Thursday, July 26, 2012
အောက်ခြေက မပြောင်းဘူးတဲ့လား (၁)
မေး ။     ။ ခုတစ်လောအပြောများနေတာက အစိုးရသစ်လက်ထက်မှာ သမ္မတကြီးနဲ့ အပေါ်ပိုင်းက အပြောင်းအလဲ လုပ်နေပေမယ့် အောက်ပိုင်းကပါမလာဘူး ၊ ခေါင်းပြောင်းတယ် ကိုယ်မပြောင်းဘူး စသည်ဖြင့်ပေါ့လေ ပြောနေကြတာတွေရှိတယ် ကျွန်တော့်အမြင်လည်း ဒီအတိုင်းပဲရှိတယ် ဒီအပေါ်ဆရာ့ရဲ့ သဘောထားလေး ပြောပေးပါဦး
ဒေါက်တာဆိတ်ဖွား ။     ။ ပြောရရင်တော့ mindset ပေါ့လေ နှစ်ပေါင်းများစွာ ခေါက်ရိုးကျိုးလာတဲ့ mindset ကို ပြင်ဘို့ဆိုတာ နေ့ချင်းညချင်း ဒီလို ဖြစ်လာနိုင်ဘို့မလွယ်ပါဘူး ၊ အချိန်အတော်ယူရပါ့မယ် ၊ နောက်တစ်ခုက ထိပ်ပိုင်းက ပြောင်းလဲမှုကရော အောက်က လိုက်ပြောင်းနိုင်လောက်အောင် အောက်ကိုဆင်းလာပြီလား ဆိုတာလည်း မေးခွန်းထုတ်စရာပါဘဲ ၊ ဥပမာဆိုကြပါစို့ ၀န်ကြီးတွေ ကိုယ်တိုင်ရုံးထိုင်တဲ့ ဒီရုံးတွေမှာတောင် သိသာတဲ့ ပြောင်းလဲမှုတွေ မတွေ့ရသေးပါဘူး ၊ တန်းတူထား ဆက်ဆံမှုတွေ မရှိသလောက်ပါဘဲ  မိမိတာဝန်ကျေနေပါလျှက်အာက်ကလူက အထက်က လူကိုကြောက်နေရတုန်းပါဘဲ တခါ အထက်ကလူကလည်း အောက်လူက သူ့တာဝန်သူကျေနေပေမဲ့ သူ့သိသာတဲ့လေးစားမှုမျိုးနဲ့ မဆက်ဆံရင် ၊ မရိုကျိုးရင် စိတ်ကွက်ကြ  ၊ မှတ်ထားပြီး အရေးကြုံရင်ဆော်ကြ ၊ နေရမပေးပဲ ချောင်ထိုးထားကြတွေ ရှိနေတုန်းပါဘဲ   တာဝန်သိမှု တာဝန်ယူမှုတွေ ၊ အပြန်အလှန်ထိမ်းကျောင်းမှုတွေ ၊ အောက်ခြေအဆင့်ဆင့်ထိ တိကျတဲ့ အာဏာခွဲဝေမှုတွေ မတွေ့ရသေးပါဘူး တခုခုလုပ်မယ်ဆိုရင် အထက်အဆင့်ဆင့်တင်ပြနေရတုန်း အထက်ကအမိန့်လာမှ အောက်က လုပ်နေရတုန်းပါ ဒီတော့ အောက်ခြေရဲ့ သိသာတဲ့ပြောင်းလဲမှုဆိုတာ ဘယ်တွေ့ရပါ့မလည်းလေ ၊ ဒါလည်းခုန လိုပေါ့ အချိန်ယူရဦးတော့မှာပေါ့ ....။
မေး ။     ။ အဂတိ လိုက်စားမှုကရောဆရာ ၊ ဒါက တစ်ကိုယ်ရေနဲ့ပဲ ဆိုင်တယ်မဟုတ်လားခင်ဗျ 
ဒေါက်တာဆိတ်ဖွား ။     ။ ဒီလိုတော့လည်း ပြောလို့မရဘူး ဒီ အဂတိလိုက်စားတယ် ဆိုတာကလည်း မောင်ရင် ၀န်ထမ်းတစ်ယောက်ဖြစ်ဘူးမှ ထဲထဲဝင်ဝင်သိမယ် ၊ ဥပမာအနေနဲ့ ပြောရရင် အဂတိလိုက်စားမှုမှာ လူပြောသူပြောများတဲ့ ရဲတပ်ဖွဲ့ အကြောင်းလေးပြောပြမယ် ၊ ဆိုပါတော့ ပုဂံညောင်ဦးမြို့မှာရှိတဲ့ ညောင်ဦးခရိုင်ရဲစခန်းကလေးဆိုပါတော့ ၊ ဒီရဲစခန်းကလေးဟာ ညောင်ဦးလေဆိပ်အပါအ၀င် အဓိက ကျတဲ့ဘုရား ပုထိုး နေရာတော်တော်များများ  ၊ လုံခြုံရေး တာဝန်ယူထား၇တယ် ၊ တခုတခုဖြစ်ရင် သူ့တာဝန် ၊ စိန်ဖူးပျောက်ရင် ၊ ရှေးဟောင်းလက်ရာတွေအဖျက်ခံရရင် သူ့တာဝန် ၊ ခရိုင်အတွင်းတရာဥပဒေစိုးမိုးရေး သူ့တာဝန် ၊ တစ်ခရိုင်လုံးမှာဖြစ်တဲ့ ထမီခိုးမှုကအစ လူသတ်မှုထိ ဖြစ်ရင်လည်းသူ့တာဝန် ၊ နိုင်ငံခြားသားဘုရားဖူးတွေ လုံခြုံရေးလဲ သူ့တာဝန် ၊ ဟိုးထိပ်ဆုံးကနေ ခရိုင်မှူးထက်ကြီးတဲ့ သောင်းခြောက်ထောင်သော လူကြီးများ လူကြီးမိသားစုများ ဘုရားဖူးအဆင်ပြေအောင်ပို့ဆောင်ပေးရေး တည်းခိုနေထိုင်စားသောက်ရေးလည်း သူ့တာဝန် ၊ အရေးကြီးပုဂ္ဂိုလ် လုံခြုံရေးလည်းသူ့တာဝန် ၊ ယာဉ်တန်းတွေ လမ်းကြောင်းလုံခြုံရေးလဲ သူ့တာဝန် ဒီလို ပြောရင် မဆုံးတော့ဘူး တာဝန်တွေက အများကြီး ဒီလိုတာဝန်ထမ်းဆောင်နိုင်ဘို့အတွက် နိုင်ငံတော်က ဘာပေးလည်း မောင်ရင်သိလား 
မေး ။      ။ မသိဘူးဆရာ ဆက်ပါဦး 
ဒေါက်တာဆိတ်ဖွား ။     ။ လစာကလွဲလို့ ဘာမှ မပေးဘူး ၊ ဘာဆိုဘာမှမပေးဘူး ၊ ခရိုင်မှူးမှာဂျစ်အစုတ်တစီးရှိတယ် ဆီ ၁ ဂါလံမှမပေးဘူး ၊ပြင်ဆင်စရိတ်မပေးဘူး ၊ အဲဒီ့အပြင်လဲ ဘာကားမှမရှိတော့ဘူး ကဲ မောင်ရင်ဆိုရင် ဘယ်လိုလုပ်မလဲ ၊ ဒီလောက်ကြီးတဲ့ လုံခြုံရေးယန္တယားကြီးလည်ပတ်ဘို့ တပြားမှမပေးဘူး ၊ ခုထိလည်းမပေးသေးဘူး ရဲသားလေးတွေဟာ ယူနီဖေါင်းကိုယ့်ဖာသာချုပ်ဝတ်ရတယ် ၊ ကိုယ့်ဖာသာ ချုပ်ဝတ်တာတောင်မကောင်းရင်အထက်ကဆူတယ် ၊ ပြည်သူကစုတ်ပြတ်နေတာပဲလို့အပြောခံရတယ် ၊ လုံခြုံရေးတာဝန်ကျနေရာကို ဘယ်သူမှမပို့ဘူး ကိုယ့်ဖာသာရောက်အောင်သွားရတယ် ဒီတော့ ဆိုင်ကယ်တားစီးတာတွေ ကားတားပြီးအလကားစီးတာတွေ ဖြစ်လာတယ် ၊ လုံခြုံရေးတာဝန်ကျနေရာမှာသုံးဘို့ ဆက်သွယ်ရေးစက် ထုတ်မပေးဘူး ကိုယ့်ဖာသာကိုဝယ်ကိုင်ရတယ်  ၊ဒီစက်က မရှိရင်မဖြစ်ဘူး ဒီတော့မရှိရှိအောင်လုပ်ရတယ် လစာကလည်းစားဘို့တောင်မလောက်ဘူးဆိုတော့ တရားမ၀င် လုပ်ငန်းတွေကနေ တောင်းရတဲ့အဖြစ် ရောက်သွားတယ် ၊ နောက်  လမ်းကြောင်းလိုက်ဖို့ကားမရှိဘူး ဒီတော့ ချောဆွဲရတယ် ၊ ထည့်စရာဆီမရှိဘူး တရားမ၀င်ဆီဆိုင်တွေကနေ ထည့်ရတယ် ၊  ပြောရင်ဆုံးမှာမဟုတ်ဘူး ။
ရုံးကိစ္စတွေမှာလည်းဒီအတိုင်းပဲ စတေရှင်နရီ ပေးတာက ထုတ်ရမဲ့နေရာကိုသွားမထုတ်ပဲ လမ်းစရိတ်နဲ့ဝယ်လိုက်ရင် အဲဒီထက်ပိုရတယ် ဒီတော့ ဘယ်သူမှ ဒုက္ခခံပြီး မထုတ်ချင်ဘူး ၊ ဟော.... ဒါပေမယ့်မရဘူးဗျာ မထုတ်ရင် စတေရှင်နရီဘာနဲ့သုံးလဲဆိုပြီး စာရင်းစစ်ကကန့်ကွက်တယ် ၊ ပို့လိုက်ရတဲ့ပြန်တမ်းတွေ  ၊ လုပ်လိုက်ရတဲ့အမှုတွဲတွေ ၊ တက်လိုက်ရတဲ့အစည်းအဝေးတွေ ခရီးစရိတ်မပေးဘူး  ၊ အသုံးစရိတ်မရှိဘူး ကိုယ်ပြောချင်တာက ဒီအောက်ကလူတွေ ပြောင်းအောင် ၊ ပြောင်းနိုင်အောင်ရော အထက်က အစီအမံတွေက အောက်ကိုရောက်ပြီလား ဆိုတာမေးခွန်းထုတ်စရာဖြစ်လာတယ် ။သင့်တင့်တဲ့လုပ်ခလစာတွေပေးပြီးပြီလား ၊ မူလအစိုးရယန္တယားကြီးကိုယ်တိုင်က အောက်ခြေက အဂတိလိုက်စားမှုမပါဘဲ လည်ပတ်နိုင်ပြီလားဆိုတာ မေးခွန်းထုတ်စရာတွေ အများကြီးရှိလာတယ် ၊ ဒါကဥပမာတစ်ခုပေးတာနော် ကျန်တဲ့ဌာနဆိုင်ရာတွေမှာလည်း အလားတူကိစ္စတွေ အများကြီးရှိတယ် ။
 မူလအစိုးရယန္တယားကြီးကိုယ်တိုင်က အဂတိမလိုက်စားပဲ မလည်ပတ်နိုင်သ၍ အဂတိလိုက်စားမှုဆိုတာ ဘယ်တော့မှ မပျောက်နိုင်ဘူး ၊ပြီးတော့ နောက်ဆက်တွဲအနေနဲ့ ဒီအစိုးရယန္တယား လည်ပတ်အောင်လုပ်ရာကနေ ကိုယ်ကျိုးရှာမှုတွေ ဆက်ရှိနေဦးမှာပဲလို့ပြောချင်တယ် ။
( ဒုတိယပိုင်း မနက်ဖြန် ဖေါ်ပြပါမည် )
  ဒေါက်တာဆိတ်ဖွား
ဘကြီးသက်
Unknown at 7:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရန်ကုန်မြို့တွင်းရှိ ခရီးသည်တင်ယာဉ် အစီးရေ ၄၃၀ကျော် လျော့နည်း
ရန်ကုန်တိုင်း ဒေသကြီးမှာ ယာဉ်အို ယာဉ်ဟောင်း ဖျက်သိမ်း မှုကြောင့် ပြေးဆွဲခြင်း မရှိတော့တဲ့ ယာဉ် ၃၃၇ စီးနဲ့ မ.ထ.သ ရန်ကုန်တိုင်း ဒေသကြီးမှ ၂၀၀၁
ခုနှစ် ဧပြီလမှ ယခုအချိန် အထိ နှုတ်ထွက် သွားတဲ့ ယာဉ် ၉၃ စီးရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အခု လက်ရှိမှာ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ပြေးဆွဲပေး လျက်ရှိတဲ့ ခရီးသည်တင် ယာဉ်လိုင်း များထဲမှ ယာဉ် ၄၃၀ စီး လျော့နည်း သွားခဲ့တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လမ်းပန်း ဆက်သွယ်မှု လုံခြုံချော မွေ့စေရေး ကြီးကြပ်မှု ကော်မတီရဲ့ ၁၉ ကြိမ်မြောက် အစည်းအဝေးမှ မ.ထ.သ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကဋ္ဌရဲ့ ပြောကြားချက် အရ သိရပါတယ်။
ဒီလို ခရီးသည်တင် ယာဉ်များ လျော့နည်း သွားရခြင်းဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ စတင်ပြီး မှတ်ပုံတင် သက်တမ်း ကြာမြင့်တဲ့ ယာဉ်များ ဖျက်သိမ်းရေးနဲ့ အစားထိုး ယာဉ်တင်သွင်းရေး ကြေညာချက် အရ မ.ထ.သ ရန်ကုန်တိုင်း ဒေသကြီး စီမံမှုအောက် မှာရှိတဲ့ ခရီးသည်တင် ယာဉ်အချို့ဟာ မှတ်ပုံတင် သက်တမ်း ကြာမြင့်တဲ့ ယာဉ်များ ဖျက်သိမ်းရေးမှာ ပါဝင်သွား တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖျက်သိမ်းမှုမှာ ပါဝင် သွားတဲ့ ခရီးသည် တင်ယာဉ် ကတော့ အက္ခရာ စ မှ ပ အထိ စစ်ကျန်ဘတ် ၃၄၄ စီးနဲ့ ယာဉ်ကြီး ၅ စီး အပါအ၀င် အစရှိတဲ့ ယာဉ်ပေါင်း ၅၇၃ စီး ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် မ.ထ.သ ရန်ကုန်တိုင်း ဒေသကြီး စီမံမှု လက်အောက် မှာရှိတဲ့ ခရီးသည် တင်ယာဉ် များဟာ လက်ရှိ အချိန်ထိ အပ်နှံပြီး ခရီးသည်တင်ယာဉ် ၃၀၇ စီးရှိပြီး ပြေးဆွဲယာဉ် ၂၃၆ စီးနဲ့ အပြီးအပ် မဟုတ်ဘဲ ပြေးဆွဲခြင်း မရှိတဲ့ ပျက်ကွက် ကင်းကွာ ယာဉ်အစီး ၃၀ စီးရှိတာ ဖြစ်ပါတယ်။ အဆိုပါ အပြီးအပ်ယာဉ် ၃၀၇ စီး အနက် ယာဉ်ပြန်လည် ၀ယ်ယူတဲ့ အစီးရေဟာ ၆၀ စီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အခြား ခရီးသည်တင် ယာဉ်ပိုင်ရှင်များ ကလည်း Express ၊ စီးတီးဘတ်စ်၊ မီနီဘတ်စ်နဲ့ အိမ်သုံးကားများ ပြန်လည် ၀ယ်ယူထားပြီး ကျန်အစီး ၁၄၀ ခန့်ဟာ ကားဟောင်း အပ်နှံကာ အသစ် ပြန်လည် တင်သွင်းဖို့ အတွက် စီစဉ် ဆောင်ရွက်လျက် ရှိတာ ဖြစ်ပါတယ်။ အဆိုပါ ကိစ္စရပ်များကြောင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ပြေးဆွဲလျက် ရှိတဲ့ ခရီးသည် ယာဉ်များဟာ အစီးရေ ၄၃၀ ခန့် လျော့နည်း သွားခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
 MRTV4
ဘကြီးသက်
Unknown at 7:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
Bar Camp Xတွင် ခေါင်းစဉ် ၃ ခုဖြင့် အဓိကထား ဆွေးနွေး သွားမည်
သြဂုတ်လ ၃ ရက်၊ ၄ ရက်၊ ၅ ရက်နေ့များမှာ မြန်မာ အင်ဖိုတက်မှာ ခေါင်းစဉ် ၃ ခုကို အဓိကထားပြီး ဆွေးနွေး သွားမယ့် Bar Camp X ဆွေးနွေးပွဲကို ပြုလုပ်
သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဓိကထား ဆွေးနွေးမယ့် ခေါင်းစဉ် သုံးခု ကတော့ Data Camp, Health Camp နဲ့ Education Camp ဆိုပြီး ခွဲခြားပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Bar Camp X ဆွေးနွေးပွဲကို အခန်း ၄ ခန်းခွဲကာ ပြုလုပ် သွားမှာဖြစ်ပြီး ၁ ရက်ကို Section ၂၄ ခုခွဲကာ ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ကျင်းပရာ မှာတော့ Section တစ်ခု အတွက် ဆွေးနွေးချိန်ကို ၄၅ မိနစ်ပေး ထားတယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ Education Camp အတွက် ခေါင်းစဉ်တွေ ကတော့ One Laptop One Child, Sketch Software အကြောင်း၊ စာသင်ခန်းသုံး multi-media Server များအကြောင်းနဲ့ radiocontrol လေယာဉ်စတဲ့ ခေါင်းစဉ်များကို ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Health Camp အတွက် ချင်းတွင်း ကောလိပ်မှ ပြုလုပ်မယ့် သွေးခုန်နှုန်း တိုင်းတဲ့ ကိရိယာ၊ လူငယ်နဲ့ အိတ်ခ်ျအိုင်ဗွီ အကြောင်း၊ Health Information System စတဲ့ ခေါင်းစဉ် များကို ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ဆွေးနွေးမှုတွေ အပြင် Open Data Camp အနေနဲ့ Linux System နဲ့ ပတ်သက်တဲ့ အကြောင်းများနဲ့ အခြား အိုင်တီ နည်းပညာနဲ့ ပတ်သက် ပြီးလည်း စာသင်ကျောင်း များကို ဆွေးနွေး သွားမယ်လို့ သိရပါတယ်။ အဆိုပါ Bar Camp X ဆွေးနွေးပွဲသို့ အိုင်တီနည်းပညာ စိတ်ဝင်စားသူ၊ မည်သူမဆို တက်ရောက် ဆွေးနွေး နိုင်မယ့်အပြင် တက်ရောက် သူများမှလည်း အသိပညာများ မျှဝေနိုင်တယ် လို့လည်း သိရပါတယ်။
 MRTV4
ဘကြီးသက်
Unknown at 7:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ရိုဟင်ဂျာပြသနာ၊ လူ့ အခွင့်အရေးနှင့် အမျိုးသားဂုဏ်သိက္ခာ -
ရိုဟင်ဂျာပြသနာနှင့် ဆက်စပ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နိုဘယ်ဆုနဲ့ မထိုက်တန်ကြောင်း လူသိရှင်ကြား စွပ်စွဲချက် ပေါ်ထွက်လာခဲ့သည်။
မနေ့ ကမှဖြစ်သော ဇူလိုင်လ ၂၃ ရက် နေ့ တွင် အယ်လ်ဂျာဇီးရား နိုင်ငံ တကာ ရုပ်သံလွှင့်ဌာနမှ ရိုဟင်ဂျာလူထုများ ဘ၀ပျက်နေကြသည့် ပုံများ၊ စခန်းအတွင်းနေထိုင်ရာ တွင်လည်း အကူအညီများ မရရှိ၍ စားရမဲ့သောက်ရမဲ့ ဖြစ်နေပုံ များ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ လှေဖြင့်ကူးပြေးရန် ကြိုးစားသော်လည်း အဆိုပါ နိုင်ငံရှိအာဏာပိုင်များက လက်မခံ ဘဲ ထမင်းထုပ်တယောက်တထုပ်ပေး၍ ရေထဲသို့  ပြန် မောင်းထုတ်လိုက်သဖြင့် အော်ဟစ်ငိုကြွေးကာ လှေပေါ်ပြန် တက်သွားကြရသည့် ပုံများကို အချိန်အတော်ကြာ ထုတ်လွှင့်ပြသခဲ့သည်။ 
တဆက်တည်းတွင် အယ်လ်ဂျာဇီးရား နိုင်ငံတကာ ရုပ်သံလွှင့်ဌာနက ရိုဟင်ဂျာပြသနာကို လေ့လာလုပ်ဆောင်လျှက်ရှိ သော ကုလသမဂ္ဂမှအပါအ၀င် ပုဂ္ဂိုလ်အချို့ ကို အင်တာဗျူး လုပ်ပြီးတင်ပြသွားခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) မှ Brad Addam က အစိုးရအာဏာပိုင်များသည် ဇွန်လ ၁၂ ရက်နေ့မှစပြီး ဘက် တဘက် မှ ရပ်တည်ကာ ရိုဟင်ဂျာများအပေါ် ရက်စက်မှုကျူးလွန်ခဲ့ကြောင်း တိတိကျကျ ပြော သွားခဲ့သည်။ 
လန်ဒန်မြို့၌ အခြေစိုက်ပြီး ရိုဟင်ဂျာဆိုင်ရာ နိုင်ငံရေးသုံးသပ်သူ ဟု အမည်ခံထားသူ မိုဟာမက် နူး (Mohamed Nour) ဆိုသူက နိုင်ငံကြီးများသည် ဤသို့သော ကျူးလွန်မှုကြီးများကို နုတ်ဆိတ်နေကြောင်း၊ မြန်မာနိုင်ငံ အတွင်းဝင် ၍ စီးပွားရေး နှင့် အခြားလုပ်ငန်းကိုင်ငန်းများ လုပ်ခြင်သောကြောင့်ဖြစ်ကြောင်း၊  ရိုဟင်ဂျာများ အပေါ် ကိုင်တွယ်မှုများ နှင့် စပ်လျှဉ်း၍ အောင်ဆန်းစုကြည် သဘောတူညီပြီးဟူ၍ ဦးသိန်းစိန်က ထုတ်ဖေါ်ပြောဆိုခဲ့ ကြောင်း၊  ရိုဟင်ဂျာ အရေး အပေါ် အောင်ဆန်းစုကြည်သည် မျက်စိမှိတ်ထားလျှက်ရှိကြောင်း၊ အောင်ဆန်း စုကြည်သည်  နိုဘယ်ဆုနှင့် မထိုက်တန်ကြောင်း နိုင်ငံတကာရှေ့တွင် ပေါ်ပေါ်ထင်ထင် စွပ်စွဲပြောဆိုသွားခဲ့သည်။ 
မြန်မာစကားပုံ တခုရှိပါသည်။ အပျက် အပျက်နှင့် နှာခေါင်းသွေးထွက်တော့မည် ဟူ၍ ဖြစ်သည်။ ရိုဟင်ဂျာအရေး နှင့် စပ်လျှဉ်း၍ မှန်မှန်ကန်ကန် ရပ်တည်ကိုင်တွယ်နိုင်ခြင်း မရှိလျှင် ဒေါ်အောင်ဆန်းစုကြည်သာမက တိုင်းရင်းသားပေါင်း စုံ လူမျိုးစုများအားလုံး နှင့် တိုင်းပြည်ပါ ဂုဏ်သိက္ခာ ကျဆင်းပါတော့မည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြု၍ မြန်မာနိုင်ငံကို ကမ္ဘာကပိုပြီး သိလာသည်ဟူ၍ ၀င့်ကြွားနေကြသည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ပင် စတင် လက်ညှိုး ထိုးခြင်းခံရကာ တမျိုးသားလုံးဂုဏ်သိက္ခာ ညှိုးခြုံးရမည့် အခြေအနေသို့ ရောက်သွားမှာ စိုးရိမ်မိပါသည်။ ဤ အချိန် တွင် ပြသနာ၏ အခြေအမြစ်ကို ခေါင်းအေးအေးထား၍ စေ့စေ့စပ်စပ် လေ့လာရန် လိုအပ်လာပါသည်။ အနာသိ လျှင် ဆေးရှိနိုင်ပါသည်။ 
ရိုဟင်ဂျာပြသနာအပေါ် လူ့အခွင့်အရေးရှုဒေါင့်မှနေ၍ နိုင်ငံတကာက စတင်ထောက်ပြဝေဘန်လာမှုများကို အဆိုးမြင် အနေဖြင့်မကြည့်သင့်ကြောင်း ဦးစွာတင်ပြလိုပါသည်။ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်း ကြီး၊ ငယ်၊ လတ် များသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံအတွင်း၌ စစ်အစိုးရအဆက်ဆက် ကျူးလွန်ခဲ့သည့်ဆိုးဝါးပြင်းထန်သော ပြစ်မှုကြီးများနှင့် စပ်လျှဉ်း၍ ကျူးလွန်ခံခဲ့ရသော တိုင်းရင်းသားပေါင်းစုံ လူထုကြီး ဘက်မှ ရပ်တည်ကာ စစ်အစိုးရအား တောက်လျှောက်ပင် ဆန့်ကျင်ကန့် ကွက် ဝေဘန်ခဲ့ ကြ သည်ကို မမေ့သင့်ပါ။ 
နိုင်ငံ့လုံခြုံရေးလား၊ လူထု လုံခြုံရေးလား။
ဇူလိုင်လ ၂၀ ရက်နေ့ ဘီဘီစီ မြန်မာ့အရေး ကမ္ဘာ့အရေးဆွေးနွေးခန်းတွင် ကျောက်ဖြူမှ ရှေ့နေကြီးတဦးလည်းဖြစ်၊ စစ်အစိုးရတည်ထောင်ထားသော လွှတ်တော်တွင် အမတ်တဦးလည်းဖြစ်သူ ဦးဘရှိန်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ကို မပြင်သင့်ကြောင်းကန့်ကွက်ဆွေးနွေးရာ၌ ဥပဒေသက်သက် နှင့် ပြောလို့မရကြောင်း၊ နိုင်ငံ၏ ပကတိ အခြေအနေကို ကြည့်ရမည်ဖြစ်ကြောင်း၊ အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှိနိုင်ငံမှာ လူဦးရေသန်း ၆၀ မှ သန်း ၁၆၀ အထိ ရှိနေပြီဖြစ်ကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေသတ်မှတ်ချက်ထဲမှာ အကြုံးမ၀င်သူများရှိလျှင် ထိုသူများမှာ မိမိတို့ ဆီ ဘာကြောင့်ရောက်လာသလဲဟု မေးရမည်ဖြစ်ကြောင်း၊ နိုင်ငံ့လုံခြုံရေးမှာ အဓိကကျကြောင်း၊ အမေရိကန် ပြည်ထောင်စုကဲ့သို့သော ခေတ်မှီတိုးတက်သည့် နိုင်ငံကြီးမျိုးသည်ပင် လုံခြုံရေးကို အဓိက ထားရကြောင်း ဖြင့် ဆွေးနွေးသွားခဲ့သည်။ ဤအင်တာနက် http://youtu.be/esS0jgYGaLk တွင် ပြန်လည်နားထောင်နိုင်ပါသည်။ 
စာရေးသူသည် ထိုဆွေးနွေးပွဲတွင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ အပေါ် နိုင်ငံတကာ ဥပဒေနှင့် ပြည်တွင်းဥပဒေ အခြေခံများအပေါ်မှသာ ဇောင်းပေးဆွေးနွေးခဲ့သဖြင့် ဦးဘရှိန် တင်ပြခဲ့သည့် နိုင်ငံ့လုံခြုံရေး ရှုဒေါင့်မှ ဆွေးနွေးချက်ကို တုန့်ပြန်ရန် အချိန်မရခဲ့ပါ။ တကမ္ဘာလုံးက စောင့်ဆိုင်းကြည့်ရှုလျှက်ရှိသော နိုင်ငံတကာ သတင်းဌာနကြီးတခုက ယမန်နေ့က ရိုဟင်ဂျာပြသနာကို အတော်ပင်အချိန်ပေးကာ မီးမောင်းထိုးလာသည့်အချိန်၌ လူထုများအတွင်း မှန်ကန် သည့် အယူအဆများ ရှိလာနိုင်စေရေးအတွက် ဦးဘရှိန်၏ နိုင်ငံ့လုံခြုံရေးအယူအဆကို တုန့်ပြန်ဆွေးနွေးရန် လိုအပ် လာပါသည်။ အတွေး မှန်မှ အလုပ်မှန်မည်ဟု ယူဆသောကြောင့်ဖြစ်သည်။ 
နိုင်ငံ့လုံခြုံရေး ဟူသည်မှာ နိုင်ငံတခုကို အခြားနိုင်ငံတခုက သို့မဟုတ် အများက စစ်ပြုတိုက်ခိုက်ခြင်း၊ နိုင်ငံတခု၏ အချုပ်အခြာ အာဏာကို အခြားနိုင်ငံတခုက သို့ မဟုတ် အများကထိပါးစော်ကားခြင်းဟူ၍ ယေဘုယျအားဖြင့်နားလည် ပါသည်။ ယခုအချိန်အထိ ရိုဟင်ဂျာပြသနာသည် နိုင်ငံ့လုံခြုံရေးကို ထိခိုက်သည့်အဆင့် မရောက်သေးပါ။ နိုင်ငံ့လုံခြုံ ရေး ကို ထိပါးမှာစိုးရိမ်၍ ဟူသည်ကို အကြောင်းပြကာ ကြိုတင်ကာကွယ်သည့်အနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေများ၊ ပြည်တွင်းဥပဒေများကို ချိုးဖေါက်ကျူးလွန်မှု မှန်သမျှကိုလည်း လက်မခံနိုင်ပါ။ 
အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံတကာရေးရာများကို ဆက်ဆန်လုပ်ဆောင်ရာတွင် ပြသနာများစွာ ကြုံတွေ့ ရပြီး ပြင်းထန်သောဝေဘန်ကန့်ကွက်မှုများ မကြာမကြာခံရသည်ကို တွေ့ရသည်။ သို့ရာတွင် အမေရိကန်ပြည်ထောင် စုသည် နိုင်ငံ့လုံခြုံရေးကို အဓိကထားသည်မှန်သော်လည်း နိုင်ငံ့လုံခြုံရေးကို အကြောင်းပြ၍ အစိုးရအနေဖြင့် မူဝါဒ ချ မှတ်ပြီး ပြည်တွင်း၌ မိမိနိုင်ငံအတွင်း ၀င်ရောက်လာသော လူမျိုးခြားကိုဖြစ်စေ၊ မွတ်ဆလင်နှင့် အခြားသာသာဝင်များ ကို ဖြစ်စေ ဆန့်ကျင်ကာ နိုင်ငံတကာလူ့ အခွင့် အရေးဥပဒေ များနှင့် ပြည်တွင်း ဥပဒေများကို ချိုးဖေါက်ကျူးလွန်သည် ဟူ၍ မကြားဘူးပါ။ ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံကို ဖေါက်ခွဲပြီးအကြမ်းဘက်မှုကြီး ကို ကျူးလွန်ခဲ့သော မွတ် စလင် အစွန်းရောက် အယ်လ်ကိုင်းဒါးနှင့် အိုစမာဘင်လေဒင်အား နိုင်ငံတကာထွက်၍ ပြင်းထန် စွာ အရေးယူခဲ့သော် လည်း အမေရိကန်ပြည်ထောင်စုအစိုးရအနေဖြင့် ပြည်တွင်း၌ဖြစ်စေ၊ နိုင်ငံတကာ၌ ဖြစ်စေ၊ မွတ် ဆလင် ဘာသာ ဆန့်ကျင်ရေး လုပ်သည်ကို မတွေ့ရပါ။ ဦးဘရှိန်သည် နိုင်ငံ့လုံခြုံရေးအယူအဆကို သက်သေထူနိုင်အောင် အမေရိ ကန်ပြည်ထောင်စုအား ကိုးကားခြင်းမှာ အခြေအမြစ်မရှိပါ။
