Wednesday, July 25, 2012

အခမဲ့ အရည်အသွေးမြင့် Video Chat / VZOchat

အခမဲ့ အရည်အသွေးမြင့် Video Chat / VZOchat
http://vzochat.com/my/Default.aspx
မည်သည့် broadband သို့မဟုတ် dial-upတွင်မဆို အလုပ်လုပ်နိုင်မည့် အသုံးပြုရလွယ်ကူသော အခမဲ့ video chat software

ဘကြီးသက်
Unknown at 11:37 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဦးမြင့်ဆွေကို ဒုသမ္မတ အဖြစ် အရည်အချင်း စိစစ်ရေး အဖွဲ့ အတည်ပြု ရန်ရှိ




တပ်မတော် သား ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတအဖြစ် ရွေးချယ်ထားသော ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှာ နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ငြိစွန်းမှု မရှိကြောင်း အရည်အချင်းစိစစ်ရေး အဖွဲ့ က ပြည်ထောင်စု လွှတ်တော်သို့ ရက်ပိုင်းအတွင်း အကြောင်းကြားသွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပါက မကြာမီ ရက်ပိုင်းအတွင်း ဒုတိယ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖွယ်ရှိကြောင်း The Voice Weekly သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခဲ့သော ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ကျမ်းမာရေး ကြောင့် ရာထူးမှ နှုတ်ထွက်စာ တင်သွင်းထားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ကပြောကြားခဲ့ပြီး ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထား၍ ဒုတိယ သမ္မတ တစ်ဦးထပ်မံရွေးချယ်ပေးရန် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များကို ညွှန်ကြားခဲ့သည်။

ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ခြင်းခံရသူ ဦးမြင့်ဆွေမှာ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး၊ အမှတ်(၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး နှင့် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

The Voice Weekly
ဘကြီးသက်
Unknown at 11:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ဂျီးရီးယားဘော့စ်တစ်ဦး မယားငါးယောက်၏မုဒိန်းကျင့်ခံရ၍ သေဆုံး


ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က အူရိုကို အိုနာကျို အမည်ရ နိုင်ငံဂျီးရီးယားစီးပွားရေးနှင့် လူမှုရေးကုသိုလ်ရှင်သည် မိမိ၏ ခြောက်ယောက်မြောက် အငယ်ဆုံးဇနီးနှင့် အတူအိပ်စဉ် အခြားဇနီး ငါးယောက်က အခန်းတွင်းဝင်ရောက်လာပြီး မိမိတို့ကိုလည်း တူညီသော ချစ်စည်းစိမ်မျှဝေပေးရန် တောင်းဆိုကြလေသည်။

အိုနာကျိုက မိမိအားအင်ကုန်ခမ်းနေ၍ မတတ်နိုင်ကြောင်းပြောသော်လည်း ဖနီးသည်များက လက်မခံပဲ ဓါးအသီးသီးပြ၍ ခြိမ်းခြောက်လေသည်။

အိုနာကျိုသည် ဇနီးသည်တို့၏ဆန္ဒကို တစ်ဦးချင်းစီ ဖြည့်ဆည်းပြီး ငါးယောက်မြောက်ဇနီးအလှည့်တွင် မေ့မြှောပြီး အသက်ထွက်လေတော့သည်။

သတင်းပါအရ အိုနာကျိုသည် နိုက်ကလပ်တစ်ခုမှ မနက်သုံးနာရီအချိန်မှ အိမ်ပြန်ရောက်လာပြီး ခြောက်ယောက်ဇနီးအခန်းသို့ တန်းဝင်ခဲ့သည်။ မကျေမနပ်ဖြစ်နေသော အခြားဇနီးများက ပူးပေါင်းကြံစည်၍ အဖြစ်ဆိုးဖြင့်ကြုံလေတော့သည်။

ခင်ပွန်းသေဆုံးသည်ကို သိ၍ ဇနီးငါးဦးက တောတွင်းထွက်ပြေးသော်လည်း လေးယောက်မြောက်ဇနီးအား အရင်ဖမ်းမိခဲ့လေသည်။ သက်ဆိုင်ရာမှ ထိုဇနီးများအား မုဒိန်းမှုဖြင့် အမှုဖွင့်ထားပါသည်။

http://www.manager.co.th/Around/ViewNews.aspx?NewsID=9550000091192

ဘကြီးသက်
Unknown at 11:20 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်ရုပ်ရှင်မှာ သရုပ်ဆောင်မဲ့ နောက်ဆုံးစကာတင်၎ဦး




 
 
ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးရေးအတွက် ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်မယ့်သူ ၂ ဦးနဲ့ ဒေါ်ခင်ကြည်နေရာမှာ သရုပ် ဆောင်မယ့်သူ ၂ ဦးကို ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က ဇူလိုင်လ ၂၅ ရက်နေ့က ထုတ်ပြန်ကြေငြာ လိုက်ပါ တယ်။ ဗိုလ်ချုပ်နေရာအတွက် မောင်ကျောက်ခဲနဲ့ ကျော်ကျော်မျိုး၊ ဒေါ်ခင်ကြည်နေရာအတွက် မဇာခြည်လင်းနဲ့ သင်းမြတ်သန္တာလှိုင်တို့ကို နောက်ဆုံးစကာတင် ရွေးချယ်လိုက်တာပါ။ အဲ့ဒီ ၄ ဦးကို ၂လကြာ စခန်းသွင်းလေ့ကျင့်ပြီးမှ သူတို့အထဲက ၂-ဦးကို ရွေးချယ်မှာဖြစ်တယ်လို့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့၊ ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက် ထွေးက ပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို လာမယ့် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်ရိုက်ကူးမယ်လို့ သိရပါတယ်။ 
“ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် ရွေးချယ်ပြီးစီး”

ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ရုပ်နေရာနှင့် ဒေါ်ခင်ကြည်ဇာတ်ရုပ်နေရာအတွက် လူရွေးချယ်ပြီးကြောင်းကို ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီကထုတ်ပြန်ကြေငြာထားပါတယ်။

ဗိုလ်ချုပ်ဇာတ်ရုပ်နေရာတွင်
၁။ မောင်ကျောက်ခဲ (သုစိတ္တာရုံကျောင်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့)
၂။ မောင်ကျော်ကျော်မျိုး (KBZ ဘောလုံးအဆောင်၊ ရွှေအင်ကြင်းရိပ်မွန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့) ဖြစ်ပြီး

