Wednesday, June 27, 2012

အော်တိုနှင့်မိုဘိုင်းဖုန်းများဖြင့် နိုင်ငံခြားသို့ တိုက်ရိုက်ဖုန်းခေါ်နိုင်တော့မည်




သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ အင်တာနက်ဂျာနယ် အတွဲ (၁၃)၊ အမှတ် (၂၄)မှာ ပါဝင်တဲ့ သတင်းကောင်းလေးကို ပြောပါ့မယ်၊
ဖုန်းလိုင်းများ၌ အင်တာနက်လိုင်းမရှိသော်လည်း အင်တာနက်ဖုန်း ခေါ်ဆိုနိုင်ရန် စီစဉ်နေ
မိုဘိုင်းဖုန်းလိုင်းများနှင့် အော်တိုတယ်လီဖုန်း လိုင်းများသည် အင်တာနက်လိုင်း ချိတ်ဆက်ထားခြင်း မရှိသော်လည်း အင်တာနက် မှတဆင့် နိုင်ငံခြား ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်တော့မည်ဟု Yatanarpon Call Center မှ ထုတ်ပြန် ကြေညာသည်၊ Call Center အနေဖြင့် Y Talk အင်တာနက် ဖုန်းလိုင်းကို အသုံးပြုပြီး အင်တာနက်လိုင်းနှင့် အင်တာနက် ဖုန်းလိုင်းအကောင့် မရှိသည့် အော်တို တယ်လီဖုန်း လိုင်းများ၊ မိုဘိုင်း တယ်လီဖုန်း လိုင်းများကို နိုင်ငံခြား ဖုန်းခေါ်ဆိုမှု ရရှိစေရန် စီစဉ်နေခြင်း ဖြစ်သည်၊ ""Y Talk ဆိုတာက Pfingo တို့၊ Skype တို့လိုပဲ၊ အင်တာနက်ပေါ်ကနေ ဖုန်းပြောတာပါပဲ၊ ဒီ Y Talk ကို Call Center နဲ့ပေါင်းပြီးတော့ အင်တာနက် မလိုပဲ ကြိုးဖုန်း၊ မိုဘိုင်း ဖုန်းတွေကနေ ခေါ်ဆိုနိုင်အောင် စီစဉ်ပေးတဲ့ သဘောပါ"" လို့ Blue Ocean ကုမ္မဏီမှ ဦးထွန်းထွန်းနိုင်က ပြောပါတယ်၊ အဆိုပါကဲ့သို့ မိမိဖုန်းမှ တဆင့် နိုင်ငံခြား ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကို စတင်နိုင်ရန်အတွက် ရတနာပုံ တယ်လီပို့ ကုမ္မဏီနှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့ ဈေးနှုန်း ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း၊ နိုင်ငံခြား ဖုန်းခေါ်ဆိုမှုအတွက် ကျသင့် ဘီလ်ကို ညှိနှိုင်းပြီးပါက စတင် အသုံးပြုခွင့် ပေးသွားမှာဖြစ်ကြောင်း၊ အသုံးပြုခ ကျသင့်ငွေများကိုလည်း ဖုန်းဘီလ်များမှပင် ဖြတ်တောက်သွားမည် ဖြစ်ကြောင်း ဦးထွန်းထွန်းနိုင်က ဆိုပါတယ်။
""နိုင်ငံ အားလုံးနီးပါးကို ခေါ်လို့ ရမှာပါ၊ မိမိဖုန်းကနေပြီးတော့ ၁၈၇၇ ဆိုတဲ့ ကုဒ်ကို ခေါ်ပြီးရင် ကိုယ်ခေါ်ဆိုချင်တဲ့ နိုငံခြားက ဖုန်းတွေကို ခေါ်လို့ ရပါပြီ၊ အခုလည်း ၁၈၇၇ ကိုခေါ်ဆိုပြီး နားထောင်ကြည့်လို့ ရပါတယ်"" ဟု Blue Ocean ကုမ္မဏီမှ ကိုတင်ကိုကိုဝင်း မှပြောပါသည်၊ အစီအစဉ်ကို ဇူလိုင်လအတွင်း စတင်သွားမည်ဟု သိရပြီး နိုင်ငံခြား ခေါ်ဆိုမှု ကုဒ်နံပါတ်များကို မသိရှိခဲ့ပါက Call Center မှ ကူညီပေးသွားမည် ဖြစ်သည်၊ ဈေးနှုန်းအနေဖြင့် မသိရှိရသေးသည့် အဆိုပါ ၀န်ဆောင်မှုအတွက် ဈေးနှုန်းများ သတ်မှတ်ရာ၌ လက်ရှိ အသုံးပြုနေသည့် ဘီလ် နှုန်းထားများထက် သက်သာမှု ရှိစေရမည်ဟု ဦးထွန်းထွန်းနိုင်က ဆိုသည်။
Y Talk အင်တာနက် ဖုန်းလိုင်းသည် ဈေးနှုန်း ချိုသာပြီး အသုံးပြုမှု များပြားသည့် Pfingo နှင့် Skype တို့ကို ယှဉ်ပြိုင်ရန် ပေါ်ပေါက်လာသည့် တရားဝင် အင်တာနက် ဖုန်းလိုင်းတစ်ခု ဖြစ်ပြီး ယခုအခါ၌ Call Center နှင့် ပူးပေါင်းပြီး အင်တာနက် လိုင်းမရှိသည့် ဖုန်းလိုင်းများအတွက် ၀န်ဆောင်မှု အသစ်ကို ထပ်မံဆောင်ရွက်ပေးရန် စီစဉ်နေခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။
Myanmar Express

ဘကြီးသက်
Unknown at 9:57 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.