရင် တပါတ်ပြီးသွားရော။ အပျိုရွယ်ရောက်လာလို့ နာနိုင်တယ်။ ကိုယ်ဝန်ဆောင်လို့လဲ ရင်သား နာတတ်တယ်။ နို့တိုက်ချိန်လဲ နာတတ်တယ်။

သုတေသနအရ အသက် ၃၄ နှစ် အမျိုးသမီးတွေမှာ Cyclical breast အဖြစ်အများဆုံး။ ရင်သားနာလို့ လာပြသူတွေထဲက ၆ဝ% နဲ့ ရင်သားမှာ တခုခု ဖြစ်လို့လာပြသူထဲက ၇၅% ရှိတယ်။ ဟော်မုန်းတခုထဲ အပြစ်ဖို့လို့ မရဘဲ၊ Stress စိတ်ဖိစည်းမှု ကနေလဲ ဖြစ်နိုင်တယ်။ ကိုယ်လက် လှုတ်ရှားမှုကြောင့်လဲ ဖြစ်နိုင်တယ်။

Non-cyclical ရာသီနဲ့မဆိုင်ဘဲ ရင်သားနာတယ်ဆိုတာ ဥပမာ ခိုက်မိလို့ နာတာမျိုး။ မနေ့နေ့ကဘဲ တယောက် မေးလာတယ်။ ခွဲစိတ်ထားလို့ ဆိုတာမျိုးက နေရာ သတ်သတ် မှတ်မှတ်မှာ နာတယ်။ သွေးဆုံးခါနီး၊ သွေးဆုံးစ နာတတ်တာက ၁-၂ နှစ် နေရင် ကောင်းသွားတယ်။ ရင်သားအောက်က နံရိုး-အရိုးနု ရောင်တာက ရင်သားလို့ မှားတတ်တယ်။ ပိုးဝင်လို့ နာမယ်။ ပြည်တည်ရင် ပိုနာမယ်။ ပိုးဝင်လို့ နို့နာ ဖြစ်တာက ကလေးနို့တိုက်ချိန်မှာ အများဆုံးဖြစ်တယ်။ ဗမာပြည်မှာ တောနယ်တွေ တာဝန်ကျတုံးက သားဦး ၃ ယောက်မွေးရင် ၁ ယောက်မှာ နို့နာဖြစ်ကြတာ သတိထားမိတယ်။ အပြင်ရောက်တော့ အဲလောက် ဖြစ်တာ မတွေ့တော့ပါ။

Oral contraceptive pills ကိုယ်ဝန်တားဆေး၊ Hormone replacement therapy ဟော်မုန်းအစားထိုးဆေး၊ Weight gain လူဝလာလို့၊ Bras that do not fit properly အတွင်းခံကြပ်လို့၊ Tumors အလုံး-အကျိတ်-ကင်ဆာ-အနာတွေနဲ့ ခွဲခြားရမယ်။ Methyldopa (Aldomet), Spironolactone (Aldactone), Anadrol နဲ့ Chlorpromazine ဆေးတွေ ကြောင့်လဲ နာတတ်တယ်။ Birth control pills ဆေးတွေက တချို့မှာ နာစေပြီး တချို့မှာ (Progestin) နာလို့ ပေးရတယ်။

ဆရာဝန်က စမ်းသပ်မယ်။ လိုအပ်ရင် Mammogram ရိုက်မယ်။ Biopsy အသားစ ထုတ်ယူစစ်ဆေးတာ လုပ်မယ်။ ဆေးပေးချင် ပေးမယ်။ ပေးချင်မှ ပေးမယ်ဆိုတာ နှမြောလို့ မဟုတ်ပါ။

• ဆေးတွေက ရာသီနဲ့ ဆက်ဖြစ်လို့ ရင်သားနာတာကို သက်သာစေပေမဲ့ ဘေးထွက် ဆိုးကျိုးတွေ ရှိတယ်။
• Bromocriptine ကနေ ပျို့-အန်၊ ခေါင်းမူး၊ ကလေးမရ ဖြစ်တတ်တယ်။
• Danazol ကြောင့် လူဝစေနိုင်တယ်၊ ရာသီမလာတာ၊ ဆေးများရင် မျက်နှာမွှေး ပေါက်မယ်။ ရာသီ များမယ်။ အသံသြမယ်။ ကြွက်သား နာမယ်။
• Goserelin ဆေးကလဲ မျက်နှာနီ၊ လိင်စိတ်နဲ၊ မွေးလမ်းခြောက်၊ ရင်သားသေး၊ စိတ်တိုဖြစ်စေနိုင်တယ်။
• Gestrinone ဆေးသုံးတာ သက်သာနိုင်တယ်။ ဒါပေမဲ့ ကိုယ်မွှေးများ၊ ရာသီများ၊ အသံပြောင်း၊ လိင်စိတ်နဲ၊ ရင်သားသေး၊ ခေါင်းကိုက်၊ မောပန်း၊ စိတ်ကျဖြစ်စေနိုင်တယ်။
• ရာသီဖြစ်စဉ်နဲ့ မဆိုင်ဘဲ နာတာမျိုးက စတီရွိုက်ဆေး ရင်သားမှာ ထိုးပေးတာ၊ ခွဲစိတ်တာ လုပ်ရတတ်တယ်။ တခါတလေ ဆီးသွားစေတဲ့ဆေး နဲနဲ ပေးနိုင်တယ်။


ဆရာဝန် မလိုလောက်တာမျိုးတွေလဲလုပ်ပါ။
• Good, supportive bra အတွင်းခံ အသင့်ဆုံးကို ရွေးဝတ်ပါ၊
• Limit sodium intake ဆားလျော့စားပါ၊
• Reduce caffeine intake (ကေဖင်း) ပါတာတွေ လျော့စား-သောက်ပါ၊
• Maintain a low fat diet rich in fruits, vegetables, grains အဆီလျော့စားပါ။ အသီးအနှံ-အသီးအရွက် များများ စားပါ။
• Maintain an ideal weight ကိုယ်အလေးချိန် သင့်တင့်ပါစေ။
• Aspirin, Paracetamol အနာ-အကိုက် သက်သာဆေး တခုခုသောက်ပါ။ လိမ်းဆေးလဲ သုံးနိုင်တယ်။ ရေခဲ ကပ်ပေးနိုင်တယ်။
• Vitamin B6, Vitamin B1, Vitamin E ဗီတာမင်တွေ သောက်ပါ။
• Evening primrose oil နှင်းဆီဝါ-ဆီ သုံးပါ။
• Relax ကိုယ်-စိတ် အေးဆေးပါစေ။
http://8888goldfingers.blogspot.com
ဘကြီးသက်
Unknown at 4:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကလေးတွေကို ပြည်အာဏာပိုင်တွေက တောနက်ထဲမှာ သွားရောက်စွန့်ပစ်8

