Wednesday, June 27, 2012

ဇာဂနာအကြောင်း အကုန်ဖွင့်ချမည်


From : ယုဇန
ကို Thura Awng ရေ... ဇာဂနာ့အကြောင်းအစုံနီးနီး ရနေပါပြီ။ သူက ဒီကိစ္စအားလုံး ဖုံးလို့ဖိလို့ ရမယ်ထင်နေတာ။ သူတို့ဖုံးဖို့ဖိဖို့ ကောလင်းဒေးဘုန်းကြီးကျောင်းမှာ တိတ်တဆိတ် လုပ်လိုက်မှပဲ အန်တီ့ဆီကို သတင်းတွေ အပြည့်ဝင်နေပါတယ်။ မကြာခင် မြန်မာပြည်မှာ သူတို့အားလုံးအကြောင်း စာအုပ်တအုပ်တောင်ထုတ်နိုင်တော့မယ်ထင်ပါတယ်။ အထောက်အထား ပိုမို ပြည့်စုံအောင် အသံဖိုင်တွေပါစုဆောင်းနေပါတယ်။ (၄င်းတို့နှင့် အစည်းအဝေးတိုင်းကို တက်ခဲ့ဖူးသူတွေ မယုဆီကို အဲဒီ့ အသံဖိုင်လေးတွေ ပို့ပေးပါနော်။ ရှိသင့်သလောက်တော့ ရှိနေပါပြီ။ လူမှန်တွေကို သူတို့ ထပ်စော်ကားနေရင် နောင်လာနောက်သားတွေ သိရအောင် မယု ရာဇဝင် စာအုပ်ထုတ်ပါ့မယ်။ အခုလဲ ပေးပို့နေသူတွေကို အထူးကျေးဇူးတင်ကြောင်း ဂါရဝပြု ပြောကြားပါရစေ။ တိုင်းပြည်ကို သစ္စာဖေါက် လောက်ကောင်တွေလက်ထဲမေ၇ာက်သွားအောင် ကာကွယ်ခြင်းသည် မင်္ဂလာပါ။ ဟန်ဆောင်မှုဟာ ကြာရှည် မခံတတ်ပါ။ ဗူးပေါ်သလိုပေါ်တတ်ပါတယ်။ သူတို့၎ယောက်စလုံး ကုလားဒိန်တွေ အောင်မြင်သွားတယ်ဆိုပြီး ဝမ်းသာနေခဲ့တဲ့ပွဲဟာ(အထူးသဖြင့် ကိုအောင်-၈၈ ဆိုပြီး) ၈၈ နာမည်အလွဲသုံးစားလုပ်ပြီး မြန်မာအမျိုးသမီးတွေဖျက်စီးနေသူ အောင်ကျော်စိုး ဆိုသူဟာ ၈၈တုံးကလဲ ဘာမှ မြန်မာပြည်အတွက် မယ်မယ်ရရ လုပ်ခဲ့သူ မဟုတ်ခဲ့ပါ။ ယခုလည်း ယူကေတွင် မြန်မာအမျိုးသမီးပျိုများကို အေဆိုင်လမ် တင်ပေးမယ်ဆိုပြီး ပိုက်ဆံယူ၊ အကယ်၍ ပိုက်ဆံမပေးပါက လူကိုပါ အပိုင်သိမ်းနေခဲ့တာ နှစ်ပရိစ္ဆေရ ကြာပြီဖြစ်ကြောင်း၊ ထိုမျှသာမက ဘင်္ဂလီအရေးကို ဘားမားကမ်ပိန်း(ယူကေ) နှင့်ပေါင်းကာ သိသိသာသာ လှုပ်ရှားနေသူဖြစ်ကြောင်း ဓါတ်ပုံများနှင့်တကွ သက်သေတွေ ရှိနေပါပြီ။ တိုင်းပြည်ထဲက ရိုးသားသူများ သိထားမှ တော်ကာကျမှာဖြစ်လို့ မယုတို့ ရာဇဝင်တခု စာတင်ပြမှာပါ။ လင်းတတောက်တော့ ငှက်တိုင်းလှပါတယ်။ သူတို့လည်တယ်ဆိုတာ တချို့အိပ်နေသလောက်ပဲ ရှိပါတယ်။


ကိုသူရ(ခ)ဇာဂနာ၊ ဗစ်ကီိဘိုးမန်း၏ယောက်ျားပန်းချီ
ထိန်လင်း၊ဦးဝင်းနိုင်(အန်လယ်ဒီ-အယ်အေ-ယူကေဥက္ကဌ)၊ ကိုအောင်(၈၈)တို့၏ ပူးပေါင်းလုပ်ကြံမှု
http://www.myanmarexpress.net/2012/06/blog-post_9151.html


ဒေါ်အောင်ဆန်းစုကြည် လန်ဒန်မှာ ဖြစ်တဲ့ ပြဿနာကြောင့် ဇာဂနာ နဲ့ ထိန်လင်းတို့ ကို ပြည်သူအများ စိတ်ပျက်
http://www.myanmarexpress.net/2012/06/blog-post_5715.html


လန်ဒန်မှာ ဘာပွဲလုပ်လုပ် မပါတော့.. ဟု ဇာဂနာ ပြောဆို
http://www.myanmarexpress.net/2012/06/blog-post_7509.html

ယူကေမှ ဘုန်းကြီးများကို ဒေါ်အောင်ဆန်းစုကြည် အရေးပေါ်တောင်းပန်
http://www.myanmarexpress.net/2012/06/blog-post_2927.html


ပြဿနာ အကြီးကြီးတက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီး
http://www.myanmarexpress.net/2012/06/blog-post_3486.html


