Wednesday, August 8, 2012

နိုင်ငံတကာမီဒီယာများ၏မှားယွင်းလွန်ကျူးစွာမဟုတ်မမှန်ဖော်ပြနေမှုကို နိုင်ငံတကာသိအောင်လုပ်နေပြီဟုသမ္မတအကြံပေးပြောကြား



From : ခေတ်လူငယ်
နိုင်ငံတကာ သတင်းမီဒီယာများတွင် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်အရေးကို လွန်ကျူးစွာဖော်ပြ သတင်းလွှင့်နေမှုများမှာ မဟုတ်မမှန်သတင်းများ လွှင့်တင်မှုများသာဖြစ်ပြီး အခြေအနေမှန်ကို နိုင်ငံတကာက သိအောင် လုပ်ဆောင်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က ပြောကြားလိုက်သည်။ ရခိုင်အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုမှ စတင်ခဲ့သော အဆိုပါဖြစ်စဉ်၏ နောက်ဆက်တွဲ ပြဿနာများအဖြစ် လူမျိုးရေးအုံကြွမှု အချို့အထိပါ ဖြစ်ခဲ့ရခြင်းကို နိုင်ငံတော်က တည်ငြိမ်စွာ ကိုင်တွယ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံတကာ မီဒီယာများက မဟုတ်မမှန် သတင်းလွှင့်နေမှုများ ရှိလာခဲ့ကြောင်း သိရသည်။ “နိုင်ငံတကာ မီဒီယာတွေမှာ ဖော်ပြနေတာတွေ အတော်များများက သူတို့ထင်ရာတွေ ရေးသားဖော်ပြမှုတွေ ဖြစ်နေတယ်။ ဒါကို အထင်အမြင် လွဲတဲ့သူတွေလည်း ရှိလာသလို တချို့ကိစ္စတွေမှာဆိုရင် အများကြီးပဲ မမှန်သတင်းတွေ ရှိနေတယ်။ ဥပမာအားဖြင့် ဆိုလို့ရှိရင် မွတ်ဆလင်တွေ အများကြီးကို အရှင်လတ်လတ် မီးလောင်တိုက်သွင်းနေပါတယ် ဆိုတာမျိုးဆိုရင် တိဘက်မှာ ဆန္ဒပြတဲ့ မီးရှို့တဲ့ဟာတွေကို လိမ်ပြီးတင်တာတွေ ဖြစ်နေတယ်။ မသိတဲ့သူတွေအတွက် အထင်အမြင် လွဲစရာ ဖြစ်လာတယ်” ဟု ဦးကိုကိုလှိုင်က ပြောကြားသည်။ “ဒါတွေကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း ဖြေရှင်းသွားမှာပါ။ အခြေအနေမှန်ကို နိုင်ငံတကာသိအောင်လည်း လုပ်ဆောင်နေပါပြီ” ဟု ဦးကိုကိုလှိုင်က ပြောကြားသည်။ ရခိုင်ပြည်နယ် အရေးမှာ တည်ငြိမ်စ ပြုလာနေပြီ ဖြစ်ကြောင်း သိရပြီး နိုင်ငံတကာ မီဒီယာများကို ချပြမှုနှင့် ပတ်သက်သော ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အတွင်းမှာပင် နိုင်ငံတကာ မီဒီယာများ ရှိနေပြီး ၎င်းတို့ကလည်း မှန်ကန်စွာ တင်ပြလိမ့်မည်ဟု ယူဆကြောင်း ပြောကြားထားသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:55 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.