2555 9:44ပဲခူးတိုင်း ပြည်မြို့ မြကွမ်းတောင် ဘုရားဝင်းအတွင်း ဖွင့်လှစ်ထားတဲ့ ကရုဏာလက် များ ကွန်ယက် စာသင်ကျောင်းမှာ ပညာသင်နေတဲ့ အခြေအနေမဲ့ ကလေး အယောက် (၄၀) လောက်ကို ဒေသခံ အာဏာပိုင်တွေက ဖမ်းခေါ်သွားပြီး ပြည်မြို့နဲ့  မိုင်(၁၀၀) ကျော် ဝေးတဲ့ ဥသျှစ်ပင် တောနက်ကြီးထဲမှာ သွားရောက် စွန့်ပစ်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်အဲဒီကလေးတွေကို ပြီးခဲ့တဲ့ စနေနေ့ ည (၉) နာရီက ဖမ်းဆီးပြီးတဲ့နောက် စည်ပင်လူကြီး ၆ ယောက်နဲ့  ဆိုင်ကယ်စီးရဲ အယောက် ၂၀ လောက်က
စည်ပင်အမှိုက်သိမ်းကားထဲမှာ စုပြုံထည့်ပြီး ခေါ်ဆောင်သွားတာလို့ သိရပါတယ်။ 
အဲဒီနောက် ဓာတ်ပုံရိုက်ယူပြီး မိဘနာမည် မေးမြန်းခဲ့တယ်လို့ ကလေးတွေက
ပြောပါတယ်။အဲဒီကလေးတွေဟာ ၂ ညအိပ် လမ်းလျှောက် ပြန်လာခဲ့ကြရပြီး ဒီနေ့
မနက်ပိုင်းကမှ ပြည်မြို့ကို ရောက်ရှိတယ်လို့ စာသင်ကျောင်း အကူအညီပေးနေသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်းထိုက်အောင် က RFA ကို  ပြောပါတ"ကျွန်တော်တို့က နောက်နေ့ကျမှ သတင်းရတာ။ ကျွန်တော်တို့ ကျောင်းသားလေးတွေ ကျောင်းကို ရောက်မလာကြဘူး။ ၅ ရက်နေ့ကျတော့။
 စုံစမ်းတာလည်း စုံစမ်းလို့ မရဘူး။ ၆ ရက်နေ့ကျတော့ ပြန်ရောက်လာရော။ ၁၅
ယောက်  အယောက် ၂၀ လောက် ရောက်လာတယ်။ မေးကြည့်တော့ ကျွန်တော်တို့ကိုတဲ့
အဲဒီမှာ ဖမ်းသွားတယ်တဲ့။ ဖမ်းသွားပြီးတော့ အကုန်လုံးကို ကားအောက်ထဲမှာ
ငုတ်တုတ်ထိုင်ခိုင်းတယ်။ မထရဘူး။ လမ်းကို မမြင်ရဘူး။ အပြင်ကလူတွေလည်း
အထဲကို  မမြင်ရအောင်ထင်တယ်တဲ့။ လူအစိတ်လောက် ရှိတယ်တဲ့။ အဲဒါ ကျွန်တော်တို့
 ကားကြီးကို မောင်းသွားတာ ဘယ်ကိုမောင်းလို့ မောင်းမှန်းမသိဘူးတဲ့။ အဲဒီမှာ
ကျွန်တော်တို့ တရေး၊ နှစ်ရေးလောက်တောင် ရတယ်တဲ့။ နောက် သန်းခေါင်
သန်းလွှဲလောက် ကျတော့ နေရာတစ်ခု အဲဒီမှာ မင်းတို့ဆင်းဆိုပြီး
ဆင်းခိုင်းလိုက်တယ်။ ဆင်းခိုင်းပြီးတော့ သူတို့ကားက ပြန်ထွက်သွားတယ်။
ကျွန်တော်တို့လည်း ဘယ်ရောက်လို့ ရောက်မှန်းမသိဘူး။ ကားလမ်းဘေးပေါ့တဲ့။
အဲတာနဲ့ ကျွန်တော်တို့ ရွာရှိမယ် ထင်ရတဲ့ နေရာကို ခန့်မှန်းပြီးတော့
လျှောက်လာကြတယ်။ ကတ္တရာလမ်းအတိုင်း။ ရွာတစ်ရွာရောက်တော့ ကျွန်တော်တို့
အဲဒီမှာပဲ မိုးလင်းအောင် နေလိုက်တယ်တဲ့။ မိုးလင်းတော့မှ မေးကြည့်တော့
ပြည်ကနေ ရခိုင်ဘက်ကို ထွက်တဲ့ လမ်းမှာ ရောက်နေတယ်။ အဲဒါနဲ့ ဥသျှစ်ပင်ကို
မှန်းပြီး အဲလမ်းအတိုင်း လျှောက်တာ တနေကုန်လမ်းလျှောက်ပြီး ဥသျှစ်ပင်ကို
ရောက်တယ်။ ဥသျှစ်ပင်မှာ တောင်းရမ်းစားသောက်ပြီး ကားခလေး ဘာလေးရှာဖွေပြီး
တချို့က ကားနဲ့ တချို့က လမ်းလျှောက်ပြီး ပြည်ကို  ပြန်ရောက်လာတယ်"



ကလေးတွေအနေနဲ့ ပြည်မြို့ကိုပြန်လာရင် ထောင်ချပစ်မယ်လို့  စည်ပင်လူကြီးက
ခြိမ်းခြောက် ပြောဆိုခဲ့တယ်လို့  အဖမ်းခံရာမှာ ပါဝင်တဲ့ ၁၂ နှစ်အရွယ်
မိန်းကလေးတစ်ဦးက RFA ကိုပြောပါတယ်"ပြည်ဘက်ကို ပြန်လာရင်တဲ့ နင်တို့ကို
ထောင်ထဲထည့်မယ်တဲ့။ နင်တို့ အုပ်စု ရခိုင်ပြည်နယ်ကို သွားရင်တဲ့ နင်တို့ကို
 မှတ်ပုံတင်လည်း ပေးမယ်။ အိမ်သစ်လုံးကြီးတွေလည်း ပေးမယ်။ ဆန်တွေလည်း
ပေးမယ်တဲ့။ အဲဒီလို ပြောပါတယ်။  စည်ပင် ခေါင်းဆောင်ကြီးကဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်မြို့ စည်ပင်သာယာဌာနကို RFA က ဆက်သွယ်ဖို့
ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ကလေးအများစုဟာ မိဘမဲ့တွေဖြစ်ပြီး တောထဲမှာ
ဒီအတိုင်း စွန့်ပစ်ခံခဲ့ရတာကြောင့် အားလုံးနီးပါး ဖျားနာနေကြပါတယ်။ 
သူတို့ကို နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးလှုပ်ရှားဆောင်ရွက်ရေး အဖွဲ့က
 ဆေးဝါးနဲ့ အစားအသောက်တွေ ကူညီပေးထားတယ်လို့ သိရပါတယ်။

RFA Burmesehttp://feeds.feedburner.com/thithtoolwin/yIWV

ဘကြီးသက်
Unknown at 3:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သြဂုတ်လ ၈ရက်နေ့ ပြည်သူ့လွှတ်တော် မြင်ကွင်း

 
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့လွှတ်တော် ရေးရာကော်မတီ ဥက္ကဌများကို နေရာချထားသည့် လွှတ်တော်ထိုင်ခုံများ၏ ရှေ့ဆုံးတန်းသို့ ရောက်ရှိလာခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ယမန်နေ့က ဖွဲ့စည်းခဲ့သော တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီတွင် ဥက္ကဌ အဖြစ် တာဝန်ပေးခဲ့ပါသည်။

 ဓါတ်ပုံ - Eleven Media Group
သြဂုတ်လ ၈ရက်နေ့တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးခင်မောင်ဝင်း၊ လမ်းမတော် မဲဆန္ဒနယ်၏ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သည့် အကြောင်းအရာ ၇ ခုနှင့် စပ်လျဉ်းသည့် မေးခွန်း၊ ဦးရဲထွန်း၊ သံတွဲ မဲဆန္ဒနယ်၏ MRTV4 ရုပ်သံလိုင်းအား နေပြည်တော်၊ ရန်ကုန်မြို့များကဲ့သို့ Free to Air ထုတ်လွှင့်ပေးနိုင်ခြင်း ရှိမရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း၊ ဦးအောင်ဆန်း၊ ပန်းဘဲတန်း မဲဆန္ဒနယ်၏ မြန်မာ့ ယဉ်ကျေးမှု
အမွေအနှစ် ဓလေ့စရိုက်များအတွက် သီးခြားပြသ ထုတ်လွှင့်သော Channel အသစ်တစ်ခု ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိမရှိနှင့် စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းကြမည်ဖြစ်ကြောင်း Eleven Media Group - Facebook အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။