ယူကေတွင် ပြဿနာဖြစ်ပွားခဲ့သော ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှ နောက်ဆက်တွဲ များ
http://www.myanmarexpress.net/2012/06/blog-post_6007.html

လန်ဒန်မှာ ဘုန်းကြီးတွေနဲ့ ပြဿနာတက်တဲ့ ဒေါ်အောင်ဆန်းစုကြည်
http://www.myanmarexpress.net/2012/06/blog-post_9065.html

မပါသေးတာကတော့

( ဒေါ်အောင်ဆန်းစုကြည်ကို မွတ်ဆလင် ဘာသာပြောင်းခိုင်းတဲ့ UK ရောက် မြန်မာများ
http://www.myanmarexpress.net/2012/06/uk.html


ရဟန်းရှင်လူ ပြည်သူအများ စိတ်ပျက်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်
http://www.myanmarexpress.net/2012/06/blog-post_3211.html


ဒေါ်စု လန်ဒန်တွင် ရုံသွင်းခံရခြင်း
http://www.myanmarexpress.net/2012/06/blog-post_6206.html )

ဥရောပရောက် ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာ ကို မြန်မာတိုင်းရင်းသား အသိအမှတ်ပြုရေး လှုပ်ရှားသူများကို တွေ့ဆုံ အားပေး
http://www.myanmarexpress.net/2012/06/blog-post_9420.html
Myanmar Express
ဘကြီးသက်
Unknown at 8:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျွန်တော်သိသော ရိုဟင်ဂျာပြဿနာ (ရိုဟင်ဂျာဘာလဲ.. ရိုဟင်ဂျာဘယ်လဲ..)

ရှေးဦး စကားပလ္လင်ခံချင်တာက ကျွန်တော်ဟာ သာမန်ပြည်သူတစ်ယောက်ပါ..။ ပညာရှင်တစ်ယောက်မဟုတ်သလို..၊ တာဝန်ရှိသူ အစိုးရ ဝန်ထမ်းတစ်ယောက်လည်း မဟုတ်ပါဘူး..။ ဒါကြောင့် ကျွန်တော်ရေးတဲ့စာဟာ ပညာရှင်အမြင် ၊ အစိုးရ ဝန်ထမ်းတစ်ယောက်ရဲ့ အမြင် မဟုတ်ဘဲ သာမန်မြန်မာပြည်သူတစ်ယောက်ရဲ့ အမြင်နဲ့ အတွေးသာဖြစ်တယ်လို့ ဆိုချင်ပါတယ်..။ ရခိုင်မှာ ပဋိပက္ခတွေ ဖြစ်ချိန်မတိုင်ခင် ဘီဘီစီကနေပြီး ပရော်ပါဂန်းလုပ်ခဲ့တဲ့ ရိုဟင်ဂျာဆိုတာ ရခိုင်ပြည်နယ်မှာ သန်းချီလို့ရှိမှန်း လေ့လာပြီးသိခဲ့တာပါ..။ ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ခွဲတွေ အနေနဲ့....
၁။အမည်နာမ ဆင်းသက်ပုံနဲ့ ၄င်းတို့ရဲ့ ပကတိအခြေအနေ
၂။မြန်မာများရဲ့ ခံစားချက်၊ ခံယူချက်
၃။အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ နောက်အလားအလာ၊ လိုအပ်ချက်
၎။၎င်းတို့တည်ရှိမှုကြောင့် ဖြစ်ပေါ်လာမည့် ဆင့်ပွား ပြဿနာများ နဲ့ ဖြေရှင်းနည်း