ဒေါ်ခင်ကြည်ဇာတ်ရုပ်နေရာတွင်
၁။ မဇာခြည်လင်း (အမှတ်-၂၊ ကိုးဆူကျောင်းလမ်း၊ ပုသိမ်မြို့နယ်)
၂။ မသင်းမြတ်သန္တာလှိုင် (ရ.ယ.က ၀န်း၊ သမာဓိလမ်း (၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့) တို့ကို ရွေးချယ်ထားကြောင်းသိရပါတယ်။

ဘကြီးသက်
Unknown at 11:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Best One Mobile ဆိုင်၏ အညံ့ဖျင်းဆုံးဝန်ဆောင်မှု


ကမာရွတ်မြို့နယ်(စံရိပ်ငြိမ်လမ်းထိပ်)တွင် ဖွင့်လှစ်ထားသော Best One Mobile ဆိုင်တွင် 2012-ခုနှစ် ဇွန်လ(၃)ရက်နေ့တွင် Sony Ericsson Handset ကို မြန်မာငွေကျပ်တစ်သိန်းကိုးသောင်းငါးထောင်တိတိ(၁၉၅၀၀၀ိ/-)ဖြင့် ၀ယ်ယူခဲ့ပါသည်။ warranty အနေဖြင့် service ကို free ဟုပြောပြီး၊ parts ကိုတော့ ကျသင့်ငွေပေးရမည်ဟုပြောပါသည်။ သို့သော် ၄င်းဖုန်းမှာ ၀ယ်ယူပြီး (၁)လပင်မပြည့်ပါ။ (၂၁-၆-၂၀၁၂)ရက်နေ့တွင် display ပျောက်သွားသဖြင့်၊ ဆိုင်သို့ ပြရန်အသွားတွင် ပြန်ကောင်းသွားပါသည်။ ထိုသို့ (၂)ခါခန့်ဖြစ်ပြီး (၂၅-၆-၂၀၁၂)ရက်နေ့တော့ display လုံးဝမလာတော့ပါသဖြင့် ၀ယ်ယူထားသော ၄င်းဆိုင်သို့ လာရောက်အပ်နှံရပါတော့သည်။ ဆိုင်အရောင်း Su Myat ဆိုသော မိန်းကလေးမှ ပစ္စည်းအားလက်ခံပြီး၊ warranty နှင့်ပတ်သက်သော ကိစ္စများကို ပြောပြပါသည်။ သို့သော် customer အနေဖြင့် မိမိဝယ်ယူထားသော handset အမျိုးအစားမှာ ၂ သိန်းနီးပါးပေးဝယ်ရပြီး၊ ဈေးပေါသော ပစ္စည်းမဟုတ်ခြင်း၊ ၀ယ်ယူထားသည်မှာလည်း တစ်လပင်မပြည့်သောကာလဖြစ်ခြင်း (အချို့ဆိုင်များတွင် ထိုသို့အနေအထားဆိုလျှင် ပစ္စည်းတစ်လုံး အစားထိုးပြန်ပေးသည်ဟု သိရပါသည်) စသည်များကြောင့် စောဒကတက်ပါသည်။ နောက်ဆုံး ဆိုင်မှ ပေးထားသော warranty ဖြင့်သာ လက်ခံ ကျေနပ်ခဲ့ရပြီး ပစ္စည်းကို service လုပ်ရန် ထိုနေ့တွင်ပင်(၂၅-၆-၂၀၁၂) အပ်နှံခဲ့ပါသည်။ parts လဲရန်လိုပါက ကျသင့်ငွေမေးမြန်းသောအခါ မသိရှိပါဟု ပြောပါသည်။ ကျသင့်လျှင်လည်း (၂)သောင်းခန့်သာ အများဆုံး ကျမည်ဟု ပြောပါသည်။ ကျသင့်ငွေအတိအကျကို ဖုန်းဖြင့် အကြောင်းကြားပေးပါမည်ဟု ပြောပါသည်။ ထိုသို့ အပ်နှံပြီး တစ်ပတ်အကြာအထိ Best One Mobile မှ မည်သည့်အကြောင်းပြန်မှု တစ်စုံတစ်ရာမျှ မပြုလုပ်သဖြင့် customer ကိုယ်တိုင်ဆက်သွယ်မေးမြန်းမှ parts လဲရမည်ဖြစ်ပြီး၊ ကျသင့်ငွေအတိအကျမသိရ သေးကြောင်း ပြောပါသည်။ ကျသင့်ငွေမှာလဲ အလွန်ဆုံးကျသင့်ပါက (၂)သောင်းသာ ဖြစ်ပြီး၊ အများကြီးကျမည်မဟုတ်သဖြင့် စိုးရိမ်စရာမလိုကြောင်း ပြောပါသည်။ ထိုသို့ဆက်သွယ်မေးမြန်းမှုများ ပြုလုပ် လာရာ handset အား တရုတ်ပြည်သို့ ပို့ထားကြောင်း ပြောပါသည်။ တစ်လခန့်အကြာတွင်တော့ နောက်ဆုံး parts ဖိုးကျသင့်ငွေ အတိအကျ သိရပါသည်။ ထိုအခါ မိမိတို့ မှန်းထားသော ကျသင့်ငွေထက် များစွာပိုသောပမာဏဖြစ်သည့် (၈)သောင်းကျမည်ဟု ပြောပါသည်။ အရောင်းစာရေးမလေးက ဆိုင်မန်နေဂျာ ဆိုသူနှင့် ဆွေးနွေးရန် ဖုန်းနံပါတ်ပေးပါသည်။ ဆိုင်မန်နေဂျာနှင့်ဆွေးနွေးရာတွင်လည်း ၄င်းတို့ဆိုင်အနေဖြင့် တစ်ပြားမျှလျှော့မပေးနိုင်ကြောင်း၊ ကျသင့်ငွေ(၈)သောင်းသာပေးဆောင်ရမည်ဖြစ်ကြောင်း၊ လက်ခအခမဲ့ ပြင်ဆင်ခြင်းမှလွဲပြီး တစ်ခြားမည်သည့်အရာမျှ တာဝန်မယူနိုင်ကြောင်း ပြောပါသည်။ မိမိအနေဖြင့် စိတ်မကျေမနပ်မှု အတော်ဖြစ်ရပါသည်။ မိမိဝယ်ထားသော တန်ဖိုးနှင့် Best One Mobile လို နာမည်ကြီးဆိုင်မှ ပြန်ရသော တန်ဖိုးမှာ လွန်စွာမှညံ့ဖျင်းလွန်းပါသည်။ နောက်ဆုံး မိမိ၏ Handset ကိုသာ ဆိုင်မှ ပြန်တောင်းခဲ့ရပါသည်။
ဒီမှာတစ်ခု ပြောချင်သည်မှာ မိမိဝယ်ထားသော Handset တန်ဖိုးသည် (၂)သိန်းဝန်းကျင်ရှိခြင်း၊ မိမိ သုံးလိုက်ရသော ကာလမှာ တိုတောင်းလွန်းခြင်း(၂၁-ရက်သာ)၊ ၄င်းတို့ ပြင်ဆင်ရန်အတွက်တောင်းသော ပစည်းဖိုးမှာ လွန်စွာမှများပြားခြင်း၊ Best One Mobile လို နာမည်ကြီးဆိုင်၏ အရောင်းစာရေးမများသည် စကားပြောကောင်းသောလည်း လက်တွေ့တွင် customer များအပေါ် ၀န်ဆောင်မှုပေးခြင်းတွင် လိုအပ်ချက်များရှိခြင်း၊ customer ကို လေးစားတန်ဖိုးမထားခြင်း၊ facebook မှ မမြင်ဖူး မသိဖူးသော မိတ်ဆွေများအား မိမိကဲ့သို့ မဖြစ်စေလိုခြင်း၊ ထိုအချက်များကြောင့် ၄င်းတို့ Best One Mobile ဆိုင်တွင် ၀ယ်ယူအားပေးခြင်းအား အလေးထားဂရုပြုရန်နှင့် မိမိကဲ့သို့ ၀န်ဆောင်မှုညံ့ဖျင်းသည့် Best One Mobile ဆိုင်တွင် မ၀ယ်မိစေရန် ရည်ရွယ်ပြီး တင်ပြလိုက်ပါသည်။
မည်သူမဆို ဖုန်းနံပါတ် 09401545447 သို့ စုံစမ်းမေးမြန်နိုင်ပါသည်။ (Handset အခက်အခဲကြောင့် တစ်ခါတစ်ရံ ဖုန်းပိတ်ထားခြင်းဖြစ်ပါသည်။)