ထိုပြင် ဦးဝင်းမြင့်၊ ပုသိမ်မဲဆန္ဒနယ်၏ Good governance (ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ) ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀င်များအား၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် အဆိုကို

ဦးစိန်ဝင်း၊ မအူပင်မဲဆန္ဒနယ်။
ဦးကျော်မင်း၊ လက်ပံတန်း မဲဆန္ဒနယ်။
ဒေါ်ဖြူဖြူသင်း၊ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်။
ဦးကျော်မြင့်၊ မြန်အောင် မဲဆန္ဒနယ်။
ဦးရဲထွန်း၊ သီပေါ မဲဆန္ဒနယ်။
ဒေါ်မြင့်မြင့်စန်း၊ ၀ါးခယ်မ မဲဆန္ဒနယ်။
ဒေါက်တာ ဇော်မြင့်မောင်၊ ကျောက်ပန်းတောင်း မဲဆန္ဒနယ်။
ဒေါက်တာမျိုးအောင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်လွှတ်တော် ကိုယ်စားလှယ်များ မှဆွေးနွေးကြမည်ဖြစ်သည်။

ဒေါက်တာစိုးရင်၊ ကမာရွက် မဲဆန္ဒနယ်၏ မြန်မာနိုင်ငံရှိ တက္ကသိုလ် အသီးသီးတွင် ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဆောင်များ ဖွင့်လှစ်ထားရှိပြီး အဆောင်နေခွင့် စနစ်ကို ကျင့်သုံး အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အတွက် ဤလွှတ်တော်မှ တိုက်တွန်းကြောင်း အဆို တင်သွင်းမည်ဖြစ်သည်။

ဦးမောင်တိုး၊ မင်းလှ မဲဆန္ဒနယ်က ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းမည်ဖြစ်ကြောင်း Eleven Media Group သတင်းအရသိရှိရပါသည်။
ဘကြီးသက်
Unknown at 3:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“စကားပန်းများနှင့် စကားမိုင်းဗုံးများအကြောင်း” (စိမ်းခက်စိုး)

ဒီစာလေးကိုရေးခဲ့တာကြာပါပြီ။ စိတ်တိုင်းမကျုလို့ ဒီအတိုင်းပြစ်ထားလိုက်တာကိုတော်တော်ကြာပါပြီ။ ဒီတစ်ခေါက်ခရီးစဉ် မှာ ကွန်ပျူတာလေးပါသွားတာနဲ့ ရေးလက်စတွေလိုက်ဖတ်ရင်း သူ့ကိုပြန်တွေ့လို့ အဆုံးသတ်လိုက်ပါတော့မယ်လေဆိုပြီး အချို့စာပိုဒ်တွေကို ဖြုတ်၊ ဖျက်၊ ပြင်လုပ်သင့်တာတွေလုပ်ပြီး အပြီးသတ်ပစ်လိုက်တာပါ။
တကယ်တော့ ဒိထက်ပြည့်စုံ အောင် ရေးမယ်ဆိုပြီး မရေးဘဲထားတဲ့ ဆောင်းပါးတိုလေးပေါ့။
  