၁။အမည်နာမ ဆင်းသက်ပုံနဲ့ ၄င်းတို့ရဲ့ ပကတိအခြေအနေ
အမည်နာမအားဖြင့် ရိုဟင်ဂျာကို ပရော်ပါဂန်းလုပ်နေကြတဲ့ နိုင်ငံတကာရှိ မီဒီယာအဖွဲ့အစည်းအားလုံးကတော့ ရခိုင်ဘာသာစကားမှ ဆင်းသက်တယ်လို့ ပြောကြပါတယ်..။ ဒါပေမယ့် ဒါက ဘင်္ဂလားဒေ့ရှ်ဘာသာစကားဖြစ်တဲ့ ဘင်္ဂလီဘာသာစကားကနေ ဆင်းသက်တာကို တွေ့ရှိရပါတယ်..။ ရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီစကားရဲ့ အဓိပ္ပာယ်ဟာ (နယ်ခြားတပါးမှ ပြန်လာခဲ့သူ) လို့ အနက်ရတယ်ဆိုပါတယ်..။ ပြန်လာတယ်ဆိုတာ (Come Back) ပါ..။ ဒါကို ထပ်ရှင်းလင်းဖို့ မလိုဘူးထင်ပါတယ်...။ ဒါကြောင့် မြန်မာတိုင်းရင်းသား မဟုတ်ဘူးလို့ ပထမအချက်အနေနဲ့ ဆိုနိုင်ပါပြီ..။
နောက်ဒုတိယအချက်အနေနဲ့ သမိုင်းမှာ ဗမာနဲ့ ရခိုင်တွေ စစ်ဖြစ်တယ်..၊ ရခိုင်နဲ့ ဘင်္ဂလားတွေ စစ်ဖြစ်ပါတယ်..။ ဘယ်မှတ်တမ်းမှတ်ရာများမှာမှ ဒီ ရိုဟင်ဂျာတွေ ကို မတွေ့ရပါ..။ အဲ့ခေတ်ကိုကျော်လွန်ပြီး အင်္ဂလိပ်-မြန်မာစစ်တွေ ဖြစ်ချိန်မှာလည်း မတွေ့ဖူးပါ..။ ခုမှ အတင်းဇွတ်ထည့်ချင်ဇောနဲ့ စစ်သူကြီး မဟာဗန္ဓုလ(ခေါ်) မောင်ရစ်ကို ရိုဟင်ဂျာဖြစ်ခိုင်းလို့ မရပါ..။ မဟာဗန္ဓုလဆိုတဲ့ ပါဠိဘွဲ့အမည်ဟာ ဗုဒ္ဓဘုရားဟော ဇာတ်တော်တွေထဲမှာပါဝင်တဲ့ အိန္ဒိယကနေ ဆင်းသက်လာတဲ့ ဘွဲ့အမည်နာမသာဖြစ်ပါတယ်..။
ပကတိအခြေအနေအရ သူတို့လိုလားတောင်းဆိုနေတဲ့ နိုင်ငံသား၊ တိုင်းရင်းသားဖြစ်ရေးအတွက် ကြည့်ရအောင်..။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ခေါင်းဆောင်နိုင်ငံတွေဖြစ်ကြတဲ့ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ သြစတေးလျနဲ့ ကျန် ဥရောပခေတ်မှီနိုင်ငံတွေရဲ့ နိုင်ငံသားဖြစ်ခွင့် ဆိုင်ရာလုပ်ထုံးလုပ်နည်းနဲ့ ဥပဒေသတ်မှတ်ချက်တွေကို လေ့လာကြည့်ကြပါ..။ ပထမဆုံးအချက်ကတော့ သူတို့ဆီမှာ နိုင်ငံသားဖြစ်ချင်ရင် သက်ဆိုင်ရာနိုင်ငံတွေက ရုံးသုံးဘာသာစကားကို တတ်မြောက်ကြရပါ့မယ်..။ ရိုဟင်ဂျာတွေ မြန်မာစကားမပြောပါနဲ့၊ နီးစပ်တဲ့ ရခိုင်ဘာသာစကားတောင် ပြောတတ်တဲ့လူ ခပ်ရှားရှားဆိုတာ တွေ့ဖုးသူတိုင်းသိပါတယ်..။ လာဘ်ထိုးကောင်းလို့ မြေပြန့်ဒေသများအထိ ခိုးဝင်လာသူတွေကိုယ်တိုင် မြန်မာစကားကို မတတ်ကြပါဘူး..။ မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံရှိသလို နိးစပ်ရာ ဘာသာစကားကို အနေနီးလို့ တတ်မြောက်ကြတဲ့ လူမျိုးခြား၊ ဘာသာခြား နိုင်ငံသားတွေ အများကြီးရှိပါတယ်..။ ဒါပေမယ့် ခုလို လူသန်းသိန်းချီပြီး နီးစပ်ရာ ဘာသာစကားကို မတတ်မြောက်တာဟာ သူတို့ကိုယ်တိုင်ကိုက မြန်မာတိုင်းရင်းသားတွေနဲ့ မနီးစပ်ဘူးဆိုတာ ရှင်းရှင်းကြီး ပြသနေတော့ တာပါပဲ..။
လက်ရှိအခြေအနေအရ လေ့လာကြည်သလောက် ရိုဟင်ဂျာဆိုတာ မုန်းဖို့ကောင်းလှသလို၊ သနားဖို့လည်းကောင်းပါတယ်..။ မုန်းတာက သမိုင်းလိမ်ပြီး မြန်မာတွေကို နှိပ်စက်လို့ပါ..။ သနားစရာကောင်းတာက သူတို့တွေမှာ အိပ်၊စား၊ကာမ ကလွဲရင် ကျန်တဲ့လူ့တန်ဖိုးမရှိပါ..။ မိန်းခလေးတွေ ၁၂ နှစ်သားနဲ့ အိမ်ထောင်ပြုကြပါတယ်..။ အဖေ့မိန်းမကို အဆင်ပြေရင်သားက ပေါင်းသင်းလို့ ရသလို ချွေးမတစ်ယောက်ယောက်ကိုလည်း ယောက္ခထီးက ခြေတော်တင်တယ်ဆိုတာ အဆန်းမဟုတ်တဲ့ အထိ အောက်ကျနေတဲ့ ယဉ်ကျေးမှုစနစ် ထွန်းကားတဲ့ လူ့အသိုင်းအဝိုင်းပါ..