Zay Moore facebook မှ
ဘကြီးသက်
Unknown at 10:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွှတ်တော် ကိုယ်စားလှယ်များ နှစ်ကြိမ် သတိပေး ခံရ


နေပြည်တော်၊ ဇူလိုင် ၂၅

ယနေ့ ကျင်းပ နေသော ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် အဆို တင်သွင်း ထားသော တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးရန် ပြဌာန်း ပေးရန် အဆိုကို လွှတ်တော် ကိုယ်စားလှယ်များက ပါဝင် ဆွေးနွေးခဲ့မှုများတွင်အဆိုနှင့် မသက်ဆိုင်သော အကြောင်းအရာများ ပါဝင်နေသဖြင့်  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုနှင့် တိုက်ရိုက် သက်ဆိုင်သည့် ကိစ္စရပ်များကိုသာ ဆွေးနွေးရန် လွှတ်တော် ကိုယ်စားလှယ်များကို နှစ်ကြိမ်တိုင် သတိပေးခဲ့သည်။

မဟာအောင်မြေ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်နှင့် ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဦးကျော်သီဟတို့၏ ဆွေးနွေးမှုများတွင် ပုဂ္ဂိုလ်ရေး ထောက်ခံမှုများ ပါဝင်နေသဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွေမန်းက လွတ်တော် ကိုယ်စားလှယ်များအား ပြည်သူ့လွတ်တော် နည်းဥပဒေ ၁၃၀ အပိုဒ်ခွဲ (င) အရ သာမာန်အားဖြင့် ပုဂ္ဂိုလ်တစ်ဦး၏ အပြုအမူနှင့် စပ်လျှင်း၍ ဖော်ပြချက်များ မပါရှိစေရန်နှင့် အပိုဒ်ခွဲ (စ) အရ ဆွေးနွေးရာတွင် လွတ်တော်၏ ဆွေးနွေးမှု အဆိုဖြင့်သာ ထောက်ခံ ဆွေးနွေးရန် သတိပေးခဲ့ခြင်းဖြစ်သည်။

မဟာအောင်မြေ မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ဆွေးနွေးမှုများတွင် နှစ်ပေါင်းလေးဆယ်အတွင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အား အစားထိုးနိုင်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည် ပေါ်ပေါက်လာကြောင်း၊ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံဖြစ်ထွန်းရန်အတွက် နိုင်ငံတော် သမ္မတကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် ညီညီညွတ်ညွတ် အကောင်အထည် ဖော်ရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သတိ ပေးပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နေပြည်တော် ဥတ္တရ သီရိ မဲဆန္ဒနယ်မှ ဦးမင်းသူက တိုင်းရင်းသား အရေး ဆွေးနွေးရာတွင် ပွင့်ပွင့်လင်းလင်း မဆွေးနွေး နိုင်သည်ကို တွေ့ရှိရကြောင်း၊ တိုင်းရင်းသားများ၏ စိတ်ပိုင်းဆိုင်ရာ သိမ်ငယ်စိတ်အရ ပွင့်ပွင့်လင်းလင်း မပြောနိုင်သည်ကို တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားခဲ့ရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပါက ပြောကြားချက်ကို ကန့်ကွက်ကြောင်း ပြန်လည် ဆွေးနွေးခဲ့ပြီး ဥက္ကဋ္ဌ၏ ပြောကြားချက်ကို လွှတ်တော် ကိုယ်စားလှယ်များက လက်ခုပ်တီး၍ အားပေး ထောက်ခံခဲ့ကြသည်ဟု လွှတ်တော် အစည်းအဝေးသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်း ပေးပို့သည်။ထို့နောက် ဥက္ကဋ္ဌက ဦးမင်းသူ အပါအ၀င် လွှတ်တော် ကိုယ်စားလှယ် အားလုံးအား ထပ်မံ သတိပေး ခဲ့ပြီး အသစ်ရောက်ရှိလာသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ရောက်နှင့်နေပြီးသော ကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီမှ ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းထားသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ပေးရန် ပြဌာန်းပေးရန်အဆိုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်  ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆွေးနွေးခဲ့သည်။