နောက်ဒီစာမျိုးထဲက ဥပမာတွေက ရှေ့ကဆရာကြီးတွေတော်တော်များများလည်း ရေးခဲ့သားခဲ့ကြမယ်လို့ ယုံပါတယ်။ အကယ်၍ ဥပမာတွေတိုက်ဆိုင်နေရင်လည်း ကျွန်တော့်အပြစ်ပါ။ စိတ်ထဲမှာပေါ်လာလို့ မရေးရင် တနေ့လုံး၊ တစ်ညလုံး သူ က ဒုက္ခပေးရောလေ။ ချရေးလိုက်ပြီး စာလုံးတွေအဖြစ်ပေါ်လာမှ ကျွန်တော့်ရင်ထဲမှာ လာတိုးတိုးနေတာကနေ သူကရပ် တာကိုး။ ဒီလောက်နဲ့သာကျေနပ်ပါတော့ဗျာ။ ဖတ်သာကြည့်ပေတော့ဗျာ… နော်။ အဲ..ထုံးစံအတိုင်း အမှတ်မှား၊ အရေးမှား နေတာတွေရှိရင်လည်း ၀င်တည့်ပေးကြဖို့ အားမနာနဲ့နော်။
“စကားပန်းများနှင့် စကားမိုင်းဗုံးများအကြောင်း”
ကျွန်တော်ဧရာဝတီတိုင်းမှာ လူမှုရေးလုပ်ငန်းတွေလုပ်တုန်းက အတွေ့အကြုံလေးတစ်ခုကို ဝေငှချင်ပါတယ်။ ကျွန်တော့်စီမံ ကိန်းတွေထဲက အချို့ရွာတွေဟာ ကရင်တိုင်းရင်းသားတွေအများစုနေထိုင်တဲ့ရွာတွေပါ။ ရွာတွေဘက်ကို ကျွန်တော် အ လုပ် လုပ်နေတဲ့ရုံးက ၀န်ထမ်းညီအကိုမောင်နှမတွေနဲ့ (field trip သို့မဟုတ် monitoring trip) သွားတိုင်း ကြုံရတဲ့ အဖြစ် လေးပါ။ အဲဒါကတော့ ဒေသခံဝန်ထမ်းလေးတွေက“ဆရာကျွန်တော်တို့ ကရင်တွေက ဒီအတိုင်းဘဲဗျ။ ပျော်ပျော်နေသေခဲ၊ ညစ်ညစ်ပတ်ပတ်နဲ့ ပြောလည်းမပြင်ဘူး။ လောဘလည်းမရှိဘူး။ ဖွံ့ဖြိုးရေးဆိုတာလည်း နားမလည်ပါဘူးဆရာရယ်”တဲ့..။ သူ အဲလို ပြောနေတဲ့ အချိန်မှာအဲလိုပြောတဲ့ သူနဲ့ ကျွန်တော့်ရဲ့ဘေးပတ်ဝန်းကျင်မှာ လုပ်အားပေးလူငယ်လေးတွေ၊ ကျေး ရွာရပ်မိရပ်ဖတွေ၊ ကလေးအမေတွေ ၀ိုင်းလို့…။
အဲလိုဘဲ ကရင်ဒေသခံရွာလူကြီးတို့၊ ဆရာဆရာတို့နဲ့ စကားလက်စုံကျလည်း “ကျနော်/ကျမတို့ရွာက ဒီအတိုင်းဘဲ ဆရာ ရယ် နားသိပ်ကောက်တယ်။ ပျော်ပျော်နေဖို့ သောက်စားဖို့လောက်ဘဲသိတာ။ ဖွံ့ဖြိုးရေးလည်း နားလည်တာမဟုတ်ပါဘူး။ ခိုင်းလိုက်ရင်တော့ ကုန်းကျုန်းလုပ်တော့တာဘဲ။”သူတို့အဲလိုပြောတဲ့အချိန်မှာ သူတို့ဘေးမှာ ရွာသူရွာသားတွေ၊ ကျောင်း သားကလေးငယ်လေးတွေ ၀ိုင်းလို့…။
နောက်တော့ ကျွန်တော့်ဝန်ထမ်းတွေနဲ့ ကျေးရွာအခြေပြု လုပ်အားပေးလူငယ်တွေ၊ လူကြီးတွေ၊ ကော်မတီတွေအားလုံးကို ကျွန်တော်နဲ့အတူတွဲပြီး သူတို့ဒေသအတွက်၊ လူမျိုးအတွက်၊ ဘာသာ၊ သာသနာအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်နေ သမျှကာလပတ်လုံး၊ အဲဒီလို အနုတ်လက္ခဏာဆန်တဲ့ အပြုအမူတွေကို ကျွန်တော်တို့ကိုယ်တိုင်က စပြိးမသုံးဖို့၊ မပြောဆိုဖို့ ဦးစွာစည်းကမ်းသတ်မှတ်ပါတယ်။ နောက်ထပ်တဆင့် ကရင်လူမျိုးတွေထဲက ထင်ရှားခဲ့တဲ့ အာဇာနည်တွေ၊ ပညာရှင်တွေ၊ ဘာသာရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာ ပုဂ္ဂိုလ်တွေကစလို့ သူတို့ကျေးရွာ နီးနားဝန်းကျင်ကနေ ဘုန်းကြီး၊ ဆရာ၊ ဆရာမ၊ ဆ ရာဝန်၊ ရှေ့နေဖြစ်သွားတဲ့သူတွေကို စာရင်းကောက်ခိုင်းပြီး ကလေးတွေ၊ လူငယ်တွေကို သူတို့တွေအကြောင်း၊ သူတို့ဖြတ် သန်း ကြိုးစားခဲ့ရပုံတွေအကြောင်း ပြောခိုင်းတယ်။ နောက်တဆင့် အခြားတိုင်းရင်းသားညီအကိုတွေနဲ့ အတူပူးပေါင်းလုပ် ဆောင် အောင်မြင်ခဲ့မှုတွေကို ဆွေးနွေးခိုင်းတယ်။
ကျွန်တော်အဲဒီလိုဘာလို့လုပ်ရသလဲဆိုတော့ ပထမတစ်ချက်က ကျွန်တော်တို့ဟာ လူမှုဝန်ထမ်းဖွံ့ဖြိုးရေးသမားတွေဖြစ်နေ ကြလို့ပါ။ ဖွံ့ဖြိုးရေးလုပ်မယ့်သူကိုယ်တိုင်၊ ကိုယ့်ဒေသကိုယ်၊ ကိုယ့်လူမျိုးကိုကိုယ် ဖွံ့ဖြိုးတိုးတက်စေချင်ပါတယ်ဆိုတဲ့ စိတ်နဲ့ လုပ်နေ၊ ဦးဆောင်နေ၊ တာဝန်ယူနေတဲ့သူတွေ လူကိုယ်တိုင်က ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးအပေါ်မှာ အနုတ်လက္ခဏာ ဆောင်တဲ့ အတွေးအမြင်တွေ ကိုယ်တိုင်လည်းလက်ခံထားပြိး၊ ကိုယ်က ပူးပေါင်းအားထုတ်ပံ့ပိုးပေးရမယ့် (ဒီနေရာမှာ ဦး ဆောင်ဆိုတဲ့ စကားမသုံးလိုပါ။) လူထုအတွင်းကိုလည်း အဲဒီအနုတ်လက္ခဏာ ဆန်တဲ့အတွေးအမြင်တွေ ထပ်သွင်းပြီးမှ ဖွံ့ဖြိုးရေးလုပ်မယ်ဆိုရင် လက်ခံယူရ၊ ကိုယ့်နောက်ကလိုက်ကြမယ့် လူတွေက အနုတ်စိတ်တွေအားကောင်းကောင်း ဖွံ့ဖြိုး လိုစိတ်တွေ ချိချိနဲ့နဲ့နဲ့ လိုက်လာကြမှာပါ။ အဲလို အတွေးအခေါ်ချိချိနဲ့နဲ့၊ ဦးဆောင်မှုချိချိနဲ့နဲ့ နောက်ကလိုက်နေတဲ့ လူထု အဖွဲ့အစည်းဟာလည်း မည်မျှသေးတဲ့ ခလုတ်ကန်သင်းနဲ့တွေ့တွေ့ ဘုန်းခနဲ လဲပြိုသွားဖို့ အမြဲတမ်းအဆင်သင့်ရှိနေတယ် လို့ မြင်ပါတယ်။
 အဲဒါကြောင့် ကျွန်တော့်ဝန်ထမ်းတွေအကြား အဲလိုပြောဆိုခြင်းမျိုးကို အထူးတင်းကြပ်စွားတားမြစ်ထားသလို၊ အပြုသဘော ဆောင်တဲ့ အတွေးတွေ၊ အပြုအမူတွေကို ပိုလုပ်ခိုင်းပါတယ်။ အင်တာနက်က ရှာဖွေလို့ရသမျှ ကရင် လူမျိုးတွေအကြောင်း၊ ဘာသာစာပေ၊ ယဉ်ကျေးမှုတွေအကြောင်းကို မိတ္တူတွေဆွဲပြီး ၀န်ထမ်းတွေ၊ လုပ်အားပေး လူငယ်တွေကို ဖတ်ခိုင်းပါတယ်။