ရိုဟင်ဂျာလူထုများနှင့် ဆက်စပ်၍ ဖြစ်ပွားခဲ့သော ပြသနာအပေါ် (State Security) နိုင်ငံ့လုံခြုံရေး အမြင်ကို ကိုင်ကာ အကြမ်းဖက်သည့် နည်းလမ်း မကျင့်သုံးသင့်ပါ။ (Human Security) လူထုလုံခြုံရေး အမြင်ဖြင့်သာ ဖြေရှင်းဘို့ လိုပါ မည်။ ယင်းအမြင်ဖြင့် ဥပဒေ စိုးမိုးရေးကို ရှေ့ရှုပြီး ငြိမ်းချမ်းသည့် နည်းလမ်းကို အဓိက ထားဆောင်ရွက်မှသာ အမှန် ဆုံးဖြစ်ပါမည်။  ယင်းသို့မဟုတ်ဘဲ နိုင်ငံ့လုံခြုံရေးအမြင် ကို ကိုင်စွဲကာ အကြမ်းဖက်သည့် နည်းလမ်းဖြင့် ဖြေရှင်းခဲ့ သဖြင့် ယခုမူ ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူတရပ်လုံးတွင် လူထု လုံခြုံရေး ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။ လူမျိုးရေး ပဋိပက္ခ အသွင် ဆောင်သွားပြီး တဘက်ကို တဘက် မုန်းတည်းမှု များ၊ မယုံကြည်မှုများ၊ ထိတ်လန့်မှုများ ခံစား နေ ကြရပြီ ဖြစ်သည်။ ဖြေရှင်းနည်း မမှန်ခဲ့သဖြင့် မကောင်းသည့်အကျိုးဆက်များပေါ်ခဲ့ပြီဖြစ်သည်။ ဤနည်းကို ဆက် လက်ကျင့်သုံးလျှင် ဘာသာရေးပဋိပက္ခ အဖြစ်သို့ ရောက်သွားနိုင်သည်။ ရိုဟင်ဂျာ သည် လူမျိုးတမျိုးဖြစ်ပါလျှက် အသိ အမှတ်မပြုဘဲထားသည်၊ အသိအမှတ်ပြုပေးရမည်ဟူ၍ ယခုအချိန်တွင် နိုင်ငံတကာကတောင်းဆိုနေခြင်း၊ ဖိအား ပေး နေခြင်း မဟုတ်ပါ။ ရိုဟင်ဂျာများ လူ့အခွင့်အရေးချိုးဖေါက်ခံနေရသည်၊ အစိုးရကိုယ်တိုင် ပါဝင်ကျူးလွန်နေသည် ဟု သာ ထောက်ပြနေခြင်းဖြစ်သည်။
သို့ရာတွင် အကြမ်းဘက်သည့် နည်းလမ်းကို ဆက်လက်ကျင့်သုံးခြင်းကြောင့် တဘက်နှင့်တဘက် အပြန်အလှန်သတ် ဖြတ်မှုများ ဆက်လက်ဖြစ်ပွားပြီး အခြားတဘက်တွင် စစ်အစိုးရ၏ဖန်တည်း ကျူးလွန်မှုများ ပိုမိုတိုးချဲ့ လုပ်ဆောင် လာ ပါကအခြေ အနေနှစ်မျိုးဖြစ်သွားနိုင်သည်။
တမျိုးမှာ ငါတို့မွတ်ဆလင်တွေ ဖိနှိပ်သတ်ဖြတ်ခံနေရသည်ဟု လှုံ့ဆော်မှုများ ပေါ်လာ ပြီး တကမ္ဘာလုံးရှိ မွတ်ဆလင် များက ရိုဟင်ဂျာနောက်တွင် ရပ်တည်သွားနိုင်သည်။ ရိုဟင်ဂျာအရေးမှ မွတ်ဆလင်အရေး သို့ကူးပြောင်းသွား နိုင် သည်။ မွတ်ဆလင်နိုင်ငံများက ရိုဟင်ဂျာများဘက်မှ ရပ်တည်အားပေးမှုများ ပေါ်ပေါ်ထင်ထင် လုပ်လာနိုင် သည်။ ဤ အခြေအနေသို့ရောက်သည့်အခါတွင်မှ တကယ်တန်း နိုင်ငံ့လုံခြုံရေး ထိခိုက်လာမည်။ လူထုလုံခြုံရေးမှာမူ တွေးရဲစရာ ပင် မရှိတော့။ 
အခြေအနေနောက်တမျိုးမှာ ရိုဟင်ဂျာများသည် လူမျိုးအဆင့်အတန်း မရထိုက်ပါဘဲလျှက် လူမျိုးအဖြစ် အတင်းတွန်း တင်သဖြင့် အစိုးရကိုယ်တိုင်က ပါဝင်ကျူးလွန်ခြင်းကြောင့် ဤသို့ သော သတ်ပွဲကြီးများ ဖြစ်ပွားရ သည်ဟု ဆိုလျှင် နိုင်ငံတကာ ဥပဒေအရ Genocide ခေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်ရာရောက်သည်။ နိုင်ငံတကာ့အလယ်တွင် ဤသို့ စွပ်စွဲခံလိုက်ရလျှင်ပင် အမျိုးသားဂုဏ်သိက္ခာကျဆင်းလှပါသည်။ တကယ်ဆက်ကျူးလွန်လျှင်လည်း နိုင်ငံ တကာက တကယ်တန်း အရေးယူမှာသေချာသည်။ လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်သည့်အဆင့် အထိ ရက်စက် ကြမ်းကြုတ်သော လူမျိုးများရှိသည့် နိုင်ငံဟု သဘောထားကာ နိုင်ငံခြားခရီသည်များကအစ ရှောင်သွားနိုင်သည်။ လူထု စီးပွားရေးဘ၀ တိုးတက်ရန် မမြှော်မှန်းနိုင်တော့။ ဤသည်မှာ အမျိုးသား အကျိုးစီးပွားအခြေခံမှ တင်ပြခြင်း လည်း ဖြစ်သည်။  အမျိုးသားရေးဟူသည်ကို ဤသို့စဉ်းစားသင့်ပါသည်။
ရိုဟင်ဂျာ၊ ရခိုင် အဓိကရုဏ်းအပေါ် ဘယ်လို ချည်းကပ်အဖြေရှာမလဲ။
စာရေးသူသည် ယခုဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာ၊ ရခိုင် အဓိကရုဏ်းအပေါ် သုံးသပ်ရာတွင် သမိုင်းကြောင်းအရ ရိုဟင်ဂျာ သည် လူမျိုးတမျိုးဟုတ်၊ မဟုတ် အခြေခံမှ မချည်းကပ်ပါ။ မြန်မာနိုင်ငံ တနိုင်ငံလုံး၌ စစ်အာဏာရှင်စနစ် ကျဆုံးကာ ဒီမိုကရေစီ စစ်မှန်စွာရရှိပြီး ရခိုင်ပြည်နယ်အတွင်း၌ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ စုဝေးခွင့်များ ရမှ သာ ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်း ဖေါ်ထုတ် လေ့လာ အမြင်ခြင်းဖလှယ်ဆွေးနွေးနိုင်ကြပြီး လူမျိုးတမျိုးဆိုသည် ကို မည်သို့ သော အခြေခံများဖြင့် သတ်မှတ်သင့် သည်ဟူသော အဓိပ္ပါယ်ကိုပါ လူထုအခြေခံဖြင့် ဖွင့်ဆိုနိုင်ကြပါမည်။ ထို့နောက်တွင် တိုင်းပြည်၏ အရေးကြီးလှသော ကိစ္စရပ်များ၌ ပြည်လုံးကျွတ်ဆန္ဒခံယူ၍ ဆုံးဖြတ်ကြရမြဲ ဖြစ်သလို ရိုဟင်ဂျာအား လူမျိုးတမျိုးအဖြစ် သတ်မှတ်သင့် မသင့် ဟူသည်ကို ဆန္ဒခံယူပွဲဖြင့် ဆုံးဖြတ်၇န် လိုကောင်း လိုပါမည်။ မျက်မှောက်အချိန်တွင်မူ အတည်ပြုရန်အခက်အခဲရှိသော သမိုင်းအချက်အလက်ဆိုသည်များကို တင်ပြလာလျှင် ပုဂံ ရာဇ၀င်ကို တုတ်ထမ်း၍ ငြင်းရသည် ဆိုသကဲ့သို့  သူမှန်သည် ကိုယ်မှန်သည် အငြင်းပွားမှုများဖြင့် သာ အဆုံးသတ် သွားနိုင်မည် ဖြစ်သဖြင့် အကျိုးမရှိနိုင်ပါ။
သို့ ဖြစ်၍ ဥပဒေစိုးမိုးရေးနှင့် နိုင်ငံရေး (တနည်းအားဖြင့် စစ်အာဏာရှင်စနစ်က ကျင့်သုံးလေ့ရှိသည့် နိုင်ငံရေးလုပ်ဟန်) အခြေခံမှ ချည်းကပ်ပါမည်။ လူမျိုး (Ethnic Nationality) နှင့် နိုင်ငံသား (Citizen) တို့၏ ဆက်စပ်မှု နှင့် ကွားခြားမှု အား လွတ်လပ်ရေးရပြီးစ သမိုင်း ကြောင်း နောက်ခံမှ စတင် တင်ပြ ပါမည်။ 
လွတ်လပ်ရေးရပြီးစ အချိန်တွင် စတင်ကျင့်သုံးသော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၁) ၌ သဘာဝ အလျှောက် နိုင်ငံသားဖြစ်ခြင်း နှင့် နိုင်ငံသားပြုခံရ၍ နိုင်ငံသားဖြစ်ခြင်း နှစ်ရပ်လုံးကို ပြဌာန်းထားသည်။
သဘာဝ အလျှောက် နိုင်ငံ သားဖြစ်ခြင်း                    
ပုဒ်မ (၁၁) (က)  မြန်မာနိုင်ငံ တိုင်းရင်းသား တမျိုးမျိုး၏ မိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်း၊       
နိုင်ငံသားပြုခံရ၍ နိုင်ငံသားဖြစ်ခြင်း                                                                                                     
ပုဒ်မ (၁၁) (ဃ) ------ ၁၉၄၂ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ အထက် အခြားမဲ့သော ဆယ်နှစ်အတွင်း ရှစ်နှစ်အောက် မယုတ်သောကာလ အဖို့ ပြည်ထောင်စုနိုင်ငံတွင် ပါဝင်လတ္တံ့သော အာဏာပိုင်နက် အတွင်း၌ နေထိုင်ခဲ့ ဘူးပြီးဖြစ်လျှင် ပြည်ထောင်စု နိုင်ငံအတွင်းတွင် ထာဝစဉ်နေထိုင်ရန် ကြံရွယ်ခဲ့သည်ဖြစ်၍၊ ထို့အပြင် တရားဥပဒေဖြင့်သတ်မှတ်သော အချိန်အတွင်းတွင် ထိုသို့သတ်မှတ်သော နည်းလမ်းနှင့် အညီ ပြည်ထောင်စု နိုင်ငံသား အဖြစ်ရွေးချယ်ခြင်းကို ထုတ် ဖေါ်သူတိုင်းသည် လည်းကောင်း၊ 
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်ပါ ပြဌာန်းချက်ကို အခြေခံကာ သဘာဝ အလျှောက် နိုင်ငံ သားဖြစ် ခြင်း နှင့် စပ်လျှဉ်း၍  ၁၉၄၈ ခုနှစ် ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အက်ဥပဒေတွင် အောက်ပါအတိုင်းပြဌာန်းထားသည်။
                      ပုဒ်မ (၃)။    ။(၁) အခြေခံဥပဒေပုဒ်မ ၁၁ အလို့ငှာ "မြန်မာနိုင်ငံ တိုင်းရင်းသား တမျိုးမျိုး” ဆိုသည်  မှာ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ သို့တည်းမဟုတ် ရှမ်းလူမျိုးကိုလည်းကောင်း၊ ၁၈၂၃ ခုနှစ် (မြန်မာ သက္ကရာဇ် ၁၁၈၅ ခုနှစ်) မတိုင်မီ ကာလမှစ၍ ပြည်ထောင်စုတွင်ပါဝင်သော နယ်မြေတခုခု၌ မိမိတို့၏ပင်ရင်းတိုင်းပြည် အဖြစ်ဖြင့် အခြေစိုက်နေထိုင်ခဲ့သော မျိုးနွယ်စုများကို လည်းကောင်း ဆိုလိုသည်။                             
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်ပါ ပြဌာန်းချက်ကို အခြေခံကာ နိုင်ငံသားပြုခံရ၍ နိုင်ငံသားဖြစ်ခြင်း နှင့် စပ်လျှဉ်း၍ ၁၉၄၈ ခုနှစ်  ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေး အက်ဥပဒေ တွင်အောက်ပါအတိုင်း ပြဌာန်းထား သည်။ 
                      ပုဒ်မ (၃)(ခ)။     ။ ၁၉၄၂ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ အထက် အခြားမဲ့သော ကာလအတွင်း ဆယ်နှစ်အတွင်း ရှစ်နှစ်အောက် မယုတ်သော ကာလအဖို့ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အာဏာပိုင်နက်အတွင်း၌ နေထိုင်ခဲ့ဘူးသူ ဖြစ်ခြင်း။
ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်သည့် စစ်အာဏာသိမ်းပြီးနောက် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၁၄၆ အရ နိုင်ငံသားဖြစ်ခြင်း၊ နိုင်ငံသားပြုခြင်း၊ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းတို့ နှင့် စပ်လျှဉ်း၍ ဥပဒေအတိုင်း ဖြစ်စေရ မည်ဟု  ပြဌာန်းခဲ့သည်။ နိုင်ငံသားဖြစ်ခွင့်ကို ဖွဲ့စည်းပုံတွင် ပြဌာန်းကာကွယ်စောင့်ရှောက်သည့် အဆင့်မှ လျှောကျ သွားပြီး အာဏာပိုင်တို့အလိုကျ ဥပဒေပြဌာန်းကျင့်သုံးသည့် အဆင့်သို့ ရောက်သွားခဲ့သည်။ ထို့နောက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ကို ထုတ်ပြန်ကာ လွတ်လပ်ရေးရပြီးခေတ်မှစ၍ တောက်လျှောက်ကျင့်သုံးလာခဲ့သော ၁၉၄၈ ခုနှစ် ပြည်ထောင်စု နိုင်ငံသားဖြစ်မှု အက်ဥပဒေကိုလည်းကောင်း၊ ၁၉၄၈ ခုနှစ်  ပြည်ထောင်စု မြန်မာနိုင်ငံသားအဖြစ် ရွေးချယ်ရေး အက်ဥပဒေ ကိုလည်းကောင်း ရုပ်သိမ်းလိုက်သည်။ 
