Thursday, July 26, 2012

Bar Camp Xတွင် ခေါင်းစဉ် ၃ ခုဖြင့် အဓိကထား ဆွေးနွေး သွားမည်



သြဂုတ်လ ၃ ရက်၊ ၄ ရက်၊ ၅ ရက်နေ့များမှာ မြန်မာ အင်ဖိုတက်မှာ ခေါင်းစဉ် ၃ ခုကို အဓိကထားပြီး ဆွေးနွေး သွားမယ့် Bar Camp X ဆွေးနွေးပွဲကို ပြုလုပ်
သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဓိကထား ဆွေးနွေးမယ့် ခေါင်းစဉ် သုံးခု ကတော့ Data Camp, Health Camp နဲ့ Education Camp ဆိုပြီး ခွဲခြားပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Bar Camp X ဆွေးနွေးပွဲကို အခန်း ၄ ခန်းခွဲကာ ပြုလုပ် သွားမှာဖြစ်ပြီး ၁ ရက်ကို Section ၂၄ ခုခွဲကာ ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ကျင်းပရာ မှာတော့ Section တစ်ခု အတွက် ဆွေးနွေးချိန်ကို ၄၅ မိနစ်ပေး ထားတယ်လို့ သိရပါတယ်။ အဆိုပါ ဆွေးနွေးပွဲမှာ Education Camp အတွက် ခေါင်းစဉ်တွေ ကတော့ One Laptop One Child, Sketch Software အကြောင်း၊ စာသင်ခန်းသုံး multi-media Server များအကြောင်းနဲ့ radiocontrol လေယာဉ်စတဲ့ ခေါင်းစဉ်များကို ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Health Camp အတွက် ချင်းတွင်း ကောလိပ်မှ ပြုလုပ်မယ့် သွေးခုန်နှုန်း တိုင်းတဲ့ ကိရိယာ၊ လူငယ်နဲ့ အိတ်ခ်ျအိုင်ဗွီ အကြောင်း၊ Health Information System စတဲ့ ခေါင်းစဉ် များကို ဆွေးနွေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဆွေးနွေးမှုတွေ အပြင် Open Data Camp အနေနဲ့ Linux System နဲ့ ပတ်သက်တဲ့ အကြောင်းများနဲ့ အခြား အိုင်တီ နည်းပညာနဲ့ ပတ်သက် ပြီးလည်း စာသင်ကျောင်း များကို ဆွေးနွေး သွားမယ်လို့ သိရပါတယ်။ အဆိုပါ Bar Camp X ဆွေးနွေးပွဲသို့ အိုင်တီနည်းပညာ စိတ်ဝင်စားသူ၊ မည်သူမဆို တက်ရောက် ဆွေးနွေး နိုင်မယ့်အပြင် တက်ရောက် သူများမှလည်း အသိပညာများ မျှဝေနိုင်တယ် လို့လည်း သိရပါတယ်။
 MRTV4
ဘကြီးသက်
Unknown at 7:33 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.