 အကျိုးဆက်ကတော့ စီမံကိန်းမအောင်မြင်ရင်တောင် လူထုရဲ့စိတ်က နောက်တစ်ခါထပ်ကျိုးစားမယ်ဆိုတဲ့ စိတ်မျိုးလေး တွေခံယူသွားပါတယ်။ အားလုံးသိတဲ့အတိုင်း အန်ဂျီအိုဝင်သွားပြီးတဲ့ရွာအများစုဟာ သူများပေါ်မှီခိုစိတ် မြင့်သွားတတ်သ လို၊ ညည်းတွားတတ်သွားသလို၊ အန်ဂျီအိုကလူတွေကို အပြစ်ပြောတတ်သွားကြတာများတယ်ဆိုတာ အဲဒီစီမံကိန်း၊ အဖွဲ့အ စည်းမှာတာဝန်ယူသွားတဲ့ ၀န်ထမ်းရဲ့ တာဝန်မဲ့စိတ်တွေ၊ လုပ်ရပ်တွေကြောင့်ပါ။ အဖွဲ့အစည်းတွေကတော့ လူတွေစိတ် ဓာတ် ပျက်ပြားသွားအောင် အချိန်၊ ငွေကြေးတွေ အကုန်ကျခံပြီးလာလုပ်မှာ မဟုတ်ပါဘူး။ အဲလို အပြုသ ဘောပါတဲ့ လုပ် ဆောင်မှုတွေရဲ့အကျိုးဆက်က ကျွန်တော်တို့စီမံကိန်းရွာလေးတွေမှာ အဲဒီလိုဘေးထွက်ဆိုးကျိုးတွေမျိုး အလွန်နည်းပါး စွာဘဲ ဖြစ်တတ်တာတွေ့လာရပါတယ်။
အပြုသဘောဆောင်တဲ့ စကားတစ်ခွန်း၊ အပြုအမူတစ်ခုဟာ လူတစ်ဦးချင်းစီရဲ့ ဘ၀အပြင်၊ လူသားထုတစ်ရပ်လုံး၊ လူမျိုး နွယ်စုတစ်ရပ်လုံးကို အကောင်းဘက်ကို ဦးတည်သွားနိုင်သလို၊ အဆိုးဘက်ကိုလည်း ဦးတည်သွားနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်မှာ နိုင်ငံ့တာဝန်ကို ကျရာရပ်ဝန်းတစ်ခုခုကနေ နေရာဖြည့်ယူကြမယ့် လူငယ်တွေဟာ မိမိတို့ပြောစကားတွေ၊ အ ပြုအမူတွေ၊ အမူအယာတွေကို တတ်နိုင်သမျှထိန်းသိမ်းသင့်သလို၊ ကောင်းမွန်တဲ့ အပြုမူတွေ၊ အပြောအဆိုတွေဘက်ကို ဦးတည်နိုင်သမျှ ဦးတည်အောင် ကြိုးစားသင့်ကြပါတယ်။ ဂျပန်ရိုးရာစကားပုံတစ်ခုထင်ပါတယ်။ “လျှာသည် ခြောက်လက်မ သာရှိသည်။ ခြောက်ပေရှည်သော သူကို သတ်နိုင်သည်” တဲ့။
မြန်မာရာဇ၀င်ထဲက အဖြစ်အပျက်လေးတစ်ခုပါ။ လူတိုင်းလည်းသိပါတယ်။ နရသီဟပတေ့မင်းပေါ့။ သူ့မိဖုရားတွေကနေ မွေးတဲ့ သားသမီးတွေကို အမြဲဝက်လက်ကျွေးပြီး ချီးမြှောက်လေ့ရှိရာမှာ၊ မိဖုရားတစ်ပါးရဲ့သားတော်ကို မကျွေးခဲ့ဖူး၊ မ ကျွေးမိတာလည်းဖြစ်ကောင်းဖြစ်မယ်၊ သားတွေများလို့မေ့တာလဲဖြစ်ကောင်းဖြစ်မယ်။ ဒါပေမယ့် အဲဒီပွဲတော်က ၀က် လက် မစားရလို့ အဲဒီသားတော်က သူ့အမေမိဖုရားကိုပူဆာတော့၊ မိခင်မေတ္တာက သားကိုလည်းအလိုလိုက်ချင်တယ်၊ အ မျက် စောင်မာန်ကြီးတဲ့ ဘုရင့်ဆီကလည်းမတောင်းရဲရှာတော့ စားဖိုးတော်ဆောင်မှာ ၀က်လက်ခိုးဝယ်ပြီး သူ့သား တော်ကို ကျွေးရှာတယ်။ ကံဆိုးချင်တော့ အဲလိုစားဖိုဆောင်က ၀က်လက်ခိုးဝယ်ပြီးကျွေးတာကို နရသီဟပတေ့မင်းက သိသွား ပါ တယ်။ ဒါပေမယ့် သူတို့သားအမိအဖြစ်ကိုသိတဲ့ နရသီဟပတေ့မင်းက အပြစ်တော်မယူခဲ့ပေမယ့် သူတို့သားအမိကို တွေ့ တဲ့နေရာမှာ အထူးသဖြင့်သားတော်လေးကို ၀က်လက်ခိုးမသားဆိုပြီး ပြက်ရယ်ပြုပါတယ်တဲ့။
အဲဒီလို ဘုရင်ကိုယ်တိုင်က ပြက်ရယ်ပြုတာကြာင့်၊ အခြားမိဖုရားနဲ့ သားတော်တွေကလည်း သူတို့သားအမိကို လှောင် ပြောင်မှာမလွဲပါဘူး။ အဲဒီအပြုအမူကြောင့် အရှက်တကွဲအကျိုးနဲ့ဖြစ်ခဲ့ရတဲ့ သားတော်ဟာ နရသီဟပတေ့ တရုတ်ရန် ရှောင်ပြီးပြေးတုန်း သူအပိုင်စားတဲ့ ပြည်ကိုရောက်လာတဲ့အချိန်မှာ ကမ်းပေါ်တောင်မတက်ခိုင်းဘဲ လှေပေါ်မှာတင် မိုးထား တဲ့ ဓါးနဲ့ အဆိပ်အပြည့်အစား(ပွဲတော်ကို) တစ်ခုခုကိုရွေးခိုင်းပြီး စားတော်ပွဲမှာ အဆိပ်ခတ်သတ်ခဲ့တဲ့အထိ သားအဖကြားမှာ အမုန်းပွားခဲ့ပြီး “၀က်လက်ခိုးမသား”ဆိုတဲ့ လှောင်ပြောင်စကားတစ်ခွန်းကြောင့် ကိုယ့်သားကနေ အဆိပ်ကျွေး သတ်လို့ သေရတဲ့ ဘုရင်တစ်ပါးအထိ ရာဇ၀င်တွင်သွားခဲ့ရှာပါတော့တယ်။
နောက် ပြင်သစ်မှာ ဘုရင်စနစ်ကို တော်လှန်တဲ့ တော်လှန်ရေးကြီး တိုင်းပြည်အ၀ှမ်းဖြစ်ပေါ်လာစေတဲ့ စကားတစ်ခွန်း လည်း အထင်အရှားရှိခဲ့ဖူးတယ်ဆိုတာ အားလုံးသိမှာပါ။ အခွန်အတုတ် တွေပိပြီး ငတ်ပြတ်နေတဲ့ ပြည်သူတွေက ဆန္ဒပြ နေကြတယ်ဆိုတဲ့ သတင်းကိုကြားတော့ ပြင်သစ်ဘုရင်ရဲ့မိဖုရား မေရီအန်တွိုင်းနက်က “ပေါင်မုန့်မရှိရင်၊ ကိတ်မုန့် စားကြ ပါလား”ဆိုပြီး မှတ်ချက်ပြုလိုက်တဲ့စကားပါ။ ပြင်သစ်ဘုရင်ရဲ့ မိဖုရားချော၊ အသုံးအဖြုန်း အရမ်းကြီးသလို၊ မာန်မန ကြီးတဲ့ မေရီအန်တွိုင်း နက်ပြောခဲ့တာမဟုတ်နိုင်ဘူး၊ သက်သေမခိုင်လုံဘူးလို့ တချို့သမိုင်း ပညာရှင်တွေက ပြန်လည် သုံးသပ်ခဲ့ ကြ သော်လည်း ပြင်သစ်တော်လှန်ရေးသမိုင်းနဲ့အတူ ဒီစကားကထွက်ပေါ်ခဲ့တယ်ဆိုတာကတော့ ဘယ်သူမှမငြင်း နိုင်ခဲ့ကြ ပါဘူး။ သက်သေမခိုင်လုံဘူးဆို ပေမယ့် အဲဒီခေတ်တုန်းက အဲဒီစကားလုံးလေးကြောင့် ပြင်သစ်ပြည်ကြီး မီးဟုန်းဟုန်း တောက်ပြီး တိုင်းပြည်အပေါ် ဖိစီးနေတဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ပါပျောက်သွားခဲ့ရတာပါ။