ဥပဒေ နှစ်ခုကို ဖျက်ပြီး တခုတည်း ပေါင်းလိုက်ခြင်းအားဖြင့် အကျိုးဆက်အဖြစ်တွေ့ ရသည်မှာ သဘာဝ အလျှောက် နိုင်ငံ သားဖြစ်ခြင်း နှင့် စပ်လျှဉ်း၍ အနှစ်သာရအရ ပြောင်းလဲ မသွားသော်လည်း ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ တွင် အောက်ပါ အားနည်းချက်ကြီးများကို တွေ့ရသည်။ 
(၁) မူလ ဥပဒေဟောင်းနှစ်ခုတွင် ပြဌာန်းထားသော တရားစီရင်ရေး၏ အရေးပါသော အခန်းကဏ္ဍကို ဖြုတ်လိုက်ပြီး နိုင်ငံသား ကိစ္စများနှင့် စပ်လျှဉ်း၍ အစိုးရ၀န်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ဗဟိုအဖွဲ့တွင်သာ အဆုံးသတ်စေ သည်။ 
(၂) မူလ ဥပဒေဟောင်းတွင် နိုင်ငံခြားသားတဦးဦးအား နိုင်ငံသားပြုမှု လက်မှတ်ကို လျှောက်ခွင့်ပေးထားပြီး သတ်မှတ် ချက် တရပ်အနေဖြင့် တိုင်းရင်းသားဘာသာစကား တမျိုးမျိုးကို ပြောဆိုတတ်၇မည်ဟု ပါရှိခဲ့သည်။ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေ တွင်မူ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မတိုင်မီ နိုင်ငံအတွင်း ရောက်ရှိနေထိုင်သူနှင့် ၄င်းတို့မှ မွေး ဖွားသည့်သားသမီးများကိုသာ လျှောက်ခွင့်ပေးသည်။
(၃) ဥပဒေသဘောအရ ရှုတ်ထွေးခြင်း၊ မပြည့်စုံခြင်း။ 
ဖျက်သိမ်းခဲ့သည့် ဥပဒေဟောင်းနှစ်ခုမှာကဲ့သို့ မဟုတ်တော့ဘဲ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေသည် ရှုတ်ထွေးပြီး သာမန်လူထုများ မျက်စိလည်အောင်  ပြဌာန်းထားသည်။ ဤအချက်မှာ ဥပဒေကို လက်တွေ့ဖေါ်ဆောင်သော အခါ လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအာဏာပိုင် များ၏ လက်တွင်းသို့ ကျရောက်သွားစေသည်။၎င်းတို့နှင့် အလွမ်းသင့်လျှင် နိုင်ငံသားလက်မှတ်ကို အလွယ်တကူထုတ်ပေး လိုက်သည်။ အလွမ်းမသင့်လျှင် ဟိုစာရွက်တောင်း၊ သည် ထောက်ခံစာထပ်တောင်း  နှင့် နှစ်ပေါင်းကြာအောင် အချိန်ဆွဲ ထားလိုက်သည်။ ဤဖြစ်စဉ်အတွင်း လာဘ်ပေး လာဘ် ယူ သည် ကြီးကြီးမားမား တည်ရှိလာပြီး နိုင်ငံအတွင်း တရားဝင် မရောက်ရှိသင့်သူပေါင်း မြောက်များစွာသည် လာဘ်ငွေများအပေါ်တံတားခင်းကာ ရောက်ရှိလာခဲ့သည်။ လာဘ်ပေးလာဘ်ယူ နှင့် စပ်လျှဉ်း၍ လွတ်လပ်သော အာရှ အသံတွင် ဆွေးနွေးထားသည့် အစီအစဉ်ကို ဤ အင်တာနက် http://youtu.be/fhgWJPFfc70 တွင် ပြန်လည်နားဆင် နိုင်ပါသည်။
လွတ်လပ်ရေးရစကရှိထားပြီးဖြစ်သော ရှင်းလင်းသည့် ဥပဒေနှစ်ခုကို ဖျက်သိမ်းကာ ရှုတ်ထွေးပြီး မပြည့်စုံသော ဥပဒေ ကို ပြဌာန်းခဲ့ခြင်း၊ ယင်းနှင့် ဆက်စပ်ကာ လူဝင်မှုကြီးကြပ်ရေးနယ်ပယ်တွင် တဖြေးဖြေးနှင့် လာဘ်ပေးလာဘ် ယူမှု ကြောက်ခမန်းလိလိကြီးထွားလာခြင်း၊ တတိုင်းပြည်လုံး၌ လာဘ်ငွေများအပေါ်တံတားခင်းကာ တရားဝင် မရောက်ရှိ သင့်သူပေါင်း မြောက်များစွာ ရောက်လာခြင်း စသည်တို့ နှင့် စပ်လျှဉ်း၍ စစ်အာဏာရှင်စနစ် နှင့် အာဏာရယူအုပ်ချုပ် ခဲ့သော စစ်ခေါင်းဆောင်များတွင်တာဝန် ရှိပါသည်။ လာဘ်ပေးလာဘ်ယူပြသနာသည် န၀တ၊နအဖ ခေတ်တွင်ထိပ်ဆုံး သို့ ရောက်ခဲ့ရာ ယခုလက်ရှိ အာဏာရယူထားသူ စစ်ခေါင်းဆောင်ဟောင်းများအနက် တာဝန်ရှိမှုအရပြောလျှင် န၀တ အတွင်း ရေးမှုး (၂) အဖြစ်လည်းကောင်း၊ ၀န်ကြီးချုပ်အဖြစ်လည်းကောင်း နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သည့် လက်ရှိ သမတ ဦးသိန်းစိန်တွင် တာဝန်ရှိပါသည်။ 
ရိုဟင်ဂျာပြသနာသည်လည်းကောင်း၊ တရုတ်လူမျိုးများ မြန်မာနိုင်ငံအတွင်းသို့ သန်းတချို့ချီပြီးရောက်ရှိနေ ကြသည့် ပြသနာသည် လည်းကောင်း၊ ဤ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ၊ တရားစီရင်ရေး၏ ကြပ်မတ်မှုမရှိတော့ဘဲ အုပ်ချုပ်ရေး အာဏာ ပိုင်များက ထင်သလိုချယ်လှယ်လုပ်ကိုင်နေမှု၊ လာဘ်ပေးလာဘ်ယူစနစ်၊ စစ်အာဏာပိုင်များ၏ နိုင်ငံရေးအရ အသုံးချ ကစားခံ၇မှု စသဖြင့် အကြောင်းပေါင်းများစွာ ပေါင်းဆုံကာ တည်ရှိလာခဲ့သော ပြသနာဖြစ်သည်။ အရင်းခံမှာ စစ်အာ ဏာရှင်စနစ်ဖြစ်သည်။ စစ်အာဏာရှင်စနစ်ကို ကျင့်သုံးသည့် အခြေခံတွင် အာဏာကို အုပ်ချုပ်ရေးကိုင်တွယ် သူ စစ် အာဏာပိုင်များကသာ ၇လိုခြင်း၊ ရှင်းလင်းသော လည်ပတ်မှုဖြစ်စဉ် မရှိခြင်း၊ တာဝန်ခံမှု မရှိခြင်း၊ ကြီးကြပ်မှု မရှိခြင်း၊ ပြည်သူလူထုတွင် မေးမြန်းပိုင်ခွင့်နှင့် သတင်းအချက်ရယူပိုင်ခွင့်ကို ဥပဒေနှင့် အညီကျင့်သုံးခွင့် မရခြင်း၊ ဥပဒေပြသနာ သာမက ဥပဒေစိုးမိုးရေးပြသနာပါတည်ရှိခြင်း အစရှိသည် တို့ ကြောင့်ဖြစ်သည်။ 
သို့ဖြစ်၍ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအောက်တွင် နိုင်ငံသားလက်မှတ်ရယူခြင်းမှာ စစ်ခေါင်းဆောင်များ၊ အုပ်ချုပ်ရေး အာဏာပိုင်များနှင့် နီးစပ်သူများ၊ ငွေကြေးတတ်နိုင်သူများ၊ စီးပွားရေးသမားများအတွက် လွန်စွာလွယ်ကူလှသော်လည်း သဘာဝ အလျှောက် နိုင်ငံသား မဟုတ်သူသာမန်လူထုများ၊ ငွေကြေးချို့တဲ့သူများ အတွက်အတော်ပင် အခက်အခဲ ကြီးမားခဲ့သည်။ ယင်းနှင့် ဆက်စပ်ကာ သဘာဝအလျှောက်နိုင်ငံသား စာရင်းဝင်သွားနိုင်သည့် လူမျိုးဖြစ်တည်မှုလှုပ်ရှား မှုမှာ အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ တဖြေးဖြေးနှင့် အရှိန်ယူလာခဲ့ကြောင်းတွေ့ရသည်။ တချိန်တည်းမှာပင် စစ်အာဏာရှင်စနစ်ကလည်း လူမျိုးဖြစ်မှသာ နိုင်ငံသားဖြစ်ရမည့် ဥပဒေကို ပြဌာန်းလာသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၄၅ ကို ကြည့်ပါ။
ပုဒ်မ ၃၄၅။        ။ အောက်ဖေါ်ပြပါ အရည်အချင်းတရပ်ရပ်နှင့် ပြည့်စုံသူများသည် နိုင်ငံသားများ ဖြစ် ကြသည်။     
(က) မြန်မာနိုင်ငံ တိုင်းရင်းသားမိဘ နှစ်ပါးမှ မွေးဖွားသူ                                                                             
(ခ) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြု ပြဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ။                      
၂၀၀၈ ဖွဲ့စည်းပုံပါ အထက်ပါ ပြဌာန်းချက်အရ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသော နိုင်ငံသားပြုခံရ၍ နိုင်ငံသားဖြစ်ခြင်း ဟူသည့် အနှစ်သာရသည် ပျက်သုဉ်းသွားခဲ့ပြီဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံကိုပါ တကယ်တန်း အတည်ပြုကျင့်သုံးသွားမည်ဆိုလျှင် တိုင်းရင်းသား မိဘနှစ်ပါးမှ မွေးဖွားသူ မဟုတ်သူများသည် မည် သည့်အခါတွင်မျှ နိုင်ငံသား မဖြစ်နိုင်တော့။ နိုင်ငံသားပြုခံရ၍ နိုင်ငံသားဖြစ်ခြင်း အခြေခံသည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ချမှတ်ခဲ့ပြီး ကောင်းမွန်သောမူဖြစ်သည်။ တိုးတက်ဖွံ့ဖြိုးသော ဒီမိုကရေစီနိုင်ငံကြီးများတွင်လည်း ဤ မူကို လက်ခံကျင့်သုံးလျှက်ရှိကြသည်။ ယခုဤမူကို ဖျက်လိုက်ပြီ။ သို့ဖြစ်၍ နိုင်ငံသားဖြစ်နိုင်ရန် လမ်းကြောင်း တကြောင်းသာ ရှိတော့သည်။ မိမိတို့သည် တိုင်းရင်းသားလူမျိုးဖြစ်ပါသည်ဟူသည်ကို လိုအပ်သည်ထက် ပိုမို၍ တင် သွင်းသော လှုပ်ရှားမှုများပေါ်လာမည်။ ထိုသူတို့အား မူလကပင် အကြောင်းအမျိုးမျိုးဖြင့် အာဃာတ ရှိထားသော လူမျိုးကလည်း တန်ပြန်ဆန့်ကျင်သော လှုပ်ရှားမှုများ ပေါ်လာမည်။ သို့ဖြစ်၍လူမျိုးရေးပဋိပက္ခများတောက်လျှောက် ဆက်ရှိနေမည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် လူမျိုးရေးပဋိပက္ခများ ပိုမိုကြီးထွားလာရန်သာ ရှိသည်။ 
အပိုင်း ၂ ကို ဆက်ဖတ်ပါ...
https://www.facebook.com/notes/aung-htoo/%E1%80%9B%E1%80%AD%E1%80%AF%E1%80%9F%E1%80%84%E1%80%B9%E1%80%82%E1%80%BA%E1%80%AC%E1%80%BB%E1%80%95%E1%80%9E%E1%80%94%E1%80%AC-%E1%80%9C%E1%80%B0-%E1%80%B7%E1%80%A1%E1%80%81%E1%80%BC%E1%80%84%E1%80%B7%E1%80%B9%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%94%E1%80%BD%E1%80%84%E1%80%B7%E1%80%B9-%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%82%E1%80%AF%E1%80%8F%E1%80%B9%E1%80%9E%E1%80%AD%E1%80%80%E1%81%A1%E1%80%AC-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%81-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%91%E1%80%B0%E1%80%B8-%E1%80%B1%E1%80%9B%E1%80%BD%E1%82%95%E1%80%B1%E1%80%94/489177774445613
ရိုဟင်ဂျာပြသနာ၊ လူ့ အခွင့်အရေးနှင့် အမျိုးသား ဂုဏ်သိက္ခာ - အပိုင်း ၂။ အောင်ထူး (ရှေ့နေ)
by Aung Htoo on Tuesday, July 24, 2012 at 7:00pm ·
နိုင်ငံတကာဥပဒေကို လိုက်နာဖေါ်ဆောင်ခြင်းဖြင့် ဥပဒေစိုးမိုးရေးကို တည်ဆောက်ခြင်း။
                      အရေးကြီးသော နောက်ထပ်ဥပဒေပြသနာတခုမှာ မိမိနိုင်ငံအနေဖြင့် အတည်ပြုလက်မှတ်ရေးထိုး ထားသော နိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာရမည့်တာဝန်ဖြစ်သည်။ ဤသည်မှာ "လူ့အခွင့်အရေးကတော့ လိုက်နာနိုင်ရင်ကောင်းပါတယ်” ဟူ၍ ပြောရုံမျှဖြင့် မလုံလောက်တော့။ "လူ့အခွင့်အရေးကို 
တဘက်က စဉ်းစားပေါ့။ ကိုယ့်နိုင်ငံရဲ့ထူးခြားတဲ့အခြေအနေလည်း ကြည့်ရမယ်” ဟူ၍ ဆင်ခြေပေးပြီး မိမိတိုင်းပြည်က လက်မှတ်ရေးထိုင်း အတည်ပြုထားသော 
နိုင်ငံတကာ သဘောတူစာချုပ်ကို မလိုက်နာ၍မရ။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ သဘော တူစာချုပ်နှစ်ခုကိုသာ လက်မှတ်ရေးထိုး အတည်ပြုထားသည်။ 