။  ယောကျာ်းတစ်ယောက်အနေနဲ့ မိန်းမ လေးယောက်ထိ တရားဝင်ယူနိုင်ပါတယ်။ စားသောက်ရေးနဲ့ ဘဝရပ်တည်မှုကို ဘာအာမခံချက်မှ မရှိဘဲ ဖြစ်သလိုရုန်းကန်နေထိုင်ပါတယ်..။ မိတ်ဆွေတစ်ယောက်ပြောသလို သူတို့တွေမှာ ဖန်ရှင်နှစ်ခုပဲ ရှိပါတယ်..။ ပြေးဖို့နဲ့ မွေးဖို့ပါ..။ ပြန်လာတဲ့ ဆရာဝန်တစ်ယောက်နဲ့ တွေ့လို့ ပြောပြတာမှာတော့ အင်မတန်မှ နှိမ့်ကျတဲ့ နေထိုင်မှုပုံစံနဲ့ ရောဂါဘယထူပြောခြင်းအပြင်၊ ဘာသာစကားမတတ်၊ ပညာမသင်ကြားဘဲ ဖြစ်သလို လေလွင့်နေထိုင်သူတွေ လို့ သိရပါတယ်..။ ကျွန်တော်တို့ စိုးရိမ်ရမယ့် အချက်က လူဦးရေ ပေါက်ဖွားနှုန်းပါ..။ အင်မတန့်အင်မတန်မှ မြင့်မားတဲ့ တိုးနှုန်းဆိုတာ မမေ့စေချင်ပါဘူး..။ ၁၂နှစ်သမီးနဲ့ လင်ယူသားမွေးတဲ့ မိန်းမတစ်ယောက်ရဲ့ မွေးဖွားနှုန်းကို တွေးကြည့်ပါ..။ ဒါကို လေးဆမြှောက်ပါ..။ ကမ္ဘာမှာ အမြင့်မားဆုံး လူဦးရေတိုးတက်နှုန်းကို တွေ့ရပါမယ်..။ ဒီအတွက် အိမ်ထောင်ဦးစီးယောကျာ်းတွေ ဘယ်လိုရုန်းကန် ကျွေးမွေးသလဲဆိုတာ ကျွန်တော် စဉ်းစားမတတ်တော့ပါ..။
၂။မြန်မာများရဲ့ ခံစားချက်၊ ခံယူချက်
မြန်မာတိုင်းရင်းသားများအနေနဲ့ ခေတ်အဆက်ဆက်မှာ လူမျိုးခြားဘာသာခြားတွေနဲ့ ထိတွေ့မှုတွေ ရှိခဲ့ကြပါတယ်..။ ဒါပေမယ့် ကိုယ့်ကိုမထိခိုက်သ၍တော့ ဒီလူမျိုးခြားတွေဘာသာခြားတွေ အပေါ်မှာ ဘယ်လိုမှ သဘောမထားကြပါဘူး..။ ဒါက အစိုးရနဲ့ မဆိုင်တဲ့ ပြည်သူတွေရဲ့ ခံယူချက်သာဖြစ်ပါတယ်..။ ဒါဟာ မြန်မာတွေရဲ့ ဆန္ဒပျော့ပျောင်းမှုနဲ့ ရိုးသားမှုပါ..။ ဒီရိုးသားမှုပေါ် အရင်းတည်ပြီး မဆိုင်တဲ့ နိုင်ငံခြားသားတွေက သမိုင်းလိမ်ပြီး တိုင်းရင်းသားဖြစ်အောင် ဝိုင်းညာကြတာကို မြန်မာတွေ ခံပြင်းဒေါသဖြစ်ပါတယ်..။ ရခိုင်တိုင်းရင်းသားများအတွက်ဆို ဆိုဖွယ်မရှိတော့ပါဘူး..။ ကိုယ်ချင်းစာနိုင်ပါတယ်..။
တဖက်မှာတော့ ဒီအမှန်တရားဟာ မြန်မာမူဆလင်များအနေနဲ့တော့ လက်ခံဖို့ခက်ခဲနေခဲ့ပါတယ်..။ ကိုရမ်ကျမ်းအရတော့ မူဆလင်အချင်းချင်း စောင့်ရှောက်ကူညီရမယ်ဆိုတာ ပါပါတယ်..။ ဒီအချက်ဟာ မြန်မာမူဆလင်များ အတွက် တကယ့်ပြဿနာ ကြီးပါ..။ မြန်မာမူဆလင်ဆိုတာကလည်း အသွင်အပြင်၊ ဘာသာစကားနဲ့ ယဉ်ကျေးမှုချင်းမှာလည်း ကျန်မြန်မာတိုင်းရင်းသားများနဲ့ လုံးဝမသက်ဆိုင်ပါဘူး..။ သူတို့တွေရဲ့ မုတ်ဆိတ်ရှည်ထားခြင်း၊ ဗလီတက် ခေါင်းဆောင်းဆောင်းခြင်း၊ အသွင်ခြားနားတာအပြင် ဘာသာစကားအားဖြင့်လည်း အာရဘီဘာသာစကားကို ပြောဆိုခြင်းတို့ကို သဘောထားကြီးကြီနဲ့ မြန်မာတွေက ဆက်ဆံနားလည်ပေးပါတယ်..။ သူတို့အနေနဲ့ရော နားလည်ပေးနိုင်မလားဆိုတာက မြန်မာတွေရင်ထဲ မှာ ရှင်းမရတဲ့ သံသယပါ..။ သူတို့အနေနဲ့ မြန်မာတွေနဲ့ အတူတူ ဘာသာတူ(လူမျိုးလည်း နီးစပ်)တဲ့ ဒီရိုဟင်ဂျာတွေဆန့်ကျင်ဖို့ နိုင်ငံသား တာဝန်ကို လက်တွဲမလား ဆိုတာက အင်မတန် နားလည်ရခက်တဲ့ ကိစ္စကြီးလို့ မြန်မာတွေ ယူဆကြပါတယ်..။ ဒီလိုသံသယတွေကို ဖြေဖြောက်ဖို့ ဆိုတာက မြန်မာပြည်သား မူဆလင်တွေမှာ အများကြီး တာဝန်ရှိနေပါတယ်..။ အင်ဒို၊ မလေးဆိုတာ မူဆလင်နိုင်ငံဖြစ်ပေမယ့် လမ်းပေါ်မှာ မူဆလင်အမျိုးသမီးတွေ ခေါင်းမြှီးခြုံပြီး သွားလာကြတာ မရှိသလောက်ဆိုတာ သိတဲ့လူတိုင်း သိကြပါတယ်..။ ဒီအချက်နဲ့ ယှဉ်ထိုးကြည့်ပြီး ဆင်ခြင်ကြစေလိုပါတယ်..။ လိုအပ်ချက်အရ အပြောင်းအလဲကို လက်သင့်ခံပြီး ပြောင်းလဲစေချင်ပါတယ်..။ မြန်မာမူဆလင်တွေ ကိုလည်း မြန်မာတွေလို့ပဲ မြင်ချင်တာ မြန်မာတွေရဲ့ အရိုးခံစိတ်ဓါတ်ပါ..။