The Voice Weekly

ဘကြီးသက်
Unknown at 10:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံ၌ အိမ်ထောင်မပြုသူ အချိုး များပြားလာပြီး အိမ်ထောင်ပြုသည့် အသက်အရွယ်မှာလည်း တဖြည်းဖြည်း မြင့်မားလာရာ စားဝတ်နေရေး ပြဿနာသည် အဓိက အကြောင်းရင်းတွင် ပါဝင်နေ


5173

အမျိုးသား၊ အမျိုးသမီး အိမ်ထောင်မပြုသူ အချိုးပြ ဇယား
မြန်မာနိုင်ငံ၌ အိမ်ထောင်မပြုသူ အချိုး ပိုမိုများပြားလာပြီး အိမ်ထောင်ပြုသည့် အသက်အရွယ်မှာ လည်း တဖြည်းဖြည်းမြင့်မားလာရာ စားဝတ်နေရေး ပြဿနာသည် အဓိက အကြောင်းရင်းတွင် ပါဝင်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း ကောက်ယူခဲ့သည့် ‘မွေးဖွားမှုနှင့် မျိုးဆက်ပွား ကျန်းမာရေး’ စစ်တမ်းအရ သိရသည်။
အဆိုပါစစ်တမ်းကို ၂၀၀၇ ခုနှစ် တွင် ကောက်ယူခဲ့ပြီး ၂၀၀၉ ခုနှစ် တွင် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း နှင့် မွေးဖွားမှုနှင့်မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ နောက်ဆုံးထွက်ရှိထားသည့် စစ်တမ်းတစ်ခုဖြစ်ကြောင်း သိရသည်။
စစ်တမ်းတွင် ဖော်ပြထားချက်များအရ အသက် ၁၅ မှ ၁၉ နှစ် အတွင်းရှိ အမျိုးသမီးများတွင် အိမ်ထောင်မပြုသည့် နှုန်းသည် ၁၉၇၃ ခုနှစ်က ၇၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၉၂ ဒသမ ၈ ရာခိုင် နှုန်းသို့လည်းကောင်း၊ အသက် ၂၀ မှ ၂၄ နှစ်အတွင်းရှိ အမျိုးသမီးများ တွင် ၃၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၆၇ ဒသမ ၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အသက် ၄၅ မှ ၄၉ နှစ်အတွင်းရှိ အမျိုးသမီးများတွင် ၅ ဒသမ ၉ ရာခိုင် နှုန်းရှိခဲ့ရာမှ ၁၄ ဒသမ ၈ ရာခိုင်နှုန်း သို့ လည်းကောင်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် အသက် ၁၅ မှ ၁၉ နှစ်အတွင်းရှိ အမျိုးသားများတွင် အိမ်ထောင်မပြုသည့် နှုန်းသည် ၁၉၇၃ ခုနှစ်က ၉၂ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၉၅ ဒသမ ၉ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အသက် ၂၀ မှ ၂၄ နှစ်အတွင်းရှိ အမျိုးသားများတွင် ၅၅ ဒသမ ၂ ရာခိုင်နှုန်းမှ ၇၆ ဒသမ ၇ ရာခိုင်နှုန်းသို့ လည်းကောင်း၊ အသက် ၄၅ မှ ၄၉ နှစ် အတွင်းရှိ အမျိုးသားများတွင် ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရသည်။
စစ်တမ်း၌ အမျိုးသမီးများတွင် ၁၉၇၃ ခုနှစ်က အိမ်ထောင်ပြုသည့် အသက်အရွယ်မှာ ၂၁ နှစ်ဝန်းကျင် ဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် ၂၆ နှစ်သို့ မြင့်တက်ခဲ့ကြောင်း၊ အလားတူ အမျိုးသားများတွင်လည်း ၂၃ နှစ်ဝန်းကျင် မှ ၂၀၀၇ ခုနှစ်တွင် ၂၇ နှစ် ၀န်းကျင် သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။
“အိမ်ထောင်မပြုသူ အချိုးများ လာတာ အဓိကကတော့ စားဝတ်နေရေး ပြဿနာတွေ များလာတာ၊ လူနေမှုပုံစံတွေ ပြောင်းလဲလာတာတွေကြောင့် ပါပါတယ်။ ပညာရေး၊ စီးပွားရေး ဘက်ကိုပိုပြီး ဦးစားပေးလာတယ်။ နောက်အခုခေတ်က အိမ်ထောင်ပြုကြရင်လည်း ကလေးယူတဲ့နှုန်းတွေ နည်းလာတယ်။ အားလုံးကိုခြုံကြည့်လိုက်ရင် အရင်ခေတ်တွေကထက် ဒီဘက်ခေတ်မှာက အိမ်ထောင်ပြုမယ်ဆိုရင် တွက်ချက်မှုတွေ ပိုများလာတာကြောင့်လို့ ထင်ပါတယ်” ဟု ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ဆိုပါသည်။
မြို့ပြနှင့်ကျေးလက် ဒေသများတွင် အိမ်ထောင်ပြုသည့် အသက်အရွယ်မှာ အမျိုးသမီးများတွင် ၂၁နှစ် ၀န်းကျင်ရှိခဲ့ရာမှ ၂၆နှစ်ဝန်းကျင်သို့ လည်းကောင်း၊ အမျိုးသားများတွင်  ၂၄နှစ် ၀န်းကျင်ရှိခဲ့ရာမှ၂၈နှစ်ဝန်းကျင်သို့ လည်းကောင်း မြင့်တက်လာကြောင်း စစ်တမ်းတွင် ဖော်ပြထားချက်များ အရ သိရသည်။
EMG

ဘကြီးသက်
Unknown at 10:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျီအက်စ်အမ်ဖုန်းများ ကျပ်တစ်သိန်း ဝန်းကျင်ဖြင့်လာမည့်နှစ်ဦးပိုင်းတွင် ရောင်းမည်