နောက် ပြင်သစ်အိမ်တော်တွေမှာ ခုံးမိုးမြင်မြင့်နဲ့တံခါးတွေဟာ မေရီအင်တွိုင်းနက်ကြောင့် ပေါ်လာတာလို့ပြောတာမျိုး လည်းဖတ်ခဲ့ဖူးပါတယ်။ သူ့ဦးထုတ်မြင့်မြင့်ကြီးတွေကြောင့် နန်းတော်တံခါးမှာ အ၀င်အထွက်ခက်ခဲတာကြောင့် တံခါး တွေ ကိုပြင်ခိုင်းရာကနေ တံခါးခုံးဝိုင်းဝိုင်းမြင့်မြင့်ပုံစံတွေထွက်လာခဲ့တာလို့ မှတ်သားဖူးပါတယ်။ ဒါပေမယ့် ပြောချင်တာက တော့ သူမပြောခဲ့တယ်ဆိုတဲ့  “ပေါင်မုန့်မရှိရင်၊ ကိတ်မုန့်စား”ဆိုတာပါဘဲ။
ဗုဒ္ဓရဲ့အောင်ခြင်းရှစ်ပါးထဲက အင်္ဂုလိမာလလူသတ်သမားကြီးကိုမှတ်မိကြမှာပါ။ လက်ညှိုးတစ်ချောင်းလိုနေတုန်း သူ့ကိုဖမ်း ဖို့ ဘုရင်က စစ်တပ်ကြီးနဲ့ထွက်လာပြီဆိုတာကိုစိတ်ပူလို့ မိခင်စိတ်နဲ့လာပြောတဲ့မိခင်အိုကြီးကို လိုနေတဲ့လက် ညှိုးတစ် ချောင်းကို အမေကိုသတ်ပြီး ဖြတ်ယူမယ်လို့ မိခင်နောက်ကို ဓါးတရမ်းရမ်းနဲ့လိုက်ခဲ့တဲ့ အချိန်မှာ မြတ်စွာဘုရားရှင်က ကြား က၀င်ရပ်ပြီးကိုယ်ထင်ပြခဲ့တယ်။ အင်္ဂုလိမာလကြီးလည်း အမေအစား အဲဒီရဟန်းကြီးကိုသတ်ပြီး လက်ညှိုးဖြတ် ယူမယ်ဆို ပြီး လိုက်ပါလေရော။ ဒါပေမယ့် တောကျွမ်းပြီး အပြေးသန်လှပါတယ်ဆိုတဲ့ အင်္ဂုလိမာလကြီး မြတ် စွာဘုရားရှင်ရဲ့တန်ခိုး တော်ကြောင့် မှီအောင်မလိုက်နိုင်တဲ့အပြင် အနားတောင်မကပ်နိုင်ခဲ့ပါဘူး။ အဲတော့ မောလာလို့ ရဟန်းကြီး မပြေးနဲ့ ရပ်လို့ လှမ်းပြောပါတယ်။
အဲဒီမှာ တန်ခိုးတော်နဲ့ ရပ်နေတဲ့ မြတ်စွာဘုရားရှင်ဟာ တည်ကြည်သောအသံတော်နဲ့ “ချစ်သားအင်္ဂုလိမာလ ငါသည်မ ပြေး၊ သင်သာ ပြေးနေခြင်းဖြစ်တယ်။” လို့အဓိပ္ပာယ်ရတဲ့ စကားတစ်ခွန်းဘဲပြန်မြွက်ကြားခဲ့တယ်။ ပင်ကိုယ်ဗီဇနဲ့ စွမ်း ဆောင်ရည်မှာ လက်ရုံးရည်နှလုံးရည်ပြည့်နေခဲ့တဲ့ လူသတ်သမားလူမိုက်ကြီးဟာ မြတ်စွာဘုရားရှင်ရဲ့ အဲဒီ“ငါသည်မပြေး၊ သင်သာပြေး နေခြင်းဖြစ်တယ်”ဆိုတဲ့ စကားတစ်ခွန်းမှာ အသိဥာဏ်၊ ဆင်ခြင်မှုတွေပြန်ဝင်ပြီး ဘုရားရှင်ဆီက တရားထူး ရတဲ့ ရဟန္တာအရှင်သူမြတ်ကြီးဖြစ်တဲ့အထိ ပေါက်ရောက်သွားခဲ့ရသလို၊ ခုချိန်ထိ သူ့သစ္စာစကားဖြစ်တဲ့ အင်္ဂုလိမာလသုတ် တော်ကြီးကို ကျွန်တော်တို့တွေ အရေးကြုံလာတိုင်း ရွတ်ဖတ်ပူဇော်နေခဲ့ရတဲ့အထိ ဗုဒ္ဓ၀င်မှာ တင်ကျန်ရစ်ခဲ့ပါတယ်။
တကယ်ဆို စကားလုံးတွေဟာ ကျွန်တော်တို့အနာဂတ်ကို တည်ဆောက်ခဲ့သလို၊ စကားလုံးတွေကနေစပြီးဆွဲသွားလိုက် ကျွန်တော်တို့ သံသရာအထိရှည်ကြာနေတဲ့ အကုသိုလ်တွေပါ သီးပွင့်ပန်သနေရတာပါလားလို့ တခါတလေတော့တွေးမိ တယ်။ စကားလုံးတွေကြောင့် ကျွန်တော်တို့ မိတ်ဆွေများစွာ ရခဲ့ဖူးသလို၊ စကားလုံးတွေကြောင့် မိတ်ဆွေတွေများစွာဆုံးရှုံး ခဲ့ရဖူးတယ်။ ဒါပေမယ့် ကျွန်တော်အပါအ၀င် လူအများကတော့ စကားလုံးတွေကို အောက်စီဂျင်သာသာလောက်ကို ပေါ့ပါး စွာလွှတ်ထုတ်နေကြတော့တာဘဲလေ။
ဒီစာလေးကို သတိတရရေးမိတာကတော့ ဒီနှစ်ထဲမှာ လူကြီးတစ်ချို့၊ ခေါင်းဆောင်ဆိုသူတစ်ချို့က ကမ္ဘာသိ၊ လူသိထင် ရှားပြောခဲ့တဲ့ စကားတချို့ဟာ လူကြီးတစ်ယောက်မှ ဟုတ်ရဲ့လားလို့ ဒွိဟပွားရလောက်အောင် စေတနာ ချို့ငဲ့၊ ဥာဏ်ပ ညာချို့ငဲ့တဲ့ ထိုစကားကိုကြားလိုက်ရတဲ့အချိန်မှာ ဒီစာထဲက အဖြစ်အပျက်တွေကို တစ်ခုပြီးတစ်ခု မြင်လာမိတာနဲ့ ချရေး လိုက်မိတာပါ။ ဒါကြောင့် ဒီစာကို ဖတ်နေတဲ့ ညီ၊ ညီမတို့ဟာ ကျွန်တော့်အရင် စာအချို့မှာပြောခဲ့ဖူးသလို မင်းတို့ဟာ နောင်တချိန်မှာ တိုင်းပြည်ရဲ့ လိုအပ်ရာထောင့်များစွာထဲက တစ်ခုမှာ မလွှဲမသွေ တာဝန်ယူလာရမယ့် ခေါင်းဆောင်ဖြစ်လာ ကြရမှာ၊ ဖြစ်လာခဲ့ကြတယ်ဆိုရင် စကားတွေကို စဉ်းစဉ်းစားစားပြောပါ။ အထူးသဖြင့် ကိုယ့်အောက်ငယ်သူ၊ ကိုယ် နောက်လိုက်အသင်းအပင်းတွေနဲ့ ဆက်ဆံပြုမူရာအ၀န်းအ၀ိုင်းတိုင်းမှာ ကိုယ့်ကိုစကားပြောခွင့်ပေးတဲ့အချိန်တိုင်း အပြု သ ဘောဆန်တဲ့၊ သူတို့ကို အားပေးချီးမြှောက်တဲ့ စကားတွေကို ရိုးရိုးသားသားနဲ့ များများပြောပေးကြဖို့ တိုက်တွန်းလိုက် ပါ တယ်။
ဒီစာလေးကို သီဟိုဠ်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင့်ဆွေ ရဲ့ ဒီမိုကရေစီစိတ်ထားစာအုပ်လေးထဲက စကားလေးနဲ့ ပိတ်လိုက်ပါရစေ။ “စကားမည်သည်မှာ သူ့နေရာနှင့်သူ ရဲရဲဝံ့ဝံ့ ထိထိမိမိပြောတတ်မှ အဖိုးတန်သည်။ လွတ်လပ်စွာ စကား ပြောခွင့်ရှိစေရမည်ဆိုရာ၌ မဟုတ်သောနေရာ၊ မဟုတ်သော အချိန်ကာလတွင် မဟုတ်သော စကားများကို တာဝန်မဲ့ ပြော ချင်သလို ပြောဆိုခွင့်ရှိစေရမည်ဟု ဆိုလိုသည်မဟုတ်”တဲ့။ ကျွန်တော်တို့အားလုံး ခြောက်ပေနီးပါး(ကျွန်တော်ကတော့ ငါး ပေနဲ့ ၄လက်မပါ) ခန္ဓာကြီးမှာပါတဲ့ ခြောက်လက်မသာသာ လျှာလေးကို တတ်နိုင်သမျှထိန်းသိမ်းစေချင်လှပါရဲ့……။              ။
 ချစ်ခင်လေးစားစွာဖြင့်…
စိမ်းခက်စိုး
(ကြာသာပတေး) သြဂုတ်လ ၀၂၊ ၂၀၁၂
နံနက် - ၀၆း ၃၃ နာရီ