၃။အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ နောက်အလားအလာ၊ လိုအပ်ချက်
အစိုးရဟာ စစ်အာဏာရှင်ကို အသွင်ပြောင်းလဲပြီး အရပ်သားအသွင်ယူထားတာ မှန်ပေမယ့် လက်တလော နိုင်ငံတကာမှာ သူ့ပုံရိပ်ကို မြင့်တင်ချင်တဲ့ ဆန္ဒရှိနေတာက ဒီပြဿနာမှာ အခက်အခဲရှိစေပါတယ်..။ ဦးနေဝင်း၊ ဦးသန်းရွှေလို အာဏာရှင်တွေ လက်ထက်မှာ ပြည်တွင်းလက်နက်ကိုင် (မုဂျာဟစ်တွေအပါအဝင်)နဲ့ ပြည်တွင်းဆန္ဒပြဆူပူမှု တွေကို ပြတ်ပြတ်သားသား ပစ်ခတ်တိုက်ခိုက်နှိမ်နှင်းခဲ့ပေမယ့် လက်ရှိ အစိုးရကတော့ ဒီလောက်တင်းမာတဲ့ ပြတ်သားတဲ့ ကိုင်တွယ်မှုကို မကျင့်သုံးနိုင်ပါဘူး..။ ဒါကလည်း သူ့အခက်အခဲပါ..။ ကျွန်တော့အနေနဲ့လည်း ပြတ်ပြတ်သားသားကိုင်တွယ်တာကို လိုလားပါတယ်..။
တဖက်မှာ ဖြေရှင်းနည်းတော့ ရှိပါတယ်..။ လူုကြီးလူကောင်းဖြေရှင်းနည်းပေါ့..။ ဒီဘင်္ဂလီတွေကို ရိုဟင်ဂျာနာမည်နဲ့ ဆက်ထားမယ်..။ သတ်မှတ်ထားတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ထားမယ်..။ နယ်ကျော်နေထိုင်ခွင့်နဲ့ ဖြတ်သန်းခွင့်တွေကို စစ်တပ်နဲ့ စောင့်ကြည့်ပြီး ထိန်းချုပ်မယ်..။ ဒီလူတွေအတွက် တာဝန်ယူမှာက ကုလသမဂ္ဂလို အဖွဲ့ကြိးတွေ၊ နိုင်ငံတကာ INGO တွေက ပိုက်ဆံတွေနဲ့ ကြည့်ရှုစောင့်ရှောက်ပါ..။ နောက် နယ်စပ်ဖြတ်ကျော်ပြီး မဝင်လာအောင်လည်း တင်းကြပ်ရပါမယ်..။ ကမ္ဘာအရပ်ရပ်က လူသားချင်းစာနာထောက်ထားတဲ့ တတိယနိုင်ငံတွေက ဒီရိုဟင်ဂျာအမည်ခံတွေကို ဒုက္ခသည်များအနေနဲ့ ခေါ်ယူနိုင်ပါတယ်..။ (ကျွန်တော်တော့ မထင်ပါ.. လေသံကောင်းသာပေးကြမယ်..။ သူတို့ဆီလက်ခံဖို့ဆိုရင် စည်းမျဉ်းစည်းကမ်းနဲ့ မညီလို့ဆိုပြီး လှစ်လျှူရှုကြမယ်လို့ပဲ မြင်ပါတယ်..)
ဒီမှာစိုးရိမ်ရတာတစ်ချက်က အကြမ်းဖက်မှုအန္တရာယ်ပါ..။ ငတ်ပြတ်နှိမ့်ကျတဲ့ အသိုင်းအဝိုင်းမှာ အကြမ်းဖက်သမားတွေက အလွယ်တကူပဲ စည်းရုံးနိုင်ပါတယ်..။ အခုလည်း အယ်လ်ကိုင်ဒါနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေက ရိုဟင်ဂျာတွေနဲ့ ဆက်နွယ်တဲ့ အဖွဲ့အစည်းတွေ မှာ စနစ်တကျထိုးဖောက်တိုးဝင်နေတယ်ဆိုတာ သိနေကြပါပြီ..။ဒါက အလွန်မှ မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိပါတယ်..။ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ခြေကုပ်ယူရာအဖြစ် မြန်မာနိုင်ငံကို အဖြစ်မခံလိုတာ မြန်မာအားလုံးရဲ့ ရိုရှင်းတဲ့ ပင်ကိုယ်ဗီဇ အတွေးအခေါ်ပါ..။
စကားစပ်မိလို့ ပြောချင်တာက လွှတ်တော်အမတ်တွေအနေနဲ့ ဘင်္ဂလီတစ်ဖြစ်လဲ တွေက လွှတ်တော်ထဲအထိ နေရာယူသွားတာပါ..။ ကြံခိုင်ရေးပါတီအနေနဲ့ရော လွှတ်တော်အနေနဲ့ပါ.. ဒီကိစ္စကို ပြန်လည်ပြီး စစ်ဆေးသုံးသပ်စေချင်ပါတယ်..။ လွှတ်တော်အမတ် အဖြစ်ကနေပြီး ထုတ်ပယ်တာနောက်မှာ နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေများအရပါ အရေးယူသင့်လှပါတယ်..။ နိုင်ငံကို ဒီမိုကရေစီနည်းကျ မောင်းနှင်ဖို့အတွက် အချုပ်အခြာအာဏာကို သုံးပါးအဖြစ်ခွဲဝေရာမှာ ဒီလို လိမ်ညာပြီး ဥပဒေပြုမဏ္ဍိုင် ထဲအထိ ရောက်လာတာဟာ အချုပ်အခြာအာဏာကို ချိုးဖောက်ရာကျသလို၊ တစ်ဖက်ကလည်း ကြံခိုင်ရေးပါတီအနေနဲ့ အင်မတန်မှ သိက္ခာမဲ့တဲ့ လုပ်ရပ်လို့လည်း စွပ်စွဲရပါမယ်..။ နိုင်ငံရဲ့ အချုပ်အခြာအာဏာတည်တံခိုင်မြဲရေးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အဓိကတာဝန်သုံးရပ်ထဲက တစ်ရပ်ဖြစ်သလို၊ ကြံခိုင်ရေးပါတီရဲ့ ပြည်သူတွေကိုပေးအပ်ထားခဲ့တဲ့ ဂတိငါးချက်မှာလည်း ပါပါတယ်..။