လာမည့် ဘဏ္ဍာရေး နှစ်ဦးပိုင်းတွင် ဂျီအက်စ်အမ်ဖုန်းများကို ကျပ်တစ်သိန်း ဝန်းကျင်ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အတည်ပြု ပြောကြားလိုက်သည်။ ယင်းကဲ့သို့ ဖုန်းဈေးနှုန်းများ လျှော့ချပါက အလုံးရေ အများအပြားရောင်းရမည် ဖြစ်သောကြောင့် လိုအပ်သည့် လိုင်းအင်အား တိုးချဲ့ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ဈေးနှုန်းနည်းသွားရင် ဝယ်မယ့် အင်အားက များလာမယ်။ ဒါကြောင့် လက်ရှိမှာ လိုအပ်တဲ့ လိုင်းအင်အားတွေ ပြင်ဆင်နေတယ်။ လာမယ့် ဘတ်ဂျက် နှစ်စမှာတော့ ဈေးနှုန်းတွေ လျှော့ပေးဖို့ရှိတယ်။ ကျပ်တစ်သိန်းခွဲနဲ့ တစ်သိန်းဝန်းကျင် ဖြစ်မှာပါပဲ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဖုန်းများ ရောင်းချရာတွင် ဝယ်ယူလိုသည့် ပမာဏအတိုင်း ရောင်းချပေးနိုင်ရန် အစီအစဉ်များ ဆောင်ရွက်လျက်ရှိပြီး ကျပ်နှစ်သိန်းတန် ဖုန်းများ ရောင်းချစဉ်က ရောင်းလိုအားနှင့် ဝယ်လိုအား မမျှတမှုကြောင့် ဈေးနှုန်းမြင့်တက်မှု မဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ “ဖုန်းတွေဈေးကျရင် လက်ရှိ ဖုန်းကိုင်နိုင်မယ့် လူဦးရေထက် ထက်ဝက်ကျော် ဖြစ်သွားမှာပါ။ လက်ရှိမှာ ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေလဲ ရှိပါတယ်” ဟု ယင်းက ထပ်မံပြောသည်။ လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းနှင့် ကျပ်နှစ်သိန်းခွဲတန် WCDMA ဖုန်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်၍ အိုင်တီလုပ်ငန်း လုပ်ကိုင်နေသူ ကိုမိုးဟိန်းက “လူတိုင်း ဖုန်းကိုင်နိုင်ရုံနဲ့ မပြီးဘူး။ လိုင်းတွေကောင်းဖို့လဲ အရေးကြီးပါတယ်။ တခြားနိုင်ငံတွေရဲ့ ဆက်သွယ်ရေး လမ်းကြောင်းကို အမီလိုက်နိုင်မှ တော်ကာကျမယ်။ အခုဆိုရင် ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီး ပုဂ္ဂလိက အခန်းကဏ္ဍက ပိုပြီး ပါဝင်လာတဲ့အတွက် အဆင့်တစ်ခုတော့ မြင့်မားလာမှာပါ” ဟု ပြောသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကနဦးအနေဖြင့် ဂျီအက်စ်အမ်ဖုန်းများကို ရောင်းဈေး ကျပ် ၁၅ သိန်းဖြင့် လည်းကောင်း၊ ယင်းမှတစ်ဆင့် ကျပ်ငါးသိန်းဖြင့် လည်းကောင်း လျှော့ချပေးခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ကျပ်နှစ်သိန်းသို့ အဆင့်ဆင့် လျှော့ချပေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။   
ခေတ်လူငယ်
ဘကြီးသက်
Unknown at 8:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည်ကဆင်တွေ ထိုင်းနိုင်ငံကို ခိုးထုတ်နေ

မြန်မာနိုင်ငံက ဆင်တွေ တစ်နှစ်ကို အကောင် ၅၀ ကနေ ၁၀၀ ကြား ထိုင်းနိုင်ငံကို ခိုးထုတ်ခံနေရတယ်လို့ Ecologist Film Unit (EFU) ဆိုတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
(ဓာတ်ပုံ- EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်မှ ရယူဖော်ပြပါသည်။)
မြန်မာနိုင်ငံက ဆင်များ ထိုင်းနိုင်ငံကို ခိုးထုတ်နေသောပုံ ဖြစ်ပါသည်။
ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသည်တွေ ကြည့်ဖို့ ပြုလုပ်ထားတဲ့ ဆင်စခန်းတွေကို ပို့ဆောင် ရောင်းချခြင်းအားဖြင့် ဒီလုပ်ငန်း ဖြစ်ထွန်းတွင်ကျယ် နေတယ်လို့ ဆိုပါတယ်။
ဒီအကြောင်း EFU အဖွဲ့က လျှို့ဝှက် ရိုက်ကူးထားတာတွေကို အခု မှတ်တမ်း ရုပ်ရှင်အဖြစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။
မှောင်ခို ခိုးထုတ်နေတဲ့ ဆင်တွေမှာ ဆင်ပေါက်လေးတွေနဲ့ ဆင်မကလေးတွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဆင်လေးတွေ ဖမ်းတဲ့အခါမှာလည်း ဆင်ကြီးတွေရဲ့ ရန်ကနေ အကာအကွယ်ရအောင် ဖမ်းဆီးသူတွေက မောင်းပြန်သေနတ်တွေ အသုံးပြုသလို ယဉ်ပါးအောင် လုပ်တဲ့အခါမှာလည်း အလွန်အကျွံ နှိပ်စက် ညှင်းပမ်းတာတွေ ရှိတယ်လို့လည်း EFU အဖွဲ့က ပြောဆိုပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံမှာ လာမယ့်နှစ် ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတရိစ္ဆာန်နဲ့ သဘာဝ ပန်းမန် ကူးသန်း ရောင်းဝယ်မှုဆိုင်ရာ ညီလာခံ မတိုင်ခင် ဆင်မှောင်ခို လုပ်ငန်းကို နှိမ်နင်းခြေမှုန်းဖို့ တက်ကြွလှုပ်ရှားသူတွေက ထိုင်းအစိုးရကို တောင်းဆိုနေကြတယ်လို့ ဆိုပါတယ်။

RFA Burmese

ဘကြီးသက်
Unknown at 8:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နှစ်(၂၀)အတွင်း အပိတ်ခံထားရသော ရန်ကုန်နည်းပညာတက္ကသိုလ် YTU ပြန်ဖွင့်ပြီ




မြန်မာနိုင်ငံ၏လက်ရှိအခြေ အနေအရ ပညာရေးအဆင့်အ တန်းအား မြှင့်တင်ရန် ကြိုးစား နေလျက်ရှိရာ ယခုတွင် နည်းပညာ တက္ကသိုလ်များ အဆင့်မြှင့်တင် ရန်အတွက် ပထမအဆင့်အနေ ဖြင့် ယခင်ကအပိတ်ခံထားရသော နည်းပညာကျောင်းတစ်ကျောင်း ဖြစ်သည့် ရန်ကုန်နည်းပညာ တက္ကသိုလ် YTU အားပြန်လည် ဖွင့်လှစ်ခွင့်ရပြီဖြစ်ကြောင်း သိပ္ပံ နှင့် ပညာရေးဝန်ကြီးဌာနမှသိရသည်။