တခုမှာ ကုလသမဂ္ဂ ကလေးအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် ဖြစ်သည်။ နောက်တခုမှာ အမျိုးသမီးများအား ခွဲခြားဆက်ဆန်မှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ဖြစ်သည်။ ဤနှစ်ခုမျှသာ ရှိသော နိုင်ငံတကာသဘောတူစာချုပ်တို့ ကို လိုက်နာဘို့ မဆောင်ရွက်လျှင် မြန်မာနိုင်ငံသည် နိုင်ငံတကာအလယ်တွင် မည်ကဲ့သို့ မျက်နှာမော်မည်နည်း။ စစ်အစိုးရဖန်တည်း ထားသည့် လွှတ်တော်သည် ဤစာချုပ်များအား မည်ကဲ့သို့ လိုက်နာဖေါ်ဆောင်ဘို့ လိုအပ်ကြောင်း ဥပဒေကြောင်းအရ ဆွေးနွေးမှုများ ယခုအထိ မကြားရသေးပါ။ ဥပဒေစိုးမိုးရေးကို တတွတ်တွတ် ရွတ်နေသူများသည် အဘယ်ကြောင့် မသိခြင်ယောင်ဆောင်နေပါသနည်း။ စစ်မှန်သည့် ဥပဒေစိုးမိုးရေး အခြေခံမရှိလျှင် တိုင်းပြည် မည်သည့်အခါတွင်မျှ တကယ်တန်း တည်ငြိမ်နိုင်မည် မဟုတ်သည်ကို အသိအမှတ်မပြုကြ၍လား။
                      ကလေးအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ကို လိုက်နာကြောင်း ပြသည့် အနေဖြင့် စစ်အစိုးရက ၁၉၉၃ ခုနှစ် ကလေးသူငယ် ဥပဒေကို ပြဌာန်းပြီး ပုဒ်မ ၃ (က) တွင်အောက်ပါအတိုင်းတွေ့ရသည်။ 
                   ပုဒ်မ ၃ (က) ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ်၏ အခွင့်အရေးများကို အကောင်အထည်ဖေါ် ဆောင်ရွက်ရန် --------------- ဟူ၍ဖြစ်သည်။ ကလေးသူငယ်များ၏ အခွင့်အရေးများ အနက်တရပ်မှာ နိုင်ငံသားဖြစ်ခွင့် ဖြစ်သည်။ အများပြည်သူ နှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံ တကာ သဘောတူစာချုပ် ပုဒ်မ ၂၄(၃) တွင် ကလေးသူငယ်တိုင်းသည် နိုင်ငံသားအဖြစ် ရယူခွင့် ရှိရမည် ဖြစ်ကြောင်း ပြဌာန်းထားသည်။  ကလေးအခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် အပုဒ် (ရ) (၂) တွင် ကလေးသူငယ် များ နိုင်ငံသားဖြစ်ခွင့်ရစေရန် သက်ဆိုင်ရာ တိုင်းပြည်များက ၄င်းတို့၏ အမျိုးသားဥပဒေများနှင့် အညီ ဖေါ်ဆောင်ပေး ရမည်ဟု အတိအလင်း ပြဌာန်းထားသည်။ ဤသည်ကို လိုက်နာဆောင်ရွက်ကြောင်း ပြသသည့်အနေမျိုးဖြင့် စစ်အစိုးရ ၏ ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေတွင် အောက်ပါအတိုင်းပြဌာန်းထားသည် ။ 
ပုဒ်မ(၁၀) ကလေးသူငယ်တိုင်းသည် နိုင်ငံသား ဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ရရှိစေရမည်။ 
ကလေးသူငယ်ဥပဒေ အနေဖြင့် တဘက်မှ အခွင့်အရေး ပေးထားသလိုလို ပြဌာန်းထားသော်လည်း အခြားတဘက်မှ ပြန်ပိတ်ထားသည်။ ဆိုလိုသည်မှာ တည်ဆဲဥပဒေပြဌာန်းချက်အောက်တွင် အကြုံးဝင်မှသာရရှိမည် ဟူ၍ဖြစ်သည်။ သို့ဖြစ်၍ ကလေးသူငယ်များသည် တည်ဆဲဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအောက်တွင် နိုင်ငံသား ဖြစ်ခွင့် မရကြပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်လာပြိးနောက် ပိုဆိုးသွားပါသည်။ သို့ ဖြစ်၍ ကုလသမဂ္ဂ ကလေး အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်ပါ ကလေးအခွင့်အရေးကို အပြည့်အ၀ခံစားစေရန် စစ်အစိုးရ အဆက်ဆက်က ပြဌာန်းလာခဲ့သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ ၁၉၉၃ ကလေးသူငယ်ဥပဒေ နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့အားပြင်ရန် မုချလိုအပ်ပါသည်။ 
ပြီးခဲ့သည့်ကာလ က ဖြစ်ရပ်များကို ဘာကြောင့် ပြန်လည်ဖေါ်ထုတ်ဘို့ လိုအပ်သလဲ။ 
ဇူလိုင် လ ၂၃ ရက်နေ့တွင် အယ်လ်ဂျာဇီးရားက ထုတ်လွှင့်ခဲ့သည့် ရိုဟင်ဂျာဆိုင်ရာ ဆွေးနွေးခန်းတွင် ကုလသမဂ္ဂမှ တာဝန်ရှိ ပုဂ္ဂိုလ် တဦးလည်းပါဝင်ခဲ့သည်။ အမည် မမှတ်မိတော့ပါ။ ၄င်းက ရခိုင်ပြည်နယ်အတွင်း၌ မွတ်ဆလင် ဘာ သာဝင် ဦးရေ ရှစ်သိန်းခန့်ရှိကြောင်းပြောကြားသွားခဲ့သည်။ ဘီဘီစီ ဆွေးနွေးခန်း၌ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပါ ပြဌာန်းချက်၏ ရှုတ်ထွေးမှုများကြောင့် မပြည့်စံနိုင်ဘဲ မည်သည့်အဆင့်အတန်းမှ မရရှိသူပေါင်း များစွာ ရှိနေ ကြောင်း မိမိက ထောက်ပြသောအခါ ဦးဘရှိန်က မပြည့်စုံတဲ့လူတွေ မိမိတို့ဆီဘာကြောင့် ရောက်လာသလဲ ဟု ပြန် လည် မေးမြန်းပါသည်။ စာရေးသူလည်း မဖြေနိုင်ပါ။ ဦးဘရှိန်ဆိုလိုချက်အရ ထိုသူများသည် မူလက ထဲက မိမိတို့  နိုင်ငံအတွင်း အစဉ်တစိုက်အခြေချ နေထိုင်နေသူများ မဟုတ် နိုင်ငံပြင်ပမှ (အတိအကျအားဖြင့်) ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ ၀င်လာကြသူများဟု ဆိုလိုကြောင်း နားလည်ပါသည်။ 
စင်စစ်အားဖြင့်မူ ဦးဘရှိန်သည် စစ်အစိုးရ၏ လွှတ်တော်ကိုယ်စားလှယ်ကြီးတဦးဖြစ်သဖြင့် လွှတ်တော်အတွင်းမေးမြန်း လျှင် ပို၍ အကျိုးရှိနိုင်ပါမည်။ ဖြေရန် တာဝန်အရှိဆုံး ပုဂ္ဂိုလ်မှာ သမတ တာဝန်ယူထားသူ စစ်ခေါင်းဆောင်ဟောင်း ဦးသိန်းစိန်ဖြစ်သည်။ ဦးသိန်းစိန်သည် စိုင်းမောက်ခမ်းနှင့် မတူပါ။ လူသစ်မဟုတ်ပါ။ ၁၉၈၈ ခုနှစ် စစ်တပ်အာဏာ သိမ်း ပြီးနောက် န၀တ နအဖ ခေတ် တလျှောက် လုံး ဗိုလ်ချုပ်တဦးအနေဖြင့် ခေါင်းဆောင်မှုအပိုင်းတွင် ပါဝင်လာခဲ့သူ ဖြစ် သဖြင့် ရှေ့မှီနောက်မှီဖြစ်သည်။ န၀တ နအဖ ခေတ်က သူကိုယ်တိုင် ဦးဆောင်ပါဝင် လုပ်ဆောင်ခဲ့မှုများအပေါ် ဆက် လက် တာဝန်ခံရမည်ဖြစ်သည်။ မိမိတို့အစိုးရသစ်တက်တာ အခုမှ တနှစ်ကျော်ပါသေးသည်ဟူ၍ အကြောင်းပြကာ မိမိ၏ တာဝန်ရှိမှုကို ဟန်ဆောင်ဖုံးကွယ်ခြင်းမျိုး မလုပ်သင့်ပါ။ လူသစ်ကလေး လိုလို၊ ဘာမှ မသိသေးသလိုလို မျက်နှာ အနေအထားမျိုးဖြင့် လူထုကို မချည်းကပ်သင့်ပါ။ စစ်ခေါင်းဆောင်ဖြစ်သော်လည်း တာဝန်သိသော၊ တာဝန်ယူရဲသော၊ လုပ်ရဲရင် ခံရဲသည့် သတ္တိနှင့်ပြည့်စုံသော ခေါင်းဆောင်တဦးဖြစ်ကြောင်း ပြသင့်ပါသည်။
ဦးသိန်းစိန် အနေဖြင့် ဗိုလ်ချုပ်နေ၀င်းခေတ် အထိ ပြန်သွားပြီး တာဝန်ခံ၇န်တော့ မလိုပါ။ ၁၉၈၈ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ် အထိ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်လာသူများ မည်သည့်နှစ်တွင် ဦးရေမည်မျှဝင်လာ သည်၊ မည်သည့်လမ်းကြောင်း မှ ၀င်လာသည်၊ မည်သည့်နည်းလမ်းဖြင့် ၀င်လာသည်၊ ထိုသူများအနက် ယခုအချိန်၌် ဦးရေမည်မျှသည် နိုင်ငံသားများ ဖြစ်နေကြပြီ။ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ တို့၏ ဦးရေမှာ မည်မျှရှိသည်။ မည်သည့် အဆင့်မှ မရသူဦးရေမှာ မည်မျှဖြစ်ပြီး ဘာကြောင့် ဤသို့ မရရှိခြင်းဖြစ်သည်။ ကလေးဦးရေ စုစုပေါင်း မည်မျှ ရှိပြီး ကလေးအခွင့်အရေးအရနိုင်ငံ သားခံစားခွင့်ရပြီးသူပေါင်း မည်မျှရှိပြီ --- အစရှိသဖြင့် တနိုင်ငံလုံးသိ ဖြေကြား၇န် တာဝန်ရှိသည်။ သို့ မှသာ လူထု တရပ်လုံးလိုက်ပါ စဉ်းစားနိုင်ပြီး ၀ိုင်းဝန်း အဖြေရှာနိုင်ကြပါမည်။ အနာဟောင်းများကို ဖေါ်ထုတ်ကုစားခြင်းမပြုဘဲ အပေါ်ယံ ဆီမန်းလောက်မျှဖြင့် ကုသနေလျှင် မိမိတို့ နိုင်ငံသည် ကျမ္မာရေးကောင်းမွန်သည့် နိုင်ငံမည်သည့်အခါတွင်မျှ မဖြစ်နိုင်ပါ။ ယဉ်ကျေးမှုတရပ်သဘွယ်ဖြစ်မသွားမီ အတိတ်ကို ဖုံးကွယ်ထားသည့် လုပ်ဟန်အား ယခုကထဲက စတင် တိုက်ဖျက်ကြဘို့ လိုပါပြီ။ 
ရိုဟင်ဂျာပြသနာအား စစ်အာဏာရှင်စနစ်က ကျင့်သုံးလေ့ရှိသည့် နိုင်ငံရေးလုပ်ဟန် အခြေခံမှ ချည်းကပ်ခြင်း 
ဦးသိန်းစိန်ခေါင်းဆောင်သည့် စစ်အစိုးရသည် နိုင်ငံလုံခြုံရေး (သို့ မဟုတ် ထိုမှ တဆင့်လျှော့၍) အမျိုးသားလုံခြုံရေး ဟူသည်ကို လူ ကြားကောင်းအောင် ကြွေးကြော်မည် ဖြစ်သော်လည်း စင်စစ်အားဖြင့်မူ စစ်အာဏာရှင်စနစ် လုံခြုံရေး အတွက် တချက်ခုတ်၊ အချက်ပေါင်းများစွာ ပြတ်အောင် 
လက်ရှိ ရိုဟင်ဂျာ၊ ရခိုင် အဓိကရုဏ်းအား အစီအစဉ်ရှိရှိ ဖေါ် ခဲ့သည်ဟု သုံးသပ်နိုင်သည်။ 
(၁) စစ်အာဏာရှင်စနစ် စတင်ခဲ့သည့် ၁၉၆၂ ခုနှစ်မှစ၍ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများအား ၄င်းတို့ကပင် ဖန်တည်းပြီး လူထုထောက်ခံမှုရအောင် လုပ်ခဲ့သည့် သမိုင်းဖြစ်ရပ်များစွာ ရှိခဲ့သည်။ ယခုဖြစ်ရပ်တွင်လည်း ရိုဟင်ဂျာ များအား တတိယနိုင်ငံထွက်အောင် ကုလသမဂ္ဂက စီစဉ်ပေးနိုင်လျှင် အစိုးရက ကူညီပါမည်ဟု ဦးသိန်းစိန်က ထုတ်ပြန် ကြေငြာလိုက်သည့် အချိန်တွင် ငါတို့ချစ်တဲ့ သမတကြီး ဟူသော အသံများထွက်ပေါ်လာခဲ့သည်။
(၂) ပြည်တွင်း ငြိမ်းချမ်းရေးကို အမှန်တကယ် တည်ဆောက်မည်ဆိုလျှင် စစ်တပ်ကြီးကြီးထားရန် အကြောင်းလုံးဝ မရှိ တော့ပါ။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လူထုလှုပ်ရှားမှုများ၊ တိုင်းရင်းသားအင်အားစုများ၏လှုပ်ရှားမှုများအားကောင်း လာလေလေ စစ်တပ်၏ အခန်းကဏ္ဍ သိသာစွာ လျော့နည်းသွားလေ ဖြစ်ပါသည်။ ဤသည်ကို စစ်အာဏာရှင် ဟောင်း သစ်များက မလိုလားပါ။ စစ်တပ်၏ အခန်းကဏ္ဍ ကြီးကြီးမားမားရှိနေသေးကြောင်း ပြလိုသည်။
(၃) အရေးအကြောင်းဖြစ်လာလျှင် ဒေါ်အောင်ဆန်းစုကြည်သည်လည်းကောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လည်းကောင်း လူထုအနေဖြင့် မည်သို့မျှ အားကိုး၍ မရ။ တပ်မတော်ကို သာ အားကိုးရသည်ဟု လူထုကို အယုံသွင်း လိုသည်။