၎။၎င်းတို့တည်ရှိမှုကြောင့် ဖြစ်ပေါ်လာမည့် ဆင့်ပွား ပြဿနာများနဲ့ ဖြေရှင်းနည်း
ဘယ်နွားခြံထဲကိုမှ ကျားကိုသနားလို့ဆိုပြီး ညအိပ်မသွင်းပါဘူး..။ အကြမ်းဖက်အန္တရာယ်ရှိတဲ့ လူအုပ်စုအနေနဲ့ပဲဖြစ်ဖြစ်၊ ဖွံ့ဖြီုးဆဲနိုင်ငံတစ်ခုက စီးပွားရေးအခြေအနေနဲ့ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားနိုင်ငံသားတောင်းဆိုနေတဲ့ လူလိမ်တွေအနေနဲ့ပဲဖြစ်ဖြစ် ဒီဘင်္ဂလီတွေဟာ ကျွန်တော်တို့ရဲ့ အန္တရာယ်ပါ..။ ဒီသုံးချက်မှာ ဘယ်ရှုထောင့်ကပဲ ကြည့်မယ်ဆိုရင်ကို အင်မတန်မြင့်မားနေတဲ့ လူဦးရေပေါက်ဖွားနှုန်းနဲ့ လူမျိုးရေ့းနှိမ့်ကျမှုတွေဟာ မျိုးဆက်တစ်ဆက်မပြောပါနဲ့ နောင်လေးငါးဆက်တိုင်အောင် ရှင်းမရနိုင်တဲ့ ပြဿနာကြီးတွေ (ဥပမာအားဖြင့်- HIV / AIDS နှင့် ကာလသားရောဂါများ၊ ကုသရန်ခက်ခဲသော ကူးစက်ရောဂါများ) ကလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတွေပါ..။
ဒီလူတွေကို လက်မခံချင်လို့ သတ်ပစ်ပါဆိုတော့လည်း လူမျိုးသုဉ်းသတ်ဖြတ်တဲ့ ပြစ်မှုကြီးကလည်း ရှိနေပါတယ်..။ မြန်မာတွေဟာ နာဇီလူသတ်သမားတွေ မဟုတ်ကြပါဘူး..။ ခက်တာက တစ်ဖက်မှာလည်း အထက်မှာပြောခဲ့သလို ကိုယ့်ကို အကြမ်းဖက်သတ်ဖြတ်မယ့် အန္တရာယ်၊ လူဦးရေနဲ့ ဖိမယ့်အန္တရာယ်၊ နှိမ့်ကျတဲ့ ယဉ်ကျေးမှုအန္တရာယ်တွေကလည်း ရှိနေပါတယ်..။
နီးစပ်နေထိုင်ကြတဲ့ ရခိုင်နဲ့ ဗမာတိုင်းရင်းသားတွေအပေါ် အချိန်မရွေးကျရောက်လာနိုင်တဲ့ အကြမ်းဖက်သတ်ဖြတ်လုယက်မှုတွေ၊ လူဥိးရေအားကိုးနဲ့ နှိပ်စက်လာနိုင်ခြေတွေကိုပါ ထည့်သွင်းတွက်ချက်ကြမယ်ဆိုရင် ကြောက်မခမ်းလိလိပါပဲ..။ ဒီအတွက် ဆိုင်ရာတာဝန်ရှိသူ လူကြိးမင်းများအနေနဲ့ ပကတိအခြေအနေတွေကို မျက်မှောက်ပြုပြီး အတင်းကြပ်ဆုံးကိုင်တွယ်ဖြေရှင်းဖို့နဲ့ အထက်ကဆိုခဲ့သလို တတိယနိုင်ငံတွေကို ရောက်ဖို့ စနစ်တကျပို့ဆောင်ရေးအပါအဝင်၊ အခြားအခြားသော နောက်ကို မလွဲမသွေကို ပေါ်ပေါက်လာမယ့် ပြဿနာများ အတွက်ကတော့ စစ်တပ်နဲ့ ထိန်းချုပ်ပြီး ကွပ်ကဲဖို့ကလွဲရင် အခြား ထိန်းချုပ်နည်း မမြင်ပါဘူး..။ ထိုင်းရေတပ်ဗိုလ်ချုပ်ပြောခဲ့တဲ့  .. လက်ခံချင်တဲ့ နိုင်ငံရှိရင် ခေါ်ကြပါဆိုတာ မလွန်ပါဘူး..။ ဒီလိုဆိုရင် သူတို့မှ ထွက်ပေါက်သုံးခုပဲ ရှိပါတယ်.. ဘင်္ဂလားဒေ့ရှ်ထဲ ပြန်ပြေးမလား...၊ ပင်လယ်ထဲ လှေလှော်ထွက်မလား..၊ တတိယနိုင်ငံတွေက လက်ခံသလောက် သွားကြမလားဆိုတာပါ..။
အယဉ်ကျေးဆုံးနည်းကတော့ အပေါ်မှာ ဆိုခဲ့သလို မြန်မာတွေက စခန်းလက်ခံဖွင့်ပေးမယ်(ထိုင်းက မြန်မာဒုက္ခသည်စခန်းများနည်းတူ) လိုချင်တဲ့လူရှိရင်၊ လက်ခံမယ့်သူရှိရင် လာခေါ်ထုတ်သွားကြပါ..။ အကျွေးအမွေး၊ အစောင့်ရှောက်ကတော့ UN နဲ့ INGO တွေတာဝန်ယူပါ..။ နယ်ကျော်မထွက်ဖို့နဲ့ အဓိကရုဏ်းဆိုပြီး ပြဿနာမရှာဖို့က စစ်တပ်နဲ့ တင်းကြပ်စွာ ကိုင်တွယ်ထိန်းသိမ်းဖို့ပါပဲ..။
အားလုံးပဲ စဉ်းစားဆင်ခြင်နိုင်ကြဖို့ ဒီစာကို ကိုယ့်တစ်ကိုယ်ရေ အမြင်အတိုင်းရေးပါတယ်..။ အမြင်ကွဲလွဲတာတွေ ရှိနေမှာကိုလည်း လက်ခံနားလည်ပါတယ်..။ ကျေးဇူးတင်ပါတယ်..။