အဆိုပါ ရန်ကုန်နည်းပညာ တက္ကသိုလ်သည်ကမ္ဘာကအသိအ မှတ်ပြုသည့်ကျောင်းတစ်ကျောင်း ဖြစ်ပြီး လူတော်လူကောင်းမြောက် များစွာနှင့် အတတ်ပညာရှင်များကို မွေးထုတ်ပေးနေသည့် ၎င်းကျောင်း သည် ယခုပြန်လည် ဖွင့်လှစ်ရာ တွင်လည်း ယခင်နည်းစနစ်များ အတိုင်းသင်ကြားသွားမည်ဖြစ် ကြောင်း ကျောင်းသားခေါ်ယူ သည့်နေရာမှာ လည်းအခြားနည်း ပညာတက္ကသိုလ်များနှင့်အတူ ခေါ်ယူသွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးမှ ပြောကြား သည်။

""ဒီရန်ကုန်နည်းပညာ တက္ကသိုလ်မှာတော့အခြားကျောင်း တွေနဲ့မတူ ဘာသာရပ် (၁၂)ခုကို သင်မယ်။ ကျောင်းသားခေါ်ယူ တဲ့နေရာမှာလည်း အမှတ်(၄၅၀) နှင့်အထက် ကျောင်းသားကျောင်း သူဦးရေ (၂၅၀)ကို သာခေါ်ယူ သွားမှာဖြစ်ပါတယ်။ သင်ကြား သည့်နေရာမှာလည်း နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်းများ သင်ကြားမှုစနစ်များဖြင့် အင်ဂျင် နေရာပုံစံကျကျ သင်ကြားပေး သွားမည်ဖြစ်ပါတယ်""ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အဆိုပါကဲ့သို့ ကမ္ဘာအသိအမှတ် ပြုသည့် ကျောင်းအား ပြန်လည် ဖွင့်လှစ်ပေးခြင်းကြောင့် နည်း ပညကျောင်းသားများ၏ ပညာ ရည်အဆင့်အတန်းသည်ယခင် ထက်ပိုမိုမြင့်မားလာမည်ဖြစ်ကြော
င်း နည်းပညာကျောင်းသားတစ်ဦးဖြစ် သူ ကိုကြည်ဟိန်းညွန့်မှပြောကြား သည်။

""အခုလို ကမ္ဘာကအသိအ မှတ်ပြုခံရတဲ့ ဒီလိုကျောင်းကြီးကို ပြန်ဖွင့်ပေးတော့ အရမ်းကိုဝမ်း သာပါတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုကျောင်းကြီးကိုတက်ခွင့်
မရတဲ့ အခါ နောင်တလည်းရပါတယ်။ ဒီကျောင်းမှာက သင်ထောက်ကူ ပစ္စည်းက အစုံအလင်ရှိသလို သင်ကြားတဲ့ ဆရာ ဆရာမတွေ ကလည်း အရမ်းတော်တဲ့ ဆရာ ဆရာမတွေကိုစုထားတဲ့ကျောင်း တစ်ကျောင်းဖြစ်ပါတယ်။ ကျွန် တော်ကျောင်းတက်တုန်းက ကျွန် တော့်ကျောင်းမှာမရှိတဲ့စာအုပ်တွေ ကို ဒီမှာပဲလာရှာရတယ်။ ဒီကျောင်း ကြီးပြန်ဖွင့်တာအရမ်းကိုဝမ်းသာ ပါတယ်။ နည်းပညာကျောင်းသား တွေအတွက်တော့ နည်းနည်း အခက်အခဲရှိတယ်။ ဘာလို့လည်း ဆိုတော့ ဒီလိုကမ္ဘာက အသိ အမှတ်ပြုတဲ့ရန်ကုန်နည်းပညာ တက္ကသိုလ်ကြီးကို ပြန်ဖွင့်လိုက်ပြီ ဆိုတော့ အခြားနည်းပညာ တက္ကသိုလ်က ဘွဲ့ရထားတဲ့ကောင်တွေ သေရော၊ ဘွဲ့ခြင်းတူတာတောင် ဒီလိုကျောင်းကြီးနဲ့ ဂုဏ်ခြင်းမတူ ပါဘူး""ဟုနည်းပညာကျောင်းသား တစ်ဦးဖြစ်သူ ကိုကြည်ဟိန်းညွန့် မှပြောကြားခဲ့သည်။

အဆိုပါ ရန် ကုန်နည်းပညာတက္ကသိုလ် YTU သည် ရုရှားနိုင်ငံမှ တည်ဆောက် ပေးခဲ့သော ကျောင်းတစ်ကျောင်း ဖြစ်ပြီး သင်ကြားသည့် ဆရာ၊ ဆရာမများသည်လည်း နာမည် ကျော်ဆရာ၊ ဆရာမများဖြစ်ပြီး သင်ထောက်ကူပစ္စည်းများသည် လည်း အစုံအလင်ရှိသည့်ကျောင်း တစ်ကျောင်းဖြစ်ကြောင်း သိရ သည်။

ဖြိုးအောင် - Hot News

  lu bo

ဘကြီးသက်
Unknown at 8:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Frist Weekly ဂျာနယ် တရားစွဲခံရမှု စတင်စစ်ဆေး