(၄) ပြီးခဲ့သည့် လတချို့ က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ နဲ့  ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ ခေါင်းဆောင်များ ရခိုင်ပြည်နယ်အတွင်း သွားရောက်သောအခါ ရခိုင်လူထု ထောင်ပေါင်းများစွာက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည် ဟု သိရသည်။ ဤသို့သော အခြေအနေမျိုးကို စစ်အာဏာရှင်များက လုံးဝ ကြိုက်နှစ်သက်လေ့မရှိပါ။ ရခိုင်လူထုကို ပညာပေးဘို့ လိုပြီဟု သုံးသပ်ပုံရသည်။ ယခုမူ ရခိုင် လူထု ၏ ခြေထောက်ကို ရိုက်ချိုးလိုက်နိုင်ပြီ ဟု ဆိုနိုင်သည်။ စစ်တပ်ကို အားကိုးနေရသည့် ဘ၀သို့ သက်ဆင်းသွားပါသည်။
ရိုဟင်ဂျာ ရခိုင် အဓိကကရုဏ်းအား ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ပြီး ရခိုင်ပြည်နယ် အတွင်းရှိ လူထုအားလုံး ငြိမ်းချမ်း၊ လုံခြုံ၊ အင်အား ပြည့်စုံစွာ ရပ်တည်နိုင်ခြင်း မရှိလျှင် ပြည်ထောင်စု အတွင်းရှိ အခြားတိုင်းရင်းသားပေါင်းစုံ လူထု အားလုံးပါ အင်အားချည့်နဲ့ နေပါမည်။ နောက်ထပ် တရုပ် ဗမာ အေ၇းအခင်း ပါ ဖန်တည်းခြင်းခံရပါက စစ်တပ် က ကိုင်မြှောက်ထားသော သေနတ်အောက်၌ အရိပ်အာဝါသ ခိုပြီး အသက်ရှင်ရသည့် ဘ၀သို့ တိုင်းရင်းသားပေါင်းစုံ လူထုကြီး တရပ်လုံးကျဆင်းသွားနိုင်ပါသည်။ 
နိဂုံးချုပ်တင်ပြချက် 
ရိုဟင်ဂျာ ရခိုင် အဓိကကရုဏ်းအား ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုသည့်အနေဖြင့် အောက်ပါအတိုင်း ဆောင်ရွက်သွား၇န် အကြံပြုပါသည်။
(က) ယခုအချိန်၌ ရိုဟင်ဂျာများသည် လူသားချင်းစာနာထောက်ထားသည့် (တနည်းအားဖြင့်) လူအဖြစ်အသက်ရှင်ခွင့် ရနိုင်သည့် အခြေခံစားနပ်ရိက္ခာများပင် မရရှိဟူသော သတင်းများ ထွက်ပေါ်နေပါသည်။ ဤသည်မှာ လုံးဝ မဖြစ်သင့် ပါ။ လူ့အခွင့်အရေးရှုဒေါင့်မှ ကြည့်လျှင် မဖြစ်သင့်သလို မေတ္တာတရားကြီးမားသည်ဟု ဂုဏ်ယူကြလေ့ရှိသော ဗုဒ္ဓဘာ သာဝင်များ အနေဖြင့် အမြန်ဆုံးကူညီစောင့်ရှောက်နိုင်၇န် စဉ်းစားဆောင်ရွက်သင့်ပါသည်။ 
(ခ) ဆိတ်ဆိတ်နေခြင်းသည် ပြစ်မှုကျူးလွန်မှုများကို အားပေးရာရောက်ပါသည်။ တရားမျှတမှုကိုလည်း မျက်ကွယ်ပြု ရာရောက်သည်။ မိမိတို့အမြင်ကို ကျိုးကြောင်းဆီလျော်စွာ ထုတ်ဖေါ်သင့်ပါသည်။ အနည်းဆုံးအားဖြင့် ဖြစ်ပျက်ခဲ့ သမျှ အမှန်တရားများ ပေါ်ထွက်လာစေ၇န် ၀ိုင်းဝန်းကြိုးပမ်းသင့်ပါသည်။ 
(ဂ) ဦးသိန်းစိန်ခေါင်းဆောင်သည့် အစိုးရကိုယ်တိုင်က ၀င်ရောက်ကျူးလွန်မှုကို နိုင်ငံတကာက ရက်စွဲအတိအကျဖြင့် ထောက်ပြလာခဲ့ပြီ ဖြစ်သည်။ ဤဖြစ်စဉ်ကြီး တစုံလုံးကို အစမှအဆုံး သေချာစွာဖေါ်ထုတ်ပြီး နောက်ကွယ်မှ ကြိုးကိုင် ဆောင်ရွက်နေသူများ အပါအ၀င် ဦးဆောင်ကျူးလွန်ကြသည့် တရားခံအားလုံးကို လူမျိုး၊ ဘာသာ၊ အသားအေ၇ာင်၊ မရွေးဘဲ ဥပဒေစိုးမိုးရေးအခြေခံဖြင့် ထိရောက်စွာ ဖေါ်ထုတ်အရေးယူနိုင်မှသာ နောင်သည်လိုအဖြစ်ဆိုးမျိုးမဖြစ်အောင် ကာကွယ်တားဆီးနိုင်ပါမည်။
(ဃ) ပြီးခဲ့သည့် နအဖ စစ်အစိုးရအောက်၌ ကျူးလွန်ဖြစ်ပွားခဲ့သော နိုင်ငံတကာအဆင့်ရှိသည့် ပြစ်မှုကြီးများကို ကုလ သမဂ္ဂ က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းစစ်ဆေးစေရန် လှုပ်ရှားမှုကြီးမှာ ၂၀၁၀ ခုနှစ်အထိ အရှိန် ကောင်းစွာရခဲ့ပြီး အောင်မြင်တော့မည့်အနေအထားရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ်အတွင်း စစ်အစိုးရက နိုင်ငံရေး အပြောင်းအလဲများ လုပ်ပေးသယောင်နှင့် လမ်းကြောင်းလွှဲနိုင်ခဲ့သဖြင့် ယင်းလှုပ်ရှားမှုမှာ ယာယီ တိမ်မြှုပ်သွားခဲ့သည်။ ယခုရခိုင်ပြည်နယ် အတွင်း ပြစ်မှုကြီးများထပ်မံကျူးလွန်နေပြန်ပါပြီ။ နိုင်ငံတကာ လူ့ အခွင့်အရေးအဖွဲ့အစည်း ၅၈ ဖွဲ့က စုပေါင်း၍ ဤမှုခင်းကြီးအပေါ် နိုင်ငံတကာ အနေဖြင့် စုံစမ်းစစ်ဆေးရေး လုပ်ပေးရန် တောင်းဆိုလာပါပြီ။ ဤ လှုပ်ရှားမှုကို လူထုတ၇ပ်လုံး ထောက်ခံသင့်၊ ၀ိုင်းဝန်းတောင်းဆိုသင့်သည်ဟု မြင်ပါသည်။ နိုင်ငံတကာအနေဖြင့် စုံစမ်းစစ်ဆေး ဖေါ်ထုတ်ခွင့်မရပါက နောင် အလားတူပြစ်မှုကြီးများ ထပ်မံကြုံတွေ့ ဦးမည်မှာ မလွဲပါ။
(င) ရွာတရွာတွင် သူကြီးကိုယ်တိုင်က ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသော အမှု၌ သူကြီးသားကို စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင်ထားပြီး အမှုဖေါ်ထုတ်ခိုင်း၍ မရပါ။ မြန်မာနိုင်ငံ၌ တရားစီရင်ရေး ယန္တယားတခုလုံးမှာ လွတ်လပ်မှု လုံးဝ မရှိဘဲ စစ်ခေါင်းဆောင်များအား ဆန့်ကျင်ရပ်တည်ရဲသည့် အနေအထားမရှိပါ။ လူ့ အခွင့်အရေးကော်မီတီဆို သည်မှာလည်း သမတရုံးအဖွဲ့၏ အစိပ်အပိုင်း တခုကဲ့သို့ ဖြစ်နေပြီး သူကြီးတူ အဆင့်လောက်သာ ရှိပါသည်။ ဖြစ်ပွား ခဲ့ သည့် အဓိကရုဏ်းကြီး၌ ဦးသိန်းစိန်ကိုယ်တိုင်က မိမိတို့ အစိုးရ နှင့် စစ်တပ်၏ လက်ချက် မည်သို့ မျှ ပါဝင် ပတ် သက်ခြင်း မရှိကြောင်း သက်သေပြရဲသည် ဆိုလျှင် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်စေလွှတ်ပေး ရေး အတွက် ကုလသမဂ္ဂသို့ အမြန်ဆုံး ပန်ကြားရန် တောင်းဆိုသည် ။ 
(စ) ရခိုင်လူထုအား မေတ္တာနှင့် ယှဉ်လျှက် လူ့ အခွင့်အရေးကို မြတ်နိုးမှု၊ အသိနှင့်ယှဉ်သော မျိုးချစ်စိတ်၊ တာဝန်ယူမှု ရှိသော လူ့အဖွဲ့အစည်း တည်ဆောက်လိုသည့်ဆန္ဒ၊ အမှန်တရားကို ဖေါ်ထုတ်လိုသည့် သတ္တိများ ရှိလာအောင် ၀ိုင်းဝန်း ကူညီသင့်ပါသည်။ 
(ဆ) ရိုဟင်ဂျာများအပါအ၀င် ရှစ်သိန်းခန့် မျှသော မွတ်ဆလင်ဘာသာဝင်များ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ဦးဘရှိန် ပြောသကဲ့သို့ မ၀င်သင့်ဘဲ ၀င်လာသူများရှိနေလျှင် နောင်ကိုဆက်ပြီး မ၀င်လာနိုင်အောင် တားဆီးကာကွယ် သည့် နည်းလမ်းကို အမြန်ဆုံး ရှာရမည်မှာ မုချဖြစ်ပါသည်။ ရောက်သင့်၊ ရှိသင့်သော လူဦးရေထက် အဆများစွာပိုကာ စစ် အာဏာရှင်စနစ်နှင့် စစ်ခေါင်းဆောင်သစ် ဟောင်းများ၏ တာဝန်ရှိမှု အောက်တွင် ရောက်ရှိနေကြပြီ ဖြစ်သူများကိုမူ ရ၀မ်ဒါတွင် ဟူတူများက တူစီများအပေါ်ကျင့်သုံးသည့် လူမျိုးတုံးသတ်ဖြတ်မှုပုံစံမျိုးဖြင့် ရှင်းပစ်၍ မရနိုင်ပါ။  လူသား ချင်းစာနာသည့်စိတ်ဓါတ်ကိုပြန်လည်တည်ဆောက်ပြီး လူမျိုး ဘာသာ စကား ဓလေ့ထုံးတမ်း ယဉ်ကျေးမှု မတူကြသူ များ အတူငြိမ်းချမ်းစွာ နေထိုင်နိုင်သည့် လူ့ အဖွဲ့အစည်း တရပ်အဖြစ် တည်ဆောက်ဘို့ ကြိုးစားရန်သာ ရှိပါသည်။
(ဇ) နောင် သည်လိုအဖြစ်ဆိုးမျိုး ကို မုချရှောင်လွှဲနိုင်ရန်မှာမူ စစ်အာဏာရှင်စနစ် ကို အမြစ်မှနေ၍ ချေမှုန်းဘို့ လိုပါ သည်။ အဆိုပါရည်မှန်းချက်အတွက် တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး လက်တွဲကြဘို့ အချိန်ရောက်ပါပြီ။ သို့  မှသာ အုပ်ချုပ်ရေးယန္တယား တစုံလုံး ကို ပြင်နိုင်မည်ဖြစ်ပြီး ငြိမ်းချမ်းသာသာသည့် ပြည်ထောင်စုကြီး ပေါ်လာနိုင်ပါ မည်။ 
ဤစာတမ်းတိုအား အချိန်တိုအတွင်း အမြန်ဆုံးရေးသားရသဖြင့် မပြည့်စုံနိုင်မည်မှာ သေချာပါသည်။ စာရေးသူ အနေ ဖြင့် စစ်မှန်သည့် ဥပဒေစိုးမိုးရေး၊ လူ့ အခွင့်အရေးနှင့် တရားမျှတမှုအခြေခံတွင် မိမိတို့ ပြည်ထောင်စုကြီး တည်ငြိမ်၊ တောင့်တင်း၊ ကြီးထွား၊ စည်ပင် သည်ကို မြင်လိုသော စေတနာဖြင့်သာ ရေးသားပြုစုခြင်းဖြစ်ပါသည်။ မိမိထက်ပို၍ အဆများစွာ တတ်ကျွမ်းနားလည်သော ပညာရှင်ကြီးများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ဥပဒေကျွမ်းကျင်သူ များ၊ လူထုများ မြောက်များစွာ ရှိပါသည်။ ရိုဟင်ဂျာ ရခိုင် အဓိကကရုဏ်းအား ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက် နည်းလမ်းမှန်သမျှ ဆက်လက်တင်ပြပေးသွားကြ၇န် မေတ္တာရပ်ခံပါသည်။ 
Inline image 4
အောင်ထူး (ရှေ့နေ)
ဇူလိုင်လ (၂၄) ရက် ၂၀၁၂ ခုနှစ်
https://www.facebook.com/notes/aung-htoo/%E1%80%9B%E1%80%AD%E1%80%AF%E1%80%9F%E1%80%84%E1%80%B9%E1%80%82%E1%80%BA%E1%80%AC%E1%80%BB%E1%80%95%E1%80%9E%E1%80%94%E1%80%AC-%E1%80%9C%E1%80%B0-%E1%80%B7%E1%80%A1%E1%80%81%E1%80%BC%E1%80%84%E1%80%B7%E1%80%B9%E1%80%A1%E1%80%B1%E1%80%9B%E1%80%B8%E1%80%94%E1%80%BD%E1%80%84%E1%80%B7%E1%80%B9-%E1%80%A1%E1%80%99%E1%80%BA%E1%80%AD%E1%80%B3%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8-%E1%80%82%E1%80%AF%E1%80%8F%E1%80%B9%E1%80%9E%E1%80%AD%E1%80%80%E1%81%A1%E1%80%AC-%E1%80%A1%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%81%82-%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%91%E1%80%B0%E1%80%B8-%E1%80%B1%E1%80%9B%E1%80%BD%E1%82%95%E1%80%B1%E1%80%94/489187364444654 
လူဗိုလ် ဟူသည်
ဘကြီးသက်
Unknown at 7:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ဒကာမလေး ဝေနှင်းနှင့် အမြင်ဖလှယ်ခြင်း
ဒကာမလေး ဝေနှင်း ဦးဇင်းက ဗုဒ္ဓဘာသာရဟန်း တစ်ပါးဖြစ်ပါတယ်။ ဒကာမလေး ဝေနှင်းကို ဦးဇင်း ပထမဆုံး သတိထားသိလိုက်ရတာက အင်္ဂလန်၊ မန်ချက်စတာက လေဘာပါတီကွန်ဖရင့်မှာ ထင်ပါရဲ့။ ဒကာမ လေး မိန့်ခွန်းပြောတုန်းက
စပြီးသတိထားမိတာပါပဲ။ အဲဒီ ဗွီဒီယိုကို ကြည့်ပြီး ဦးဇင်းအတော်လေး အားတက်ခဲ့ မိပါတယ်။ အင်မတန်မှ ဂုဏ်လည်းယူခဲ့မိပါတယ်။ နောက်
အဲဒီဗွီဒီယိုကို ကြည့်ပြီးတော့၊ ဦးဇင်းမျက်နှာပေါ်မှာ မျက်ရည်တစ်စက်မှ မကျခဲ့ပေမယ့်၊ ရင်ထဲမှာ မျက်ရည်အပြည့်နှင့် ဘုန်းကြီးတန်မဲ့ ဝမ်းနည်းပြီး
ငိုခဲ့ဘူးပါတယ်။ ကြိတ်ပြီးတော့လည်း ဝမ်းသာမိခဲ့ပါတယ်။
ဝမ်းနည်းရတဲ့အကြောင်းက ပြည်သူတွေလေးစားတဲ့ ကိုမြအေး၊ ပြည်သူတွေအတွက်