ဘကြီးသက်
Unknown at 10:31 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရိုဟင်ဂျာ၏ ဇာစ်မြစ်



From : မောင်မောင်ဝင်း

ရိုဟင်ဂျာ ဟူသော အသုံးအနှုံးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင် နှင့် စစ်တွေ တို့တွင် ပြည်ပမှ ကျူးကျော်ဝင်ရောက်နေထိုင်သော ဘင်္ဂလီများကို အကူအညီပေးနေသော နိုင်ငံတကာ အဖွဲ့ အစည်း များကြောင့် ဖြစ်ရ -----

လွန်ခဲ့ တဲ့ ဇွန်လ လောက် က ဘူးသီးတောင်၊ မောင်တောက စလို့ စစ်တွေ တောင်ကုတ်မြို့ အထိ ပြဿနာတက်ခဲ့ တာ အားလုံးအသိပါ။ အဲဒီတော့မှ မြန်မာ ပြည်သူ အများစု သတိထားမိ ကြတာ တစ်ခု ရှိပါတယ်။ မြန်မာ နိုင်ငံမှာ မိုးပေါ်က ကျလာတာလား၊ ငရဲပြည်က တက်လာတာလား၊ တောထဲက ထွက်လာတာလား မသိတဲ့ အရှင်လတ်လတ် လူမျိုးတစ်ခု ရောက်နေပြီဆိုပဲ။ အတန်းကျောင်း တွေမှာတောင် မသိခဲ့ ရတဲ့ လူမျိုး တစ်စု က မြန်မာ ဆိုပြီး တစ်ကမ္ဘာ လုံးက တောင် သိနေကြပြီတဲ့။ မသိတာက တော့ မြန်မာပြည်သူတွေပါ။ ပုံစံက ကိုယ်နေတဲ့ အိမ်ထဲကို ခိုးကြောင်ခိုးဝှက် ဝင်ရောက်လာပြီး အိမ်ရှင်တွေ အိပ်ရာက နိုးလာချိန်မှာ “ငါက ဒီအိမ်က လေ မင်းတို့ မသိဘူးလား” လို့ မေးလိုက်သလိုပေါ့။

သူတို့ နာမယ်က ရိုဟင်ဂျာတဲ့၊ ဒါနဲ့ မြန်မာပြည်သူတွေလဲ ခေါင်းရှုပ်သွား တယ်လေ။ ၈၈ အရေး အခင်း တုန်းက တောင် မကြားဘူးခဲ့တာ ၊ အခုကြမှ ဘယ်လိုလုပ်ပြီး ဒီနာမည်တွေက ထွက်နေတာလဲ လို့။ ကမ္ဘာက ရိုဟင်ဂျာလို့ သိပါတယ် တဲ့ ။ ထူးဆန်းတယ်၊ သူတို့ တွေ က ဘယ်ကနေ ဘယ်လို သိနေကြရတာပါလိမ့်၊ သေခြာတာ ကတော့ သူတို့ ကို အဲဒီ လို လုပ်ကြံ စကား ပြောနိုင်တဲ့ ၊ သူတို့ ကိုနားဝင်အောင် ၊ ကမ္ဘာကို (ဆိုလိုတာက နောက်နိုင်ငံကြီးများနဲ့၊ တစ်ချို့သော နိုင်ငံများကို) ပြောနိုင်တဲ့ (ဒါမှမဟုတ်) စကားပေါက်တဲ့သူတွေ ရှိလို့ ပေါ့။ ကဲ … ဒါဆို ဘယ်သူတွေများလဲ …

တွေ့ပါပြီ ၊ မြန်မာ နိုင်ငံမှာ အကူအညီလို့ ဗန်းပြထားတဲ့ အဖွဲ့တွေ။ တစ်ခြားသူတွေ ဟုတ်ရိုးလား၊ ရခိုင်ဒေသမှာ ဘင်္ဂလီ တွေကို ကူညီနေတဲ့ အဖွဲ့ တွေ ပေါ့။ အင်း ပြောရမယ်ဆိုရင် ခေါင်းဆောင်ကြီး UNHCR, နောက်ထပ် UNDP, WFP, UNFPA စသဖြင့် ကု လ သမဂ္ဂ လက်အောက်ခံ လျှို့ဝှက် ပဉ္စမံ တပ်ဖွဲ့တွေနဲ့ အမျိုးသား သစ္စာ ဖောက် လောက်ကောင် တွေပြည့်နှက်နေတဲ့ AZG, ACF, Malteser International, Care International စသဖြင့် မြန်မာနိုင်ငံ ရဲ့ အမျိုးသားလုံခြုံ ရေးအတွက်အန္တရယ် အရှိဆုံး အဖွဲ့ အစည်းတွေပဲဖြစ်ပါတယ်။

အရင်းစစ်လိုက်တော့ သူတို့ကို တွေ့တယ်။ သူတို့ က အင်္ဂလိပ်စကားပေါက်တယ်။ အနောက်နိုင်ငံတွေ အနောက်က မီဒီယာ တွေကို စကားပေါက်တယ်လေ၊ ကုလ သမဂ္ဂ ကိုလည်း ပြောနိုင်တာ သူတို့ပဲရှိတယ်လေ။ ဇာတ်လမ်းကို ပြန်လိုက် ကြည့်လိုက်တော့ တွေပါပြီး၊ ၁၉၉၀ ကျော် ခုနှစ်လောက် ကတည်းက UNHCR က ရခိုင်မြောက်ပိုင်း ဘူးသီးတောင် ၊ မောင်တောကို စပြီးဝင်တယ်။ သူတို့က ဘင်္ဂလားမှာအနေရကြပ်နေတဲ့ ဘင်္ဂလီတွေကို လက်ခံတယ်။ တိုးတိုးတစ်မျိုး ပေါ်တင် တစ်မျိုးပေါ့။ ပြီးတော့ ဒီဘက်မှာ စောင့်ရှောက်ထားတယ်။ ဘင်္ဂလီ တွေကို ဒုက္ခသယ်လို့ ပြောရရင် ဘင်္ဂလားဒေ့ရှ် ကို ပြန်ပို့ရမယ် ၊ ဘင်္ဂလားဒေ့ရှ် က လူဦးရေသိပ်များနေတော့ လက်ခံ နိုင်ဘူးလို့ပြောတယ်။ ဒီတော့ အဲဒီ အဖွဲ့အစည်း တွေ ဝင်ရောက်လာပြီး ကူညီမယ်လို့ လုပ်ကြတယ်။

ဘယ်လိုကူညီ ခဲ့ သလဲဆိုတော့ သူတို့ အရှေ့အလယ်ပိုင်း တွေက လာတဲ့ ရံပုံငွေ တွေကို ယူတယ်၊ ပြီးတော့ အဖွဲ့အစည်း တွေမှာ ဘင်္ဂလီတွေကို ခန့်တယ်။လက်အောက်ခံ လူ တွေမွေးတော့တယ်။ ဒါပေမဲ့လည်း မြန်မာ အစိုးရက သိမှာ စိုးလို့ တိုးတိုးတိတ်တိတ်ပဲလုပ်ကြတယ်။ လူဦးရေ တွေကလည်း တစ်နေ့ထက်တစ်နေ့ တိုးပွားလာနေတော့ အဲဒီအဖွဲ့အစည်းတွေက ဒီလူဦးရေ ကိုမြန်မာနိုင်ငံ ထဲကို သွတ်သွင်းဖို့ကြံကြတယ်။ နောက်ဆုံးတော့ အဲဒီ လောက်ကောင်တွေက အကြံ တစ်ခုရသွားတယ်။ ရခိုင်လို ရွင့်ဂျာ လို့ ခေါ်တဲ့ အခေါ် အဝေါ်ပဲ။ ရွင့်ဂျာ ဆိုတာက အခြေအနေ မရှိဘဲ တစ်ခြားနိုင်ငံက လာနေတဲ့သူတွေကို ပြောတာ။ ဒီတော့ အဲဒီ အဖွဲ့အစည်းတွေက ဘင်္ဂလီ လို ရိုဟင်ဂျာလို့ နာမည်ပြောင်းလိုက်ကြတယ်လေ။ ဒါကိုတော့ မြန်မာနိုင်ငံကို ချက်ချင်း အသိမပေးပဲ၊ သူတို့ရဲ့ အဖေတွေရှိတဲ့ အနောက်အုပ်စု မီဒီယာတွေ၊ အနောက်ကမ္ဘာက မြန်မာနိုင်ငံကို တောင် မကြားဘူးတဲ့သူတွေကို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးစု တစ်ခုရှိကြောင်း သူတို့ က အရမ်း ဆင်းရဲကြောင်း နဲ့ ဆယ်စုနှစ်ပေါင်းများစွာ အဖိအနိပ် ခံ နေရကြောင်းကိုပါပြောခဲ့တယ်လေ။ ၁၉၉၀ ကျော်လောက်ကတည်း က အခု အချိန် ထိ ပြောခဲ့ကြတော့ အနောက်ကမ္ဘာက လူတွေက မြန်မာကို မသိတော့ပဲ ရိုဟင်ဂျာကို ပဲ သိသွားတော့ တယ်။ ရိုးသားလှတဲ့ မြန်မာပြည်သူတွေကို ယုတ်မာစွာနဲ့ လုပ်ခဲ့ ကြတဲ့ ၊ ကြာကူလီ ဇာတ်ခင်းခဲ့ကြတာ ကတော့ လူ့အခွင့်အရေး ကိုဗန်းပြထားကြတဲ့ ၊ရခိုင်ပြည်နယ် မှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံတကာ က အဖွဲ့အစည်းတွေပဲဖြစ်ပါတယ်။