ဒလဆိပ်ကမ်းမှာ ယာဉ်ရပ်နားခ ကောက်ခံတဲ့ ကန်ထရိုက်တာ ဒေါ်သစ်သစ်ဆွေက First Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးအောင်စိုးသူကို သတင်းမှား ရေးသားတယ်ဆိုပြီး အသရေဖျက်မှုနဲ့ စွဲဆိုထားတဲ့ အမှုကို ကျောက်တံတားမြို့နယ်ရှိ အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးခဲ့ပါတယ်။
RFA
မေလ ၂၅ ရက်နေ့ထုတ် First Weekly ဂျာနယ်တွင် ဒလဆိပ်ကမ်းမှာ ယာဉ်ရပ်နားခတွေ သတ်မှတ်နှုန်းထက် တိုးမြှင့်ကောက်ခံနေသည့် သတင်းဖော်ပြချက် ဖြစ်ပါသည်။
အဲဒီ ဒလဆိပ်ကမ်းမှာ ယာဉ်ရပ်နားခတွေ သတ်မှတ်နှုန်းထက် တိုးမြှင့်ကောက်ခံနေတဲ့အတွက် ကားသမားတွေ မကျေနပ်ကြ ဆိုတဲ့ ခေါင်းစဉ်ပါ သတင်းတစ်ပုဒ်ကို မေလ ၂၅ ရက်နေ့ထုတ် First Weekly ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
ဒီသတင်း ရေးသားချက်တွေဟာ မှန်ကန်မှု မရှိဘူးဆိုကာ နစ်နာကြေး သိန်းနှစ်ရာ ရလိုကြောင်း လုပ်ငန်းလုပ်ကိုင်ခွင့် ရထားသူ ဒေါ်သစ်သစ်ဆွေက မေလ ၃၁ ရက်မှာ ဦးအောင်စိုးသူကို တရားစွဲခဲ့တာ ဖြစ်ပါတယ်။
အလားတူပဲ ဂျာနယ် အယ်ဒီတာ ဦးအောင်စိုးသူကလည်း ဒေါ်သစ်သစ်ဆွေကို အသရေဖျက်မှုနဲ့ တုံ့ပြန်စွဲဆိုကာ ဒီကနေ့ တတိယအကြိမ် ရုံးချိန်းမှာ ဒေါ်သစ်သစ်ဆွေထံက နစ်နာကြေး ကျပ် သိန်းသုံးရာ ပြန်လည် တောင်းခံခဲ့ကြောင်း သိရပါတယ်။
ဒီပြဿနာနဲ့ ပတ်သက်ပြီး ကြားဝင်ဖြန်ဖြေဖို့ ကြိုးစားခဲ့တဲ့ မြန်မာစာနယ်ဇင်း သမဂ္ဂ ပေါ်ပေါက်ရေးအတွက် ဦးဆောင်လှုပ်ရှားနေသူ တစ်ဦးဖြစ်တဲ့ ဦးဇော်သက်ထွေးကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ် မေးမြန်းထားတာကို နားဆင်ပါ။
ဆက်သွယ်မေးမြန်းချက်။
RFA
ဘကြီးသက်
Unknown at 8:17 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရပ်ကွက်လူမိုက်နှင့် တူသည့် မြန်မာအစိုးရ... (ရေးသားသူ Myo Set)



စာပေစီစစ်ရေးက ဖော်ပြခွင့်မပြုတဲ့ "Newday News "ဂျာနယ်မှ ဘင်္ဂလီ အင်တာဗျူးတခု.. ဆိုတဲ့ ပိုစ့်အောက်မှာ လာရောက် ကွန်မာန့်ပေးတဲ့  ကိုMyo Setရဲ့ ကွန်မာန့်အား အများမှ နှစ်ခြိုက်လက်ခံတဲ့ အတွက် အများသိအောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်..။
 http://www.demowaiyan.org/2012/07/newday-news.html
ရပ်ကွက်လူမိုက်နှင့် တူသည့် မြန်မာအစိုးရ...
 (ရေးသားသူ Myo Set)

မြန်မာအစိုးရသည် ဘာနဲ့ တူသည်လဲဆိုတော့ ငယ်စဉ်က ရပ်ကွက်ထဲ၊ အိမ်ထဲမှာသာ မိုက်ရဲသော လူမိုက်၊ လူရမ်းကားနှင့်တူနေသည်။

၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတုန်းက ပြလိုက်သည့် သေနတ်ကျည်အစွမ်း။ ကချင်ဒေသတွင် ထုလိုက်၊ နှက်လိုက်သည်မှာ ကမ္ဘာစစ်ဖြစ်လျှင်ပင် မြန်မာက အောင်ပွဲဆင်မည့်အလား။

သို့ရာတွင် ခေတ်သစ် Globalization အခင်းအကျင်းတွင် အထီးကျန်မြန်မာနိုင်ငံသည် နိုင်ငံတကာဆက်ဆံရေးစာမျက်နှာနှင့် နိုင်ငံခြားရေးပေါ်လစီကိစ္စတွင် လူမမယ်လသားအရွယ်မျှသာ ရှိနေသေးသည်နှင့်တူနေသည်။ ဘင်္ဂလားဒေ့ရှ်လို 1971မှ ပါကစ္စတန်ထံမှ လွတ်လပ်ရေးရသော နိုင်ငံတစ်ခု၏ ဒစ်ပလိုမေစီပရိယာယ်လက်အောက်တွင် ၁၉၄၈ခုနှစ်ကတည်းက လွတ်လပ်ရေးရခဲ့သော မြန်မာနိုင်ငံ၏ မြန်မာအစိုးရ ကောင်းကောင်းကြီး ပါးရိုက်ခံနေရသည်။

ရေပိုင်နက် ကိစ္စတွင်လည်း မြန်မာအစိုးရက "ဘောအ" ကြီးဖြစ်နေချိန်တွင် ဘင်္ဂလားဒေ့ရှ်ဖက်မှ သတင်းစာ ရှင်းလင်းပွဲကို ပီပီပြင်ပြင်လုပ်ကာ ဟုတ်ဟုတ် မဟုတ်ဟုတ် အသာစီးယူပြသွားသည်။ ယခု ရိုဟင်ဂျာကိစ္စတွင်လည်း လက်နက်များဖမ်းမိပါသည်ဟု သတင်းများ ဒင်းကြမ်းထွက်နေချိန်တွင် ကုလသမဂ္ဂအရာရှိများကို ဖမ်းထားသည့်တိုင် ပြန်ကြားရေးဝန်ကြီးဌာနကား သင်္ချိုင်းမှ ဇရပ်ပျက်လို ငုတ်တုတ်မဲတဲ ဘာမှ သုံးမရချေ။ ဘာကိုကြောက်နေသည် မှန်းတော့မသိချေ။ အချိန်မှီသတင်းများကို တင်ဆက်နေသော ပြည်တွင်းမီဒီယာများ ကိုကားခေါ်၍ ပင်ကြိမ်းလိုက်သေးသည်။ အာဂရပ်ကွက်လူမိုက် အိမ်ကျယ်ကြီးများပါတကား။