ဘကြီးသက်
Unknown at 11:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အော်တိုနှင့်မိုဘိုင်းဖုန်းများဖြင့် နိုင်ငံခြားသို့ တိုက်ရိုက်ဖုန်းခေါ်နိုင်တော့မည်




သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ အင်တာနက်ဂျာနယ် အတွဲ (၁၃)၊ အမှတ် (၂၄)မှာ ပါဝင်တဲ့ သတင်းကောင်းလေးကို ပြောပါ့မယ်၊
ဖုန်းလိုင်းများ၌ အင်တာနက်လိုင်းမရှိသော်လည်း အင်တာနက်ဖုန်း ခေါ်ဆိုနိုင်ရန် စီစဉ်နေ
မိုဘိုင်းဖုန်းလိုင်းများနှင့် အော်တိုတယ်လီဖုန်း လိုင်းများသည် အင်တာနက်လိုင်း ချိတ်ဆက်ထားခြင်း မရှိသော်လည်း အင်တာနက် မှတဆင့် နိုင်ငံခြား ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်တော့မည်ဟု Yatanarpon Call Center မှ ထုတ်ပြန် ကြေညာသည်၊ Call Center အနေဖြင့် Y Talk အင်တာနက် ဖုန်းလိုင်းကို အသုံးပြုပြီး အင်တာနက်လိုင်းနှင့် အင်တာနက် ဖုန်းလိုင်းအကောင့် မရှိသည့် အော်တို တယ်လီဖုန်း လိုင်းများ၊ မိုဘိုင်း တယ်လီဖုန်း လိုင်းများကို နိုင်ငံခြား ဖုန်းခေါ်ဆိုမှု ရရှိစေရန် စီစဉ်နေခြင်း ဖြစ်သည်၊ ""Y Talk ဆိုတာက Pfingo တို့၊ Skype တို့လိုပဲ၊ အင်တာနက်ပေါ်ကနေ ဖုန်းပြောတာပါပဲ၊ ဒီ Y Talk ကို Call Center နဲ့ပေါင်းပြီးတော့ အင်တာနက် မလိုပဲ ကြိုးဖုန်း၊ မိုဘိုင်း ဖုန်းတွေကနေ ခေါ်ဆိုနိုင်အောင် စီစဉ်ပေးတဲ့ သဘောပါ"" လို့ Blue Ocean ကုမ္မဏီမှ ဦးထွန်းထွန်းနိုင်က ပြောပါတယ်၊ အဆိုပါကဲ့သို့ မိမိဖုန်းမှ တဆင့် နိုင်ငံခြား ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကို စတင်နိုင်ရန်အတွက် ရတနာပုံ တယ်လီပို့ ကုမ္မဏီနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ ဈေးနှုန်း ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း၊ နိုင်ငံခြား ဖုန်းခေါ်ဆိုမှုအတွက် ကျသင့် ဘီလ်ကို ညှိနှိုင်းပြီးပါက စတင် အသုံးပြုခွင့် ပေးသွားမှာဖြစ်ကြောင်း၊ အသုံးပြုခ ကျသင့်ငွေများကိုလည်း ဖုန်းဘီလ်များမှပင် ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ဦးထွန်းထွန်းနိုင်က ဆိုပါတယ်။
""နိုင်ငံ အားလုံးနီးပါးကို ခေါ်လို့ ရမှာပါ၊ မိမိဖုန်းကနေပြီးတော့ ၁၈၇၇ ဆိုတဲ့ ကုဒ်ကို ခေါ်ပြီးရင် ကိုယ်ခေါ်ဆိုချင်တဲ့ နိုငံခြားက ဖုန်းတွေကို ခေါ်လို့ ရပါပြီ၊ အခုလည်း ၁၈၇၇ ကိုခေါ်ဆိုပြီး နားထောင်ကြည့်လို့ ရပါတယ်"" ဟု Blue Ocean ကုမ္မဏီမှ ကိုတင်ကိုကိုဝင်း မှပြောပါသည်၊ အစီအစဉ်ကို ဇူလိုင်လအတွင်း စတင်သွားမည်ဟု သိရပြီး နိုင်ငံခြား ခေါ်ဆိုမှု ကုဒ်နံပါတ်များကို မသိရှိခဲ့ပါက Call Center မှ ကူညီပေးသွားမည် ဖြစ်သည်၊ ဈေးနှုန်းအနေဖြင့် မသိရှိရသေးသည့် အဆိုပါ ၀န်ဆောင်မှုအတွက် ဈေးနှုန်းများ သတ်မှတ်ရာ၌ လက်ရှိ အသုံးပြုနေသည့် ဘီလ် နှုန်းထားများထက် သက်သာမှု ရှိစေရမည်ဟု ဦးထွန်းထွန်းနိုင်က ဆိုသည်။
Y Talk အင်တာနက် ဖုန်းလိုင်းသည် ဈေးနှုန်း ချိုသာပြီး အသုံးပြုမှု များပြားသည့် Pfingo နှင့် Skype တို့ကို ယှဉ်ပြိုင်ရန် ပေါ်ပေါက်လာသည့် တရားဝင် အင်တာနက် ဖုန်းလိုင်းတစ်ခု ဖြစ်ပြီး ယခုအခါ၌ Call Center နှင့် ပူးပေါင်းပြီး အင်တာနက် လိုင်းမရှိသည့် ဖုန်းလိုင်းများအတွက် ၀န်ဆောင်မှု အသစ်ကို ထပ်မံဆောင်ရွက်ပေးရန် စီစဉ်နေခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်လာ တန်ဖိုးတက်၊ ၀ယ်သူ များ၍ ငွေလဲ လှယ်ရေး ကောင်တာ များ စောပိတ်

