Wednesday, July 25, 2012

ဦးမြင့်ဆွေကို ဒုသမ္မတ အဖြစ် အရည်အချင်း စိစစ်ရေး အဖွဲ့ အတည်ပြု ရန်ရှိ




တပ်မတော် သား ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယ သမ္မတအဖြစ် ရွေးချယ်ထားသော ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေမှာ နိုင်ငံတော် သမ္မတ နှင့် ဒုတိယ သမ္မတများ အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့်ငြိစွန်းမှု မရှိကြောင်း အရည်အချင်းစိစစ်ရေး အဖွဲ့ က ပြည်ထောင်စု လွှတ်တော်သို့ ရက်ပိုင်းအတွင်း အကြောင်းကြားသွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပါက မကြာမီ ရက်ပိုင်းအတွင်း ဒုတိယ သမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုဖွယ်ရှိကြောင်း The Voice Weekly သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၄ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်ခဲ့သော ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးမှာ ကျမ်းမာရေး ကြောင့် ရာထူးမှ နှုတ်ထွက်စာ တင်သွင်းထားကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ကပြောကြားခဲ့ပြီး ဇူလိုင် ၁၀ ရက်နေ့ နောက်ဆုံးထား၍ ဒုတိယ သမ္မတ တစ်ဦးထပ်မံရွေးချယ်ပေးရန် တပ်မတော် သား လွှတ်တော် ကိုယ်စားလှယ်များကို ညွှန်ကြားခဲ့သည်။

ဒုတိယ သမ္မတ အဖြစ် ရွေးချယ်ခြင်းခံရသူ ဦးမြင့်ဆွေမှာ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး ရန်ကုန်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး၊ အမှတ်(၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး နှင့် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

The Voice Weekly
ဘကြီးသက်
Unknown at 11:21 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.