အကျဉ်းကျနေတဲ့ ကိုမြအေး၊ ဒကာမလေး ချစ်တဲ့ လေးစားတဲ့ ဒကာမလေးရဲ့ ဖခင်နဲ့
ကွေကွဲပြီး ခွဲခွာနေရတာ သိလိုက်ရလို့ ဝမ်းနည်းတာပါ။ ဝမ်းသာမိတာက ဒကာမလေးက
အားမာန်အပြည့်နဲ့၊ ခံစားမှုအပြည့်နဲ့၊ ကြားရတဲ့သူတွေ
ကြက်သီးမွှေးညှင်းထလောက်အောင် ပြောသွားတာကို မြင်လိုက်ရလို့
ဂုဏ်ယူဝမ်းသာမိခဲ့တာပါ။ ဒကာမလေး ဟာ ဒို့ဗမာပြည်က ဒို့လူမျိုး၊
ဒို့အားကိုးရတော့မယ်ဆိုပြီး ဝမ်းသာခဲ့တာပါ။ မူစလင်မို့လို့၊
ဟိဒ္ဒူမို့လို့၊ ခရစ်ယာန်မို့လို့၊ ဗုဒ္ဓဘာသာမို့လို့ ဆိုတာ
ဦးဇင်းတို့ရင်ထဲမှာ မရှိခဲ့တာအမှန်ပါ။ ဒကာမလေး ဘယ်ဘာသာကို ကိုးကွယ်
ကိုးကွယ်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် ယုံကြည်ရမယ်၊
အားကိုးရမယ်ဆိုရင်၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးတိုင်း၊ လူမျိုးအားလုံးက
လေးစားကြမှာ၊ ကြည်ညိုကြမှာ၊ ချစ်ခင်ကြမှာ၊ အားကိုးကြမှာ
မြေကြီးလက်ခတ်မလွဲပါ ဒကာမလေး။
ဒီနေရာမှာ ကိုကိုကြီးရဲ့ စကားကို အငှားယူပြီးပြောရရင် "အမျိုးသားရေးဟာ
'ဆား' လိုပါပဲ။ ဆားမပါရင် ဟင်းမဖြစ်သလို ဆားများရင်လည်း ဟင်းပျက်ပါတယ်။"
ဒကာမလေး ဆားခတ်ဖို့ မေ့နဲ့နော်။
အခု "ဖြေရှင်းရမယ့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခ" ဆိုတဲ့ ဗွီအိုအေက
ဒကာမလေးရဲ့ အင်တာဗျူးဆောင်းပါးဖတ်ပြီး ဒီစာကို ရေးဖို့စိတ်ကူးလေးရလာတာပါ။
ဒကာမလေးက "အစ္စလာမ်ဘာသာဝင် တစ်ဦးအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီလိုမျိုး
အကြမ်းဖက်မှုဆိုတဲ့ အရာကို လုံးဝယုံကြည်ချက်မရှိဘူးရှင့်" လို့ဆိုပြန်တော့
ဝမ်းသာရပြန်ပါပြီ။ အကြမ်းဖက်မှုကို မလိုလားတဲ့၊ အကြမ်းဖက်မှုကို
ဆန့်ကျင့်တဲ့ ဒကာမလေး သာဓု သာဓု၊ လူတိုင်း လူတိုင်း အကြမ်းဖက်မှုကို
ဆန့်ကျင်သင့်ပါတယ်။ မထောက်ခံသင့်ပါဘူး။ အင်ဒိုနီးရှားက မြန်မာသံရုံးရှေ့၊
အီဂျစ်နိုင်ငံက မြန်မာသံရုံးရှေ့၊ ကူဝိတ်၊ အိန္ဒိယ
စတဲ့မြန်မာသံရုံးရှေ့တွေမှာ၊ ကလဲ့စားချေပစ်ရမယ်၊ ဗမာပြည်ကို သွားကြ၊
ငါတို့မူစလင်ညီအစ်ကိုတွေအတွက် လက်စားချေကြဆို့တဲ့ သံရုံးရှေ့က ဆန္ဒတွေ
အသံတွေဟာ အင်မတန်ကြောက်စရာ လန့်စရာတွေပါတကား။ အကြမ်းဖက်ရန်
ကြံစည်နေကြပြီလား၊ ဒါလေးတွေကို ဒကာမလေးအနေနဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့
ငြိမ်းချမ်းရေးကို လိုလားတဲ့ သူတစ်ယောက်အနေနဲ့ ဒကာမလေး အဲဒါလေးတွေကို
တားမြစ်ပေးဖို့ ဦးဇင်းမျှော်လင့်နေပါတယ်။ တတ်အားသရွေ့ပါ။
အစ္စလာမ်ဘာသာဝင်အချင်းချင်းဆိုတော့ ဒကာမလေးပြောရင်တော့ ရလောက်ကောင်း
တန်ရဲ့။
ဒကာမလေးက "ရိုဟင်ဂျာလို့ မခေါ်ချင်ဘူး။ ရတယ် ကိစ္စမရှိဘူး။ ရိုဟင်ဂျာလို့
မခေါ်ချင်ဘူးဆိုရင် မင်းတို့ ဘယ်လိုခေါ်ချင်သလဲ" ဆိုတော့၊ ပြည်တွင်းက
အတော်များများကတော့ ရိုဟင်ဂျာလို့ မခေါ်ပဲ အင်္ဂလီတွေလို့ခေါ်နေကြပါတယ်။
ဒကာမလေးကတော့ သဘောတူရဲ့လား?။ ပြီးတော့ အဲဒီဘင်္ဂလီတွေဟာ ဗမာပြည်က
တိုင်းရင်းသားတွေ မဟုတ်ကြဘူးလို့ ပြောနေကြပြန်တယ်။ ဒကာမလေးကရော
အဲဒီဘင်္ဂလီတွေ ဟာ ဗမာပြည်က တိုင်းရင်းသားတွေမဟုတ်ဘူးဆိုတာကို သဘောတူရဲ့လား
လက်ခံရဲ့လား?။
နောက် ဒကာမလေးက ရန်ကုန်၊ မန္တလေးက မြန်မာမူစလင်တွေကိုယ်တိုင်
တချို့မှတ်ပုံတင်မရှိတဲ့ အကြောင်းပြောတာ ဘယ်သူမှငြင်းလို့မရပါဘူး။
ဒကာမလေး လုံးဝမှန်တယ်။
ဒါပေမယ့် မှတ်ပုံတင်မရှိဘဲ မူစလင်အကြောင်းပဲပြောနေတော့ မူစလင်မဟုတ်တဲ့
သူတွေတော့ မှတ်ပုံတင်တွေ ကိုယ်စီရှိနေကြတယ်လို့ ဒကာမလေးယူဆလေသလား၊
သို့တည်းမဟုတ် မူစလင်တွေမရှိတာ ပဲပြောမယ်၊ ဒါပဲစိတ်ဝင်စားတယ်၊ တခြားဟာတွေ
စိတ်မဝင်စားဘူး ဆိုတဲ့သဘောလား။ ဒကာမလေး အဲဒီစိတ်မျိုးတော့ မထားပါနဲ့ကွယ်၊
သဘောထားကြီးတဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးအနေနဲ့ ဘာသာဝင် အားလုံး အတွက်
ပြောပေးပါဦးလို့ ဦးဇင်းတိုက်တွန်းပါရစေ။ စိတ်တော့ မရှိနဲ့နော်။
နောက်တစ်ခုက ဒကာမလေးက "တရားမဝင် လာနေထိုင်တယ်ဆိုပြီး ထားပါအုံး။ တရားမဝင်
လာနေထိုင်တယ်။ သူတို့အနေနဲ့ သူတို့က လူမဟုတ်တော့ဘူးလား။ သူတို့အနေနဲ့
ကျမတို့မှာရှိနေတဲ့ လူ့အခွင့်အရေးမျိုး သူတို့အနေနဲ့ မပိုင်သင့်ဘူးလား"
တဲ့ ကိုယ်ဟာကိုယ် ပြန်ဖြေကြည့်သေးလား ဒကာမလေး။ ဦးဇင်း
ကြိုးစားပြောကြည့်မယ်နော်၊ မှားရင်လည်း ပြင်ပေးပါ။ တရားဝင်နေထိုင်တဲ့
လူရော၊ တရားမဝင်နေထိုင်တဲ့ လူရော အားလုံးလူပါပဲ။ ဒကာမလေးတို့ ဦးဇင်းတို့
တိုင်းရင်းသားတွေ ဖြစ်ကြတဲ့ မြန်မာတွေ၊ ရှမ်းတွေ၊ ချင်းတွေ၊ မွန်တွေ၊
စတဲ့ စတဲ့ တိုင်းရင်းသားတွေဟာလဲ တရားမဝင်နေထိုင်ကြတာတွေ
ထိုင်းနိုင်ငံမှာ၊ မလေးရှားမှာ၊ အိန္ဒိယမှာ ရှိနေကြပါတယ်။ ဒကာမလေးတို့
ဦးဇင်းတို့ရဲ့  ညီအစ်ကို တိုင်းရင်းသားတွေဟာ မတရားအနိုင်ကျင့်ခံကြရတယ်။
ခေါင်းပုံဖြတ်ခံကြရတယ်။ သူတို့တတွေဟာ သူများနိုင်ငံသွားပြီး၊ ငါတို့ကို
ဘာတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပါ။ နိုင်ငံသားအဖြစ် အသိ
အမှတ်ပြုပေးပါဆိုပြီးတောင်းဆိုနေကြတာလဲမဟုတ်ပါဘူး။ သူတို့တတွေဟာ
မျိုးဆက်တစ်ဆက်နှစ်ဆက် စသည် အဲဒီနိုင်ငံမှာ မွေးဖွားခဲ့ကြပေမယ့်
အဲဒီနိုင်ငံသားလည်း မဖြစ်ကြပါဘူး။ လူ့အခွင့်အရေးလဲ
သူတို့နိုင်ငံသားတွေနဲ့ တခြားစီ ခွဲခြားဆက်ဆံခံကြရတယ်ဆိုတာ ဒကာမလေးလဲ
ကြားလိမ့်မယ်လို့ ဦးဇင်းထင်ပါတယ်။
မလေးရှားမှာ လူ့အခွင့်အရေး ချိုးဖောက်ခံကြရတဲ့ ဒကာမလေးတို့
ဦးဇင်းတို့ရဲ့ တိုင်းရင်းသားတွေ အကြောင်းပြောဖို့လိုလိမ့်မယ်လို့
ထင်မိပါတယ်။ မလေးရှားဝန်ကြီးချူပ်က " We do support human rights, but we
must do so within the boundaries set by Islam," လို့ပြောသွားတာ ဒကာမလေး
ဘယ်လိုသဘောရလဲ။ ဒကာမလေးတို့ ဦးဇင်းတို့ရဲ့ တိုင်းရင်းသားတွေ
ဆုံးရှုံးနေကြရတဲ့ လူ့အခွင့်အရေး အကြောင်းလဲ အားစိုက်စေချင်ပါတယ်။
ဦးဇင်းအနေနဲ့တော့လေ လူချင်းတူပေမယ့် အသက်ရှုကွဲတယ်ဆိုတဲ့ ဗမာစကားပုံကို
မမေ့စေချင်ဘူး။ သတိရစေချင်တယ် ဒကာမလေး။ အားလုံးဟာ လူတွေချည်းပဲ
လူ့အခွင့်အရေးအတူတူ ရသင့်တယ်လို့ ဒကာမလေးထင်ရင်၊ စစ်အစိုးရအပေါ်ချမှတ်ဖို့
sanction ၊ စီးပွားရေးပိတ်ဆို့ဖို့လှုပ်ရှားနေစရာ၊ ကြွေးကြော်နေစရာ
အကြောင်းမရှိတော့ဘူးလို့ ဦးဇင်းထင်တယ်။ ဒကာမလေး ဘယ်လိုသဘောရလဲ။
နောက်တစ်ခုက တရားဝင်နေထိုင်သူနဲ့၊ တရားမဝင်နေထိုင်သူဟာ
အခွင့်အရေးချင်းအတူတူပဲလို့ ယူဆရင်၊ ဒကာမလေးတို့နေထိုင်တဲ့ အင်္ဂလန်မှာ
တရားမဝင်နေထိုင်တဲ့သူတွေ အိမ်ခန်းငှားလို့ရပါသလား။
မဲပေးပိုင်ခွင့်ရှိပါသလား။ အလုပ်လုပ်လို့ရပါသလား။ ဒကာမလေးကရော အင်္ဂလန်မှာ
တရားဝင် နေထိုင်နေတာလား။  လားပေါင်းများစွာပေါ့ ဒကာမလေးရယ်။ အချိန်ရမှ
ဖြေပါ။
ပြီးတော့ သတင်းသမားတွေ၊ မီဒီယာသမားတွေ ဆွပေးချက်ကတော့
ပြောစရရာမရှိလောက်အောင် ပါပဲ။ ဆွပေးတိုင်း ကနေလို့တော့လဲ မတော်ဘူးပေါ့လေ။
နောက် ဒကာမလေးပြောသလို facebook ပေါ်က ဆဲတာတွေ ဆိုတာတွေကတော့ လွန်ရောပဲ
နှစ်ဖက်လုံးကပဲ ထင်ပါရဲ့။ အေးပေါ့လေ သူတို့တတ်သလောက် မှတ်သလောက် ပြောကြ
ရေးကြပေါ့လေ၊ ဆဲတာပဲ တတ်တဲ့လူကလဲ ဆဲတာပဲပေါ့လေ။ လိမ်တဲ့ဟာကလဲ
နှစ်ဖက်လုံးကပဲနဲ့ တူပါတယ်။ နောက်တစ်ခုက Burma Campaign UK ကို
ဝေဖန်တာကြောင့်တော့ စိတ်မထိခိုက်ပါနဲ့ကွယ်။ ကိုယ့်လူမျိုးကို
လာပြီးထိခိုက်လာရင်သာ ကာကွယ်ပါ၊ စောင့်ရှောက်ပါကွယ်။ ဒကာမလေးတို့၊
ဦးဇင်းတို့ ဗမာနိုင်ငံမှာက ဘာသာပေါင်းစုံဆိုတော့ အတူတကွ
အေးအေးချမ်းချမ်းနေနိုင်အောင် ကြိုးစားကြရမှာပေါ့ ဒကာမလေး။ မတူညီတာလေးတွေ
အတူတူမြင်ရတာလဲ တမျိုးကြည်နူးစရာပါပဲ။ မတူညီတာတွေ အတူအေးချမ်စွာ
နေထိုင်ခြင်းဟာ သဘောထားကြီးမြတ်ခြင်းပဲမဟုတ်လား။ တနည်းဆိုရရင် အဲဒါ
ဒီမိုကရေစီပဲ မဟုတ်လား။ နောက် ဒီမိုကရေစီနိုင်ငံကြီးမှာဆိုရင်
အစ္စလာမ်ဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင်မဟုတ်ဘဲ ခရစ်ယာန်၊ ဟိန္ဒူ၊
ဗုဒ္ဓဘာသာဝင်စသည်တို့ ထိမ်းမြားမင်္ဂလာပြုရင်၊ ဘယ်ဘာသာထဲကိုမှ
ကူးပြောင်းစရာမလိုဘဲ၊ မတူညီတာတွေ အတူတကွနေနိုင်ကြတော့မယ်။ အဲဒါ
ဒီမိုကရေစီ မှတ်တာပါပဲ။ တစ်နည်း အဲဒါအမြင်ကျယ်တာပေါ့နော်။ သြော်
ကိုကိုကြီးပြောတဲ့ "ဆား" ကိုလဲ မမေ့နဲ့နော်။
နောက် ဒကာမလေးနဲ့ ဒကာမလေးရဲ့ Burma Campaign UK အနေနဲ့ ရိုဟင်ဂျာတွေကို
ကူညီတယ်။ ပံ့ပိုးမှုတွေရှိတယ်။ အထူးသဖြင့် ဗြိတိသျှပါလီမန်မှာ
သွားပြီးတော့ တင်ပြနိုင်ဖို့ ကူညီနိုင်တယ်ဆိုရင်၊ ဒကာမလေး အနေနဲ့ Burma
Campaign UK နဲ့တွဲပြီး မိမိတို့တိုင်းရင်းသား
ညီအစ်ကိုအရင်းအချာတွေဖြစ်တဲ့ ရခိုင်တိုင်းရင်းသားတွေ၊
မြန်မာတိုင်းရင်းသားတွေ၊ စသဖြင့်ပေါ့လေ သူတို့ကိုလဲပဲ ဗြိတိသျှပါလီမန်မှာ
သွားပြီးတင်ပြနိုင်ဖို့ ပံ့ပိုးကူညီပါလို့ ဦးဇင်းမေတ္တာရပ်ခံပါတယ်။
တိုင်းပြည်နဲ့ ဗမာပြည်က တိုင်းရင်းသားတွေအားလုံးရဲ့ အကျိုးကို
မှန်ကန်ဖြောင့်မတ်ရိုးသားစွာ အနာဂတ်လူငယ်တွေပါ စံထားနိုင်အောင်
ဆထက်တပိုးဆက်လက်ပြီး ဆယ်ပိုးဆောင်ရွက်နိုင်ပါစေ။
              မေတ္တာများစွာဖြင့်
         ဘုန်းဘုန်း ဦးကောဝိဒ
 လူဗိုလ်.....
ဘကြီးသက်
Unknown at 7:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
စာမဖတ်သော စာရေးဆရာ…ဒီမိုကရေစီမသိသော ဒီမိုကရေစီဘက်တော်သား…..