ဘင်္ဂလားဒေ့ရှ်ဖက်မှ နိုင်ငံခြားရေးဝန်ကြီးက အချိန်ကိုက်သတင်းများကို တုန့်ပြန်နေချိန်တွင် မြန်မာအစိုးရသည်ကား ဆိတ်တို့၊ မြည်းတို့ကဲ့သို့သော အဟိတ်တိရစ္ဆာန်များကဲ့သို့ စကားမတတ်သော ရွှေအ သဖွယ် ငုံ့ခံနေရချေသည်။ ယနေ့ရခိုင်ကိစ္စကို တုန့်ပြန်သော လူငယ်များ၏ အမြင်မှကြည့်လျှင် တစ်စက်မှ အားရဖွယ်မရှိချေ။ ခေတ်ဆွေးတို့ကိုဖယ်ရန်အချိန်ရောက်လေပြီလော။

ဘင်္ဂလားဒေ့ရှ်ဖက်မှ မီဒီယာဖြင့် နှပ်ကြောင်းပေး ပုံဖော်သည်မှာ "ရှိသမျှရိုဟင်ဂျာများကို မြန်မာမှ ပြန်ခေါ်မည်တဲ့"။ "နိုင်ငံခြားရေးဒုဝန်ကြီးက ဘင်္ဂါလီများကို ပြန်လက်ခံရန် သဘောတူသည်တဲ့"။ ဘင်္ဂလားမီဒီယာများမှ ထိုကဲ့သို့ ကျယ်ကျယ်လောင်လောင် အော်ဟစ်ချိန်တွင် ပုလင်းတူဘူးဆို့ ဘင်္ဂလား မီဒီယာများဖြစ်သည့် BBC မြန်မာပိုင်း၊ VOA၊ RFA ၊ ဧရာဝတီနှင့် အဆိုးဝါးဆုံး ဒီဗီဘီ တို့မှ ပူးပေါင်းလုပ်ကြံကာ ဘင်္ဂလားသွင်းရေး ခေါ်တောနတ်ကနားပွဲကို လေလှိုင်းမှ မြိုင်မြိုင် ဆိုင်ဆိုင် တီးပြကြပေဦးမည်။ ခံပေဦးရော့ ရခိုင်မြေ။

နိုင်ငံတကာဆက်ဆံရေးတွင် မြန်မာနိုင်ငံသည် ဗိုလ်ချုပ်ပြောသော "ဖာ" နိုင်ငံစစ်စစ် ဖြစ်သွားရလေပြီ။ တရုတ်က ကြက်ကဲ့သို့ ဖြဲယဲ ယူသမျှ ခေါင်းငုံ့ခံရ၏။ ထိုင်းက နားရင်းရိုက် တောင်းသမျှ သွားဖြဲဖြင့်ပေးရ၏။ ယခုမူ ကိုယ့်ထက် လွတ်လပ်ရေးရတာ အနှစ်သုံးဆယ်မျှ နောက်ကျသော နိုင်ငံ၊ ကိုယ့်နိုင်ငံမှ စစ်ကိုင်းတိုင်းလောက်သာရှိသော နိုင်ငံမှ နားရွက်တံတွေးဆွတ်သည်ကို အိမ်ကျယ်၊ လူမိုက်ကြီးများ ခေါင်းငုံ့ခံ နေရလေ၏။ သန္တာရွှေတို့ အလကားနေရင်း လခထုတ်နေသည်ဟူသော Ministry of Foreign Affairs ဟူသည့် ဌာနကြီးသည် သံအမတ်ခန့်အပ်ထားရေးအတွက် ခြများကြီစိုးရာ ခြတွင်းကြီးသာ ဖြစ်နေလေရာ ယနေ့ကဲ့သို့ အရေးပေါ်ခိုက် ဘာမှ သုံးမရသည်မှာ မဆန်းချေ။

သြော် ငါတို့သည် အဖေဗိုလ်ချုပ်ပြောခဲ့သလို "ဖာ" နိုင်ငံ တွင်နေရသော ကုသိုလ်ကံ မွဲ ရေနည်းငါးများသာ ဖြစ်ရချေသည်တကား။

Myo Set 

(ဓာတ်ပုံ) ပြန်ကြားရေးဝန်ကြီး ငိုကျော်ဆန်းရဲ့ ယခင့်၊ ယခင်များက ပြန်ကြားရေး ဝန်ကြီးဆိုသူ အနှီပုဂ္ဂိုလ်သည်.. နိုင်ငံရေး လှုပ်ရှားသူများနှင့် ပတ်သက်လာလျှင် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောသည်..။ အမှန်တရားကို အမှားဖြင့် ဖုံးသည်.. လူကြားထဲ၌ ငိုစား၊ ရယ်စား ငိုပြသည်၊ ရယ်ပြသည်..။

ယခုကဲ့သို့ အချုပ်အခြာ အာဏာကို ထိပါးလာသော အမျိုးသားရေး တရပ်ကဲ့သို့ ဆောင်ရွက်ရမည့် ယနေ့လို အချိန်အခါတွင် ပြန်ကြားရေးဝန်ကြီးဋ္ဌာန အနေဖြင့် ဘင်္ဂလီ အရေးကိစ္စအား ပြတ်ပြတ်သားသား သတင်းထုတ်ပြန်လျှက် ကြမ်းပိုးကို ကြမ်းပိုးဟု ပြောဆို သတ်မှတ်ကာ သတင်းမှန်များကို ကမ္ဘာသို့ ထုတ်ပြန် တင်ပြရမည့် အချိန်တွင် အနှီပုဂ္ဂိုလ်သည် မည်သည့် အရပ်သို့ ပုန်းအောင်း ရောက်ရှိနေလေသည် မသိ...။ 

ကမ္ဘာ့မီဒီယာများ၌ ဘင်္ဂလီများမှ အောက်လမ်းနည်းသုံးပြီး မဟုတ်မမှန် လုပ်ကြံဖော်ပြနေချိန်တွင် မီဒီယာကို မီဒီယာဖြင့် တိုက်မည်ဟု ကြွေးကျော်ခဲ့သော အနှီဝန်ကြီးသည် ပြန်ကြားရေးဝန်ကြီးနှင့် ထိုက်တန် မထိုက်တန် အများပြည်သူမှ ဆုံးဖြတ်ကြပါလေကုန်..။ (ဒီမိုဝေယံ)

ဘကြီးသက်
Unknown at 12:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.