ငွေလဲကောင်တာ များက ရောင်းချပေး နေသော ငွေလဲနှုန်း ဈေးနှင့် ပြင်ပပေါက် ဈေးတွင် ဖြစ်ပေါ်နေ သော
 ငွေလဲနှုန်း ဈေးမှာ ဇွန်လ ၂၆ ရက်က တစ်ဒေါ် လာလျှင် ရှစ်ကျပ် ခန့်ထိ ဈေးကွာ လာသည်။

ဇွန်လ ၂၆ ရက်က ငွေလဲ ကောင်တာများတွင် သတ်မှတ် သောဈေးမှာ တစ်ဒေါ်လာလျှင် ၈၆၇ကျပ်(ရောင်းဈေး)သာရှိပြီးပြင်ပဈေးကွက်ဝယ်ဈေးမှာ တစ်ဒေါ် လာလျှင် ၈၈၅ ကျပ်ဈေးဖြစ်ခဲ့သည်။ ထို့ကြောင့် ငွေလဲကောင် တာများတွင် လာရောက်ဝယ်ယူသူများခဲ့သဖြင့် ပုံမှန်နေ့များထက် စော၍ ကောင်တာများ အရောင်း ရပ်ခဲ့ရကြောင်းသတင်းရရှိသည်။

ငွေလဲကောင်တာများတွင် ဒေါ်လာရောင်းဈေးနှုန်းများမှာ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်နေ့လျှင် နှစ်ကျပ်နှုန်းခန့် ဈေး တက်လာခဲ့ပြီး ဇွန်လ ၂၆ရက်တွင် မူ သုံးကျပ်ဈေးတက်လာခဲ့သည်။

''ဈေးကွက်ထဲမှာ ဈေးခွာ တာကငွေလဲကောင်တာတွေကအပြင်ဈေးကွက်မှာ ဈေးကျသွားရင် ရှုံးမှာစိုးလို့ထိန်းထားတာ''ဟုငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ငွေလဲ နှုန်းသတ်မှတ်ရေးနှင့်ပတ်သက် သော အလုပ်ရုံဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များနှင့် ကျွမ်းကျင်သူ များက တစ်ထောင်နှင့်အထက် ဖြစ်ရန် အဆိုပြုခဲ့ကြသဖြင့် တဖြည်းဖြည်း ဆွဲတင်တာမျိုးဖြစ် နိုင်ကြောင်း ၀ါးခယ်မရောင်းဝယ် ရေးကုမ္ပဏီမှ အုပ်ချုပ်ရေးဒါရိုက် တာဒေါက်တာစိုးထွန်းကသုံးသပ် သည်။

''တက်ဖို့အတွက် ၀ိုင်း တောင်းဆိုတာဆိုတော့ ဖြည်း ဖြည်းချင်း တက်တာကောင်းပါတယ်။ တစ်သောင်းတန်ထုတ်တာ လည်းပါတာပေါ့''ဟု ဒေါက်တာ စိုးထွန်းကသုံးသပ်သည်။

ကားများအား ပါမစ်မလိုဘဲ တင်သွင်းခွင့်ပြုပြီးနောက်ပိုင်းမှ စ၍ ငွေလဲနှုန်းတဖြည်းဖြည်းမြင့် တက်လာခဲ့ပြီး ကျပ်တစ်သောင်း တန်ငွေစက္ကူထုတ်ဝေပြီးနောက်ပိုင်း ပိုမိုဈေးတက်လာခဲ့သည်။

7Day News Journal


ဘကြီးသက်
Unknown at 9:54 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.