သူတို့မှာ က အဖွဲ့အစည်း ရဲ့ မူဝါဒတွေရှိတယ်၊ ဒါပေမဲ့ ဘယ်လို လူ့အခွင့်အရေးကို ပဲဗန်းပြ ထားထား၊ သူတို့ ကြောက် ကြတာက တော့ အလှူရှင်တွေပဲဖြစ်ပါတယ်။ ရခိုင်မြောက်ပိုင်းကို လှူတဲ့ အလှူရှင်တွေက မွတ်စလင်တွေကို တောက်လျှောက် ထောက်ပံ့ နေတဲ့ အရှေ့ အလယ်ပိုင်း က လေ။ သူတို့ က ဥရောပ သမဂ္ဂ နဲ့ ကုလသမဂ္ဂ ကနေ တဆင့် မြန်မာနိုင် ငံ သို့ ဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ လှူတယ်လေ၊ လှူလိုက်တဲ့ ငွေတွေကိုတော့ ခုနက ပြောခဲ့တဲ့ သစ္စာဖောက်လောက်ကောင် တွေရှိတဲ့ အဖွဲ့ တွေက ဘင်္ဂလီတွေအတွက်ပဲ သုံးတယ်။ ဒါမှ အ လှူရှင်တွေက ကြည်ဖြူမှာကိုး။ နောက်ဆုံးမှာတော့ မြန်မာနိုင်ငံကို အကြပ်ရိုက်စေတဲ့ အမျိုးသား ရေးအတွက် အန္တရယ် လှတဲ့ ရိုဟင်ဂျာ ပြဿနာ ဖြစ်သွားတော့ တာပါပဲ။

အဲဒီတော့ သူများမျက်နှာ (အလှူရှင့်မျက်နှာ) ကိုကြည့်ရတော့တဲ့ အဲဒီ အဖွဲ့အစည်းတွေဟာ သူများရိုဟင်ဂျာ ရင် ကိုယ်လည်း ဂျာ ရတော့ တာပါပဲ။ မဟုတ်ရင် ပိုက်ဆံမရတော့ပဲ ခွက်ဆွဲ ရတော့မယ်လေ။ (အခုလည်း လူကြီးလူကောင်း ဆန်ဆန် ခွက်စွဲ တောင်း စား နေရတာပါပဲ။) ပြောရမယ်ဆိုရင်တော့ ရခိုင် မြောက်ပိုင်း မှာ ခိုးဝင်နေတဲ့ ဘင်္ဂလီတွေဟာ သူတို့ အတွက်တော့ မျောက် အကြီးစားကြီးပါ ပဲ။ ဒါမှ ဆန်ကောင်းကောင်းများများ တောင်းလို့ရမယ်လေ။ ဥပမာ အခုနှစ် UNFPA အတွက် ချထားပေးတဲ့ အကူအညီပေးရေး ဒေါ်လာ ခုနှစ်သန်း မြန်မာနိုင်ငံကို ပေးခဲ့ ရာမှာ ရခိုင် မြောက် ပိုင်း က ဘင်္ဂလီတွေ အတွက် က ၄ သန်းတဲ့ လေ။ ကဲဒီလောက်ဆိုရင် မြန်မာကို ဒုက္ခ ပေးနေတဲ့ အကြံတွေကို သိလောက် ရောပေါ့။

Myanmar Express

ဘကြီးသက်
Unknown at 10:08 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံတကာမီဒီယာများ၏မှားယွင်းလွန်ကျူးစွာမဟုတ်မမှန်ဖော်ပြနေမှုကို နိုင်ငံတကာသိအောင်လုပ်နေပြီဟုသမ္မတအကြံပေးပြောကြား



From : ခေတ်လူငယ်
နိုင်ငံတကာ သတင်းမီဒီယာများတွင် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်အရေးကို လွန်ကျူးစွာဖော်ပြ သတင်းလွှင့်နေမှုများမှာ မဟုတ်မမှန်သတင်းများ လွှင့်တင်မှုများသာဖြစ်ပြီး အခြေအနေမှန်ကို နိုင်ငံတကာက သိအောင် လုပ်ဆောင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်သည်။ ရခိုင်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ စတင်ခဲ့သော အဆိုပါဖြစ်စဉ်၏ နောက်ဆက်တွဲ ပြဿနာများအဖြစ် လူမျိုးရေးအုံကြွမှု အချို့အထိပါ ဖြစ်ခဲ့ရခြင်းကို နိုင်ငံတော်က တည်ငြိမ်စွာ ကိုင်တွယ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံတကာ မီဒီယာများက မဟုတ်မမှန် သတင်းလွှင့်နေမှုများ ရှိလာခဲ့ကြောင်း သိရသည်။ “နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြနေတာတွေ အတော်များများက သူတို့ထင်ရာတွေ ရေးသားဖော်ပြမှုတွေ ဖြစ်နေတယ်။ ဒါကို အထင်အမြင် လွဲတဲ့သူတွေလည်း ရှိလာသလို တချို့ကိစ္စတွေမှာဆိုရင် အများကြီးပဲ မမှန်သတင်းတွေ ရှိနေတယ်။ ဥပမာအားဖြင့် ဆိုလို့ရှိရင် မွတ်ဆလင်တွေ အများကြီးကို အရှင်လတ်လတ် မီးလောင်တိုက်သွင်းနေပါတယ် ဆိုတာမျိုးဆိုရင် တိဘက်မှာ ဆန္ဒပြတဲ့ မီးရှို့တဲ့ဟာတွေကို လိမ်ပြီးတင်တာတွေ ဖြစ်နေတယ်။ မသိတဲ့သူတွေအတွက် အထင်အမြင် လွဲစရာ ဖြစ်လာတယ်” ဟု ဦးကိုကိုလှိုင်က ပြောကြားသည်။ “ဒါတွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြေရှင်းသွားမှာပါ။ အခြေအနေမှန်ကို နိုင်ငံတကာသိအောင်လည်း လုပ်ဆောင်နေပါပြီ” ဟု ဦးကိုကိုလှိုင်က ပြောကြားသည်။ ရခိုင်ပြည်နယ် အရေးမှာ တည်ငြိမ်စ ပြုလာနေပြီ ဖြစ်ကြောင်း သိရပြီး နိုင်ငံတကာ မီဒီယာများကို ချပြမှုနှင့် ပတ်သက်သော ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အတွင်းမှာပင် နိုင်ငံတကာ မီဒီယာများ ရှိနေပြီး ၎င်းတို့ကလည်း မှန်ကန်စွာ တင်ပြလိမ့်မည်ဟု ယူဆကြောင်း ပြောကြားထားသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.