      ဂုဏ၀ုတ္တိ၊ ၀ရ၀ုတ္တိ..။ ဂုဏ=ဂုဏ်အားဖြင့်လည်းကောင်း၊ ၀ယ=အသက်အရွယ်အားဖြင့်လည်းကောင်း ရိုသေထိုက်သူကိုရိုသေပါ၏။
      လူကြီးဆိုသည်မှာ အသက်အရွယ်ကြီးတိုင်း လူကြီးမဟုတ်၊ လုပ်တဲ့ အလုပ်ကြီးမှ(တနည်း နာယကဂုဏ်နဲ့ ပြည့်စုံမှ) လူကြီးဟုသတ်မှတ်နိုင်သည်။ အသက်သာကြီးပြီးလုပ်တဲ့ အလုပ်ကမကြီး( အမျှော်အမြင် အတွေးအခေါ်မရှိ) ပါက မသေနိုင်လို့ ကြီးပြီးအိုနေသည့် လူအို ဟုသာဆိုရပေမည်။
(ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ပြောဘူးသည်။) ၀ါရင့်စာရေးဆရာကြီးဆိုသည့်ဂုဏ်၊ ၈၀ ကျော်သည့်အသက်တို့ ကို ရိုသေလိုသော်လည်း ရိုသေထိုက်သူကိုသာရိုသေပါမည်။
      စာရေးဆရာ(သတင်းစာဆရာ)လုပ်လိုသူသည် စာဖတ်ရပါမည်။ စာဖတ်ခြင်းသည်စာရေးဆရာ၏ လက်ဦးဆရာ၊စာရေးသူ၏ကုန်ကြမ်းဖြစ်သည်။ မိမိရေးလိုသော အကြောင်းအရာ(ဘာသာရပ်) ကို မလေ့လာမဖတ်ရှုပဲ စာရေးပါက လူတကာပြက်ရယ်ပြုတာခံရရုံရှိမည်။
      သမိုင်းကြောင်းရေးလိုက သမိုင်းစာဖတ်ရသလို၊ နိုင်ငံရေးအကြောင်းရေးက နိုင်ငံရေးစာပေဖတ်ရှုလေ့လာရမည်။ဥပဒေအကြောင်း စာပြောင်ရေးပြီး ဥပဒေကို နကန်းတစ်လုံးမသိ၊ မဖတ်ဘူးပါက စာပြောင်မဟုတ်ပဲ စာကြောင်သာဖြစ်ပေတော့မည်။
      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေ ၂၀၀၈ သည် ပြည်ထောင်စုတစ်ဝန်းလုံးရှိ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ၉၈ ဒသမ၁၂ ရာခိုင်နှုန်းက မဲပေးခဲ့ကြပြီး၊ မဲပေးသူအားလုံး၏ ၉၂ဒသမ၄၈ ရာခိုင်နှုန်းကထောက်ခံသဖြင့် ၂၉.၅.၂၀၀၈ ရက်နေ့ တွင် အတည်ပြုပြဌာန်းပြီးဖြစ်ကြောင်း ပြည်တွင်း / ပြည်ပအားလံုးသိကြပါသည်။ ယင်းဖွဲ့ စည်းပုံအခြေခံဥပဒေသည် ယင်းဥပဒေပုဒ်မ ၄၄၁ အရ ပြည်ထောင်စုလွှတ်တော် ပထမအကြိမ် အစည်းအဝေးစတင်ကျင်းပသည့် ၃၁.၁.၂၀၁၁ တွင် နိုင်ငံတော်တစ်ဝန်းလုံး၌  အာဏာတည်ပြီးဖြစ်သည်ကိုလည်း(ဥာဏ်ရည်မမီသူနှင့် အတိတ်မေ့ သူမဟုတ်က) အားလုံးသိရှိထားကြပါသည်။
      သို့ သော်ယင်းဖွဲ့ စည်းပုံအခြေခံဥပဒေ အတည်ပြုပြဌာန်းခြင်း၊ အာဏာတည်ခြင်းတို့ ကို မသိသေးသယောင်ဇွတ်ခံငြင်းနေသော အနှီစာရေးဆရာ (သတင်းစာဆရာ)ကြီးသည် ဥာဏ်ရည်မမီ၊ အတိတ်မေ့ သူမဟုတ်လျှင် စာမဖတ်၍သာဖြစ်ပေမည်။
      ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ (၂၀၀၈)တွင် နိဒါန်းနှင့် အခန်း(၁၅)ခန်း၊ ဇယားငါးခုပါဝင်ကြောင်းတွေ့ ရမည်ဖြစ်သည်။ ဖွဲ့ စည်းပုံအခြေခံဥပဒေအခန်း(၁)၊ နိုင်ငံတော် အခြေခံမူများအခန်း၊ ပုဒ်မ(၇)တွင် နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု လည်းကောင်း၊ ပုဒ်မ(၃၉)တွင် နိုင်ငံတော်သည်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့ စည်းနိုင်ရန် လိုအပ်သည့် ဥပဒေပြဌာန်းဆောင်ရွက်ရမည် ဟုလည်းကောင်း၊ ပြဌာန်းချက်များနှင့် အညီ နိုင်ငံတော်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၁၀ ခုနှစ်၊ မတ်လ ၈ ရက်နေ့ တွင် ထုန်ပြန်ပြဌာန်းပေးထားပြီးဖြစ်သည်။
      ယင်းဖွဲ့ စည်းပုံ အခြခံဥပဒေမှာပင် ပုဒမ ၃၉၉(စ)၌ ရွေးကောက်ပွဲဆိုင်ရာ သို့ မဟုတ် နိုင်ငံရေးပါတီများဆိုင်ရာနည်းဥပဒေများကိုဤဖွဲ့ စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များနှင့် အညီလည်းကောင်း၊ လုပ်ထံုးလုပ်နည်းများ၊ ညွှန်ကြားချက် စသည်များကို သက်ဆိုင်ရာဥပဒေများနှင့် အညီလည်းကောင်း ထုန်ပြန်ခြင်းပြုရန် တာဝန်မှာ  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်ဖြစ်ကြောင်းဖော်ပြပြဌာန်းထားပါသည်။ ထိုမျှသာမက ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၄၀၂)တွင် အောက်ပါကိစ္စရပ်များနှင့်စပ်လျဥ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်၇ွက်ချက်များသည် အပြီးအပြတ်အတည်ဖြစ်စေရမည်ဟုပြဌာန်း၍ အာဏာအပ်နှင်းထားသည်ကိုလည်း တွေ့ မြင်ရပါသည်-
(က) ရွေး။ကောက်တင်မြှောက်ခြင်းဆိုင်ရာလုပ်ငန်းများ
(ခ)  ရွေးကောက်ပွဲခုံအဖွဲ့ များ၏ ဆုံဖြတ်ချက်များ၊ အမိန့်် များနှင့်စပ်လျဥ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊
(ဂ) နိုင်ငံရေးပါတီဆိုင်ရာဥပဒေအရ ဆောင်ရွက်သောကိစ္စရပ်များ
      နိုင်ငံတော်တစ်ဝန်းလုံးတွင်အာဏာတည်လျက်ရှိသည့် နိုင်ငံတ်ာဖွဲ့ စည်းပုံ အခြေခံဥပဒေဖြင့် တာဝန်အပ်နှင်းခြင်းခံရသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၁၀(ဌ) ဌြာန်းချက်များအရ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ နိုင်ငံရေးပါတီများကိုမှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းနှင့်ကြီးကြပ်စေခြင်း တို့ ပြုရန် တာဝန်ရှိသဖြင့်လည်းကောင်း၊နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ( ၂၃ )နှင့်နည်းဥပဒေ (၁၈) တို့ အရ ကော်မရှင်သည် ပါတီများကို တည်ဆဲဥပဒေ၊နည်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ညာစာ အမိန်၊ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်စေရန်ကြီးကြပ်နိုင်သည်။ ကော်မ၇ှင် အဖွဲ့ ခွဲအဆင့်ဆင့်အား ကော်မရှင်ကိုယ်စား ကြီးကြပ်စေရန်တာဝန်ပေးအပ်နိုင်သည် ဟု ပြဌာန်းပါရှိသဖြင့်လည်းကောင်း၊ ဥပဒေအရပေးအပ်ထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များအရ ကော်မ၇ှင်သည် ၄င်း၏တာဝန်ကို သဘောရိုးဖြင့် ထမ်းဆောင်နေခြင်းဖြစ်ကြောင်း ထင်ရှားမြင်သာပါသည်။
      တဖန် မဲလက်မှတ်ဖယောင်းသုတ်သည်ဟု စွပ်စွဲခြင်းကိစ္စအပေါ် ကော်မရှင်ကထုတ်ပြန်သော၉.၅.၂၀၁၂ ရက်နှင့် ၆.၇.၂၀၁၂ ရက်စွဲပါသတင်းစာထုတ်ပြန်ချက်များကိုလေ့လာကြည့်က အလွန်ပင်သည်းညည်းခံနိုင်သော ကော်မရှင်ဟုပင်ဆိုရပါမည်။ ဖြစ်စဉ်မှာတစ်နိုင်ငံလုံး၏အမျိုးသားရေးတာဝန်အဖြစ် အလေးထားကျင်းပဆောင်ရွက်သော ကြားဖြတ်ရွေးကောက်ပွဲကို သေးသိမ်အရုပ်ဆိုးအောင် မည်သို့ သော အကြံမျိုးဖြင့် လုပ်ကြံစွပ်စွဲကြောင်း အများကပင်သိမြင်နိုင်ပါသည်။ အစကပင် အခြေအမြစ်မရှိ၊ မဖြစ်နိုင်သောသတင်းကိုရွေးကောက်ပွဲကျင်းပနေစဉ်အတွင်း တစ်နေ့ တည်းမှာပင် ကော်မရှင်သို့ အရောက်ပို့ ၍ အရေးယူပေးရန်စာရေးအကြောင်းကြားခြင်းမှာ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးခြင်းဖြစ်ကြောင်း သိသာထင်ရှားပါသည်။ (အကယ်၍ ရွေးကောက်ပွဲရလာဒ် လိုသလိုမဖြစ်လျှင် ဖိအားပေးတိုက်ခိုက်နိုင်ရေးအတွက်ကြိုတင်အပစ်ရှာထားသည့် သဘောဖြစ်ပါသည်။) ရွေးကောက်ပွဲရလဒ်များတွင်မိမိပါတီကိုယ်စားလှယ် အနိုင်ရရှိ၍သာ ငြိမ်နေခြင်းဖြစ်ပါသည်။
      ဤနေရာတွင် ကော်မရှင်ကသာ သဘောထားကြီးကြီးမထားပါက (၄င်းတို့ ပေးသောတုတ်ဖြင့်ပင် ၄င်းတို့ ကိုရိုက်သတ်နိုင်ပါသည်။) ယင်းပါတီ (Campaign Manager) ဆိုသူ၏စွပ်စွဲချက်အတိုင်း ၄င်းမြို့ နယ်(၁၀) မြို့ နယ်တွင် လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲမဖြစ်ဟုဆိုကာ ရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ပစ်လိုက်နိုင်ပါသည်။ ထို့ အပြင် ယင်းသို့ မမှန်မကန်ပြောဆိုကြေငြာခြင်းသည် တည်ဆဲလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ (၆၄) အရ ပြစ်မှုမြေက်သည့်အပြင် ပုဒ်မ ၆၆(က)(၄) အရလဲ တရားမဲ့ပြုကျင့်မှုမြောက်သဖြင့် ရွေးကောက်ပွဲရလဒ်များထိခိုက်သွားနိုင်ပါသည်။
      ကော်မရှင်ကရေးသားသော ၁.၆.၂၀၁၂ ရက်စွဲပါ (ပထမ) စာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ(၂) အရ နိုင်ငံတော်ကိုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည် (The state shall be know as The Republic of the Union of Myanmar) ဟု ပြဌာန်းထားသဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်အတိုင်းရေးသားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟုလည်းကောင်း၊ အတိုပြောဆိုရာတွင် မြန်မာ ဟုလည်းကောင်းရေးသားပြောဆိုရန် အကြောင်းကြားထားပါသည်။
      ကော်မရှင်၏ ၂၈.၆.၂၀၁၂ ရက်စွဲပါ (ဒုတိယ) စာတွင်ဒေါ်အောင်ဆန်းစုကြည်သည် ၂၅.၁၁.၂၀၁၁ ရက်နေ့ က ပြညထောင်စုရွေးကောက်ပွဲကော်မရှင်သို့  ပါတီတည်ထောင်ခွင့်လျှေက်ထားစဉ်ကပင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာပါမည်ဟု ကိုယ်တိုင်လက်မှတ်ထိုး ၀န်ခံချက်ပြုထားပြီးသူဖြစ်၍ နိုင်ငံတော်၏အမည်ကို ဖွဲ့ စည်းပုံအခြေခံဥပေဒေ  ပုဒ်မ(၂)ပါ ပြဌာန်းချက်အတိုင်း စာဖြင့်ရေးသားရာတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်(The Republic of the Union of Myanmar) ဟု ရေးသားပြီး၊ စကားဖြင့် အတိုကောက်ပြောဆိုလျှင် မြန်မာ(Myanmar)  ဟုပြောဆိုရမည်ဖြစ်ကြောင်း အကြောင်းကြားခြင်းသာဖြစ်ပါသည်။ (၀ါရင့်စာရေးဆရာကြီးပြောသလို ..စကင်းဝမ်တိန်ပေးခြင်း၊ ဒုတိယမ်ပိ သတိပေးခြင်း…စသည့် ဘိုတစ်ဝက်၊ ပါလိတစ်ဝက် စကားလုံးမျိုး လုံးဝမပါရှိခဲ့ပါ။
      ကော်မရှင်၏ ၆.၇.၂၀၁၂ ရက်စွဲပါ (တတိယ) စာတွင်လည်း ပါတီတာဝန်ရှိသူများက ဒီမိုကရေစီကိုယုံကြည်လို့ ၊ သံုးချင်သလိုသုံး၍ရကြောင်း၊ဖွဲ့ စည်းပုံအခြေခံဥပဒေကို မြန်မာလိုပဲ ပြဌာန်းထားပြီး အင်္ဂလိပ်ဘာသာပြန်ဟာ တရားဝင်ဘာသာပြန်မဟုတ်ဘူး၊ ဖွဲ့ စည်းပုံအခြေခံဥပဒေကို လေးစားလိုက်နာရမည်ဆိုတာ (Definition) မရှိဘူး ဟု သတင်းစာရှင်းလင်းပွဲမှာ(ငါ့စကားနွားရ) ပြောဆိုမှုတွေကြောင့် ကော်မရှင်ကဖွဲ့ စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များ၊ ၂၀၁၁ ခုနှစ် စကားရပ်များအစားထိုးခြင်းဆိုင်ရာ ဥပဒေပါပြဌာန်းချက်များ၊ ကော်မရှင်ဥပဒေနှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါ ပြဌာန်းချက်များအချို့ ကို မူရင်းအတိုင်းဖော်ပြပြီး ၊ ကော်မရှင်သည် ဥပဒေအရကြီးကြပ်ဆောင်ရွက်ရန်တာဝန်ရှိသဖြင့် မိမိတာဝန်ကိုထမ်းဆောင်ခြင်းဖြစ်ကြောင်း၊ ကော်မရှင်၏ညွှန်ကြားချက်များနှင့်ဖြစ်စေ၊  အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုသည့် စကားရပ်နှင့်ဖြစ်စေ၊ ဥပဒေအရမှားယွင်းသည်ဟုယူဆလျှင် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုင်ရာခုံးရုံးသို့  တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း ရှင်းလင်း အသိပေးခြင်းသာဖြစ်ကြောင်းတွေ့ ရှိရပါသည်။ (ကော်မရှင်က မှတ်ပုံတင်ခွင့်ပြုထားပြီး ကော်မရှင်ကကြီးကြပ်ဆောင်ရွက်ရန် တာဝန်နှင့်လုပ်ပိုင်ခွင့်ရှိသော  နိုင်ငံရေးပါတီတစ်ခုအပေါ် ယခုလောက်ကော်မရှင်က လိုက်လိုက်လျောလျော ဆက်ဆံနေသည်ကိုပင် နားမလည်နိုင်အောင်ဖြစ်ရပါသည်။
      ယခုတော့ ၉.၇.၂၀၁၂ ရက်နေ့ ထုတ်ဒီလှိုင်းဂျာနယ် အတွဲ(၁)၊ အမှတ်(၂၅)၏  စမျက်နှာ(၃)တွင် ကလောင်ရှင် ဟံသာဝတီဦးဝင်းတင်ဆိုသူ ရေးလိုက်ပုံကဖြင့် အောက်ကလဲနေသေး၊ မှတ်ပလားကွဟု ကြိမ်းဝါးပြီး၊…..က လူကိုပြန်ဟစ်နေသလို ဖြစ်နေပါပေါ့လို့ ဆိုလိုက်ချင်ပါသည်။
      လေ့လာမိသလောက်ကော်မရှင်သည် ဥပဒေပြဌာန်းချက်များကိုသာ အရှိအတိုင်းရေးသားဖော်ပြနေခြင်းဖြစ်သည်။ တိမ်ယံကနေ၊ ကြိမ်သံပေးခြင်းမျိုးမတွေ့ ရပါ။ ကြိမ်သံပေးနေသည်ဆိုသောဥပမာကလဲ မကောင်းပါ။ (၄င်းစာထဲပါသလို ကြိမ်သံပေးသည်ဆိုပါက ကော်မရှင်သည်နွားကျောင်းသားဖြစ်ပြီး ၄င်းတို့ သည်……ဖြစ်သွားပေလိမ့်မည်။
      နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ(၃၅၄)တွင် နိုင်ငံသားတိုင်းသည်******ပြဌာန်းထားသည့်ဥပဒေများနှင့်မဆန့် ကျင်လျှင် မိမ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့် ဝေခွင့်ရှိသည် ဟုပြဌာန်းထားသည်။
      ဒီမိုကရေစီမို့ မိမိအယူအဆကို လွတ်လပ်စွာသုံးနှုံးပြောဆိုခွင့်ရှိသည်ဟု ဆိုသော်လည်း ပြဌာန်းထားသည့်ဥပဒေကိုဆန့် ကျင်ချိုးဖောက်ခွင့်မရှိကြောင်း သတိချပ်ရမည်။ တရားဥပဒေစိုးမိုးရေးက အရေးကြီးသည်။ ဥပဒေ၏အထက်တွင် မည်သူမျှမရှိစေရပါဟု ဆိုသူတွေကမှ ဥပဒေကိုလိုက်နာရကောင်းမှန်းမသိလျှင်…သြော်…ငါပြောသလိုလုပ်…..ငါ…လုပ်သလိုမလုပ်နဲ့ ဆိုသည့် အာဏာရှင်ဒီမိုကရေစီစနစ်ကြီးသာ ဖြစ်ပေရော့မည်။
      မည်သည့်ဒီမိုကရေစီလူ့ အဖွဲ့ အစည်းမဟူ၊ အများဆန္ဒကိုလေးစားလိုက်နာကြရပါသည်။ အများဆန္ဒကိုဆန့် ကျင်သူ၊ Rule of Law ကိုချိုးဖောက်သူတို့ က ဒီမိုကရေစီလူ့ အဖွဲ့ အစည်းကိုထူထောင်နိုင်မည်ဟု အိပ်မက်ပင်မက်၍ မရနိုင်ပါ။ တရားဥပဒေစိုးမိုးရေးဆိုသည်ကို တရားဥပဒေဘောင်အတွင်းကတရားဥပဒေနှင့် အညီကြိုးစားဖော်ဆောင်မှသာ ရနိုင်ပေမည်။ တရားဥပဒေစိုးမိုးရေးကို ဥပဒေချိုးဖောက်ပြီး ဥပဒေမဲ့နည်းဖြင့်ဖော်ဆောင်လျှင် မင်းမဲ့စရိုက်အကျိုးကိုသာ ရရှိပေလိမ့်မည်။
      ထို့ ကြောင့်ကျွန်ုပ်တို့  ကလောင်ရှင်များသတိထားသင့်သည့်အချက်မှာ စာမဖတ်ပဲစာရေးဆရာမလုပ်လိုပါနှင့်၊ ဒီမိုကရေစီအနှစ်သာရကို မသိဘဲ ဒီမိုကရေစီဘက်တော်သားဟု မကြွေးကြော်ချင်ပါနှင့်………လူရယ်စရာဖြစ်တတ်သည်ဟုသာ…………။ ။
                                          ကို ( ဥပဒေ )
နိုင်ငံတော် တံဆိပ်
နိုင်ငံတော် အလံ
တရားဥပဒေစိုးမိုးရေး
ချိန်ခွင်
lu bo
ဘကြီးသက်
Unknown at 7:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.